← Chapters

အခန်း (၇၂၇-၇၂၈)

Vol. 73 Ch. 727-728

အခန်း (၇၂၇-၇၂၈)

Vol. 73 Ch. 727-728

အခန်း (၇၂၇) ရှုလျန်

​"မှန်ပါတယ်... ခင်ဗျားလူတွေရဲ့ အသက်က ခင်ဗျားအတွက် တန်ဖိုးရှိမှာပေါ့။ ခင်ဗျား စစ်ပွဲတွေကို မုန်းလား" လုံချန်းက မေးမြန်းလိုက်သည်။

​"ငါ စစ်ပွဲတွေကို ကြိုက်ပါတယ်။ ဒါပေမဲ့ ငါ့လူတွေ ဆုံးရှုံးရတာကိုတော့ မကြိုက်ဘူး" ဝူသျှန်က ပြုံးလျက် ဆိုသည်။

​"ဘယ်လိုပဲဖြစ်ဖြစ်... ငါတို့ ပြန်ရောက်တဲ့အခါ ဒီတာဝန်မှာ မင်းရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်အတွက် ထိုက်တန်တဲ့ ဆုလာဘ်တွေ ရစေရမယ်။ မင်း သဘောကျမှာ သေချာပါတယ်။ လာတော့မယ့် စစ်ပွဲကိုလည်း ငါတို့ ကောင်းကောင်း ကိုင်တွယ်နိုင်မှာပါ" သူက ဆက်ပြောသည်။

​"ဟုတ်ကဲ့ပါ" လုံချန်းက တိုးတိုးလေး ရေရွတ်ရင်း စကားဖြတ်လိုက်သည်။

​"ဒါဆို နင်က ဒီနိုင်ငံနှစ်နိုင်ငံကြားမှာ စစ်ပွဲဖြစ်လာအောင် ဒါတွေအားလုံးကို လုပ်ခဲ့တာပေါ့ ဟုတ်လား။ အက်ရှာနိုင်ငံက ဆူနိုင်းနိုင်ငံကို တိုက်ခိုက်ဖို့ ပြင်နေပါတယ်ဆိုတဲ့ ကောလာဟလလောက် ဖြန့်လိုက်ရင်ရော စစ်မဖြစ်နိုင်ဘူးလား" ရွှင်းက လုံချန်းကို မေးလိုက်သည်။

​'မဟုတ်ဘူး... အက်ရှာနိုင်ငံဘက်ကနေ အရင် စစ်ကြေညာတာကိုပဲ ငါ လိုချင်တာ။ အခု သူတို့ အဲဒီအတိုင်း လုပ်တော့မှာပဲ။ ဒါဟာ ငါ့အစီအစဉ်ရဲ့ ပထမပိုင်း အောင်မြင်သွားတာပဲ။ အခု ဒုတိယပိုင်းကတော့ နောက်ပိုင်းမှာ အခြေအနေတွေ ဆိုးရွားလာရင် ငါ အသုံးချလို့ရမယ့် အရန်အစီအစဉ်တစ်ခုကို ဖန်တီးဖို့ပဲ' လုံချန်းက သူ၏ စိတ်ကူးများဖြင့် ရွှင်းကို ပြန်ပြောလိုက်သည်။

​"နောက်ထပ် ဘာဆက်လုပ်မှာလဲ" ရွှင်းက မေးသည်။

​'ငါလား၊ အသေအချာပေါ့... ငါ စစ်ပွဲထဲမှာ ပါဝင် တိုက်ခိုက်မှာပေါ့။ ဒါတင်မကဘူး... ဒီစစ်ပွဲကို အက်ရှာနိုင်ငံရဲ့ နန်းတော်အထိ ရောက်အောင် ငါ ယူဆောင်သွားဦးမှာ' လုံချန်းက လှောင်ပြုံးဖြင့် ဆိုသည်။

​"စစ်ပွဲကို သူတို့ဆီအထိ ယူသွားမယ် ဟုတ်လား။ အဲဒီလိုသာ ဖြစ်လာရင် ဆူနိုင်းနိုင်ငံ အနိုင်ရဖို့က သေချာသွားပြီပေါ့။ အဲဒီနောက်မှာ နင်က ဆူနိုင်းဘုရင်ဆီကနေ အက်ရှာနိုင်ငံရဲ့ ထီးနန်းကို တောင်းမှာလား" ရွှင်းက မေးပြန်သည်။

​'ဟက်... မဟုတ်တာ။ အဲဒီလို မလုပ်ပါဘူး။ စစ်ပွဲထဲ မဝင်ခင်မှာတင် အက်ရှာနိုင်ငံရဲ့ ဘုရင်အဖြစ် ငါ့ကို ခန့်အပ်ဖို့ ဆူနိုင်းဘုရင်ကို ငါ အရင် တောင်းဆိုထားမှာ။ ဒါမှ နောက်ပိုင်းမှာ ထပ်တောင်းနေစရာ မလိုတော့မှာလေ။ ဒါပေမဲ့ ဘုရင်ဖြစ်ဖို့က ငါ့ရဲ့ တကယ့် ရည်မှန်းချက် မဟုတ်ပါဘူး။ ငါ တကယ် ရှာဖွေနေတာက စစ်ပြီးခေတ် အခြေအနေပဲ။ အနာဂတ်မှာ ဘယ်လို အန္တရာယ်မှ မရှိအောင် ငါ ဖန်တီးပစ်မယ်။ သူတို့အားလုံး သေရမယ်' လုံချန်းက ဆိုသည်။

