← Chapters

အခန်း (၁၀၆၉-၁၀၇၀)

Vol. 102 Ch. 1069-1070

အခန်း (၁၀၆၉-၁၀၇၀)

Vol. 102 Ch. 1069-1070

​အခန်း ၁၀၆၉ ခရီးသွားနှစ်ဖော်

"ငါ ဒီလိုမျိုး တစ်ခါမှ မတွေးမိခဲ့ဘူးပဲ။ ဒါပေမဲ့ မင်းပြောတာ မှန်တယ်။ ဒီလိုဖြစ်သွားတာကလည်း သူ့အားသာချက်နဲ့သူ ရှိနေတာပဲ" ဝူလျာက ထိုလူ၏ စကားကို ထောက်ခံ သဘောတူလိုက်သည့် ပုံစံ ရှိနေခဲ့သည်။

​"အတိအကျပေါ့။ မင်းသာ ဒါကို လုပ်နိုင်ခဲ့ရင် ပြဿနာအားလုံး ပြေလည်သွားလိမ့်မယ်။ ပြီးတော့ သူမလည်း အပြင်ကို ပြန်ထွက်လာနိုင်လိမ့်မယ်" မျက်နှာဖုံးစွပ်ထားသောလူက ဆိုလိုက်၏။ နောက်ဆုံးတော့ သူတို့ မျှော်လင့်စောင့်စားခဲ့ရတဲ့ အချိန်က နီးကပ်လို့လာခဲ့ပြီ ဖြစ်သည်။

​"ဟူး... ဟုတ်ပါရဲ့။ ငါတို့ အဲဒီကောင်ကို အပြတ်ရှင်းလိုက်တာနဲ့ အရာအားလုံးက ပြီးဆုံးသွားမှာပါ" ဝူလျာက ဆိုသည်။

​"ဒါပေမဲ့ ငါ အဲဒီနိမိတ်ကိုတော့ အခုထိ သံသယဝင်နေတုန်းပဲ။ ဒါတွေအားလုံးက မဖြစ်နိုင်တာတွေကို လျှောက်ပြောထားသလိုပဲ။ ကံကြမ္မာရဲ့ ကြိုးကိုင်မှုအောက်ကနေ လွတ်မြောက်နိုင်တဲ့ လူတစ်ယောက် ပေါ်လာလိမ့်မယ်ဆိုပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက ဟောကိန်းထုတ်ခဲ့တာလေ။ ပြီးတော့ အဲဒီလူက သူမကို သတ်ဖြတ်မယ့်သူ ဖြစ်လာလိမ့်မယ်တဲ့..."

​"အဲဒီ နိမိတ်တစ်ခုတည်းကြောင့်ပဲ အင်မော်တယ်ကမ္ဘာနဲ့ လူသားကမ္ဘာပေါင်း ထောင်သောင်းချီကို အုပ်စိုးခဲ့တဲ့ သူမဟာ အိပ်စက်ခြင်းအတိထဲကို ဝင်ရောက်သွားခဲ့တာ။ သူမက အဲဒီနိမိတ်ထဲက လူကို အမြစ်ပြတ်ချေမှုန်းဖို့ ငါတို့ကို ဒီနေရာကို ခေါ်ဆောင်လာခဲ့ပြီး သူမကိုယ်တိုင်ကတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုမှာ နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့တယ်။ အဲဒီလူနဲ့ ပတ်သက်တဲ့ တစ်ခုတည်းသော သဲလွန်စကတော့ အခု မင်းလက်ထဲမှာ ရှိနေတဲ့ စာအုပ်ပဲ မဟုတ်လား"

​"ဒီကောင်ကများ သူမကိုတောင် သတ်နိုင်လောက်တဲ့အထိ အစွမ်းထက်တယ်ဆိုတာ တကယ်ကော ဖြစ်နိုင်ပါ့မလား။ ငါတို့တွေ ကိစ္စတစ်ခုကို လိုအပ်တာထက် ပိုပြီး အရေးတယူ တွေးနေမိတာလား" ဝူလျာက သက်ပြင်းချရင်း မေးလိုက်၏။

​"ဒါတွေက ငါတို့ ဝင်ရောက်စွက်ဖက် မေးမြန်းရမယ့် မေးခွန်းတွေ မဟုတ်ဘူး။ ဒါက ငါတို့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ပဲ။ ငါတို့တွေ နှစ်ပေါင်းထောင်ချီ စောင့်ဆိုင်းခဲ့ရတာကလည်း ဤအရာအတွက်ပဲလေ။ ငါတို့ရဲ့ ပန်းတိုင်နဲ့ ငါတို့ကြားထဲမှာ အဲဒီကောင်တစ်ယောက်ပဲ ခံနေတာ။ အဲဒီနိမိတ်က အမှန်တရားလား၊ အလိမ်အညာလားဆိုတာ ငါ စိတ်မဝင်စားဘူး။ ငါ အဓိက အလိုရှိတာက... လွတ်လပ်ခွင့်ပဲ" မျက်နှာဖုံးစွပ်ထားသောလူက သက်ပြင်းချရင်း ဆိုလိုက်သည်။

