← Chapters

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း (၈၃) - ထူးဆန်းသော အကာအကွယ်အတားအဆီး

​"ဘုရင်မ မီယာက ငါတို့ကို အကူအညီ တောင်းလာတယ်" တန်ရှာက လေးနက်သော မျက်နှာ အမူအရာဖြင့် ရွှီကို ပြောလိုက်သည်။

​"သူက ဘာလို့ ငါတို့ အကူအညီကို လိုအပ်ရတာလဲ" ရွှီက ဇဝေဇဝါ ဖြစ်နေသော မျက်နှာပေးဖြင့် မေးလိုက်၏။

​"အင်အားကြီးမားတဲ့ မကောင်းဆိုးဝါး စစ်တပ်ကြီးက ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ ရည်ရွယ်ချက်နဲ့ သရဲမျိုးနွယ်စုဆီကို ချီတက်နေတယ်။ သူတို့ လမ်းကြောင်းမှာရှိတဲ့ မျိုးနွယ်စုငယ်လေးတွေကိုလည်း သတ်ဖြတ်လာကြတယ်။ ဘုရင်မ မီယာက မကောင်းဆိုးဝါးတွေကို တိုက်ခိုက်ဖို့ ငါတို့ မျိုးနွယ်စုရဲ့ အကူအညီကို တောင်းလာတာပဲ" တန်ရှာက ရှင်းပြလိုက်သည်။

​"ဒါကို ငါတို့ သေသေချာချာ ဆွေးနွေးဖို့ လိုလိမ့်မယ်။ ဒီမှာ ခဏစောင့်ပါဦး၊ ငါတို့ အခုပဲ ပြန်လာခဲ့ပါ့မယ်" ရွှီက ခဏမျှ စဉ်းစားပြီးနောက် သံတမန်ကို ပြောလိုက်ပြီး ရှားနှင့် တာရာတို့ကို ထားရစ်ကာ တန်ရှာနှင့်အတူ ထွက်လာခဲ့သည်။

​လျှို့ဝှက်ခန်းမတစ်ခုအတွင်း တန်ရှာနှင့် ရွှီတို့သည် စားပွဲ၏ တစ်ဖက်တစ်ချက်စီတွင် ထိုင်ကာ ဆွေးနွေးမှု စတင်လိုက်ကြသည်။

​"ကြည့်ရတာ အဲဒီလူသားက သရဲမျိုးနွယ်စုမှာ ခဏလေးပဲ နေခဲ့ပေမဲ့ မကောင်းဆိုးဝါး မျိုးနွယ်စုကတော့ အဲဒီမှာ လူသားရှိနေတာကို တစ်နည်းနည်းနဲ့ သိသွားပုံရတယ်။ အရင် စစ်ပွဲကြီးအတွက် လက်စားချေဖို့ လာနေကြတာ သေချာတယ်။ ဆရာကြီးချန်းကို အဲဒီကို ပို့လိုက်တဲ့ ငါတို့ရဲ့ ဆုံးဖြတ်ချက်က အစီအစဉ်အတိုင်း ငါတို့ဘက်ကို အကျိုးအမြတ် ရစေခဲ့တာပဲ။ အခုတော့ စစ်ပွဲက သရဲမျိုးနွယ်စုရဲ့ ပတ်ဝန်းကျင်မှာပဲ ဖြစ်လာတော့မှာဆိုတော့ ငါတို့ရဲ့ အပြစ်မဲ့ ပြည်သူတွေ ဘေးကင်းသွားပြီပေါ့" ရွှီက တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။

​"အဲဒီ စစ်ပွဲက ဆရာကြီးချန်းကြောင့် ဖြစ်လာတာလို့ မင်း ဘယ်လို သေချာပြောနိုင်တာလဲ" တန်ရှာက မေးမြန်းလိုက်၏။

​"အဲဒါ မဟုတ်ရင် တခြား ဘာရှိဦးမှာလဲ။ သူ အဲဒီမှာ ခဏနေခဲ့ပြီး လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကမှ ငါတို့ဆီ ပြန်ရောက်လာတာ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီကတည်းက တိုက်ခိုက်ခြင်း မရှိခဲ့တဲ့ မကောင်းဆိုးဝါး မျိုးနွယ်စုက အင်အားအကြီးဆုံး မျိုးနွယ်စု၊ အထူးသဖြင့် လူသားတစ်ယောက် နေထိုင်ခဲ့တဲ့ မျိုးနွယ်စုကိုမှ ရုတ်တရက် တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တာလေ။ ခန့်မှန်းရတာ လွယ်ပါတယ်" ရွှီက ပြန်ဖြေလိုက်သည်။

​"ခင်ဗျား ပြောတာ မှန်ပါတယ်။ စစ်ပွဲက ငါတို့ အနီးအနားမှာ မဖြစ်တော့ဘဲ ငါတို့ မျိုးနွယ်စုက ကလေးတွေနဲ့ လူကြီးတွေ စစ်မီးကြားမှာ မသေရတော့တာက ကောင်းတဲ့အချက် ဖြစ်ပေမဲ့၊ သရဲမျိုးနွယ်စုက အပြစ်မဲ့ ပြည်သူတွေအတွက်တော့ ငါ စိတ်မကောင်းဖြစ်မိတယ်။ သူတို့ဆီမှာလည်း ကလေးတွေ ရှိမှာပဲလေ" တန်ရှာက စိတ်မကောင်းဖြစ်ဟန်ဖြင့် ပြောလိုက်သည်။

