← Chapters

အခန်း (၈၀၇-၈၀၈)

Vol. 81 Ch. 807-808

အခန်း (၈၀၇-၈၀၈)

Vol. 81 Ch. 807-808

​အခန်း (၈၀၇) မုသာစကားများ

သက်တံဖီးနစ်ငှက်ကြီးသည် မည်းနက်လှသော ရေပြင်အတွင်း၌ ပေါလောပေါ်နေရန် ရုန်းကန်နေရသည့် ရှုလျန်ရှိရာသို့ ထိုးဆင်းလာပြီးနောက် သူ့အား ရေထဲမှ ဆယ်ယူလိုက်၏။

​သက်တံဖီးနစ် ရေထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ရေ၏ အမည်းရောင်များမှာ ပျောက်ကွယ်သွားပြီး ကြည်လင်လာတော့၏။ ဖီးနစ်ငှက်ကြီးသည် ရှုလျန်ကို သူ၏ ကျောပေါ်သို့ တင်ဆောင်ကာ နေမင်းရှိရာ ကောင်းကင်ယံထက်သို့ ပျံတက်သွားလေသည်။

​ရှုလျန်သည် ဖီးနစ်ငှက်ကြီးပေါ်၌ ထိုင်ရင်း အသက်ကို ဝဝရှူရန် အားယူနေရ၏။ လေထဲသို့ မြင့်တက်သွားသည်နှင့်အမျှ သူ၏ အသက်ရှူနှုန်းမှာ ပြန်လည်တည်ငြိမ်လာခဲ့သည်။

​“ဒါ ဘာတွေ ဖြစ်ကုန်တာလဲ” ရှုလျန်က ဇဝေဇဝါဖြင့် ရေရွတ်မိ၏။

​သက်တံဖီးနစ်ကမူ ပြန်လည်မဖြေကြားဘဲ ဆက်လက်ပျံသန်းနေဆဲ ဖြစ်၏။ ထိုစဉ်မှာပင် ကောင်းကင်ယံမှ အခြားသော သားရဲတစ်ကောင် ဆင်းသက်လာပြန်သည်။ ၎င်းမှာ အမြီးနှစ်ချောင်းရှိသော ကြောင်ကလေးတစ်ကောင်နှင့် တူသော်လည်း အောက်သို့ ကျဆင်းလာသည်နှင့်အမျှ တဖြည်းဖြည်း ကြီးမားလာကာ ဖီးနစ်တောင်ပံများနှင့် နဂါးလက်သည်းများ ရှိသည့် ဧရာမ ကျားဖြူကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားတော့၏။

​ထိုသားရဲကြီးသည် ပါးစပ်ကို ဟလိုက်ပြီး ရှုလျန်ထံသို့ စူးရှတောက်ပလှသော အလင်းတန်းတစ်တန်းကို မှုတ်ထုတ်လိုက်လေသည်။

​“ဟား...”

​ရှုလျန်သည် ထိုအလင်းတန်း အထိမှန်ခံလိုက်ရပြီးနောက် ရုတ်တရက် ထထိုင်လိုက်မိ၏။ သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ မိမိသည် မြေပြင်ပေါ်၌ လဲလျောင်းနေခြင်း ဖြစ်သည်ကို တွေ့လိုက်ရသည်။

​သူ့ရှေ့ရှိ မီးဖိုအနီးတွင် လူငယ်တစ်ဦး ထိုင်နေပြီး လတ်လတ်ဆတ်ဆတ် အမဲလိုက်လာသော သားရဲသားကို ကင်နေသည်အား မြင်လိုက်ရ၏။ ပတ်ဝန်းကျင်တွင်မူ အခြားသူ မည်သူမျှ မရှိချေ။

​ခေတ္တမျှ ကြာပြီးနောက်တွင်မှ သူ၏ မှတ်ဉာဏ်များ ပြန်လည်ပွင့်လင်းလာခဲ့သည်။ အရာအားလုံး အမှောင်မကျမီမှာပင် သူ၏ အဘွားအိုမှာ မျက်စိရှေ့၌ပင် အသတ်ခံလိုက်ရသည်ကို သူ မှတ်မိသွား၏။ ထိုအဖြစ်အပျက်နောက်ပိုင်းတွင်မူ သူ မြင်မက်ခဲ့သော ထူးဆန်းသည့် အိပ်မက်မှအပ ကျန်သည့်အရာများကို သူ မမှတ်မိတော့ပါချေ။

​“အဘွား... အဲဒါကလည်း အိပ်မက်ပဲလား” သူက ဇဝေဇဝါဖြင့် ရေရွတ်လိုက်မိ၏။

​လုံချန်းသည် အသံကြားသဖြင့် နောက်သို့ လှည့်ကြည့်လိုက်ကာ နူးညံ့စွာ ပြုံးပြလိုက်၏။ “သြော်... မင်း နိုးလာပြီလား။ မင်းအဘွားကတော့ မင်းကို အိပ်ဆေးတွေ တိုက်ထားတာဆိုတော့ ဒီထက်ပိုပြီး ကြာကြာအိပ်နေလိမ့်မယ်လို့ ပြောထားတာပဲ”

