အခန်း (၉၃-၉၄)
Vol. 10 Ch. 93-94
အခန်း (၉၃) သစ်သားနိယာမ
"အချင်းချင်း လိုက်ကြည့်မနေကြနဲ့။ အဲဒါ မကောင်းဆိုးဝါး လုပ်တာ မဟုတ်ဘူး... မကောင်းဆိုးဝါးထက် အဆပေါင်းများစွာ ပိုဆိုးတဲ့ တစ်စုံတစ်ယောက်က လုပ်ခဲ့တာ" ဘုရင်မ မီယာက သူမ၏ ဘဝတွင် အဆိုးဝါးဆုံး အချိန်ကို ပြန်လည်အမှတ်ရရင်း ပြောလိုက်သည်။
"ဟိုလူသားလား" မကောင်းဆိုးဝါး ဧကရာဇ် တာရပ်စ်က မသေချာသော လေသံဖြင့် တိုးညှင်းစွာ မေးလိုက်သည်။
"ထင်ထားတဲ့ အတိုင်းပါပဲ... မကောင်းဆိုးဝါး ဧကရာဇ်တွေကတော့ မကောင်းဆိုးဝါး ဘုရင်တွေထက် ပိုပြီး ဉာဏ်ကောင်းကြတာပဲ" ဘုရင်မ မီယာက ပြုံးလျက် ဝန်ခံလိုက်ရာ အကျိုးအကြောင်း သိထားပြီးဖြစ်သော တန်ရှာမှလွဲ၍ ကျန်ရှိသူအားလုံး တုန်လှုပ်သွားကြသည်။
"ငါ မယုံဘူး။ နင်က ငါတို့ကို ကြောက်အောင် လိမ်နေတာပဲ။ အဲဒီလူသားကို ကြောက်ပြီး ငါတို့ ပြန်ဆုတ်သွားအောင် လုပ်တာမလား။ ဒါပေမဲ့ မအောင်မြင်စေရဘူး" နွားဘုရင်က မယုံကြည်နိုင်သော လေသံဖြင့် အော်ပြောသည်။
"ဪ... ငါ လိမ်နေတယ်လို့ ထင်တာလား" ဘုရင်မ မီယာက ဝမ်းနည်းဖွယ် အပြုံးဖြင့် ဆိုသည်။
"အာယာ... ငါ့ရဲ့ ဝတ်ရုံကို ချွတ်ပေးပါဦး" ဘုရင်မက ပြောလိုက်ရာ မိန်းကလေးငယ်တစ်ဦး သူမအနားသို့ တိုးလာသည်။ အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေစဉ် အာယာသည် ဘုရင်မ၏ ဝတ်ရုံကို ချွတ်ပေးလိုက်သည်။
ဝတ်ရုံ လပ်သွားသောအခါ လူတိုင်းသည် သူမ၏ လက်နှစ်ဖက်စလုံး မရှိတော့သည်ကို မြင်လိုက်ရသည်။ သူမသည် ဝမ်းနည်းရိပ်များ ဖုံးလွှမ်းနေသော အမူအရာဖြင့် ငြိမ်သက်စွာ ရပ်နေခဲ့သည်။
"ဒါ... ဒါက..." တန်ရှာသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ စကားများပင် ထစ်ကုန်သည်။ သူပင်လျှင် ဤကဲ့သို့ ဖြစ်ပျက်သွားသည်ကို မသိခဲ့ပေ။ သူသည် ဘုရင်မ မီယာကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိသည်။
"ဘယ်... ဘယ်လိုလုပ်ပြီး..." ဒဏ်ရာအပြင်းအထန် ရထားသော မာဇူးမားစ်နှင့် ဘာလာတို့ပင်လျှင် ဤအမှန်တရားကို သိလိုက်ရသောအခါ အကြီးအကျယ် တုန်လှုပ်သွားကြသည်။
