← Chapters

အခန်း (၅၈၉-၅၉၁)

Vol. 40 Ch. 589-591

အခန်း (၅၈၉-၅၉၁)

Vol. 40 Ch. 589-591

အပိုင်း ( 589 )

ရှလော်တော်ဝင်မိသားစုလား။ ထင်သလောက်လည်း မဟုတ်ပါဘူး

အမြင့်ပိုင်း အဆင့်သို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင်၊ ဖြစ်ပေါ်လာနိုင်သည့် အကြပ်အတည်းများအပေါ်တွင် ရှိနေသည့် လူတစ်ဦး၏ အာရုံနိုင်စွမ်းမှာ ပိုမိုတိကျအားကောင်းလာခဲ့သည်။

ထို့ကြောင့် သက်ရှိတစ်ကောင်၏ အဆင့်က ပိုမြင့်လေလေ၊ သူသည် သူ၏ အန္တရာယ်သိစိတ်/အလိုလိုသိစိတ်ကို ပိုမိုယုံကြည်လေလေ ဖြစ်သည်။

တစ်ခါတစ်ရံတွင် အဆိုပါ သိစိတ်သည် အလွန်တရာ ဆန်းကြယ်နေခဲ့ပြီး၊ အသိမပေးဘဲ အလိုအလျောက် ပေါ်ထွက်လာလေ့ရှိသည်၊ သို့သော် ၎င်းသည် အရေးအကြီးဆုံး အခိုက်အတန့်တွင် သတ္တဝါတစ်ကောင်၏ အသက်ကို ကယ်တင်နိုင်ပေသည်။

ယခု၌ ကြယ်တာရာ T-Rex နတ်ဘုရားထံတွင် ထိုကဲ့သို့သော အာရုံမျိုး ဖြစ်ပေါ်လာခဲ့သည်။

“ အရှေ့မှာ ရှိနေတာလား “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ဦးတည်ချက်ကို ချက်ချင်းပြောင်းလဲလိုက်ပြီး၊ ဆန့်ကျင်ဘက်အရပ်သို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။

အသက်ရှင်သန်ရေးကသာလျှင် အရေးအကြီးဆုံး ဖြစ်သောကြောင့် သူသည် အဌမအဆင့်သားရဲများကို ထပ်မံ၍ ဂရုစိုက်မနေတော့ပေ။

သို့သော် ထိုအချိန်တွင် ….

“ ဘုမ်းးး “

သူ၏ စိတ်နှလုံးသား ရုတ်တရက် လှုပ်ခါသွားခဲ့ရပြန်သည်။

“ ဒီဘက်မှာရောလားဟ “

ကြယ်တာရာ T-Rex နတ်ဘုရား၏ အမူအရာ မည်းမှောင်သွားခဲ့သည်၊ သူသည် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရကာ၊ သူ၏ ဟင်းလင်းပြင် စွမ်းရည်ကို အပြည့်အဝ အသက်သွင်းကာ သူ၏အမြန်နှုန်းကို သိသိသာသာ မြှင့်တင်လိုက်သည်။

ခရက်

အရှေ့ဘက်ရှိ ဟင်းလင်းပြင်သည် လျင်မြန်စွာ လိမ်ခေါက်သွားခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်းမှတစ်ဆင့် ဖြတ်သန်းသွားတော့သည်။

၎င်းမှာ ဟင်းလင်းပြင် စွမ်းရည်၏ အဆင့်မြင့် အသုံးချမှုပုံစံတစ်ခုဖြစ်ပြီး၊ ဒဏ္ဍာရီလာ မြေပြင်ကို လက်မများအဖြစ် ချုံ့လိုက်ခြင်းနှင့် တူညီနေခဲ့သည်၊ သို့သော် အမှန်တိုင်း ပြောရမည်ဆိုပါက ဟင်းလင်းပြင် တွန့်ခေါက်ခြင်း၏ အကျိုးသက်ရောက်မှုမှာ မြေပြင်ကို လက်မများအဖြစ် ချုံ့ခြင်းထပ် အဆပေါင်းများစွာ သာလွန်နေခဲ့သည်။

( ကြီးတာကိုသေးအောင်လုပ်တာပေါ့ )

ချက်ချင်းဆိုသလိုပင် ကြယ်တာရာ T-Rex နတ်ဘုရားသည် မိုင်တစ်ရာကျော်အကွာသို့ ရောက်ရှိသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည် မူလကိုယ်ကို ဆက်သွယ်ကာ ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်မှတစ်ဆင့် မှော်ရတနာတစ်ချို့ ပေးပို့ပေးရန် တောင်းဆိုနေခဲ့သည်။

“ ဒုတ် ဒုတ် ဒုတ် “

ထိုစဥ် ရင်ခုန်သံများသည် ပိုမိုအားကောင်းမြန်ဆန်လာခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အလွန်တရာ ကျယ်လောင်သော ဟိန်းဟောက်သံများ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး၊ ၎င်းတို့သည် မိုးခြိမ်းသံများကဲ့သို့ သူ့နားများထဲတွင် ပဲ့တင်ထပ် ပျံ့လွင့်နေခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် အလိုအလျောက် မော့ကြည့်လိုက်ရာ၊ မိုးပြာရောင် ကောင်းကင်ပြင်က ရုတ်တရက် မည်းမှောင်သွားသည်ကို မြင်တွေ့လိုက်ရသည်။

မျက်စိကန်းသွားစေလောက်သည့် အနီရောင် အလင်းတန်းတစ်ခုသည် အဆုံးမဲ့ အနီရောင် မိုးများနှင့်အတူ ကောင်းကင်ဘုံ၏ ပြစ်ဒဏ်ကဲ့သို့ မြေပြင်ကို ထိုးဖောက်လာခဲ့သည်။

မြင့်မားကာ ခြောက်ခြားဖွယ်ကောင်းသည့် အဆုံးမဲ့ အနီအနက်ရောင် လျှပ်စီးအတွင်းမှ ပေါ်ထွက်လာခဲ့ပြီး၊ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့သည်။