​'ဘုရင်နှစ်ပါးလုံး သေရမယ်။ နဂါးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တွေနဲ့ ဖီးနစ်အဖွဲ့ရဲ့ ခေါင်းဆောင်တွေဟာ ငါ့ရှေ့မှာ ဒူးထောက်လာစေရမယ်။ အက်ရှာနိုင်ငံသားတွေရဲ့ ရင်ထဲမှာ ငါ့အပေါ် ချစ်ခြင်းမေတ္တာတွေပဲ ရှိနေစေရမယ်။ မီလျာယီအတွက် ငါ ချန်ထားခဲ့မယ့် နိုင်ငံတော်မှာ သူ ထာဝရ အေးအေးချမ်းချမ်း နေထိုင်သွားနိုင်စေရမယ်' သူက ရွှင်းကို ပြောလိုက်သည်။

​"ဟားဟား... အဲဒါတွေ ဘယ်လို ဖြစ်လာမလဲဆိုတာ ကြည့်ဖို့ ငါ တော်တော် စိတ်ဝင်စားသွားပြီ။ နင်သာ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ရင်တော့ တကယ့်ကို အံ့ဩစရာပဲ" ရွှင်းက ရယ်မောရင်း ဆိုသည်။

​လုံချန်းသည် ဝေးလံလှသော ချိတ်ပိတ်ထားသည့် ဂြိုဟ်တစ်ခုပေါ်တွင် စမ်းသပ်မှုများကို ဖြတ်သန်းနေစဉ် ကမ္ဘာမြေရှိ သူ၏ မူလခန္ဓာကိုယ်မှာမူ ရေကန်ငယ်လေးတစ်ကန် အနီးရှိ မှောင်မည်းသော အကျဉ်းခန်းထဲတွင် လဲလျောင်းနေဆဲ ဖြစ်သည်။

​ထိုနေရာတစ်ခုလုံးမှာ ဟာလာဟင်းလင်း ဖြစ်နေသည်။ ထိုနေရာ၏ တိတ်ဆိတ်မှုနှင့် ဗလာကျင်းနေမှုမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။

​ထိုကမ္ဘာ၏ အခြားတစ်နေရာတွင်မူ လူငယ်လေးတစ်ဦးသည် အိမ်လေးတစ်လုံးအတွင်း ထိုင်နေသည်။ သူသည် အသက် ၅ နှစ် ၆ နှစ်ခန့်သာ ရှိဦးမည့် ကောင်လေးတစ်ဦး ဖြစ်သည်။ ထိုကောင်လေးတွင် နက်မှောင်သော ဆံပင်များနှင့် လှပသော မျက်လုံးပြာလေးများ ရှိသည်။

​သူသည် တစ္ဆေကျောင်းတော် အထူးနယ်မြေအတွင်းရှိ ရှေးဟောင်းဂူသင်္ချိုင်းမှ လွတ်မြောက်လာခဲ့သည့် ကောင်လေးပင် ဖြစ်သည်။ ထိုကောင်လေးသည် ရှေးဟောင်း သားရဲတစ်သိန်း ရုပ်တု၏ ဘေးတွင် ရှိသော သက်တန့်ဖီးနစ် ရုပ်တုကို ထိတွေ့ခဲ့သူ ဖြစ်သည်။

​သူ ရုပ်တုကို ထိလိုက်သည်နှင့် ရုပ်တုမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားခဲ့သော်လည်း မကွဲခင်မှာပင် သူ့ကို ထိုနေရာမှ ဝေးရာသို့ ပို့ဆောင်ပေးခဲ့သည်။

​ကောင်လေးသည် မည်သည့်နေရာသို့ ရောက်နေမှန်း မသိဘဲ လူသူကင်းမဲ့သော နေရာတစ်နေရာသို့ ရောက်ရှိလာခဲ့သည်။ ကောင်လေးတွင် ထာဝရမှောင်မည်းနေသော နေရာတွင် နေခဲ့ရသည်မှအပ အခြား မည်သည့် မှတ်ဉာဏ်မျှ မရှိပေ။ ထို့ကြောင့် သူသည် အလင်းရောင်ရှိသော နေရာတွင် နေရသည်ကို အလွန် သဘောကျနေသည်။

​သူသည် ထိုနေရာတွင် နတ်ဘုရားသားရဲ လိပ်နက်မျိုးနွယ်၏ အမွေခံ သခင်လေးနှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့သည်။ ထိုသခင်လေးမှာ မိမိအား နတ်ဘုရားနယ်မြေသို့ ပြန်ခေါ်ရန် ကြိုးစားနေသော မျိုးနွယ်စုဝင်များထံမှ ထွက်ပြေးလာခြင်း ဖြစ်သည်။