"ဒီလို အလိမ်အညာမျိုးအတွက် ငါ့လက်တွေကို ငါကိုယ်တိုင် ဖြတ်ပစ်လိမ့်မယ်လို့ နင်တို့ ထင်နေတာလား။ နင်တို့ တကယ်ပဲ ဒီလောက်အထိ အူကြောင်ကြောင် နိုင်ကြတာလား" ဘုရင်မ မီယာက ရူးသွပ်သလို ကျယ်လောင်စွာ ရယ်မောရင်း မေးလိုက်သည်။
"ဒါက ဘာကို ဆိုလိုတာလဲ။ နင်ပြောတဲ့ လူသားပုံပြင်နဲ့ ဒါက ဘာဆိုင်လို့လဲ" ဝက်ဝံဘုရင်က မေးသည်။ ဘုရင်မ၏ အခြေအနေကို မြင်ရ၍ သူ အံ့ဩသွားသော်လည်း လူသားနှင့် မည်သို့ပတ်သက်သည်ကို သူ နားမလည်နိုင်သေးပေ။
"ငါ့လက်တွေကို ငါကိုယ်တိုင် ဖြတ်တာလည်း မဟုတ်ဘူး၊ မကောင်းဆိုးဝါးတွေ ဖြတ်တာလည်း မဟုတ်ဘူး။ တခြား မျိုးနွယ်စုခေါင်းဆောင်တွေမှာလည်း အဲဒီလို လုပ်နိုင်တဲ့ ခွန်အား မရှိဘူး။ ဒါဆို ဒါကို ဘယ်သူ လုပ်ခဲ့တာလဲဆိုတာ နင်တို့ ခန့်မှန်းကြည့်ကြလေ။ မကောင်းဆိုးဝါးတွေ ဘယ်လောက် ဉာဏ်ကောင်းလဲဆိုတာ ငါ သိချင်လို့ပါ" ဘုရင်မက ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
"ဟို... ဟိုလူသားလား" ကျားဘုရင်က လေးနက်သော အသံဖြင့် မေးသည်။
"ဪ... နင်တို့ အကြာကြီး စဉ်းစားရမယ် ထင်နေတာ။ ကြည့်ရတာ မကောင်းဆိုးဝါးဘုရင်တွေက ငါထင်သလောက်တော့ မအကြဘူးပဲ" ဘုရင်မက ပြုံးလျက် ဆိုသည်။
"သူ လိမ်နေတာ သိသာပါတယ်။ အဲဒီလူသားက ဘာလို့ ဒါမျိုး လုပ်ရမှာလဲ။ ထျန်းရှန်က မျိုးနွယ်စုအားလုံးနဲ့ ရင်းနှီးတာပဲ။ ဒီလူသားက သူ့ရဲ့ ဆက်ခံသူဆိုတော့ ဘုရင်မရဲ့ လက်ကို ဖြတ်မှာ မဟုတ်ဘူး။ ဒါဟာ ငါတို့ကို ကြောက်လန့်ပြီး ဆုတ်ခွာသွားအောင် လုပ်တဲ့ အစီအစဉ်ပဲ။ ငါတို့ကို မနိုင်မှန်းသိလို့ သူကိုယ်တိုင် လက်ကို ဖြတ်ပြီး ငါတို့ကို လှည့်စားဖို့ ကြံစည်တာပဲ။ တကယ့်ကို ယုတ်မာတဲ့ အကြံအစည်ပဲ" ဝက်ဝံဘုရင်က သူ၏ ယူဆချက်ကို ဂုဏ်ယူစွာဖြင့် အော်ပြောလိုက်သည်။
မကောင်းဆိုးဝါးဘုရင် အများစုက ထိုစကားမှာ ကျိုးကြောင်းဆီလျော်သည်ဟု ထင်ကြသလို ဧကရာဇ်များပင်လျှင် အတွေးနက်သွားကြသည်။
"အချိန်ဖြုန်းနေတာ တော်လောက်ပြီ။ မင်းတို့ကို သတ်ပြီးမှ အားလုံးကို ဆက်စဉ်းစားမယ်" နွားဘုရင်က အတွေးများကို ရပ်တန့်ကာ ပြတ်သားစွာ ပြောလိုက်သည်။