“ ဘုမ်းးး “

အဆိုပါ ပုံရိပ် ဆင်းသက်လာသည့် အချိန်တွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ဒီရေလှိုင်းလုံးကြီးတစ်ခုကဲ့သို့သော ဖိနှိပ်မှု အားတစ်ခုက သူ့ကို ရိုက်ခတ်လာသည်ကို ချက်ချင်းခံစားလိုက်ရသည်။

ခရက် ခရက် ခရက်

ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည် ချက်ချင်း ပိတ်လှောင်ခံလိုက်ရသည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ ယခုလက်ရှိ ဟင်းလင်းပြင်စွမ်းရည်နှင့်ဆိုလျှင်တောင်မှ၊ ၎င်းကို မည်သို့မျှ မလှုပ်ခါနိုင်ခဲ့ပေ။

“ အဆင့်၉ ပညာရှင်လား “

ချက်ချင်းဆိုသလိုပင် သူသည် ရောက်ရှိလာသည့် ရန်သူ့ စွမ်းအား အတိမ်အနက်ကို မှန်းဆမိသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည် ယခင်က ခံစားခဲ့ရသည့် သေခြင်းရှင်ခြင်း အကြပ်အတည်း၏ အရင်းအမြစ်ကို နားလည်သွားခဲ့သည်။

နဝမအဆင့် ပညာရှင်တစ်ဦး၏ လိုက်ဖမ်းခြင်းကို ရင်ဆိုင်လိုက်ရမည်ဆိုပါက၊ မည်သည့်အဌမအဆင့် ပညာရှင်ကမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် နဝမအဆင့် စစ်ကူရှိနေမည်ဆိုပါက၊ ဇာတ်လမ်းက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပေသည်။

သို့ရာတွင် ယခု၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် ကမ္ဘာ့ကြယ်ပေါ်သို့ တစ်ကိုယ်တော် ရောက်ရှိနေခဲ့ပြီး၊ မည်သူကမှ သူ့ကို ကူညီနိုင်လိမ့်မည် မဟုတ်ပေ။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ကောင်းကင်ထက်တွင် ရှိနေသည့် အမှောင်မီးနဂါးကြီးကို မော့ကြည့်နေလျက်ရှိသည်။

သူသည် သူ၏ မီတာ ရာနှင့်ချီ၍ ရှည်လျားသော ခန္ဓာကိုယ်ကြီးဖြင့်ပင် ထိုဧရာမသားရဲကြီး၏ အရှေ့တွင် သေးငယ်နေသကဲ့သို့ ခံစားနေခဲ့ရသည်။

“ ဟမ်။ ထပ်ရှိနေသေးတာလား “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ရန်သူက တစ်ဦးတည်းသာ မဟုတ်ဘူးဆိုသည်ကို အာရုံခံမိသွားခဲ့သည်။

“ ဘုမ်းးး “

ကောင်းကင်ထက်တွင် မိုးခြိမ်းသံများ ဆက်တိုက်ပေါ်ထွက်လာခဲ့သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာ၌ အဆိုပါ မိုးတိမ်တိုက်များကြားတွင် ရာနှင့်ချီသော သားရဲပုံရိပ်ကြီးများ ပေါ်ထွက်လာခဲ့သည်။

၎င်းတို့သည် ရှစ်ခုမြောက်တောင်တန်း၏ အဖွဲ့ဝင်များ ဖြစ်သည်။

အဆိုပါ သားရဲများအနက်မှ အများစုသည် သတ္တမအဆင့်အထက်မှ သားရဲကောင်များဖြစ်နေခဲ့ပြီး၊ အဌမအဆင့် သားရဲတော်တော်များများ ရှိနေခဲ့သည်။

ထိုအခိုက်အတန့်တွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် အဆိုပါ သားရဲများ၏ အရှေ့တွင် လူသားဦးခေါင်းနှင့် ဆိတ်ခန္ဓာကိုယ်ရှိသည့် သားရဲတစ်ကောင်က တိတ်တဆိတ် ရပ်နေသည်ကို သတိပြုမိသွားခဲ့သည်။

၎င်း၏ နယ်ပယ်က အစောပိုင်း အဌမအဆင့်တွင်သာ ရှိနေခဲ့သော်လည်း၊ သူ့ကို ကြည့်နေသည့် သားရဲကောင်တို့၏ မျက်လုံးများထဲတွင်မှု ရိုသေလေးစားမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

အရေးအကြီးဆုံးအရာမှာ ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုသားရဲ၏ အရှိန်အဝါကို တရင်းတနှီး ဖြစ်နေခြင်းပင် ဖြစ်သည်။

“ အမှောင်နယ်မြေက သားရဲမျိုးနွယ်စုလား “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည်။

သူက ပြိုင်ဘက်ကို စူးစမ်းလေ့လာနေသည့် အချိန်တွင်၊ လူသားဦးခေါင်းနှင့် ဆိတ်ခန္ဓာကိုယ်ပိုင်ရှင် လန်ဟိုင်မှာလည်း သူ့ကို စူးစမ်းလေ့လာနေလျက်ရှိသည်။

လန်ဟိုင်၏ အမူအရာမှာ အလွန်တရာ တည်ငြိမ်နေခဲ့ပြီး၊ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ အစောပိုင်း အဆင့်၈၊ အကောင်နည်းနည်းကြီးတယ်၊ အပေါ်ယံအလွှာက တော်တော်လေးကို ထူတယ်၊ ဝါးရခက်မဲ့ပုံပဲ “

သူ၏အသံသည် အလွန်တရာ အေးဆေးတည်ငြိမ်နေခဲ့ပြီး၊ ဟင်းလျာတစ်ပွဲကို အကဲဖြတ်ကြည့်ရှုနေသကဲ့သို့ ဖြစ်နေခဲ့သည်။

“ အင်းး၊ အရင်ဦးဆုံး အရေခွံဆုတ်လိုက်သင့်တယ်၊ ပြီးမှ ကမ္ဘာ့အူတိုင်မီးတောက်နဲ့ ကင်ရမယ်၊ အဲ့တာဆိုရင် အရသာက ရှယ်ကြီး ဖြစ်သွားမှာ “