​သူသည် တည်ငြိမ်သော်လည်း ဝမ်းနည်းရိပ်သန်းနေသော လေသံဖြင့် ဆက်လက်၍ ပြောဆိုလိုက်၏။ "အဲဒီ လုံချန်း သေဆုံးသွားတာနဲ့ ဟိုမိန်းကလေးက ပြန်နိုးထလာပြီး ငါတို့ဆီ ရောက်လာလိမ့်မယ်။ သူမက ငါတို့ကို ဒီကျိန်စာသင့် ကျင့်ကြံခြင်းကမ္ဘာထဲကနေ လွတ်မြောက်ခွင့်ပေးပြီး ငါတို့ကို ခေါ်ဆောင်လာခဲ့တဲ့ ကမ္ဘာမြေဆီကို ပြန်လည် ပို့ဆောင်ပေးလိမ့်မယ်။ နောက်ဆုံးတော့... ငါ့ရဲ့ သမီးလေးနဲ့ ငါ့ဇနီးကို ငါ ပြန်ပြီး တွေ့မြင်ခွင့်ရတော့မှာ။ ဘာပဲဖြစ်ဖြစ်... ငါတို့ ဒါကို ဖြစ်အောင် လုပ်ရမယ်"

​"ဟူး... ဟုတ်ပါရဲ့။ အဲဒီကမ္ဘာမြေမှာ ဒီလိုမျိုး ကျင့်ကြံခြင်းစွမ်းအားတွေ၊ မယုံနိုင်စရာ ကောင်းလောက်တဲ့ ခွန်အားတွေ မရှိခဲ့ပေမဲ့ အဲဒီမှာ ငါတို့ရဲ့ မိသားစုတွေ ရှိနေခဲ့တာလေ။ အဲဒီစုန်းမက လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီတုန်းက ငါတို့ရဲ့ ဝိညာဉ်တွေကို ဒီကမ္ဘာထဲကို ကူးပြောင်းပေးခဲ့တာ။ အဲဒီအချိန်ကစလို့ ငါတို့ ဒီမှာ ပိတ်မိနေခဲ့တာပဲ။ ကံကောင်းတာက... သူမ ငါတို့ကို ဖမ်းခေါ်လာခဲ့တဲ့ အဲဒီအချိန်ကာလ အတိအကျဆီကိုပဲ ပြန်ပို့ပေးမယ်လို့ ကတိပေးထားခဲ့တာပဲ" ဝူလျာက ဖြည့်စွက်ပြောကြားလိုက်သည်။

​"မှန်တာပေါ့။ ငါ့သမီးလေးကို ငါက ဒီကျင့်ကြံခြင်းအစွမ်းတွေအကြောင်း ပြသလိုက်တဲ့အခါ သူမရဲ့ မျက်နှာပေါ်မှာ ဘယ်လောက်တောင် အံ့ဩမှင်သက်သွားမလဲဆိုတာ ငါ မကြာမကြာ စိတ်ကူးယဉ်မိနေတယ်" မျက်နှာဖုံးစွပ်ထားသောလူက တိုးတိုးလေး ရေရွတ်လိုက်၏။

​"နှစ်ပေါင်းထောင်ချီပတ်လုံး... ငါတို့တွေ ဘာရည်ရွယ်ချက်မှမရှိဘဲ နိမိတ်ထဲက လူ ပေါ်လာမယ့်အချိန်ကိုပဲ စောင့်ဆိုင်းရင်း ဖြတ်သန်းခဲ့ရတာ။ အခုတော့ ငါတို့ ပန်းတိုင်နဲ့ တကယ်ကို နီးကပ်နေပြီ။ ကျေးဇူးပြုပြီး ဒီကိစ္စကို အမှားအယွင်း မဖြစ်စေပါနဲ့။ သွားပြီး သူ့ကို သတ်ပစ်လိုက်စမ်းပါ။ ဒါမှမဟုတ် အနည်းဆုံးတော့ သူ အမှောင်ထုရဲ့ ဝါးမြိုခြင်း ခံရအောင် လုပ်လိုက်စမ်းပါ။ ဒါမှသာ ငါ့ရဲ့ စွမ်းအားတွေ မလျော့နည်းဘဲနဲ့ မင်းနဲ့အတူ ပူးပေါင်း တိုက်ခိုက်နိုင်မှာ" သူက ထပ်မံ၍ ဆိုလိုက်သည်။

​"ကောင်းပါပြီ။ ငါ ဒါကို ဖြစ်အောင် လုပ်ခဲ့ပါ့မယ်" ဝူလျာက ခေါင်းညိတ် သဘောတူလိုက်ရင်း လက်သီးကို တင်းတင်းဆုပ်ထားခဲ့၏။ သူ၏ ဦးနှောက်တစ်ခုလုံးတွင် ပြတ်သားသော စိတ်ပိုင်းဖြတ်မှုများဖြင့် ပြည့်နှက်သွားခဲ့ရသည်။

​"ဒါပေမဲ့ သူ့ရဲ့ နေရာရွှေ့ပြောင်းခြင်း စွမ်းရည်ကိုတော့ ငါတို့ တစ်ခုခု လုပ်ရလိမ့်မယ်။ သူ့ကို ဘယ်မှ ထွက်ပြေးလို့မရဘဲ သတ်ဖြတ်ခြင်းခံရမယ့် ပိတ်မိနေတဲ့ သားရဲတစ်ကောင်လို ဖြစ်အောင် အကွက်ဆင်ရမယ်" သူက ဖြည့်စွက်ပြောကြားလိုက်၏။

​ထို့ကြောင့် သူတို့နှစ်ဦးသည် အစီအစဉ်တစ်ခုကို ဆွဲလိုက်ကြတော့သည်။ ၎င်းမှာ... တိုက်ရိုက် ဝင်ရောက် စီးနင်းတိုက်ခိုက်ရန်ပင် ဖြစ်၏။ ဤတိုက်ရိုက်စီးနင်းမှုကြီးက ဤစကြာဝဠာ၏ သမိုင်းကြောင်းအပေါ် ကြီးမားကျယ်ပြန့်သော သက်ရောက်မှုများ ရှိလာနိုင်သည့် အလားအလာ ရှိနေပေတော့သည်။

​....

