← Chapters

အခန်း (၇၆၅-၇၆၆)

Vol. 77 Ch. 765-766

အခန်း (၇၆၅-၇၆၆)

Vol. 77 Ch. 765-766

အခန်း (၇၆၅) လောင်းကြေး

​“... နင့်အနေနဲ့ စိတ်ပျက်နေဖို့ မလိုပါဘူး။ တကယ့်ကမ္ဘာမှာ သုံးလို့မရတော့ရော ဘာဖြစ်လဲ။ ဒီမှာ သုံးပြီး ပိုပြီး အစွမ်းထက်လာအောင် လုပ်လို့ရတာပဲ။ ဒီ စမ်းသပ်ပွဲကို မြန်မြန် အဆုံးသတ်နိုင်ဖို့အတွက် နင် အစွမ်းကုန် သန်မာနေတာက ပိုမကောင်းဘူးလား။ အဲဒီတော့ စိတ်မပျက်ပါနဲ့တော့” လုံချန်း စိတ်မကောင်းဖြစ်နေသည်ကို မြင်သောအခါ ရွှင်းက နှစ်သိမ့်လိုက်၏။

​လုံချန်းသည် သက်ပြင်းရှည်ကြီး တစ်ချက်ချကာ ခေါင်းညိတ်လိုက်သည်။

​“ဟုတ်ပါပြီ... နောက်လာမယ့် အလှည့်တွေအတွက် ငါ့မှာ အင်အား လိုအပ်တာအမှန်ပဲ။ ဗာမီလီယံကလည်း အစွမ်းထက်မှာဖြစ်သလို၊ နဂါးစစ်သည်တော် အဖွဲ့တစ်ခုလုံးနဲ့လည်း ငါ ရင်ဆိုင်ရဦးမှာ။ ပြောရရင် တိုင်းပြည်နှစ်ပြည်လုံးနဲ့ တစ်ယောက်တည်း ယှဉ်ပြိုင်ရမှာဆိုတော့ အင်အားကတော့ လိုကိုလိုအပ်တယ်” သူက အကောင်းမြင်စိတ်ဖြင့် ရေရွတ်လိုက်၏။

​“ဒါပေမဲ့ နင် ဒါကို သိနေတာ တော်သေးတာပေါ့။ ဒီလောက် အဖိုးတန်တဲ့ ကျင့်ကြံခြင်း အထောက်အကူ ပစ္စည်းကို ဒီပုံစံအတိုင်းသာ မြင်ရင် ငါတော့ ဘယ်လိုမှ မှတ်မိမှာ မဟုတ်ဘူး။ တခြားရော အသုံးဝင်မယ့်အရာ ရှိသေးလား” သူက ရွှင်းကို မေးလိုက်၏။

​“တခြားဟာတော့ ငါ မတွေ့မိတော့ဘူး။ ဒါပေမဲ့ ကျန်တဲ့ဟာတွေကလည်း တန်ဖိုးရှိတဲ့ အရာတွေ ဖြစ်မှာပါ။ ဒါပေမဲ့ နင့်အတွက် ဒါတွေက သိပ်အရေးမကြီးပါဘူး။ ဒီစမ်းသပ်ပွဲ ပြီးဆုံးဖို့ဆိုတာ နင် ဘုရင်ဖြစ်လာဖို့ပဲ လိုတာလေ။ နင် ဘုရင်ဖြစ်လာတဲ့အခါ ရတနာတွေက လိုချင်သလောက် ရမှာပေါ့။ ဒီကမ္ဘာမှာ နင့်အတွက် အသုံးဝင်ဆုံး ကျန်နေသေးတာက နိယာမ ရတနာလုံးပဲ။ ဒါပေမဲ့ အဲဒါ ဘယ်မှာလဲဆိုတာတော့ အခုထိ မသိရသေးဘူး။ မကြာခင် ရှာတွေ့ချင်လည်း တွေ့မယ်၊ ဘယ်တော့မှ မတွေ့တာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် အခုကိစ္စကတော့ တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်” ရွှင်းက ပြန်ဖြေ၏။

​“မှန်တယ်... လက်နက်တွေရော၊ တခြားဟာတွေရောက ငါ့အတွက် အပိုတွေပဲ။ ကာကွယ်ရေးပိုင်းမှာလည်း သူတော်စင်အဆင့်ရှိတဲ့ ဖီးနစ်သွေးဝတ်ရုံကို ယှဉ်နိုင်တာ ဒီမှာ ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ ငါ့ရဲ့ စစ်ဝိညာဉ်ကို နှိုးဖို့အတွက်တော့ တစ်ခုခု လိုနေသေးတယ်။ ဒီထဲမှာ အသုံးဝင်မယ့် ရတနာမျိုး ပါချင်ပါမှာပါ” လုံချန်းက သက်ပြင်းချရင်း ဆိုလိုက်၏။

​“ငါ့ကို ကူညီမယ့်သူ လိုတယ်။ ဒီနေရာမှာ အသက်ရှင်ကျန်တဲ့သူ ရှိဦးမလား ကြည့်ရဦးမယ်” သူသည် အခန်းထဲမှ ထွက်လာခဲ့၏။

