အခန်း (၂၉၂)
Vol. 27 Ch. 292
နယ်စားမင်းများမှာ အမျှော်အမြင် နည်းသူများ မဟုတ်ကြချေ။ ဤသည်မှာ သူတို့အတွက် ကောင်းကင်က ပေးသနားသော အခွင့်အရေးကြီးမှန်း သိကြသဖြင့် မိမိတို့ဘက်မှ အရည်အချင်းရှိသည့် သမီးပျိုများကို မိဖုရားလောင်းအဖြစ် အပြိုင်အဆိုင် စာရင်းသွင်းကြလေသည်။
မိမိတို့ရဲ့ သမီးသာ အရွေးခံရပါက အမြင့်သို့ တစ်ရှိန်ထိုး တက်လာမည် မဟုတ်ပါလော။ အနည်းဆုံးတော့ မဟာရှနိုင်ငံတွင် ယခင်ကထက် ပိုမိုကောင်းမွန်သော ဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
မဟာယွဲ့ဧကရာဇ် ( ယွဲ့နယ်စား) သည် မိမိ၏ သမီးအပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေသည်။ မြို့တော်တစ်ခုလုံးတွင် မိမိ၏ သမီးနှင့် ယှဉ်နိုင်သည့် အမျိုးသမီးမှာ လက်ချိုးရေတွက်၍ ရနိုင်သည်ကို သူသတိပြုမိထားသည်။ သူ၏သမီး အရွေးခံရဖို့မှာ ရာနှုန်းပြည့် သေချာသလောက်ပင်။ အကယ်၍ အရှင်မင်းကြီးသာ အမြင်မမှားပါက မိမိ၏ သမီးကို မိဖုရားအဖြစ် မလွဲမသွေ ရွေးချယ်မည်ဟုပင် သူက ယုံကြည်နေသည်။
မဟာကျူးဧကရာဇ်နှင့် မဟာရှီဧကရာဇ်တို့မှာမူ သူ၏ ရတနာလို သမီးပျိုအတွက် မနာလိုဖြစ်ရုံမှတစ်ပါး မတတ်နိုင်ချေ။ သူတို့၏ သမီးများမှာလည်း မဆိုးလှသော်လည်း မဟာယွဲ့ဧကရာဇ်၏ သမီးကိုမူ မမီကြသေးပေ။ အရွေးခံရ၊ မရဆိုသည်မှာလည်း မသေချာသေးသည့် ပဟေဠိတစ်ခုပင် ဖြစ်နေတော့သည်။ သို့သော်လည်း သူတို့အားလုံးမှာ မဟာနိုင်ငံများ မဟာမိတ်အုပ်စုဝင်များ ဖြစ်ကြသည့်အတွက် တစ်ဦး၏ သမီး အရွေးခံရပါက ကျန်သူများပါ အရှိန်အဝါ အရိပ်အယောင်ကို ခံစားရမည် ဖြစ်သည်။
"ယွဲ့နယ်စား... ဒီတစ်ခါ မိဖုရားရွေးပွဲကတော့ ခင်ဗျားအပေါ်မှာပဲ မူတည်နေပြီ"
မဟာရှီဧကရာဇ်က မြှောက်ပင့်ကာ ပြောလိုက်သည်။ "ဒီမိဖုရားလောင်းတွေထဲမှာ ခင်ဗျားသမီးက အလှဆုံးနဲ့ အသိပညာ အကြွယ်ဝဆုံးပဲ။ အရှင်မင်းကြီးက သေချာပေါက် ရွေးလိမ့်မယ်။ ခင်ဗျားသမီးသာ နန်းတော်ထဲရောက်သွားရင် ဟိုလူတွေရဲ့ မာန်မာနကို နှိမ်ပေးနိုင်မှာ အသေအချာပဲ"
"ဟုတ်တယ် ယွဲ့နယ်စား၊ ဒီတစ်ခါတော့ ခင်ဗျားကိုပဲ အားကိုးရတော့မယ်" မဟာကျူးဧကရာဇ်ကလည်း ဝင်၍ မြှောက်ပင့်ကာ ပြောဆိုလိုက်သည်။ "ခင်ဗျား ဂုဏ်တက်သွားရင် ကျုပ်တို့ ညီအစ်ကိုနှစ်ယောက်ကိုလည်း မေ့မသွားနဲ့ဦးနော်"
