အခန်း (၅၈၆-၅၈၈)
Vol. 40 Ch. 586-588
အပိုင်း ( 586 )
ကိုယ်ပွားအယောက် ငါးရာ၊ နိုးထလော့ ၂
ဤအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် လျင်မြန်စွာ ချဥ်းကပ်လာနေသည့် သားရဲကြီးငါးကောင်ကို အံ့ဖွယ်ကောင်းသော အေးဆေးတည်ငြိမ်မှုမျိုးဖြင့် စောင့်ကြည့်နေခဲ့သည်။
“ အလယ်အလတ် အဆင့်၈လား။ အတော်ပဲ၊ ငါ့ရဲ့ ရိက္ခာတွေကလည်း ပြတ်လပ်နေပြီ “
ကြယ်တာရာ T-Rex နတ်ဘုရားမှာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် မျောက်ဝံကြီး၊ လူမျက်နှာကျားနှင့် တစ်ခြားသားရဲကြီးတို့မှာ ချက်ချင်း ဒေါသထွက်သွားကြသည်။
ဒီကောင်က ငါတို့ဝိုင်းတိုက်တာကို ခံနေရတာတောင် ငါတို့ကို သူ့ရဲ့ အသားအသောက်အဖြစ် သတ်မှတ်နေတာလား
“ သေချင်နေတာပဲ “
“ အစောပိုင်း အဆင့်၈ ငချွတ်ကောင်လေးကများ၊ ပေါက်ကရတွေ လျှောက်ပြောရဲနေတာပဲ “
မျောက်ဝံကြီးမှ အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏အရှိန်အဝါမှာ အပြည့်အဝ ပေါက်ထွက်လာခဲ့သည်။
ကျယ်လောင်သော အသံတစ်သံနှင့်အတူ ဒါဇင်နှင့်ချီသော မီးတောင်များ ဆက်တိုက်ပေါက်ကွဲသွားသည့်အလား၊ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်လှိုင်းများသည် မျောက်ဝံကြီး၏ ခန္ဓာကိုယ်မှ ပေါ်ထွက်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူသည် ကြယ်တာရာ T-Rex နတ်ဘုရားထံသို့ လက်သီးတစ်လုံး ပစ်သွင်းလာခဲ့သည်။
ထိုစဥ် တစ်ခြားသော အဌမအဆင့် သားရဲလေးကောင်မှာလည်း တိုက်ကွက်ထုတ်လာကြသည်။
သူတို့အားလုံးသည် လှည့်ကင်းတမန်တော်များ ဖြစ်လာခဲ့သည့် အလယ်အလတ် အဌမအဆင့် ပညာရှင်များ ဖြစ်နေခဲ့သည်၊ ထို့ကြောင့် သူတို့၏ စွမ်းအားမှာ အတော်လေး ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
ဤအခိုက်အတန့်တွင် အပြည့်အဝ ပေါက်ထွက်လာမှုနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသည့် ဖိနှိပ်မှုအားသည် မိုင်တစ်ရာအတွင်းရှိ မြေပြင်ကို ပြိုကွဲသွားစေခဲ့ကာ၊ တောင်တန်းများနှင့် တောအုပ်တို့ကို ဖျက်စီးသွားခဲ့သည်။
အလယ်အလတ် အဌမအဆင့် သားရဲငါးကောင်က တိုက်ကွက်များ ထုတ်လာကြသည်၊ သူတို့၏အရှိန်အဟုန်မှာ မြေပြင်ကိုပင် တုန်ခါစေခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားကမူ အေးဆေးတည်ငြိမ်နေစဲဖြစ်ပြီး၊ ပြေးဝင်လာနေသည့် ကပ်ဘေးကို အေးအေးလူလူ စောင့်ကြည့်နေခဲ့သည်။
သူသည် အပျိုစင် မိန်းကလေးတစ်ဦးကဲ့သို့ တည်ငြိမ်သော်လည်း၊ နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် စိတ်လှုပ်ရှားနေသည့် ယုန်ငယ်တစ်ကောင်ကဲ့သို့ မြန်မြန်ဆန်ဆန် လှုပ်ရှားသွားခဲ့သည်။
ဒြပ်ထုကြီးမားလေလေ၊ အမြန်နှုန်းလျော့ကျလေလေဟူသော နိယာမမှာ သူ့အပေါ်တွင် မည်သည့်အကျိုးသက်ရောက်မှုမှ မရှိတော့သည့်ပုံပင်။
ကြီးမားသော ပုံရိပ်ကြီးသည် လျှပ်စီးကဲ့သို့ ပစ်ခွင်းလာခဲ့ပြီး၊ မျောက်ဝံကြီး၏အရှေ့သို့ ချက်ချင်းရောက်ရှိလာခဲ့သည်။
လက်သီးတစ်လုံး ပြေးဝင်လာခဲ့သည်။
“ ဘုမ်းးး “
ကြီးမားသော လက်သီးနှစ်လုံးသည် ပြင်းပြင်းထန်ထန် တိုက်မိသွားပြီး၊ မိုင်တစ်ရာအတွင်းရှိ လေထုကို ချက်ချင်း ပေါက်ကွဲသွားစေခဲ့ကာ၊ ဆူပွက်နေသော ရေနွေးအိုးကဲ့သို့ မီးခိုးငွေ့များ ပလူပျံသွားစေခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားမှာ တည်ငြိမ်နေစဲဖြစ်ပြီး၊ တိုက်ခိုက်မှုကို ဆက်လက် ပြုလုပ်လာခဲ့သည်။
“ ဘုမ်းးး ဝုန်းးး ဘုမ်းးး “
ထိတွေ့ရိုက်ခတ်မှုအသံများ ဆက်တိုက်ပေါ်ထွက်လာခဲ့ပြီး၊ သူသည် ပြင်းထန်သော တိုက်ခိုက်မှုများကို ဧရာမ သားရဲကြီးငါးကောင်နှင့် တစ်ကောင်းချင်းစီ ဖလှယ်နေခဲ့သည်။
“ ရက်ပေါင်းများစွာ အချိန်ဖြုန်းခဲ့ပြီးတဲ့နောက်မှာ ငါက အဌမအဆင့် အဆင့်၂ကို ရောက်နေခဲ့ပြီ၊ ငါ့ရဲ့အလေးချိန်ကလည်း ကီလိုဂရမ် ၁၈သန်းအထိ ဖြစ်သွားပြီ ”
ကြယ်တာရာ T-Rex နတ်ဘုရားသည် တိုက်ခိုက်နေရင်းဖြင့် သူ၏ကိုယ်ပိုင်စွမ်းအားကို မှန်းဆတွက်ချက်နေခဲ့သည်။
လွန်ခဲ့သော ရက်များအတွင်းတွင် သူ၏မူလကိုယ်သည် တွက်ချက်ခြင်းတို့ဖြင့် အလုပ်များနေခဲ့ပြီး၊ ကိုယ်ပွားကမူ နေ့စဥ်ရက်ဆက် အဆက်မပြတ် တိုးတက်နေခဲ့သည်။
သို့ရာတွင် အဌမအဆင့်သို့ ရောက်ရှိခဲ့သည့် အချိန်မှစ၍ ကီလိုဂရမ် ငါးသိန်းနေ့စဥ်ရရှိခြင်းနှင့်တောင်မှ သူ၏အဆင့်မှာ ၂၀%အထိသာ တိုးတက်လာတော့သည်။
ထိုကဲ့သို့ ဖြစ်နေခဲ့သော်လည်း သူ၏စွမ်းအားကမူ သာမန်အစောပိုင်း အဌမအဆင့်သားရဲများထပ် များစွာပိုစွမ်းနေခဲ့သည်။
အလယ်အလတ် အဌမအဆင့်သားရဲများနှင့် ရင်ဆိုင်နေရသော်လည်း၊ သူသည် ရင်ဘောင်တန်း၍ တိုက်ခိုက်နေနိုင်ခဲ့သည်။
တစ်ချီမျှ တိုက်ခိုက်ခဲ့ပြီးသည့်နောက်တွင် မျောက်ဝံကြီးနှင့် တစ်ခြားသားရဲ လေးကောင်တို့၏ အမူအရာများမှာ အလွန်တရာ လေးနက် တည်ကြည်သွားခဲ့သည်။
“ ဒီကောင်က အစောပိုင်း အဆင့်၈မှာပဲ ရှိနေသေးတာလေ၊ ဒါပင်မဲ့ ဒီလိုတိုက်ခိုက်ရေး စွမ်းအားမျိုးကို ပိုင်ဆိုင်ထားပြီးတော့ ငါတို့နဲ့ ငါးယောက်တစ်ယောက် တိုက်တာတောင်မှ၊ အောက်စည်းကို မရောက်သွားဘူးပေါ့ “
“ ဒီလိုကြောက်စရာကောင်းတဲ့ တည်ရှိမှုက အမှောင်နွားရိုင်းမျိုးနွယ်စုထဲမှာ ဘယ်အချိန်တုန်းက ပေါ်ထွက်လာခဲ့တာလဲဟ”
မျောက်ဝံကြီးနှင့် တစ်ခြားသားရဲအားလုံး အံ့ဩတုန်လှုပ်သွားကြသည်။
အမှောင်နွားရိုင်းမျိုးနွယ်စုက တော်တော်လေးအားကောင်းပင်မဲ့ ဒီလောက်ကြီးတော့ စွမ်းမနေသင့်ဘူးလေ
“ မဟုတ်ဘူး၊ အမှောင်နွားရိုင်းမျိုးနွယ်စုထဲမှာ ဒီကောင်နဲ့ ပတ်သက်တဲ့ ဘာအချက်အလက်မှ မရှိဘူး “
“ သူက ရုပ်ဖျက်ထားတာပဲ “