​သူသည် လေလံရုံအတွင်းရှိ အထပ်မြင့်များသို့ သွားရောက် ရှာဖွေရာ လူအချို့ကို တွေ့ရှိခဲ့ရသည်။ အစောင့်များမှာမူ သူ့လက်ချက်ဖြင့် အကုန် သေဆုံးကုန်ကြပြီ ဖြစ်သော်လည်း မြို့ခံအချို့မှာ ထိုနေရာ၌ ပုန်းအောင်းနေကြခြင်း ဖြစ်၏။

​“မင်းတို့ထဲမှာ ဒီရတနာတွေအကြောင်း အသိဆုံးလူ ဘယ်သူလဲ။ အခုချက်ချင်း ထွက်လာခဲ့စမ်း၊ မဟုတ်ရင် အကုန် သေရမယ်” လုံချန်းသည် ထိုသူများ ကြောက်လန့်တကြား ထွက်လာစေရန် ဟိန်းဟောက်လိုက်၏။

​လူအများစုမှာ နောက်ဘက်တွင် ထိုင်နေသော ဆံပင်ဖြူဖြူနှင့် အဘိုးကြီးတစ်ဦးအား တညီတညွတ်တည်း ကြည့်လိုက်ကြသည်။ လုံချန်းသည် ထိုအဘိုးကြီး၏ လည်ပင်းကို ဆွဲကိုင်ကာ ရတနာခန်းမအတွင်းသို့ ခေါ်ဆောင်လာခဲ့၏။

​“ဒီမှာရှိတဲ့ ပစ္စည်းတွေအကြောင်းနဲ့ အဲဒါတွေက ဘာလုပ်နိုင်လဲဆိုတာ ကျုပ်ကို အကုန်ပြောပြစမ်း” လုံချန်းက ထိုသူအား ရတနာများရှေ့သို့ ပစ်ချကာ ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

​“ဟုတ်... ဟုတ်ကဲ့ပါ” အဘိုးကြီးမှာ ကြောက်လန့်တကြားဖြင့် ထရပ်ကာ ခေါင်းညိတ်ရှာ၏။

​“ဒါကတော့ ဧရာမလက်စွပ်ပါ။ ကျင့်ကြံသူဆိုရင် ကိုယ့်ရဲ့ ချီစွမ်းအင် ထက်ဝက်ကို သုံးပြီး ရှေ့မှာ အကာအကွယ်တစ်ခု ဖန်တီးနိုင်ပါတယ်။ ကျင့်ကြံသူ မဟုတ်ရင်တော့ ချီကျောက်တုံးတွေ သုံးပြီး အလုပ်လုပ်စေနိုင်ပါတယ်” အဘိုးကြီးက ပထမဆုံး ပစ္စည်းဖြစ်သော လက်စွပ်ကို ကိုင်ကာ ရှင်းပြလေသည်။

​“ရိုးရိုး အကာအကွယ်တစ်ခုအတွက် ချီစွမ်းအင်တွေ အများကြီး ကုန်တာပဲ။ ပြီးတော့ ဒါက တစ်ခါသုံး ပစ္စည်းပဲ။ အလကားပဲ” လုံချန်းက ခေါင်းခါယမ်းကာ ဆို၏။

​အဘိုးကြီးသည် ဒုတိယပစ္စည်းဖြစ်သော ဓားကို ကိုင်ရန် ပြင်လိုက်စဉ်မှာပင်။

​“လက်နက်တွေကို ကျော်လိုက်။ အဲဒါတွေအကြောင်း ကျုပ် သိစရာ မလိုဘူး။ တကယ်တော့ စွမ်းအားပါတဲ့ လက်နက်တွေ အားလုံးကို ကျော်လိုက်တော့။ တခြားအရာတွေအကြောင်းပဲ ပြော” လုံချန်းက ဖြတ်ပြောလိုက်၏။

​အဘိုးကြီးသည် ကျန်ရှိနေသော ပစ္စည်းများအကြောင်းကို တစ်ခုချင်း ရှင်းပြလေသည်။ သို့သော် လုံချန်းအတွက်မူ အားလုံးမှာ အသုံးမဝင်သော အရာများသာ ဖြစ်နေတော့၏။ သူ လိုအပ်နေသည့် ကျင့်ကြံခြင်းကို မြှင့်တင်ပေးနိုင်မည့်အရာမှာ ရွှင်း ရှာပေးခဲ့သော ချီစွမ်းအင် မြှင့်တင်သီး တစ်ခုသာ ရှိပေသည်။

​စစ်ဝိညာဉ်ကို နှိုးထစေမည့် အရာလည်း တစ်ခုမျှ မရှိချေ။

​စိတ်ပျက်လက်ပျက်ဖြင့် လုံချန်းသည် အဆောက်အဦးအတွင်းမှ ထွက်လာခဲ့၏။ ဆံပင်ဖြူ အဘိုးကြီးမှာမူ ရတနာတစ်ခုမျှ မယူဘဲ ထွက်သွားသော လုံချန်းကို ကြည့်ကာ မှင်တက်ကျန်ရစ်ခဲ့ရသည်။ သူ၏ အမြင်တွင်မူ ထိုပစ္စည်းများမှာ အလွန် အဖိုးတန်လှသော်လည်း လုံချန်းအတွက်မူ အမှိုက်သရိုက်သဖွယ် ဖြစ်နေတော့၏။ လုံချန်းသည် အဘိုးကြီးကို မခေါ်လာမီကပင် အဖိုးတန်ဆုံး ရတနာကို ယူဆောင်သွားခဲ့ပြီဆိုသည်အား ထိုသူ မသိရှာချေ။

