← Chapters

စစ်ဆေးမေးမြန်းခြင်း

Vol. 7 Ch. 65

စစ်ဆေးမေးမြန်းခြင်း

Vol. 7 Ch. 65

“ကိုကိုစွန်း... ကျွန်မ ကွာရှင်းပြီးပြီ... ကျွန်မကို လက်ထပ်လို့ ရပြီ”

ရှောင်စိုင်က ရှေ့မှ အမျိုးသားကို စိတ်လှုပ်ရှားစွာ ကြည့်ပြီး ပြောလိုက်သည်။

စွန်းဝမ်ချိုင် ထိုစကားကို ကြားသောအခါ လန့်သွားသည်။

သူက ပိုးပန်းပွင့် အနည်းငယ်ပေးရုံဖြင့် မြှူဆွယ်လို့ရသော ရှောင်စိုင်ကဲ့သို့ မိန်းမမျိုးကို အပျော်သဘော ကစားရုံသာ ဖြစ်သည်။ ဘာကိစ္စ လက်ထပ်ရမှာလဲ။ သူက ဒီလို ကွာရှင်းထားတဲ့ မိန်းမကို မျက်လုံးထဲပင် မထည့်ပေ။ သူက အပျိုစင် စစ်စစ်ကိုသာ လက်ထပ်ချင်သူ ဖြစ်သည်။

ရှောင်စိုင်သည် တစ်ဖက်လူ အကြာကြီး စကားမပြောဘဲ နေနေသည်ကို ကြည့်ပြီး စိတ်ထဲတွင် စိုးရိမ်လာသည်။

“ကိုကိုစွန်း... မပျော်ဘူးလား... ကျွန်မကို သားတစ်ယောက် မွေးပေးစေချင်တယ်ဆို...”

စွန်းဝမ်ချိုင် ရုတ်တရက် အသက်ကြီးသွားသလို ခံစားလိုက်ရသည်။ သူ သားလိုချင်တာ မှန်သော်လည်း ရိုးသားသော အမျိုးသမီးက မွေးပေးသော ကလေးကိုသာ လိုချင်သည်။ ရှောင်စိုင်လို ဖောက်ပြန်တတ်တဲ့ မိန်းမက မွေးပေးမယ့် ကလေးက သူ့ကလေး ဟုတ်မဟုတ်တောင် မသေချာပေ။

စွန်းဝမ်ချိုင်က စကားကို လှည့်ပတ် ပြောလိုက်သည်။

“လက်ထပ်တဲ့ကိစ္စက... အိမ်ပြန်ပြီး မိဘတွေကို အရင် ပြောပြရဦးမယ်... သူတို့ သဘောတူမှ တရားဝင် လက်ထပ်လို့ ရမှာ... မင်းလည်း ငါ့ကို တရားဝင် လက်ထပ်စေချင်တယ် မဟုတ်လား”

ထိုစကားကို ကြားသောအခါ ရှောင်စိုင် တုံ့ဆိုင်းသွားပြီး သူ့ကို သတိထားသော မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်သည်။

“ရှင် တာဝန်မယူချင်တာတော့ မဟုတ်ပါဘူးနော်”

စွန်းဝမ်ချိုင်က သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး ချွဲပျစ်သော အသံဖြင့် ပြောလိုက်သည်။

“အချစ်ရယ်... ဘာတွေ ပြောနေတာလဲ... မင်းအပေါ်ထားတဲ့ ကိုယ့်စေတနာကို မသိသေးဘူးလား”

ရှောင်စိုင် စိတ်အနည်းငယ် အေးသွားပြီး မေးလိုက်သည်။

“ဒါဆို ကျွန်မ အခု ဘယ်မှာ နေရမလဲ... ကျန်းကွမ်ကျုံးက မောင်းထုတ်လိုက်လို့ နေစရာ အမြန်ရှာရမယ်”

စွန်းဝမ်ချိုင် ခဏတာ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

“မြို့တောင်ဘက်မှာ ငါ့အိမ်တစ်လုံး ရှိတယ်... အဲ့ဒီမှာ အရင် သွားနေလိုက်”

ထိုစကားကို ကြားသောအခါ ရှောင်စိုင်၏ မျက်လုံးများ အရောင်တောက်သွားသည်။ ဒီအိမ်က စွန်းဝမ်ချိုင်၏ ကိုယ်ပိုင်အိမ် ဖြစ်မည်ဟု ထင်မှတ်လိုက်ပြီး ကွမ်အန်းမြို့နယ်မှာ အိမ်နှစ်လုံးတောင် ရှိတယ်ဆိုတော့ တကယ့် သူဌေးသားပဲဟု တွေးလိုက်မိသည်။