လူသားမျက်နှာနှင့် ကျားမှ ရုတ်တရက် ပြောဆိုလာခဲ့သည်။
မျောက်ဝံကြီ၏ အမူအရာ အေးစက်သွားကာ အော်ပြောလာခဲ့သည် “ မင်းကဘယ်သူလဲ။ ရုပ်ဖျက်ထားတာကို ဖျောက်လိုက် “
ကြယ်တာရာ T-Rex နတ်ဘုရားကမူ မည်သည့်စကားမှ ပြန်မပြောလိုက်ဘဲ လက်သီးချက်များဖြင့်သာ တုံ့ပြန်နေခဲ့သည်။
“ ဗွီ “
တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ရွှေရောင်ပုံစံကွက်များမှာ လျင်မြန်စွာ တောက်ပလာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်မှာ အလွန်တရာ ပူပြင်းလာခဲ့သည်။
ငြှိမ်းသက်၍ မရသော ကြယ်မီးဖို
အဆိုပါ စွမ်းရည်သည် သူ၏ ခွန်အားမြင့်တက်လာမှုနှင့်အတူ အဆက်မပြတ် တိုးတက်အားကောင်းနေခဲ့သည်။
ယခုတွင် သူသည် သူ့ခန္ဓာကိုယ်၏ အပူချိန်ကို ၁သန်း ဒီဂရီဆဲစီးယပ်အထိ ချက်ချင်းမြှင့်တင်နေနိုင်ပြီ ဖြစ်သည်။
အစစ်အမှန် ကြယ်တစ်စင်းနှင့် ယှဥ်လိုက်မည်ဆိုပါက ၎င်းမှာ သမုဒ္ဒရာအတွင်းမှ ရေတစ်စက်မျှသာ ဖြစ်နေခဲ့သည်။
အစစ်အမှန် ကြယ်တစ်စင်း၏ အပူချိန်သည် ဒီဂရီ ဆဲစီးယပ် ဆယ်သန်းအထက်တွင်သာ တည်ရှိသည်။
ကြောက်မက်ဖွယ်ကောင်းသည့် အဆိုပါ အပူချိန်သည် ခုခံကာကွယ်မှုမရှိသော နဝမအဆင့် ပညာရှင်များကိုပင် ချက်ချင်းလောင်ကျွမ်းပစ်နိုင်ပေသည်။
ဤအခိုက်အတန့်တွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာ ထိုအဆင့်မျိုးအထိ မရောက်ရှိသေးသော်လည်း၊ ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းနေစဲပင် ဖြစ်သည်။
“ ဘုမ်းးး “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ဒီဂရီ ဆဲစီးယပ် တစ်သန်းဆိုသည့် အပူချိန်ကို ဆယ်ဆောင်ကာ၊ မျောက်ဝံကြီးနှင့် တစ်ခြားသားရဲလေးကောင်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတော့သည်။
“ ဝုန်းးး “
နှစ်ဖက်စလုံး တိုက်မိသွားခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် မျောက်ဝံကြီး၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့သည် “ တစ်ခုခုမှားနေပြီ၊ မြန်မြန်ဆုတ်ကြ “
“ ထပ် “
ချက်ချင်းဆိုသသလိုပင် သူ၏လက်တစ်ဖက်သည် တိုက်ရိုက်အရည်ပျော်သွားခဲ့သည်။
“ ဒါက ဘယ်လိုစွမ်းရည်မျိုးလဲ၊ ငါတစ်ခါမှ မကြားဖူးဘူး “
လူမျက်နှာ ကျားသားရဲ၏ အမူအရာမှာလည်း ပိုမိုလေးနက်တည်ကြည်သွားကာ အလွန် အံ့အားသင့်သွားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ဤအခိုက်အတန့်တွင် ကြယ်တာရာ T-Rex နတ်ဘုရားက အလွန်တရာ ပူပြင်းသော ကြယ်တစ်စင်းကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်သည်။
“ သူက ဒီစွမ်းရည်ကို အချိန်အကြာကြီး ထိန်းသိမ်းထားနိုင်မှာ မဟုတ်ဘူး။ အဲ့တာပျောက်သွားတဲ့ အချိန်အထိ ဘာမှမလုပ်ကြနဲ့ “
သိပ်မကြာခင် အချိန်မှာပင် မျောက်ဝံကြီးမှ အမိန့်ပေးလာခဲ့သည်။
သူထင်ထးသည့်အတိုင်းပင် ကြယ်တာရာ T-Rex နတ်ဘုရားသည် အဆိုပါ စွမ်းရည်ကို အချိန်အတော်ကြာမထိန်းသိမ်းထားနိုင်ခဲ့ပေ။
“ မငြိမ်းသက်တဲ့ ကြယ်မီးဖိုက အများဆုံးအနေနဲ့ သုံးစက္ကန့်လောက်ပဲခံတယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အသာအယာ သက်ပြင်းချနေတော့သည် “ တကယ်လို့ ပြိုင်ဘက်ကို တစ်ခါတည်း အမှောက်မသိပ်ဘူးဆိုရင်၊ နောက်ထပ် နည်းလမ်းတစ်ခု ရှာမှ ဖြစ်မယ် “
…
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် မျောက်ဝံကြီးမှ အေးစက်စွာ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ ငါထင်ထားတဲ့အတိုင်းပဲ၊ အခုတော့ မင်းဆီမှာ ဘာလှည့်ကွက်တွေ ရှိနေဦးမလဲဆိုတာ ကြည့်လိုက်ကြတာပေါ့ကွာ “
ထို့နောက်တွင် သူသည် လူမျက်နှာ ကျားသားရဲကို ကြည့်ကာ အေးစက်စွာ ပြောဆိုလိုက်သည် “ ဘာမှ ထိန်ချန်မထားနဲ့တော့။ ရှိတာအကုန်ထုတ်သုံးပြီးတော့ သူ့ကို ဖမ်းကြ။ သူ့ဆီမှာ လျှို့ဝှက်ချက် ကြီးကြီးမားမား ရှိနေမှာ သေချာတယ် “
“ ဟုတ် “
လူမျက်နှာ ကျားသားရဲနှင့် တစ်ခြားသားရဲများသည် သူတို့၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်လာကြသည်။
မျောက်ဝံကြီး၏ လက်ထဲတွင် အလင်းတန်းတစ်ခု ပေါ်လာခဲ့ပြီး၊ ၎င်းသည် ရှည်လျားသော ခရမ်းရွှေရောင် တောင်ဝှေးတစ်ချောင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။
“ ဒီနတ်ဘုရား ရိုက်နှက်တောင်ဝှေးက ကမ္ဘာ့ကြယ်ရဲ့ အလယ်ဗဟိုအကျဆုံး ဒေသက အမှောင်အူတိုင်သံနဲ့ ထုလုပ်ထားတာ၊ ဒါက နှောင်းပိုင်း အဆင့်၈က လူတွေကိုတောင် အသက်အန္တရာယ် ဖြစ်စေနိုင်တယ် “
မျောက်ဝံကြီးသည် ခရမ်းရွှေရောင် တောင်ဝှေးကို စိတ်ခံစားချက်တို့ဖြင့် ငြင်သာစွာ ပွတ်သပ်နေခဲ့သည်။
သားရဲမျိုးနွယ်စုက လက်နက်အသုံးပြုသည်မှာ အလွန်တရာ ရှားပါးလွန်းနေခဲ့သည်၊ သို့သော် မျောက်ဝံကြီးကမူ ချွင်းချက်တစ်ခု ဖြစ်သည်။
နတ်ဘုရား ရိုက်နှက်တောင်ဝှေးသည် သူနှင့် အလွန်တရာ သင့်တော်နေခဲ့ပြီး၊ သူ၏ တိုက်ခိုက်ရေး စွမ်းအားကို ကြီးကြီးမားမား မြှင့်တင်ပေးနေနိုင်သည်၊ တစ်ခါက သူသည် ၎င်းကို အသုံးပြု၍ အဌမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးကို ဒဏ်ရာအပြင်းအထန် ရရှိသွားစေခဲ့ဖူးသည်။
သို့ရာတွင် ဤပစ္စည်း၏ စွမ်းအင်စားသုံးမှုမှာ အလွန်တရာ မြင့်မားနေခဲ့ပြီး၊ ၎င်းသည် မူလစွမ်းအားကိုပင် တိုက်ရိုက်စုပ်ယူနိုင်သည်။
ထို့ကြောင့် တစ်ကြိမ်မျှအသုံးပြုခဲ့ပြီးသည့်နောက်တွင် မျောက်ဝံကြီးမှာ အချိန်အတိုင်းအတာတစ်ခုအထိ အားနည်းသွားလေ့ရှိသည်၊ ထို့ကြောင့် သူသည် အရေးပေါ် အခြေအနေ မဟုတ်ဘူးဆိုပါက ဤပစ္စည်းကို ထုတ်သုံးလေ့မရှိပေ။
