← Chapters

လျို့ဝှက်ကုဒ်များ ဖလှယ်ခြင်း

Vol. 33 Ch. 321

လျို့ဝှက်ကုဒ်များ ဖလှယ်ခြင်း

Vol. 33 Ch. 321

တန်ယွင် ရေမိုးချိုးပြီး အဝတ်အစားလဲလိုက်သည်။

သူတော်စင် ယွိယောင်၏ သတ်မှတ်ချက်အရ သူက အကျဉ်းသားတစ်ယောက်ကဲ့သို့ မဟုတ်ဘဲ နတ်မိမယ်တစ်ပါးကဲ့သို့ ဝတ်ဆင်ရမည် ဖြစ်သည်။

တကယ့်ကို ရယ်စရာကောင်းလှသည့် အခမ်းအနား အယူအဆပင်။

သို့သော် သူကိုယ်တိုင်လည်း ရေမိုးချိုးရန် အမှန်တကယ် လိုအပ်နေသည်မှာ အမှန်ပင်။

နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်မှ စပ်စပ်လေးနှင့် အနံ့ပြင်းသည့် အဆာပြေမုန့်နံ့မှာ အလွန်အမင်း ပြင်းထန်နေသောကြောင့် ဖြစ်သည်။

သန့်ရှင်းမှုကို အလွန်ကြိုက်သော ဆေးဖော်စပ်သူတစ်ဦးအနေဖြင့် သူ၏ သမီးဖြစ်သူကြောင့်သာ မဟုတ်ပါက၊ ထိုကဲ့သို့ စိမ့်ဝင်နေသော ထူးဆန်းသည့် အနံ့ဆိုးကြီးမှာ သူ့ကို ရူးသွားစေခဲ့မည်မှာ ကြာပြီဖြစ်သည်။

နာရီဝက်ခန့် ကြာပြီးနောက်...

အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော တန်ယွင်က ဆေးဖော်စပ်သည့် အိုးကို မ၍ ယောင်ချီမှ အမျိုးသမီး ကျင့်ကြံသူများ၏ ဦးဆောင်မှုဖြင့် ယောင်ချီ မြင့်မြတ်နယ်မြေ၏ ပင်မရင်ပြင်ကြီးဆီသို့ လျှောက်လှမ်းလာခဲ့သည်။

ရင်ပြင်ကြီးထဲတွင် ယခုအခါ ယောင်ချီ တပည့်များဖြင့် ပြည့်နှက်နေ၏။

တန်ယွင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ အပြင်ပန်းအားဖြင့် ကြည့်လျှင် ယောင်ချီ မြင့်မြတ်နယ်မြေမှာ တကယ့်ကို ရှားပါးလှသည့် ကျင့်ကြံခြင်း နယ်မြေတစ်ခုဖြစ်ကြောင်း သူ ဝန်ခံရပေလိမ့်မည်။ ထိုနေရာရှိ စိတ်ဝိညာဉ် ချီစွမ်းအင်မှာ ကြွယ်ဝလှပြီး နေရာအနှံ့ရှိ ရေကန်များမှာ အရည်ပျော်နေသော စိတ်ဝိညာဉ် ချီစွမ်းအင်များပင် ဖြစ်သည်။

ထိုနေရာတွင် ကျင့်ကြံရခြင်းမှာ သာလွန်ကောင်းမွန်သော အခြေအနေများကို ပိုင်ဆိုင် ထားခြင်းပင်။

ထိုအချက် တစ်ခုတည်းဖြင့်တင် ထိုနေရာရှိ ကျင့်ကြံသူများက အပြင်လောကရှိ ဂိုဏ်းများထက် များစွာ သာလွန်နေကြပြီ ဖြစ်သည်။

သို့သော် သူတော်စင် ယွိယောင်က ကျေနပ်ခြင်း မရှိသေးပေ။ သူသည် အတောမသတ်နိုင်သော လောဘစိတ်ဖြင့် သူ၏ ပါရမီရှင် တပည့်များ၏ ပါရမီကို နေရာအနှံ့တွင် လိုက်လံသိမ်းပိုက်ကာ အင်မော်တယ်အဖြစ် တက်လှမ်းရန်အတွက် လှေကားထစ်အဖြစ် သုံးမည့် ကျင့်ကြံရေးအိုးတစ်ခု ဖန်တီးရန် ကြိုးစားနေခဲ့သည်။ ယခုအချိန်တွင်မူ ထိုရက်စက်လှသော မိစ္ဆာမကြီး ပေးဆပ်ရမည့် အချိန်ပင်။

