အခန်း (၃၉-၄၀)
Vol. 4 Ch. 39-40
အခန်း (၃၉) သေတွင်းတူးခြင်း
"ဒီကောင်တွေကတော့ မစော်ကားသင့်တဲ့သူကို သွားစော်ကားမိတာ ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် ဒါတွေက ငါတို့နဲ့ မဆိုင်ဘူး၊ ဆက်သွားကြရအောင်" ယွဲ့လွမ်က ယွဲ့ဖေး၏လက်ကို ဆွဲကာ ရှေ့သို့ ခေါ်ဆောင်သွားသည်။
'ညီလေးထျန်း တခြားလမ်းကနေ သွားနေပါစေလို့ပဲ မျှော်လင့်ရတာပဲ။ ဒီလိုကိစ္စမျိုးလုပ်တဲ့သူကို သူ မတော်တဆ သွားပြီး ရန်စမိမှာကို ငါ စိုးရိမ်တယ်' ယွဲ့လွမ်က စိတ်ထဲမှ တွေးနေမိသည်။
လုံချန်းသည် တိုက်ပွဲမျိုးစုံကို ဆက်တိုက် ရင်ဆိုင်ခဲ့ပြီး အဆင့် ၈ ဝိညာဉ်သားရဲတစ်ကောင်နှင့်ပင် တွေ့ဆုံခဲ့သော်လည်း အားလုံးကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့သည်။ နောက်ထပ် တစ်ရက် ကုန်ဆုံးသွားပြီး ညသို့ ရောက်ရှိလာပြန်သည်။
"၂ ရက်တောင် ရှိပြီ၊ လုံစုရဲ့ အရိပ်အယောင်တောင် မတွေ့သေးဘူး။ ဒီတောအုပ်က ဒီလောက်ကြီးလိမ့်မယ်လို့ မထင်ထားမိဘူး" လုံချန်းက ကောင်းကင်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။ သူ၏ စိတ်ဝိညာဉ်အာရုံကို အစွမ်းကုန် ဖြန့်ကြက်လိုက်သော်လည်း ပတ်ဝန်းကျင်တွင် ဘယ်သူမှ မရှိကြောင်း သိလိုက်ရသဖြင့် ဤနေရာမှာပင် အနားယူရန် ဆုံးဖြတ်လိုက်သည်။
"ငါ့မှာလည်း ဟိုလူတွေလို သတိပေးဝင်္ကပါရှိရင် ကောင်းမှာပဲ။ မထွက်လာခင်က ရတနာဆောင်မှာ အဲဒီလိုမျိုး ရှိလားလို့ ဦးလေးရန်ကို မေးခဲ့သင့်တယ်" သူ တိုးတိုးလေး ပြောမိသည်။
'ဒါပေမဲ့ မလာခင် ကြိုတင်ပြင်ဆင်ခဲ့တာ ရှိသေးတာပဲ' လုံချန်းက ပြုံးလိုက်သည်။
သူသည် အနီးအနားရှိ မြင့်မားသော သစ်ပင်နှစ်ပင်ကို ရွေးချယ်လိုက်ပြီး သူ၏ သိုလှောင်လက်စွပ်ထဲမှ ပုခက် တစ်ခုကို ထုတ်လိုက်သည်။ ၎င်းမှာ မထွက်လာမီက အစေခံတစ်ဦးကို ဝယ်ခိုင်းထားခြင်း ဖြစ်သည်။
"ကောင်းကင်မိစ္ဆာတောင်ပံများ"
ညအချိန်ဖြစ်ပြီး ပတ်ဝန်းကျင်တွင် လူမရှိသည်ကို သေချာစေပြီးနောက် သူသည် တောင်ပံများကို အသုံးပြုကာ အပေါ်သို့ ပျံတက်လိုက်သည်။ အလွန်အမြင့်ကြီး မဟုတ်ဘဲ သစ်ပင်နှစ်ပင်၏ အပေါ်ပိုင်းတွင် ပုခက်ကို ချည်နှောင်လိုက်သည်။ ဤသို့ဖြင့် နေ့ခင်းဘက်တွင်ပင် အောက်ကလူများ သူ့ကို မမြင်နိုင်တော့ပေ။
