"ငါ့အရည်အချင်းကို သက်သေပြဖို့ ရှေ့မှာရှိနေတဲ့ စမ်းသပ်မှုတွေကိုလား။ ဟမ့် ... အကုန်ချေမှုန်းပစ်မယ်။ ရန်သူတွေလား ... လာခဲ့ အကုန်သတ်ပစ်မယ်" ကမ္ဘာမြေပေါ်တွင် သေဆုံးပြီးနောက် ခန္ဓာကိုယ်အသစ်၊ လောကသစ်တစ်ခု၌ ပြန်လည်နိုးထလာသော လုံချန်းသည် နတ်ဘုရားများနှင့် မိစ္ဆာများ စိုးမိုးရာ ကမ္ဘာသစ်၌ ခရီးသစ်တစ်ခုကို စတင်ခဲ့သည်။ ထိုလောကသည် သက်ရှိမျိုးနွယ်စုပေါင်းစုံ တည်ရှိပြီး လူသားများအနေဖြင့် ကျင့်စဉ်များ ကျင့်ကြံအားထုတ်ကာ အင်မော်တယ် နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်သည့် နေရာတစ်ခု ဖြစ်သည်။ ထူးကဲသော အမွေအနှစ်ကို ဆက်ခံခွင့်ရထားသည့် လုံချန်းသည် မိမိ၏ ကြိုးစားအားထုတ်မှုနှင့်အတူ လမ်းခုလတ်၌ အနှောင့်အယှက်ပေးသူမှန်သမျှအား နှိမ်နင်းရင်း ထိပ်တန်းသို့ တက်လှမ်းလာပုံကို ရှုစားကြရမည် ဖြစ်သည်။ စကြာဝဠာတစ်ခုလုံးက သူ့အား သေခြင်းတရား၏ အရှင်သခင် မိစ္ဆာနတ်ဘုရား ဟု အသိအမှတ်ပြု၍ ကောင်းကင်ဘုံကပင် ရှုံးနိမ့်မှုကို လက်ခံလာစေမည့် သူ၏ ခရီးစဉ်ကို စောင့်ကြည့်ရမည် ဖြစ်၏။ ဒုတိယမြောက် အမွေဆက်ခံသူအဖြစ် လူသိများသော လုံချန်း၏ ရှေ့တွင် ပထမမြောက် အမွေဆက်ခံသူမှာ မည်သို့သော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသနည်း။ ဤအမွေအနှစ်သည် အမှန်တကယ် မည်သူနှင့် သက်ဆိုင်သနည်း။ စကြာဝဠာကြီးအတွင်း မည်သို့သော လျှို့ဝှက်ချက်များ ဖုံးကွယ်နေသနည်း ဆိုသည်ကိုမူ...။