တန်ယွင်က မျက်လုံးကို မှေးလိုက်ရာ သူ၏ မျက်ခုံးနှစ်ခုကြားတွင် လခြမ်းပုံစံ နို့နှစ်ရောင် အမှတ်အသားတစ်ခု ပေါ်လာ၏။

၎င်းမှာ ဝိညာဉ်မျက်လုံး ပွင့်လာခြင်း၏ ထူးခြားသော ဖြစ်စဉ်ပင်။

မူလက သူသည် သူတော်စင် ယွိယောင်က ပတ်ဝန်းကျင်တွင် အကွက်ဆင်ထားခြင်း သို့မဟုတ် ဒုက္ခတစ်ခုခု ဖန်တီးထားခြင်း ရှိမရှိ ကြည့်ချင်ရုံသာ ဖြစ်သည်။

သို့သော် ထိုကဲ့သို့သော နည်းလမ်းများကို တွေ့မည့်အစား၊ အောက်ဘက်ရှိ ယောင်ချီ တပည့်များကြားတွင် အမျိုးသားတစ်ဦးကို သူ သတိပြုမိလိုက်သည်။

သန့်ရှင်းစင်ကြယ်တဲ့ ယောင်ချီမှာ အမျိုးသားတစ်ယောက်လား။

ထိုလိုက်ဖက်မှုမရှိသည့် စကားလုံးနှစ်လုံးမှာ ရုတ်တရက် အတူတူ ပေါ်လာသဖြင့် သူ့အနေနှင့် သတိမပြုမိဘဲ မနေနိုင်ခဲ့ပေ။

ယောင်ချီ မြင့်မြတ်နယ်မြေက အမျိုးသားတပည့်များကို လက်မခံပေ။

ယောင်ချီ တပည့်များက တာအိုလက်တွဲဖော်များ ရှာဖွေကြသည်ဟု ကောလာဟလများ ရှိခဲ့သော်လည်း ထိုလက်တွဲဖော်များကိုပင် တပည့်အဖြစ် လက်မခံနိုင်ပေ။

ထို့အပြင် သူ ယခုအချိန်အထိ မြင်တွေ့ခဲ့ရသမျှအရ ယောင်ချီတွင် တာအိုလက်တွဲဖော်ဆိုသည်မှာ မရှိသလောက်ပင်။

ထိုနေရာသို့ မြှူဆွယ်ခေါ်ယူခြင်း ခံရသော တာအိုမောင်နှံများမှာ မကြာမီမှာပင် အရိုးစုများအဖြစ် ပြောင်းလဲသွားကြလိမ့်မည်ဟု ခန့်မှန်းရသည်။

သို့သော် အောက်ဘက်ရှိ ထိုအမျိုးသားမှာ ယောင်ချီ မြင့်မြတ်နယ်မြေ တပည့်တစ်ဦး၏ နေ့စဉ်ဝတ်စုံကို စနစ်တကျ ဝတ်ဆင်ထား၏။

“စိတ်ဝင်စားစရာ ကောင်းသားပဲ...”

တန်ယွင်၏ မျက်ခုံးကြားမှ လခြမ်းပုံစံမှာ အနည်းငယ် ပို၍ ကျယ်လာသည်။

ယောင်ချီ မြင့်မြတ်နယ်မြေ၏ တပည့်တစ်ဦးအဖြစ် ခေါ်ယူခြင်း ခံရရန်အတွက် ထိုသူ့တွင် ထူးခြားသည့် အရာတစ်ခုခု ရှိရပေမည်။