"ဟင်း... ဒီမှာနေရတာ တော်တော် သက်သောင့်သက်သာ ရှိတာပဲ။ ဒီည မိုးမရွာဖို့ပဲ ဆုတောင်းရမယ်၊ မဟုတ်ရင်တော့ ဒုက္ခရောက်မှာ" လုံချန်းသည် ပုခက်ပေါ်တွင် လဲလျောင်းရင်း အိပ်ပျော်သွားတော့သည်။
'ဟာကွာ... ဒီဆူညံသံတွေနဲ့တော့ အေးအေးဆေးဆေးတောင် အိပ်လို့မရပါလား'
နေမင်းကြီး ထွက်ပြူလာစအချိန်တွင် အောက်ဘက်မှ ဆူညံသံများကြောင့် လုံချန်း နိုးလာသည်။ သူသည် ပုခက်ပေါ်မှ ထကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။
"အောက်မှာ ဘာတွေ ဖြစ်နေတာလဲ။ လူ ၅ ယောက်က မိန်းကလေး ၂ ယောက်ကို ဝိုင်းထားတာလား။ ကြည့်ရတာ ဓားပြတွေတော့ မဟုတ်ဘူး" လုံချန်းက အောက်ကို ကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်။
အသက် ၂၀၊ ၂၅ နှစ်အရွယ် မိန်းကလေး ၂ ဦးကို အသက်လတ်ပိုင်း အမျိုးသား ၅ ဦးက ဝိုင်းထားသည်ကို သူ မြင်လိုက်ရသည်။ မိန်းကလေးများမှာ သာမန်အရပ်သူ ဝတ်စုံများကို ဝတ်ထားသော်လည်း ကျန် ၅ ဦးမှာမူ တူညီဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
"စိတ်ဝင်စားစရာပဲ။ အဲဒီမိန်းကလေးနှစ်ယောက်က ဝိညာဉ်အခြေပြုခြင်း အဆင့် ၂ မှာ ရှိနေတယ်။ ဝိုင်းထားတဲ့ ၅ ယောက်ထဲက တစ်ယောက်က အဆင့် ၄၊ ကျန် ၄ ယောက်က အဆင့် ၃ တွေပဲ"
"မင်းတို့နှစ်ယောက်! အစ်ကိုကြီးချန်းကို ခက်ခဲအောင် မလုပ်ကြနဲ့တော့။ သူက မင်းတို့ကို ဒီတောထဲမှာ မြင်ကည်းက သဘောကျနေတာ။ ဘာလို့ ငါတို့ဆီကနေ ထွက်ပြေးနေကြတာလဲ" ထို ၅ ယောက်ထဲမှ တစ်ဦးက ပြောလိုက်သည်။
"ဟုတ်တယ်၊ အစ်ကိုကြီးချန်းရဲ့ စိတ်ဝင်စားမှုကို ရတာက မင်းတို့ ဘိုးဘွားတွေရဲ့ ကောင်းမှုကံကြောင့်ပဲ။ အစ်ကိုကြီးချန်းလို လူမျိုးက မင်းတို့ကို လှည့်တောင် ကြည့်မှာ မဟုတ်ဘူး။ ရုန်းမနေဘဲ ငါတို့နဲ့ လိုက်ခဲ့စမ်း" နောက်တစ်ဦးက ဆိုသည်။
"အစ်ကိုကြီးချန်းက ဖုမျိုးနွယ်စု ခေါင်းဆောင်ရဲ့ သားဆိုတာ မင်းတို့ သိသင့်တယ်။ နဂါးမြို့တော် မြောက်ဘက်နယ်မြေရဲ့ ထိပ်သီးမျိုးနွယ်စု ၁၀ ခုထဲက တစ်ခုပဲ။ မင်းတို့လို မိန်းကလေးတွေ အများကြီးက အစ်ကိုကြီးချန်းနဲ့ တစ်ညလောက် အတူနေရဖို့ နေ့တိုင်း တောင်းပန်နေကြတာ။ သူက မင်းတို့ကို စိတ်ဝင်စားတာ မင်းတို့အတွက် ကံကောင်းခြင်းပဲ" အဆင့် ၄ ကျင့်ကြံသူက ပြောလိုက်သည်။