"မင်းတို့ တိုက်နိုင်သေးလား" တန်ရှာက မျိုးနွယ်စုခေါင်းဆောင်များကို မေးရာ အများစုမှာ ရဲရင့်စွာ ထရပ်လိုက်ကြသော်လည်း အချို့မှာမူ ဒဏ်ရာ ပြင်းထန်လွန်းသဖြင့် မလှုပ်နိုင်ကြပေ။
"ငါ့အရိုးတွေ ကျိုးနေလို့ တိုက်ရိုက်တော့ မတိုက်နိုင်ဘူး၊ ဒါပေမဲ့ ငါ့ရဲ့ လေနိယာမနဲ့တော့ ကူညီနိုင်ပါတယ်" ဘာလာက ပြတ်သားသော မျက်နှာထားဖြင့် ဆိုသည်။ မာဇူးမားစ်ကလည်း အလားတူပင် ကူညီရန် အသင့်ရှိကြောင်း ပြောသည်။
"ငါ့ရဲ့ ရေခဲထောင်ချောက် အဖျက်ခံလိုက်ရလို့ ပြန်ကန်ချက်ဒဏ်ကြောင့် ဘာတိုက်ကွက်မှ သုံးလို့မရတော့ဘူး။ ငါကတော့ အခု လူပိုတစ်ယောက်လို ဖြစ်နေပြီ" ဘုရင်မ မီယာက ဝမ်းနည်းစွာ ဆိုသည်။
"ဒါဆို ငါတို့အားလုံးက မကောင်းဆိုးဝါးဘုရင် ဆယ်ပါးကို ရင်ဆိုင်ရမှာပေါ့။ အခြေအနေက တကယ်ကို ရင်ခုန်စရာပဲ မဟုတ်လား" တန်ရှာက အခြေအနေကို အရွှန်းဖောက်လိုက်သည်။
"ဒါဟာ နောက်ဆုံးတိုက်ပွဲပဲ။ ရှင်သန်ရေးနဲ့ တည်ရှိမှုအတွက် တိုက်ပွဲပဲ။ ရဲရင့်တဲ့ စစ်သည်တော်တို့၊ မင်းတို့ရဲ့ မိသားစုတွေကို စဉ်းစားကြ။ သူငယ်ချင်းတွေကို စဉ်းစားကြ၊ ငါတို့ အားလုံးကို ကာကွယ်ဖို့အတွက် တိုက်ပွဲဝင်ကြရမယ်။ ငါတို့ ဒါမှမဟုတ် ရန်သူ... တစ်ဖက်ဖက် ကျဆုံးတဲ့အထိ ငါ အသက်ပေးပြီး တိုက်မယ်။ မင်းတို့ကော အတူတူ တိုက်ကြမှာလား" တန်ရှာ၏ ဟိန်းဟောက်သံမှာ စစ်မြေပြင်တစ်ခုလုံး ဟိန်းထွက်သွားတော့သည်။
"တိုက်မယ်... တိုက်မယ်... တိုက်မယ်" စစ်သည်တော် အားလုံးသည် မည်သည့်မျိုးနွယ်စုမှဖြစ်စေ စိတ်ဓာတ်များ တက်ကြွလာကာ တခဲနက် ဟစ်ကြွေးလိုက်ကြသည်။
"သစ်သားနိယာမကို သုံးပြီး စိတ်ဓာတ်မြှင့်တင်ပေးတာလား... တော်တော် ထက်မြက်တဲ့ နည်းလမ်းပဲ" ဧကရာဇ် ရှန်တီးယားက ဘေးမှနေ၍ မှတ်ချက်ပေးသည်။ စစ်မြေပြင်တစ်ခုလုံးတွင် အပင်များ ပေါ်ထွက်လာပြီး ထိုအပင်များမှ ထွက်ပေါ်လာသော ဆွတ်ပျံ့သည့် အနံ့အသက်များက မဟာမိတ် စစ်သည်တော်များ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနေခြင်း ဖြစ်သည်။
"ဒါပေါ့... သစ်သားနိယာမက တိုက်ခိုက်မှုမှာ သိပ်မပြင်းထန်ပေမဲ့ အသုံးချမှုမှာတော့ အစုံရဆုံးပဲ။ ဒီကောင်လေးက ဒါကို တကယ် ကောင်းကောင်း သုံးတတ်တာပဲ" ဧကရာဇ် တားရပ်စ်က ဆိုသည်။