​ပုပ်သိုးနေသော ပန်းသီးသည် လုံချန်း၏ အိတ်ကပ်အတွင်းသို့ ရောက်ရှိသွားချေပြီ။ သူသည် လေလံရုံအပြင်ဘက်သို့ လှမ်းထွက်လိုက်စဉ်မှာပင် လမ်းမ၏ ဘယ်ညာ နှစ်ဖက်လုံးတွင် ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရ၏။

​စစ်သည်တော် အမြောက်အမြားသည် လမ်းမထက်၌ နေရာယူထားကြပြီး လုံချန်းကို သတ်ဖြတ်ရန် အသင့်ပြင်ထားကြပုံ ရပေသည်။

​“ကြည့်ရတာ ငါချထားတဲ့ ငါးစာက အလုပ်ဖြစ်သွားပြီ ထင်တယ်။ ရွှင်း... ငါ ဒီနေရာက မထွက်ခင် လူဘယ်နှယောက် သတ်နိုင်မလဲဆိုတာ လောင်းကြေးထပ်မလား” လုံချန်းက ရယ်သွမ်းသွေးသော အပြုံးဖြင့် မေးလိုက်၏။

​“ဘာကို လောင်းမှာလဲ” ရွှင်းက မေးလိုက်သည်။

​“တကယ်လို့ နင်နိုင်ရင် ငါတို့ အရင်က ထပ်ထားတဲ့ လောင်းကြေးကို ဖျက်ပေးမယ်။ တကယ်လို့ ငါနိုင်ရင်တော့ နင် ငါ့ကို တစ်ခု ကြွေးတင်စေရမယ်။ နောင်တစ်ချိန်မှာ ငါ ဘာပဲတောင်းဆိုတောင်းဆို နင် မငြင်းရဘူး” ဟု လုံချန်းက အကြံပြုလိုက်၏။

​“နင် တောင်းဆိုတဲ့အရာဟာ ဟိုကိစ္စမျိုး မဖြစ်စေရဘူး။ အဲဒါကို ကတိပေးနိုင်မှ ငါ လောင်းမယ်” ရွှင်းက လုံချန်း မည်သည်များ တွေးနေနိုင်သည်ကို သိသကဲ့သို့ ပြတ်သားစွာ ပြောလိုက်၏။

​“ရတာပေါ့... အဲဒါကို ငါ ကတိပေးတယ်” လုံချန်းက သူ၏ စိတ်ထဲ၌ ထိုကဲ့သို့သော ဆန္ဒမျိုး လုံးဝ မရှိသကဲ့သို့ ပြန်ဖြေလိုက်၏။

​“ကောင်းပြီလေ... ငါ လောင်းတယ်။ နင် ဒီလူတွေ အကုန်လုံးကို သတ်လိမ့်မယ်၊ နင် ထွက်ပြေးစရာ မလိုဘူးလို့ ငါ လောင်းတယ်” ရွှင်းက ပြုံးလျက် ဆို၏။ သူမသည် လုံချန်း၏ အစွမ်းကို သိပြီးသား ဖြစ်သည်။ သူ၏ နိယာမများဖြင့်ဆိုလျှင် ဤစစ်သည်တော် အားလုံးကို အလွယ်တကူ ချေမှုန်းနိုင်မည်ဟု သူမ ယုံကြည်နေပေသည်။

​“ကြည့်ရတာပေါ့။ ဒါပေမဲ့ ဒါက နည်းနည်းတော့ ခက်ခဲမယ့်ပုံပဲ” လုံချန်းက ရေရွတ်ရင်း သူ၏ လက်အစုံကို ကျောဘက်သို့ ပို့လိုက်သည်။ သူသည် မီးလျှံရေခဲဓားနှင့် အချိန်ဓား နှစ်လက်လုံးကို ဆွဲထုတ်လိုက်၏။

​အနက်ရောင် ဝတ်စုံဝတ် လူနှစ်ဦး ဦးဆောင်လာသော စစ်သည်တော် တစ်ရာခန့်ရှိသည့် စစ်တပ်ကြီးဆီသို့ လုံချန်းသည် ယုံကြည်မှု အပြည့်ဖြင့် လှမ်းဝင်သွားတော့သည်။

​“ဒီလူနှစ်ယောက်ဟာ မြို့စားမင်းတွေ ဖြစ်ရမယ်။ ဒီမြို့မှာ မြို့စားမင်း နှစ်ယောက် ရှိတယ်လို့ ငါ ကြားဖူးတယ်။ ဒီမြို့စားမင်းတွေက သူတို့ဆီ ဘာလာနေလဲဆိုတာကို ခန့်မှန်းနိုင်မလား ကြည့်ရသေးတာပေါ့” လုံချန်းသည် လမ်း၏ ဘယ်ဘက်ခြမ်းဆီသို့ ဦးတည်ကာ အရှိန်အဟုန်ဖြင့် ပြေးဝင်သွား၏။