“ ဒီနေ့မှာတော့ မင်းရဲ့ သွေးကို သုံးပြီးတော့ ငါ့ရဲ့ နတ်လက်နက်ကို သန့်စင်မယ် “
ထို့နောက် စက္ကန့်ပိုင်းမျှ အကြာတွင် မျောက်ဝံကြီး၏ အမူအရာမှာ အလွန်တရာ ကြမ်းကြုတ်သွားခဲ့သည်။
အကောင်းအတိုင်း ကျန်ရှိနေသည့် သူ၏လက်တစ်ဖက်ဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားဆီသို့ ခရမ်းရွှေရောင် တောင်ဝှေးကို အားပါပြင်းထန်စွာ လွှဲရမ်းလိုက်သည်။
“ ဒိန်းးးး “ နတ်ဘုရား ရိုက်နှက်တောင်ဝှေး၏ အရှိန်အဝါ ပေါက်ထွက်လာခဲ့သောကြောင့် ကောင်းကင်ထက်တွင် မိုးခြိမ်းသံများ ပေါ်လာခဲ့ပြီး၊ ကမ္ဘာ့ကြယ်၏ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့သည် အဆိုပါ လက်နက်ကို အသံများဖြင့် တုံ့ပြန်လာခဲ့သည်။
မိုင်တစ်သောင်း အတွင်းရှိ များပြားလွန်းလှသော သားရဲများသည် အဆိုပါ အရှိန်အဝါကို ခံစားမိသွားကာ၊ ရိုသေလေးစွာ ဦးညွတ်လာခဲ့သည်။
တိုက်ကွက်တစ်ခုတည်းဖြင့် သားရဲတစ်သောင်း ဦးညွတ်ခြင်း
၎င်းမှာ နတ်ဘုရား ရိုက်နှက်တောင်ဝှေး၏ တကယ့်စွမ်းအားဖြစ်ပြီး၊ ကမ္ဘာ့ကြယ်တွင် မွေးဖွားခဲ့သည့် လူသားသော်လည်းကောင်း၊ သားရဲသော်လည်းကောင်း၊ သက်ရှိအားလုံးသည် အဆိုပါ တောင်ဝှေးကို ကြုံတွေ့ရသောအခါတွင် အလိုအလျောက် ဦးညွတ်ကြရသည်။
သို့ရာတွင် ဤတစ်ကြိမ်၌ ကြယ်တာရာ T-Rex နတ်ဘုရားမှာ မည်သည့်သက်ရောက်မှုကိုမှ မခံစားလိုက်ရပေ။
မည်သို့ပင်ဆိုစေကာမူ သူသည် ပေါ့ပေါ့ဆဆ မလုပ်ခဲ့ပေ။ သူ့အရှေ့တွင် အလင်းတန်းတစ်ခု ပေါ်လာခဲ့ပြီး၊ ကြီးမားသော ရွှေနက်ရောင် ခေါင်းလောင်းကြီးတစ်လုံး ပေါ်ထွက်လာခဲ့သည်။
ကောင်းကင်ဘုံ ဝါးမြိုခြင်း ခေါင်းလောင်း
၎င်းသည် ပြိုင်ဘက်၏ နတ်ဆိုးစွမ်းအင်၊ နတ်စွမ်းရည်နှင့် ထိုကဲ့သို့သော အရာများကို မိမိကိုယ်ပိုင် ပစ္စည်းအဖြစ် ပြောင်းလဲနိုင်ပြီး၊ ၎င်းမှာ သူက အမြင့်ပိုင်းအဆင့်သို့ မရောက်ခင် အချိန်တွင် ပြိုင်ဘက်ကင်းခဲ့ဖူးသည်။
သို့သော် ဤတစ်ကြိမ်၌ ၎င်းမှာ ၎င်း၏ဘုန်းတန်ခိုးကို ဆုံးရှုံးသွားခဲ့သည်။
“ ဒင် “
နတ်ဘုရား ရိုက်နှက်တောင်ဝှေး၏ ရိုက်ခတ်မှုကို ခံလိုက်ရသောကြောင့် ကောင်းကင်ဘုံ ဝါးမြိုခြင်း ခေါင်းလောင်းသည် ငိုကျွေးသကဲ့သို့ ဖြစ်နေသည့် အော်မြည်သံများ ထုတ်လွှတ်လာခဲ့ကာ၊ ၎င်း၏ အရှိန်အဝါမှာလည်း လျင်မြန်စွာ လျော့ကျသွားခဲ့သည်။
“ သွား “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ရေခဲပြာ မျှော်စင်ငယ်ကို ထပ်မံ၍ ဆင့်ခေါ်လိုက်သည်။
နတ်ဆိုးစွမ်းအင်ဖြင့် အသက်သွင်းလိုက်ရာ၊ ရေခဲပြာ မျှော်စင်ငယ်သည် ချက်ချင်းတောက်ပလာခဲ့ပြီး၊ အေးခဲမှုလှိုင်းလုံးတစ်ခု ချက်ချင်း ပျံ့လွင့်လာခဲ့သည်။
၎င်းမှာ ကမ္ဘာ့ကြယ်၏ မြင့်မြတ်ရတနာဆယ်ပါးအနက်မှ နံပါတ်၉ကိုးချိတ်သည့် ရတနာကို ပုံတူပွားထားသည့် ရေခဲနယ်မြေ တားမြစ်မျှော်စင်ဖြစ်သည်၊ ပုံစံတူ ပစ္စည်းတစ်ခုသာ ဖြစ်နေခဲ့သော်လည်း ၎င်း၏စွမ်းအားမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
“ ခရက် “
သို့သော် နတ်ဘုရား ရိုက်နှက်တောင်ဝှေးသည် ရေခဲပိတ်ဆို့မှုကို မချိုးဖျက်ခင် အချိန်တွင် တစ်ခဏခန့်သာ ရပ်တန့်သွားခဲ့သည်။
ရေခဲနယ်မြေ တားမြစ်မျှော်စင် အော်မြည်သံတစ်ခုကို ထုတ်လွှတ်ကာ ကြယ်တာရာ T-Rex နတ်ဘုရားဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး၊ ၎င်း၏ စွမ်းအားအားလုံး ဆုံးရှုံးသွားခဲ့သည်။
“ အဆင့်၈အထက်မှာဆိုရင် ငါ့ရဲ့ မှော်ရတနာက နည်းနည်းလေးမှ အသုံးမဝင်တော့ဘူးပဲ “
သူသည် တိတ်တဆိတ် သက်ပြင်းချနေတော့သည်၊ အဌမအဆင့်သို့ ရောက်ရှိလာခဲ့သည့် အချိန်မှစ၍ သူ၏ မှော်ရတနာကြွယ်ဝမှုမှာ သူ၏နယ်ပယ်နှင့် အနည်းငယ် အလှမ်းဝေးသွားခဲ့သည်။
သို့ရာတွင် ကံကောင်းထောက်မစွာဖြင့် ၎င်းတို့မှာ သူ၏ဝှက်ဖဲ ဟုတ်မနေခဲ့ပေ။
“ ကောင်းကင်ဘုံ ဝါးမြိုခြင်း ခေါင်းလောင်းနဲ့၊ ရေခဲနယ်မြေ တားမြစ်မျှော်စင်လား “
“ ကောင်းကင်ဘုံ ဝါးမြိုခြင်း ခေါင်းလောင်းက နွားခေါင်းမျိုးနွယ်စုရဲ့ အမွေအနှစ်ရတနာလေ။ သိပ်မကြာခင် အချိန်ကမှ အဲ့ပစ္စည်း ပျောက်သွားလို့ နွားခေါင်းမျိုးနွယ်စုထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သေးတယ် “
“ ပြီးတော့ ထူးခြားတဲ့ ဇစ်မြစ်ရှိတဲ့ ရေခဲနယ်မြေ တားမြစ်မျှော်စင်ကလည်း သိပ်မကြာခင် အချိန်ကမှ ပျောက်သွားခဲ့တာ “
မျောက်ဝံကြီး၏ အမူအရာသည် အနည်းငယ် အေးစက်သွားခဲ့သည် “ မင်းဆီမှာ ဒီရတနာနှစ်ခုစလုံး ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
“ မင်းက ဘယ်သူလဲ။ ကြယ်ပြာဂြိုဟ်က သူလျှိုလား “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အနည်းငယ် အံ့ဩသွားခဲ့သည်။ ဤသည်မှာ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုဝင်တစ်ကောင်က သူ၏အထောက်အထားကို မှန်မှန်ကန်ကန် မှန်းဆနိုင်ခဲ့သည့် ပထမဦးဆုံးအကြိမ် ဖြစ်သည်။
“ အရမ်းကောင်းတယ်၊ ကြည့်ရတာတော့ ငါ့ရဲ့ တကယ့်စွမ်းအားကို မပြဘူးဆိုရင်၊ ဒီနေ့မှာ ဒီကောင်တွေကို ကိုင်တွယ်နိုင်မှာ မဟုတ်တော့တဲ့ပုံပဲ “
သူသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။
အဆိုပါ အလယ်အလတ် အဌမအဆင့် သားရဲငါးကောင်မှာ ဖြေရှင်းရ လွယ်ကူမနေခဲ့ပေ၊ သူတို့၏ တိုက်ခိုက်ရေးစွမ်းအားများသည် နှောင်းပိုင်း အဌမအဆင့် ပညာရှင်နှင့်ပင် ယှဥ်နေနိုင်ခဲ့သည်။
အဌမအဆင့်နယ်ပယ်တွင် အဆင့်သေးတစ်ခုချင်းစီတိုင်း၏ ကွာဟချက်မှာ အလွန်တရာ ကြီးမားနေခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားက အတိုင်းအတာတစ်ခုအထိ တိုးတက်ခဲ့သော်လည်း၊ အလယ်အလတ် အဌမအဆင့် သားရဲငါးကောင်ကို တစ်ကိုယ်တော် ရင်ဆိုင်ရန်မှာ အလွန်တရာ ခက်ခဲနေသေးသည်။