​လုံချန်းသည် မိမိ၏ နောက်ကွယ်တွင် ယခုကဲ့သို့ ကြီးမားသော လျှို့ဝှက်အကြံအစည်ကြီး ရှိနေသည်ကို လုံးဝ မသိရှိဘဲ နောက်ဆုံးတွင် ထွက်ခွာရန် ပြင်ဆင်ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ မိမိ၏ ရန်သူသည် မည်သူဖြစ်ဖြစ် လှည့်ကွက်များကိုသာ သုံးစွဲလေ့ရှိကြောင်း သူ ရိပ်မိထားခဲ့၏။ သူတို့သည် အမြဲတမ်း သွယ်ဝိုက်သော နည်းလမ်းများကိုသာ အသုံးပြုခဲ့ကြသည်။

​ပထမဆုံးအကြိမ်က... ထိပ်တန်းဂိုဏ်းကြီးများထံ မိမိ၏ပြစ်မှုများကို တိုင်တန်းသည့်စာ ပေးပို့ပြီး မိမိ၏ မိသားစုကို အန္တရာယ်ထဲသို့ တွန်းပို့ခဲ့သည်။ နောက်တစ်ကြိမ်တွင်... ရှုလျန်ကို အသုံးချခဲ့သည်။ နောက်ဆုံးတွင်မူ... မင်းသားဝူကို အသုံးချခဲ့ခြင်း ဖြစ်၏။

​ဤကိစ္စရပ်အားလုံး၏ နောက်ကွယ်တွင် ရန်သူတစ်ယောက်တည်းသာ ရှိနေသည်ဟု သူ ခံစားနေမိသည်။ ထိုလူက မည်သူဖြစ်ကြောင်း သူ မသိရသေးသော်လည်း ထိုသူသည် မိမိအား တိုက်ရိုက် ရင်ဆိုင်ရန် မရဲဘဲ လှည့်ကွက်ဆင်ကာ သွယ်ဝိုက် တိုက်ခိုက်ရန်သာ ရွေးချယ်နေခြင်း ဖြစ်ကြောင်း သူ အခိုင်အမာ ယုံကြည်ထားခဲ့၏။

​သို့သော် ဤတစ်ကြိမ်တွင်မူ သူ အထင်လွဲသွားခဲ့ပြီ ဖြစ်သည်။ ရန်သူသည် နောက်ဆုံးတွင် လှည့်ကွက်ဆင်ခြင်းများကို ကျော်လွန်ကာ မိမိတို့ကိုယ်တိုင် တိုက်ရိုက် လက်ညှိုးထိုး အရေးယူဆောင်ရွက်မည့် အဆင့်သို့ တက်လှမ်းလာခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်၏။

​မင်ယုသည်လည်း အဝတ်အစားလဲကာ ပြင်ဆင်ပြီးသွားခဲ့ပြီ ဖြစ်သည်။ ကျိချင်းမှာမူ ကုတင်ထက်မှ နောက်ဆုံးမှ ထလာသူဖြစ်သဖြင့် အဝတ်အစားများကို ဆက်လက် ဝတ်ဆင်နေဆဲပင် ရှိသေး၏။

​"ကဲ... ငါ အားလုံး အဆင်သင့် ဖြစ်ပြီ" သူမက အရာအားလုံး ပြင်ဆင်ပြီးစီးသွားသောအခါ လုံချန်းကို လှမ်း၍ ပြောလိုက်သည်။

​လုံချန်းက ကျိချင်း၏အနားသို့ တိုးသွားကာ သူမ၏လက်ကို ဆွဲကိုင်လိုက်ရင်း သူမအား ပြန်လည် ပို့ဆောင်ပေးရန် ပြင်ဆင်လိုက်၏။

​"ကောင်းပါပြီ။ မိသားစုကို စိုးရိမ်မနေဖို့ ပြောလိုက်ဦးနော်။ ငါတို့လည်း မကြာခင် ဒီကနေ ထွက်လာခဲ့တော့မှာပါ"

​"နားလည်ပါပြီ။ တောင်းပန်ပွဲ အခမ်းအနားမှာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ပါဦး"

​"ငါ့ရဲ့ ကိုယ်တွင်းကမ္ဘာသာ အပြည့်အဝ အဆင်သင့် ဖြစ်သွားပြီဆိုရင် ငါ နင်တို့အားလုံးနဲ့ ဘယ်အချိန်မဆို အတူတူ ရှိနေနိုင်တော့မှာပါ။ ဒါက တကယ့်ကို မကြာခင်မှာ ပြီးစီးတော့မှာ။ အဲဒီကျရင် ဒီကမ္ဘာတုလိုမျိုး ဘာကန့်သတ်ချက်မှ ရှိတော့မှာ မဟုတ်ဘူး။ မျှော်လင့်နေလိုက်တော့" လုံချန်းက ကျိချင်းကို မပို့ဆောင်မီ လှမ်း၍ ပြောလိုက်တော့သည်။

​"နင်က ကိုယ်တွင်းကမ္ဘာကို တည်ဆောက်နိုင်တဲ့ ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေပြီဆိုတာ ငါ တကယ်ကို မယုံနိုင်သေးဘူး။ ငါတော့ အဝေးကြီးမှာ ကျန်ခဲ့ပြီပဲ" မင်ယုက သက်ပြင်းချရင်း လုံချန်းကို ဆိုရှာသည်။