သို့သော် ဆင်းရဲသားများ အားလုံး မြို့တောင်ဘက်တွင် နေထိုင်ကြသည်ကို သူမ မသိရှာပေ။

စွန်းဝမ်ချိုင် ခေါ်သွားသော အိမ်သို့ တကယ် ရောက်သွားသောအခါ ပတ်ဝန်းကျင်ရှိ စုတ်ပြတ်နေသော ပစ္စည်းများကို ကြည့်ပြီး ရှောင်စိုင် စိတ်ပျက်သွားသည်။ အခြေအနေကို ကြည့်ရုံဖြင့် ကျန်းမိသားစု၏ အုတ်တိုက်နှင့် ယှဉ်လျှင် အများကြီး နိမ့်ကျနေသည်။ သူမ၏ မျက်နှာပေါ်တွင် စိတ်ပျက်မှုများ အထင်းသား ပေါ်လာသည်။

“ဒီအိမ်မှာ လူမနေတာ ကြာပြီ... မင်း ဒီမှာ အရင်နေနှင့်... မိဘတွေနဲ့ တိုင်ပင်ပြီးရင် မင်းကို လာတောင်းမယ်”

စွန်းဝမ်ချိုင်က လှည့်စားထားလိုက်ရာ

ရှောင်စိုင်က အပြုံးတုတစ်ခုဖြင့် ပြန်ပြောလိုက်၏။

“ကိုကိုစွန်း... ကျွန်မ ရှင့်ကိုပဲ အားကိုးရတော့မယ်”

“ကိုယ် သိပါတယ် အချစ်ကလေးရယ်... ကိုယ်က မင်းကို ဘယ်သူ့ထက်မဆို သနားပါတယ်”

စွန်းဝမ်ချိုင်က သူမကို ပွေ့ဖက်လိုက်သည်။

ရှောင်စိုင်သည် သူမ၏ အဖြစ်အပျက်ကို တွေးမိပြီး မျက်ရည်ကျလာသည်။

စွန်းဝမ်ချိုင်က သူမကို ပွေ့ဖက်ရင်း လက်သရမ်းလာ၏။

ရှောင်စိုင်သည် ယခုအချိန်တွင် သူ့ကိုသာ အားကိုးရမည်ဖြစ်၍ မငြင်းဆန်တော့ပေ။

မှောင်လာသောအခါ စွန်းဝမ်ချိုင်သည် ရှောင်စိုင်ကို ဖက်လျက် ကျေနပ်သော မျက်နှာဖြင့် စုတ်ပြတ်နေသော အိမ်ထဲမှ ထွက်လာသည်။

“ဒီနေ့ ကိုကို မင်းကို စားသောက်ဆိုင် လိုက်ပို့မယ်”

စွန်းဝမ်ချိုင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ရှောင်စိုင်က သူ့ကို လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်လိုက်၏။

သို့သော် လမ်းကြားထဲမှ ထွက်လိုက်သည်နှင့် သူတို့နှစ်ဦး၏ မျက်နှာများ ဖိအုပ်ခံလိုက်ရသည်။

“ဘယ်သူလဲ... ငါ့ကို ဘယ်သူ လာထိရဲတာလဲ... ငါ ဘယ်သူလဲ သိလား... ကိုအမာရွတ်က ငါ့အစ်ကိုကြီးကွ... ငါ့ကို လာထိရဲတယ်ပေါ့”

စွန်းဝမ်ချိုင်က အော်ဟစ်လိုက်သည်။

သို့သော် သူ့ကို တုံ့ပြန်လိုက်သည်မှာ ပါးစပ်ကို အတင်းပိတ်လိုက်သော လက်ကြီးတစ်ဖက်သာ ဖြစ်သည်။

ရှောင်စိုင်က ဒီလိုမြင်ကွင်းမျိုး တစ်ခါမှ မကြုံဖူးသဖြင့် ကြောက်လန့်တကြား တုန်ယင်နေပြီး တောင်းပန်နေလေသည်။

နှစ်ယောက်သားကို လူအများအပြားက မလှမ်းမကမ်းရှိ ပျက်စီးနေသော အိမ်ကြီးတစ်လုံးထဲသို့ ဆွဲခေါ်သွားကြ၏။

အိမ်ထဲတွင် မှိန်ဖျဖျ ဖယောင်းတိုင်တစ်တိုင် ထွန်းထားပြီး ထိပ်ဆုံးတွင် ထိုင်နေသော လူ၏ အရိပ်မှာ ရှည်လျားစွာ ကျရောက်နေသည်။

စွန်းဝမ်ချိုင်နှင့် ရှောင်စိုင်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ကြသည်။

စွန်းဝမ်ချိုင်သည် ဖုန်များ ပါးစပ်ထဲ ဝင်သွားသော်လည်း ဆက်လက် အော်ဟစ်နေသည်။

“ငါ့အစ်ကိုကြီး ဘယ်သူလဲ သိလား... သူက အမာရွတ်ကွ... ဒီဧရိယာ တစ်ဝိုက်လုံး သူ့ပိုင်နက်ပဲ”