"တိုက်ကြ... " တန်ရှာ ဟိန်းဟောက်လိုက်သည်နှင့် သူ၏ စစ်တပ်မှာ သစ်သားနိယာမကို သုံး၍ မကောင်းဆိုးဝါးများကို စတင် တိုက်ခိုက်တော့သည်။ သူတို့၏ တိုက်ကွက်များမှာ မီးနိယာမရှေ့တွင် အားနည်းသော်လည်း ကျွမ်းကျင်စွာ အသုံးချမှုကြောင့် မကောင်းဆိုးဝါးများကို ကောင်းစွာ ယှဉ်ပြိုင်နိုင်ခဲ့သည်။
အခြားမျိုးနွယ်စု ခေါင်းဆောင်များလည်း အလားတူပင် စစ်တပ်ကို အမိန့်ပေးကာ ပြင်းထန်စွာ တိုက်ခိုက်ကြသည်။ မကောင်းဆိုးဝါး စစ်တပ်နှင့် မဟာမိတ် စစ်တပ်တို့မှာ အသက်ချင်းလောင်း၍ တိုက်ပွဲဝင်နေကြပြီ ဖြစ်သည်။ မကောင်းဆိုးဝါးများက အသာစီးရနေဆဲ ဖြစ်သော်လည်း မှင်စာစစ်တပ်၏ အကူအညီကြောင့် ထိုကွာခြားချက်မှာ များစွာ လျော့ပါးသွားခဲ့သည်။
"ငါတို့လည်း ဝင်ပါရင် မကောင်းဘူးလား။ သူတို့ ချနေတာ ကြည့်နေရတာ ပျင်းဖို့ကောင်းတယ်" ကျားဘုရင်က တန်ရှာကို စိုက်ကြည့်ကာ ပြင်းထန်စွာ ပြောလိုက်သည်။
"ဒါဆို ငါနဲ့ ချမလား" တန်ရှာက စိန်ခေါ်လိုက်သည်။
"ရွှီ... မင်းက မာဇူးမားစ်နဲ့ ဘာလာတို့ကို ကူပြီး ဟိုနှစ်ယောက်ကို ကိုင်တွယ်လိုက်" တန်ရှာက အရိုးစုဘုရင်နှင့် နွားဘုရင်ကို ညွှန်ပြကာ ပြောလိုက်သည်။
တန်ရှာသည် တိုက်ပွဲအစီအစဉ်ကို ချမှတ်ပြီးနောက် ကျားဘုရင်နှင့် စတင် တိုက်ခိုက်တော့သည်။ အပင်များက ကျားဘုရင်ကို တရစပ် တိုက်ခိုက်နေသော်လည်း ကျားဘုရင်က သူ၏ မီးတောက်များဖြင့် အလွယ်တကူ လောင်ကျွမ်းပစ်သည်။
"ကမ္ဘာမြေကို ဖြိုခွင်းတဲ့ လက်သီး" တန်ရှာက ဟိန်းဟောက်ရင်း လက်သီးဖြင့် ထိုးနှက်လိုက်သည်။
ကျားဘုရင်ကလည်း ပြန်လည် ထိုးနှက်ရန် ပြင်လိုက်သော်လည်း လက်သီးချင်း မထိမီမှာပင် နွယ်ပင်များစွာ ပေါ်ထွက်လာပြီး ကျားဘုရင်၏ လက်ကို ရစ်ပတ်ကာ အနည်းငယ် လွဲချော်သွားအောင် ဆွဲလိုက်သည်။ ထိုအနည်းငယ်သော လွဲချော်မှုမှာပင် တိုက်ပွဲ၏ ရလဒ်ကို ပြောင်းလဲစေခဲ့သည်။ ကျားဘုရင်၏ လက်သီးမှာ လွဲချော်သွားပြီး တန်ရှာ၏ လက်သီးမှာမူ ကျားဘုရင်၏ ဦးခေါင်းကို တည့်တည့် ထိမှန်သွားရာ ကျားဘုရင်မှာ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။