ထို့အပြင် သူ၏နယ်ပယ်မှာလည်း အစောပိုင်း အဌမအဆင့်တွင်သာ ရှိနေသေးသည်။
“ ကိစ္စက ဒီလိုဖြစ်နေပြီဆိုတော့လည်း …….. “
ဆွစ်ရှ် ဆွစ်ရှ် ဆွစ်ရှ်
ထို့နောက် စက္ကန့်ပိုင်းမျှ အကြာတွင် ရာနှင့်ချီသော ကိုယ်ပွားများသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်အတွင်းမှ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ဘိုးဘေးနဂါး အရိပ်တစ်သောင်း နယ်မြေချိုးဖျက်ခြင်း ကိုယ်ပွားနည်းစနစ်
ကိုယ်ပွားငါးရာ ပေါ်လာခဲ့လေသည်။
………………………………………………………………………………………………………………………………
အပိုင်း ( 587 )
ရှစ်ခုမြောက်တောင်
ဝှစ် ဝှစ် ဝှစ် ဝှစ်
မျက်စိတစ်မှိတ်အတွင်းမှာပင် ကိုယ်ပွား အယောက်ငါးရာ ပေါ်ထွက်လာခဲ့သည်။
ဆင့်ကဲပြောင်းလဲမှုကို ခံယူခဲ့ရပြီးသည့်နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ တာအိုမူလ နားလည်မှုမှာ သိသိသာသာ တိုးတက်အားကောင်းလာခဲ့ပြီး၊ ဘိုးဘေးနဂါး အရိပ်တစ်သောင်း နယ်မြေချိုးဖျက်ခြင်း ကိုယ်ပွားနည်းစနစ်၏ တိုးတက်မှုဖြစ်စဥ်မှာလည်း အလွန်တရာ မြန်ဆန်လာခဲ့သည်။
အဌမအဆင့် အဆင့်၂သို့ ရောက်ရှိခဲ့ပြီးသည့်နောက်တွင် သူ၏ကိုယ်ပွားအရေအတွက်မှာ ငါးရာအထိ ဖြစ်လာခဲ့သည်။
ကိုယ်ပွားတစ်သောင်းနှင့်ယှဥ်လိုက်မည်ဆိုပါက အဝေးကြီး ဆက်လျှောက်သွားရဦးမည် ဖြစ်သည်။
သို့သော် ကိုယ်ပွားငါးရာ ရှိနေခြင်းကပင် အလွန်တရာ အံ့ဖွယ်ကောင်းနေပြီးသား ဖြစ်သည်။
ကိုယ်ပွားတစ်ခုချင်းစီတိုင်းက မီတာရာနှင့်ချီ၍ မြင့်မားသည်ဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။
အဝေးမှ လှမ်းကြည့်လိုက်မည်ဆိုပါက၊ ၎င်းတို့မှာ ကောင်းကင်ပြင်ကို ဖုံးလွှမ်းနေသည့် ကြီးမားသော အရိပ်ကြီးတစ်ခုသဖွယ် ဖြစ်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် မျောက်ဝံကြီး၊ လူမျက်နှာကျားနှင့် တစ်ခြားသားရဲများသည် ချက်ချင်း ကြောင်အသွားကြသည်။
“ ဘာ …… ဘာတွေ ဖြစ်နေတာလဲ “
သူတို့သည် ကြီးမားသော ကိုယ်ပွားငါးရာက မည်သည့်နေရာမှာ ရုတ်တရက် ရောက်ရှိလာလဲဆိုသည်ကို နားမလည်နိုင် ဖြစ်နေကြသည်။
အကယ်၍ ကြယ်တာရာ T-Rex နတ်ဘုရားက စစ်ကူများကို ဆင့်ခေါ်လိုက်မည်ဆိုလျှင်တောင်မှ၊ သူတို့သည် ဤကဲ့သို့ မြန်ဆန်စွာ ပေါ်ပေါက်လာလိမ့်မည် မဟုတ်ပေ။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကမူ သူတို့ကို တုံ့ပြန်ချိန် မပေးခဲ့ပေ။
“ သွား “
သူ၏အမိန့်အောက်တွင် ကိုယ်ပွားအယောက်ငါးရာစလုံးသည် အင်အားအပြည့် ထုတ်သုံးကာ ချက်ချင်းစတိုက်လာကြသည်။
“ ဘုမ်းးး “
ချက်ချင်းဆိုသလိုပင် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ ပြိုကွဲသွားခဲ့သည်။
“ သတ် “
မျောက်ဝံကြီးသည် ကျယ်လောင်စွာ ဟိန်းဟောက်၍၊ နတ်ဘုရား ရိုက်နှက်တောင်ဝှေးကို လွှဲရမ်းလာခဲ့သည်။
နတ်ဘုရား ရိုက်နှက်တောင်ဝှေး၏ စွမ်းအားသည် အမှန်တကယ် အားကောင်းနေခဲ့ပြီး၊ ကိုယ်ပွား ဆယ်ယောက်ကျော်ကို ရှင်းလင်းနိုင်ခဲ့သော်လည်း၊ ချက်ချင်း အားကုန်ခမ်းသွားခဲ့သည်။
ထို့နောက်တွင် နတ်ဘုရား ရိုက်နှက်တောင်ဝှေးမှာလည်း ချက်ချင်း မှိန်ဖျော့သွားခဲ့သည်။
ထို့နောက်၌ မျောက်ဝံကြီး၊ လူမျက်နှာ ကျားနှင့် တစ်ခြား သားရဲသုံးကောင်တို့သည် ကိုယ်ပွားတို့၏ ပြင်းထန်သော ရိုက်နှက်မှုများကို ခံနေရတော့သည်။
ကိုယ်ပွားငါးရာနှင့် ရင်ဆိုင်လိုက်ရသောအခါတွင် သူတို့သည် မည်သို့မျှ မလွတ်မြောက်နိုင်ခဲ့ပေ။
ကိုယ်ပွားတစ်ခုချင်းစီတိုင်းသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ၅၀%သော ခွန်အားကို ပိုင်ဆိုင်ထားကြပြီး၊ ထို့အတူပင် ဟင်းလင်းပြင် ပိတ်လှောင်ခြင်း စွမ်းရည်ကိုပါ ပိုင်ဆိုင်ထားကြသည်။
“ ဘမ်း ဘမ်း ဘမ်း “
ကောင်းကင်ထက်တွင် ကျယ်လောင်သော ထိတွေ့မှုအသံများ ဆက်တိုက်ပေါ်ထွက်နေခဲ့သည်။
သွေးမြူခိုးများသည် တစ်ခုပြီးတစ်ခု ပေါက်ထွက်လာခဲ့သည်။
တစ်ဖက်သတ်သတ်ဖြတ်ပွဲကြီးသာလျှင် ဖြစ်ပေါ်နေခဲ့သည်။
…
ငါးမိနစ်အကြာတွင်
ကြယ်တာရာ T-Rex နတ်ဘုရားသည် အလယ်အလတ် အဌမအဆင့် သားရဲငါးကောင်၏ အလောင်းများရှေ့တွင် မတ်တပ်ရပ်နေခဲ့သည်။
“ ဒါက ကိုယ်ပွားငါးရာရဲ့ စွမ်းအားလား။ ငါထင်ထားတာထပ်တောင် ပိုစွမ်းနေတာပဲ “
သူသည် တိုက်ပွဲတစ်ခုလုံးကို ဘေးမှ ရပ်ကြည့်နေခဲ့ရပြီး၊ လက်မြှောက်ရန်ပင် မလိုအပ်ခဲ့ချေ။
ဤကိုယ်ပွား ငါးရာစလုံးသည် အဆိုပါ သားရဲကြီးငါးကောင်ကို အပြင်းအထန် ချေမှုန်းပစ်လိုက်သည်။
တကယ်လို့ ကိုယ်ပွားငါးရာတွင် ထိုကဲ့သို့သော စွမ်းအားမျိုး ရှိနေမည်ဆိုပါက၊ ကိုယ်ပွားတစ်သောင်းတွင် ရှိနေသည့် စွမ်းအားမှာ မှန်းဆ၍ မရလောက်သည်အထိ ဖြစ်သွားမည် ဖြစ်သည်။
“ တကယ်လို့ ငါက ပကတိ အထွတ်အထိပ်ကို ရောက်သွားပြီးတော့ ကိုယ်ပွားတစ်သောင်းကို ကျင့်ကြံနိုင်ခဲ့မယ်ဆိုရင်၊ ငါက ပကတိ အထွတ်အထိပ် ပညာရှင်တစ်သောင်းပါတဲ့ တိုက်ခိုက်ရေး အင်အားစုကို ပိုင်ဆိုင်သွားမှာ မဟုတ်ဘူးလား “
“ အဲ့ဒီအချိန်ကျရင် အမြင့်ဆုံးနယ်ပယ်က လူနဲ့ရင်ဆိုင်ရမယ်ဆိုရင်တောင်မှ ပြန်တိုက်လို့ရလောက်တယ် “
ရှုကျိုးသည် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။
ကိုယ်ပွားက ခွန်အားတစ်ဝက်ကိုသာ ပိုင်ဆိုင်ထားသော်လည်း၊ ပကတိ အထွတ်အထိပ်၏ စွမ်းအားတစ်ဝက်မှာ နဝမအဆင့် အထွတ်အထိပ်ထပ် များစွာသာလွန်နေသေးသည်။
ယခုလက်ရှိ ကြယ်ပြာဂြိုဟ်အတွက် ၎င်းမှာ ပြိုင်ဘက်ကင်း အကူအညီဖြစ်လာလိမ့်မည် ဖြစ်သည်။