​“လာလေ... တစ်ခုခု စားလိုက်ဦး။ မင်း ဗိုက်ဆာနေမှာပေါ့” သူက ဆက်လက်ပြောဆို၏။

​လူငယ်လေးမှာမူ ဤလူစိမ်းအား တစ်ခါမှ မမြင်ဖူးသဖြင့် ဝေခွဲမရ ဖြစ်နေတော့၏။ “ခင်ဗျားက ဘယ်သူလဲ။ ဘာအိပ်ဆေးလဲ။ ကျွန်တော် အခု ဘယ်ရောက်နေတာလဲ” ရှုလျန်က မေးခွန်းပေါင်းများစွာကို တရစပ် မေးမြန်းလိုက်လေသည်။

​“ငါ့နာမည်က လုံချန်းပါ။ လှည့်လည်သွားလာနေတဲ့ ကျင့်ကြံသူတစ်ယောက်ပေါ့။ ငါ မင်းတို့ရွာကို ဖြတ်သွားတော့ မင်းအဘွားက ငါ့ဆီလာပြီး မင်းကို ပြုစုစောင့်ရှောက်ဖို့၊ မင်း ကြီးပြင်းလာအောင် ကူညီပေးဖို့ ငါ့ကို အပ်နှံခဲ့တာ။ သူ သင်ပေးနိုင်သမျှ အရာအားလုံးကို သင်ပေးပြီးပြီမို့လို့ ဒီရွာမှာ ဆက်ရှိနေရင် မင်းရဲ့ ကြီးထွားမှုက ရပ်တန့်နေလိမ့်မယ်လို့ သူက ပြောတယ်” လုံချန်းက ယုံကြည်လောက်စရာ ဆင်ခြေတစ်ခုကို လုပ်ကြံပြောဆိုလိုက်၏။

​“သူက မင်းကို ကူညီဖို့ ငါ့ကို အထပ်ထပ် အသနားခံခဲ့လို့ ငါက သဘောတူလိုက်တာ။ ဒါပေမဲ့ မင်းက သူ့ကို အရမ်းချစ်တာဆိုတော့ မင်း သဘောတူမှာ မဟုတ်ဘူးဆိုတာကို သူ သိတယ်။ ဒါကြောင့် ငါ မင်းကို ခေါ်သွားတဲ့အချိန်မှာ အိပ်ပျော်နေအောင်လို့ အိပ်မွေ့ချဆေးတွေ တိုက်လိုက်တာပေါ့” သူက ကလေးငယ်တစ်ဦး ယုံကြည်သွားစေမည့် လုပ်ကြံဇာတ်လမ်းကို ဆက်လက်ပြောဆိုလိုက်၏။

​“မဟုတ်ဘူး၊ အဘွားက ကျွန်တော့်ကို ထားခဲ့မှာ မဟုတ်ဘူး။ သူက ကျွန်တော့်ကို ချစ်တာ။ ခင်ဗျား လိမ်နေတာ” ရှုလျန်က မယုံကြည်နိုင်စွာဖြင့် နောက်သို့ တစ်လှမ်းဆုတ်လျက် ငြင်းဆန်လိုက်၏။

​“မင်းကို သူ ချစ်တယ်ဆိုတာ ငါသိပါတယ်။ သူ့ရဲ့ မျက်ဝန်းထဲမှာ အနန္တမေတ္တာတွေကို ငါ ခံစားခဲ့ရဖူးတယ်။ ဒါပေမဲ့ မင်းက သူ့ရဲ့ မေတ္တာကို အထင်သေးနေတာပဲ။ သူဟာ မင်းကို ချစ်လွန်းလို့ မင်းရဲ့ ရှေ့ရေးအတွက် မင်းနဲ့ ခွဲခွာရတာကိုတောင် လက်ခံခဲ့တာ။ မင်းကော... သူ့ရဲ့ ယုံကြည်မှုကို သစ္စာဖောက်ပြီး ဘာမှမတတ်မြောက်ဘဲ သူ့ဆီကို ပြန်သွားမှာလား။ ဒါမှမဟုတ် ငါ့ရဲ့ အကူအညီကို ယူပြီး သူ့ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးမှာလား။ ဆုံးဖြတ်ချက်က မင်းအပေါ်မှာပဲ မူတည်ပါတယ်။ တကယ်လို့ မင်း ဒီလမ်းအတိုင်း နှစ်ရက်လောက် ပြန်လျှောက်သွားမယ်ဆိုရင်တော့ မင်းတို့ရွာကို ပြန်ရောက်မှာပါ” လုံချန်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။

​“ကျွန်တော်... ကျွန်တော်...” ရှုလျန်မှာ ဇဝေဇဝါ ဖြစ်သွားတော့၏။ သူသည် အတွေ့အကြုံ မရှိသေးသော ကလေးငယ်တစ်ဦးသာ ဖြစ်ပြီး သူ၏ အသိဉာဏ်ရှိသမျှ ကာလပတ်လုံးကို အဘွားအိုနှင့်အတူ မုသာကင်းစင်သော နေရာ၌သာ ဖြတ်သန်းခဲ့သူ ဖြစ်၏။ ထို့ကြောင့် လုံချန်း၏ စကားမှာ အံ့သြစရာ ကောင်းနေသော်လည်း သူ လိမ်နေသည်ဟု မတွေးတောမိချေ။