​“ရန်သူကို သတ်ကြစမ်း” အနက်ရောင် ဝတ်စုံဝတ် လူကြီးက သူ၏ စစ်သည်တော်များကို အမိန့်ပေးလိုက်၏။

​လုံချန်း ပြေးလာသည်ကို ကြည့်ကာ သူ၏ အနားသို့ မည်မျှကြာမှ ရောက်မည်အား ထိုသူက ခန့်မှန်းနေခြင်း ဖြစ်ပေသည်။ သို့သော် လုံချန်း ပြေးနေခြင်းမှာ နေရာပြောင်းခြင်း အကွာအဝေးအတွင်း ရောက်ရှိရန် ဖြစ်သည်ကို ထိုသူ မသိရှာချေ။

​စစ်သည်တော် ၅၀ ခန့်မှာ လုံချန်းထံသို့ ပြေးဝင်သွားကြပြီး အခြားလမ်းတစ်ဖက်မှ နောက်ထပ် စစ်သည် ၅၀ ခန့်ကလည်း လုံချန်းနောက်သို့ လိုက်လာကြ၏။

​လုံချန်းသည် ရှေ့နောက် စစ်သည်တစ်ရာ၏ ကြား၌ ပိတ်မိတော့မည့် အခြေအနေသို့ ရောက်ရှိသွားသော်လည်း နောက်ဆုံး မိနစ်၌ သူ၏ မျက်ဝန်းတို့သည် ကြယ်တာရာများကဲ့သို့ နက်မှောင်သွားပြီးနောက် သူသည် နေရာမှ ပျောက်ကွယ်သွားတော့၏။ သူသည် မီတာနှစ်ရာ အကွာအဝေးအတွင်းသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

​“ခေါင်းဆောင်ဆိုတာ ရှေ့ကနေ ဦးဆောင်ရတယ်ကွ၊ နောက်မှာ ပုန်းနေရတာ မဟုတ်ဘူး” တိုးညှင်းသော အသံတစ်သံသည် အနက်ရောင် ဝတ်စုံဝတ် တပ်မှူး၏ နားထဲသို့ ရောက်ရှိလာ၏။ ထိုသူ လုံးဝ မတုံ့ပြန်နိုင်မီမှာပင် သံချေးတက် ဓားမည်းကြီးသည် သူ၏ ရင်ဘတ်ကို ဖောက်ထွက်သွားတော့သည်။

​“ပထမတစ်ယောက်တော့ သွားပြီ။ လူတိုင်းကို ငါ မသတ်ခင် ဒုတိယတစ်ယောက်ကို ရှာလိုက်ဦးမယ်” လုံချန်းက ရေရွတ်လျက် သူ ပျောက်ကွယ်သွားသည့် နေရာကို လိုက်ရှာနေသော စစ်တပ်ကြီးဆီသို့ လျှောက်လှမ်းသွားတော့၏။

​အခြား အနက်ရောင် ဝတ်စုံဝတ် မြို့စားမင်းမှာမူ လုံချန်း၏ နေရာပြောင်းခြင်းကို မြင်တွေ့လိုက်ရသဖြင့် မိမိ၏ ဘေးကင်းရေးအတွက် စိုးရိမ်သွားချေပြီ။ သူသည် လက်ကို ကောင်းကင်သို့ မြှောက်လိုက်ရာ သူ၏ နောက်ကျောဘက်၌ အရိပ်မည်းကြီးတစ်ခု စတင် ပေါ်ထွက်လာလေသည်။

အခန်း (၇၆၆) ညစ်ပတ်ခြင်း

​အနက်ရောင် ဝတ်စုံဝတ် လူကြီး၏ နောက်ကျောဘက်တွင် အရိပ်မည်းကြီးတစ်ခု စတင် ပုံပေါ်လာ၏။ ထိုအရိပ်ကြီး ပီပြင်လာသည်နှင့်အမျှ ပတ်ဝန်းကျင် တစ်ခုလုံးမှာလည်း ရုတ်တရက် အေးစိမ့်သွားတော့သည်။

​၎င်းမှာ နှင်းဘီလူး တစ်ကောင်၏ အရိပ်ပင် ဖြစ်၏။ အပြာရောင် အသားအရေနှင့် ကတ္တရာစေးကဲ့သို့ နက်မှောင်သော မျက်ဝန်းများ ရှိပြီး ထိုလူကြီး၏ အရွယ်အစားထက် ၂၄ ဆခန့် ပိုမို ကြီးမားလေသည်။

​လုံချန်းသည် ထိုသူနှင့် အတော်လှမ်းလှမ်းတွင် ရှိနေသော်လည်း နှင်းဘီလူး၏ အရိပ်ကြီးကို ရှင်းလင်းစွာ မြင်နေရသလို ပတ်ဝန်းကျင် လေထု အေးစိမ့်လာသည်ကိုလည်း ခံစားနေရ၏။

​ထိုသူကို အမြန်ဆုံး သတ်ဖြတ်ရန် လိုအပ်သည်ဟု ဆုံးဖြတ်လိုက်ပြီးနောက် လုံချန်းသည် စစ်တပ်၏ အခြားတစ်ဖက်သို့ တဖန် ကူးပြောင်းလိုက်ပြန်ရာ စစ်သည်တော်များမှာ သူ မည်သည့် နေရာသို့ ရောက်သွားသနည်းဟု ဝေခွဲမရ ဖြစ်ကာ ထပ်မံ ဇဝေဇဝါ ဖြစ်ကုန်ကြပြန်သည်။