"ဘယ်တော့မှ မလိုက်ဘူး။ ငါ သေရင်သေပါစေ၊ ငါနဲ့ ငါ့ညီမလေးကို အဲဒီ ဖုချန်းရဲ့ ကစားစရာ အဖြစ်မခံနိုင်ဘူး။ မြောက်ဘက်နယ်မြေက လူတိုင်းက နင်တို့ အစ်ကိုကြီးချန်းရဲ့ ယုတ်မာတဲ့ အကျင့်တွေကို သိပြီးသားဟဲ့"
"ကောင်မလေး... ငါတို့က အစ်ကိုကြီးချန်း မဆော့ရသေးခင် မင်းတို့ကို ဒဏ်ရာမရစေချင်လို့ ကောင်းကောင်း ပြောနေတာ။ အတင်းအဓမ္မ လုပ်အောင် မတိုက်တွန်းနဲ့"
"ဟုတ်တယ်၊ ဘယ်သူမှ လာကယ်နိုင်မယ် မထင်နဲ့။ ငါတို့ ဖုမျိုးနွယ်စုရဲ့ ကိစ္စကို ဘယ်သူမှ ဝင်မစွက်ရဲဘူး။ အစ်ကိုကြီးချန်းရဲ့ အလုပ်ကို နှောင့်ယှက်မိတယ်ဆိုတာ ကြားရင် လူတွေ ဘောင်းဘီထဲ သေးထွက်ကုန်လိမ့်မယ်"
"ဪ... အဲဒီလိုလား"
သူတို့ ကြွားဝါနေစဉ်မှာပင် တစ်နေရာမှ အသံတစ်ခု ထွက်ပေါ်လာသည်။ သူတို့အားလုံး ပတ်ဝန်းကျင်ကို ဝိုင်းကြည့်သော်လည်း ဘယ်သူ့ကိုမှ မတွေ့ရပေ။
"ဘယ်ကောင်လဲ။ သူရဲကောင်း လာမလုပ်နဲ့၊ မဟုတ်ရင် မြေပုံမရှိဘဲ သေသွားမယ်နော်" ခေါင်းဆောင်ဖြစ်သူက အော်လိုက်သည်။
"မြောက်ဘက်နယ်မြေက ဖုမျိုးနွယ်စု ဟုတ်လား။ အဲဒါ မြောက်ဘက်နယ်မြေမှာတောင် တတိယတန်းစား မျိုးနွယ်စု မဟုတ်ဘူးလား။ နဂါးမြို့တော် တစ်ခုလုံးနဲ့ ယှဉ်ရင် ထိပ်တန်း အဆင့် ၁၀၀ ထဲတောင် မပါပါဘူး။ ဒီလောက် မာန်တက်ပြီး လျှောက်သွားနေမယ်လို့ မထင်ထားမိဘူး" လုံချန်းက အပေါ်စီးမှ ပြောလိုက်သည်။
"ဟမ်... ငါ့ရဲ့ ဖုမျိုးနွယ်စုကို အဲဒီလို ပြောရဲတဲ့လူ ရှိတာပဲလား" အနီးအနားမှ ရုပ်ရည် သာမန်ကာလျှံကာနှင့် လူငယ်တစ်ဦး ဒေါသတကြီး ထွက်လာသည်။ သူသည် အသက် ၂၀၊၂၅ ခန့်ရှိပြီး အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။
"အစ်ကိုကြီးချန်း" ထို ၅ ယောက်မှာ မိန်းကလေး ၂ ယောက်ကို ဆက်လက် ဝိုင်းထားရင်း ဖုချန်းကို နှုတ်ဆက်လိုက်ကြသည်။
'ဝိညာဉ်အခြေပြုခြင်း အဆင့် ၅ လား။ ငါက နည်းနည်း ပိုသန်မယ် အောက်မေ့တာ' လုံချန်းက ဖုချန်းကို ကြည့်ရင်း စိတ်ထဲမှ တွေးလိုက်သည်။
"ဟေ့ လူငယ်။ မင်းက ငါ့မျိုးနွယ်စုအကြောင်း ဒီလောက် ပြောစရာရှိနေရင် ပုန်းမနေဘဲ အပြင်ထွက်ခဲ့စမ်းပါ။ ငါ ကတိပေးတယ်... မင်းရဲ့ ခြေထောက်နှစ်ဖက်နဲ့ လျှာကိုပဲ ဖြတ်ပစ်မယ်" ဖုချန်းက ယုတ်မာသော အပြုံးဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ မင်း အပြင်မထွက်လာရင်တော့ ငါကိုယ်တိုင် လာရှာရလိမ့်မယ်။ အဲဒီကျရင် မင်းရဲ့ အဆုံးသတ်က မလှစေရဘူး။ မင်းရဲ့ မိသားစုကိုပါ မင်းနဲ့အတူ မြေမြှုပ်ပစ်မယ်"