​သူသည် သူ၏ရွာရှိရာ အရပ်သို့ တစ်ချက်လှည့်ကြည့်ပြီးနောက် လုံချန်းအား ပြန်လည်ကြည့်လိုက်၏။ ထို့နောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ခေါင်းညိတ်လိုက်လေသည်။

​“ကျွန်တော် ခင်ဗျားနဲ့အတူ လိုက်ခဲ့ပါ့မယ်။ ပိုပြီး တော်တဲ့သူတစ်ယောက် ဖြစ်လာအောင် ကြိုးစားပြီး အဘွားရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးပါ့မယ်။ အဲဒီကျမှပဲ ကျွန်တော် ပြန်သွားမယ်။ အဘွား ဂုဏ်ယူရတဲ့သူ ဖြစ်အောင် လုပ်ပြမယ်” သူက ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် ဆို၏။

​“လိမ္မာတဲ့ ဆုံးဖြတ်ချက်ပဲ။ မင်းအဘွား တကယ် ဂုဏ်ယူရမှာပါ။ လာ... မင်း ဘာမှမစားရသေးတာ ကြာပြီဆိုတော့ ဗိုက်ဆာနေမှာပေါ့” လုံချန်းက လူငယ်လေးကို အနားသို့ ခေါ်လိုက်၏။

​“သြော်... ဒါကတော့ ငါ့ဇနီး ရွှယ်ပါ။ ဒါကတော့ ငါ့ရဲ့ အဖော် မုဆိုးကြယ်ပေါ့”

​သူက ရွှယ်နှင့် မုဆိုးကြယ်တို့ကို မိတ်ဆက်ပေးလိုက်၏။ သူတို့နှစ်ဦးလုံးမှာ အမှန်တရားကို သိရှိကြသော်လည်း လုံချန်း သင်ကြားထားသည့်အတိုင်းသာ ပြုမူခဲ့ကြသည်။

​“မင်းအဘွားဟာ တကယ့်ကို သဘောကောင်းတဲ့ အမျိုးသမီးတစ်ယောက်ပါ။ သူ ဂုဏ်ယူရအောင် ကြိုးစားနော်” ရွှယ်က ရှုလျန်၏ ခေါင်းကို ပွတ်သပ်ရင်း ဆိုရာ ရှုလျန်က ခေါင်းညိတ်၍ အသိအမှတ် ပြုလိုက်၏။

​သူသည် လုံချန်း၏ ရှေ့တွင် ထိုင်ချလိုက်၏။

​“ရော့... စားလိုက်ဦး”

​လုံချန်းက သားရဲသားကို ကမ်းပေးလိုက်ပြီး ကျန်သည့်အရာများကို ရွှယ်နှင့် မုဆိုးကြယ်တို့အား ဝေမျှပေးလိုက်၏။

​“အစ်ကိုကြီး လုံချန်းကော မစားဘူးလား” လုံချန်းမှာ သူများကိုသာ ပေးဝေနေပြီး မိမိကိုယ်တိုင် မစားသည်အား မြင်သောအခါ လူငယ်လေးက မေးမြန်းလိုက်၏။ လုံချန်းမှာ အစ်ကိုကြီးဟု ခေါ်ဝေါ်ခြင်း ခံလိုက်ရသဖြင့် ခေတ္တမျှ အံ့အားသင့်သွားရ၏။

​“အာ... တောင်းပန်ပါတယ် စီနီယာလုံချန်း။ ကျွန်တော် အခေါ်အဝေါ် မှားသွားလို့ပါ” လူငယ်လေးက အမြန်ပြင်ပြော၏။

​“ရပါတယ်။ ငါက မင်းထက် အသက်ကြီးပေမဲ့ အများကြီး ကြီးတာမှ မဟုတ်တာ။ အစ်ကိုကြီးလို့ပဲ ခေါ်နိုင်ပါတယ်” လုံချန်းက လူငယ်လေး၏ ခေါင်းကို ပွတ်သပ်ရင်း ဆို၏။

​“ငါကတော့ မင်းကို ညီလေးလို့ပဲ ခေါ်တော့မယ်” သူက ဆက်လက်ဆို၏။ စင်စစ်မှာမူ လုံချန်းသည် ထိုကလေး၏ အမည်ကို မသိချေ။ ထပ်မံမေးမြန်းရန်လည်း မဖြစ်နိုင်ပေ။ အကယ်၍ သူသာ အဘွားအိုနှင့် တွေ့ဆုံခဲ့သည်ဆိုပါက ကလေး၏ အမည်ကို သိထားရမည် ဖြစ်သဖြင့် ယခုမှ အမည်မေးပါက သံသယဝင်စရာ ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် သူက ကလေး၏ အမည်ကို မမေးတော့ဘဲ နောင်တွင် ညီလေးဟုသာ ခေါ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

​“ရပါတယ် အစ်ကိုကြီးလုံ။ ကျွန်တော့်အဘွား ခေါ်သလိုမျိုးပဲ လျန်အာလို့ပဲ ခေါ်ပါ” လူငယ်လေးက ပြန်လည်ဖြေကြား၏။

