← Chapters

မြို့နယ်သို့ ပြန်ခြင်း

Vol. 7 Ch. 67

မြို့နယ်သို့ ပြန်ခြင်း

Vol. 7 Ch. 67

ကျန်းယွင်နန်၏ မျက်နှာသည် အစပိုင်းတွင် တုန်လှုပ်သွားပြီးနောက် ဝမ်းနည်းမှုများ ပြည့်နှက်လာသည်။

“တကယ်ပဲ သူလုပ်တာပေါ့”

ကျန်းယွင်နန်သည် မောင်ဖြစ်သူ စိတ်ထားမကောင်းကြောင်း သိထားသော်လည်း တူအရင်းကို ပြန်ပေးဆွဲပြီး ရောင်းစားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကုမင်တာ့သည် အရင်က ယောက်ဖဖြစ်သူတွင် သက်သေအထောက်အထား ရှိနေသဖြင့် မသံသယ ဝင်ခဲ့သော်လည်း သူ့အကျင့်စာရိတ္တကိုမူ တစ်ခါမှ မယုံကြည်ခဲ့ပေ။

“ယောက်ျား... သားလတ်ကို မြို့တော်ဆီ ရောင်းစားလိုက်တယ် ဆိုတာ သေချာလို့လား”

ကျန်းယွင်နန်က ထပ်မေးလိုက်သည်။

ကုမင်တာ့၏ မျက်နှာထား လေးနက်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။

“ရှစ်ဆယ် ကိုးဆယ် ရာခိုင်နှုန်း သေချာတယ်”

မနေ့က ဒီဖြစ်နိုင်ချေကို တွေးမိပြီးနောက် သူသည် ဆိုင်ရှင်ကျန့်ကို အကူအညီတောင်းပြီး ရှောင်စိုင်၏ ပါးစပ်ကို ဖွင့်ခိုင်းခဲ့ခြင်း ဖြစ်သည်။

ဘဏ်လုပ်ငန်း လုပ်ကိုင်သူများသည် လူမိုက်များနှင့် ဆက်ဆံရသည်မှာ မဆန်းပေ။ ဆိုင်ရှင်ကျန့် စီစဉ်ပေးလိုက်ပြီ ဖြစ်သည်။ ကုမင်တာ့သည် အမာရွတ်နှင့် အခြားသူများ ရှောင်စိုင်ကို ဘယ်လိုဆက်ဆံခဲ့လဲ ဆိုတာ မသိသလို မေးလည်း မမေးခဲ့ပေ။

ကျန်းယွင်နန်၏ ရင်ထဲတွင် စိုးရိမ်မှုများ ပြည့်နှက်လာသည်။ ချင်းရွှေရွာနှင့် မြို့တော်သည် အလွန် ဝေးကွာပြီး အမြန်ဆုံး သွားလျှင်ပင် လနှင့်ချီ ကြာမြင့်တတ်သည်။ ဒီလောက်ဝေးကွာသော ခရီးလမ်းတွင် သားလတ် အဆင်ပြေပါ့မလား ဆိုတာ သူမ မသိနိုင်ပေ။

အကယ်၍ ကလေးက လမ်းမှာ ဖျားနာခဲ့လျှင် လူကုန်ကူးသူများက လမ်းဘေးတွင် ပစ်ထားခဲ့ပြီး သေစေမှာ သေချာ၏။

“ဘာလို့ ဒီလောက်ဝေးတဲ့ နေရာကို ရောင်းစားရတာလဲ... ဘာလို့ မြို့တော်ကို သွားရတာလဲ”

ကျန်းယွင်နန် နားမလည်နိုင် ဖြစ်နေသည်။

ဒီမေးခွန်းနှင့် ပတ်သက်ပြီး ကုမင်တာ့ အဖြေကို သိသော်လည်း မျက်နှာတွင် အပြုံးအတု တစ်ခု ဖန်တီးကာ ပြောလိုက်သည်။

