← Chapters

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇) ဘာလုပ်သင့်သလဲ

​"လူလိမ်... " ယွဲ့ဖေးက စိတ်ကောက်သလို အမူအရာလေးနှင့် ပြောလိုက်ရာ သူမ၏အလှမှာ ပို၍ပင် ပေါ်လွင်သွားသည်။

​"ကျွန်တော် အမြဲတမ်း ရိုးသားပါတယ်လို့ ပြောပြီးသားပဲလေ မင်းသမီးရဲ့။ ကျွန်တော် မလိမ်ပါဘူး" လုံချန်းက ပြုံးလျက် ဆိုသည်။

​"ဪ... ဒါဆို မနေ့ညက အစ်ကို့ရှေ့မှာ ပြောတာတွေကရော ရိုးသားတာပဲလား။ အစ်ကို့ရဲ့ ကြီးကျယ်တဲ့ အောင်မြင်မှုတွေအကြောင်း ကျွန်မ ရှင်ကို ဘယ်တုန်းက ပြောပြမိလို့လဲ" သူမကလည်း ပြုံးရင်း ပြန်မေးသည်။

​"အာ... အဲဒါကတော့။ အဲဒီအချိန်တုန်းက သူ့ကို နောက်လိုက်တာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် အမြဲတမ်း ရိုးသားတယ်လို့ ပြောတာက လူတစ်ယောက်ကို ချီးကျူးတဲ့အခါမျိုးကို ဆိုလိုတာပါ" လုံချန်းက မျက်နှာသေနှင့်ပင် ပြန်ဖြေလိုက်သည်။

​"ငါ အပြင်ထွက်လာတိုင်း မင်းတို့နှစ်ယောက်က ဘာလို့ ချစ်သူရည်းစားလေးတွေလို တိုးတိုးတိတ်တိတ် စကားပြောနေကြတာလဲ။ ဟော... ညီလေး၊ ပစ္စည်းတွေ အကုန်သိမ်းပြီးပြီလား" ယွဲ့လွမ်က သူ၏တဲထဲမှ ထွက်လာရင်း မေးလိုက်သည်။

​"ဘာမှမဟုတ်ပါဘူး၊ မင်းသမီးဖေးကို နှုတ်ဆက်နေတာပါ။ ဟုတ်ကဲ့... ကျွန်တော် သွားဖို့ အချိန်တန်ပြီထင်တယ်။ အရှင့်တို့ နိုးလာတာကို စောင့်နေတာပါ" လုံချန်းက ပြုံးပြလိုက်သည်။

​"ဪ... အခုပဲ သွားတော့မှာလား။ ကောင်းပြီလေ၊ အနည်းဆုံးတော့ အရင်တစ်ခါလို တိတ်တိတ်လေး ခိုးမထွက်သွားတာပဲ တော်သေးတာပေါ့" ယွဲ့လွမ်က ဆိုသည်။

​"ဟုတ်တယ်... ဒီနေ့တော့ သူ တိတ်တိတ်လေး ထွက်မပြေးပါဘူး" ယွဲ့ဖေးက လုံချန်းကို ကြည့်ကာ ပြောလိုက်သည်။

​"အဲ... ဟုတ်ပါတယ်။ ကျွန်တော်က ဘာလို့ ထွက်ပြေးရမှာလဲ" ယွဲ့ဖေး၏ အကြည့်ကြောင့် လုံချန်းမှာ ခပ်ချဉ်ချဉ် အပြုံးမျိုးဖြင့်သာ ပြန်ပြောနိုင်တော့သည်။

​"အစ်ကိုယွဲ့လွမ်လည်း နိုးလာပြီဆိုတော့ ကျွန်တော် သွားတော့မယ်နော်။ ခရီးလမ်းတစ်လျှောက် အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။ ကျွန်တော်တို့ ပြန်ဆုံကြဦးမှာပါ၊ အဲဒီအချိန်ကို ကျွန်တော် မျှော်လင့်နေပါ့မယ်" လုံချန်းက နှုတ်ဆက်စကားပြောကာ လှည့်ထွက်လာခဲ့သည်။ သူ၏ နောက်ဆုံးစကားကို ပြောချိန်တွင် သူမကို တစ်ချက် စိုက်ကြည့်သွားသည်ကို ယွဲ့ဖေး သတိထားမိလိုက်သည်။