"ခြေထောက်နှစ်ဖက် ဖြတ်မယ် ဟုတ်လား။ ကောင်းပြီလေ... မင်း ဘယ်လို ဖြတ်မလဲဆိုတာ ကြည့်ရသေးတာပေါ့" လုံချန်းသည် ထိုမိန်းကလေးနှစ်ဦးနှင့် လူ ၅ ယောက်ကြားရှိ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
သူသည် ပုခက်ကို သိုလှောင်လက်စွပ်ထဲ သိမ်းဆည်းပြီးမှ ခုန်ဆင်းလာခြင်း ဖြစ်သည်။
"ကောင်လေး... မင်းက အစ်ကိုကြီးချန်းရှေ့မှာ ငါတို့ ဖုမျိုးနွယ်စုကို စော်ကားရဲတယ်ပေါ့ ဟုတ်လား။ မင်း ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ" အဆင့် ၃ ကျင့်ကြံသူတစ်ဦးက အော်ဟစ်လိုက်သည်။ သူသည် အလွန်ဒေါသထွက်နေသဖြင့် လုံချန်း၏ ဝတ်စုံကို သေချာမကြည့်ဘဲ ဆဲဆိုမိခြင်း ဖြစ်သည်။ သို့သော် လုံချန်းကို သေသေချာချာ မြင်လိုက်ရသည့်အခါတွင်မူ သူ၏ မျက်နှာမှာ ဖြူလျော်သွားတော့သည်။
"လုံ... လုံ... လုံမျိုးနွယ်စု"
သူသည် ရှေ့တွင် ရပ်နေသူက မည်သူဖြစ်ကြောင်း သိလိုက်ရသည်နှင့် ဒူးထောက်လျက်သား လဲကျသွားသည်။ ဤနိုင်ငံတွင် လုံမျိုးနွယ်စု၏ တံဆိပ်နှင့် ဝတ်စုံကို မသိသောသူ မရှိသလောက်ပင်။ နိုင်ငံ၏ အထွတ်အထိပ် မျိုးနွယ်စုကြီး ၃ ခုထဲမှ တစ်ခုပင် မဟုတ်ပါလား။
ဖုချန်းသည်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားကာ မျက်နှာတစ်ခုလုံး ကြောက်ရွံ့မှုများ ဖုံးလွှမ်းသွားသည်။
'ငါ... ငါ ခုနကတင် လုံမျိုးနွယ်စုက လူတစ်ယောက်ကို ခြေထောက်ဖြတ်မယ်လို့ ခြိမ်းခြောက်လိုက်တာလား။ သူ့မိသားစုကိုပါ မြေမြှုပ်ပစ်မယ်လို့တောင် ပြောလိုက်မိသေးတယ်'
ဖုချန်းသည် ငိုချင်စိတ် ပေါက်သွားသော်လည်း သူ၏ မျက်ဝန်းမှ မျက်ရည်များပင် ထွက်မလာနိုင်လောက်အောင် ထိတ်လန့်နေတော့သည်။
အခန်း (၄၀) မဟာ အမှား
"ငါ့ခြေထောက်တွေ ဖြတ်မှာကို စောင့်နေတယ်။ ဘယ်သူ အရင်လာမလဲ" လုံချန်းက ဖုချန်းကို ကြည့်ကာ ပြုံး၍ မေးလိုက်သည်။
"လွဲ... လွဲချော်မှုပါ။ ဒါတွေအားလုံးက နားလည်မှု လွဲသွားတာပါ သခင်လေးလုံ" ဖုချန်းက သူ၏လက်များကို အသည်းအသန် ယမ်းပြရင်း ပြောလိုက်သည်။