မကြာမီမှာပင် ထိုအမျိုးသားကို ရစ်ပတ်ထားသည့် ဝေဝေဝါးဝါး မြူခိုးများကို သူ မြင်လိုက်ရသည်။ ၎င်းမှာ ရေဓာတ်သီးသန့် စိတ်ဝိညာဉ်အမြစ် ရှိသူများတွင် တွေ့ရလေ့ရှိသော ဖြစ်စဉ်ပင်။ သာမန် ရေစိတ်ဝိညာဉ်အမြစ် ပိုင်ရှင်များမှာ အပြာနုရောင် ဖြစ်သော်လည်း ထိုလူကို ဝိုင်းနေသည့် မြူခိုးများမှာ ကတ္တရာစေးကဲ့သို့ နက်မှောင်နေပြီး ၎င်းမှ အေးစက်လှသော အရှိန်အဝါများ ထွက်ပေါ်နေသဖြင့် ၎င်းမှာ ပြောင်းလဲလာသော မဟာရေဓာတ်စိတ်ဝိညာဉ်အမြစ် ဖြစ်ကြောင်း ဖော်ပြနေသည်။

ယောင်ချီ မြင့်မြတ်နယ်မြေက မဟာရေဓာတ်စိတ်ဝိညာဉ်အမြစ် ပိုင်ရှင် ကျင့်ကြံသူကို ရှာတွေ့ ထားပြီးပြီလား။

တန်ယွင် အနည်းငယ် ထိတ်လန့်သွား၏။

အကယ်၍ ထိုသို့ဆိုလျှင် ဓာတ်ကြီးငါးပါး အန္တိမခန္ဓာကိုယ်အတွက် လိုအပ်သော သန္ဓေပြောင်း စိတ်ဝိညာဉ်အမြစ်များအားလုံး စုံလင်သွားပြီ ဖြစ်သည်။

သို့သော် မကြာမီမှာပင် ထိုအမျိုးသားထံမှ အခြားသော ထူးဆန်းသည့် ဖြစ်စဉ်များကို သူ မြင်လိုက်ရပြန်သည်။

ထိုအမျိုးသားက သိုလှောင်အိတ်ထဲမှ ကြွေပုလင်းလေးတစ်လုံးကို ထုတ်ယူလိုက်သည့်အခါ...

ပန်းရောင်နုနု အရှိန်အဝါတစ်ခုမှာ ဖြည်းဖြည်းချင်း ပျံ့လွင့်လာပြီး ထိုအရှိန်အဝါမှာ ကြွေပုလင်းထဲမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

“အဲဒါက... ဟဲဟွမ်းဆေးလုံးပဲ...”

ထိုခဏ၌ တန်ယွင်၏ ရင်ခုန်သံမှာ တစ်ချက်မျှ ရပ်တန့်သွား၏။

တစ်ချိန်တည်းမှာပင် လေးနက်လှသော ခေါင်းလောင်းသံနှင့်အတူ သူတော်စင် ယွိယောင်က ယောင်ချီတပည့်များ ခြံရံလျက် နန်းတော်ထဲမှ ထွက်လာခဲ့သည်။

တန်ယွင် မျက်တောင်တစ်ချက် ခတ်လိုက်ရာ သူ၏ နဖူးပေါ်မှ လခြမ်းပုံစံ အမှတ်အသားမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။

သူက ဝိညာဉ်မျက်လုံးကို ပိတ်လိုက်ပြီး ခြေဖျားများကိုသာ စိုက်ကြည့်နေမိသည်။ သူတော်စင် ယွိယောင်က မိမိ၏ မျက်ဝန်းထဲမှ မတည်ငြိမ်မှုများကို သတိထားမိသွားမည်ကို သူ စိုးရိမ်၍ နေမိသည်။

ဟဲဟွမ်းဆေးလုံးက သူကိုယ်တိုင် တီထွင်ထားသော ဆေးလုံးဖြစ်သော်လည်း ဆေးနည်းကို လူသိရှင်ကြား မထုတ်ဖော်ခဲ့ဖူးပေ။

ချင်းယွန်ဘုံ တစ်ခုလုံးတွင် ထိုဆေးနည်းကို သိသူမှာ သူနှင့် သူ၏သမီး တန်ပိုင် နှစ်ယောက်တည်းသာ ရှိသည်။