မကြာမီ ကျားဘုရင်သည် ဖုန်တောထဲမှ ပြန်ထလာပြီး တန်ရှာကို ဒေါသတကြီး စိုက်ကြည့်နေတော့သည်။
အခန်း (၉၄) : လျှို့ဝှက်ဆန်းပြားသော သတ်ဖြတ်ခြင်းအရှိန်အဝါ
ကျားဘုရင်သည် ဖုန်တောထဲမှ ပြန်ထလာပြီး သူ၏ မျက်နှာပေါ်က ဖုန်များကို သုတ်လိုက်သည်။ သူသည် တန်ရှာကို အလွန်အမင်း ဒေါသထွက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
"မင်း သေရတော့မယ်" ကျားဘုရင်က အငြိုးတကြီး ဟိန်းဟောက်ရင်း တန်ရှာရှိရာသို့ ပြေးဝင်ကာ လက်သီးဖြင့် ထိုးနှက်လိုက်သည်။ တန်ရှာကလည်း ပြန်လည်ထိုးနှက်သည်။ အရင်တစ်ခေါက်ကလိုပင် နောက်ဆုံးမိနစ်တွင် နွယ်ပင်များ ပေါ်ထွက်လာပြီး ကျားဘုရင်၏ လက်သီးလမ်းကြောင်းကို လွှဲရန် ကြိုးစားသည်။
"တစ်ခါပဲ ရမယ်၊ ဒုတိယတစ်ခါတော့ မအောင်မြင်စေရဘူး" ကျားဘုရင်က အေးစက်သော မျက်နှာထားဖြင့် ဆိုရင်း သူ၏ လက်သီးပတ်ပတ်လည်တွင် မီးတောက်များ ပေါ်ထွက်လာစေသည်။ နွယ်ပင်များက သူ၏လက်ကို ဆွဲယူရန် ကြိုးစားသော်လည်း ကျားဘုရင်က ဤလက်သီးတွင် ခွန်အားနိယာမကိုပါ ထည့်သွင်းထားသည့်အတွက် နွယ်ပင်များမှာ ချက်ချင်းပင် ပြတ်တောက်ကာ ပြာအဖြစ် လောင်ကျွမ်းသွားတော့သည်။
ကျားဘုရင်၏ လက်သီးနှင့် တန်ရှာ၏ လက်သီးတို့ ထိတွေ့သွားသောအခါ တန်ရှာမှာ ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်တွင် အရှိန်ဖြင့် လျှောတိုက်သွားကာမှ ရပ်တန့်သွားသည်။ တန်ရှာ၏ အဝတ်အစားများမှာ စုတ်ပြတ်သွားပြီး ကျောဘက်ရှိ ဒဏ်ရာများမှ သွေးများ စီးကျလာသည်။
"မကောင်းဆိုးဝါးဘုရင် ဆိုတဲ့အတိုင်းပဲ၊ မင်းရဲ့ ခွန်အားက တကယ့်ကို ထိပ်တန်းပဲ" တန်ရှာက နာကျင်မှုကို အောင့်အီးကာ ပြုံးလျက် မတ်တတ်ရပ်လိုက်သည်။
"ငါ့လို မကောင်းဆိုးဝါးဘုရင်တစ်ပါးရဲ့ လက်ထဲမှာ သေခွင့်ရတာကို မင်း ဝမ်းသာသင့်တယ်။ မင်း အရင်ဘဝက ကုသိုလ်ကောင်းမှုတွေ အများကြီး လုပ်ခဲ့လို့ အခုလို ကံကောင်းတာပေါ့" ကျားဘုရင်က တန်ရှာကို စိုက်ကြည့်ရင်း ပြောသည်။