​လိပ်နက်မျိုးနွယ် သခင်လေးသည် ကောင်လေးထံမှ အဖြေမရသဖြင့် ဒေါသထွက်ကာ သတ်ရန် ကြိုးစားစဉ်မှာပင် သူ၏ မျိုးနွယ်စုဝင်များ ရောက်ရှိလာသဖြင့် ကောင်လေးကို ထားရစ်ခဲ့ကာ ထွက်ပြေးသွားခဲ့ရသည်။

​ကောင်လေးသည် သဲကန္တာရထဲတွင် ရက်အနည်းငယ်ကြာ နေထိုင်ပြီးနောက် အဘွားအိုတစ်ဦးက သူ့ကို တွေ့ရှိသွားခဲ့သည်။

​အဘွားအိုသည် ပူပြင်းလှသော နေ့တစ်နေ့တွင် သဲကန္တာရထဲ၌ ရပ်နေသော ကောင်လေးကို တွေ့သောအခါ သူ၏ မိသားစုအကြောင်း မေးမြန်းခဲ့သော်လည်း ကောင်လေးမှာ မိသားစုအကြောင်း လုံးဝ မသိပေ။ အဘွားအိုက ကောင်လေးမှာ အစွန့်ပစ်ခံရသော သို့မဟုတ် လမ်းပျောက်နေသော မိဘမဲ့ ကလေးတစ်ဦးဟု ထင်မှတ်သွားခဲ့သည်။

​သူမသည် ကောင်လေးကို သူမ၏ ရွာကလေးသို့ ခေါ်ဆောင်သွားရန် ဆုံးဖြတ်လိုက်သည်။

​ကောင်လေးတွင် အမည် မရှိသဖြင့် သူမကပင် အမည်တစ်ခု ပေးလိုက်သည်။

​သူမ ပေးလိုက်သော အမည်မှာ... ရှုလျန် ဖြစ်သည်။

​ဤသို့ဖြင့် ကောင်လေးမှာ ရွာငယ်လေးတစ်ရွာသို့ ရောက်ရှိသွားလေတော့သည်။

​ဤကောင်လေးမှာ မည်သူမည်ဝါဖြစ်သည်ကို မည်သူမျှ မသိကြပေ။ အဘွားအိုက သဲကန္တာရထဲမှ တွေ့ရှိခဲ့သော မိဘမဲ့ ကလေးတစ်ဦး ဖြစ်သည်ဟုသာ သိထားကြသည်။

​ကလေးတစ်ယောက်ဟု သူတို့ ထင်မှတ်ထားသော ထိုကောင်လေးမှာ သူတို့ စိတ်ကူးထားသည်ထက် ပို၍ အသက်ကြီးနိုင်သည်ကို သူတို့ မသိကြပေ။ ကောင်လေးသည် စကား သိပ်မပြောပေ။ သူသည် အရာအားလုံးကို ပထမဆုံးအကြိမ် မြင်ဖူးသကဲ့သို့ အသေအချာ လိုက်လံ ကြည့်ရှုလေ့ရှိသည်။ သူ၏ မျက်နှာတွင် အမြဲတမ်း စိတ်လှုပ်ရှားမှုများ ရှိနေတတ်ပြီး ထိုအရာက ပတ်ဝန်းကျင်ရှိ လူများကိုလည်း ပျော်ရွှင်စေသည်။

​ရွာသားများသည် နောက်ထပ် ထူးခြားချက်တစ်ခုကိုလည်း သတိပြုမိကြသည်။ ဤကောင်လေး ရွာသို့ ရောက်ရှိလာသည့် အချိန်မှစ၍ ရွာ၏ ရာသီဥတုမှာ အမြဲတမ်း သာယာနေခဲ့ခြင်း ဖြစ်သည်။

​ထိုရွာမှာ ယခင်က မိုးသည်းထန်စွာ ရွာသွန်းလေ့ရှိသဖြင့် အားလုံးအတွက် ခက်ခဲသော နေရာတစ်နေရာ ဖြစ်ခဲ့သည်။ မိုးများလွန်းသဖြင့် စိုက်ပျိုးရေး လုပ်ငန်းများမှာလည်း ထိခိုက်ခဲ့ရသည်။ သို့သော် ကောင်လေး ရောက်လာပြီးနောက်ပိုင်းတွင် ထိုကဲ့သို့ မိုးများခြင်း မရှိတော့ဘဲ ကောင်းကင်မှာ အမြဲတမ်း သာယာနေခဲ့သည်။

​ရှုလျန်ဟု အမည်ရသော ထိုကောင်လေးမှာ ဤနေရာတွင် ပျော်ရွှင်စွာ နေထိုင်နေပုံရသည်။ သူ့ကို ခေါ်လာသော အဘွားအိုကလည်း သူ့အား အစစ အရာရာ သင်ကြားပေးသည်။ စာရေးစာဖတ် သင်ပေးသလို၊ စကားပြောတတ်နေသဖြင့် ပို၍ စကားပြောရန်လည်း တိုက်တွန်းသည်။

​အားလုံးမှာ အဆင်ပြေနေသော်လည်း ဤသာယာသော အချိန်များမှာ ကြာရှည်ခံမည် မဟုတ်သည်ကို မည်သူမျှ မသိခဲ့ကြပေ။