“မြို့တော်က သူဌေးအိမ်တွေမှာ အစေခံ လိုအပ်လို့ နေမှာပါ... သားလတ်က ရုပ်ရည်သန့်ပြန့်တော့ လူကုန်ကူးသူတွေက ဈေးကောင်းရအောင် မြို့တော်ကို ပို့လိုက်တာ ဖြစ်လောက်တယ်”

ကျန်းယွင်နန် သိပ်မစဉ်းစားတော့ဘဲ ခေါင်းညိတ်လိုက်သည်။

“သူဌေးအိမ်ရောက်ပြီး အစေခံ ဖြစ်သွားရင်တောင် မဆိုးပါဘူးလေ... အနည်းဆုံးတော့ ထမင်းဝအောင် စားရမှာပေါ့”

ကုမင်တာ့လည်း ခေါင်းညိတ်လိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။

“ယွင်နန်... ကိုယ် ကျန်းကွမ်ကျုံးကို အလွတ်မပေးချင်ဘူး”

ထိုစကားကို ကြားသောအခါ ကျန်းယွင်နန် ကြောင်သွားသည်။ ကျန်းကွမ်ကျုံးက သူမ၏ မောင်ဝမ်းကွဲ ဖြစ်သည်။ အရင်တုန်းက ကျန်းကွမ်ကျုံး ဘယ်လောက်ဆိုးဆိုး ကုမင်တာ့က ဆွေမျိုးတော်စပ်မှုကို ထောက်ထားပြီး သည်းခံခဲ့သည်။ ပြဿနာ အသေးအဖွဲလောက်သာ ရှာခဲ့ပြီး ရက်စက်စွာ လက်တုံ့ပြန်ရန် တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။

“သားလတ်ကလည်း ဒီလိုဦးလေးမျိုး လိုချင်မှာ မဟုတ်ပါဘူး... ယောက်ျား... ရှင် ဘာလုပ်ချင်လဲ လုပ်ပါ”

ကျန်းယွင်နန်က တိုးတိုးလေး ပြောလိုက်သည်။

ကုမင်တာ့ သက်ပြင်းချလိုက်သည်။ ရွေးချယ်စရာသာ ရှိလျှင် ဇနီးသည်ကို ဆွေမျိုးများနှင့် လုံးဝ အဆက်အသွယ် ဖြတ်သွားစေချင်သည် မဟုတ်ပေ။

ထမင်းစားပြီးနောက် ကုမင်တာ့သည် ကလေးများနှင့် မကစားတော့ဘဲ စာကြည့်ခန်းထဲဝင်ကာ စာဖတ်ခြင်း၊ ဆောင်းပါးရေးခြင်းများ ပြုလုပ်နေလေသည်။ ရက်အနည်းငယ်ကြာတိုင်း ကလေးများ၏ စာလေ့လာမှုကို စစ်ဆေးခြင်းမှလွဲ၍ အခြားကိစ္စများကို အာရုံမစိုက်တော့ပေ။

နောက်နှစ်သည် ပြည်နယ်အဆင့် စာမေးပွဲ ကျင်းပမည့်နှစ် ဖြစ်သည်။ သူသည် ယခင်ကထက် ပိုကြိုးစားရမည်ဖြစ်ပြီး တစ်ကြိမ်တည်းနှင့် အောင်မြင်အောင် လုပ်ရမည်။ သို့မှသာ အနာဂတ်တွင် မြို့တော်သို့ သွားရောက် စာမေးပွဲဖြေဆိုနိုင်မည်။

ယခု သူသည် ပညာရှိဘွဲ့သာ ရရှိထားသေးသည်။ ဒီဂုဏ်ပုဒ်ဖြင့် မြို့တော်သို့ ဝင်ရောက်ပါက သူဌေးအိမ်၏ တံခါးခုံကိုပင် ကျော်နိုင်မည် မဟုတ်ပေ။ သားဖြစ်သူကို ရှာဖွေဖို့၊ အိမ်ပြန်ခေါ်လာဖို့ ဆိုတာ ဝေလာဝေးပင်။