​အနက်ရောင် ဝတ်စုံဝတ် လူကြီးကမူ အရာအားလုံးကို မြင်တွေ့နေရသော်လည်း စိုးရိမ်ပုံ မပြချေ။ သူ၏ မျက်ဝန်းတို့မှာ အေးစက်သော ရေခဲပြင်များသဖွယ် ပြောင်းလဲသွားပြီး လုံချန်းအား စိုက်ကြည့်နေ၏။

​သူသည် လက်ကို မြှောက်ကာ လုံချန်းရှိရာသို့ ချိန်ရွယ်လိုက်ရာ နောက်က အရိပ်ကြီးကလည်း လိုက်ပါ လှုပ်ရှားလျက် ကြီးမားလှသော ရေခဲလက်ဝါးကြီးဖြင့် လုံချန်းကို ချိန်လိုက်တော့သည်။

​လုံချန်းသည် ထိုသူ၏ အနားသို့ ထပ်မံ၍ ကူးပြောင်းရန် ပြင်လိုက်သော်လည်း မလှုပ်ရှားနိုင်မီမှာပင် သူ၏ ခြေထောက်နှစ်ဖက်လုံး အေးခဲသွားသကဲ့သို့ ခံစားလိုက်ရ၏။ ရေခဲလွှာတစ်ခုမှာ သူ၏ ခြေထောက်များကို ရစ်ပတ်ကာ အေးခဲပစ်လိုက်ခြင်း ဖြစ်ပေသည်။

​“ဒီ စစ်ဝိညာဉ်တွေက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ။ နိယာမတစ်ခုကို တတ်မြောက်ထားတာနဲ့ မခြားဘူး။ လျှော့တွက်လို့ မရဘူးပဲ” လုံချန်းက ရေရွတ်ရင်း ထိုနေရာမှ ပျောက်ကွယ်သွားကာ ထိုသူနှင့် မီတာနှစ်ရာအကွာသို့ ရုတ်တရက် ရောက်ရှိသွားသဖြင့် မြို့စားမင်းမှာ မှင်တက်သွားရ၏။

​မြို့စားမင်း ထင်ထားသည်မှာ လုံချန်းသည် နေရာကူးပြောင်းခြင်းကို သုံးနေခြင်း မဟုတ်ဘဲ အလွန်အမင်း မြန်ဆန်လှသဖြင့် မျက်စိတစ်မှိတ်အတွင်း ရောက်လာခြင်း ဖြစ်သည်ဟုသာ ယူဆထားခြင်း ဖြစ်သည်။

​သူ၏ စိတ်ထဲ၌ လုံချန်း၏ ခြေထောက်ကို အေးခဲလိုက်လျှင် မလှုပ်ရှားနိုင်တော့ဟု ထင်ခဲ့သော်လည်း အခြေအနေမှာ သူ ထင်သလို ဖြစ်မလာခဲ့ချေ။ ထို့ကြောင့် သူသည် လုံချန်းတစ်ကိုယ်လုံးကို အေးခဲသွားစေရန် သူ၏ အစွမ်းရှိသမျှကို အသုံးချလိုက်တော့သည်။

​လုံချန်း၏ ပတ်ပတ်လည်တွင် ရေခဲလွှာများ ဖုံးလွှမ်းသွားပြီးနောက် သူသည် ရေခဲရုပ်တုကြီးတစ်ခုသဖွယ် ဖြစ်သွားတော့၏။

​အနက်ရောင် ဝတ်စုံဝတ် လူကြီးမှာ လုံချန်း ရေခဲရုပ်တု ဖြစ်သွားသည်ကို မြင်သောအခါ တဟားဟား ရယ်မောလေတော့သည်။ သူသည် ဓားကို ကိုင်ဆွဲလျက် ထိုရုပ်တုဆီသို့ ဖြည်းဖြည်းချင်း လှမ်းလျှောက်သွား၏။

​သူ၏ မျက်နှာထက်တွင် အောင်နိုင်သူ၏ အပြုံးဖြင့် ရုပ်တုအနားသို့ ချဉ်းကပ်သွားရာ နောက်က နှင်းဘီလူး အရိပ်ကြီးမှာလည်း ကွယ်ပျောက်သွားတော့သည်။

​သူသည် ရေခဲရုပ်တုနှင့် လက်မအနည်းငယ် အကွာတွင် ရပ်တန့်ကာ အကဲခတ်လိုက်၏။

​“ငါ့မြို့ထဲမှာ ဒီလောက်အထိ သေကြေပျက်စီးအောင် လုပ်ခဲ့တဲ့ မင်းရဲ့ အပြစ်ဟာ ဘဝပေါင်း ဆယ်ဘဝနဲ့တောင် မလုံလောက်ဘူး။ ဒါပေမဲ့ မင်းကို ဒီလို အလွယ်တကူ သေခွင့်ပေးလိုက်တာကိုပဲ ကျေးဇူးတင်လှည့်ဦး” ထိုသို့ ဆိုကာ သူ၏ ငွေရောင်ဓားကို မြှောက်၍ ရေခဲရုပ်တု၏ လည်ပင်းဆီသို့ လွှဲရိုက်လိုက်တော့သည်။