​အမှောင်ဝိညာဉ်ဂိုဏ်းတွင်မူ အရာအားလုံးမှာ ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။ အဖြူရောင်ဂိုဏ်းများနှင့် မိစ္ဆာဂိုဏ်းကြီးများမှာ သူတို့၏ အဖွဲ့ဝင်များစွာကို သတ်ခဲ့သူမှာ ဤဂိုဏ်းမှ ဖြစ်သည်ကို မသိရှိကြသေးပေ။

​တစ်လကြာ ရှာဖွေပြီးနောက်တွင်လည်း ဂိုဏ်းအသီးသီးမှာ လုံချန်းကို ရှာမတွေ့ခဲ့ကြပေ။ သို့သော် သူတို့သည် အကြီးအကဲများ လုံချန်းကို ဖမ်းရန် သွားရောက်ခဲ့သော ရွှေနိုင်ငံသို့ ရောက်ရှိသွားခဲ့ကြသည်။

​ထိုနေရာသို့ ရောက်သောအခါ ပျက်စီးနေသော အပျက်အစီးပုံများကိုသာ သူတို့ တွေ့လိုက်ရသည်။ တစ်စုံတစ်ယောက်က ရွှေနိုင်ငံ၏ နန်းမြို့တော်ကို ရက်ရက်စက်စက် ဖျက်ဆီးပစ်ခဲ့သကဲ့သို့ ဖြစ်နေသည်။

​ထိုနေရာတွင် မည်သည်များ ဖြစ်ခဲ့သည်ကို မည်သူမျှ မသိကြပေ။ နန်းမြို့တော်ကို မည်သူ ဖျက်ဆီးခဲ့သည်အား မသိကြသော်လည်း လူအချို့ကမူ ထိုနေ့တွင် ဧရာမ မြွေကြီးကဲ့သို့ သတ္တဝါတစ်ကောင် ကောင်းကင်ယံတွင် ပျံသန်းနေသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောဆိုကြသည်။

​နိုင်ငံအတွင်းရှိ အင်အားကြီး မျိုးနွယ်စုအားလုံးမှာ နန်းမြို့တော်တွင် ရှိနေသဖြင့် အားလုံး သေဆုံးသွားသောအခါ နိုင်ငံတွင် အစွမ်းထက်သည့် စစ်သည်တော်များ မရှိတော့ပေ။ ထို့ကြောင့် တတိယအဆင့်ရှိသော နိုင်ငံမှနေ၍ အဆင့်မရှိသော နိုင်ငံအဖြစ်သို့ နိမ့်ကျသွားခဲ့ရသည်။

​ဘုရင့်မိသားစုမှာလည်း အသတ်ခံခဲ့ရသည်။ ဘုရင့်မိသားစုဝင်များအနက် နှစ်ဦးသာ အသက်ရှင် ကျန်ရစ်ခဲ့သည်။

​တစ်ဦးမှာ ယွဲ့မျိုးနွယ်၏ အကြီးဆုံးမင်းသား ဖြစ်ပြီး သူသည် ဒုတိယအဆင့်ရှိသော နိုင်ငံတစ်နိုင်ငံ၏ ဂိုဏ်းကြီးတစ်ခုတွင် တပည့်အဖြစ် ရွေးချယ်ခံထားရသူ ဖြစ်သည်။

​ဒုတိယတစ်ဦးမှာ ယွဲ့ဖေး ဖြစ်သည်။

​ယွဲ့ဖေးသည် ရွှေနိုင်ငံ၏ တတိယမြောက် မင်းသမီး ဖြစ်သည်။ သူမသည်လည်း သူမ၏ အစ်ကိုနှင့်အတူ ဂိုဏ်းတစ်ခုတည်းတွင် တပည့်အဖြစ် ရွေးချယ်ခံခဲ့ရသလို လုံချန်း၏ မျိုးနွယ်စုမှ လုံရွှယ်ယင်းလည်း ထိုဂိုဏ်းတွင် ပါဝင်ခဲ့သည်။

​လုံချန်းသည် လုံရွှယ်ယင်းကို သူနှင့်အတူ ခေါ်ဆောင်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမမှာ သူ၏ မျိုးနွယ်စုဝင် ဖြစ်နေသဖြင့် ရန်သူများက သူ့ကို ရှာမတွေ့ပါက သူ၏ မျိုးနွယ်စုဝင်များအား သတ်ပစ်မည်ကို သူ သိနေသောကြောင့် ဖြစ်သည်။ သို့သော် သူနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် ယွဲ့ဖေးကိုမူ သူနှင့်အတူ ခေါ်မသွားခဲ့ပေ။

အခန်း (၇၂၈) အင်အားစုများ၏ လှုပ်ရှားမှု

​ယွဲ့ဖေးသည် နဂါးမြို့တော်၏ ပျက်စီးဆုံးရှုံးမှုများကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ သူမ၏ မိသားစုနှင့် မြို့တော်ကြီး ဖျက်ဆီးခံလိုက်ရကြောင်း သိလိုက်ရသည့်နေ့တွင် သူမသည် အလွန်အမင်း ငိုကြွေးခဲ့ရသည်။

​ထိုမြင်ကွင်းကို မြင်လိုက်ရသည့်နေ့မှာပင် သူမသည် ဤကိစ္စကို ကျူးလွန်ခဲ့သူအား ရှာဖွေပြီး သတ်ပစ်မည်ဟု သစ္စာဆိုခဲ့သည်။ သူမ၏ အရာအားလုံးကို ဖျက်ဆီးခဲ့သူအပေါ် အမုန်းတရားနှင့် ဒေါသများက သူမ၏ ရင်ထဲတွင် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။