မဟာယွဲ့ဧကရာဇ်မှာ အားရပါးရ ရယ်မောလိုက်ပြီး "အားလုံးကို ကျေးဇူးတင်ပါတယ်။ အကယ်၍ 'ယွဲ့အာ' သာ အရွေးခံရရင် ခင်ဗျားတို့နှစ်ယောက်ကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ လာပါ... ဟွမ်မိသားစု စားသောက်ဆိုင်အသစ် ဖွင့်တယ်လို့ ကြားတယ်၊ အဲဒီက အစားအသောက်နဲ့ အရက်က နာမည်ကြီးပဲ။ ဒီညတော့ ကျုပ်ကပဲ ဧည့်ခံပါရစေ၊ မူးမှ အိမ်ပြန်ကြတာပေါ့"
"ကောင်းပြီဗျာ... ဒီညတော့ ယွဲ့နယ်စားရဲ့ ကျေးဇူးနဲ့ ကောင်းကောင်းကြီး စားပေးရတာပေါ့"
ထိုသို့ဖြင့် ဧကရာဇ်သုံးပါးမှာ စိတ်ကြည်လင်စွာဖြင့် စားသောက်ဆိုင်သို့ ဦးတည်သွားကြလေသည်။
တစ်ဖက်တွင်မူ နိုင်ငံငယ်များ မဟာမိတ်အဖွဲ့မှ ဧကရာဇ်များမှာတော့ စိုးရိမ်ပူပန်နေကြသည်။ မိုနယ်စားက ပွင့်ပွင့်လင်းလင်းပင် စကားစလိုက်သည် - "ညီအစ်ကိုတို့... ဒုက္ခတော့ရောက်ပြီ။ အရှင်မင်းကြီး မိဖုရားရွေးမယ့်ကိစ္စ သိကြတယ် မဟုတ်လား"
"သိတာပေါ့... ငါတောင် ငါ့သမီးကို ဝင်ပြိုင်ခိုင်းမလို့ စဉ်းစားနေတာ"
"အရှင်မင်းကြီးကသာ ရွေးလိုက်ရင် ငါတို့ဘဝတွေ အများကြီး ကောင်းသွားမှာလေ"
"ငါကတော့ ငါ့သမီး နှစ်ယောက်စလုံးကို လွှတ်လိုက်ပြီ"
ဧကရာဇ် သုံးပါးလုံးက ထောက်ခံလိုက်ကြသည်။
"ပြဿနာက အဲဒါပဲ" မိုနယ်စားက စိုးရိမ်တကြီးဖြင့် ဆက်ပြောသည်။ "ငါတို့က သမီးတွေကို လွှတ်နိုင်သလို ဟိုမဟာနိုင်ငံက နယ်စားသုံးယောက်ကလည်း လွှတ်ကြမှာပဲ။ ငါ ယွဲ့နယ်စားရဲ့သမီး 'ယွဲ့ရင်း' ကို မြင်ဖူးတယ်၊ သူက တကယ့်ကို နတ်သမီးလေးတစ်ပါးလို လှတာ။ ဒါတင်မကဘူး စာပေ၊ ဂီတ၊ စစ်တုရင်နဲ့ ပန်းချီမှာလည်း ထူးချွန်တယ်။ သူသာ ဝင်ပြိုင်ရင် အရှင်မင်းကြီး သေချာပေါက် သဘောကျသွားလိမ့်မယ်။ အဲဒီအခါကျရင် သူ့အဖေကလည်း ဂုဏ်တက်လာပြီး ငါတို့ကို နှိမ်တော့မှာ။ ငါတို့အတွက် ပြန်ပြီး ခေါင်းထောင်ဖို့က ခက်သွားပြီ"
ကျန်သုံးယောက်ကလည်း သဘောတူကာ ခေါင်းငြိမ့်လိုက်ကြသည်။
"ဟုတ်တယ်၊ ငါလည်း သူ့သမီးကို မြင်ဖူးတယ်။ တကယ်လှတာ၊ အရှင်မင်းကြီး သဘောကျမှာ သေချာတယ်"
"အဲဒီအချိန်ကျရင် အဲဒီအဘိုးကြီးက ငါတို့ရှေ့မှာ အောက်ခြေလွတ်ပြီး မောက်မာပြနေဦးမှာ၊ စဉ်းစားကြည့်တာနဲ့တင် ရင်လေးတယ်"
"ငါတို့ ဒီပြိုင်ပွဲမှာ အရှုံးမပေးနိုင်ဘူး" မိုနယ်စားက စားပွဲကို ရိုက်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "အဲဒီလူတွေနဲ့ ယှဉ်နိုင်မယ့် အရည်အချင်းရှိတဲ့ သမီးပျိုတစ်ယောက်ကို ငါတို့ဘက်က ရွေးရမယ်။ ဒါမှ နောက်ပိုင်း ငါတို့ ပြန်ပြီး ယှဉ်နိုင်မှာ"