ဟဲဟွမ်းဆေးလုံး၏ အာနိသင်မှာ အလွန်ပြင်းထန်ပြီး အသုံးပြုသူ၏ ဆွဲဆောင်မှုကို အလွန်အစ်မင်း မြင့်တက်စေသည်။ အထူးသဖြင့် လူနှစ်ယောက်တည်း ရှိနေသည့်အချိန်မျိုးတွင် ဖြစ်သည်။ ထို့အပြင် ထိုအာနိသင်မှာ ဝိညာဉ်ဆေးပင် ထောင်ပေါင်းများစွာနှင့် ရှုပ်ထွေးလှသော ဆေးဖနည်းများမှ တစ်ဆင့် ရရှိခြင်းဖြစ်သဖြင့် အလွန်အမင်း အစွမ်းထက်သော ကျင့်ကြံသူများပင် သတိပြုမိရန် ခဲယဉ်းလှသည်။

အလွန်ဆုံးရှိလျှင် သူတို့က ၎င်းကို မွှေးရနံ့ကုထုံး တစ်မျိုးဟုသာ ထင်ကြလိမ့်မည်။

သူက ထိုဆေးလုံးကို သုံးပြီး ကာမဂုဏ်ကို စွန့်လွှတ်ထားသော သူ၏ တာအိုလက်တွဲဖော်ကို သိမ်းသွင်းခဲ့ဖူးသည်။

ထိုအချိန်က သူ၏ တာအိုလက်တွဲဖော်မှာ ဟင်းလင်းပြင်အဆင့်တွင် ရှိနေသော်လည်း ထိုအာနိသင်ကို မခုခံနိုင်ခဲ့ပေ။

“ဘာလို့ ဒီလူ့ဆီမှာ တန်ပိုင်ရဲ့ ဆေးလုံးတွေ ရှိနေရတာလဲ။ ဒါဆိုရင်...” တန်ယွင်၏ စိတ်ထဲတွင် လှုပ်ခတ်သွား၏။

သူ့သမီး၏ ပါးနပ်မှုကို စဉ်းစားကြည့်လျှင် သူ့အနေနှင့် အကြောင်းနှင့် အကျိုးကို အခြေခံအားဖြင့် သဘောပေါက်သွားပြီဖြစ်သည်။

ထိုရေဓာတ်စိတ်ဝိညာဉ်အမြစ် ပိုင်ရှင် ကျင့်ကြံသူမှာ သူတော်စင် ယွိယောင်ကို ကိုင်တွယ်ရန် ဟဲဟွမ်းဆေးလုံးနှင့်အတူ တမင်တကာ အဖမ်းခံပြီး ဝင်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

မည်သို့ ကိုင်တွယ်မည်ကတော့...

မည်သည့် ကျင့်ကြံခြင်း အဆင့်တွင် ရှိနေပါစေ၊ ကျင့်ကြံသူများသည် နှစ်မွှာကျင့်စဉ် ကျင့်ကြံနေချိန်တွင် သတိအလွတ်ဆုံး ဖြစ်ကြသည်။ ချင်းယွန်ဘုံတွင် မိစ္ဆာဂိုဏ်းများ၏ ဖမ်းဆီးခြင်းကို ခံရပြီး ကျင့်ကြံရေးအိုးအဖြစ် အသုံးပြုခံရသော အမျိုးသမီး ကျင့်ကြံသူများက နှစ်မွှာကျင့်စဉ် ကျင့်နေချိန်တွင် မိစ္ဆာကျင့်ကြံသူကို အသေအလဲ တိုက်ခိုက်ပြီးမှသာ လွတ်မြောက်နိုင်ခဲ့ကြသည်မှာ အမြဲတမ်းလိုလိုပင် ဖြစ်သည်။

“နားလည်ပြီ... သမီးလေး၊ ဒါက နင့်ရဲ့ အစီအစဉ်ပေါ့လေ။”

တန်ယွင်၏ နှုတ်ခမ်းများမှာ အနည်းငယ် တွန့်ကွေးသွား၏။

ထိုသူတွင် မဟာရေဓာတ်စိတ်ဝိညာဉ်အမြစ် ရှိနေသဖြင့် သူတော်စင် ယွိယောင်က လူသားဆေးလုံး ဖော်စပ်သည့်အခါ သူ့နှင့်အတူ နှစ်ယောက်တည်း ရှိနေရန်မှာ မလွဲမသွေပင်။