“ ဒီဘိုးဘေးနဂါး အရိပ်တစ်သောင်း နည်းစနစ်ကလည်း ရှေးဦးဖရိုဖရဲအဆင့် တာအိုနည်းစနစ်တစ်ခုပဲ၊ မိုးကြိုးဧကရာဇ် နည်းစနစ်ထပ်တောင် အဆင့်ပိုမြင့်သေးတယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် တိတ်တဆိတ် အံ့အားသင့်နေခဲ့သည် “ ဒီနည်းစနစ်ကို ဖန်တီးခဲ့တဲ့ အောင်းချန်က တကယ်ကို ထူးချွန်ထက်မြက်လွန်းတယ် “
ဤအခိုက်အတန့်တွင် သူသည် ဤနည်းစနစ်ကို မြန်မြန်ဆန်ဆန် ကျွမ်းကျင်လာအောင် ပြုလုပ်မည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။
ကိုယ်ပွားတစ်သောင်း နည်းစနစ်၏ စွမ်းအားမှာ အလွန်တရာ ကြီးမားနေခဲ့သည်။
ထို့နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် မှော်ရတနာများကို အလောင်းများထံမှ ထုတ်ယူနေတော့သည်။
“ နတ်ဘုရား ရိုက်နှက်တောင်ဝှေး “
သူသည် ခရမ်းရွှေရောင် တောင်ဝှေးကို ထုတ်ယူကာ နတ်ဆိုးစွမ်းအင်ဖြင့် အသက်သွင်းလိုက်သည်။
“ ဇွီ ”
ချက်ချင်းဆိုသလိုပင် စွမ်းအင်လှိုင်းတစ်ခု ပေါက်ထွက်လာခဲ့ကာ ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် အဆိုပါ စွမ်းအင်လှိုင်းက မိုင်တစ်သောင်းခန့်ရှိသော ဧရိယာတစ်ဝိုက်အား ချက်ချင်း ဖုံးလွှမ်းသွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိနေခဲ့သည်။
“ ဗွီ ဗွီ ”
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် မိုင်တစ်သောင်းအတွင်းရှိ သားရဲများဖြစ်စေ၊ သစ်ပင်ပန်းမန်များပင် ဖြစ်စေ၊ သက်ရှိအားလုံး ဦးညွတ်လာကြသည်။
အဆိုပါ စွမ်းအင်လှိုင်း၏ အောက်တွင် သူတို့သည် ဘုရားဖူး ခရီးသွားသဖွယ် ဖြစ်နေခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်နှာပေါ်တွင် စိတ်ဝင်တစားဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်၊ ဒီတောင်ဝှေးက ကမ္ဘာ့ကြယ် သက်ရှိတွေကို ပစ်မှတ်ထားနေသလိုပဲ
ကမ္ဘာ့ကြယ်တွင် မွေးဖွားလာခဲ့သည့် သက်ရှိ သတ္တဝါတိုင်းမှာ ဤတောင်ဝှေး၏ လွှမ်းမိုးမှုကို ခံလိုက်ရမည် ဖြစ်သည်။
နဝမအဆင့် အထက်မှ ပညာရှင်များကမူ ၎င်းကို အနည်းငယ်မျှ ခုခံနိုင်ပေသည်၊ သို့သော် အကျိုးသက်ရောက်မှုက ထင်ထင်ရှားရှားရှိနေစဲပင် ဖြစ်သည်။
ပြင်းထန်သော တိုက်ပွဲတစ်ခုအတွင်း၌ ထိုကဲ့သို့သော လွှမ်းမိုးမှုသည် အသက်သေဆုံးခြင်းကို ဖြစ်သွားစေနိုင်သည်။
“ ဟမ် “
ထိုအချိန်တွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
သူသည် အဆိုပါ နတ်ဘုရား ရိုက်နှက်တောင်ဝှေးက သူ၏မူလ စွမ်းအားကို စုပ်ယူနေသည်ကို သတိပြုမိသွားသည်။
“ ဒီတောင်ဝှေးက ထူးခြားတဲ့ စွမ်းအားမျိုးကို သယ်ဆောင်ထားတာက အံ့ဩစရာ မဟုတ်တော့ဘူးပဲ။ ဒီကောင့်ကို မူလစွမ်းအားနဲ့ အားဖြည့်ပေးရတာလား “ ကြယ်တာရာ T-Rex နတ်ဘုရားသည် သဘောပေါက်နားလည်သွားခဲ့သည်။
မူလစွမ်းအားကို တစ်ကြိမ်မျှ အသုံးပြုလိုက်မည်ဆိုပါက၊ ၎င်းကို ပြန်လည်ဖြည့်တင်းခြင်းမှာ အလွန်တရာ ခက်ခဲနေပြီး၊ အချိန်အတော်ကြာ ယူရမည် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားထံတွင် အင်မော်တယ်စွမ်းရည်ရှိနေခဲ့ပြီး၊ သူ၏မူလစွမ်းအားကို အင်မော်တယ် စွမ်းအင်၏ ပြင်ဆင်မှုအောက်တွင် လျင်မြန်စွာ ပြန်လည်ကောင်းမွန်သွားစေခဲ့သည်။
“ ဒီနတ်ဘုရား ရိုက်နှက်တောင်ဝှေးက ငါ့အတွက် ပြင်ဆင်ပေးထားတဲ့သလိုပဲဟ “
“ ကောင်းတယ်၊ အခုတော့ ဒီဟာက ငါ့အပိုင် ဖြစ်သွားပြီ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ပြုံးနေခဲ့ပြီး၊ အဆိုပါ တောင်ဝှေးကို ချထားလိုက်သည်။
နတ်ဘုရား ရိုက်နှက်တောင်ဝှေးအပြင်၊ သူသည် ဆန်းကြယ်ကောင်းကင် ဒိုင်းဟုအမည်ရသည့် နှောင်းပိုင်း အဌမအဆင့် ပညာရှင်တစ်ဦး၏ အင်အားအပြည့် တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းရှိသည့် ခုခံကာကွယ်ရေးအတွက် အသုံးပြုသော လုံးဝန်းသော ဒိုင်းပုံသဏ္ဍာန်ရှိသည့် မှော်ရတနာကိုပါ ရှာဖွေတွေ့ရှိခဲ့သည်။
ထိုရတနာ နှစ်မျိုးမှအပ တစ်ခြားသော အရာများမှာ သာမန်သာ ဖြစ်နေခဲ့ပြီး၊ အများစုသည် သတ္တမအဆင့် မှော်ရတနာများသာ ဖြစ်နေခဲ့သည်။
အဌမအဆင့်နယ်ပယ်တွင် မှော်ရတနာတစ်ခု ရှာတွေ့ခြင်းမှာ အလွန်တရာ ရှားပါးလွန်းနေခဲ့သည်။
ကမ္ဘာ့ကြယ်၏ စုံစမ်းစစ်ဆေးရေးမှူးအဆင့်မှာပင် လူနှစ်ယောက်ကသာလျှင် အဌမအဆင့် မှော်ရတနာများကို ပိုင်ဆိုင်ထားခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ ကြယ်တာရာ T-Rex နတ်ဘုရားမှာ အတော်လေး စိတ်ကျေနပ်နေခဲ့သည်။
“ ဒါတွေနဲ့ဆိုရင် အဆင့်၈ အထွတ်အထိပ် ပညာရှင်နဲ့ ရင်ဆိုင်ရမယ်ဆိုရင်တောင်မှ၊ ပြန်တိုက်နိုင်စွမ်းရှိနေပြီ “
သူသည် တွေးတွေးဆဆ ဖြစ်နေသော အမူအရာဖြင့် သူ့ခြေထောက်များအောက်ရှိ မြေပြင်ကျယ်ကြီးကို ကြည့်ရှုနေတော့သည်။
“ ကမ္ဘာ့ကြယ်ရဲ့ စစ်ဆေးရေးမှူး ငါးယောက်ကို သတ်လိုက်တော့ ကမ္ဘာ့ကြယ်ရဲ့ အဆင့်မြင့် ပညာရှင်တွေက ပြင်းပြင်းထန်ထန် တုံ့ပြန်လာကြမှာပဲ “
“ လာမဲ့အမဲလိုက်ပွဲတွေကတေ့ အရင်ကလောက် လွယ်နေတော့မှာ မဟုတ်ဘူး “
ကမ္ဘာ့ကြယ်သား စစ်ဆေးရေးမှူး ငါးယောက်က သူ့ကိုရှာတွေ့သွားခြင်းမှာ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စု၏ အဆင့်မြင့် ပညာရှင်များက သူ့ကို အာရုံစိုက်နေပြီဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
ယခင်က သူသည် သားရဲမျိုးနွယ်စု၏ ပိုင်နက်အတွင်းတွင် အရူးအမူး အမဲလိုက်နေခဲ့သောကြောင့်၊ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စု၏ အဆင့်မြင့်ပညာရှင်များက တစ်စုံတစ်ခုကို သတိမပြုမိဘူးဆိုသည်မှာ မည်သို့မျှ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
……………………………………………………………………………………………………………………………….