​"ပြန်ဆုံကြမှာပေါ့" ယွဲ့လွမ်က ပြုံး၍ နှုတ်ဆက်ကျန်ရစ်ခဲ့သည်။

​"အစ်ကို... သူက ဘာလို့ အစ်ကို့ကို အစ်ကိုလို့ ခေါ်နေတာလဲ" လုံချန်း ဝေးရာသို့ လျှောက်သွားစဉ် ယွဲ့ဖေးက ယွဲ့လွမ်ကို မေးနေသည့် အသံကို သဲ့သဲ့ကြားနေရသေးသည်။

​"သခင်လေး အထဲမှာ ဘယ်လောက်ကြာကြာ နေဦးမယ် ထင်လဲ။ ၂ ရက်တောင် ကျော်သွားပြီ" မေက သူမဘေးတွင် ထိုင်နေသော ရွှယ်ကို ကြည့်ကာ မေးလိုက်သည်။

​သူတို့နှစ်ဦးမှာ တောထဲတွင် လုံချန်း ကယ်တင်ခဲ့သော မိန်းကလေးများ ဖြစ်သည်။ လုံချန်းက သူတို့တောင်းဆိုချက်အရ လုံမျိုးနွယ်စု၏ အစေခံအဖြစ် လက်ခံမည်ဟု ပြောကာ မြင်းရထားနားတွင် စောင့်ခိုင်းထားခြင်း ဖြစ်သည်။ သူတို့ စောင့်နေသည်မှာ ၂ ရက်ရှိပြီ ဖြစ်သည်။

​"နင် ငါ့ကို ဒါပဲ မေးနေတာ ၁၀ ကြိမ်မကတော့ဘူး။ ငါ့အဖြေကလည်း အတူတူပဲလေ။ ငါ ဘယ်လိုလုပ် သိမှာလဲ၊ တစ်ရက်လည်း ဖြစ်နိုင်သလို တစ်ပတ်လည်း ဖြစ်နိုင်တာပဲ။ စောင့်နေရင်းနဲ့ပဲ သိရမှာပေါ့" ရွှယ်က စိတ်ပျက်လက်ပျက် ပြန်ဖြေသည်။

​"သခင်လေးက ငါတို့နဲ့ လမ်းခွဲတုန်းက တောနက်ထဲကို သွားတာလေ။ တောနက်ထဲမှာ အဆင့်မြင့် ဝိညာဉ်သားရဲတွေ ရှိတာ နင်လည်း သိသားနဲ့။ သခင်လေး ဘေးကင်းပါ့မလား" မေက ရွှယ်၏ စိတ်ပျက်နေမှုကို ဂရုမစိုက်ဘဲ ဆက်မေးနေသည်။

​ရွှယ်မှာ စိတ်ညစ်ညစ်နှင့် သူမ၏ နဖူးကို လက်နှင့် ရိုက်လိုက်မိသည်။ သို့သော် မေကတော့ ထပ်ခါထပ်ခါ မေးနေဆဲပင်။ ခေတ္တအကြာတွင် ရွှယ်သည် မေ့အနားသို့ တိုးသွားကာ သူမ၏ နားနားတွင် ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။

​"သခင်လေးက ဟိုလူတွေကို ငါတို့ရှေ့မှာတင် ဘယ်လောက် လွယ်လွယ် သတ်ပြခဲ့လဲဆိုတာ နင်လည်း မြင်သားပဲ။ သားရဲတွေလောက်နဲ့တော့ သူ မရှုံးပါဘူး။ သူ့ကို ယုံကြည်စမ်းပါ"

​ထိုအချိန်မှာပင် လုံချန်းသည် တောအုပ်ထဲမှ ထွက်ပေါ်လာပြီး မြင်းရထားရှိရာသို့ လျှောက်လာသည်။

​"သခင်လေးလုံ" လုံချန်းသည် အမျိုးသားတစ်ဦး၏ အော်ဟစ်သံကြောင့် ခြေလှမ်းရပ်လိုက်သည်။

​"ဘာကိစ္စလဲ" လုံချန်း လှည့်ကြည့်လိုက်ရာ သူ့ကို လှမ်းခေါ်သူမှာ နန်းတွင်း မြင်းရထားမောင်းသူ ဖြစ်နေသည်။