သူသည် စကားပြောနေရင်းဖြင့် ရှေ့တက်လာခဲ့သည်၊ သူက ကြယ်တာရာ T-Rex နတ်ဘုရားနှင့် တစ်ဦးချင်း တိုက်ခိုက်ရန် ကြံရွယ်ထားသည်ဆိုသည်မှာ အလွန်တရာ သိသာလွန်းနေခဲ့သည်။

တစ်ခြားသားရဲကောင်တို့မှာလည်း လျင်မြန်စွာ နောက်ဆုတ်သွားပြီး၊ သူ့အတွက် နေရာပေးလာခဲ့သည်။

ကောင်းကင်ထက်ရှိ အမှောင်မီးနဂါးထံတွင်လည်း ဝင်ရောက်စွက်ဖက်မည့် အရိပ်အငွေ့များ ရှိမနေခဲ့ပေ။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ပြိုင်ဘက်၏ စကားများကြောင့် ဒေါသထွက်သွားခြင်း မရှိဘဲ၊ အေးစက်စွာ စောင့်ကြည့်နေခဲ့သည်၊ ပြိုင်ဘက်က အမှောင်နယ်မြေမှ ဖြစ်သည်ဆိုသည်ကို ယခုတွင် သူသေချာသွားခဲ့သည်။

“ အမှောင်နယ်မြေ သားရဲမျိုးနွယ်စု၊ ရှလော်တော်ဝင်မိသားစုလား “

ကြယ်တာရာ T-Rex နတ်ဘုရားသည် လန်ဟိုင်ကို စိုက်ကြည့်နေခဲ့သည်။

သူ့ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်က ချိတ်ပိတ်ခံလိုက်ရပြီဖြစ်သော်လည်း၊ သူ၏အမူအရာမှာ အလွန်တရာ တည်ငြိမ်နေခဲ့သည်။

ကမ္ဘာနှစ်ခုကြားရှိ ဒုတိယမြောက် အကြီးစား စစ်ပွဲကို ရှလော်တော်ဝင်မိသားစုက စတင်ခဲ့သည်ဟုပင် ပြော၍ရပေသည်၊ သူသည် ဤကဲ့သို့သော အမှောင်နယ်မြေ သားရဲမျိုးနွယ်စုများကို မျှော်လင့်တောင့်တနေခဲ့သည်မှာ အတော်လေး ကြာနေခဲ့ပြီ ဖြစ်သည်။

ယခုတွင် ပြိုင်ဘက်က သူ့ကိုယ်သူ လာရောက်အပ်နှံနေသောကြောင့် သူမည်ကဲ့သို့ ငြင်းနိုင်တော့မည်နည်း

“ အမှောင်နယ်မြေ သားရဲမျိုးနွယ်စုရဲ့ အရသာက ဘယ်လိုမျိုးဖြစ်နေမလဲဆိုတာကို ငါသိချင်သွားပြီ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် လန်ဟိုင်ကို လောဘတကြီး စိုက်ကြည့်ကာ တံတွေးမျိုချရင်းဖြင့် လျှာတသပ်သပ် ဖြစ်သွားခဲ့သည်။

“ မောက်မာချက်ကတော့ “

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ရှစ်ခုမြောက်တောင်တန်း၏ အဖွဲ့ဝင်တို့မှာ ဒေါသတကြီး ဖြစ်သွားကြကာ၊ သူ့ကို အော်ငေါက်လာတော့သည်။

“ အရှင်လန်ဟိုင်ကို ဘယ်လိုတောင် စော်ကားရဲနေတာလဲ။ အသက်ရှင်ရတာ ပင်ပန်းနေတာလား “

“ အစောပိုင်း အဆင့်၈ ငချွတ်လေးကများ၊ အရှင်လန်ဟိုင်ရဲ့ အရှေ့မှာ ဒီလောက်တောက် မောက်မာနေရဲတယ်ပေါ့၊ မင်းရဲ့လမ်းက ဆုံးနေပြီ “

ကမ္ဘာ့ကြယ်သားရဲတို့သည် အံ့အားသင့်ကာ ဒေါသတကြီး ဖြစ်နေလျက်ရှိသည်။

ရှလော်တော်ဝင်မိသားစု၏ အရှေ့တွင် သူတို့သည် အစေခံများသာ ဖြစ်နေခဲ့သည်။

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားသည် သူတို့၏ အရှင်သခင်ကို စော်ကားကာ၊ စားသောက်ရန်ပင် ကြံရွယ်နေခဲ့သည်၊ ၎င်းမှာ သူတို့ကို ပြင်းပြင်းထန်ထန် အရှက်ခွဲလိုက်ခြင်း ဖြစ်သည်။

“ စိတ်မပူကြပါနဲ့၊ မင်းတို့အားလုံးကို တစ်ကောင်ပြီးတစ်ကောင် မျှမျှတတ စားပေးမှာပါ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုသားရဲကောင်များကို ကြည့်ကာ စကားပြောလိုက်သည်။

သူတို့သည် ချက်ချင်း ဒေါသထွက်သွားကြသည်။

ထိုအချိန်တွင် လန်ဟိုင်သည် အသာအယာ ရယ်မောကာ ရုတ်တရက် စကားပြောလာခဲ့သည် “ အဆင့်၉ ပညာရှင်ရဲ့ အရှေ့မှာတောင်မှ မင်းက ဒီလောက်အထိ မောက်မာရဲနေတယ်ပေါ့။ မင်းရဲ့ ယုံကြည်ချက်က ဘယ်နေရာကနေ ရောက်လာခဲ့တာလဲ “

……………………………………………………………………………………………………………………………………….