​"အဲဒါကို စိတ်မကောင်းဖြစ်နေစရာ မလိုပါဘူး။ မကောင်းဆိုးဝါးတွေက အဲဒီလူသားအကြောင်း သိသွားဖို့ဆိုတာ အချိန်တစ်ခုပဲ လိုတာလေ။ တကယ်လို့ သိသွားရင်လည်း သူတို့က ငါတို့ကို ကျိန်းသေ တိုက်ခိုက်မှာပဲ။ ဒါက ငါတို့ ဖြစ်မလား၊ ဒါမှမဟုတ် တခြား မျိုးနွယ်စု ဖြစ်မလားဆိုတဲ့ ကိစ္စပဲ။ ငါတို့အတွက်ကတော့ ငါတို့ မျိုးနွယ်စုဝင်တွေရဲ့ ဘေးကင်းရေးက အရေးကြီးဆုံးပဲ" ရွှီက တန်ရှာကို ကြည့်ကာ ပြောလိုက်၏။

​"ပြီးတော့ တခြား မျိုးနွယ်စုတွေထဲမှာ သရဲမျိုးနွယ်စုကပဲ သူတို့ရဲ့ ကာကွယ်ရေး အတားအဆီးနဲ့ မကောင်းဆိုးဝါးတွေရဲ့ တိုက်ခိုက်မှုကို တခြား မျိုးနွယ်စုတွေ ပြင်ဆင်ပြီး အကူအညီ လာပေးနိုင်တဲ့အထိ အကြာဆုံး ခုခံထားနိုင်မှာပါ" ရွှီက ပြတ်သားသော အမူအရာဖြင့် ဆက်ပြောသည်။

​"မင်း ပြောတာလည်း ဟုတ်မှာပါ။ အခု ငါတို့ ရည်မှန်းချက် အောင်မြင်ပြီး စစ်ပွဲကို ငါတို့ နယ်မြေကနေ ဝေးရာကို ဆွဲထုတ်နိုင်ခဲ့ပြီဆိုတော့၊ သူတို့ကို အကူအညီပေးပြီး ငါတို့ရဲ့ တာဝန်ကို ကျေပွန်အောင် လုပ်ရမယ့် အချိန် ရောက်ပြီပေါ့" တန်ရှာက အနည်းငယ် ပြုံးလျက် ပြောလိုက်သည်။

​"ဟုတ်တာပေါ့၊ သူတို့ကို အမြစ်ပြတ် သုတ်သင်ခံရတာမျိုးတော့ ငါတို့ ခွင့်မပြုနိုင်ဘူး။ တခြား မျိုးနွယ်စုတွေ မျိုးတုန်းသွားလို့ ငါတို့က အင်အားအကြီးဆုံး ဖြစ်လာတာမျိုးကို ငါ မလိုချင်ပါဘူး။ ဒါပေမဲ့ တခြား မျိုးနွယ်စု အားနည်းသွားလို့ ငါတို့က အင်အားအကြီးဆုံး ဖြစ်လာတာမျိုးကိုတော့ ငါ လက်ခံနိုင်ပါတယ်။ ဒါကြောင့် မင်းရဲ့ တရားဝင် ဆုံးဖြတ်ချက်ကို ပြောပါ၊ ငါ ပြင်ဆင်ထားလို့ ရအောင်" ရွှီက ပြုံးလျက် ဆိုသည်။

​"မှင်စာ မျိုးနွယ်စုက သရဲမျိုးနွယ်စုကို သွားကူညီမယ်။ ဒါပေမဲ့ အခြေအနေက အရမ်း ဆိုးရွားလာမယ်ဆိုရင်တော့ ငါတို့ မျိုးနွယ်စုဝင်တွေရဲ့ အသက်က အဓိက ဖြစ်တဲ့အတွက် ငါတို့ ပြန်ဆုတ်ကြမယ်" တန်ရှာက လေးနက်စွာ ပြောလိုက်သည်။

​"ကောင်းပါပြီ၊ ဒါဆို သရဲမျိုးနွယ်စုက သံတမန်ကို ငါတို့ ဆုံးဖြတ်ချက် သွားပြောပြီး အရာအားလုံး ပြင်ဆင်ကြစို့" ရွှီက ထရပ်လိုက်ပြီး တန်ရှာနှင့်အတူ တံခါးဆီသို့ လျှောက်သွားလေသည်။

​သူတို့ ခန်းမထဲသို့ ဝင်လိုက်သောအခါ သရဲမျိုးနွယ်စုမှ သံတမန်မှာ ထိုနေရာတွင်ပင် ရှိနေသေးပြီး တာရာနှင့် ရှားတို့က တွေ့ရှိခဲ့သော မကောင်းဆိုးဝါး စစ်တပ်နှင့် ပတ်သက်၍ မေးခွန်းများ မေးမြန်းနေကြသည်ကို တွေ့ရသည်။ သံတမန်သည် တန်ရှာကို မြင်လိုက်ရသည်နှင့် မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်၏။