​ရွှယ်နှင့် မေတို့လည်း ထိုအသံကြောင့် လှည့်ကြည့်ရာ လုံချန်းကို မြင်သွားသဖြင့် ဝမ်းသာအားရ ပြေးလာကြသည်။

​"သခင်လေးလုံ... အထဲမှာ ကျွန်တော့်ရဲ့ သခင်လေးနဲ့ သခင်မလေးကို တွေ့ခဲ့လားဗျ" ဟု နန်းတွင်း ရထားမောင်းသူက မေးသည်။

​"တွေ့ခဲ့ပါတယ်။ ကျွန်တော် ပြန်ထွက်လာတော့ သူတို့က ရှေ့ကို ဆက်သွားနေကြတုန်းပဲ။ ထွက်လာဖို့ နည်းနည်း ထပ်ကြာဦးမယ် ထင်တယ်" လုံချန်းက ပြောပြီး သူ၏ မြင်းရထားဆီသို့ ဆက်လျှောက်သွားသည်။

​'ဒါပေါ့... ငါ့သခင်လေးတို့က နောက်မှ ထွက်လာမှာပေါ့၊ သူတို့က သန်မာတာကိုး။ ဒီကောင် ဒီလောက်စောစော ထွက်လာတာကြည့်ရင် သူက သိပ်မတော်လို့ ဖြစ်ရမယ်' ထိုရထားမောင်းသူက လုံချန်း၏အဖြေကို ကြားပြီး စိတ်ထဲမှ တွေးလိုက်သည်။

​"သခင်လေး" ရွှယ်နှင့် မေတို့က လုံချန်းကို နှုတ်ဆက်ကြသည်။

​"ရထားပေါ် တက်ကြရအောင်၊ ပြန်ဖို့ အချိန်တန်ပြီ" လုံချန်းက ပြောလိုက်သည်။

​လုံချန်းသည် ရထားမောင်းသူကို ပြန်ရန် အမိန့်ပေးလိုက်ပြီး အားလုံး ရထားထဲသို့ ဝင်လိုက်ကြသည်။ ရွှယ်က လုံချန်း၏ ညာဘက်တွင် ထိုင်ပြီး မေကတော့ ဘယ်ဘက်တွင် ထိုင်သည်။ လုံချန်းက ဘာမှမပြောဘဲ သူ၏ စာအုပ်ကို ထုတ်ဖတ်နေရင်းမှ နောက်ဆုံးတွင် အိပ်ပျော်သွားတော့သည်။

​သူသည် အိပ်မက်တစ်ခုထဲသို့ ရောက်သွားသည်။ သူ၏ ယခင်ဘဝက ကောလိပ်ကျောင်းသား ဘဝသို့ ပြန်ရောက်နေခြင်း ဖြစ်သည်။ သူသည် အသက် ၂၂၊ ၂၃ ခန့် ရှိပုံရပြီး ရွှယ်နှင့် မေတို့နှင့် အတိအကျ တူသော သူငယ်ချင်းမလေး နှစ်ယောက်နှင့်အတူ ကျောင်းပွဲတော်တစ်ခုသို့ သွားနေခြင်း ဖြစ်သည်။

​သူတို့ ၃ ယောက်စလုံး ကားနောက်ခန်းတွင် ထိုင်နေကြသည်။ ကားမောင်းနေစဉ် ရွှယ်နှင့် မေတို့၏ ပခုံးများမှာ လုံချန်းကို ခဏခဏ လာထိနေသော်လည်း လုံချန်းကတော့ မသိချင်ယောင်ဆောင်ကာ လက်ရှိ မြင်းရထားပေါ်မှာ ဖတ်နေသည့် စာအုပ်ကိုပင် ဆက်ဖတ်နေသည်။

​"အာ... လုံချန်း" လမ်းတစ်ဝက်ခန့် ရောက်သောအခါ ရွှယ်က တိုးတိုးလေး ခေါ်လိုက်သည်။

​"ဘာလဲ" လုံချန်းက စာအုပ်ကို မျက်တောင်မခတ်ဘဲ မေးသည်။

​"ကားကြုံ တင်ပေးလို့ ကျေးဇူးတင်ပါတယ်လို့ ထပ်ပြောချင်လို့ပါ"