ထိုအချက်မှာ ဟဲဟွမ်းဆေးလုံး ကို အသုံးချရန် အကောင်းဆုံးအချိန်ဖြစ်သည်။ ဆိုလိုသည်မှာ ထိုသူ၏ ကျင့်ကြံမှုအဆင့်မှာ အခြေတည်ဝိညာဉ်အဆင့်ကဲ့သို့ ရိုးရှင်းလှသည် မဟုတ်သည်မှာ သေချာ၏။

ဘယ်လို ဘိုးဘေးမျိုးက ဒီလို ပုံဖျက်ထားတာလဲ။

သူက လှည့်စားခြင်း အတတ်ပညာတွင် ကျွမ်းကျင်လှသဖြင့် မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူများပင် သတိမပြုမိအောင် သူ၏ ကျင့်ကြံမှုကို အလွယ်တကူ ဖုံးကွယ်ထားနိုင်သည်။

ထိုကဲ့သို့သောသူမှာ ချင်းယွန်ဘုံ တစ်ခုလုံးတွင် အလွန်ပင် ရှားပါးလှသည်။

ဘယ်သူဖြစ်မလဲ။ ခန့်မှန်းရတာ တကယ်ကို ခက်တယ်...

တန်ယွင်က ကျန်းမုန့်ချူးကို မျက်စိတစ်ချက် မှိတ်ပြလိုက်သည်။

ကျန်းမုန့်ချူးက ပင်မနန်းတော်ရှေ့ရှိ နီမြန်းသော တိမ်တိုက်များကို စိုက်ကြည့်နေခဲ့သည်။

ထိုအချိန်တွင် တန်ယွင်က စည်းချက်ကျကျ မျက်တောင်ခတ်ပြလိုက်ရာ သူက မိမိကို လျို့ဝှက် အချက်ပြနေခြင်း ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။

ထို့ကြောင့် သူကလည်း မျက်တောင်ခတ်ပြလိုက်ပြီး သူ၏ ဆံပင်ထုံးကို ဖြေလိုက်ကာ၊ ခေါင်းနောက်ဘက်ရှိ မီးခိုးရောင် ဆံပင်တစ်စုကို ပုခုံးပေါ်သို့ ချလိုက်ပြီးမှ ဆံပင်ကို ပြန်ထုံး၍ ထားလိုက်သည်။ ပတ်ဝန်းကျင်ရှိ ယောင်ချီ တပည့်များအဖို့မူ သူက မျက်စိထဲ သဲဝင်သဖြင့် မျက်တောင်ခတ်ကာ ဆံပင်ကို ပြန်ပြင်နေသည်ဟုသာ ထင်ကြလိမ့်မည်။

“ဪ...ဒါက တကယ်ပဲ အဘိုးကြီး ကျန်းမုန့်ချူးပါလား။”

တန်ယွင် သဘောပေါက်သွား၏။

ကျန်းမုန့်ချူး၏ အမှတ်အသားမှာ သူ၏ ခေါင်းနောက်ဘက်တွင် ရှိသော ထူးခြားသည့် မီးခိုးရောင် ဆံပင်တစ်စုပင်။

သို့သော် သူ မှတ်မိသလောက် ထိုသူ၏ စိတ်ဝိညာဉ်အမြစ်မှာ မဟာရေဓာတ်စိတ်ဝိညာဉ်အမြစ် မဟုတ်ပေ။

ဒါကလည်း လှည့်စားမှုတစ်ခုလား။ ဒါဆိုရင်တော့ တကယ်ကို အစွမ်းထက်တာပဲ။

ဒါပေမဲ့ ဒါက အရေးမကြီးပါဘူး။

မဟာတက်လှမ်းခြင်း ဆဋ္ဌမအဆင့်မှာရှိတဲ့ ကျန်းမုန့်ချူးသာ ဖြစ်မယ်ဆိုရင်တော့ တန်းပိုင်ရဲ့ အစီအစဉ်က တကယ်ပဲ အလုပ်ဖြစ်နိုင်တယ်။