​"ငါတို့ သရဲမျိုးနွယ်စုကို သွား ကူညီဖို့ ဆုံးဖြတ်လိုက်ပြီ။ အဲဒီ ရိုင်းစိုင်းတဲ့ မကောင်းဆိုးဝါးတွေကို အစွမ်းကုန် တိုက်ခိုက်သွားမှာပါ" တန်ရှာက ပြတ်သားစွာ ကြေညာလိုက်သည်။

​"အဘိုးကြီး ရွှီ၊ မင်း သုံးရက်အတွင်း ငါတို့ စစ်တပ်ကို အသင့်ပြင်ထားပေးပါ။ ပြီးရင် ငါတို့ ထွက်ခွာမယ်။ အဲဒီအချိန်အထိ သံတမန်ကို ငါတို့ မျိုးနွယ်စုမှာ ခဏနေခိုင်းလိုက်ပါ" တန်ရှာက ရွှီကို ကြည့်ကာ ပြောလိုက်၏။

​"မျိုးနွယ်စု ခေါင်းဆောင် တန်ရှာ... ခင်ဗျားတို့ အမြန်ဆုံး ပြင်ဆင်နိုင်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်။ မကောင်းဆိုးဝါး စစ်တပ်က မကြာခင် မျိုးနွယ်စုဆီ ရောက်တော့မှာ ဖြစ်လို့ အချိန်ဆွဲနေမယ်ဆိုရင် ကျုပ်တို့ မျိုးနွယ်စုတစ်ခုလုံး ပျက်စီးသွားနိုင်ပါတယ်။ ဒါကို ခင်ဗျားတို့ တံခါးဝမှာ မကောင်းဆိုးဝါး စစ်တပ် ရောက်နေသလိုမျိုး အလေးအနက်ထားပေးဖို့ ကျုပ် တောင်းပန်ပါတယ်" သံတမန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

​"အဲလို ပြောစရာ မလိုပါဘူး။ မင်းတို့ဆီမှာ ရှိတဲ့ ကာကွယ်ရေး အတားအဆီး အကြောင်းကို ငါ မသိရလောက်အောင် မအ,ပါဘူး။ အဲဒီ အတားအဆီးက မကောင်းဆိုးဝါး ဧကရာဇ်တွေတောင် ခုနစ်ရက်လောက် အဝင်မခံနိုင်ဘူး မဟုတ်လား။ ဒါကြောင့် အချိန်ရတုန်း ငါတို့ အကောင်းဆုံး ပြင်ဆင်ချင်တာပါ" တန်ရှာက ပြန်ပြောလိုက်၏။

​"ကျုပ်တို့ဆီမှာ အတားအဆီး မရှိတော့ဘူး။ ကျုပ်တို့ မျိုးနွယ်စုဝင်တွေနဲ့ တိုက်ပွဲမဝင်နိုင်တဲ့ အပြစ်မဲ့ သူတွေကို ကာကွယ်ပေးမယ့် အရာ ဘာမှ မရှိတော့ဘူး" သံတမန်က တောင်းပန်တိုးလျှိုးနေသော မျက်လုံးများဖြင့် တန်ရှာကို ကြည့်ကာ ပြောလိုက်သည်။

​"မင်းတို့ရဲ့ အတားအဆီးက ဘာဖြစ်သွားတာလဲ" တန်ရှာက ဇဝေဇဝါ ဖြစ်လျက် မေးလိုက်၏။

​"တစ်ယောက်ယောက်က ဖျက်ဆီးလိုက်တာပါ" သံတမန်က ခါးသီးစွာ ပြောလိုက်သည်။

​"သရဲမျိုးနွယ်စုရဲ့ ကာကွယ်ရေး အတားအဆီးကို ဖျက်ဆီးနိုင်လောက်အောင် ဘယ်သူက အဲလောက် အစွမ်းထက်လို့လဲ။ စစ်တပ် မရောက်ခင် မကောင်းဆိုးဝါး ဧကရာဇ် တစ်ပါးပါး အရင်ရောက်လာလို့လား။ ဒါဆိုရင် ဘာလို့ ငါတို့ကို စောစော မပြောတာလဲ" တန်ရှာက ထိတ်လန့်တကြား မေးလိုက်သည်။

​"အဲဒါ မကောင်းဆိုးဝါး ဧကရာဇ် လုပ်တာ မဟုတ်ဘူး... ခင်ဗျားတို့ ကျုပ်တို့ဆီ ပို့လိုက်တဲ့ အဲဒီလူသား လုပ်လိုက်တာ" သံတမန်က ရှားနှင့် တာရာတို့ကို ကြည့်ရင်း ပြောလိုက်သည်။

​ထိုစကားကို ကြားလိုက်ရသည်နှင့် လူတိုင်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ဘာပြောရမှန်း မသိအောင် ဖြစ်သွားကြသည်။ အထူးသဖြင့် တာရာနှင့် ရှားတို့ပင်။