​"အဲဒါ ပြောနေစရာ မလိုပါဘူး... ဟင်" လုံချန်း ပြန်ပြောနေစဉ်မှာပင် မေ့၏ ခေါင်းမှာ သူ၏ ပခုံးပေါ်သို့ မှီကျလာကာ အိပ်ပျော်သွားသည်ကို သတိထားမိလိုက်သည်။ ရွှယ်လည်း မြင်သွားသည်။

​"ရပါတယ်... သူ့ကို ပေးအိပ်လိုက်ပါ။ ကျောင်းရောက်မှ ငါ သူ့ကို နှိုးလိုက်မယ်" ရွှယ်က မေ့ကို နှိုးရန် ပြင်သော်လည်း လုံချန်းက တားလိုက်သည်။

​"အားနာလိုက်တာဟာ။ ငါတို့ နှစ်ယောက်လုံး လွန်ခဲ့တဲ့ ရက်ပိုင်းက ကောင်းကောင်း မအိပ်ရလို့ သူ အိပ်ပျော်သွားတာပါ" ရွှယ်က ရှက်ကိုးရှက်ကန်းနှင့် ပြောသည်။

​"ရပါတယ်၊ စိတ်မပူပါနဲ့" လုံချန်းက ပြုံး၍ ဆိုသည်။

​မေသည် လုံချန်း၏ ပခုံးပေါ်တွင် မှီ၍ အိပ်ပျော်နေစဉ် သူမ၏ ရင်သားအစုံမှာ လုံချန်း၏ လက်မောင်းနှင့် ထိကပ်နေသည်ကို သူ ခံစားနေရသည်။ လုံချန်းကတော့ လက်ကို မရွှေ့ဘဲ စာအုပ်ကိုသာ ဆက်ဖတ်နေသည်။

​ခေတ္တအကြာတွင် လုံချန်းသည် သူ၏ ခန္ဓာကိုယ်ထဲသို့ လျှပ်စစ်စီးသလို တုန်ခါသွားမှုကြောင့် စာဖတ်ရာမှ အာရုံလွင့်သွားသည်။ မေမှာ သူ၏ ပခုံးပေါ်တွင် အိပ်ပျော်နေဆဲ ဖြစ်သော်လည်း သူမ၏ လက်များမှာမူ လုံချန်း၏ ပေါင်ပေါ်သို့ ရောက်နေပြီး သူ၏ ညီလေးနှင့် လက်တစ်လုံးခန့်အကွာတွင် ရှိနေသည်။

​ရွှယ်မှာ အပြင်ဘက် ရှုခင်းကို ငေးကြည့်နေသဖြင့် ဒါကို မမြင်ပေ။

​'ဘာတွေ ဖြစ်နေတာလဲ။ ငါ ဘာလုပ်သင့်သလဲ... ငါ့စိတ်တစ်ဝက်ကတော့ ယောကျ်ားကောင်းပီပီ သူမရဲ့ လက်ကို အသာလေး ဖယ်ပေးသင့်တယ်လို့ ထင်ပေမဲ့၊ နောက်စိတ်တစ်ဝက်ကတော့ ဒီအတိုင်းလေးပဲ ထားချင်နေမိတယ်' လုံချန်းမှာ ဘာလုပ်ရမှန်းမသိဘဲ ဝေခွဲမရ ဖြစ်နေတော့သည်။

အခန်း (၄၈) အလှလေး၏ အနုကြမ်းစီး ခံရခြင်း

​လုံချန်း တစ်ယောက် ဝေခွဲမရဖြစ်နေစဉ် သူက အိပ်မက်ထဲ ရောက်နေကြောင်း သတိမထားမိခဲ့ပေ။ ထိုအချိန်တွင် မေ၏လက်က လှုပ်ရှားလာပြီး သူ၏ ညီလေး တည့်တည့်ပေါ် အုပ်မိုးလျက်သား ဖြစ်သွားသည်။

​'တောက်... အားနာနေလို့ မဖြစ်တော့ဘူး၊ လက်ကို ဖယ်မှဖြစ်မယ်' လုံချန်းက အတွေးများကို လက်လျှော့ပြီး သူမ၏လက်ကို ဖယ်ဖို့ ဆုံးဖြတ်လိုက်သည်။ မေ၏လက်က ထိုနေရာတွင် ရှိနေသောကြောင့် သူမလက်၏ နူးညံ့သည့် အထိအတွေ့ကို သူ အတိုင်းသား ခံစားနေရသည်။