အပိုင်း ( 590 )

ရှလော်တော်ဝင်မိသားစုလား။ ထင်သလောက်လည်း မဟုတ်ပါဘူး ၂

ကြယ်တာရာ T-Rex နတ်ဘုရား၏ အမူအရာကမူ အေးဆေးတည်ငြိမ်နေစဲပင်။

အဘယ့်ကြောင့်ဆိုသော် နဝမအဆင့် ပညာရှင် သူ့ကို ဝိုင်းရံရန်အတွက် လူအမြောက်အများ ခေါ်လာခဲ့ပြီး၊ သေခြင်းရှင်ခြင်း တိုက်ပွဲက ရှောင်လွှဲ၍ မရနိုင်တော့ဘူးဆိုသည်ကို သူသိနေသောကြောင့် ဖြစ်သည်။

ယနေ့တိုက်ပွဲတွင် လမ်းတစ်လမ်းသာလျှင် ရှိသည်။

၎င်းမှာ သေသည်အထိ တိုက်ပွဲဝင်ရန် ဖြစ်သည်။

နဝမအဆင့် ပညာရှင်၏ ပိတ်ဆို့မှုနှင့် ရင်ဆိုင်ရမည်ဆိုပါက၊ တစ်ခြားနဝမအဆင့် ပညာရှင်တစ်ဦး၏ အကူအညီ မရှိဘဲ၊ ကိုယ့်ကိုကိုယ်အားကိုး၍ ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

အခြေအနေက ထိုကဲ့သို့ ဖြစ်နေပြီဖြစ်သောကြောင့် သူသည် မည်သည့်အရာကိုမှ ထိန်းချုပ်နေရန် မလိုအပ်ဘဲ သူပြောလိုသည့် အရာများကို ပြောနိုင်ပေသည်။

“ ကောင်းပြီလေ၊ ဘာပဲဖြစ်ဖြစ် မင်းက သေမိန့်ကျပြီးသား သားရဲတစ်ကောင်ပဲလေ၊ စကားထပ်ပြောနေစရာ မလိုတော့ဘူး “

လန်ဟိုင်သည် သူ၏ဦးခေါင်းကို ခါရမ်းကာ ပြုံးနေတော့သည်။ သူ၏ အမြင်တွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာ အစောပိုင်း အဌမအဆင့် အလောင်းတစ်လောင်း ဖြစ်နေခဲ့ပြီဖြစ်သည်။

၎င်းမှာ တော်ဝင်မိသားစုက သူ့ဆီသို့ ယူဆောင်ပေးလာခဲ့သည့် ယုံကြည်မှု ဖြစ်သည်။

ရှလော်တော်ဝင်မိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ဦးဖြစ်သည့်အလျောက်၊ သူ၏ စွမ်းရည်နှင့် တိုက်ခိုက်ရေးစွမ်းအားတို့မှာ သာမန်သားရဲ မျိုးနွယ်စုများထပ် အလွန်တရာ သာလွန်နေခဲ့သည်။

အမှောင်နယ်မြေ၏ ဧကရာဇ်မိသားစုနှင့် နှိုင်းယှဥ်လိုက်သောအခါတွင်၊ သိသာထင်ရှားသည့် ကွာဟချက် ရှိနေသေးသော်လည်း၊ သူသည် ကြယ်ပြာဂြိုဟ်နှင့် ကမ္ဘာ့ကြယ်ရှိ အရာအားလုံးကို ချေမှုန်းနိုင်ပေသည်။

“ ဘုမ်း “

လန်ဟိုင်၏ ကျင့်ကြံရေး ပေါက်ထွက်လာခဲ့ပြီး၊ နက်ပြာရောင် မျှော်စင်ငယ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

အဆိုပါ မျှော်စင်ငယ်သည် လေတိုက်တိုင်း ကြီးမားလာခဲ့ပြီး၊ မီတာ တစ်ရာကျော်မြင့်မားသည့် ဧရာမ မျှော်စင်ငယ်အဖြစ် ပြောင်းလဲသွားကာ၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို ဖိနှိပ်နေသည့် အေးစက်စက် လှိုင်းလုံးတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။

ကမ္ဘာ့ကြယ်၏ မြင့်မြတ်ရတနာဆယ်ပါးအနက်မှ တစ်ပါး - အလင်းတန်းကိုးခု ဆန်းကြယ်ရေခဲမျှော်စင်

ရေခဲနယ်မြေ တားမြစ်မျှော်စင်သည် ၎င်းကို ပုံတူပွားထားခဲ့ခြင်း ဖြစ်သည်။

ပုံစံတူ ပစ္စည်းကပင် သတ္တမအဆင့် ပညာရှင်များကို ကောင်းစွာခြိမ်းမြောက်နေနိုင်ခဲ့သည်၊ အစစ်အမှန် အလင်းတန်းကိုးခု ဆန်းကြယ်ရေခဲမျှော်စင်ကမူ နဝမအဆင့် ပညာရှင်များကိုပါ ခြိမ်းခြောက်နိုင်ပေသည်။

၎င်းသည် အရာအားလုံးကို အေးခဲပစ်နိုင်သည်။

အမှောင်နယ်မြေ တော်ဝင်မိသားစု၏ တိုက်ရိုက်မျိုးဆက် လက်ထဲတွင် ကမ္ဘာ့ကြယ်၏ မြင့်မြတ်ရတနာတစ်ပါး ရှိနေရခြင်းကမူ …….. ကမ္ဘာ့ကြယ်သားရဲမျိုးနွယ်စုမှ သူ့ကို လက်ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။

လန်ဟိုင်သည် လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လာခဲ့သည် “ ချုပ်နှောင်စမ်း “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အလင်းတန်းကိုးခု ဆန်းကြယ်ရေခဲမျှော်စင်သည် ၎င်း၏ စွမ်းအားကို ထုတ်လွှတ်ကာ အရာအားလုံးကို အေးခဲသွားစေခဲ့သည်။

ပတ်ပတ်လည်ရှိ အလယ်အလတ်နှင့် နှောင်းပိုင်း အဌမအဆင့် ပညာရှင်များက အဆိုပါ အကျိုးသက်ရောက်မှုကို ခံစားလိုက်ကြရသည်။

လန်ဟိုင်သည် စကားကို ပေါ့ပေါ့ဆဆ ပြောဆိုသော်လည်း၊ လှုပ်ရှားသည့် အချိန်တွင် လုံးဝရက်စက်ကြမ်းကြုတ်နေခဲ့သည်၊ ၎င်းမှာ တော်ဝင်မိသားစုတို့၏ စိတ်နေသဘောထားပင် ဖြစ်သည်။