​"ဒါ... ဒါ မဖြစ်နိုင်တာ။ သူ အဲဒီမှာ တစ်ပတ်တောင် မနေခဲ့ဘူးလေ၊ သူက ဘယ်လိုလုပ် အဲဒီအတားအဆီးကို ဖျက်ဆီးနိုင်မှာလဲ။ ပြီးတော့ သူက ဘာလို့ အဲဒီလို လုပ်ရမှာလဲ" ရွှီက သံတမန်ကို စိုက်ကြည့်ရင်း အော်ပြောလိုက်သည်။

​"သူ အဲဒီမှာ တစ်ပတ်နေဖို့ မလိုပါဘူး၊ အဲဒီအတားအဆီးကို သုံးချက်တည်းနဲ့ ဖျက်ဆီးလိုက်တာ" သံတမန်က ထိုနေ့က သူမြင်ခဲ့ရသော မြင်ကွင်းကို ပြန်လည် အမှတ်ရရင်း ဖြေလိုက်ရာ အခြားသူများကို ထပ်မံ ထိတ်လန့်စေပြန်သည်။

​"ဘာလို့ လုပ်တာလဲ ဆိုတော့၊ သူနဲ့ ကျုပ်တို့ ဘုရင်မကြားမှာ တစ်ခုခု နားလည်မှု လွဲမှားပြီး တိုက်ပွဲ ဖြစ်ခဲ့ကြလို့ပါ" သံတမန်က စကားလုံးကို ဂရုတစိုက် ရွေးချယ်ရင်း ပြောလိုက်သည်။

​"သူ အစွမ်းထက်မှန်း ငါ သိပေမဲ့ ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ မထင်ခဲ့မိဘူး" တန်ရှာက သံတမန်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။

​'ငါတို့ သူ့အပေါ် ယဉ်ယဉ်ကျေးကျေး ဆက်ဆံခဲ့တာ ကံကောင်းတာပဲ' ရှားက သံတမန်ကို ကြည့်ရင်း တွေးလိုက်မိသည်။

​"ကောင်းပြီ၊ ငါတို့ ပိုမြန်မြန် ပြင်ဆင်ပါ့မယ်။ ဒါပေမဲ့ မကောင်းဆိုးဝါး မျိုးနွယ်စုကို တိုက်ဖို့အတွက် အပြည့်အဝ ပြင်ဆင်ရမှာဆိုတော့ တစ်ရက်ထက်တော့ ပိုကြာဦးမှာပဲ။ အဲဒီအချိန်အထိ ဒီမှာပဲ နေပါ။ တာရာ... သူ နေဖို့အတွက် စီစဉ်ပေးလိုက်" တန်ရှာက ပြောလိုက်သည်။

​"သွားကြစို့၊ ဆရာကြီးချန်းကို ဒီအကြောင်း သွားပြောရမယ်။ အဘိုးကြီးရွှီ... မင်းက စစ်တပ်ကို အသင့်ပြင်ထား၊ ငါက ဆရာကြီးချန်းကို သွားပြောလိုက်မယ်။ သူက ဘုရင်မနဲ့ ပြဿနာ ရှိခဲ့ပေမဲ့ အင်မတန် အစွမ်းထက်တဲ့သူဆိုတော့ ဒီလို ဝမ်းနည်းစရာ အခြေအနေမျိုးမှာ ငါတို့ကို ကူညီလိမ့်မယ်လို့ ငါ ယုံကြည်တယ်" တန်ရှာက ရွှီကို ပြောပြီး အပြင်သို့ ထွက်လာခဲ့သည်။

​မကြာမီ တန်ရှာသည် ဘုရားကျောင်းသို့ ရောက်ရှိလာသည်။ သူသည် လုံချန်းကို စိတ်မဆိုးစေရန်အတွက် လုံချန်း၏ ခွင့်ပြုချက် မရဘဲ အထဲမဝင်ချင်သဖြင့် တံခါးကို ခေါက်ရန်သာ ရည်ရွယ်ထားသည်။ သရဲမျိုးနွယ်စု၏ အတားအဆီး မည်သို့ ဖြစ်သွားကြောင်း သိလိုက်ရပြီးနောက် သူက ပို၍ပင် ရိုရိုသေသေ ဆက်ဆံဖို့ တွေးထားမိသည်။

​သို့သော် သူ တံခါးနားသို့ ရောက်သွားသည့် အချိန်တွင် ဘုရားကျောင်းကို ဝန်းရံထားသည့် ထူးဆန်းသော မမြင်ရသည့် အတားအဆီးတစ်ခုက သူ့အား ရှေ့ဆက်မတိုးနိုင်အောင် တားဆီးထားတာကို ခံစားလိုက်ရသည်။ သူ ဘုရားကျောင်းဆီသို့ ခြေတစ်လှမ်း တိုးလိုက်တိုင်း မျက်စိတစ်မှိတ်အတွင်း ကမ္ဘာကြီးက ပြောင်းလဲသွားပြီး သူ၏ကျောပြင်က ဘုရားကျောင်းဘက်ကို လှည့်သွားကြောင်း တွေ့လိုက်ရသည်။ သူ နောက်ပြန်လှည့်ပြီး ထပ်စမ်းကြည့်ပေမည့် ထိုအခြေအနေသာ ထပ်ခါထပ်ခါ ဖြစ်နေတော့သည်။