​"ငါ နင့်ကို ပြောပြထားတဲ့ နိယာမကိုပဲ သေသေချာချာ ဆက်ပြီး ဆင်ခြင်တွေးတောဖို့ ကြိုးစားပါ။ တစ်ခါတစ်ရံမှာ နိယာမ စွမ်းအားတွေက ကျင့်ကြံခြင်း အဆင့်ထက် ပိုပြီး အစွမ်းထက်တတ်တာမျိုး ရှိတယ်။ ကျင့်ကြံခြင်းအဆင့်နဲ့ ပတ်သက်ရင်တော့ နင်လည်း မကြာခင်မှာ ကောင်းကင်ဘုံ အဆင့်ကို ရောက်လာလိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်" လုံချန်းက ပြုံးရင်း မင်ယုကို အားပေးလိုက်၏။

​"ငါတို့ သွားကြမလား" သူက သူမ၏ထံသို့ လက်လှမ်းပြလိုက်သည်။

​"အင်း..." မင်ယုက သဘောတူညီစွာဖြင့် သူ့လက်ကို ဆွဲကိုင်လိုက်ပြီး သူတို့နှစ်ဦးစလုံး တံခါးဆီသို့ လျှောက်လှမ်းလာခဲ့ကြတော့၏။

​တံခါးကို ဖွင့်လိုက်ပြီးနောက် သူတို့နှစ်ဦး အပြင်သို့ လှမ်းထွက်ခဲ့ကြသည်။

​"မင်းကို အကြာကြီး စောင့်ခိုင်းမိတဲ့အတွက် စိတ်မကောင်းပါဘူး" မင်ယုက စစ်သူကြီးကို ယဉ်ကျေးစွာဖြင့် ဆိုလိုက်၏။

​စစ်သူကြီး အသစ်သည် သူမ၏ မျက်နှာပေါ်တွင် နီမြန်းနေသော အရိပ်အယောင်အချို့ကို သတိပြုမိသွားခဲ့ပြီး သူတို့နှစ်ဦး အဘယ်ကြောင့် ဤမျှအထိ အချိန်အကြာကြီး ယူခဲ့ရသနည်းဆိုသည်အား ရိပ်မိသွားခဲ့သည်။ သူမသည် မိမိ၏ ခင်ပွန်းနှင့်အတူ အလုပ်ရှုပ်နေခဲ့ခြင်း ဖြစ်ကြောင်း နားလည်ရန် မခက်ခဲချေ။ သို့သော် သူက လုံးဝ မသိသလိုပင် ဟန်ဆောင်လိုက်၏။

​"ရပါတယ် မင်းသမီးလေး။ ဒီလောက်ကြီးလည်း မကြာပါဘူး။ ဘာပဲဖြစ်ဖြစ်... ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ၊ စားသောက်ပွဲ ကျင်းပရာ ခမ်းမဆောင်ဆီကို လိုက်ပို့ပေးပါ့မယ်" စစ်သူကြီးက ဆိုလိုက်ရင်း စားသောက်ပွဲ ခမ်းမဆောင်ရှိရာဘက်သို့ စတင် လျှောက်လှမ်းသွားခဲ့သည်။

​ဇနီးမောင်နှံ ငယ်နှစ်ဦးကလည်း သူ့နောက်မှ လိုက်ပါလာခဲ့ကြတော့၏။

​....

​ဝူလျာသည် မျက်နှာဖုံးစွပ်ထားသော လူ အနားမှ ထွက်ခွာလာခဲ့ပြီးနောက် နောက်ဆုံးတွင် စတင် လှုပ်ရှားတော့သည်။ ယခုအခါ မိမိအနေဖြင့် စောင့်ဆိုင်းနေရန် သို့မဟုတ် မိမိကိုယ်မိမိ ထိန်းချုပ်နေရန် မလိုအပ်တော့ကြောင်း သဘောပေါက်သွားခဲ့ပြီဖြစ်ရာ သူ အတန်ငယ် ဝမ်းမြောက်နေမိ၏။

​ကံကြမ္မာ၏ အကာအကွယ်နှင့် မိမိ၏ နိယာမစွမ်းအားများ မရှိတော့သဖြင့် သူ အနည်းငယ် အားနည်းသွားခဲ့သော်လည်း ထိုရှေးဟောင်းဝိညာဉ်ဆိုး ကြားဖြတ်ဝင်ရောက်လာနိုင်မည့် အခွင့်အရေးက လုံးဝ မရှိသလောက် ဖြစ်သွားခဲ့ပြီဖြစ်ရာ လုံချန်းကို အပြတ်ရှင်းပစ်ရန်အတွက် မိမိတွင် လုံလောက်သော ခွန်အား ရှိနေသေးသည်ဟု သူ ယုံကြည်နေမိသည်။

​သူသည် စတင် လှုပ်ရှားလိုက်သည်နှင့် တော်ဝင်မြို့တော်၏ နယ်နိမိတ်တစ်ဝိုက်သို့ ပျံသန်းသွားခဲ့ပြီး ထူးဆန်းသည့် နေရာအချို့တွင် အားကောင်းသော စွမ်းအင်အစီအရင်များကို စတင် တည်ဆောက်လေတော့သည်။

​သူ ရွေးချယ်ထားသော အစီအရင် တည်နေရာများကို ကြည့်ခြင်းအားဖြင့် သူသည် ကြယ်ငါးပွင့်ပုံစံ အစီအရင်ကြီး တစ်ခုကို ခင်းကျင်းနေခြင်းဖြစ်ကြောင်း သိသာပေသည်။ သူသည် ကြယ်တာရာ တော်ဝင်မြို့တော်၏ ပတ်ပတ်လည်ရှိ နေရာငါးနေရာတွင် အစီအရင်ကြီး ငါးခုကို ခင်းကျင်းလိုက်ရင်း ကြီးမားသော အကြံအစည် တစ်ခုအတွက် ပြင်ဆင်နေခဲ့ခြင်း ဖြစ်၏။