​သူမ၏ အိမ်နှင့် မြို့တော်မှာ အပျက်အစီးပုံများသာ ကျန်ရစ်တော့သည်။ ဒုတိယမင်းသားဖြစ်သော သူမ၏ အစ်ကိုအပါအဝင် မိသားစုဝင်အားလုံး အသတ်ခံခဲ့ရသည်။

​ရက်အနည်းငယ်ကြာပြီးနောက် သူမသည် ပျောက်ကွယ်သွားခဲ့သည်။ သူမ မည်သည့်နေရာသို့ သွားသည်ကို မည်သူမျှ မသိရှိကြပေ။

​အကြီးဆုံးမင်းသားမှာမူ ဤအဆင့်မရှိသော နိုင်ငံငယ်လေး၏ ဘုရင်သစ် ဖြစ်လာခဲ့ပြီး နိုင်ငံကို ပြန်လည် ထူထောင်ရန်နှင့် ပျောက်ဆုံးသွားသော ညီမဖြစ်သူအား ရှာဖွေရန် ကြိုးပမ်းတော့သည်။

​ဤဖြစ်ရပ်တစ်ခုလုံးမှာ လျှို့ဝှက်ချက်တစ်ခု ဖြစ်နေခဲ့သည်။ တတိယအဆင့်ရှိသော နိုင်ငံတစ်နိုင်ငံသည် တစ်ရက်တည်းနှင့် အဘယ်ကြောင့် အရာအားလုံး ဆုံးရှုံးသွားခဲ့ရကြောင်း မည်သူမျှ မသိကြပေ။

​ဤတိုက်ကြီးပေါ်ရှိ အဓိက ဂိုဏ်းကြီး ၁၉ ဂိုဏ်းသာလျှင် မည်သို့ ဖြစ်ခဲ့ကြောင်း ရိပ်မိကြသော်လည်း သူတို့က ပုရွက်ဆိတ်ကဲ့သို့ သဘောထားသော ဤနိမ့်ကျလှသည့် လူသားများကို အမှန်တရားအား ပြောပြရန် စိတ်မဝင်စားကြပေ။

​တစ်လကြာ ရှာဖွေပြီးနောက်တွင် သူတို့သည် တရားခံကို ရှာတွေ့ရန် မျှော်လင့်ချက် ကုန်သလောက် ဖြစ်သွားခဲ့သည်။ သူတို့သည် ရှာဖွေမှုများကို လျှော့ချလိုက်သော်လည်း လုံးဝ ရပ်တန့်လိုက်ခြင်းမျိုးတော့ မဟုတ်ပေ။

​ဤနေရာနှင့် အလွန်ဝေးကွာသော အရပ်တွင် နတ်ဘုရားသားရဲများ နေထိုင်ရာ အရပ်ရှိသည်။

​နတ်ဘုရားသားရဲ မျိုးနွယ်စုကြီး ၉ ခု ရှိသည့်အနက် လိပ်နက်မျိုးနွယ်မှာ တစ်ခု အပါအဝင် ဖြစ်သည်။

​သူတို့သည် အိမ်မှ ထွက်ပြေးသွားသော သူတို့၏ သခင်လေးကို ရှာဖွေရန် တစ်ကမ္ဘာလုံးကို လိုက်လံ ရှာဖွေနေကြခြင်း ဖြစ်သည်။

​ရှာဖွေနေစဉ်အတွင်း သူတို့ ရှာနေသော လူငယ်လေးကို တွေ့ရှိခဲ့သော်လည်း ပြန်လည် လွတ်မြောက်သွားခဲ့ပြန်သည်။

​အချိန်အတန်ကြာပြီးနောက် အခြားဂြိုဟ်တစ်ခုပေါ်တွင် သူတို့သည် ထူးခြားသော အရာတစ်ခုကို တွေ့ရှိခဲ့ကြသည်။

​နတ်ဘုရားသားရဲ နဂါးမျိုးနွယ်မှ စစ်သည်တော်များ မြေကြီးထဲတွင် တစ်စုံတစ်ခုကို ဝှက်ထားသည်ကို သူတို့ တွေ့လိုက်ရခြင်း ဖြစ်သည်။

​လိပ်နက်မျိုးနွယ်ဝင်သည် နဂါးမျိုးနွယ် စစ်သည်တော် ထွက်ခွာသွားပြီးနောက် မြေကြီးထဲတွင် မြှုပ်ထားသော ထိုပစ္စည်းကို တူးဖော်ယူလိုက်သည်။ ထိုနဂါးစစ်သည်မှာ လိပ်နက်မျိုးနွယ် သခင်လေးသည် အနီးနားတွင် ရှိနေပြီး သူတို့ မမြင်မီ ထွက်ပြေးသွားခဲ့သည်ကို မသိရှိခဲ့ပေ။

​လိပ်နက်မျိုးနွယ်ဝင်သည် မြေကြီးထဲမှ ရရှိသော ထို ရှေးဟောင်းပစ္စည်းကို မျိုးနွယ်စု ခေါင်းဆောင်ထံ ပြသရန် ယူဆောင်သွားခဲ့သည်။