"ဟုတ်တယ်... ငါ အရင်ဘဝက ကုသိုလ်တွေ အများကြီး လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဘဝမှာတော့ မှားတာတွေ လုပ်မိခဲ့တယ်။ မင်းအမေနဲ့ အတူမနေခဲ့သင့်ဘူး၊ သူက ဒီလောက်အထိ ဗိုက်ကြီး လွယ်ပြီး မင်းလိုကောင်မျိုးကို မွေးလာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူးလေ" တန်ရှာ ခနဲ့တဲ့တဲ့ဖြင့် ပြန်လည် စော်ကားလိုက်သည်။
"မင်း... ငါ့အမေကို စော်ကားရဲတယ်ပေါ့။ မင်း သေဖို့သာ ပြင်ထားတော့" ကျားဘုရင်၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွားတော့သည်။
"တောက်လောင်နေတဲ့ ငရဲမကောင်းဆိုးဝါး" ကျားဘုရင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ထိုးနှက်လိုက်သည်။ သို့သော် တန်ရှာကို မဟုတ်ဘဲ မြေပြင်ကိုသာ ထိုးချလိုက်ခြင်း ဖြစ်သည်။ သူ၏လက်သီး မြေပြင်နှင့် ထိသွားသည်နှင့် ဧရာမ ကျင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး အက်ကြောင်းများ ပေါ်ထွက်လာသည်။ ထိုအက်ကြောင်းများထဲမှ ပြင်းထန်သော မီးတောက်များ ထွက်ပေါ်လာသည်။
ထိုမီးတောက်များအားလုံးသည် ကျားဘုရင်၏ ရှေ့တွင် စုစည်းသွားပြီး မကောင်းဆိုးဝါး ကျားတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းမှာ မီးတောက်ကျားနှင့် တူသော်လည်း ဦးခေါင်းတွင် မကောင်းဆိုးဝါး ဦးချိုနှစ်ချောင်း ရှိနေပြီး အနောက်တွင် မီးတောက်အမြီး နှစ်ချောင်း ပါရှိသည်။ ၎င်းသည် တန်ရှာကို စိုက်ကြည့်ကာ ပါးစပ်မှ ဧရာမ အစွယ်ကြီးများကို ထုတ်ပြနေသည်။
"သူ နောက်ဆုံးတော့ သူ့ရဲ့ အသန်မာဆုံး စွမ်းရည်ကို သုံးလိုက်ပြီပဲ။ ဟိုကောင်တော့ သေပြီပေါ့။ ငါက သူ့ကို တိုက်ရလိမ့်ဦးမယ်လို့ မျှော်လင့်နေတာ" အရိုးစုဘုရင်က ထိုမြင်ကွင်းကို ကြည့်ပြီး စိတ်ပျက်ဟန်ဖြင့် ဆိုသည်။
"သွားစမ်း... အဲဒီကောင်ကို မင်း အလိုရှိသလောက် စားပစ်လိုက်" ကျားဘုရင်က ဒေါသတကြီးဖြင့် အမိန့်ပေးလိုက်သည်။
'သွားပြီ... ငါတော့ အလွန်အကျွံ စော်ကားမိသွားပြီ ထင်တယ်' တန်ရှာက စိုးရိမ်စိတ်ဖြင့် တွေးမိသော်လည်း ရဲရင့်စွာပင် ဆက်လက် ရပ်တည်နေခဲ့သည်။
မီးတောက်ကျားကြီးသည် ဟိန်းဟောက်ကာ တန်ရှာရှိရာသို့ ခုန်အုပ်လိုက်သည်။
"တောအုပ်ရဲ့ အစောင့်အရှောက်" တန်ရှာက လက်ဟန်အချို့ ပြုလုပ်လိုက်ရာ သူ၏ မျက်ဝန်းများမှာ ခဏတာ စိမ်းလန်းသွားသည်။