​"ဒီနေ့ ခရီးက တော်တော်ကြာနေသလိုပဲနော်" သူ လက်ကို ဖယ်ဖို့ ပြင်လိုက်စဉ်မှာပင် ရွှယ့်၏ အသံထွက်လာသည်။ လုံချန်းသည် ချက်ချင်းပင် လက်ထဲက စာအုပ်ကို အောက်ဘက် အနည်းငယ် နှိမ့်ချပြီး သူပေါင်ပေါ်က အခြေအနေကို ရွှယ့်မမြင်အောင် ကွယ်လိုက်သည်။

​"အင်း... ရောက်ခါနီးပါပြီ၊ ခဏလေးပါပဲ။ ကားတွေ ပိတ်နေလို့ နောက်ကျနေတာပါ" လုံချန်းက ဘာမှမဖြစ်သလို မျက်နှာထားနှင့် ပြန်ပြောလိုက်သည်။

​"ဪ... ကျောင်းကို မြန်မြန်ရောက်ချင်လှပြီ။ ကျောင်းမရောက်ခင် မေ နိုးလာရင် ကောင်းမှာပဲ" ရွှယ့်က မေ့မျက်နှာကို ကြည့်ရင်း ပြောသည်။

​"အင်း... နိုးလာမှာပါ" လုံချန်းက ရွှယ့်ကို ကြည့်ပြီး အတည်ပေါက် ပြောနေရပေမည့် စိတ်ထဲတွင်တော့ တော်တော်လေး ထိန်းနေရသည်။

​"ဒါနဲ့... ကျောင်းပြီးရင် နင်တို့ ဘာလုပ်ဖို့ စီစဉ်ထားလဲ" လုံချန်းက စကားလမ်းကြောင်းလွှဲဖို့ မေးလိုက်သည်။

​"ငါနဲ့ မေနဲ့က နှစ်ယောက်တည်း ရှိတာလေ။ အမေက လွန်ခဲ့တဲ့ နှစ်တွေကတည်းက ရောဂါနဲ့ ဆုံးသွားခဲ့တာ၊ အဖေကလည်း လွန်ခဲ့တဲ့ လပိုင်းကမှ ဆုံးသွားတာ။ နယ်မှာ အိမ်နဲ့ ခြံရှိတော့ အဲဒီကိုပဲ ပြန်ပြီး အခြေချဖို့ စဉ်းစားထားတယ်" ရွှယ်က ဆိုသည်။

​"ဪ... စိတ်မကောင်းပါဘူးဟာ" လုံချန်းက ရွှယ်၏ မျက်လုံးများကို စိုက်ကြည့်ရင်း အားပေးစကား ပြောလိုက်သည်။

​လုံချန်း၏ အားပေးစကားနှင့် အပြုံးကြောင့် ရွှယ် ရင်ခုန်သံများ မြန်လာတော့သည်။ "ကျေးဇူးပါပဲဟာ" သူမက ပြန်ပြောသည်။

​"ရပါတယ်..." လုံချန်းက ပြန်ပြောဖို့ ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အသက်ရှူရပ်မတတ် ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် မေက သူ၏ ညီလေးကို သန့်ရှင်းသည့် ဓားလက်ကိုင်တစ်ခုကဲ့သို့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သောကြောင့်ပင်။

​'ဒီကောင်မလေး ဘာတွေ အိပ်မက်မက်နေတာလဲ၊ ဒါမှမဟုတ် တမင်တကာ လုပ်နေတာလား' လုံချန်း စိတ်ထဲတွင် အော်ဟစ်နေမိသည်။

​"အာ... တောင်းပန်ပါတယ်၊ ခဏ အာရုံလွင့်သွားလို့။ ကျေးဇူးတင်စရာ မလိုပါဘူးလို့ ပြောမလို့ပါ" လုံချန်းက ရွှယ်ကိုသာ အာရုံစိုက်ဖို့ ကြိုးစားရင်း ပြုံးပြလိုက်သည်။

​"ကျေးဇူးတင်ရမှာပေါ့၊ ဒါက ယဉ်ကျေးမှုပဲလေ" ရွှယ့်က ပြုံးပြီး ပြောသည်။

​ခဏကြာ စကားပြောပြီးနောက်တွင် ရွှယ်က ပြတင်းပေါက်မှ အပြင်ဘက်သို့ ပြန်ငေးကြည့်နေသည်။