​ဓားတစ်ချက် အဝှေ့တွင် လည်ပင်းတစ်ခု ပြတ်တောက်သွားပြီး ဦးခေါင်းတစ်ခု မြေပေါ်သို့ လိမ့်ဆင်းသွား၏။ ထို့နောက် ငွေရောင်ဓားကြီး မြေပေါ်သို့ ကျသွားသော အသံကို ကြားလိုက်ရသည်။ ရေခဲရုပ်တုကြီးမှာမူ မည်သည်မျှမဖြစ်ဘဲ မူလအတိုင်း ရှိနေသော်လည်း အနက်ရောင် ဝတ်စုံဝတ် လူကြီးမှာမူ အသက်ပျောက်သွားချေပြီ။ သူ၏ ဦးခေါင်းမှာ မြေပြင်ပေါ်၌ ရှိနေပြီး ခန္ဓာကိုယ်မှာမူ ခေတ္တမျှ မတ်တပ်ရပ်နေသေးသော်လည်း ခဏအကြာတွင် မြေပေါ်သို့ ဝုန်းခနဲ လဲကျသွားတော့သည်။

​“တကယ် အေးတာပဲ...” လုံချန်းသည် ထိုအလောင်း၏ နောက်ဘက်တွင် မတ်တပ်ရပ်လျက် ချမ်းတုန်စွာ ရေရွတ်လိုက်၏။ သူ၏ လက်ထဲတွင်မူ မြို့စားမင်း၏ သွေးများ စွန်းထင်နေသော သံချေးတက် ဓားမည်းကြီး ရှိနေပေသည်။

​“ဒါပေမဲ့ ဒီရုပ်တုကတော့ ကြည့်လို့ကောင်းသားပဲ” သူသည် သူ၏ ရုပ်တုကိုပင် ချီးကျူးလိုက်ပြီးနောက် ကျန်ရှိနေသော အစောင့်များအား လှည့်ကြည့်လိုက်၏။

​သူ၏ အဝတ်အစားများမှာ ရေခဲရုပ်တုအတွင်း ပိတ်မိခဲ့သဖြင့် စိုစွတ်နေသော်လည်း သူ၏ ချီစွမ်းအင်ကို အသုံးပြုကာ ပြန်လည် ခြောက်သွေ့စေလိုက်လေသည်။

​သတ်ဖြတ်မှုကြီး ပြီးဆုံးသွားသောအခါ လုံချန်းသည် စစ်သည်တော် အားလုံးနီးပါးကို သတ်ဖြတ်နိုင်ခဲ့ပြီး အစောင့် နှစ်ဦးသာ ကျန်ရစ်တော့၏။

​သူသည် ထိုအစောင့် နှစ်ဦးအနက် တစ်ဦး၏ ရင်ဘတ်ကို ဓားဖြင့် ထိုးစိုက်လိုက်ပြီးနောက် ချမ်းတုန်စွာ ကျန်ရစ်နေသော နောက်ဆုံး အစောင့်အား လှည့်ကြည့်လိုက်၏။ ထိုအစောင့်မှာ ကြောက်လန့်လွန်းသဖြင့် မလှုပ်နိုင်ဘဲ ဖြစ်နေရှာသည်။

​“ဟေ့လူ... ခင်ဗျားက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ။ ကျွန်တော်တော့ ခင်ဗျားကို တကယ် ကြောက်သွားပြီ။ ကျွန်တော် ခင်ဗျားနဲ့ မတိုက်ချင်တော့ဘူး။ မသေချင်ရင် ကျွန်တော် ပြေးမှ ဖြစ်တော့မယ်။ ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်မလာပါနဲ့ဦး” လုံချန်းသည် နောက်ဆုံး အစောင့်ကို ကြည့်ကာ ပြောလိုက်၏။

​ထို့နောက် သူသည် ဝိညာဉ်ပုလွေကို မှုတ်လိုက်ရာ ဝိညာဉ်လင်းယုန်ကြီး ပေါ်လာပြီး ၎င်းပေါ်သို့ တက်ကာ ပျံသန်း ထွက်ခွာသွားတော့သည်။ ထိုအစောင့် တစ်ဦးတည်းသာ မှင်တက်လျက် အသက်ရှင် ကျန်ရစ်ခဲ့စေ၏။

​“ဘ... ဘာတွေ ဖြစ်သွားတာလဲ” အစောင့်မှာ ဝေးကွာသွားသော လုံချန်း၏ ကျောပြင်ကို ကြည့်ကာ ကြောင်အမ်းအမ်းဖြင့် ရေရွတ်လိုက်မိသည်။

​လုံချန်း ပျံသန်းသွားသည်ကို မြင်သောအခါ သူသည် ထိုနတ်ဆိုးကို မိမိက ပြေးအောင် လုပ်နိုင်ခဲ့ပြီဟု အမှန်တကယ် ယုံကြည်သွားတော့၏။ တိုက်ပွဲမှာ ပြီးဆုံးသွားချေပြီ။

​သူသည် ဓားကို ကောင်းကင်သို့ မြှောက်ကာ ဟိန်းဟောက်လိုက်သည်။ “နတ်ဆိုးကြီး ပြေးပြီဟေ့။ ငါတို့ နိုင်ပြီ”