စစ်မြေပြင်၏ အလယ်တွင် ဧရာမ သစ်ပင်ကြီးတစ်ပင် ရုတ်တရက် ပေါက်ထွက်လာပြီး လူသားပုံစံအဖြစ် ပြောင်းလဲသွားသည်။ မီးတောက်ကျားက ထိုသစ်ပင်ကြီးကို တိုက်ခိုက်သော်လည်း သစ်ပင်ကြီးက ၎င်း၏ လက်မောင်းများကို အနစ်နာခံကာ တန်ရှာကို ကာကွယ်ပေးခဲ့သည်။ နောက်ဆုံးတွင် သစ်ပင်ကြီးမှာ မီးလောင်ကျွမ်းသွားသော်လည်း မီးတောက်ကျား၏ စွမ်းအားကို အတော်အတန် လျှော့ချနိုင်ခဲ့သည်။
သို့သော် မီးတောက်ကျားမှာ ပျောက်ကွယ်မသွားဘဲ တန်ရှာ၏ ရင်ဘတ်ကို ၎င်း၏ လက်သည်းများဖြင့် ကုတ်ခြစ်လိုက်သည်။ တန်ရှာသည် သစ်သားအတားအဆီးဖြင့် ကာကွယ်ခဲ့သော်လည်း လက်သည်းချက်မှာ သူ၏ ရင်ဘတ်သို့ ထိမှန်သွားပြီး သွေးများ စီးကျလာကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
မီးတောက်ကျား၏ အလင်းမှာ မှိန်ဖျော့သွားသော်လည်း နောက်ဆုံးအကြိမ်အဖြစ် တန်ရှာ၏ ဦးခေါင်းကို ကိုက်ဖြတ်ရန် ခုန်အုပ်လိုက်ပြန်သည်။ ထိုအချိန်တွင် နွယ်ပင်သစ်များ ပေါ်လာပြီး မီးတောက်ကျားကို ဆွဲထားနိုင်လိုက်သည့်အတွက် တန်ရှာမှာ အသက်ဘေးမှ သီသီလေး လွတ်မြောက်သွားပြီး မီးတောက်ကျားမှာလည်း လုံးဝ ကွယ်ပျောက်သွားတော့သည်။
"ဒါက မှင်စာမျိုးနွယ်စု ခေါင်းဆောင်ရဲ့ ဂုဏ်သိက္ခာလား။ စစ်ပွဲအလယ်မှာ မြေပြင်ပေါ် အသာလေး လဲနေတာပေါ့" အနားမှ အသံတစ်သံ ထွက်ပေါ်လာသည်။
တန်ရှာသည် ထိုလူကို ကြည့်ကာ ပြုံးလိုက်သည်။ သူ မတ်တတ်ရပ်ရန် ကြိုးစားသော်လည်း အလွန် နာကျင်နေသည်။
"မင်း ငါ့ကို ကယ်လိုက်တာပဲ... ရွှီ" တန်ရှာက ရွှီကို ကြည့်ကာ ပြောလိုက်သည်။
"ဒါပေါ့... ငါ မင်းကို ကယ်ရမှာပေါ့။ မင်းက ဘယ်လောက်ပဲ ဆိုးဆိုး ငါတို့ရဲ့ မျိုးနွယ်စုခေါင်းဆောင်ပဲလေ" ဒုတိယ ခေါင်းဆောင်ရွှီက ခနဲ့တဲ့တဲ့ ပြန်ပြောသည်။
ရွှီသည် တန်ရှာကို ထူပေးရန် လျှောက်လာစဉ်မှာပင် သူ၏ မျက်လုံးများ ပြူးကျသွားတော့သည်။ သူ၏ ရင်ဘတ်ကို အနောက်မှနေ၍ လက်တစ်ဖက်က ဖောက်ထွက်သွားခြင်းပင် ဖြစ်သည်။
"မင်း တစ်ယောက်ယောက်ကို မေ့နေတာ မဟုတ်လား ပိုးကောင်လေး။ ငါ့ရဲ့ တိုက်ပွဲကို နှောင့်ယှက်ရဲတယ်ပေါ့" ကျားဘုရင်သည် ရက်စက်သော အသံဖြင့် ဆိုရင်း သူ၏လက်ကို ရွှီ၏ ရင်ဘတ်ထဲမှ ဆွဲထုတ်လိုက်ရာ ဧရာမ အပေါက်ကြီးတစ်ခု ကျန်ရစ်ခဲ့သည်။