အခန်း (၈၄) ငါကတော့ ခွဲမပေးနိုင်ဘူးဟေ့

​တန်ရှာသည် ထိုအရာကို ထပ်ခါထပ်ခါ ကြိုးစားကြည့်သော်လည်း မည်သို့ပင် ကြိုးစားစေကာမူ ဘုရားကျောင်း၏ အဝင်ဝသို့ မချဉ်းကပ်နိုင်ခဲ့ပေ။ နောက်ဆုံးတွင် သူသည် အားကုန်သွားပြီး ဘုရားကျောင်းအနားသို့ သွားရန် ကြိုးပမ်းမှုကို လက်လျှော့လိုက်ရသည်။ သူသည် သူ၏ အသံကို အသုံးပြုကာ လုံချန်း ကြားပြီး ထွက်လာစေရန် အသံကုန် အော်ဟစ်လိုက်၏။

​အနီးနားရှိ လူများသည် သူတို့၏ မျိုးနွယ်စု ခေါင်းဆောင်က ဝတ်ကျောင်းတော် ရှေ့တွင် ရပ်ကာ "ဆရာကြီးချန်း" ဟု အော်ဟစ်နေသည်ကို မြင်ပြီး အံ့ဩမဆုံး ဖြစ်နေကြသည်။ သို့သော် အတော်ကြာအောင် ရုန်းကန်ပြီးသည့်တိုင်အောင် တန်ရှာသည် မည်သည့် တုံ့ပြန်မှုကိုမျှ မရရှိခဲ့သလို တံခါးလည်း ပွင့်မလာခဲ့ပေ။ သူသည် လက်လျှော့လိုက်ပြီး အစောင့်တစ်ဦးကို ထိုနေရာတွင် နေခဲ့ရန်နှင့် တံခါးဝတွင် ဆက်တိုက် အော်ဟစ်နေရန် ခိုင်းစေခဲ့သည်။ ထို့နောက် လုံချန်း ထွက်လာပါက သူ့ကို ချက်ချင်း အကြောင်းကြားရန် မှာကြားပြီး အလွန်အမင်း မောပန်းနွမ်းနယ်စွာဖြင့် ထိုနေရာမှ ထွက်ခွာသွားလေတော့သည်။

​"ငါ တပ်မှူးတွေကို စစ်သည်တွေနဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေကို အမြန်ဆုံး ပြင်ဆင်ဖို့ ပြောထားပြီးပြီ။ မကြာခင် ငါတို့ ထွက်ခွာဖို့ အသင့်ဖြစ်လိမ့်မယ်" တန်ရှာ သူ့အိမ်သို့ ရောက်သည်နှင့် ရွှီက အကြောင်းကြားလိုက်သည်။

​"ဆရာကြီးချန်းနဲ့ စကားပြောတာ ဘယ်လိုလဲ။ ပြီးတော့ မင်းက ဘာလို့ ဒီလောက်တောင် မောပန်းနေပုံ ပေါက်နေတာလဲ" တန်ရှာ၏ နွမ်းလျနေသော ပုံစံကို မြင်ပြီး ရွှီးက မေးမြန်းလိုက်၏။

​"ငါ သူနဲ့ စကားမပြောခဲ့ရဘူး၊ ဘုရားကျောင်းနားတောင် မချဉ်းကပ်နိုင်လို့လေ။ အနားမကပ်နိုင်အောင် တားထားတဲ့ အတားအဆီးတစ်ခု ရှိနေတယ်၊ အဲဒါ ငါမြင်ဖူးသမျှထဲမှာ အစွမ်းအထက်ဆုံး အတားအဆီးပဲ။ ငါ အထဲကို ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ငါ့ရဲ့ ဦးတည်ချက်ကို ပြောင်းလဲပစ်နိုင်တယ်။ ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ငါ့ကျောက ဘုရားကျောင်းဘက် လှည့်လျက်သားနဲ့ မူလနေရာမှာပဲ ပြန်ပြန်ရောက်နေတာ" တန်ရှာက စိတ်ပျက်လက်ပျက် မျက်နှာပေးဖြင့် ရွှီးကို ရှင်းပြလိုက်သည်။

​"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါကိုယ်တိုင် သွားစစ်ကြည့်မယ်" ရွှီသည် တန်ရှာ၏ စကားကို မယုံကြည်နိုင်သဖြင့် သူကိုယ်တိုင် အပြင်သို့ ထွက်ကာ သွားရောက် စစ်ဆေးလေတော့သည်။

​ထန်းရှာက သူ့ကို ဂရုမစိုက်တော့ဘဲ အခန်းထဲသို့ ပြန်ဝင်ကာ ကုလားထိုင်ပေါ်တွင် ထိုင်ရင်း အနားယူနေလိုက်သည်။

​"အဖေ... ကျုပ်တို့ တကယ်ပဲ မကောင်းဆိုးဝါးတွေကို သွားတိုက်ကြမှာလား" တာရာက ထန်းရှာအနားသို့ ချဉ်းကပ်ကာ မေးလိုက်သည်။