အလင်းတန်းကိုးခု ဆန်းကြယ်ရေခဲမျှော်စင်ကို အသက်သွင်းခဲ့ပြီးသည့်နောက်တွင်၊ လန်ဟိုင်မှ သူ၏လက်ကို ဝေ့ရမ်းလိုက်ရာ၊ အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ပိတ်ပိတ်ပိန်းအောင် မည်းနက်နေသည့် အနက်ရောင် တံဆိပ်ပြားတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

အဆိုပါ အနက်ရောင် တံဆိပ်ပြားကို အထူးသစ်သားတစ်ချို့ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး၊ ၎င်း၏ မျက်နှာပြင်ပေါ်တွင် မျက်လုံးကဲ့သို့သော ပုံစံကွက်တစ်ခု ရှိနေခဲ့ကာ၊ အေးစိမ့်စိမ့် လှိုင်းတစ်ခုကို ထုတ်လွှင့်နေခဲ့သည်။

“ သွား “

လန်ဟိုင်မှ လက်ညှိုးညွှန်လာခဲ့ရာ၊ အဆိုပါ တံဆိပ်ပြားသည် တဝီဝီ အော်မြည်သံများ ထုတ်လွှတ်လာခဲ့ပြီး၊ မျက်လုံးသဖွယ် ပုံစံကွက်မှာ လျင်မြန်စွာ လင်းလက်တောက်ပလာခဲ့သည်။

ထို့နောက် တစ်ခဏအကြာတွင် ရှေးခေတ်သားရဲကြီးများ နိုးထလာသကဲ့ ဖြစ်နေသည့် ကြောက်မက်ဖွယ်ရာ ပုံရိပ်ယောင်များ ပေါ်ထွက်လာခဲ့သည်။

“ ဝေါင်းးး “

အဆိုပါ ပုံရိပ်ယောင် တစ်ခုချင်းစီတိုင်းသည် နှောင်းပိုင်း အဌမအဆင့် အရှိန်အဝါများကို သယ်ဆောင်ထားပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားဆီသို့ တဟုန်ထိုး ပြေးဝင်လာကြသည်။

“ ဝရုန်းး “

ကြယ်တာရာ T-Rex နတ်ဘုရား၏ အရှေ့တွင် လုံးဝန်းသော ရွှေနက်ရောင် ဒိုင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

၎င်းမှာ ယခင်က သူရရှိခဲ့သည့် ဆန်းကြယ်ကောင်းကင် ဒိုင်းဖြစ်သည်။

“ ခွမ်းးး “

ပုံရိပ်ယောင်များ၏ များပြားသော တိုက်ခိုက်မှုများသည် ဒိုင်းအပေါ်သို့ ဆင်းသက်လာခဲ့ပြီး၊ ၎င်းကို ပြင်းပြင်းထန်ထန် လှုပ်ခါသွားစေခဲ့သည်။ ၎င်းက သတ်ဖြတ်မှုအကွက်များကို တစ်ခုပြီးတစ်ခု တောင့်ခံနိုင်ခဲ့သော်လည်း၊ ၎င်း၏တောက်ပမှုမှာ တဖြည်းဖြည်း မှိန်ကျသွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်းကို အခွင့်ကောင်းယူကာ အလင်းတန်းကိုးခု ဆန်းကြယ်ရေခဲမျှော်စင်၏ ချုပ်နှောင်မှုမှ လျင်မြန်စွာ ဖောက်ထွက်လာခဲ့သည်။

ဤတစ်ကြိမ် ဆင့်ကဲပြောင်းလဲမှုကို ခံယူခဲ့ရပြီးသည့်နောက်တွင် သူ၏ခန္ဓာကိုယ်သည် ငြှိမ်းသက်၍ ကြယ်မီးဖိုနှင့် ယှဥ်နေနိုင်ခဲ့သောကြောင့်၊ သူ့အနားသို့ ရောက်ရှိလာခဲ့သည့် အေးခဲချုပ်နှောင်မှု အာနိသင်မှာ တစ်ဝက်နီးပါးအထိ လျော့ကျသွားခဲ့သည်။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ယခုလက်ရှိ သူ၏ကျင့်ကြံရေး တစ်ခုတည်းနှင့် အဆိုပါ ချုပ်နှောင်မှုမှ မြန်မြန်ဆန်ဆန် လွတ်မြောက်လာခဲ့မည် မဟုတ်ပေ။

“ နတ်ဘုရား ရိုက်နှက်တောင်ဝှေး၊ နိုးထလော့ “

ကြယ်တာရာ T-Rex နတ်ဘုရားမှ အတွေးဖြင့် စေခိုင်းလိုက်ရာ၊ ခရမ်းရွှေရောင် တောင်ဝှေးရှည်တစ်ခုသည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့သည်။

“ ဘုမ်း ဝုန်းး ဘုမ်းးး “

၎င်းပေါ်ထွက်လာမှုနှင့်အတူ ကျယ်လောင်သော ပေါက်ကွဲသံကြီးများ ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး၊ ရှေးဟောင်း ပုံရိပ်ယောင်များသည် တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်သွားခဲ့သည်။

“ အို့ “

လန်ဟိုင်သည် ထိုမြင်ကွင်းကို ငေးကြည့်နေရင်းဖြင့် မျက်ခုံးများ ပင့်တက်သွားခဲ့သည်၊ သို့သော် သူသည် တည်တည်ငြိမ်ငြိမ်ဖြင့် လက်ညှိုးထပ်ညွှန်လာခဲ့ပြန်သည် “ ပေါင်းစည်း “

နတ်ဘုရား ရိုက်နှက်တောင်ဝှေးကြောင့် ပျက်စီးသွားခဲ့သည့် ရှေးဟောင်းပုံရိပ်ယောင်တို့မှာ လျင်မြန်စွာ ပြန်လည် ဖြစ်တည်လာခဲ့ပြီး၊ ၎င်းတို့၏ အရှိန်အဝါများမှာ ယခင်ကထပ်ပင် ပိုမိုအားကောင်းနေပုံရသည်။