"ဒါပေမဲ့ ဆန်မရှိဘဲ ထမင်းချက်လို့ မရသလိုပဲ၊ ငါတို့ဆီမှာ သင့်တော်တဲ့သူမှ မရှိတာ"
"မရှိတာတော့ မဟုတ်ဘူး၊ ရှိတယ်" မိုနယ်စားက ငြိမ်နေသော အန်းနယ်စားကို လှည့်ကြည့်ကာ " အန်းနယ်စား... ခင်ဗျားကိုပဲ အပ်နှံရတော့မယ်"
အန်းနယ်စားက အံ့အားသင့်သွားပြီး "ကျုပ်ကိုလား"
"ဟုတ်တယ်၊ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်" မိုနယ်စားက အနားသို့ တိုးလာပြီး - "ကျုပ်သိသလောက်ဆိုရင် ခင်ဗျားမှာ 'အန်းရှင်း' လို့ ခေါ်တဲ့ သမီးငယ်တစ်ယောက် ရှိတယ်မလား။ သူက လမင်းတောင်မှ ရှက်သွားရလောက်အောင် လှပတဲ့အပြင် အသက်အရွယ်ကလည်း သင့်တော်တယ်။ သူ့ကို မိဖုရားလောင်းအဖြစ် ဘာလို့ မရွေးရမှာလဲ"
အန်းနယ်စားက ခါးသီးစွာ ပြုံးလိုက်ပြီး - "ကျုပ်လည်း ရွေးချင်တာပေါ့၊ ဒါပေမဲ့ ကျုပ်သမီးမှာ ပြဿနာရှိတယ်။ သူက စကားမပြောနိုင်တဲ့ သူ ဖြစ်နေတယ်လေ။ သူရဲ့ အကျင့်ကလည်း အရမ်းအေးပြီး သူစိမ်းတွေနဲ့ မတွေ့ချင်ဘူး။ အကယ်၍ သူ့ကို နန်းတော်လွှတ်လိုက်လို့ အရှင်မင်းကြီးကို အမျက်ထွက်အောင် လုပ်မိရင် ဘယ်လိုလုပ်မလဲ"
"ကြိုးစားကြည့်တာပေါ့ကွာ" မိုနယ်စားက တိုက်တွန်းသည်။ "အရှင်မင်းကြီးကို အကျိုးအကြောင်း ရှင်းပြမယ်လေ။ အရှင်မင်းကြီးက လက်ခံရင် အားလုံး အဆင်ပြေသွားမှာပေါ့။ လက်မခံရင်လည်း မိဖုရားမဖြစ်ရုံပဲ ရှိတာ၊ ဘာမှ နစ်နာစရာ မရှိဘူး"
"ဟုတ်တယ် အန်းနယ်စား၊ ကြိုးစားကြည့်ပါ"
"ကျုပ်တို့ ခင်ဗျားကို အားကိုးပါတယ်"
"ဟို အဘိုးကြီးတွေကိုတော့ အရှုံးမပေးနိုင်ဘူး"
အန်းနယ်စားမှာ အံကြိတ်ကာ "ကောင်းပြီလေ... ကျုပ်သမီးကို အရင်မေးကြည့်ဦးမယ်။ အောင်မြင်မလား၊ မအောင်မြင်ဘူးလား ဆိုတာကတော့ ကံတရားပေါ့"
မကြာမီ မိဖုရားလောင်း ရွေးချယ်သည့်နေ့သို့ ရောက်ရှိလာသည်။ ထိုနေ့တွင် အမတ်များနှင့် စစ်ဗိုလ်ချုပ်များက မိမိတို့ ရွေးချယ်ထားသော သမီးပျိုများကို အရှင်မင်းကြီး 'လင်းပိုင်ဖန်' ရွေးချယ်နိုင်ရန် နန်းတော်သို့ ခေါ်ဆောင်လာကြသည်။
ယွဲ့နယ်စားက ဂုဏ်ယူဝင့်ကြွစွာဖြင့် သူ၏သမီးကို ရှေ့သို့ခေါ်ထုတ်ကာ - "အရှင်မင်းကြီး... ဒါကတော့ ကျွန်တော်မျိုးရဲ့ သမီး 'ယွဲ့ရင်း' ပါ။ ဒီနှစ်မှာ အသက် ၂၀ ပြည့်ပါပြီ။ သူ့ရဲ့အလှကတော့ ပြောစရာမလိုအောင် ပြည့်စုံသလို စာပေ၊ ဂီတ၊ စစ်တုရင်နဲ့ ပန်းချီမှာလည်း နှံ့စပ်ပါတယ်။ စိတ်ထားကလည်း မွန်မြတ်ပြီး အကျင့်စာရိတ္တလည်း ကောင်းမွန်တဲ့အတွက် ဇနီးကောင်းတစ်ယောက် ဖြစ်မှာပါ"