"နားလည်မှု လွဲတာ ဟုတ်လား။ တစ်ယောက်ယောက်က ငါ့မိသားစုကိုပါ ငါနဲ့အတူ မြေမြှုပ်ပစ်မယ်လို့ ပြောလိုက်သလိုပဲ" လုံချန်း၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် တည်တံ့လေးနက်သွားသည်။
"သခင်လေးလုံ... စော်ကားမိတာကို တောင်းပန်ပါတယ်။ သခင်လေးက လုံမျိုးနွယ်စုကမှန်း ကျွန်တော် တကယ်မသိလို့ပါ။ သိရင် အိပ်မက်ထဲမှာတောင် လုပ်ရဲမှာ မဟုတ်ပါဘူး။ ကျွန်တော့်မှာ မျက်လုံးရှိပေမဲ့ တောင်ကြီးကို မမြင်မိတဲ့အတွက် ကျွန်တော့်အမှားကို ခွင့်လွှတ်ပေးပါ" ဖုချန်းက ထပ်မံတောင်းပန်သည်။
"ရပါတယ်၊ လူတိုင်း အမှားနဲ့ မကင်းကြပါဘူး။ ငါက စိတ်ရင်းကောင်းတဲ့သူဆိုတော့ မင်းကို ခွင့်လွှတ်ပေးနိုင်ပါတယ်။ မင်းရဲ့ ခြေထောက်နှစ်ဖက်ကိုသာ မင်းဘာသာဖြတ်လိုက်၊ အဲဒါဆိုရင် မင်းကို လွှတ်ပေးလိုက်မယ်" လုံချန်းက ပြုံးလျက် ပြောလိုက်သည်။
'ခြေထောက်နှစ်ဖက်လုံး ဖြတ်လိုက်ရင် အစ်ကိုကြီးချန်းက ဘယ်လိုလုပ် လမ်းလျှောက်ပြီး ပြန်မှာလဲ' ဖုချန်း၏ လက်ပါးစေတစ်ဦးက စိတ်ထဲမှ တွေးမိသည်။
"အစ်ကိုကြီးချန်း... ဒီကောင်က တော်တော် မာနကြီးတာပဲ။ လုံမျိုးနွယ်စုက ဖြစ်တော့ရော ဘာဖြစ်လဲ။ သူက ကလေးပဲရှိသေးတာ၊ ငါတို့ သူ့ကို အမြန်သတ်ပစ်လိုက်ရင် ဘယ်သူမှ သိမှာမဟုတ်ဘူး။ ဒီမိန်းကလေးနှစ်ယောက်ကိုတော့ အစ်ကိုကြီး ပျော်ပါးပြီးရင် ငါတို့ကို ပေးလိုက်ပေါ့။ ငါတို့ ညီအစ်ကိုတွေပါ အလှည့်ကျ ပျော်ပါးပြီးမှ သတ်ပစ်လိုက်ရင် သက်သေလည်း မကျန်တော့ဘူး" အဆင့် ၄ ကျင့်ကြံသူက သူ၏လက်နက်ကို ထုတ်ရင်း ပြောလိုက်သည်။
"မင်းက သခင်လေးလုံကို ဒီလို စကားမျိုး ပြောရဲတယ်ပေါ့ ဟုတ်လား" ဖုချန်းက ထိုလူကို ပါးရိုက်လိုက်ရာ မီတာ ၅၀ ခန့် လွင့်ထွက်သွားပြီး သစ်ပင်တစ်ပင်နှင့် ဆောင့်မိသွားသည်။ ထိုလူမှာ အသည်းအသန် ပြန်ထလာပြီး ဖုချန်းကို တောင်းပန်ရသည်။
'ဒီအစုတ်ပလုတ်ကတော့၊ လုံမျိုးနွယ်စုက ကလေးတစ်ယောက်ဟာ သူ့ကို စောင့်ရှောက်မယ့် အစောင့်တွေမပါဘဲ ဒီကို လာပါ့မလား။ အစောင့်တွေက အနားမှာ ပုန်းနေကြမှာပေါ့' ဖုချန်းက တွေးနေမိသည်။
"မင်းက တော်တော် ပါးနပ်တာပဲ သခင်လေးချန်း။ ဒါပေမဲ့ ငါ့မိသားစုကို စော်ကားတဲ့အတွက် မင်း ခြေထောက်ကိုတော့ ဖြတ်ရမှာပဲ။ ဪ... ဒါနဲ့ ငါ့မှာ အစောင့်တွေ ပါမလာဘူးနော်။ အနားမှာ ဘယ်သူမှ မရှိဘူး" လုံချန်းက ပြုံးလျက် ပြောလိုက်သည်။