​စုစုပေါင်းအနေဖြင့် သူသည် အစီအရင် ၂၅ ခုကို ခင်းကျင်းခဲ့ခြင်း ဖြစ်သည်။ ထိုအစီအရင်များက သူ၏ စွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေခဲ့သဖြင့် သူ၏ စွမ်းအင်များကို ပြန်လည် ဖြည့်တင်းနေရသောကြောင့် အစီအရင် တစ်ခုစီကို ခင်းကျင်းရန်အတွက် တစ်နာရီခန့် အချိန်ပေးခဲ့ရသည်။

​သူသည် အစီအရင်များ အားလုံးကို ခင်းကျင်းပြီးစီးသွားခဲ့သည့် အခါတွင်မူ အစီအရင်များ အားလုံးက ဆန်းကြယ်သော အလင်းတန်းများဖြင့် စတင် တောက်ပလာခဲ့ကြပြီး တော်ဝင်မြို့တော် တစ်ခုလုံး၏ အထက်တွင် ထူးဆန်းသည့် ကြယ်ငါးပွင့်ပုံစံ အလင်းတန်း ကွန်ရက်ကြီး တစ်ခုကို ဖန်တီးဖြစ်ပေါ်စေခဲ့လေတော့သည်။

​အခန်း ၁၀၇၀ ထွက်ခွာရန် ဆုံးဖြတ်ခြင်း

တော်ဝင်စားသောက်ပွဲကြီး... ၎င်းက တိုင်းပြည်အတွင်းရှိ အထက်တန်း မျိုးနွယ် အားလုံးကို ဖိတ်ကြားထားသည့် ကြီးကျယ်ခမ်းနားသော အောင်ပွဲခံ အခမ်းအနားတစ်ခု ဖြစ်ပေသည်။

​အထက်တန်း မျိုးနွယ်စုများထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ ဤဖိတ်ကြားချက်ကို မငြင်းပယ်ရဲကြချေ။ အကြောင်းမှာ ၎င်းက ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ထုတ်ပြန်ထားသည့် ဖိတ်ကြားချက် ဖြစ်သောကြောင့် ဖြစ်၏။ အလွန်ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ ဤစားသောက်ပွဲသို့ မတက်ရောက်ခြင်းသည် ဧကရာဇ်မင်းမြတ်ကို စော်ကားခြင်းနှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။

​ထို့ကြောင့် တော်ဝင်နန်းတော်အတွင်း၌ ဧကရာဇ်မင်းမြတ် ကြွရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသော အထက်တန်းလွှာ လူကုံထံပေါင်း ရာနှင့်ချီ၍ ရှိနေခဲ့သည်။

​လူပေါင်းထောင်ချီကို အလွယ်တကူ ဆံ့ဝင်နိုင်သော ခမ်းမဆောင်ကြီးအတွင်း၌ စားပွဲဝိုင်းပေါင်း ရာနှင့်ချီ၍ ခင်းကျင်းထားသဖြင့် နေရာလွတ်မှာ ကျဉ်းမြောင်းပုံ မပေါ်ပါချေ။

​မျိုးနွယ်စု အများစုသည် မိမိတို့၏ ဇနီးမယားများနှင့် သားသမီးငယ်များကိုပါ တစ်မိသားစုလုံး ခေါ်ဆောင်လာခဲ့ကြပြီး အနည်းငယ်မျှသော လူအချို့သာ တစ်ကိုယ်တည်း တက်ရောက်လာကြခြင်း ဖြစ်၏။

​စားပွဲဝိုင်း ထက်ဝက်ကျော်မှာ လူများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ လစ်လပ်နေသော စားပွဲအချို့မှာမူ ဧည့်သည်များ မရောက်ရှိသေး၍ မဟုတ်ဘဲ ခမ်းမဆောင်ကြီးအတွင်း၌ ဟာလာဟင်းလင်း ဖြစ်မနေစေရန် နေရာဖြည့်သည့်အနေဖြင့် ခင်းကျင်းထားခြင်းသာ ဖြစ်၏။

​လုံချန်းကို ခေါ်ဆောင်လာခဲ့သည့် အခန်းကို မြင်လိုက်ရသောအခါ သူ အတန်ငယ် အံ့ဩသွားခဲ့ရသည်။ ထိုနေရာက စားသောက်ပွဲ ကျင်းပမည့် ခမ်းမဆောင် မဟုတ်ဘဲ ဧကရာဇ်မင်းမြတ်၏ အိပ်ဆောင် ဖြစ်နေသောကြောင့် ဖြစ်၏။

​သူတို့နှစ်ဦးကို အဘယ်ကြောင့် ဤနေရာသို့ ခေါ်ဆောင်လာရသနည်းဟု သူ တွေးတောနေစဉ် တံခါးပွင့်သွားခဲ့ပြီး ထင်မှတ်မထားသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ ဧကရာဇ်မင်းမြတ်သည် ကုတင်ထက်တွင် ထိုင်ရင်း မိမိ၏ မိဖုရားခေါင်းကြီးနှင့် စကားပြောဆိုနေခြင်း ဖြစ်၏။

​"ဪ... မင်းတို့ ရောက်လာကြပြီပဲ" ဧကရာဇ်က ဆိုလိုက်ရင်း ကုတင်ထက်မှ မတ်တတ်ရပ်လိုက်သည်။

​"ခမည်းတော်... စားသောက်ပွဲ ခန်းမကိုမသွားဘဲ ဘာဖြစ်လို့ ဒီအိပ်ဆောင်ထဲမှာ ရှိနေရတာလဲ" လုံချန်းက ဧကရာဇ်တွင် မည်သည့် လှည့်ကွက်များ ရှိနေဦးမလဲဟု သံသယဝင်ရင်း မေးလိုက်၏။