အပိုင်း ( 588 )
ရှစ်ခုမြောက်တောင် ၂
ယခုတွင် ကင်းလှည့်တမန်တော်/စစ်ဆေးရေးမှူး ငါးယောက်လည်း အသတ်ခံလိုက်ရပြီ ဖြစ်သည်၊ အကယ်၍ မထင်မှတ်ထားသော ကိစ္စတစ်ခုခုသာ မဖြစ်ပေါ်လာခဲ့ဘူးဆိုပါက၊ သူသည် ပိုမိုအစွမ်းထက်သော ရန်သူများကို ထပ်မံ၍ ရင်ဆိုင်ရနိုင်ပေသည်။
“ နှောင်းပိုင်း အဆင့်၈လား၊ အဆင့်၈ အထွတ်အထိပ်လား၊ ဒါမှမဟုတ် အဆင့်၉လား “
ဒါမှမဟုတ် ……. ပကတိ အထွတ်အထိပ် ပညာရှင်ကိုယ်တိုင် လှုပ်ရှားလာမှာလား
ကြယ်တာရာ T-Rex နတ်ဘုရားသည် အနည်းငယ် စိုးရိမ်ပူပန်သွားခဲ့သည်။
ယခုတွင် သူသည် အဌမအဆင့် အထွတ်အထိပ်ကို ရင်ဆိုင်နိုင်မည့် စွမ်းအားမျိုးကို ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်သည်၊ သို့သော် နဝမအဆင့် ပညာရှင်ကို ရင်ဆိုင်ရမည်ဆိုပါက၊ သူအောင်ပွဲရနိုင်သည့် အခွင့်အလမ်းမှာ အလွန်တရာ နည်းပါးနေသေးသည်။
အမြင့်ပိုင်း အဆင့်များတွင် နယ်ပယ်ကြီးတစ်ခုချင်းစီတိုင်းကြားတွင် ရှိနေသည့် ကွာဟချက်မှာ မယုံနိုင်ဖွယ်ကောင်းလောက်သည်အထိ ကြီးမားနေခဲ့ပြီး၊ အဌမအဆင့်နှင့် နဝမအဆင့်ကြားရှိ ကွာဟချက်မှာ ပထမအဆင့်နှင့် အဌမအဆင့်ကြားရှိ ကွာဟချက်ထပ်ပင် ပိုမိုသိသာ ထင်ရှားနေခဲ့သည်။
နဝမအဆင့် ပညာရှင်တို့မှာ တာအိုမူလနိယာမကို နားလည်ထားခဲ့ပြီဖြစ်ပြီး၊ အဌမအဆင့် ပညာရှင်များသည် နိယာမ ဖိနှိပ်မှုကို မည်သို့မျှ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
“ ကြည့်ရတာတော့ ကမ္ဘာ့ကြယ်ဘက်က ပညာရှင်တွေ မလွှတ်လာသေးတာကို အခွင့်ကောင်းယူပြီးတော့ မြန်မြန်ဆန်ဆန် အမဲလိုက်ရတော့မဲ့ပုံပဲ “
“ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ဒီလိုအခွင့်အရေးကောင်းမျိုး ထပ်ရနိုင်တော့မှာ မဟုတ်ဘူး “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ ဆုံးဖြတ်ချက်ချလိုက်သည်။
တစ်ခဏ အကြာတွင် သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ၊ ကောင်းကင်ထက်သို့ အလောတကြီး ပြေးတက်သွားတော့သည်။
ဤတစ်ကြိမ်တွင် သူသည် အဌမအဆင့် သားရဲအားလုံးကို အမဲလိုက်တော့မည် ဖြစ်သည်။
…
ထိုစဥ်
ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စု၏ ပိုင်နက်၊ အဓိက နယ်မြေ
နှင်းတို့ဖြင့် ဖုံးလွှမ်းနေသော ချိုင့်ဝှမ်းအတွင်း၌
ဤနေရာသည် နဂါးရှစ်ကောင်သဖွယ် ဖြစ်နေသည့် တောင်တန်းတို့ဖြင့် တည်ဆောက်ထားသော ကမ္ဘာ့ကြယ်သားရဲမျိုးနွယ်စု၏ လှည့်ကင်းဌာနချုပ်ဖြစ်သည်။
အဆိုပါ တောင်တန်းရှစ်ခုအနက်မှ တောင်တစ်တောင်ချင်းစီတိုင်းသည် နဝမအဆင့် သားရဲမျိုးနွယ်စု၏ ပညာရှင်တစ်ယောက်ကို ကိုယ်စားပြုနေခဲ့သည်။
တစ်နည်းဆိုရသော် ဤလှည့်ကင်းဌာနချုပ်တွင် နဝမအဆင့် ပညာရှင် ရှစ်ဦး အခြေစိုက် နေထိုင်ကြသည်။ ထိုကဲ့သို့သော အင်အားစုသည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
သို့သော် တိတ်ဆိတ်အေးချမ်းနေသည့် ယနေ့တွင် စူးရှကျယ်လောင်သော အချက်ပေးတစ်ခု ရုတ်တရုက် အော်မြည်လာခဲ့သည်။
“ ဘော် “
ခရာသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ချိုင့်ဝှမ်းသည် အသက်ဝင်လာပုံရကာ၊ အစွမ်းထက် အရှိန်အဝါများသည် တောင်တန်းရှစ်ခုထံမှ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ အများစုသည် သတ္တမအဆင့်နှင့် ၎င်း၏အထက်အဆင့်များသာ ဖြစ်နေခဲ့သည်။
၎င်းတို့အနက် ရှစ်ခုမြောက်တောင်ဟု အမည်ရသည့် တောင်တစ်လုံးအတွင်းတွင် အစွမ်းထက် သားရဲမျိုးနွယ်စု တစ်ခု တင်ပျဥ်ခွေထိုင်နေလျက်ရှိသည်။
၎င်းတို့အနက် နှင်းဖြူရောင် အမွှေးအမျှင်များကို ပိုင်ဆိုင်ထားသည့် ဧရာမ ကြွက်သားရဲကြီးတစ်ကောင်သည် မျက်လုံးများ ရုတ်တရက် ဖွင့်လာခဲ့သည်။
သူ၏ အရှေ့တွင် ဖန်ဘောလုံးကဲ့သို့သော ဘောလုံးပေါင်းများစွာ မျောလွင့်နေလျက်ရှိသည်။
အဆိုပါ ဖန်ဘောလုံးများမှာ တလက်လက် တောက်ပနေလျက်ရှိသည်၊ ၎င်းတို့သည် ဤတောင်တန်းဒေသရှိ လှည့်ကင်းတမန်တော်တို့၏ ဝိညာဥ်အဆီအနှစ်များကို ကိုယ်စားပြုနေခဲ့သည်။
သို့သော် ယခုလက်ရှိအချိန်၌ ဖန်ဘောလုံးငါးခု၏ အလင်းတန်းများသည် အလွန်တရာ တောက်ပလာခဲ့သည်၊ အတွင်းရှိ မီးအူတိုင်မှာ လျင်မြန်စွာ လောင်ကျွမ်းသွားခဲ့ပြီး၊ မကြာခင် အချိန်မှာပင် အလင်းတန်းများ မှိန်ဖျော့ပျောက်ကွယ်သွားခဲ့သည်။
“ အလယ်အလတ် အဆင့်၈ တမန်တော် ငါးယောက် ကျသွားပြီ “
အဖြူရောင် ကြွက်သားရဲ၏ မျက်လုံးများထဲတွင် အံ့ဩတုန်လှုပ်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည် “ ရှစ်ခုမြောက်တောင်တန်းရဲ့ တမန်တော်ကို ဘယ်ကောင်က သတ်ရဲနေတာလဲကွ “
သူ့ဘေးနားရှိ အနက်ရောင် ဧရာမ ချီလင်သားရဲကြီးမှ လေးလေးနက်နက် ဖြစ်နေသော လေသံမျိုးဖြင့် စကားဝင်ပြောလာခဲ့သည် “ အဲ့တာကို ဘယ်သူလုပ်ခဲ့တာလဲဆိုတာကို ချက်ချင်း စုံစမ်းကြ “
တစ်ခဏအကြာတွင် လက်အောက်ငယ်သားများသည် ကျောက်စိမ်းပြားများစွာ ယူဆောင်လာခဲ့သည်။
အဆိုပါ ကျောက်စိမ်းပြားများတွင် လှည့်ကင်းဌာန၏ အဖွဲ့ဝင်များ လုပ်ဆောင်ရသော တာဝန်များ/မစ်ရှင်များကို မှတ်တမ်းတင်ထားပြီး၊ တမန်တော်တို့၏ ပစ်မှတ်များနှင့် သူတို့၏ စုံစမ်းစစ်ဆေးရေး လမ်းကြောင်းများကိုပါ ရှင်းရှင်းလင်းလင်း မှတ်သားထားခဲ့သည်။