'ဒီကောင်... ငါ့ကို လာလိမ်နေတာပဲ' ဖုချန်းက တွေးနေသည်။
"သခင်လေးလုံ... အဲဒါတွေက အရေးမကြီးပါဘူး။ ကျွန်တော်က သခင်လေးလို ပါရမီရှင်ကို ဘယ်တော့မှ မတိုက်ခိုက်ရဲပါဘူး။ ကျွန်တော် သခင်လေးကို အမြဲတမ်း အားကျခဲ့တာပါ။ သခင်လေးသာ ဒီမှာရှိနေမှန်း သိရင် အစကတည်းက အဲဒီလို ပြောမှာမဟုတ်ပါဘူး"
"ကျွန်တော်... အား..." ဖုချန်းသည် ဖော်လံဖား စကားများကို ဆက်ပြောရန် ကြိုးစားသော်လည်း မပြောနိုင်မီမှာပင် တစ်ကိုယ်လုံးသို့ ပြင်းထန်သော နာကျင်မှုတစ်ခု စီးဆင်းသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ၏ ခြေထောက်နှစ်ဖက်မှာ ဖြတ်တောက်ခြင်း ခံလိုက်ရပြီဖြစ်ကြောင်း သူ မြင်လိုက်ရသည်။
"မင်း စကားများလွန်းတယ် သခင်လေးချန်း" လုံချန်းက မြေပြင်ပေါ်တွင် လဲနေသော သူ့ကို ကြည့်ကာ ပြောလိုက်သည်။
"မင်း... မင်း... အစုတ်ပလုတ်ကောင်၊ ဘာဖြစ်ဖြစ် ဂရုမစိုက်တော့ဘူးကွာ။ သူ့ကို သတ်ပစ်ကြစမ်း" ဖုချန်းသည် နာကျင်မှုနှင့် ဒေါသကြောင့် ရူးသွပ်သွားကာ အော်ဟစ်လိုက်တော့သည်။
လက်ပါးစေ ၄ ယောက်လုံးမှာ လက်နက်များကို ကိုင်ဆောင်ကာ လုံချန်းထံသို့ ပြေးဝင်သွားကြသည်။ လုံချန်းသည် သူ၏ တောင်ဖြိုဓားကို ထုတ်ယူကာ လျင်မြန်သော တိုက်ကွက်တစ်ကွက်ကို ဖော်ဆောင်ပြီး ဓားကို ချက်ချင်းပင် ပြန်သိမ်းလိုက်သည်။
ဖုချန်းမှာ နာကျင်မှုကြောင့် မျက်နှာကြီး ရှုံ့မဲ့နေရင်း သူ၏လူများ လုံချန်းကို တိုက်ခိုက်သည်ကို ကြည့်နေသည်။ သို့သော် သူ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ၏ ဝိညာဉ်ပင် လွင့်ထွက်မတတ် ထိတ်လန့်သွားရသည်။ လုံချန်းက သူ၏လူ ၄ ယောက်လုံးကို ဓားတစ်ချက်တည်းဖြင့် သုတ်သင်လိုက်ခြင်းပင်။
"ဘယ်လို... ဘယ်လိုလုပ်ပြီး မင်းက ဒီအသက်အရွယ်နဲ့ ဒီလောက်တောင် သန်မာနေရတာလဲ" ဖုချန်းက ကြောက်လန့်တကြား အော်ဟစ်သည်။
"မင်း အမှားကြီးတစ်ခု လုပ်လိုက်ပြီ။ ခုနက မင်းသာ ငါ့ကို တိုက်ခိုက်ဖို့ အမိန့်မပေးခဲ့ရင် မင်းကို အသက်ချမ်းသာပေးမလားဆိုတာ ငါ မသေချာဘူး။ ဒါပေမဲ့ အခုတော့ ငါ့အတွက် ဆုံးဖြတ်ချက်ကို မင်းကိုယ်တိုင် ချပေးလိုက်တာပဲ ကျေးဇူးတင်ပါတယ် သခင်လေးချန်း"