​"ဪ... ဒါက ငါတို့အားလုံး အတူတူသွားနိုင်အောင်လို့ပါ။ ငါတို့က မိသားစုတွေပဲဥစ္စာ... တစ်ယောက်တစ်ကွဲစီ သွားနေစရာ မလိုပါဘူး။ ပြီးတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေအပြီးမှာ ငါတို့ကြားထဲက ပဋိပက္ခတွေ တကယ်ပဲ ပြေလည်သွားပြီ ဆိုတာကို အပြင်လူတွေကို ပြသဖို့ လိုအပ်တယ်။ ဒါမှသာ ငါတို့ရဲ့ သဘောထားကွဲလွဲမှုကို အခွင့်ကောင်းယူပြီး ကစားချင်နေတဲ့ ရန်သူတွေအနေနဲ့ တစ်ခုခုကို တွေးတောဆင်ခြင်သွားမှာ ဖြစ်တယ်" ဧကရာဇ်လုက ပြုံးရင်း ဆိုလိုက်သည်။

​သူ့တွင် လုံချန်းကို အန္တရာယ်ပြုရန် မည်သည့် လှည့်ကွက်မျှ ရှိမနေခဲ့ချေ။ သူ အလိုရှိသည်မှာ လုံချန်းကို ဤနေရာတွင် တစ်လခန့် အချိန်ဆွဲထားရန်သာ ဖြစ်ပြီး ထိုအချိန်ကာလက သူ့အတွက် လုံလောက်ပေသည်။ ထိုတစ်လတာ အတွင်း၌ သူသည် လုံချန်းကို မိမိ၏ သားအရင်းကဲ့သို့ ပြုစုစောင့်ရှောက်ရမည်ဖြစ်ပြီး သူ စိတ်ကောက်ကာ ထွက်ခွာမသွားစေရန် ထိန်းသိမ်းရမည် ဖြစ်၏။

​"ကဲ... သွားကြစို့"

​ဧကရာဇ်က ရှေ့ဆုံးမှ ဦးဆောင်၍ အခန်းထဲမှ ထွက်ခွာသွားခဲ့ပြီး မိဖုရားကြီးနှင့် အခြားသူများကလည်း သူ့နောက်မှ ခြံရံလျက် လိုက်ပါလာခဲ့ကြသည်။

​'သူ အမှန်တကယ် ဘာကို လုပ်ဖို့ ကြိုးစားနေတာလဲ။ သူ့ဆီမှာ သံသယဖြစ်စရာ တစ်ခုခု ရှိနေတာတော့ သေချာတယ်။ ဒါပေမဲ့ သူ့ဆီကနေ လူသတ်ငွေ့ကိုတော့ ငါ လုံးဝမခံစားရဘူး။ ငါ နားမလည်နိုင်တဲ့ ကွင်းဆက် တစ်ခုခုတော့ လိုအပ်နေပြီ' လုံချန်းက မိမိ၏ ရှေ့မှ လျှောက်လှမ်းသွားသော ဧကရာဇ်လု၏ ကျောပြင်ကို ကြည့်ရင်း တွေးတောနေမိသည်။

​'ရွှင်း... နင် ဘာတွေးမိလဲ' သူက လှမ်း၍ မေးလိုက်၏။

​ရွှင်းသည် လုံချန်း ဘေးနားတွင် ပေါ်လာခဲ့ပြီး သဘောတူညီသည့်အလား ခေါင်းညိတ်လိုက်သည်။

​'ငါလည်း အဲဒီလိုပဲ ထင်တယ်။ သူ နင့်ကို သတ်ဖို့ ကြိုးစားနေတာမျိုးတော့ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါကိုယ်တိုင်လည်း သူ့ဆီကနေ နင့်ကို အန္တရာယ်ပြုမယ့် ရည်ရွယ်ချက်မျိုး လုံးဝ မခံစားရလို့ပဲ။ ဖြစ်နိုင်တာက... သူ့ရဲ့ စီမံကိန်းက ရေရှည်စီမံကိန်းမျိုး ဖြစ်နေတာလား။ ဒါမှမဟုတ် အကြောင်းပြချက် တစ်ခုခုကြောင့် နင့်ကို အချိန်ဆွဲထားချင်ရုံ သက်သက်ပဲလား' ရွှင်းက သုံးသပ်ပြလိုက်သည်။

​'မှန်တယ်။ ငါတို့ သိရသလောက်ကတော့ သူ ငါ့ကို ဒီမှာ တားဆီးထားချင်တဲ့ ဆန္ဒက သံသယဖြစ်စရာ အလွန် ကောင်းလွန်းတယ်။ တကယ်လို့ သူ့ရဲ့ အစီအစဉ် တစ်ခုလုံးက လနဲ့ချီ ဒါမှမဟုတ် နှစ်နဲ့ချီပြီး ကြာမြင့်မယ့် ရေရှည်လှည့်ကွက်မျိုးဆိုရင် အခုအချိန်မှာ လူသတ်ငွေ့ကို မခံစားရတာက မဆန်းပါဘူး။ သူ့ရဲ့ အစီအစဉ် အကောင်အထည်ပေါ်ခါနီးလေလေ ငါတို့ အဲဒီလူသတ်ငွေ့ကို ပိုပြီး ခံစားရလေလေ ဖြစ်လိမ့်မယ်' လုံချန်းက သဘောပေါက်လိုက်၏။