​ထိုစကားကို ကြားလိုက်ရသောအခါ လုံချန်း၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာတော့၏။ သူ သံသယ မဝင်စေဘဲနှင့် ကောင်လေးမှာ မိမိ၏ အမည်ကို မိမိဘာသာ ပြောပြလာခဲ့ပြီ မဟုတ်လော။ ဤသည်က လုံချန်း၏ အလုပ်ကို ပိုမိုလွယ်ကူသွားစေသည်။

​“ကောင်းပြီ လျန်အာ။ ငါလည်း အဲဒီလိုပဲ ခေါ်ပါ့မယ်” လုံချန်းက ပြုံးလျက် ဆို၏။

​“ဒါနဲ့ ကျွန်တော် အဘွား ဂုဏ်ယူရမယ့်သူ ဖြစ်လာအောင် ဘာတွေ လုပ်ရမလဲ။ ဘယ်လောက်ကြာဦးမှာလဲ” လူငယ်လေးက သိလိုစိတ်ဖြင့် မေးမြန်း၏။

​“ဒါက ဖြည်းဖြည်းချင်း သွားရမယ့် လုပ်ငန်းစဉ်မို့လို့ အချိန်အတော်ကြာမှာပါ။ မင်းမှာ အခြေခံမရှိသေးတော့ ငါက ကျင့်စဉ်တွေကို အစကနေ သင်ပေးရမယ်။ တခြား အရာတွေလည်း အများကြီး သင်ပေးရဦးမှာပါ။ ငါ သင်ပေးတာတွေ ပြီးသွားတဲ့အချိန်မှာတော့ မင်းဟာ အကောင်းဆုံး လူတစ်ယောက် ဖြစ်နေပါလိမ့်မယ်။ အဲဒီအချိန်ကျမှ မင်းပြန်သွားရင် မင်းအဘွားဟာ တကယ်ကို ဝမ်းသာနေမှာပါ” လုံချန်းက ဆို၏။

​“သြော်... ဒါနဲ့ မင်းအဘွားကို မေးဖို့ မေ့သွားလို့။ မင်း စာဖတ်တတ်လား” သူက အရေးကြီးသောအရာကို မေ့သွားသယောင် ဟန်ဆောင်ကာ မေးလိုက်၏။

​“ဖတ်တတ်ပါတယ်။ အဘွား သင်ပေးထားတယ်” ရှုလျန်က ဖြေ၏။

​“လိမ္မာတယ်။ စားစရာတွေကို အကုန်စားလိုက်ဦး။ ပြီးရင် ငါ မင်းကို ကျင့်စဉ်စာအုပ် တစ်အုပ် ပေးမယ်။ အဲဒါကို မင်းဘာသာ ဖတ်ကြည့်ပြီး နားလည်အောင် ကြိုးစားကြည့်ပေါ့။ တစ်လုံးမှ နားမလည်ရင်တောင် ကိစ္စမရှိပါဘူး၊ အကုန်ဆုံးအောင်သာ ဖတ်လိုက်ပါ။ ဖတ်ပြီးရင်တော့ ငါက ပြန်ရှင်းပြပေးမယ်။ ငါ မင်းအဘွားကို ကတိပေးထားတာဆိုတော့ မင်းရဲ့ ဆန္ဒတွေကို ပြည့်ဝအောင် ငါ သေချာပေါက် ကူညီပေးပါ့မယ်” လုံချန်းက ပြုံးလျက် ဆို၏။

​လုံချန်းမှအပ အားလုံးမှာ စားသောက်ပြီးစီးသွားကြပြီ ဖြစ်၏။ လုံချန်းမှာ လွန်ခဲ့သော နာရီအနည်းငယ်ကပင် စားသောက်ထားပြီး ဖြစ်သဖြင့် ယခုအချိန်တွင် ဗိုက်မဆာတော့သည်ကို လူငယ်လေးမှာ မသိရှိချေ။

​အားလုံး စားသောက်ပြီးသောအခါ လုံချန်းသည် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ကျင့်စဉ်စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်၏။ ၎င်းမှာ သူ စုဆောင်းထားသမျှ ကျင့်စဉ်များအနက် အစွမ်းထက်ဆုံး တစ်ခု ဖြစ်သော်လည်း သူကိုယ်တိုင် အသုံးပြုနေသည့် အမည်မဲ့ကျင့်စဉ်ကိုမူ မပေးခဲ့ပါချေ။

​“ရော့... ဒါပဲ။ ဒါက တကယ့်ကို အစွမ်းထက်သလို နားလည်ရတာလည်း ခက်ခဲလိမ့်မယ်။ အကုန်လုံးကို ဆုံးအောင်ဖတ်ပြီး နားလည်အောင် ကြိုးစားကြည့်ပေါ့” လုံချန်းက ကျင့်စဉ်စာအုပ်ကို ကမ်းပေးလိုက်၏။

​“ဟုတ်ကဲ့ပါ” ထိုသို့ ဆိုကာ လူငယ်လေးက ခေါင်းညိတ်၍ ထိုစာအုပ်ကို လက်ခံလိုက်လေသည်။

​“ဟမ်... ငါတို့ဆီကို ဧည့်သည်တွေ ရောက်လာတာလား” လုံချန်းက နောက်သို့ လှည့်ကြည့်ရင်း ရုတ်တရက် ရေရွတ်လိုက်မိလေသည်။