​"ဟုတ်တယ်၊ ငါတို့ သွားရမယ်။ ဒီမြေနဲ့ ပြည်သူတွေကို ကယ်တင်ဖို့ လိုတယ်။ ဒါဟာ ငါတို့ ဖြတ်ကျော်ရမယ့် ရှင်သန်ရပ်တည်ရေး စစ်ပွဲပဲ။ ဒါပေမဲ့ ကောင်လေး... မင်းကတော့ အဲဒီ ငါတို့ဆိုတဲ့ ထဲမှာ မပါဘူး။ မင်းနဲ့ တခြား လူငယ်တွေ အားလုံးက မျိုးနွယ်စုထဲမှာပဲ နေခဲ့ရမယ်" တန်ရှာက လေးနက်စွာ ပြောလိုက်သည်။

​"ဘာလို့လဲ... ကျုပ်လည်း ကျုပ်တို့ရဲ့ အနာဂတ်အတွက် တိုက်ပွဲဝင်ချင်တာပေါ့။ အဖေက ကျုပ်ကို အားနည်းပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်မယ်လို့ ထင်နေတာလား" တာရာက မကျေမနပ် မျက်နှာပေးဖြင့် မေးလိုက်၏။

​"မဟုတ်ပါဘူး ငါ့သားရာ။ မင်း တကယ် အစွမ်းထက်မှန်း အဖေ သိပါတယ်။ ဒါပေမဲ့ မင်းကို ဒီစစ်ပွဲမှာ အသေမခံနိုင်ဘူး။ စစ်ပွဲထဲမှာ မကောင်းဆိုးဝါး ဘုရင်တွေနဲ့ မကောင်းဆိုးဝါး ဧကရာဇ်တွေ ပါလိမ့်မယ်၊ အဲဒါ မင်းအတွက် အရမ်း အန္တရာယ်များတယ်။ ပြီးတော့ တစ်ယောက်ယောက်က မျိုးနွယ်စုထဲမှာ ကျန်ခဲ့ဖို့လည်း လိုသေးတယ်လေ။ မမျှော်လင့်ထားတဲ့ အခြေအနေတွေ ဖြစ်လာရင် မျိုးနွယ်စုကို ကာကွယ်ဖို့ပေါ့" တန်ရှာက သားဖြစ်သူကို ကြည့်ကာ နူးညံ့သော အပြုံးဖြင့် ပြောလိုက်သည်။

​"ဒီအခြေအနေကို ပေါ့ပေါ့တန်တန် မတွေးပါနဲ့ ငါ့သား။ ငါတို့ မျိုးနွယ်စုရဲ့ ဘေးကင်းရေးက အရေးကြီးဆုံးပဲ၊ အဲဒါကို စိတ်ချရအောင် အဖေက မင်းကို ဒီမှာ ထားခဲ့တာ။ မင်းက စစ်မြေပြင်ကနေ ထွက်ပြေးနေတာ မဟုတ်ဘူး၊ အဲဒီအစား ငါတို့ မျိုးနွယ်စုကို ကာကွယ်ဖို့ ဒီမှာ နေခဲ့ရတာ" တန်ရှာက ဆက်ပြောသည်။

​"ကောင်းပါပြီ အဖေ၊ ကျုပ် ဒီမှာပဲ နေပါ့မယ်" တာရာက စိတ်မကောင်းစွာဖြင့် ပြောလိုက်၏။

​"ကျုပ် အစ်ကိုကြီးနဲ့ ပတ်သက်တဲ့ သတင်းရော ရပြီလား" တာရာက မျှော်လင့်ချက်အပြည့်ဖြင့် တန်ရှာကို စိုက်ကြည့်ရင်း မေးလိုက်သည်။

​"မရသေးဘူး။ သူ လွန်ခဲ့တဲ့ နှစ်ပတ်က ထွက်သွားကတည်းက ငါတို့ဆီကို အဆက်အသွယ် မလုပ်သေးဘူး။ အဲဒီအချိန်ကစပြီး မင်းအစ်ကိုကြီးနဲ့ ပတ်သက်တဲ့ သတင်း ဘာမှ မရှိသေးဘူး။ ငါ နေရာအနှံ့ လူလွှတ်ခဲ့ပေမဲ့ ဘယ်မျိုးနွယ်စုမှာမှ သူ့သတင်း မရှိကြဘူး။ ငါ သူ့အတွက် တကယ် စိုးရိမ်မိတယ်" တန်ရှာက ညှိုးငယ်သော မျက်နှာဖြင့် ပြန်ဖြေသည်။

​"စိတ်မပူပါနဲ့ အဖေ။ အစ်ကိုကြီးက တကယ် အစွမ်းထက်တာပဲ၊ သူ တောထဲမှာ ကျင့်ကြံနေတာ နေမှာပါ။ သူ အိမ်ပြန်ရောက်လာရင်တော့ အဖေ ကောင်းကောင်း ဆုံးမလိုက်ဦး" တာရာက စိတ်ထဲက စိုးရိမ်ပူပန်မှုတွေကို ဖုံးကွယ်ရင်း အပြုံးလေးဖြင့် ပြောလိုက်သည်။

​"ငါ အခု သွားလိုက်ဦးမယ်၊ မင်းလည်း ကောင်းကောင်း အနားယူလိုက်ဦး" တန်ရှာက ဆိုသည်။

​တန်ရှာ ထိုနေရာတွင် နှစ်နာရီခန့် နေပြီးသောအခါ ရွှီသည်လည်း အလွန်အမင်း မောပန်းနွမ်းနယ်နေသော ပုံစံဖြင့် ပြန်ရောက်လာသည်ကို သတိပြုမိလိုက်သည်။