​"နင် အဲဒီအန္တရာယ်ကို တကယ်ပဲ စွန့်စားချင်လို့လား။ ဒီနေရာမှာ အကြာကြီး နေထိုင်တာက တကယ်ကို မကောင်းဘူး။ တကယ်လို့ ဒါက ရိုးရှင်းတဲ့ လှည့်ကွက်ဆိုရင်တော့ မြင်ရလွယ်လိမ့်မယ်။ ဒါပေမဲ့ ဒါက လပေါင်းများစွာ ဖြန့်ကြက်ထားတဲ့ အနုစိတ် လှည့်ကွက်ကြီးဆိုရင်တော့ နင် ဘယ်လောက်ပဲ ကြိုတင်ကာကွယ်မှုတွေ လုပ်ထားလုပ်ထား၊ နင် အသက်မရှင်နိုင်အောင် သူက အကွက်စုံ ဆင်ထားမှာ သေချာတယ်" ရွှင်းက လုံချန်းကို ထပ်မံ၍ သတိပေးလိုက်ရှာသည်။

​'ဟူး... နင် ပြောတာ မှန်လိမ့်မယ်။ ဒီမှာ ဆက်နေရတာက အန္တရာယ်များလွန်းတဲ့ ပုံစံမျိုး ဖြစ်လာပြီ။ မနက်ဖြန်ကျရင် ငါ မင်ယုကို ခေါ်ပြီး ဒီကနေ ထွက်ခွာတော့မယ်။ သူ ဘယ်လို တုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ရတာပေါ့' လုံချန်းက ရွှင်း စကားကို လက်ခံရင်း ဆိုလိုက်၏။

​သူ ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်သည်။ ဒီနေ့ညသည် သူ ဤနေရာတွင် ကုန်ဆုံးမည့် နောက်ဆုံးည ဖြစ်ပေလိမ့်မည်။ မည်သို့ဆိုစေ သူ့အတွက် သွားစရာ ပိုကောင်းသည့် နေရာများ ရှိနေသေးသည်မဟုတ်လော။ သူသည် သူတော်စင်ဘုရင်၏ ဂူဗိမာန်ထဲတွင် မည်သည်များ ရှိသနည်းကို သွားရောက်ကြည့်ရှုရန် လိုအပ်နေသေးသည်။ ယခုအခါ သူ့ထံတွင် ထိုဂူဗိမာန်ကို ဖွင့်နိုင်မည့် သော့နှစ်ချောင်းစလုံး ရှိနေပြီ ဖြစ်၏။

​'ရွှင်း... ငါ အဲဒီ သူတော်စင်ဘုရင်ရဲ့ ဂူဗိမာန်အကြောင်းကို တကယ် စိတ်လှုပ်ရှားနေမိတယ်။ အဲဒီထဲမှာ ဘာတွေ ရှိနေနိုင်မလဲဆိုတာ နင် ခန့်မှန်းလို့ ရလား' လုံချန်းက ရွှင်းကို မေးလိုက်သည်။

​"အဲဒီလူက အဲဒီထဲမှာ ဘာတွေ သိမ်းဆည်းထားလဲဆိုတာ ငါက ဘယ်လိုလုပ် သိမှာလဲ။ အဖိုးတန် ရတနာတွေ ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ အဲဒါဆိုရင်တော့ တကယ် ပျင်းစရာကောင်းလိမ့်မယ်။ နင့်မှာ လိုအပ်သမျှ ရတနာတွေ အကုန်ရှိနေပြီပဲဥစ္စာ။ ဒါကြောင့် ငါကတော့ ထူးခြားဆန်းပြားတဲ့ အရာတစ်ခုခု ရှိနေပါစေလို့ပဲ မျှော်လင့်မိတယ်" ရွှင်းက ပြန်လည် ဖြေကြားလိုက်၏။

​'ဖြစ်နိုင်တာက... ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်တွေလား။ ဒါမှမဟုတ် အဲဒီထက် ပိုကောင်းတဲ့ အရာတစ်ခုခုလား။ အဲဒါက ဘာလဲဆိုတာ ငါတို့ သွားကြည့်ရမှာပေါ့။ ဒါပေမဲ့ အခက်အခဲ အားလုံးကို ကျော်လွှားပြီး ဒီကမ္ဘာကြီး တစ်ခုလုံးကို ပြောင်းလဲပစ်ခဲ့တဲ့ အဲဒီလူရဲ့ ဂူဗိမာန်ထဲမှာတော့ ထူးခြားတဲ့ အရာတစ်ခုခု ရှိနေမှာ သေချာတယ်လို့ ငါ မျှော်လင့်မိတယ်။ သူ ချန်ထားခဲ့သမျှ အရာအားလုံးက တန်ဖိုးဖြတ်မရနိုင်တဲ့ အရာတွေ ဖြစ်မှာပါ' လုံချန်းက ပြုံးရင်း ပြန်လည်ပြောဆိုလိုက်သည်။

​စကားပြောနေမိသဖြင့် လုံချန်းသည် စားသောက်ပွဲ ကျင်းပမည့် ခမ်းမဆောင်ကြီးအတွင်းသို့ မည်သည့်အချိန်တွင် ဝင်ရောက်လာခဲ့သည်ကိုပင် သတိမထားမိခဲ့ချေ။ အပြင်လူများ၏ ကျယ်လောင်သော နှုတ်ဆက် ဂါရဝပြုသံများနှင့် ဧကရာဇ်မင်းမြတ်ကို နှုတ်ဆက်ရန်အတွက် ကုလားထိုင်များ ဆွဲကာ မတ်တတ်ရပ်လိုက်ကြသည့် အသံများ ကြောင့်သာ သူ၏ အာရုံက ပတ်ဝန်းကျင်ဆီသို့ ပြန်လည် ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။