ဝါဂွမ်းရောင် ဝတ်စုံကို ဆင်မြန်းထားသော အမျိုးသမီးငယ်လေးမှာ ရှက်ကိုးရှက်ကန်းဖြင့် ခါးညွှတ်အလေးပြုကာ "အရှင်မင်းကြီးကို နှုတ်ခွန်းဆက်သပါတယ်" ဟု တိုးတိုးလေး ဆိုလိုက်သည်။
လင်းပိုင်ဖန်က သူမကို အထက်အောက် ကြည့်လိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်ကာ "မဆိုးဘူး... နတ်သမီးလေးလို လှသလို အသိပညာလည်း ရှိတာပဲ။ မင်းကို မိဖုရားအဖြစ် တင်မြှောက်ဖို့ ငါကိုယ်တော် သဘောတူတယ်။ ဒါပေမဲ့ မင်းကိုယ်တိုင်က ဆန္ဒရှိမှပါ။ အတင်းအကျပ်တော့ ငါကိုယ်တော့ မစေခိုင်းချင်ဘူး"
"တကယ်တော့... ကျွန်မ အရှင်မင်းကြီးကို ကြည်ညိုလေးစားနေခဲ့တာ ကြာပါပြီ။ မိဖုရားအဖြစ် နန်းတော်ထဲ ဝင်ရောက်ဖို့ ဆန္ဒရှိပါတယ်"
ဒါကတော့ သူမဘဝတွင် အရဲရင့်ဆုံး ပြောလိုက်သည့် စကားပင် ဖြစ်သည်။ ချစ်စကား ဆိုလိုက်သကဲ့သို့ပင် ဖြစ်ရာ သူမ၏ မျက်နှာလေးမှာ ရှက်လွန်း၍ နီမြန်းသွားတော့သည်။
သူမ၏ ရှက်ပြုံးနှင့် ရဲရင့်သော အမူအရာကို မြင်လိုက်ရသည့်အခါ လင်းပိုင်ဖန်၏ စိတ်ကျေနပ်မှုမှာ အထွတ်အထိပ်သို့ ရောက်သွားခဲ့သည်။ မည်သည့်ယောက်ျားက မိမိကို အလွန်အမင်း ချစ်မြတ်နိုးသော အမျိုးသမီးကို သဘောမကျဘဲ နေမည်နည်း။
"ကောင်းပြီ... ငါတို့နှစ်ယောက်စလုံး သဘောတူညီမှု ရပြီဆိုတော့ မင်းနဲ့ မင်းအဖေ ခေတ္တခဏ ဘေးမှာ စောင့်နေပါ။ ရွေးချယ်ပွဲပြီးရင် မင်းကို မိဖုရားအဖြစ် ငါကိုယ်တော် တရားဝင် ခန့်အပ်မယ်"
"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး" ယွဲ့ရင်းက ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။
မိမိသမီးမှာ နောက်ဆုံးတော့ အရှင်မင်းကြီးနှင့် လက်ထပ်ခွင့်ရပြီး မိဖုရားဖြစ်ရတော့မည်။ ဘယ်လောက်တောင် ဝမ်းသာစရာ ကောင်းလိုက်သနည်း။ ယွဲ့နယ်စားမှာ ပျော်လွန်း၍ တစ်ကမ္ဘာလုံးကို ကြေညာသကဲ့သို့ "အရှင်မင်းကြီး၏ ကျေးဇူးတော်ကို ခံယူပါတယ်" ဟု အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်လေသည်။
အခြားသော မဟာနိုင်ငံမှ ဧကရာဇ်နှစ်ပါးမှာလည်း ပျော်ရွှင်နေကြသော်လည်း နိုင်ငံငယ်မဟာမိတ်မှ ဧကရာဇ်လေးပါးမှာမူ မျက်နှာပျက်နေကြသည်။
"ဘာတွေ ဂုဏ်ယူနေတာလဲ၊ တစ်ပွဲပဲ နိုင်သေးတာကို"
"ငါတို့လည်း မကြာခင် လိုက်လာမှာပါ"