​'သူမရဲ့ အသက်ရှူသံအရဆိုရင်တော့ အိပ်ချင်ဟန်ဆောင်နေတာ မဟုတ်ဘူး' လုံချန်းက အိပ်ပျော်နေဆဲဖြစ်သည့် မေ့ကို ကြည့်ရင်း တွေးမိသည်။

​လုံချန်းက ဘယ်ဘက်လက်က စာအုပ်ကို မဖယ်ဘဲ ဆက်ကိုင်ထားသည်။ ရွှယ်က မည်သည့် အချိန်တွင် ရုတ်တရက် လှည့်ကြည့်လာမည်ဆိုသည်အား သူ မသေချာသောကြောင့်ပင်။

​ရွှယ့် လှည့်မလာအောင် သူ သတိထား စောင့်ကြည့်နေစဉ်မှာပင် မေက သူ၏ဓားကို ဟိုဘက်ဒီဘက် လှုပ်ယမ်းပြီး ကစားစရာတစ်ခုကဲ့သို့ ဆော့ကစားနေသည်။ လုံချန်းသည်တော့ အသံထွက်မသွားအောင် အစွမ်းကုန် အောင့်ထားရသည်။

​'လက်ကို ဖယ်မှဖြစ်မယ်၊ ငါ ဘာမှမလုပ်ဘဲ ငြိမ်နေတာတောင် ဒါက မတော်ဘူး' လုံချန်းက စာအုပ်အောက်မှ ညာဘက်လက်ကို လျှိုသွင်းပြီး မေ နိုးမသွားအောင် သူမ၏ လက်ကောက်ဝတ်ကို အသာအယာ ဆွဲဖယ်ဖို့ ကြိုးစားလိုက်သည်။

​'သူသာ အခုနိုးလာရင်တော့ ငါ တော်တော် မျက်နှာပူစရာ ဖြစ်တော့မှာပဲ' လုံချန်း စိတ်ပူနေမိသည်။

​မေသည်လည်း သူမ၏အိပ်မက်ထဲတွင် အိပ်မက်မက်နေသည်။ သူမက အမျိုးသား ဓားသိုင်းပြိုင်ပွဲတစ်ပွဲတွင် ဝင်ပြိုင်နေခြင်း ဖြစ်သည်။ သူမ၏ အစ်မနှင့် လုံချန်းက ပွဲကြည့်စင်ပေါ်မှ အားပေးနေကြသည်။ သူမ ရှုံးတော့မည့် အခြေအနေတွင် ဓားကို ပို၍ တင်းတင်းဆုပ်ကိုင်ပြီး ပြန်လည် တိုက်စစ်ဆင်လိုက်တော့သည်။

​ပြိုင်ဘက်၏ ဓားနှင့် သူမ၏ မြင့်မြတ်သော ဓားကြားတွင်း အပြန်အလှန် တိုက်ခိုက်နေရင်း အသာစီးရလာသည့် အချိန်မှာပင် ရုတ်တရက် ရန်သူက သူမ၏ လက်ကောက်ဝတ်ကို လာဖမ်းပြီး ဓားကို လွှတ်ချအောင် လုပ်ဖို့ ကြိုးစားလာသည်။

​လုံချန်းသည် မေ နိုးသွားမည် စိုးသဖြင့် အားမသုံးဘဲ လက်ကို ဖယ်ဖို့ ကြိုးစားနေသော်လည်း မအောင်မြင်သည့်အပြင် အခြေအနေက ပို၍ပင် ဆိုးလာသည်။ သူက လက်ကို အပေါ်ဆွဲတင်လေ မေက ပိုပြီး တင်းတင်းဆုပ်ကာ အောက်ကို ပြန်ဆွဲချလေ ဖြစ်နေသည်။

​လုံချန်းသည် ဤအခြေအနေက အန္တရာယ်ရှိလာပြီ ဖြစ်ကြောင်း ခံစားလိုက်သည်။ သူက ယောကျ်ားကောင်းပီပီ ဖယ်ပေးဖို့ ကြိုးစားပေမည့် ရလဒ်ကတော့ ဆန့်ကျင်ဘက် ဖြစ်နေပြီး မေက သူ့ကို ပညာပေးနေသလိုမျိုး ခံစားနေရသည်။