"ရွှီ... " တန်ရှာ အော်ဟစ်လိုက်သော်လည်း ရွှီမှာ မျက်လုံးများ အပြူးသားဖြင့် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
"ဂ... ဂရု... စိုက်..." ရွှီသည် တန်ရှာကို ကြည့်ကာ နာကျင်စွာ ပြုံးလျက် တစ်စုံတစ်ခုကို ပြောရန် ကြိုးစားသော်လည်း စကားမဆုံးမီမှာပင် မျက်ဝန်းထဲမှ အလင်းရောင်များ ကွယ်ပျောက်ကာ အသက်ကုန်ဆုံးသွားတော့သည်။
"စိတ်မပူပါနဲ့ သူငယ်ချင်း... မင်းရဲ့ သမီးလေးကို ငါ့သမီးအရင်းလို ငါ စောင့်ရှောက်ပါ့မယ်" တန်ရှာက အသက်မဲ့နေသော ရွှီ၏ ကိုယ်ကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဟားဟား... အခုတော့ ငါ့တိုက်ပွဲကို ဘယ်သူမှ နှောင့်ယှက်လို့ မရတော့ဘူး။ ငါ တစ်ယောက်ယောက်ကို စံနမူနာပြ မသတ်ပြရင် ဘယ်သူမှ ငါ့ကို အလေးထားမှာ မဟုတ်ဘူး" ကျားဘုရင်က အော်ရယ်ကာ ပြောသည်။ သူသည် တန်ရှာရှိရာသို့ တဖြည်းဖြည်း လျှောက်လှမ်းလာသည်။
အခြားတစ်ဖက်တွင်မူ နွားဘုရင်သည် မာဇူးမားစ်ကို မြေပြင်ပေါ်တွင် ဖိခြေထားသည်။ မျိုးနွယ်စုခေါင်းဆောင် အားလုံးမှာ သွေးအိုင်ထဲတွင် လဲလျောင်းနေကြပြီး မကောင်းဆိုးဝါးဘုရင်များကသာ အောင်နိုင်သူအဖြစ် မတ်တတ်ရပ်နေကြသည်။
"ဆော့နေတာ တော်ပြီ။ ရန်သူတွေကို အမြန်သတ်လိုက်တော့" မကောင်းဆိုးဝါး ဧကရာဇ် တာရပ်စ်က ဘေးမှ လှမ်းအော်လိုက်သည်။
မကောင်းဆိုးဝါးဘုရင်များအားလုံး ထိုစကားကို ကြားလိုက်ကြသည်။
"အတိအကျပဲ။ အဆုံးသတ်ရမယ့် အချိန်ရောက်ပြီ" မကောင်းဆိုးဝါးဘုရင်များသည် ဘုရင်မ မီယာမှလွဲ၍ ကျန်ရှိသော မျိုးနွယ်စုခေါင်းဆောင်အားလုံးကို အပြီးသတ် သတ်ဖြတ်ရန် ပြင်လိုက်ကြသည်။
သို့သော် သူတို့ သတ်ဖြတ်ရန် လက်ရွယ်လိုက်စဉ်မှာပင် အားလုံးမှာ ထိတ်လန့်တကြား ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။ မကောင်းဆိုးဝါး ဧကရာဇ်များပင်လျှင် တုန်လှုပ်သွားကြသည်။ အလွန် ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း အရှိန်အဝါ တစ်ခုသည် လေထုထဲတွင် ရုတ်တရက် ပျံ့နှံ့လာသောကြောင့်ပင် ဖြစ်သည်။