​"အဘိုးကြီး ရွှီ... မင်းပုံစံက ငါ့ထက်တောင် ပိုဆိုးနေပါလား။ ဒါနဲ့ ဘယ်လောက်အထိ အောင်မြင်မှု ရခဲ့လဲ" တန်ရှာက ပြုံးစစဖြင့် ပြောလိုက်၏။

​"ငါ့ကို လာနောက်မနေနဲ့။ မင်းပြောတာ မှန်တယ်၊ အဲဒီမှာ တကယ်ပဲ ဖြတ်ကျော်လို့ မရတဲ့ ထူးဆန်းတဲ့ အတားအဆီးတစ်ခု ရှိနေတာပဲ။ ငါတို့ ဘာဆက်လုပ်ရမှန်းတောင် မသိတော့ဘူး" ရွှီက စိတ်ပျက်လက်ပျက် လေသံဖြင့် ပြောလိုက်သည်။

​"ဘာလုပ်ရမှာလဲ၊ ငါတို့ကိုယ်တိုင်ပဲ ပြင်ဆင်ပြီး ဆရာကြီးချန်း မပါဘဲ စစ်သွားတိုက်ရမှာပေါ့။ အချိန်ဆွဲလို့ မရဘူး၊ တကယ်လို့ သရဲမျိုးနွယ်စုသာ အမြစ်ပြတ် သုတ်သင်ခံရရင် ငါတို့အတွက် ပြဿနာကြီးလိမ့်မယ်။ တာရာနဲ့ ရှားကို ဒီမှာ ထားခဲ့လို့ ရတယ်၊ သူတို့က ဆရာကြီးချန်း ထွက်လာတဲ့အခါ ဒီအကြောင်းကို ပြောပြပေးလိမ့်မယ်။ အရာအားလုံး အဆင်ပြေသွားမယ်ဆိုရင် သူ အကူအညီပေးဖို့ ရောက်လာမှာပါ" တန်ရှာက ဝမ်းနည်းရိပ်သန်းသော အပြုံးဖြင့် ပြောလိုက်သည်။

​"ငါတို့ စစ်တပ်က မနက်ဖြန်ညဆိုရင် အသင့်ဖြစ်မှာပါ၊ ပြီးရင် ချက်ချင်း ထွက်ခွာမယ်" ရွှီက တိုက်ရိုက်ပင် ပြောလိုက်သည်။ သူသည် ထိုနေရာတွင် ခဏကြာအောင် ဆက်နေပြီး စစ်ဗျူဟာများအကြောင်း ဆွေးနွေးခဲ့ကြသည်။ ခဏအကြာတွင် သူသည် ထရပ်ကာ ထွက်ခွာသွားလေတော့သည်။

​တစ်ရက်တာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မကောင်းဆိုးဝါး မျိုးနွယ်စုသည် သရဲမျိုးနွယ်စု၏ အနီးသို့ ရောက်ရှိလာခဲ့သည်။

​"မကြာခင် သရဲမျိုးနွယ်စု နယ်မြေထဲ ရောက်တော့မယ်။ ငါ တကယ် စိတ်လှုပ်ရှားနေပြီ။ နောက်ဆုံးတော့ သူတို့ရဲ့ သွေးတွေကို မြည်းစမ်းရတော့မယ်" ဝံပုလွေတစ်ကောင်နှင့် တူသော မကောင်းဆိုးဝါး ဘုရင်တစ်ပါးက ပါးစပ်ကြီး ဖြဲကာ ပြောလိုက်သည်။

​"မင်း စိတ်ကြိုက် သောက်နိုင်ပါတယ်၊ ဒါပေမဲ့ ငါ ပိုစိတ်ဝင်စားတာက သူတို့ရဲ့ ဘုရင်မပဲ။ သူက တကယ့် အလှနတ်သမီးလေးလို့ ငါ ကြားထားတယ်။ ငါ သူ့ကို ငါ့ရဲ့ ကိုယ်လုပ်တော်အသစ်အဖြစ် သိမ်းပိုက်ပြီး ငါ့ရဲ့ အဆောင်တော်ဆီ ခေါ်သွားမယ်။ ပြီးရင် ညတိုင်း ပျော်ပါးပစ်မယ်" နွားသိုးဘုရင်က ရမ္မက်ကြီးသော အပြုံးဖြင့် ပြောလိုက်သည်။

​"ဟေး... ဒါ မတရားဘူး။ ငါလည်း သူ့ကို လိုချင်တာပဲ" ဝက်ဝံဘုရင်က သူတို့ စကားဝိုင်းထဲသို့ ဝင်နှောင့်ယှက်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။

​"ငါ့ရဲ့ ကိုယ်လုပ်တော်ကို လာမထိနဲ့ ဝက်ဝံအိုကြီး" နွားသိုးဘုရင်က ဝက်ဝံဘုရင်ကို စိုက်ကြည့်ရင်း ပြောလိုက်၏။