​သူ၏ အာရုံကို ပတ်ဝန်းကျင်ဆီသို့ ပြန်လည် ပို့ဆောင်လိုက်သောအခါ လုံချန်းသည် လူပေါင်းရာချီ ရှိနေသော ခမ်းမဆောင်ကြီးကို သတိပြုမိလိုက်သည်။ ထိုလူအားလုံးက သားနားလှပသော အဝတ်အစားများကို ဝတ်ဆင်ထားကြသဖြင့် သူတို့အားလုံးသည် သူဌေးကြီးများ သို့မဟုတ် အထက်တန်း မျိုးနွယ်စုများမှ ဖြစ်ကြောင်း သိသာလှပေသည်။

​သူသည် မိမိနှင့် သက်တူရွယ်တူ ဖြစ်ပုံရသော လူငယ် အများအပြားကိုလည်း မြင်တွေ့ရပြီး အထူးသဖြင့် မိဘများနှင့်အတူ လိုက်ပါလာကြသည့် ချောမောလှပသော အမျိုးသမီးငယ် အမြောက်အမြားကိုလည်း တွေ့ရှိလိုက်ရ၏။

​အထက်တန်း အများစုသည် မိမိတို့၏ မျိုးဆက်သစ် လူငယ်များကို ခေါ်ဆောင်လာခဲ့ကြခြင်း ဖြစ်သည်။ လူငယ်အချင်းချင်းဆိုလျှင် ပိုမို ရင်းနှီးလွယ်သဖြင့် မိမိတို့၏ သားသမီးများကို လုံချန်း နှင့် တော်ဝင်မင်းသမီးလေးတို့နှင့် မိတ်ဆက်ပေးရန် ရည်ရွယ်ချက်ဖြင့် ခေါ်ဆောင်လာခဲ့ကြခြင်း ဖြစ်ပေသည်။

​ဧကရာဇ်မင်းမြတ်သည် စားပွဲဝိုင်းအားလုံး၏ ရှေ့ဆုံးတွင် သီးသန့် ခင်းကျင်းထားသော စားပွဲဝိုင်းဆီသို့ လျှောက်လှမ်းသွားခဲ့သည်။ ထိုစားပွဲနှင့် ကုလားထိုင်များကိုမူ ဧကရာဇ်နှင့် တော်ဝင်မိသားစု၏ မြင့်မြတ်သော အဆင့်အတန်းကို ဖော်ညွှန်းသည့်အနေဖြင့် အနည်းငယ် မြင့်မားသော စင်မြင့်ထက်တွင် တည်ဆောက်ထားခြင်း ဖြစ်၏။

​ထိုစားပွဲဝိုင်း၏ ဘေးနားတွင်မူ ဧကရာဇ်၏ စားပွဲထက် အနည်းငယ်နိမ့်သော်လည်း မှူးမတ်များ၏ စားပွဲများထက် ပိုမိုမြင့်မားသော အခြား စားပွဲဝိုင်းတစ်ခု ရှိနေပြီး ၎င်းက တော်ဝင်မင်းသမီးလေးနှင့် လုံချန်းတို့ ထိုင်ရန်အတွက် ပြင်ဆင်ထားခြင်း ဖြစ်ပေသည်။

​မင်ယုသည် ဤကဲ့သို့သော တော်ဝင်အခမ်းအနား အခေါ်အဝေါ်များနှင့် အခမ်းအနားအပြင်အဆင်များကို ပိုမို ရင်းနှီးကျွမ်းဝင်သူဖြစ်သဖြင့် လုံချန်းကို မည်သည့်နေရာတွင် ထိုင်ရမည်နည်းဆိုသည်အား လှမ်း၍ သတိပေးလိုက်ရှာသည်။

​ဧကရာဇ်မင်းမြတ်သည် မိမိ၏ ကုလားထိုင်ဆီသို့ ရောက်ရှိသွားခဲ့ပြီးနောက် အရင်ဆုံး ဝင်ထိုင်လိုက်၏။ ထို့နောက် မိဖုရားခေါင်းကြီးက ဝင်ထိုင်လိုက်ပြီး ထို့နောက်တွင်မှ လုံချန်းနှင့် အခြားသူများကလည်း အသီးသီး ဝင်ထိုင်လိုက်ကြတော့သည်။

​"အားလုံးပဲ မင်္ဂလာပါ။ ခင်ဗျားတို့အားလုံး သိကြတဲ့အတိုင်းပဲ ပြီးခဲ့တဲ့ ရက်ပိုင်းက ငါနဲ့ ငါ့ရဲ့ သမက်တော်ကြားထဲမှာ အထင်လွဲမှားမှုတချို့ ရှိခဲ့တဲ့အတွက် သူဟာ မတရား စွပ်စွဲခြင်း ခံခဲ့ရပါတယ်။ ဒါပေမဲ့ အခုတော့ အမှန်တရား ပေါ်ပေါက်သွားခဲ့ပြီဖြစ်လို့ ငါ့အနေနဲ့ သူ့ကို တောင်းပန်တဲ့ အနေနဲ့ ဒီစားသောက်ပွဲကြီးကို ကျင်းပပေးရခြင်း ဖြစ်ပါတယ်။ အားလုံးပဲ စားသောက်ပွဲမှာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြပြီး ငါ့ရဲ့ သမက်တော်အတွက်လည်း ကောင်းချီးမင်္ဂလာတွေ ပေးကြပါဦး" ဧကရာဇ်မင်းမြတ်က စပျစ်ဝိုင်ခွက်ကို မြှောက်လိုက်ရင်း လျှို့ဝှက်စွာဖြင့် ကြေညာလိုက်လေတော့သည်။

All Chapters