​"စိတ်ဝင်စားစရာပဲ။ နဂါးမျိုးနွယ်က ဒီအရာတွေကို ဝေးလံတဲ့ ဂြိုဟ်တွေပေါ်မှာ မြှုပ်ထားတယ်ပေါ့။ သူတို့ရဲ့ စစ်သည်တော်တွေကို နတ်ဘုရားနယ်မြေအပြင်ဘက်ဆီ အလုံးအရင်းနဲ့ လွှတ်နေတယ်လို့ ငါ ကြားခဲ့သားပဲ။ အခုတော့ ဒါတွေကို နေရာအနှံ့မှာ မြှုပ်ဖို့အတွက် ဖြစ်နေတာကိုး" လိပ်နက်မျိုးနွယ် ခေါင်းဆောင်က သူ၏လူ ယူဆောင်လာသော စက်ဝိုင်းပုံစံ ပစ္စည်းကို ကြည့်ရင်း ရေရွတ်လိုက်သည်။

​"ဟုတ်ပါတယ် အရှင်။ သူ မထွက်ခွာခင်မှာ ဒါကို မြှုပ်နေတာကို ကျွန်တော် ကိုယ်တိုင် မြင်ခဲ့တာပါ။ သူတို့ ဒါကို ကမ္ဘာအနှံ့မှာ လုပ်နေကြတာလို့ ကျွန်တော် ထင်ပါတယ်" လိပ်နက်မျိုးနွယ်ဝင်က ခေါင်းငုံ့လျက် ရိုသေစွာ လျှောက်တင်လိုက်သည်။

​"ကောင်းပြီ... ဒါက ဘာလဲဆိုတာ ငါ ကြည့်လိုက်မယ်။ ဒါနဲ့... ငါ့သားကိုရော ရှာတွေ့ခဲ့လား" လိပ်နက်မျိုးနွယ် ခေါင်းဆောင်က မေးလိုက်သည်။

​"မတွေ့ပါဘူး ခေါင်းဆောင်ကြီး။ ကျွန်တော်တို့ သူ့ကို ရှာမတွေ့ခဲ့ပါဘူး" ထိုသူက ခေါင်းခါရင်း ပြန်ဖြေသည်။

​"ဟင်း... ဒီကောင်လေးကတော့ကွာ။ ဒုက္ခတွေ တော်တော် ပေးနေတာပဲ။ သူက လူသားကမ္ဘာ နှစ်ခုကို ဖျက်ဆီးခဲ့ပြီး ကမ္ဘာငါးခုရဲ့ ယဉ်ကျေးမှုတွေကိုလည်း ဖျက်ဆီးခဲ့ပြီးပြီ။ အဲဒီကမ္ဘာတွေက အားနည်းတဲ့ ကမ္ဘာတွေမို့လို့ ထားလိုက်ပါတော့၊ ဒါပေမဲ့ သူက ပြဿနာတွေ အများကြီး ဖန်တီးနေတာ။ အခြား နတ်ဘုရားသားရဲ မျိုးနွယ်စုတွေနဲ့ ဆက်နွှယ်နေတဲ့ ကမ္ဘာတွေ အများကြီး ရှိတယ်။ အဲဒီမှာသာ သူ ပြဿနာသွားရှာရင် ငါတို့ လိပ်နက်မျိုးနွယ်အတွက် ဒုက္ခတွေ အများကြီး ရောက်လာလိမ့်မယ်။ အဲဒီကောင်က ငြိမ်ငြိမ်လေးနေပြီး သူ့ရဲ့ ရှည်လျားလှတဲ့ အသက်ကို မခံစားတတ်ဘူးလား။ သူ့မှာ သက်တမ်း မရှည်တာလည်း မဟုတ်ဘဲနဲ့" လိပ်နက်မျိုးနွယ် ခေါင်းဆောင်က သက်ပြင်းချရင်း ရေရွတ်လိုက်သည်။

​လိပ်နက်မျိုးနွယ်ဝင်မှာ ခေါင်းဆောင်ကြီးကို ကြည့်ကာ မည်သို့ ပြန်ပြောရမှန်း မသိသဖြင့် တိတ်ဆိတ်နေရန်သာ ဆုံးဖြတ်လိုက်သည်။

​"ကဲ... မင်း သွားပြီး ရှာဖွေမှုတွေကို ဆက်လုပ်တော့" လိပ်နက်မျိုးနွယ် ခေါင်းဆောင်က လက်ကာပြရင်း ထွက်ခွာခိုင်းလိုက်သည်။

​ထိုသူ ထွက်သွားသောအခါ အခန်းကျယ်ကြီးထဲတွင် အိုမင်းလှသော လိပ်နက်မျိုးနွယ် ခေါင်းဆောင်ကြီး တစ်ဦးတည်းသာ ကျန်ရစ်တော့သည်။

​"ဒီပစ္စည်းလေးက... ဒါဟာ ၁၀ ပါးမြောက် နတ်ဘုရားသားရဲကို ရှာဖို့ သူတို့ သုံးနေတဲ့အရာများလား" လိပ်နက်မျိုးနွယ် ခေါင်းဆောင်က စက်ဝိုင်းပုံစံ ပစ္စည်းကို အသေအချာ ပြန်လည် စစ်ဆေးရင်း ရေရွတ်လိုက်သည်။