ထိပ်ဆုံးတွင် ထိုင်နေသော လူက ရုတ်တရက် ရယ်မောလိုက်သည်။

စွန်းဝမ်ချိုင်သည် တုန်တုန်ယင်ယင်ဖြင့် မော့ကြည့်လိုက်ရာ ဖယောင်းတိုင်အလင်းရောင်အောက်တွင် ဘယ်ဘက်မျက်လုံးအောက်မှ စောင်းဆင်းလာသော ရှည်လျားသည့် အမာရွတ်တစ်ခုကို တွေ့လိုက်ရ၏။

“မင်းက ငါ့ကို မင်းအစ်ကိုကြီးလို့ ပြောလိုက်တာလား”

အမာရွတ်က သူ့ကို လှောင်ပြောင်သော မျက်နှာဖြင့် ကြည့်လိုက်သည်။

စွန်းဝမ်ချိုင်သည် သူကြွားလိုက်သော လူနှင့် တည့်တည့်တိုးနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက ချက်ချင်း မျက်နှာငယ်လေးဖြင့် ရယ်မောကာ ပြောလိုက်သည်။

“အစ်ကိုကြီး အမာရွတ်... ကျွန်တော် အရက်နည်းနည်း မူးပြီး လျှောက်ပြောမိတာပါ... လူကြီးလူကောင်းတွေက အပြစ်မယူပါဘူးဗျာ...”

“ရပြီ”

အမာရွတ်က သူ့စကားကို ဖြတ်ပြောလိုက်၏။

“စွန်းဝမ်ချိုင်... မင်းကို ငါရှာနေတာ မေးစရာရှိလို့”

စွန်းဝမ်ချိုင်က ခွေးတစ်ကောင်လို ခေါင်းညိတ်ပြီး ခါးကိုင်းကာ ပြောလိုက်သည်။

“အစ်ကိုကြီး အမာရွတ်... ကိစ္စရှိရင် ပြောပါခင်ဗျာ... ကျွန်တော် သိသလောက် အကုန် ဖြေပါ့မယ်”

ဘေးနားမှ ရှောင်စိုင်က အံ့သြသွားပြီး တိုးတိုးလေး မေးလိုက်သည်။

“ကိုကိုစွန်း... ရှင်နာမည်က စွန်းဝေဝူမဟုတ်ဘူးလား... သူက ဘာလို့ စွန်းဝမ်ချိုင်လို့ ခေါ်နေတာလဲ”

ထိုနာမည်ကို ကြားလိုက်ရသောအခါ ရှောင်စိုင်၏ စိတ်ထဲတွင် သူမ၏ ချစ်သူသည် ရုတ်တရက် အလွန် အရှက်ရစရာ ကောင်းသွားသလို ခံစားလိုက်ရသည်။

စွန်းဝမ်ချိုင်: …

စွန်းဝမ်ချိုင်က လှည့်ကြည့်ပြီး မျက်စောင်းထိုးလိုက်သည်။

“မိန်းမတွေက ဘာလို့ စကားများနေရတာလဲ”

အမာရွတ်က ရှောင်စိုင်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“စွန်းဝမ်ချိုင်... မတွေ့တာ ရက်နည်းနည်းပဲ ရှိသေးတယ်... အလှပဂေးလေး တစ်ယောက် ထပ်ရထားပြန်ပြီပေါ့”

စွန်းဝမ်ချိုင်က စဉ်းစားမနေဘဲ ရှောင်စိုင်ကို ရှေ့သို့ တွန်းပို့လိုက်ပြီး ပြောလိုက်သည်။

“အစ်ကိုကြီး အမာရွတ်... ဒီကောင်မလေးကို သဘောကျရင် ယူလိုက်ပါဗျာ”

ရှောင်စိုင် မျက်လုံးပြူးသွားပြီး မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

“ကိုကိုစွန်း... ရှင် ကျွန်မကို လက်ထပ်မယ် ပြောထားတယ်လေ”

စွန်းဝမ်ချိုင်က လှောင်ပြောင်လိုက်၏။

“မင်းလို မိန်းမမျိုးကို ဘယ်လူကောင်းက လက်ထပ်မှာလဲ”

သူတို့နှစ်ယောက် ရန်ဖြစ်နေပြန်သဖြင့် အမာရွတ် စိတ်ရှုပ်သွားပြီး စွန်းဝမ်ချိုင်ကို ခြေထောက်ဖြင့် ကန်လိုက်သည်။

“ငါ ပြောတာပဲ နားထောင်”