ထို့နောက် လင်းပိုင်ဖန်မှာ ဆက်လက် ရွေးချယ်သော်လည်း သူ၏ စိတ်ထဲ စွဲလန်သွားစေမည့်သူ သိပ်မရှိချေ။ ယွဲ့ရင်းအပြင် အန်းနိုင်ငံဧကရာဇ်၏ သမီး 'အန်းရှင်း' တစ်ဦးသာ ရှိသည်။ သို့သော်လည်း အန်းရှင်းမှာ အလွန်လှပသော်လည်း စကားမပြောနိုင်သည့်အပြင် လူကြောက်စိတ်လည်း ရှိနေသည်။ သူမက လင်းပိုင်ဖန်ကို စိုးရိမ်စိတ်ဖြင့် ရှောင်ဖယ်နေသောကြောင့် လင်းပိုင်ဖန်က သူမကို အတင်းအကျပ် မခန့်ထားလိုတော့ပေ။
ထို့ကြောင့် ပထမအကျော့တွင် ယွဲ့ရင်း တစ်ဦးတည်းကိုသာ ရွေးချယ်လိုက်သည်။ သို့သော်လည်း အမတ်များမှာ မကျေနပ်ကြသေးချေ။
"အရှင်မင်းကြီး... ဘာလို့ တစ်ယောက်တည်းပဲ ရွေးတာလဲ"
"ထပ်ရွေးရပါဦးမယ် အရှင်မင်းကြီး... ဘယ်ဧကရာဇ်မဆို နန်းတော်ထဲမှာ မိဖုရားတွေ အများကြီး ရှိတာပဲ။ အခုတော့ မိဖုရားနှစ်ပါးပဲ ရှိသေးတာ၊ ဒါက မလုံလောက်သေးပါဘူး။ မိဖုရားနည်းရင် ရင်သွေးတော်တွေလည်း နည်းပါလိမ့်မယ်"
လင်းပိုင်ဖန်က အသာအယာ ပြုံးလိုက်ပြီး - "အမတ်မင်းတို့... ဒါက လုံလောက်ပါပြီ။ ရေပြင်ကျယ်ကြီးထဲမှာ ရေတစ်ပေါက်စာလောက်ပဲ ငါကိုယ်တော် အလိုရှိပါတယ်"
မဟာယွဲ့ဧကရာဇ်က လက်ခုပ်တီးကာ "အရှင်မင်းကြီး... တကယ်ကို ရွေးချယ်မှု မှန်ကန် (ပျော်ပါးတတ်) ပါပေတယ်" (မှတ်ချက် - သူက "မြော်မြင်တတ်သည်" ဟု ပြောလိုသော်လည်း ပျော်လွန်း၍ စကားအမှားအယွင်းဖြင့် "ပျော်ပါးတတ်သည်" ဆိုသည့် အဓိပ္ပာယ်မျိုး ထွက်သွားသဖြင့် အားလုံး ငြိမ်ကျသွားသည် )
လင်းပိုင်ဖန်က စကားမပြောဘဲ ကြည့်နေသဖြင့် ယွဲ့နယ်စားမှာ ထိတ်လန့်သွားပြီး - "အရှင်မင်းကြီး... ကျွန်တော်မျိုး အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ အရှင်မင်းကြီးက တည်ကြည်ဖြောင့်မတ်ပြီး ပန်းပေါင်းစုံကြားမှာ တစ်ပွင့်တည်းကိုပဲ ရွေးချယ်တာက တကယ်ကို လေးစားဖို့ ကောင်းတယ်လို့ ပြောတာပါ"
"ကဲ... ရှင်းပြမနေနဲ့တော့၊ ငါကိုယ်တော် စိတ်ကောင်းဝင်နေလို့ မောင်မင်းကို အပြစ်မယူတော့ဘူး" လင်းပိုင်ဖန်က လက်ယမ်းပြကာ ဘေးနားရှိ ယွဲ့ရင်းကို ကြည့်၍ ပြုံးလိုက်သည်။ "ယွဲ့ရင်း... ဒီနေ့ကစပြီး မင်းကို 'ယွဲ့မိဖုရား' အဖြစ် ဘွဲ့နှင်းအပ်နှင်းလိုက်တယ်၊ သင့်တော်တဲ့နေ့မှာ နန်းတော်ထဲကို ဝင်လာခဲ့တော့"
"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး" ယွဲ့ရင်းမှာ ဝမ်းသာလွန်း၍ ပျော်ရွှင်နေတော့သည်။ သို့သော်လည်း အမတ်များမှာမူ လင်းပိုင်ဖန်ကို အလွယ်တကူ မလွှတ်ပေးဘဲ နောက်ထပ် ရွေးချယ်ရန် ဆက်လက် တိုက်တွန်းနေကြလေတော့သည်။