​အခန်း (၈၀၈) တိုက်ခိုက်ခံရခြင်း

ခြေသံများကို ကြားလိုက်ရသဖြင့် လုံချန်းသည် မတ်တပ်ရပ်၍ နောက်သို့ လှည့်ကြည့်လိုက်၏။

​“ဒီမှာပဲ နေခဲ့ကြ။ ငါ အခုချက်ချင်း ပြန်လာခဲ့မယ်” ထိုသို့ ဆိုကာ သူသည် အသံထွက်ပေါ်လာရာ ချုံပုတ်များဆီသို့ လျှောက်သွားလိုက်ရာ လူတစ်စု ချုံပုတ်ထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။

​၎င်းတို့မှာ လူ ၁၂ ယောက် ပါဝင်သော အုပ်စုတစ်စု ဖြစ်၏။

​“သြော်... ဒီကနေပြီးတော့ကိုး ဒီလောက်မွှေးတဲ့ အနံ့တွေ ထွက်နေတာ။ ဟေ့ ကောင်လေး... မင်း တစ်ခုခု ချက်နေတာလား။ လာစမ်း... မင်းချက်ထားတာတွေကို ငါတို့ကို အမြန်ပြင်ဆင်ပြီး ကျွေးစမ်း” လူအုပ်ထဲမှ တစ်ယောက်က လုံချန်းကို မြင်သည်နှင့် တဟားဟား ရယ်မောကာ အမိန့်ပေးလိုက်၏။

​“ဟမ်... ဆရာကြီး... သူက စားစရာတင် ရှိတာမဟုတ်ဘူးဗျ၊ မိန်းမလှလေးတွေလည်း ပါသေးတယ်။ ဒီနေ့တော့ ကျွန်တော်တို့အတွက် အရောင်အသွေး စုံတော့မှာပဲ။ မင်းသမီးလေးအတွက် ရွှေရောင်ပန်းရှာဖို့ ဒီတောထဲလာတာ၊ အခုတော့ တစ်နေ့လုံး အပန်းဖြေလို့ရမယ့် ပိုလှတဲ့ ပန်းလေးတစ်ပွင့်ကို တွေ့ပြီဟေ့” နောက်တစ်ယောက်က မီးပုံဘေးတွင် ရပ်နေသော ရွှယ်ကို မြင်ပြီး ဝင်ပြောလိုက်ပြန်သည်။

​“ဟားဟားဟား... တကယ်ကို ကံကောင်းတဲ့နေ့ပဲ။ ငါ မြို့ကနေ ထွက်လာကတည်းက ငါ့မိန်းမကို လွမ်းနေတာ။ ငါ့ရဲ့ ကာမဆန္ဒတွေကို ဖြည့်ဆည်းပေးမယ့် ပိုလှတဲ့ မိန်းမတစ်ယောက်ကို တွေ့လိမ့်မယ်လို့ ဘယ်သူ သိမှာလဲ” ထိုအုပ်စု၏ ခေါင်းဆောင်ဖြစ်သူက ရွှယ်ကို ကြည့်ကာ လျှာဖြင့် သပ်ရင်း ရယ်မောလိုက်လေသည်။

​“သူ့ကို လိုချင်တာလား။ သွားလေ...” လုံချန်းက ဘေးသို့ ဖယ်ပေးလိုက်ရင်း ရှေ့သို့ တက်သွားရန် လက်ဟန်ခြေဟန် ပြလိုက်၏။

​ထိုသို့ ဖြစ်နေသော်လည်း ရွှယ်သည် လုံချန်းကို အပြည့်အဝ ယုံကြည်ထားသကဲ့သို့ အနည်းငယ်မျှ ထိတ်လန့်ခြင်း မရှိပါချေ။

​ရှုလျန်ကမူ မည်သည်များ ဖြစ်နေသည်ကို နားမလည်နိုင်ဘဲ ကြောင်ကြည့်နေမိသည်။ မိန်းမတစ်ယောက်ကို လုယူရန် ကြိုးစားသည့် လူဆိုးများဆိုသည့် အယူအဆကို သူ နားမလည်သေးပေ။ သူသည် အဘွားအိုနှင့် ရရှိခဲ့သော မိခင်မေတ္တာနှင့် တူညီသည့် မေတ္တာမျိုးမှအပ အချစ်နှင့် အလွမ်းအဆွေး ဇာတ်လမ်းများကို လုံးဝ မသိရှိချေ။

​“ဟားဟားဟား... လိမ္မာတဲ့ ကောင်လေးပဲ။ ကောင်းတယ်။ ငါတို့ အလုပ်ကိစ္စတွေ ပြီးသွားရင်တော့ မင်းကို ဆုလာဘ်တွေ အများကြီး ပေးမှာပေါ့” ခေါင်းဆောင်ဖြစ်သူက ရွှယ်ရှိရာသို့ လျှောက်သွားလိုက်သည်။

​သူသည် လုံချန်းကို ကျော်ဖြတ်ရန် အနားသို့ ရောက်လာသောအခါ လုံချန်းက ရှေ့သို့ တစ်လှမ်းတက်ကာ သူ၏ လမ်းကို ပိတ်ရပ်လိုက်ပြန်၏။