အဆိုပါ ကျောက်စိမ်းပြားတို့ကို စစ်ဆေးကြည့်ရှုခဲ့ပြီးသည့်နောက်တွင် အနက်ရောင် ချီလင်သည် အခြေအနေများကို ချက်ချင်းနားလည်သွားခဲ့သည်။
“ ဆိုတော့ သူတို့က အမှောင်နွားရိုင်းကို စစ်ဆေးဖို့ သွားကြတာပေါ့ “
“ ဟမ်။ မဟုတ်ဘူး၊ မျောက်ဝံကြီးက သူမသေခင် အချိန်မှာ သတင်းစကားတစ်ခုကို ဌာနချုပ်ဆီ ပြန်ပို့ပေးထားတယ်။ အဲ့ဒီအမှောင်နွားရိုင်းက ကြယ်ပြာဂြိုဟ်ရဲ့ သားရဲမျိုးနွယ်စုဝင်ဖြစ်နေနိုင်တယ်တဲ့ “
ဘုမ်းးး
ထိုအချက်အလက်ကို မြင်တွေ့ခဲ့ရပြီးသည့်နောက်တွင် အနက်ရောင် ချီလင်သည် သူ၏အရှိန်အဝါကို မထိန်းသိမ်းနိုင်သလောက်နီးပါး ဖြစ်သွားခဲ့သည်။
ကြယ်ပြာဂြိုဟ်ရဲ့ သားရဲမျိုးနွယ်စုဝင်က ငါတို့ပိုင်နက်ထဲကို ကျူးကျော်လာခဲ့ပြီးတော့၊ ငါတို့ရဲ့ တမန်တော်တွေကို သတ်သွားတာလား
“ ဒီကိစ္စကို တောင်တန်းသခင်ဆီ သတင်းပို့မှဖြစ်မယ် “
အဖြူရောင် ကြွက်သားရဲမှ လေးလေးနက်နက် ပြောဆိုလာခဲ့သည်။
အနက်ရောင် ချီလင်မှ ခေါင်းငြိမ့်ပြလိုက်သည်၊ ထို့နောက်တွင် သူသည် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် တောင်တန်းဒေသ၏ အနက်ရှိုင်းဆုံး နေရာသို့ ရောက်ရှိသွားခဲ့ပြီး၊ သူ၏အရှေ့တွင် ရှေးဟောင်းခန်းမကြီးတစ်ခု ရှိနေခဲ့သည်။
အဆိုပါ ခန်းမကြီးသည် မီးခိုးဖြူရောင် ရှိပြီး၊ မျက်နှာပြင်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်ကာ၊ ရှုပ်ထွေးသော ရုန်းများ ထွင်းထုထားပြီး၊ ရှေးဟောင်းခေတ်က ရှေးဦး အငွေ့အသက်နှင့် ခမ်းနားမှုတို့ဖြင့် ပြည့်နှက်နေလျက်ရှိသည်။
အနက်ရောင် ချီလင်သည် သူ့အရှေ့ရှိ ခန်းမကို ဦးညွှတ်အရိုအသေပေးလိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည် “ တောင်တန်းသခင်ခင်ဗျာ၊ ကြယ်ပြာဂြိုဟ်ရဲ့ သားရဲမျိုးနွယ်စုဝင်လို့ သံသယဖြစ်ရတဲ့ အကောင်တစ်ကောင်က ကျွန်တော်ရဲ့ တောင်တန်းက အဖွဲ့ဝင်တွေကို သတ်သွားပါတယ်၊ အလယ်အလတ် အဆင့်၈ အဖွဲ့ဝင်ငါးယောက် ကျဆုံးသွားပါပြီ၊ ကျေးဇူးပြုပြီးတော့ အရေးယူပေးပါ “
လေထုသည် တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင်
ဝရုန်းးးး
မီးခိုးဖြူရောင် ခန်းမအတွင်းမှ ကြောက်မက်ဖွယ်ရာ တည်ရှိမှုတစ်ခုက နိုးထလာသကဲ့သို့ ဖြစ်နေသည့် ကျယ်လောင်သော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အားကောင်းလွန်းလှသော နတ်ဆိုးစွမ်းအင်ကို သယ်ဆောင်ထားသည့် ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခုသည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့သည်။
၎င်းမှာ သားရဲတို့၏ ဘုရင်က ဟိန်းဟောက်လိုက်သကဲ့သို့ ဖြစ်နေခဲ့ပြီး၊ ၎င်း၏ဘုန်းတန်ခိုးသည် သားရဲမျိုးနွယ်စု အကုန်လုံးကို ဖိနှိပ်သွားခဲ့သည်။
တောင်တန်းဒေသအတွင်းရှိ သားရဲအကုန်လုံးသည် ခန်းမရှိရာဘက်သို့ လှည့်ကြည့်ကာ ဦးညွတ်၍ အရိုအသေပေးလာကြသည်။
“ ဘုမ်းးးး “
ထို့နောက်တွင် အလင်းတန်းတစ်ခုသည် ကောင်းကင်ဘုံကို ထိုးဖောက်သွားကာ တိမ်သားတိမ်စိုင်များကို လွင့်စင်သွားစေခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသည့် ပုံရိပ်တစ်ခုသည် အဆိုပါ အလင်းတန်းအတွင်းမှ ပေါ်ထွက်လာခဲ့သည်။
နဝမအဆင့် သားရဲမျိုးနွယ်စု ပညာရှင် - ကျိုးခွန်
ရှစ်ခုမြောက်တောင်တန်းမှ သားရဲမျိုးနွယ်စုဝင် အကုန်လုံးသည် ကျိုးခွန်၏ မူလခန္ဓာကိုယ်မှာ အမှောင်နယ်မြေ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် အမှောင်မီးနဂါး ဖြစ်သည်ဆိုသည်ကို သိနေကြကာ၊ တလေးတစား ဦးညွတ်လာကြသည်။
ထို့ကြောင့် ကမ္ဘာ့ကြယ်ပေါ်တွင် ရှိနေသည့် သူ၏အထောက်အထားမှာ အလွန်တရာ မြင့်မားနေခဲ့သည်။
သူသည် နဝမအဆင့်သို့ ယခုမှ ရောက်ရှိလာခဲ့သော်လည်း၊ တောင်တန်းသခင်ဖြစ်နေခြင်းမှာ ၎င်းကို အခိုင်အမာ သက်သေပြနေခဲ့သည်။
သို့သော် ဤအချိန်၌ ကျိုးခွန်၏ အရှေ့တွင် နောက်ထပ်ပုံရိပ်တစ်ခု ရှိနေခဲ့သည်။
ထိုပုံရိပ်မှ ထုတ်လွှတ်ထားသည့် အရှိန်အဝါမှာ သိပ်အားကောင်းမနေခဲ့ဘဲ၊ အစောပိုင်း အဌမအဆင့်တွင်သာ ရှိနေခဲ့သည်။
ရှစ်ခုမြောက်တောင်တန်း၏ အဖွဲ့ဝင်အားလုံး အံ့ဩတကြီး ဖြစ်သွားကြသည်၊ ဘယ်သူက ဒီလောက်တောင် ရဲတင်းနေရတာလဲဟ၊ အစောပိုင်း အဌမအဆင့်နယ်ပယ်လေးနဲ့ တောင်တန်းသခင် အရှေ့မှာ မတ်တပ်ရပ်ရဲနေရတာလဲ
သို့သော် ထိုလူ၏ မျက်နှာကို မြင်တွေ့လိုက်ရသောအခါတွင် သူတို့အားလုံးသည် နောက်တစ်ကြိမ်ထပ်မံ၍ အံ့ဩသွားကြရပြန်သည်။
“ ရှလော်တော်ဝင်မိသားစုရဲ့ တမန်တော်၊ လန်ဟိုင် “
အဌမအဆင့် အထွတ်အထိပ်တွင် ရှိနေသည့် သားရဲအိုကြီးတစ်ကောင်မှာ သူ့ကို ချက်ချင်း မှတ်မိသွားခဲ့ပြီး၊ အလွန်တရာ အံ့အားသင့်သွားခဲ့သည် “ ရှလော်တော်ဝင်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ပဲ၊ သူက အလွန်မြင့်မြတ်တဲ့ အဆင့်အတန်းကို ပိုင်ဆိုင်ထားတယ် “
လန်ဟိုင်၏ ကျင့်ကြံရေး နယ်ပယ်က အစောပိုင်း အဌမအဆင့်တွင်သာ ရှိနေခဲ့သော်လည်း၊ နဝမအဆင့် ပညာရှင်ဖြစ်သည့် ကျိုးခွန်၏ အရှေ့တွင် မတ်တပ်ရပ်နေခြင်းမှာ သူ၏ အဆင့်အတန်းကို မီးမောင်းထိုးပြနေခဲ့သည်။
“ ရှစ်ခုမြောက်တောင်တန်းက အဖွဲ့သားတွေအားလုံး၊ တိုက်ပွဲအတွက် ငါ့နောက်ကို လိုက်ခဲ့ကြ “
ကျိုးခွန်၏ အသံသည် နတ်ဘုရားတစ်ပါး၏ အမိန့်တော်ကဲ့သို့ ကြီးကျယ်ခမ်းနားနေခဲ့သည်။
ချက်ချင်းဆိုသလိုပင် ရှစ်ခုမြောက်တောင်တန်းမှ သားရဲအားလုံး စိတ်ဓာတ်တက်ကြွသွားပြီး၊ သွေးများဆူပွက်လာကြသည်။