ဖခင်ဖြစ်သူ ကြိုးစားနေသည်ကို မြင်သောအခါ ကျန်းယွင်နန်နှင့် ကလေးများသည် လမ်းလျှောက်လျှင်ပင် ခြေသံလုံအောင် သတိထားကြလေသည်။

ကောလိပ်ဝင်ခွင့် စာမေးပွဲတွင် ပထမရထားသဖြင့် တစ်ချိန်တည်း အောင်မြင်ခဲ့သော ပညာရှိအများအပြားက ကုမင်တာ့ကို စာပို့ပြီး စားသောက်ပွဲများသို့ ဖိတ်ကြားကြသည်။ သို့သော် ကုမင်တာ့သည် စားသောက်ပွဲ တစ်ခုကိုသာ တက်ရောက်ခဲ့ပြီး ကျန်ဖိတ်ကြားမှုများကို ငြင်းပယ်ခဲ့သည်။

သူ မငြင်းပယ်နိုင်သော စားသောက်ပွဲမှာ မြို့ဝန်မင်းကိုယ်တိုင် ဦးစီးကျင်းပသော အောင်မြင်သူများ ဂုဏ်ပြုပွဲ ဖြစ်သည်။ အခြားသူများ မပါလျှင် ဖြစ်သော်လည်း ပထမရသူ မပါလျှင် မဖြစ်ပေ။

ကုမင်တာ့သည် လူမှုဆက်ဆံရေး ကောင်းမွန်သူတစ်ယောက်ပင်။ ယခင်က စားသောက်ပွဲများကို ငြင်းပယ်ခဲ့သဖြင့် ပညာရှိအများစုက မကျေနပ်ကြဘဲ သူက မာနကြီးပြီး လူတကာကို အထင်သေးသည်ဟု ကောလဟာလများ ထွက်ပေါ်နေသည်။

ဒီတရားဝင် စားသောက်ပွဲတွင် သူသည် မြို့ဝန်မင်းနှင့် စကားပြော ရယ်မောရုံသာမက အခြားပညာရှိများနှင့် စကားစမြည် ပြောဆိုရင်း ယခင်က ငြင်းပယ်ခဲ့မှုကြောင့် ဖြစ်ပေါ်နေသော အဖုအထစ်များကို အလွယ်တကူ ဖြေရှင်းနိုင်ခဲ့၏။

ကုမင်တာ့သည် စကားပြောကောင်းမွန်ရုံသာမက ရုပ်ရည်လည်း ချောမောသဖြင့် သူသာ အသက် ၃၀ ကျော် မဟုတ်ဘဲ ဇနီးနှင့် ကလေးများ မရှိခဲ့လျှင် တက်ရောက်လာသော အရာရှိအများအပြားက သမက်တော်ချင်ကြမည်မှာ သေချာသည်။

ကုမင်တာ့ တရားဝင် စားသောက်ပွဲ တက်ရောက်ပြီးနောက် ကုမိသားစုသည် အိမ်ပြန်ရန် ပြင်ဆင်ကြသည်။ လျူရှောင်ရူကလည်း သူတို့နှင့်အတူ လိုက်ပါမည်ဟု အခိုင်အမာ ပြောလေသည်။

သူမကို ဘယ်လို နေရာချထားမလဲ ဆိုတာကိုတော့ သူတို့ ဆွေးနွေးပြီးကြပြီ ဖြစ်သည်။

လမ်းခရီးက မငြိမ်သက်သဖြင့် ဘေးကင်းစေရန် ကုမိသားစုသည် ဖူချိန်မြို့တွင် ရက်အနည်းငယ် ဆက်နေခဲ့ပြီး နောက်ဆုံးတွင် ကွမ်အန်းမြို့နယ်သို့ ဖြတ်သန်းသွားမည့် ကုန်သည်အဖွဲ့ကို စောင့်ဆိုင်းနိုင်ခဲ့၏။