​“မင်း ဘာလုပ်နေတာလဲ” ခေါင်းဆောင်က ဒေါသတကြီး မေးလိုက်သည်။

​“သွားလေလို့ ငါပြောသားပဲ။ ဘာလို့ ရပ်နေတာလဲ” လုံချန်းက အပြစ်ကင်းစင်ဟန်ဖြင့် ပြန်မေးလိုက်၏။

​“ဖယ်စမ်း” ထိုလူက လုံချန်းကို ဘေးသို့ တွန်းဖယ်ရန် ပခုံးပေါ်သို့ လက်တင်လိုက်လေသည်။

​ထိုလူ၏ လက်က လုံချန်း၏ ပခုံးပေါ်သို့ ထိလိုက်သည်နှင့် တစ်ပြိုင်နက် လက်သီးတစ်ချက်က သူ၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားကာ ရင်ဘတ်အရိုးများ ကျိုးကြေသွားတော့၏။ ထိုလူသည် နောက်သို့ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ပါးစပ်မှ အဖြူရောင် အရည်များ ထွက်ကျလာလေသည်။

​“ဆရာကြီး” ကျန်ရှိသော လူများက မြေပြင်ပေါ်တွင် လဲလျောင်းနေသော ခေါင်းဆောင်ထံသို့ ပြေးသွားကြ၏။

​“သူ သေသွားပြီ” လူတစ်ယောက်က ဖြူဖျော့သော မျက်နှာဖြင့် လုံချန်းကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်၏။

​“ဒီလောက်လေးနဲ့ သေသွားတာလား။ ငါ့ရှေ့မှာ တော်တော် သတ္တိကောင်းပြနေလို့ ပိုပြီး သန်မာမယ် ထင်နေတာ” လုံချန်းက ခေါင်းခါလျက် ရေရွတ်လိုက်၏။

​‘ငါ အခု ဘယ်ကို ရောက်နေတာလဲ။ ဒီလူတွေက မင်းသမီးတစ်ယောက်အတွက် ပန်းရှာနေတာလို့ ပြောတယ်။ ဒါဆို သူတို့က တော်ဝင်မိသားစုရဲ့ လူတွေပေါ့၊ ဒါပေမဲ့ သူတို့ထဲမှာ အသန်မာဆုံး လူကတောင် ဝိညာဉ်သန့်စင်ခြင်းအဆင့်ပဲ ရှိသေးတယ်။ ငါ အိပ်မက်တိုက်ကြီးမှာပဲ ရှိနေသေးတာလား။ တော်ဝင်ကျင့်ကြံသူတွေက ဘာလို့ ဒီလောက်တောင် အားနည်းနေရတာလဲ။ ငါ့နေရပ်က ရွှေနိုင်ငံမှာတောင် တော်ဝင်ကျင့်ကြံသူတွေက ရွှေအဆင့်တွေပဲ။ ငါ ဘယ်ကို ရောက်နေတာလဲ’ သူက ဇဝေဇဝါဖြင့် တွေးနေမိသည်။

​“ဒါပေမဲ့ ငါ မေးကြည့်လို့ရမယ့် လူတွေ ရှိပါသေးတယ်။ ငါ ဘယ်ရောက်နေလဲဆိုတာ ကြည့်ရသေးတာပေါ့” သူက ကျန်ရှိနေသော ၁၁ ယောက်ထံသို့ လျှောက်သွားရင်း ရေရွတ်လိုက်၏။

​“မင်းက ငါတို့ဆရာကြီးကို သတ်ရဲတယ်ပေါ့။ ငါတို့က ဘယ်သူတွေလဲဆိုတာ မင်းသိလား။ လေမုန်တိုင်းနိုင်ငံကို မင်း ဆန့်ကျင်ရဲတယ်ပေါ့လေ” လူမိုက်များသည် သူတို့၏ လက်နက်များကို ထုတ်ယူကာ လုံချန်းအား သတ်ရန် ပြေးဝင်လာကြတော့၏။

​“ငါက မင်းတို့ထဲက တစ်ယောက်ပဲ အသက်ရှင်နေဖို့ လိုတာ။ အသက်ရှင်ချင်တဲ့လူက နောက်ဆုံးမှ လာခဲ့” လုံချန်းက သူ၏ ရှေးဟောင်းလက်စွပ်အတွင်းမှ ဓားတစ်လက်ကို ထုတ်ယူရင်း လှမ်းအော်လိုက်၏။

​သူ ထုတ်ယူလိုက်သော ဓားမှာ မိမိဘာသာ တိုက်ခိုက်နိုင်သည့် ဝိညာဉ်ဓားပင် ဖြစ်၏။

​သူသည် ထိုဓားကို လူအုပ်ထဲသို့ ပစ်ပေါက်လိုက်ရာ ဓားသည် လေထဲတွင် ပျံသန်းလျက် လူမိုက်များအား ခုတ်ပိုင်းလေတော့သည်။