တစ်ချိန်တည်းမှာပင် လန်ဟိုင်မှ အလင်းတန်းကိုးခု ဆန်းကြယ်ရေခဲမျှော်စင်ကို ထပ်မံ၍ အသက်သွင်းလိုက်ရာ၊ ပိုမိုအားကောင်းသည့် ရေခဲလှိုင်းတစ်ခု ပျံ့လွင့်လာခဲ့သည်။

ဤတစ်ကြိမ်၌ ကြယ်တာရာ T-Rex နတ်ဘုရား၏ လှုပ်ရှားမှုများပင် အနည်းငယ် နှေးကွေးသွားခဲ့ရသည်။

“ ဒါက မင်းတတ်နိုင်တာ အကုန်ပဲလား “

“ မင်းဆီမှာ စွမ်းရည်တွေ အများကြီးရှိနေမယ်လို့ ငါထင်နေခဲ့တာ “

လန်ဟိုင်သည် ပေါ့ပေါ့ပါးပါး ရယ်မောနေတော့သည်။

အလင်းတန်းကိုးခု ဆန်းကြယ်ရေခဲမျှော်စင်၏ ဖိနှိပ်မှုအောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာ အောက်စည်းသို့ လုံးဝကျရောက်နေခဲ့ပြီ ဖြစ်သည်။

ထို့အပြင် အသစ်ဖွဲ့စည်းထားခဲ့သည့် ရှေးဟောင်းပုံရိပ်ယောင်များ ကျဆင်းလာသည်နှင့်တစ်ပြိုင်နက်၊ ပြိုင်ဘက်သည် မြေမြှုပ်ခံလိုက်ရမည့် ကံကြမ္မာမှ မည်သို့မျှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

“ အရှင်လန်ဟိုင်က တော်တော်ကြီးကို စွမ်းတာပဲ “

“ အရှင်လန်ဟိုင်ရဲ့ အရှေ့မှာ အဲ့လူက ပုရွက်ဆိတ်တစ်ကောင်သာသာပါပဲ “

ဘေးဘက်ရှိ ရှစ်ခုမြောက်တောင်တန်းမှ သားရဲတို့၏ မျက်နှာများပေါ်တွင် ရိုသေလေးစားနေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

၎င်းမှာ နယ်ပယ်တူတွင် ပြိုင်ဘက်တွေ့ရန် ခက်ခဲသည့် ရှလော် တော်ဝင်မိသားစု၏ စွမ်းအားဖြစ်သည်။

ဝရုန်းးး

ရှေးဟောင်းပုံရိပ်ယောင်များသည် သူတို့၏ လက်သီးများကို တစ်ပြိုင်နက် ဝေ့ရမ်းလာကြသည်၊ ၎င်းတို့သည် ကြယ်တာရာ T-Rex နတ်ဘုရားကို ဝါးမြိုတော့မည့်အလား ကျဆင်းလာခဲ့သည်။

လန်ဟိုင်၏ မျက်နှာပေါ်တွင် ဖျော့တော့‌သော အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်၊ သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှ အကြာတွင် သူ၏အမူအရာ တင်းမာသွားခဲ့သည်။

“ ဒင် “

လေထုထဲတွင် ညင်သာသော အသံတစ်သံ ပျံ့လွင့်လာခဲ့သည်။

ထို့နောက်၌ ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခု ပေါက်ထွက်လာခဲ့သည်။

“ ဘုမ်းးး “

ကြောက်ခမမ်းလိလိ အားကောင်းပြင်းထန်သော အရှိန်အဝါတစ်ခုသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်ထဲမှ ပေါက်ထွက်လာခဲ့သည်၊ ၎င်းမှာ သူ၏ကိုယ်ပိုင် ကျင့်ကြံရေးနယ်ထပ်ပင် ပိုမိုသာလွန်အားကောင်းနေခဲ့သည်။

ထိုစဥ် သူ၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ရွှေနက်ရောင် ပုံစံကွက်များမှာ ပလက်တီနမ်ရောင်အဖြစ် ပြောင်းလဲသွားပြီး၊ စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသော ဘုန်းတန်ခိုးကို ထုတ်လွှတ်လာခဲ့သည်။

၎င်း၏ဦးခေါင်းပေါ်တွင် ရှိနေသည့် ဦးချိုမှာလည်း ပြန့်ကားကြီးမားလာခဲ့ပြီး၊ တလက်လက်တောက်ပလာခဲ့သည်၊ ၎င်း၏ မျက်နှာပြင်ပေါ်တွင် အလွန်မာကျောသော အကြေးခွံတို့ဖြင့် ဖုံးလွှမ်းနေခဲ့သည်။

ထိုကဲ့သို့သော ပြောင်းလဲမှုများနှင့်အတး သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးမျိုးဆက်တစ်ခုခု နိုးထလာပုံရသည်။

ပြိုင်ဘက်ကင်း ခွန်အားတို့သည် သူ့ခန္ဓာကိုယ်အနှံ့ ပျံ့လွင့်ရောက်ရှိလာခဲ့သည်။

“ ခရက် ခရက် “

ချက်ချင်းဆိုသလိုပင် အလင်းတန်းကိုးခု ဆန်းကြယ်ရေခဲမျှော်စင်၏ ချုပ်နှောင်မှုမှာ လုံးဝပြိုကွဲပျက်စီးသွားခဲ့သည်။

“ အဲ့တာက ဘယ်လို နတ်စွမ်းရည်မျိုးလဲ “

လန်ဟိုင်သည် အနည်းငယ် အံ့ဩသွားခဲ့သည် “ အချိန်တိုအတွင်းမှာပဲ ဒီလောက်ကြီးအထိ စွမ်းအားတွေ တိုးလာတယ်ပေါ့ “

သူကိုယ်တိုင်ကပင် ကြောက်မက်ဖွယ်ကောင်းသည့် အင်အားတိုးတက်မှုကြောင့် အထိတ်တလန့် ဖြစ်သွားခဲ့သည်။