ကုမင်တာ့သည် ယခုအခါ ပညာရှိဘွဲ့ ရရှိထားပြီး ပထမအဆင့်လည်း ရထားသဖြင့် ကုန်သည်အဖွဲ့မှ လူများသည် ကုမိသားစုကို အလွန် လေးစားကြသည်။

နားလိုက် သွားလိုက်ဖြင့် ကုန်သည်အဖွဲ့သည် နှစ်ကုန်ခါနီးတွင် ကွမ်အန်းမြို့နယ်သို့ ရောက်ရှိလာသည်။

ချင်းရွှေရွာသို့ ချက်ချင်း ပြန်မပြေးဘဲ ကုမိသားစုသည် မြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုလိုက်ကြသည်။

ကုမင်တာ့သည် အဝတ်အစား လဲလှယ်ပြီး ဖူချိန်မြို့မှ ဝယ်လာသော လက်ဆောင်များကို ယူကာ ဇနီးသည်ကို မှာထားလိုက်၏။

“ညနေစာကို တည်းခိုခန်းကပဲ ဝယ်စားလိုက်နော်... ကိုယ် ပြန်လာစားမှာ မဟုတ်ဘူး”

ကျန်းယွင်နန် ခေါင်းညိတ်လိုက်သည်။ သူမသည် ခင်ပွန်းသည် ဘာသွားလုပ်မလဲဆိုတာ မမေးခဲ့ပေ။ လူထွက်သွားသည်ကို ကြည့်ပြီးနောက် လျူရှောင်ရူ တံခါးခေါက်ပြီး ဝင်လာခဲ့သည်။

“အစ်မ... နှပ်ဟင်းရည်ဆိုင်ကို ညီမကို တကယ် လွှဲပေးမှာလား”

လျူရှောင်ရူ မယုံနိုင်သေးပေ။

ဖူချိန်မြို့ အောင်စာရင်းထွက်တဲ့နေ့ ပြီးနောက် အဖွားချန်၏ အိမ်တွင် အိမ်ငှား နည်းပါးသွားသည်ကို မြင်သောအခါ ကျန်းယွင်နန်သည် နှပ်ဟင်းတစ်အိုး စမ်းချက်ကြည့်ခဲ့သည်။

ထိုနေ့က ကျန်းယွင်နန်သည် နှပ်ဟင်းရည် ချက်ပြုတ်နည်းအတိုင်း အတိအကျ လိုက်နာပြီး ချက်ပြုတ်ခဲ့သည်။ အိုးထဲမှ မဆယ်ရသေးမီကပင် မိုင်ဆယ်ဂဏန်းအကွာထိ မွှေးပျံ့နေခဲ့သည်။

အဖွားချန်၏ မြေးလေးသည် အနံ့ရပြီး စားချင်လွန်းသဖြင့် ကြမ်းပြင်ပေါ် လူးလှိမ့်ကာ ပူဆာခဲ့သည်။

အိမ်နီးနားချင်းများကလည်း ပိုက်ဆံကိုင်ပြီး ရောက်လာကာ နှပ်ဟင်း ဝယ်စားချင်ကြသည်။

တကယ်တမ်း အိုးထဲက ဆယ်ပြီး စားပွဲပေါ် တင်လိုက်တဲ့အခါ ကလေးသုံးယောက်လုံး ခေါင်းမဖော်တမ်း စားကြတော့သည်။ ဗိုက်ဝနေရင်တောင် ပန်းကန်လုံးကို စိုက်ကြည့်နေကြဆဲပင်။

ကုကျောက်ဆိုလျှင် အသားတုံးအချို့ကို ခိုးပြီး ရင်ခွင်ထဲ ဝှက်ထားကာ ဗိုက်ဆာမှ စားမည်ဟု ကြံစည်ခဲ့သော်လည်း လက်လှမ်းလိုက်သည်နှင့် ကျန်းယွင်နန်၏ ရိုက်ပုတ်မှုကို ခံလိုက်ရသည်။