​“ရန်သူတွေက မသန်မာတော့ ပျင်းဖို့ကောင်းလိုက်တာ။ ဒီဓားတစ်လက်တည်းနဲ့တင် မင်းတို့အားလုံးကို ကိုင်တွယ်လို့ ရနေပြီ။ ရန်သူ အားမကြီးတာကို ဝမ်းသာသင့်မှန်း သိပေမဲ့ ဒါက တကယ်ကို ပျင်းစရာကြီးပဲ” ဦးခေါင်းပြတ်နေသော အလောင်းများ မြေပြင်ပေါ်သို့ တစ်လောင်းပြီးတစ်လောင်း လဲကျနေစဉ် လုံချန်းက လူအုပ်ကြားသို့ လမ်းလျှောက်ဝင်သွားရင်း ရေရွတ်လိုက်၏။

​နောက်ဆုံးတွင် လူတစ်ယောက်သာ ကျန်ရှိတော့၏။ သူ၏ သူငယ်ချင်းများ အသတ်ခံရသည်ကို ကြည့်ရင်း သူသည် တုန်တုန်ယင်ယင် ဖြစ်နေတော့သည်။ မကြာခင် သူ၏အလှည့် ရောက်တော့မည်ကို စိုးရိမ်သဖြင့် သူသည် ဒူးထောက်ကျလိုက်၏။ သူက တော်တော်လေး ပါးနပ်သူ ဖြစ်သည်။ လုံချန်း၏ စကားကို မှတ်မိသဖြင့် နောက်ဆုံးအထိ ကျန်နေအောင် နောက်သို့ ဆုတ်နေခဲ့ခြင်း ဖြစ်၏။

​လုံချန်းကလည်း အဖြေများ ရရှိရန်အတွက် တစ်ယောက်ကို အသက်ချန်ထားချင်သဖြင့် ထိုလူ အသက်ရှင်ခွင့် ရသွားခဲ့သည်။

​“ပါးနပ်တဲ့လူပဲ။ အခု ပိုပြီး ပါးနပ်အောင်လုပ်ပြီး ငါသိချင်တာတွေကို ဖြေစမ်း။ ဒါဆိုရင် မင်း အသက်ရှင်ခွင့် ရလိမ့်မယ်။ မဟုတ်ရင်တော့ သူတို့လိုပဲ ဖြစ်သွားမှာပဲ” သူက ထိုလူကို ခြိမ်းခြောက်လိုက်၏။

​“ကျွန်... ကျွန်တော် ဖြေပါ့မယ်။ အကုန်လုံးကို အမှန်အတိုင်း ဖြေပါ့မယ်” ထိုလူသည် ကြောက်လန့်လွန်းသဖြင့် ဆီးမထွက်သွားအောင် မနည်းထိန်းထားရရှာသည်။

​“ကောင်းပြီ။ အခု လိမ္မာတဲ့လူလိုမျိုး မတ်တပ်ရပ်စမ်း” လုံချန်းက ထိုလူ၏ ပခုံးကို ပုတ်ရင်း ပြောလိုက်ရာ ထိုလူမှာ မထိန်းနိုင်တော့ဘဲ ဆီးထွက်သွားတော့၏။

​“တောက်... ရွံစရာကြီး။ မတ်တပ်ရပ်မနေနဲ့တော့။ အဲဒီမှာပဲ နေတော့” လုံချန်းက ခေါင်းခါလျက် ဆို၏။

​“မင်းတို့ ဘယ်နိုင်ငံက လာတာလဲ ပြောစမ်း” မေးပြီးမှ သူက နဖူးကို လက်ဖြင့် ရိုက်လိုက်ပြန်သည်။ “သြော် နေဦး... အဲဒီလူ သေခါနီးမှာ ကြွားသွားသားပဲ။ လေမုန်တိုင်းနိုင်ငံလို့ ထင်တာပဲ”

​“ဒီနေရာကနေ အဲဒီနိုင်ငံက ဘယ်လောက်ဝေးလဲ”

​“ကျွန်တော်တို့က နိုင်ငံရဲ့ အစွန်အဖျားမှာ ရောက်နေတာပါ။ နိုင်ငံရဲ့ နယ်စပ်ကို ဝင်ဖို့အတွက် နာရီနည်းနည်းလောက် လမ်းလျှောက်ရုံပါပဲ” ထိုလူက မိမိ၏ ဆီးများပေါ်တွင် ထိုင်နေရသဖြင့် မိမိကိုယ်ကိုယ် ရွံရှာနေသော်လည်း အသက်ရှင်ခွင့် ရသဖြင့် စိတ်သက်သာရာ ရနေ၏။

​‘ဒါဆိုရင် နောက်ထပ် နိုင်ငံတစ်နိုင်ငံကို ရောက်နေပြီပေါ့’ လုံချန်းက ထိုလူ၏ စကားကို နားလည်သွားသည်။

​“ငါတို့ အခု ဘယ်တိုက်ကြီးထဲမှာ ရောက်နေတာလဲ”

​“ကျွန်တော်တို့က အလင်းကောင်းကင်တိုက်ကြီးမှာ ရောက်နေတာပါ”

​“အလင်းကောင်းကင်တိုက်ကြီးလား။ ဒါဆို နိုင်ငံကတော့ အတူတူပဲပေါ့။ ငါ နေရာမှား ရောက်နေတာ မဟုတ်ဘူး။ ဒါပေမဲ့ ကျင့်ကြံသူတွေက ဘာလို့ ဒီလောက် အားနည်းနေရတာလဲ။ ဒါက ကျင့်ကြံခြင်း နိဗ္ဗာန်ဘုံပဲလေ။ ဘာတွေ ဖြစ်နေတာလဲ” လုံချန်းက မိမိကိုယ်ကိုယ် ပြောနေသကဲ့သို့ ရေရွတ်လိုက်၏။