ငါ ကူညီဖို့ နည်းလမ်းတစ်ခုခု ရှာရမယ်။ သူတော်စင် ယွိယောင် လူသားဆေးလုံး ဖော်စပ်တဲ့အထိ စောင့်နေမယ်ဆိုလျှင် အချိန်နှောင်းသွားလိမ့်မယ်။

“တန်ယွင်၊ နင့်ရဲ့ အန္တိမအဆင့် ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံး ငါ့ကို ဆက်သစမ်း။”

တန်ယွင်က မော့ကြည့်လိုက်ပြီး သူတော်စင် ယွိယောင်၏ အကြည့်နှင့် ဆုံလိုက်ရာ ဘာစကားမှ မပြောဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။

သူတော်စင် ယွိယောင်၏ မျက်နှာမှာ မှောင်ကျသွား၏။ တန်ယွင် ဘာလိုချင်ကြောင်း သူ သိသည်။

သူက ဘေးနားရှိ အကြီးအကဲကို လက်ဝှေ့ယမ်းပြလိုက်သည်။

ထိုအကြီးအကဲမှာ ချက်ချင်း ထွက်သွားပြီးနောက် မကြာမီမှာပင် မိန်းကလေးငယ်တစ်ဦးနှင့်အတူ ပြန်လာခဲ့သည်၊ ထိုသူမှာ တန်ပိုင်အဖြစ် ဟန်ဆောင်ထားခဲ့သော သာမ န်မိန်းကလေးပင် ဖြစ်သည်။ ထိုအတောအတွင်း ယောင်ချီမြင့်မြတ်နယ်မြေ၏ စောင့်ရှောက်မှုကြောင့် သူ၏ အသားအရေမှာ စိတ်ဝိညာဉ်ချီစွမ်းအင်များ၏ အာဟာရအောက်တွင် ကြည်လင်တောက်ပနေရုံ သာမက ကိုယ်အလေးချိန်ပင် အနည်းငယ် တက်လာခဲ့သည်။

“ဒါဆိုရင် လုံလောက်ပြီလား။” သူတော်စင် ယွိယောင်က စိတ်မရှည်စွာ ပြောလိုက်သည်။ “ငါက ပြောရင် ပြောတဲ့အတိုင်း လုပ်တယ်။ နင် ငါ့အတွက် အလုပ်လုပ်နေသရွေ့တော့ နင့်ကို ငါ မတရား မဆက်ဆံဘူး။”

ထိုမိန်းကလေး အဆင်ပြေနေသည်ကို မြင်လိုက်ရသဖြင့် တန်ယွင်က ခေါင်းညိတ်လိုက်ပြီး ဆေးဖော်စပ်သည့်အိုးကို သူတော်စင် ယွိယောင်ထံသို့ လက်နှစ်ဖက်ဖြင့် ဆက်သလိုက်သည်။

သူက ဒူးတစ်ဖက် ထောက်လိုက်ပြီး ဆေးအိုးကို မြှောက်လျက် မျက်လုံးကို အနည်းငယ် နှိမ့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။ “သခင်မ ကျေးဇူးပြုပြီး ဆေးအိုးကို ဖွင့်ပေးပါဦး။”

သူတော်စင် ယွိယောင်ကလည်း တည်ငြိမ်စွာ မတ်တတ်ရပ်လိုက်ပြီး ဆေးအိုး၏ အဖုံးကို လက်ချောင်းများဖြင့် ကိုင်ကာ အပေါ်သို့ မလိုက်သည်။

နောက်တစ်စက္ကန့်တွင် သူ ချက်ချင်း အသက်အောင့်လိုက်သည်။

သူက စပ်စပ်လေးနှင့် အရသာရှိသော မုန့်နံ့ကြီး ထွက်လာမည်ကို ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် လက်တွေ့တွင်မူ ထိုအနံ့မျိုး ထွက်မလာခဲ့ပေ။

ဆေးအိုး၏ အလယ်ဗဟိုတွင် ရွှေရောင်ဖျော့ဖျော့ ဆေးလုံး တစ်လုံးတည်းသာ ငြိမ်သက်စွာ လဲလျောင်းနေပြီး နူးညံ့လှသော ရတနာအလင်းတန်းများ ဖြာထွက်နေတော့သည်။

...

All Chapters