ထိုနေ့က လျူရှောင်ရူ မြည်းစမ်းကြည့်ပြီးနောက် ပြီးခဲ့တဲ့ နှစ်တွေ အလကား ကုန်ဆုံးခဲ့ပြီဟု ခံစားလိုက်ရသည်။ လူကို လျှာပါမျိုချချင်လောက်အောင် ကောင်းမွန်တဲ့ ဒီလိုအရသာမျိုး သူမ တစ်ခါမှ မစားဖူးခဲ့ပေ။

ကျန်းယွင်နန်တို့ လင်မယားသည် မူလက နှပ်ဟင်းအနည်းငယ် ချက်ပြီး မြို့ထဲတွင် သွားရောင်းရန် စိတ်ကူးခဲ့ကြသည်။ ယခု လက်ထဲတွင် ငွေအလုံအလောက် ရှိနေပြီဖြစ်၍ မြို့ထဲတွင် ဆိုင်ခန်းငှားပြီး နှပ်ဟင်းရောင်းရန် ဆုံးဖြတ်လိုက်ကြသည်။

ဒီဆိုင် မဖွင့်ရသေးသော်လည်း နှပ်ဟင်းအရသာကို သိထားသော လျူရှောင်ရူသည် ဆိုင်ဖွင့်လိုက်သည်နှင့် နေ့တိုင်း ငွေဝင်မည်ကို ကောင်းကောင်း သိနေသည်။

သူမက ကျန်းယွင်နန်ကို အရေးပေါ် ငွေချေးပေးချင်ရုံသာ ဖြစ်ပြီး ငွေရှာချင်တာ မဟုတ်ပေ။ ဘာလို့ သူဌေးဖြစ်မယ့် ပုံပေါက်နေရတာလဲ။

“ညီမလေး... အစ်မက နောက်ပိုင်း ရွာမှာပဲ အနေများတော့မှာ... နှပ်ဟင်းရည်ဆိုင်ကို ညီမလေးဆီ မလွှဲရင် ဘယ်သူ့ဆီ လွှဲရမှာလဲ”

ကျန်းယွင်နန်က ပြုံးလျက် ပြောလိုက်သည်။

စဉ်းစားပြီးနောက် လျူရှောင်ရူက ပြောလိုက်သည်။

“ဒီဆိုင်က နောက်ကျရင် ဖွင့်ဖြစ်မှာဆိုတော့... အစ်မရဲ့ ချက်ပြုတ်နည်းကိုလည်း အားကိုးရမှာပဲ... ညီမ အမြတ် ၅၀ ရာခိုင်နှုန်း ယူဖို့ မသင့်တော်ပါဘူး... အစ်မ သင့်တော်သလို ခွဲပေးပါ”

ကျန်းယွင်နန် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

“ညီမလေးက ငွေရင်းစိုက်ထားတယ်လေ... ပြီးတော့ ဆိုင်ကိုလည်း ဦးစီးရမှာ... ဘယ်လောက် ပင်ပန်းမလဲ မသိဘူး... ဘာလို့ ၁၀ ရာခိုင်နှုန်းပဲ ယူရမှာလဲ... သဘောတူတယ်ဆိုရင် ၅၀-၅၀ ခွဲကြမယ်”

လျူရှောင်ရူ သဘောမတူဘဲ ပြောလိုက်သည်။

“ဒီလို ငွေရှာနိုင်တဲ့ နှပ်ဟင်းရည် ချက်ပြုတ်နည်းက အမြတ်ပါပဲ... ညီမက အခွင့်ကောင်းယူသလို ဖြစ်နေပြီ”

စီးပွားရေး အတူတူ လုပ်မည်ဆိုလျှင် ဆိုင်မဖွင့်ခင် အများကြီး သဘောတူညီမှု ရယူထားရမည်။ မဟုတ်လျှင် အနာဂတ်တွင် ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်သည်။ ကျန်းယွင်နန်က အခွင့်ကောင်း မယူလိုသဖြင့် မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။

“တကယ်လို့ ညီမလေးက ဒီလို ငြင်းနေမယ်ဆိုရင် အစ်မ ဒီဆိုင် မဖွင့်တော့ဘူး”

All Chapters