အဓိကအချက်မှာ အချိန်တိုအတွင်းမှာပင် ထိုကဲ့သို့ ကြီးမားသော ခွန်အားကို မြင့်တက်သွားစေနိုင်သည့် စွမ်းရည်မျိုးက အမှောင်နယ်မြေမှာပင် ဧကရာဇ်မျိုးနွယ်စု အနည်းငယ်ကသာလျှင် ထိုကဲ့သို့ စွမ်းဆောင်နေနိုင်ခြင်း ဖြစ်သည်။

အနည်းဆုံးအနေဖြင့် သူသည် ရှလော်တော်ဝင်မိသားစုအတွင်းတွင် ၎င်းကို တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ။

သူသည် ၎င်းက ကြယ်တာရာ T-Rex နတ်ဘုရား၏ မွေးရာပါစွမ်းရည်၊ ကောင်းကင်ဘုံနဂါး ပြောင်းလဲမှုငါးသွယ်ဖြစ်သည်ဆိုသည်ကို မသိခဲ့ပေ။

ယခုတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် စတုတ္ထ ပြောင်းလဲမှု ဘိုးဘေးနဂါး အသွင်ပြောင်းခြင်းအဆင့်အထိ အောင်မြင်စွာ ကျင့်ကြံထားနိုင်ခဲ့ပြီ ဖြစ်သည်။

ထို့အပြင် ဘိုးဘေးနဂါး အသွင်ပြောင်းခြင်း၏ ပြောင်းလဲမှု ရာခိုင်နှုန်းမှာလည်း ၄၀%ကျော်အထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

၎င်းမှာ ကြယ်တာရာ T-Rex နတ်ဘုရား၏ စွမ်းအားကို အဆတစ်ရာအထိ ချက်ချင်းမြင့်တက်သွားစေရန် လုံလောက်နေခဲ့သည်။

အကယ်၍ သူကသာ ပဥ္စမပြောင်းလဲမှုဖြစ်သည့် ဖရိုဖရဲ နဂါးနတ်ဘုရား အသွင်ပြောင်းခြင်းကို ကျွမ်းကျင်နေမည်ဆိုပါက၊ တိုးမြင့်လာမည့် စွမ်းအားမှာ ကြောက်ခမမ်းလိလိ များပြားနေမည် ဖြစ်သည်။

အဌမအဆင့်နယ်ပယ်ရှိ ခွန်အားမြင့်တက်မှုကပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့ကာ၊ နဝမအဆင့် ပညာရှင်ကို စိန်ခေါ်နိုင်လောက်သည်အထိ အားကောင်းနေခဲ့သည်။

“ ဘာအမှောင်နယ်မြေ တော်ဝင်မိသားစုလဲ။ ထင်သလောက်လည်း မဟုတ်ပါဘူးကွာ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် လှောင်ပြောင်ပြောဆို၍ ရယ်မောနေခဲ့ကာ၊ လက်သီးတစ်လုံး ပစ်သွင်းလာခဲ့သည်။

“ ဘုမ်း ဝုန်းး ဘုမ်းးး “

ပေါက်ကွဲသံများ ဆက်တိုက်ပေါ်ထွက်လာခဲ့ပြီး၊ ဟင်းလင်းပြင်အက်ကွဲကြောင်းတို့မှာ တစ်ပြိုင်နက် ပွင့်ထွက်လာခဲ့ပြီး၊ မီတာ သောင်းနှင့်ချီသော ဟင်းလင်းပြင် အက်ကွဲကြောင်းကြီးများသည် ကောင်းကင်တစ်ခုလုံးကို ဆုတ်ဖြဲနေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ၏လက်သီးချက်သည် ရှေးဟောင်းပုံရိပ်ယောင်များကို ဆက်တိုက်ပေါက်ကွဲသွားစေခဲ့သည်။

ထိုကဲ့သို့သော ခွန်အားမျိုးအောက်တွင် အနက်ရောင် တံဆိပ်ပြားကပင် သိသိသာသာ မှိန်ဖျော့သွားခဲ့သည်။

လန်ဟိုင်သည် အနက်ရောင် တံဆိပ်ပြားကို မြန်မြန်ဆန်ဆန် ပြန်သိမ်းလိုက်သည်။

အဆိုပါ ရတနာကို ပြန်၍အသုံးပြုနိုင်ပေသည်၊ သို့သော် နှစ်ကြိမ်တိတိ ဆက်တိုက်ပေါက်ကွဲခဲ့ပြီးသည့်နောက်၌ ၎င်းသည် စွမ်းအင်ပမာဏ အများအပြား ကုန်ဆုံးသွားခဲ့ပြီဖြစ်ကာ၊ ထပ်မံ၍ အသုံးပြုရန်အတွက် အချိန်အတော်ကြာယူကာ အားပြန်ဖြည့်ပေးရမည် ဖြစ်သည်။

လန်ဟိုင်သည် တွေးတွေးဆဆဖြစ်နေသော အမူအရာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားကို ငေးကြည့်လာခဲ့သည်။

“ ငါမင်းကို အထင်သေးခဲ့မိတယ်၊ ကြည့်ရတာတော့ မင်းဆီမှာ လျှို့ဝှက်ချက်တော်တော်များများ ရှိနေတဲ့ပုံပဲ၊ ကောင်းတယ်၊ ခွဲစိတ်လေ့လာဖို့အတွက် မင်းကို အမှောင်နယ်မြေဆီကို ဖမ်းခေါ်သွားမယ် “

စကားပြောဆိုနေရင်းဖြင့် သူ၏ဘေးပတ်ပတ်လည်တွင် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် မီးလျှံတစ်ခု ပေါ်ထွက်လာခဲ့သည်။

“ လောင်ကျွမ်းလိုက် “

အနက်ရောင် မီးလျှံသည် အရူးအမူး တောက်လောင်လာခဲ့ပြီး၊ အေးစက်စက် အရှိန်အဝါကို ထုတ်လွှတ်နေသည့် တစ္ဆေကဲ့သို့သော တည်ရှိမှုသည် ပုံရိပ်ယောင်များကို အဖော်ပြုကာ ပေါ်ထွက်လာခဲ့သည်။