စွန်းဝမ်ချိုင်သည် ရင်ဘတ်ကို ဖိကာ ကြမ်းပြင်ပေါ်မှ ကုန်းရုန်းထလိုက်သည်။ သူ လုံးဝ ပြန်မပြောရဲဘဲ ခွေးလိမ္မာလေးတစ်ကောင်လို ခေါင်းညိတ် ခါးကိုင်းနေသည်။

အမာရွတ်က ရှောင်စိုင်ဘက်သို့ လှည့်ကာ အေးစက်စွာ ပြောလိုက်သည်။

“ရှောင်စိုင်... တစ်ယောက်ယောက်က မင်းကို တစ်ခုခု မေးခိုင်းလိုက်တယ်”

စွန်းဝမ်ချိုင်က ကြောင်နေသော ရှောင်စိုင်ကို တွန်းလိုက်ပြီး ပြောလိုက်သည်။

“အစ်ကိုကြီး အမာရွတ် မေးနေတယ်လေ... မြန်မြန် ဖြေစမ်း”

ရှောင်စိုင်က ကြောက်ရွံ့စွာ ပြန်ထူးလိုက်သည်။

“ကျန်းကွမ်ကျုံးက အပြင်မှာ မထိသင့်မထိထိုက်တဲ့ လူတွေကို သွားထိမိထားတယ်... တစ်ယောက်ယောက်က သူ့ကို ထောင်ချချင်နေတယ်... သူ ကွယ်ရာမှာ လုပ်ထားတဲ့ အရှုပ်တော်ပုံတွေကို မင်းက အသိဆုံး ဖြစ်မှာပါ”

အမာရွတ်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ရှောင်စိုင် ကြောင်သွားသည်။

စွန်းဝမ်ချိုင်က စိတ်မရှည်စွာ ပြောလိုက်္ဓ။

“နင်က အခုထိ နင့်ယောက်ျားဟောင်းကို သံယောဇဉ် ရှိနေတုန်းလား... အစ်ကိုကြီး အမာရွတ် မေးနေတယ်လေ... ကျန်းကွမ်ကျုံး အပြင်မှာ ရှုပ်ပွေထားတာတွေ အကုန်ပြောပြလိုက်”

ရှောင်စိုင်က ကျန်းကွမ်ကျုံးကို ဂရုမစိုက်သော်လည်း သူမကိုယ်သူမ ဂရုစိုက်သည်။ တကယ်လို့ ကျန်းကွမ်ကျုံး ဒုက္ခရောက်သွားရင် သူမရဲ့ ကျင်းပေါင်လေး ဘယ်လိုလုပ်မလဲ။

အမာရွတ်က စွန်းဝမ်ချိုင်ကို အေးစက်စွာ ကြည့်ပြီး ပြောလိုက်သည်။

“မင်းရဲ့ မိန်းမသစ်က သိပ်လိမ္မာမယ့်ပုံ မပေါ်ဘူး”

စွန်းဝမ်ချိုင်က တုံ့ဆိုင်းမနေဘဲ သူမကို ပါးရိုက်လိုက်ပြီး ဆဲဆိုလိုက်သည်။

“မိန်းမယုတ်... မေးတာ ဖြေလေ... အစ်ကိုကြီး အမာရွတ် စိတ်ဆိုးနေတာ မမြင်ဘူးလား... မဖြေရင် ငါ အခုပဲ နင့်ကို သတ်ပစ်မယ်”

အမာရွတ်က ဒီပြဇာတ်ကို တိတ်တဆိတ် ထိုင်ကြည့်နေသည်။

ရှောင်စိုင်သည် ကျန်းကွမ်ကျုံး ဆိုသော မီးတွင်းထဲမှ လွတ်မြောက်လာပြီး တစ်သက်လုံး အားကိုးရမည့်သူ တွေ့ပြီဟု ထင်ထားသော်လည်း မကြာမီမှာပင် ထိုသူ၏ မျက်နှာဖုံး ကွာကျသွားသည်ကို တွေ့လိုက်ရသည်။ သူမ နှုတ်ခမ်းကို တင်းတင်းကိုက်ထားပြီး ခေါင်းထဲတွင် အတွေးပေါင်းစုံ ဝင်ရောက်လာသည်"

စွန်းဝမ်ချိုင်က သူမကို အကြိမ်ကြိမ် ရိုက်သော်လည်း မဖြေသည်ကို တွေ့သောအခါ သူမနားနား ကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။

“ဒီလူတွေက သွေးအေး လူသတ်သမားတွေ... သူတို့လက်ထဲမှာ လူအသက် ဘယ်နှချောင်း ရှိနေလဲ မသိဘူး... ဒီည ငါတို့နှစ်ယောက်လုံးကို သတ်ပစ်လိုက်ရင်တောင် ဖူချိန်မြို့မှာ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး... နင် ငါတို့နှစ်ယောက်လုံးကို သေစေချင်တာလား”

All Chapters