ဖုချန်းသည် လုံချန်း၏ လက်ထဲတွင် ဓားတစ်လက် ပေါ်လာသည်ကိုသာ မြင်လိုက်ရပြီး နောက်တစ်စက္ကန့်တွင်ပင် အသက်ပျောက်သွားတော့သည်။
'ငါ ဘာဖြစ်နေတာလဲ။ ငါ လူတွေ အများကြီး သတ်ခဲ့ပြီးပြီ။ သူတို့က လူဆိုးတွေဆိုပေမဲ့ ငါ့စိတ်ထဲမှာ ဘာနောင်တမှ မရှိပါလား။ သူတို့ဘက်က မှားလို့ဆိုပေမဲ့ သတ်ဖြတ်ခြင်းက ငါ့အတွက် သာမန်ကိစ္စတစ်ခုလို ဖြစ်နေပြီ။ ငါ့ကို စော်ကားတဲ့သူတိုင်းကို သတ်ပစ်ချင်တဲ့ စိတ်ရိုင်းတစ်ခု ငါ့ထဲမှာ ရှိနေသလို၊ တည်တည်ငြိမ်ငြိမ် နေဖို့ ပြောနေတဲ့ စိတ်တစ်ခုလည်း ရှိနေတယ်' လုံချန်းက တွေးတောနေမိသည်။
သူသည် မိန်းကလေးနှစ်ဦးရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ" လုံချန်းက မေးလိုက်သည်။ ထိုမိန်းကလေးနှစ်ဦးမှာ သူ့ကို လူသားစား သားရဲတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေကြခြင်းကြောင့် ဖြစ်သည်။
"အာ... သခင်လေးလုံ။ ကျွန်မနဲ့ မေတို့က ဒီနေ့ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ချင်လို့ပါ။ သခင်လေးသာ မရှိရင် ကျွန်မတို့ ညီအစ်မနှစ်ယောက် အဲဒီလူတွေရဲ့ စော်ကားတာ ခံရတော့မှာ" မျက်စိကာလေး တပ်ထားသော ဝတ်စုံနက်နှင့် မိန်းကလေးက ရှေ့သို့တိုးကာ ကျေးဇူးတင်စကား ပြောသည်။
"ဪ... ရပါတယ်။ ငါ မင်းတို့ကို ကူညီချင်လို့ လုပ်တာမဟုတ်ဘူး။ သူတို့က ငါ့ရှေ့မှာ ငါ့မိသားစုကိုပါ မြေမြှုပ်မယ်လို့ စော်ကားလာလို့ ဆင်းလာခဲ့တာပါ" လုံချန်းက မျက်စိကာနှင့် မိန်းကလေးကို ကြည့်ကာ ပြောလိုက်သည်။
"မင်းတို့ မိသားစုဆီ အမြန်ပြန်ကြတော့၊ ဒီနေရာက မင်းတို့အတွက် ဘေးမကင်းဘူး" သူက ဆက်ပြောသည်။
"ဟုတ်ကဲ့ပါ၊ ဒါပေမဲ့ ရွှယ်ပြောတာ မှန်ပါတယ်။ သခင်လေးက ကျွန်မတို့ အသက်ကို ကယ်ခဲ့တာပါ။ ပြီးတော့ ကျွန်မတို့မှာ မိသားစု မရှိတော့ပါဘူး။ ဒီကိုလာတာက သားရဲအချို့ကို သတ်ပြီး အကြွေးဆပ်ဖို့ ပိုက်ဆံရှာမလို့ပါ" မေ က ရှင်းပြသည်။
"ကံကောင်းပါစေကွာ၊ ငါ မင်းတို့အတွက် ဆုတောင်းပေးပါ့မယ်" လုံချန်းက ထိုသို့ပြောကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားသည်။
"သခင်လေးလုံ... ခဏလောက် စောင့်ပါဦး" မေ နှင့် ရွှယ် တို့က လုံချန်း ထွက်ခွာသွားသည်ကို ကြည့်ကာ လှမ်းခေါ်လိုက်ကြသည်။