​“ဒီမှာ ရှိသမျှ နိုင်ငံတိုင်းက အစွမ်းထက်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့က တိုက်ကြီးရဲ့ အစွန်အဖျားမှာ နေထိုင်တာဆိုတော့ အရင်းအမြစ်တွေ အများကြီး မရှိဘူး။ တော်ဝင်မိသားစုကပဲ အစွမ်းထက်တာပါ၊ အဲဒါကလည်း သူတို့က အလယ်ပိုင်းနိုင်ငံတွေကို သွားပြီး ပညာသင်ယူနိုင်လို့ အရင်းအမြစ်တွေကို သုံးနိုင်လို့ပါ။ ကျွန်တော်တို့လို လူတွေကတော့ ကိုယ့်ဘာသာကိုယ် ရုန်းကန်နေရတာပါ” ထိုလူက သက်ပြင်းချရင်း ပြန်ဖြေ၏။

​“သူတို့က အရင်းအမြစ်တွေကို ဝယ်ယူပြီး သူရဲကောင်းတွေကို ဝေမျှမပေးဘူးလား။ ဘယ်နိုင်ငံကများ သူတို့ရဲ့ အစောင့်အရှောက်တွေကို အားနည်းအောင် ထားမှာလဲ။ တခြားနိုင်ငံတွေက တိုက်ခိုက်လာရင် ဘယ်လိုလုပ်မလဲ” လုံချန်းက မေးမြန်းလိုက်၏။

​“ဒီလို လူသူကင်းမဲ့တဲ့ နိုင်ငံကို ဘယ်သူက တိုက်ခိုက်မှာလဲဗျာ။ အနီးအနားမှာ ဒီလိုနိုင်ငံတွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့မှာ ရှိတဲ့ အရင်းအမြစ်လေးတွေနဲ့တင် မနည်းရှင်သန်နေရတာ။ ဒီလို အသုံးမကျတဲ့ နိုင်ငံကို သိမ်းပိုက်ဖို့ ဘယ်သူက အရင်းအမြစ်တွေ အကုန်ခံမှာလဲ” ထိုလူက မိမိ၏ နိုင်ငံအကြောင်း မကောင်းပြောရန် ဝန်မလေးချေ။

​“မင်းတို့ ရှာနေတဲ့ ပန်းက ဘာပန်းလဲ။ ကျင့်ကြံခြင်းမှာ အထောက်အကူပြုတဲ့ ထူးခြားတဲ့ ဆေးဖက်ဝင်အပင်လား” လုံချန်းက မိမိအတွက် အထူးအပင်များ ရနိုင်မလားဟု တွေးကာ မေးလိုက်၏။

​“မဟုတ်ပါဘူးဗျာ။ ဒါက အလှအပအတွက်ပဲ နာမည်ကြီးတဲ့ အသုံးမကျတဲ့ ပန်းတစ်ပွင့်ပါ။ ဒီနိုင်ငံမှာ အဲဒီပန်းက တစ်ပွင့်တည်းပဲ ရှိတယ်လို့ ပြောကြတယ်။ မင်းသမီးလေးက အဲဒီပန်းကို အရမ်းကြိုက်လို့ ရှာပြီး ယူလာပေးဖို့ ခိုင်းလိုက်တာပါ” ထိုလူက ခေါင်းခါလျက် ဖြေ၏။

​လုံချန်းက မေးစေ့ကို လက်ဖြင့်ပွတ်ရင်း ပြုံးလိုက်၏။ “သြော်... ဒါဆို မင်းသမီးလေးကတော့ ဒီတစ်ခါ သူ့ရဲ့ အကြိုက်ဆုံးပန်းကို ရတော့မှာ မဟုတ်ဘူးပေါ့။ ဒါနဲ့ မင်းမှာ ဒီဒေသရဲ့ မြေပုံရှိလား”

​“ကျွန်တော် မြေပုံ မယူလာခဲ့ပါဘူး။ ဒီဒေသကတော့ ကျွန်တော်တို့ လက်ဖဝါးပေါ်က အကြောင်းအရာတွေလို သိနေလို့ပါ”

​“ကောင်းပြီ။ ငါ သိချင်တာတွေ အကုန် သိရပြီ။ မင်း အခု အေးအေးချမ်းချမ်း သေလို့ရပြီ။ မင်း မသေခင်မှာ အလုပ်တစ်ခုတော့ ကောင်းကောင်း လုပ်သွားနိုင်ပါတယ်” လုံချန်းက ပြောပြီးနောက် ရွှယ်ရှိရာသို့ ပြန်ရန် လှည့်ထွက်လိုက်၏။

​ဝိညာဉ်ဓားသည် သူ၏ နောက်ကွယ်မှ ပျံသန်းသွားကာ ထိုလူ၏ လည်ပင်းကို ခုတ်ပိုင်းလိုက်ပြီးနောက် လုံချန်း၏ လက်ထဲသို့ အလိုအလျောက် ပြန်လည်ရောက်ရှိလာလေသည်။

All Chapters