​လိပ်နက်မျိုးနွယ်နှင့် အလွန်ဝေးကွာသော အရပ်တွင် နဂါးနယ်မြေဟု ခေါ်သော ထူးခြားသည့် နယ်မြေတစ်ခု ရှိသည်။ ထိုနေရာမှာ နဂါးမျိုးနွယ်ဝင်များ နေထိုင်ရာ အရပ်ဖြစ်သည်။

​နဂါးနယ်မြေ၏ အလယ်ဗဟိုတွင် ကြီးမားလှသော နန်းတော်ကြီးတစ်ဆောင် ရှိပြီး ထိုနန်းတော်အတွင်း၌ အင်အားကြီးပုံရသော အမျိုးသားတစ်ဦး ထိုင်နေသည်။

​ထိုအမျိုးသားတွင် နဂါးကဲ့သို့ လက်သည်းများ ရှိပြီး တောင့်တင်းခိုင်မာသော ခန္ဓာကိုယ် ရှိသည်။

​သူသည် အရိုးများဖြင့် ပြုလုပ်ထားသော ရာဇပလ္လင်ပေါ်တွင် ထိုင်နေခြင်း ဖြစ်သည်။ ထိုပလ္လင်မှာ အသတ်ခံခဲ့ရသော သားအရင်းဖြစ်သူ၏ အရိုးများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုဖြစ်ရပ်ကပင် သူ့ကို ပို၍ ရက်စက်ကြမ်းကြုတ်လာစေခဲ့ခြင်း ဖြစ်သည်။

​နတ်ဘုရားသားရဲ ဘုရင် ၉ ပါးတွင် လိပ်နက်မျိုးနွယ် ခေါင်းဆောင်သည် သူ၏ ဉာဏ်ပညာကြောင့် လူသိများသည်။ ကျားဖြူဘုရင်သည် သူ၏ မာန်မာနနှင့် ရဲစွမ်းသတ္တိကြောင့် လူသိများသည်။ ရေခဲဖီးနစ် ဘုရင်မသည် သူမ၏ ကျော့ရှင်းမှုကြောင့် လူသိများသည်။ ဖီးနစ်ဘုရင်မမှာမူ သူမ၏ ပြင်းထန်သော ဒေါသကြောင့် လူသိများသည်။ မြေခွေးကိုးမြီး ဘုရင်မသည် သူမ၏ ဆွဲဆောင်မှုကြောင့် လူသိများသည်။ ရွှေကျီးကန်းဘုရင်သည် သူ၏ ဂုဏ်ယူဝင့်ကြွားမှုကြောင့် လူသိများသည်။ ဂဠုန်ဘုရင်မှာ သူ၏ ဖောက်ထွင်း၍မရသော ကာကွယ်ရေးနှင့် မဖျက်ဆီးနိုင်သော စိတ်ဓာတ်ကြောင့် လူသိများသည်။ ချီလင်ဘုရင်မှာမူ သူ၏ အလှအပနှင့် ဉာဏ်ရည်ထက်မြက်မှုကြောင့် လူသိများသည်။ နဂါးဘုရင် အဖို့မူ သူ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် အင်အားကြီးမားမှုကြောင့် လူသိများခြင်း ဖြစ်သည်။

​နတ်ဘုရားသားရဲ ဘုရင် ၉ ပါးအနက် နဂါးဘုရင်နှင့် ကျားဖြူဘုရင်တို့မှာ အင်အားအကြီးဆုံးဟု ဆိုကြသည်။

​အင်အားအနည်းဆုံးမှာမူ အတိအကျ မရှိပေ။ မည်သူမျှ မိမိကိုယ်မိမိ အားနည်းသည်ဟု ဝန်မခံလိုကြဘဲ ဤအတွက် တိုက်ပွဲများစွာ ရှိခဲ့သည်။ သို့သော် အခြားသော နတ်ဘုရားသားရဲ ဘုရင်များ၏ အဆိုအရ မြေခွေးကိုးမြီး ဘုရင်မသည် အားအနည်းဆုံးဟု ဆိုကြသော်လည်း သူမ၏ ဆွဲဆောင်မှုမှာ မည်သည့်တိုက်ပွဲကိုမဆို သူမဘက်သို့ ပါလာအောင် လုပ်နိုင်စွမ်းရှိသဖြင့် မည်သူမျှ စမ်းသပ်ရန် မကြိုးစားကြပေ။

​နဂါးဘုရင်သည် အင်အားအကြီးဆုံးသော နတ်ဘုရားသားရဲ ဘုရင်များအနက် တစ်ပါးဖြစ်သော်လည်း သူသည် မတင်းတိမ်နိုင်သေးပေ။ သူသည် ပို၍ အင်အားကြီးမားချင်နေသည်။ ကမ္ဘာ၏ မည်သည့်နေရာတွင် ရှိနေမှန်း မသိရသေးသော အသစ်ပေါ်ထွက်လာသည့် ဆယ်ပါးမြောက် နတ်ဘုရားသားရဲကို သူ ရှာဖွေလိုနေသည်။ သူသည် ထိုသားရဲ၏ အင်အားကို စုပ်ယူပြီး ပို၍ အားကောင်းလာရန် ရည်ရွယ်နေခြင်း ဖြစ်သည်။