​ရုတ်တရက် ရွှယ် လှည့်ကြည့်လာသည်ကို မြင်လိုက်ရာ လုံချန်းသည် ညာဘက်လက်အား အမြန် ပြန်ထုတ်လိုက်သည်။ မေ၏လက်သည်မူ သူ၏ ယောက်ျားပီသမှုပေါ်တွင် ဆုပ်ကိုင်ထားဆဲပင်။ လုံချန်း စာအုပ်ကို စာမျက်နှာ တစ်ရွက်လှန်ပြီး အာရုံစိုက် ဖတ်နေသလို ဟန်ဆောင်လိုက်သည်။

​"ဟဲ့... နင် အဲဒီစာအုပ်ကိုပဲ ဖတ်နေတာပဲ။ အဲဒီစာအုပ်က အဲလောက်တောင် ကောင်းလို့လား" ရွှယ့်က ရိုးရိုးသားသား မေးသည်။

​"ဒီစာအုပ်လား။ အင်း... ကောင်းပါတယ်။ အတိတ်က ဝမ်းနည်းစရာ သမိုင်းကြောင်းရှိတဲ့ လူတစ်ယောက်ရဲ့ စွန့်စားခန်းပုံပြင်လေ" လုံချန်းသည် မေလက်ဆော့နေမှုကြောင့် အာရုံများ ထွေပြားနေသည့်ကြားမှ အသည်းအသန် ပြန်ဖြေလိုက်ရပါတယ်။

​"ဪ... အေးပါ၊ မေ နိုးလာရင်လည်း ပြောပြလိုက်ဦးမယ်။ ငါတို့လည်း ဖတ်ကြည့်ရအောင်" ရွှယ့်က ပြုံးပြီး ပြောသည်။

​"အဲဒါ ပိုကောင်းတာပေါ့"

​ထိုအခြေအနေက တော်တော်လေး ကြာသွားသည်။ မေက လက်ကို မလွှတ်တဲ့အပြင် ဟိုဟိုဒီဒီပါ လှုပ်ရှားနေသောကြောင့် လုံချန်းသည် နောက်ဆုံးတွင် လက်လျှော့ပြီး သူမ၏နူးညံ့သော လက်အထိအတွေ့ကိုသာ ခံစားနေလိုက်တော့သည်။

​"နင် ငါ့ကို ဘယ်တော့မှ မနိုင်ဘူး" မေက သူမ၏အိပ်မက်ထဲတွင် အောင်နိုင်သူအပြုံးဖြင့် တီးတိုး ရေရွတ်လိုက်သည်။ နောက်ဆုံးတွင် သူမ ခေါင်းက လှုပ်ရှားလာပြီး နိုးတော့မည့်အရိပ်အယောင် ပြလာသည်။ လုံချန်းသည် ဤအခြေအနေကို မည်သို့ ဖြေရှင်းရမည်မှန်း မသိတော့ပေ။

​မေက မျက်လုံးကို တဖြည်းဖြည်း ဖွင့်လိုက်ပြီး သတိပြန်ဝင်လာသည်။ သူမ ခေါင်းက လုံချန်း၏ ပခုံးပေါ်တွင် ရှိနေဆဲ ဖြစ်သည်။ တစ်ခုခုကို စဉ်းစားဖို့ မပြင်နိုင်ခင်မှာပင် ထူးဆန်းသည့် အရာတစ်ခုကို သူမ ခံစားလိုက်ရသည်။

​'ဟင်... ဒါ ဘာကြီးလဲ'

​သူမ လက်က ဓားလက်ကိုင်တစ်ခုကို ဆုပ်ကိုင်ထားသလို ဖြစ်နေကြောင်း သူမ ခံစားမိသည်။ သူမ လက်ရှိရာကို ငုံ့ကြည့်လိုက်သည့်အခါ မြင်လိုက်ရသော အရာကြောင့် အလွန်အမင်း တုန်လှုပ်သွားတော့သည်။

​"အား..." အော်ဟစ်သံက သူမ ပါးစပ်မှ ထွက်သွားပြီး မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။ သူမ၏ အော်သံကြောင့် ရွှယ်က လှည့်ကြည့်လိုက်ရာ မေ၏လက်က မည်သည့်နေရာသို့ ရောက်နေကြောင်း အတိုင်းသား မြင်သွားတော့သည်။

All Chapters