“ ဟုတ် “
သူတို့သည် ကျိုးခွန်က အမှန်တကယ် လှုပ်ရှားနေသည်ဆိုသည်ကို သိနေခဲ့သည်၊ အလယ်အလတ် အဌမအဆင့် ပညာရှင် ငါးယောက်ကို ရုတ်တရက် လက်လွှတ်လိုက်ရသည်၊ သူတို့သည် ရှစ်ခုမြောက်တောင်တန်း၏ ထောက်တိုင်များ ဖြစ်သည်။
ကျိုးခွန်၏ အာရုံကို အမှန်တကယ် ဆွဲဆောင်သွားသည့်အရာမှာ ကြယ်ပြာဂြိုဟ် သားရဲမျိုးနွယ်စုဝင်အဖြစ် သံသယဖြစ်ဖွယ်ကောင်းနေသည့် ပြိုင်ဘက်၏ အထောက်အထားပင် ဖြစ်သည်။
ကြယ်ပြာဂြိုဟ်သားရဲကောင်သည် ကမ္ဘာ့ကြယ်၏ ပညာရှင်များကို ရူးရူးမိုက်မိုက် သတ်ဖြတ်နေလျက်ရှိသည်။
ကမ္ဘာ့ကြယ်သားရဲမျိုးနွယ်စုဝင်များသည် ထိုကိစ္စကို မည်သို့မျှ သည်းမခံနိုင်ကြပေ။
ယခုတွင် ကျိုးခွန်ဦးဆောင်သည့် ရှစ်ခုမြောက်တောင်တန်းမှ သားရဲအားလုံးသည် လျှို့ဝှက်ဆန်းကြယ်သော အဆိုပါ သားရဲကို အပြစ်ပေးရန် ပြင်ဆင်နေကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် အနက်ရောင်ချီလင်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေခဲ့ပြီး၊ အနည်းငယ်မျှော်လင့်မိသွားခဲ့သည် “ လန်ဟိုင်ရယ်၊ တောင်တန်းသခင်ရယ်နဲ့ဆိုရင်၊ ဒီကိစ္စကတော့ သေချာပေါက်ပြီးပြီပဲ “
မကြာခင် အချိန်မှာပင် ရှစ်ခုမြောက်တောင်တန်း၏ ရာနှင့်ချီသော သားရဲတို့သည် အပြည့်အဝ ချီတက်လှုပ်ရှားနေခဲ့ကာ၊ ကောင်းကင်ထက်သို့ ပျံတက်၍ ကျိုးခွန်နောက်သို့ လိုက်သွားကာ၊ စစ်ပွဲအတွက် ပြင်ဆင်နေတော့သည်။
…
ကြယ်တာရာ T-Rex နတ်ဘုရားကမူ ကြီးမားသော အကြပ်အတည်းကြီးတစ်ခု ပေါ်ပေါက်လာတော့မည်ဆိုသည်ကို မသိပေ။
သူ၏ကံတရားသည် အလွန်တရာ ကောင်းမွန်နေခဲ့ပြီး၊ လှည့်လည်သွားလာနေပြီး သိပ်မကြာခင် အချိန်မှာပင် နောက်ထပ် အဌမအဆင့် သားရဲတစ်အုပ်နှင့် ရင်ဆိုင်ခဲ့ရပြီး၊ ၎င်းတို့ထဲတွင် နှောင်းပိုင်း သတ္တမအဆင့် သားရဲတစ်ချို့ပင် ပါဝင်နေခဲ့သည်။
ကိုယ်ပွားငါးရာ၏ အကူအညီဖြင့် သူသည် အဆိုပါ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုဝင် အကုန်လုံးကို ဖမ်းဆီးနိုင်ခဲ့သည်။
“ အဆင့်၉ကို ရောက်ဖို့အတွက် အဆင့်၈သားရဲတွေကို ဒါဇင်နဲ့ချီပြီးတော့ ထပ်ဖမ်းရဦးမယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် စိတ်ထဲတွင် တိတ်တဆိတ် ခန့်မှန်းတွက်ချက်နေခဲ့သည်။
ယခုတွင် သူသည် နေ့စဥ် ကီလိုဂရမ် ငါးသိန်းရရှိရန်အတွက် အစားအသောက်ကို ကီလိုဂရမ် သန်းနှင့်ချီ၍ စားသောက်ရန် လိုအပ်နေခဲ့သည်။
၎င်းမှာ စွမ်းအင်ကုန်ဆုံးမှုကြောင့် မဟုတ်ဘဲ၊ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုတို့၏ အဆင့်အတန်းက သူ့ထပ် နိမ့်ကျနေသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ဆက်လက်၍ တိုးတက်ရန်အတွက် သူသည် အစားအသောက် ပမာဏကို တိုးမြှင့်၍ စားသောက်နေခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် အဌမအဆင့် သားရဲတစ်ကောင်း၏ ကိုယ်အလေးချိန်မှာ ကီလိုဂရမ် ဆယ်သန်းအထိ ရောက်ရှိနေခဲ့သည်။
တစ်နည်းဆိုရသော် သူသည် တစ်နေ့လျှင် အဌမအဆင့် သားရဲတစ်ကောင်မျှသာ စားသောက်ရမည် ဖြစ်သည်။
သို့သော် ကြီးမားကျယ်ဝန်းလှသော ဤကမ္ဘာ့ကြယ်ပေါ်တွင် အဌမအဆင့် သားရဲတစ်ကောင်ကို မြင်တွေ့ရရန်မှာ လွယ်ကူမနေခဲ့ပေ၊ သို့သော် သူ၏ကံတရားနှင့် သူ၏အားကောင်းလွန်းလှသော စိတ်စွမ်းအင်တို့ကြောင့် သူသည် ကံကောင်းခြင်းများကို ထပ်ခါတလဲလဲ ခူးဆွတ်နေနိုင်ခဲ့သည်။
“ မြန်မြန်လုပ်မှဖြစ်မယ်၊ အဆင့် ၈သားရဲ အကောင်နှစ်ဆယ် ထပ်သတ်ပြီးရင် ကမ္ဘာ့ကြယ်ကနေ ထွက်သွားရမယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ကြီးမားသော အန္တရာယ်တစ်ခု ကျရောက်လာတော့မည်ဟု ပိုမိုခံစားလာခဲ့ရသည်။
လှည့်ကင်းတမန်တော်ငါးယောက်ကို သတ်ဖြတ်ခဲ့သည့် အချိန်မှစ၍ သူသည် ကြီးမားသော အကြပ်အတည်းကြီး ကျရောက်လာတော့မည်ဟု ခံစားနေခဲ့ရပြီး၊ အချိန်များ ကုန်ဆုံးသွားလေလေ၊ အဆိုပါ ခံစားချက်က ပိုမိုခိုင်မာ၊ အားကောင်းလေလေ ဖြစ်နေခဲ့သည်။
၎င်းသည် အရိပ်တစ်ခုကဲ့သို့ သူ့အနောက်မှ ထပ်ကြပ်မကွာ လိုက်လာနေခဲ့သည်။
“ တကယ်လို့ အဆင့်၉ ပညာရှင် တစ်ယောက်ယောက်က ပစ်မှတ်ထားလာမယ်ဆိုရင်၊ ထွက်ပြေးတာက အချည်းနှီး ဖြစ်သွားရလိမ့်မယ်။ ဒါပင်မဲ့ နေရာတစ်ခုတော့ ရှိနေတဲ့ပုံပဲ ………. “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ထူးဆန်းသော ဒေသတစ်ခုအကြောင်းကို တွေးတောမိသွားခဲ့သည်။
“ ဝှစ် “
သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ထက်တွင် လျင်မြန်စွာ ပျံသန်းသွားလာနေတော့သည်။
တစ်ခဏခန့် အကြာတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ရသည်၊ သူသည် နောက်ထပ် အဌမအဆင့် သားရဲတစ်အုပ်၏ တည်နေရာကို အာရုံခံမိသွားခဲ့သည်။
သူ၏စိတ်ဓာတ်များ တက်ကြွသွားကာ ထိုနေရာဆီသို့ လျင်မြန်စွာ ချဥ်းကပ်သွားတော့သည်။
“ ဟမ် “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကြီးမားသော အကြပ်အတည်းတစ်ခုက ကျရောက်လာတော့မည့်အလား ဖြစ်နေသကဲ့သို့ ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်နှလုံးသားမှာ ရုတ်တရက် လှုပ်ခါသွားခဲ့သည်။
“ ဒါက …… သေခြင်းရှင်ခြင်း အကြပ်အတည်းလား “
…………………………………………………………………………………………………………………………………..