​ကောင်းကင်ယံတွင် တိမ်တိုက်များက ရှေးဟောင်းရွှေဖီးနစ်ပုံသဏ္ဌာန် ဖြစ်ပေါ်လာသည့် ထူးခြားသော ဖြစ်ရပ်ကြောင့် သူသည် အချိန်ကို ပို၍ လိုလားနေခြင်း ဖြစ်သည်။

​ရှေးဟောင်းရွှေဖီးနစ်နှင့် ရှေးဟောင်း အသင်္ချေသားရဲတို့မှာ စစ်မှန်သော နတ်ဘုရားသားရဲများ ဖြစ်ကြသည်။ သူတို့မှာ ပထမဆုံးသော နတ်ဘုရားသားရဲ ဘိုးဘေးနှစ်ပါး ဖြစ်သည်။ သူတို့၏ သွေးမှတစ်ဆင့် အခြားသော နတ်ဘုရားသားရဲများ မွေးဖွားလာခြင်း ဖြစ်သည်။ သူတို့ နှစ်ပါးလုံးမှာ လွန်ခဲ့သော အချိန်များစွာကတည်းက ပျောက်ကွယ်သွားခဲ့သော်လည်း ကောင်းကင်ယံမှ အချက်ပြချက်အရ ထိုဘိုးဘေးနှစ်ပါးအနက်မှ ရှေးဟောင်းရွှေဖီးနစ်မှာ မကြာမီ ပေါ်ထွက်လာတော့မည်ဟု ပြသနေသည်။

​နဂါးဘုရင်သည် ထိုသို့ မဖြစ်လာမီ အချို့သောအကြောင်းပြချက်များကြောင့် ပိုမို အင်အားကြီးလာရန် လိုလားနေပြီး ဆယ်ပါးမြောက် နတ်ဘုရားသားရဲကို ရှာဖွေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေခြင်း ဖြစ်သည်။ သို့သော် ထိုဆယ်ပါးမြောက် နတ်ဘုရားသားရဲမှာ လူသားတစ်ဦး၏ သိုလှောင်လက်စွပ်အတွင်း ရှိနေသည်ကို သူ မသိရှိပေ။

​ထိုဆယ်ပါးမြောက် နတ်ဘုရားသားရဲမှာ အမှန်တကယ်တွင် နတ်ဘုရားသားရဲ မဟုတ်ဘဲ ဘိုးဘေးသားရဲ တစ်ပါး ဖြစ်သည်ကိုလည်း သူ မသိရှိပေ။ ၎င်းမှာ ရှေးဟောင်း အသေင်္ချေသားရဲဟု လူသိများသော ဘိုးဘေးသားရဲ နှစ်ပါးအနက်မှ တစ်ပါး ဖြစ်သည်။

​လုံချန်းသည် နှင်းခဲလေးမှာ ရှေးဟောင်း အသေင်္ချေသားရဲ ဖြစ်နိုင်ကြောင်း ရွှင်း၏ ပြောပြချက်အရ မကြာသေးမီကမှ သိခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင် ဤစကြာဝဠာတစ်ခုလုံး၌ ဤအမှန်တရားကို သိရှိထားသူမှာ လုံချန်းနှင့် ရွှင်း နှစ်ဦးတည်းသာ ရှိသည်။

​နဂါးဘုရင်သည် သူ၏ရှေ့တွင် ရပ်နေသော လူများကို ကြည့်လိုက်သည်။

​"ငါပေးလိုက်တဲ့ အရာတွေကို ကမ္ဘာအနှံ့မှာ ထားခဲ့ပြီးပြီလား" သူ၏လူများကို မေးလိုက်သည်။

​"ဟုတ်ကဲ့ပါ အရှင်မင်းကြီး။ ကျွန်တော်တို့လူတွေ ပြန်ရောက်လာကြပါပြီ၊ ရတနာလုံးတိုင်းကို သတ်မှတ်ထားတဲ့ နေရာတွေမှာ ထားခဲ့ပြီးပါပြီ" နဂါးစစ်သူကြီးများက လျှောက်တင်ကြသည်။

​"မိစ္ဆာနယ်မြေနဲ့ ကောင်းကင်ဘုံ နယ်မြေထဲမှာရော။ မင်းတို့ အဲဒီမှာ ထားခဲ့နိုင်ရဲ့လား" နဂါးဘုရင်က မေးမြန်းသည်။

​"ကျွန်တော်တို့ ဘယ်သူမှ မရိပ်မိအောင် အဲဒီနေရာတွေမှာလည်း ရတနာလုံးတွေကို ထားခဲ့နိုင်ပါပြီ" သူတို့က ပြန်ဖြေသည်။

​"ကောင်းပြီ... မင်းတို့ သွားနိုင်ပြီ" နဂါးဘုရင်က လက်ကာပြလိုက်သည်။

​နဂါးစစ်သူကြီးများ ထွက်ခွာသွားကြသော်လည်း သူတို့အနက် တစ်ဦးမှာမူ ကျန်ရစ်ခဲ့လေသည်။

All Chapters