​အနီးအနားရှိ အိမ်များတွင် ပုန်းအောင်းနေသော လူတို့သည် ထိုအသံကို ကြားသောအခါ အပြင်သို့ ထွက်လာကြတော့၏။ သူတို့သည် ဘေးကင်းသွားပြီ ဖြစ်ကြောင်းနှင့် ဤအစောင့် တစ်ဦးတည်းက အနိုင်ယူလိုက်သည်ဟု ထင်မှတ်ကာ ထိုအစောင့်အား နတ်ဘုရားတစ်ပါးသဖွယ် ဝိုင်းဝန်း ချီးကျူး ထောပနာ ပြုကြတော့လေသည်။

​စစ်တပ်နှင့် ဝေးရာသို့ ရောက်သောအခါ လုံချန်းသည် ဝိညာဉ်လင်းယုန်ပေါ်၌ မဲ့ပြုံးလေးဖြင့် ရပ်နေ၏။ သူသည် အနောက်ဘက်သို့ တစ်ချက် လှည့်ကြည့်လိုက်သည်။

​“ဘာလို့ နောက်ဆုံးတစ်ယောက်ကို အသက်ချမ်းသာ ပေးခဲ့တာလဲ” ရွှင်းသည် သူ၏ ဘေး၌ ပေါ်လာပြီး ဇဝေဇဝါဖြင့် မေးလိုက်၏။

​“သူက ကြောက်ဖို့ကောင်းတာကိုး။ ငါ သူနဲ့ မတိုက်ချင်တော့ဘူး။ သူ ငါ့ကို သတ်နိုင်တယ်လို့ ငါ ထင်လို့လေ” လုံချန်းက သက်ပြင်းချရင်း ဆို၏။

​“ဩော်... ဒါနဲ့ စကားမစပ်၊ နင် လောင်းကြေး ရှုံးသွားပြီနော်။ ငါ လူအားလုံးကို သတ်နိုင်လိမ့်မယ်လို့ နင် လောင်းခဲ့တာလေ။ အခုတော့ ငါ မသတ်နိုင်ဘဲ ထွက်ပြေးခဲ့ရပြီ။ အဲဒီတော့ နင် ငါ့ကို တစ်ခု ကြွေးတင်သွားပြီ” သူက ရွှင်းကို ကြည့်ကာ မချိပြုံး ပြုံးလိုက်၏။

​ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရွှင်း၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းလာပြီး လုံချန်းကို အော်ဟစ်တော့သည်။ “ဒီကောင်စုတ်။ နင် လောင်းကြေး နိုင်ချင်လို့ သက်သက်မဲ့ လုပ်တာပဲ။ ကြောက်ဖို့ကောင်းတဲ့ အစောင့် ဟုတ်လား... အလကား၊ နင် ဒါ ညစ်တာ”

​“ငါ မညစ်ပါဘူး။ ငါ တရားမျှမျှတတ နိုင်ခဲ့တာပါ” လုံချန်းက အပြစ်ကင်းစင်သော အပြုံးဖြင့် ဆို၏။

​“မတရားဘူး၊ ဒီလောင်းကြေးက အတည်မဖြစ်ဘူး” ရွှင်းက ပြင်းပြင်းထန်ထန် ကန့်ကွက်နေ၏။ လုံချန်းက သူမကို အရူးလုပ်သည်ဟု သူမ ယူဆနေပေသည်။

​“တရားပါတယ်ဗျာ။ ငါ ဘာမှ မလိမ်ခဲ့ပါဘူး။ လောင်းကြေးက ရိုးရိုးလေးပဲလေ။ ငါ လူဘယ်နှယောက် သတ်နိုင်မလဲ ဆိုတာပဲ။ အခု ငါ လူအားလုံးကို မသတ်ခဲ့ဘူး။ အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ်၊ ငါ လူအားလုံးကို သတ်ဖို့ ရှုံးနိမ့်ခဲ့တာဆိုတော့ ငါ နိုင်တာပေါ့” လုံချန်းက တဟားဟား ရယ်မောလိုက်၏။

​သူသည် ရွှင်း၏ ပါးပြင်ကို အသာအယာ ပုတ်လိုက်ပြီးနောက် ဝိညာဉ်လင်းယုန်ပေါ်တွင် ထိုင်လိုက်သည်။

​“ငါ ချီစွမ်းအင် မြှင့်တင်သီးကို စားတော့မယ်။ ငါ့အတွက် ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်ပေးထားဦး။ လမ်းမှာတင် ငါ ကျင့်ကြံဆင့် တက်လှမ်းတော့မှာ။ အန္တရာယ်ရှိမှ ငါ့ကို နှိုးပါ” ထိုသို့ ဆိုကာ သူ၏ အိတ်ကပ်ထဲမှ ပုပ်သိုးနေသော ပန်းသီးကို ထုတ်ယူ၍ စတင် စားသုံးလိုက်တော့၏။

​ပန်းသီးကို စားပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်အတွင်း၌ ထူးဆန်းသော စွမ်းအင်များ ပြည့်လျှံလာပြီး တစ်စထက်တစ်စ ပိုမို ပြင်းထန်လာသည်အား ခံစားလိုက်ရသည်။