​"သူက မင်းအပိုင် မဟုတ်သေးဘူး။ သူ့ကို ပိုင်ဆိုင်မယ့်သူက ငါပဲ ဖြစ်ရမယ်" ဝက်ဝံဘုရင်က ဒေါသတကြီး ပြောလိုက်သည်။

​"ငြင်းမနေကြနဲ့တော့၊ မင်းတို့ နှစ်ယောက်လုံး ယူလိုက်ကြပါလား။ တစ်ယောက်ကို တစ်ပတ်စီ ခွဲယူပြီး အလှည့်ကျ သုံးကြပေါ့" အရိုးစုဘုရင်က ရယ်မောရင်း ပြောလိုက်သည်။

​"ငါ သူ့ကို ဘာတစ်ခုမှ ခွဲမပေးနိုင်ဘူး" သူတို့ နှစ်ယောက်လုံးက တစ်ပြိုင်တည်း ပြန်အော်လိုက်ကြသည်။

​အရိုးစုဘုရင်က တစ်ခုခု ထပ်ပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် ကျယ်လောင်သော ရုတ်ရုတ်သဲသဲ အသံများ ထွက်ပေါ်လာသည်။ မကောင်းဆိုးဝါး အမြောက်အမြားသည် ထောင်ချောက်ဇုန်ထဲသို့ နင်းမိသွားကြသဖြင့် နေရာအနှံ့တွင် တွင်းကြီးများ ပေါ်လာလေတော့သည်။ ထိုတွင်းများထဲတွင် ချွန်ထက်သော သံချွန်များစွာ ရှိနေပြီး ကျလာသော မကောင်းဆိုးဝါးများ၏ အသားထဲသို့ စူးဝင်သွားကြသည်။ စစ်တပ်ကြီး၏ ပုံသဏ္ဌာန်မှာ ပျက်ယွင်းသွားပြီး မကောင်းဆိုးဝါးများစွာ ဆက်တိုက် သေဆုံးနေကြသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် မကောင်းဆိုးဝါး ထောင်ပေါင်းများစွာ သေဆုံးသွားခဲ့သည်။

​"အားလုံးပဲ အထိတ်တလန့် မဖြစ်ကြနဲ့။ သရဲမျိုးနွယ်စုရဲ့ ဒီလို လှည့်ကွက်လေးတွေက မင်းတို့ရဲ့ သံမဏိနှလုံးသားတွေကို တုန်လှုပ်စေဖို့ မလုံလောက်ဘူး။ ရဲရဲရင့်ရင့်နဲ့ ဆက်လျှောက်ကြစမ်း။ ခြေလှမ်းတိုင်းကို သတိထားကြ။ ရှေ့မှာ ထောင်ချောက်တွေ ထပ်ရှိနေနိုင်သေးတယ်" မကောင်းဆိုးဝါး ဧကရာဇ် ရှန်တီးယားက သူတို့ စစ်တပ်၏ အခြေအနေကို မြင်ပြီး အော်ဟစ်လိုက်သည်။

​မကောင်းဆိုးဝါး အများစုမှာ စိတ်အေးသွားပြီး ရှေ့သို့ ဆက်လက် ချီတက်ကြသော်လည်း ထောင်ချောက်များ တစ်ခုပြီးတစ်ခု ပေါ်လာသဖြင့် မကောင်းဆိုးဝါးများမှာ ဆက်တိုက် သေဆုံးနေရဆဲ ဖြစ်သည်။ အချိန်အတော်ကြာပြီးနောက်နှင့် စစ်သည် သောင်းနှင့်ချီ ရှုံးနိမ့်သွားပြီးနောက်တွင်မှ မကောင်းဆိုးဝါး မျိုးနွယ်စုသည် သရဲမျိုးနွယ်စု၏ နယ်စပ် မြင်ကွင်းကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရလေတော့သည်။

​"ဒါ သရဲမျိုးနွယ်စုရဲ့ စစ်တပ်လား။ ဘာမှ မထူးခြားပါဘူး။ ငါ ဘုရင်မကိုတော့ မြင်ရတယ်၊ ဒါပေမဲ့ လူသားကိုတော့ မတွေ့မိဘူး။ ဒီကောင် ထွက်ပြေးသွားပြီလား" မကောင်းဆိုးဝါး ဧကရာဇ် တာရပ်စ်က ပြောလိုက်သည်။

​"သူတို့ မျိုးနွယ်စုထဲမှာပဲ ရှိနေမှာပါ။ မကြာခင် ငါတို့ သူ့ကို တွေ့ရမှာပေါ့" မကောင်းဆိုးဝါး ဧကရာဇ် ရှန်တီးယားက မှတ်ချက်ပေးလိုက်သည်။

​သရဲမျိုးနွယ်စု၏ စစ်တပ်သည် သူတို့၏ အဝင်ဝ အပြင်ဘက်တွင် လက်နက်မျိုးစုံဖြင့် စနစ်တကျ နေရာယူထားကြပြီး မကောင်းဆိုးဝါး စစ်တပ်ကြီးကလည်း စစ်မြေပြင်၏ ဆန့်ကျင်ဘက်တွင် ရင်ဆိုင် ရပ်တည်နေကြလေတော့သည်။

All Chapters