​“အချိန်မဖြုန်းဘဲ စွမ်းအင်တွေကို စုပ်ယူတော့။ မဟုတ်ရင် ပိုလျှံနေတဲ့ စွမ်းအင်တွေကြောင့် နင့်ရဲ့ အခြေခံ ကျင့်ကြံမှုတွေ ပျက်စီးသွားလိမ့်မယ်” လုံချန်း၏ မျက်နှာ အမူအရာကို ကြည့်ကာ ရွှင်းက သတိပေးလိုက်၏။

​ရွှင်း၏ အကြံပေးချက်အတိုင်း လုံချန်းသည် မျက်လုံးကို မှိတ်ကာ သူ၏ ကျင့်ကြံခြင်း ပညာရပ်ကို အသုံးချလျက် ထိုစွမ်းအင်များအား သူ၏ ခန္ဓာကိုယ်နှင့် ကျင့်ကြံခြင်း နယ်ပယ်အတွင်းသို့ စုပ်ယူလိုက်တော့သည်။

​အချိန်တို့သည် တဖြည်းဖြည်း ကုန်ဆုံးသွားသော်လည်း လုံချန်းမှာမူ ကျင့်ကြံခြင်းအတွင်း၌သာ နစ်မြောနေ၏။ ထိုအချိန်အတွင်း၌ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိလာသော ကြီးမားလှသည့် စွမ်းအင်များကြောင့် သူ၏ ကျင့်ကြံဆင့်မှာ အံ့မခန်း တိုးတက်လာခဲ့သည်။ သူ၏ မြင့်မားလှသော ကျင့်ကြံခြင်း ပညာရပ်၊ ထူးကဲသော ခန္ဓာကိုယ်နှင့် များပြားလှသော ကျင့်ကြံခြင်း အတွေ့အကြုံတို့ကြောင့် နာရီအနည်းငယ်အတွင်းမှာပင် ကျင့်ကြံဆင့်များ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းနိုင်ခဲ့၏။

​ဒုတိယမြောက်နေ့တွင် ဝိညာဉ်လင်းယုန်ကြီးသည် အာရှာတိုင်းပြည်၏ မြို့တော်အနီးသို့ ဆိုက်ရောက်လာသောအခါ လုံချန်းသည် ဖြည်းညင်းစွာ မျက်လုံး ဖွင့်လိုက်တော့သည်။

​“နိုးလာပြီလား။ ငါတောင် နင့်ကို အတင်းနှိုးရတော့မလားလို့ ထင်နေတာ” ရွှင်းက ပြုံးလျက် ဆို၏။ “ဘယ်လို ခံစားရလဲ”

​“တကယ့်ကမ္ဘာမှာ ရှိခဲ့တဲ့ ကျင့်ကြံဆင့်ကို ပြန်ရောက်သွားတာ တကယ်ကို ကောင်းတာပဲ။ အခု ငါဟာ ကောင်းကင် အဆင့် ၃ ကျင့်ကြံသူ ဖြစ်သွားပြီ။ ဒီအသီးရဲ့ အာနိသင်က တကယ့်ကို အံ့ဩစရာပဲ” လုံချန်းက ပြုံးလျက် ဆိုလိုက်၏။

​သူသည် မတ်တပ်ရပ်ကာ အကြောဆန့်လိုက်ပြီး သမ်းဝေလိုက်သည်။ “ငါ နည်းနည်းတော့ ပင်ပန်းနေပြီ။ အိပ်ဖို့ လိုမယ် ထင်တယ်”

​သူသည် နဂါးစစ်သည်တော် ဝတ်စုံကို ချွတ်လိုက်ပြီး သာမန် အဝတ်အစားများကို လဲလှယ် ဝတ်ဆင်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ရန်သူတစ်ယောက်အနေဖြင့် မြို့ထဲသို့ မဝင်လိုသောကြောင့် ဖြစ်သည်။ အခြားမြို့များသို့ ချဉ်းကပ်ပုံနှင့် ဤနေရာ၌ သူ လုပ်ဆောင်ရမည့်အရာမှာ ကွဲပြားပေသည်။

​သူသည် ဤနေရာ၌ ရန်သူ မဖြစ်လိုဘဲ အခြား တစ်ခုခုသာ ဖြစ်လိုပေသည်။ ထို့ပြင် သူ လမ်းရှင်းပေးစရာလည်း မလိုတော့ချေ။ သူ၏ စစ်တပ် မြို့တော်ကို ပိုမိုမြန်ဆန်စွာ တိုက်ခိုက်နိုင်ရန်အတွက် အတားအဆီးများကို သူ လုံလောက်အောင် ရှင်းလင်းပေးခဲ့ပြီးပြီ ဖြစ်သည်။ ယခု သူ လုပ်ချင်သည်မှာ စစ်တပ် ရောက်လာသည်အထိ စောင့်ဆိုင်းပြီး ပွဲကြည့်ရန်သာ ဖြစ်ပေသည်။

​ပြီးခဲ့သော အကြိမ်က နဂါးစစ်သည်တော်များ၏ တိုက်ခိုက်မှုကြောင့် မြို့တော်အတွင်းသို့ ဝင်ရောက်ရန်မှာ အတန်ငယ် ခဲယဉ်းနေလေသည်။

All Chapters