လန်ဟိုင်သည် လက်နှစ်ဖက်စလုံးဖြင့် မန္တန်ကဲ့သို့သော လက်ကွက်များကို ပြုလုပ်ကာ ပါးစပ်အပြည့် သွေးအဆီအနှစ်တစ်လုပ် အန်ချလိုက်သည်။

“ ချစ် ချစ် ချစ် “

သွေးအဆီအနှစ်များသည် အဆိုပါ ပုံရိပ်‌ယောင် အရိပ်များဖြင့် လျင်မြန်စွာ ပေါင်းစည်းသွားခဲ့သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အဆိုပါ တစ္ဆေအရိပ်များသည် တစ်ခုကိုတစ်ခု ပြန်လည်ဝါးမြို ပေါင်းစပ်နေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့သည် ကျန်းတစ်ထောင်မြင့်သည့် နတ်ဆိုးဘုရင်တစ်ပါးအဖြစ် ပေါင်းစည်းသွားကာ၊ ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဆိုးမီလျှံများကို ထုတ်လွှတ်နေခဲ့သည်။

ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခု ပျံ့လွင့်လာခဲ့သည်။

နတ်ဆိုးဘုရင် မွေးဖွားလာသည်နှင့်တစ်ပြိုင်နက် အမှောင်နယ်မြေ ဆင်းသက်လာသကဲ့သို့ ကောင်းကင်တစ်ခုလုံး မည်းမှောင်သွားခဲ့ပြီး၊ အနက်ရောင် လျှပ်စီးများလက်ကာ သွေးမိုးများ အဆက်မပြတ် ရွာသွန်းလာခဲ့သည်။

“ အဲ့တာက …… အမှောင်နယ်မြေရဲ့ လျှို့ဝှက်နည်းစနစ်လား “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုမြင်ကွင်းကို ကြည့်ကာ မျက်ဝန်းများ အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

သူသည် ၎င်းက ရှလော်တော်ဝင်မိသားစု၏ အမွေအနှစ်ဖြစ်သည့် လျှို့ဝှက်နည်းစနစ်ဖြစ်ရမည်ဟု မှန်းဆနေခဲ့သည်။

ယခင်က ကောင်းကင်ဘုံနဂါး ပြောင်းလဲမှုငါးသွယ်ကို ဖော်ထုတ်ပြသလိုက်သည့်အချိန်၌ အမှောင်မီးနဂါးထံတွင် မည်သည့်တုံ့ပြန်မှုမှ မရှိခဲ့သည်မှာ အံ့ဩဖွယ်ရာ မဟုတ်တော့ပေ။

ပြိုင်ဘက်သည် ထိုနတ်ဆိုးလျှို့ဝှက်နည်းစနစ်ကို အသက်သွင်းလိုက်ပါက၊ သူက မည်သို့မျှ မခုခံနိုင်တော့ဘူးဟု ယုံကြည်နေပုံရသည်။

“ မင်းက ထူးခြားပါတယ်၊ ဒါပင်မဲ့ ဒီကိစ္စကို အဆုံးသတ်ဖို့ အချိန်ကျပြီ “

လန်ဟိုင်မှ လက်ညှိုးညွှန်လာခဲ့ရာ၊ နတ်ဆိုးဘုရင်သည် ၎င်း၏လက်ကိုမြှောက်ကာ ကြယ်တာရာ T-Rex နတ်ဘုရားကို ရိုက်ချလာခဲ့သည်။

………………………………………………………………………………………………………………………………………

အပိုင်း ( 591 )

ရှေးဟောင်း အပျက်အစီးနယ်မြေ

ကြယ်တာရာ T-Rex နတ်ဘုရား မှန်းဆထားခဲ့သည့်အတိုင်းပင်၊ လန်ဟိုင်ပြသခဲ့သည့် နည်းစနစ်သည် ရှလော်တော်ဝင်မိသားစု၏ အမွေအနှစ် လျှို့ဝှက်နည်းစနစ် ဖြစ်သည်။

အဆိုပါ နည်းစနစ်သည် လူတစ်ဦး၏ ခွန်အားကို အဆတစ်ရာတိတိ မြှင့်တင်ပေးနိုင်ရုံသာလျှင် မဟုတ်ဘဲ၊ ၎င်း၏ အကျိုးအာနိသင်က ပကတိ အထွတ်အထိပ် ပညာရှင်အတွက်ပါ အလုပ်ဖြစ်နေခဲ့လေသည်။

( ပကတိ အထွတ်အထိပ်က လူကပါ သုံးနိုင်တယ်၊ အဲ့တာကို သုံးလိုက်ရင် ခွန်အားမြင့်တက်သွားတယ်ဆိုတဲ့ သဘောပါ )

ထို့ကြောင့်သာလျှင် ရှလော် တော်ဝင်မိသားစုက အမှောင်နယ်မြေ၏ တော်ဝင်မိသားစုများအကြားတွင် အခိုင်အမာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

လျှို့ဝှက်နည်းစနစ် အများစုသည် ပကတိ အထွတ်အထိပ် ပညာရှင်များအတွက် အကျိုးအာနိသင်မရှိတော့ဘူးဟုသာ လူသိများနေခဲ့သည်။

တာအို၏ လျှို့ဝှက်နည်းစနစ်ဟုခေါ်ဆိုသော အရာများသည် တာအိုကို တုပခြင်းသာ ဖြစ်သည်။

ပကတိ အထွတ်အထိပ် ပညာရှင်တို့သည် တာအိုကို ပြီးပြည့်စုံသည်အထိ ကျင့်ကြံထားခဲ့ပြီးပြီ ဖြစ်ပြီး၊ လှုပ်ရှားမှုတိုင်းသည် တာအို၏ စွမ်းအားကို ထုတ်လွှတ်နိုင်ကြသည်။ လျှို့နည်းစနစ်များသည် ပကတိ အထွတ်အထိပ် အဆင့်သို့ ရောက်လာသောအခါတွင် အကျိုးအာနိသင်များ ဆုံးရှုံးသွားလေ့ရှိသည်။

သို့သော် ရှလော် တော်ဝင်မိသားစု၏ အမွေအနှစ် လျှို့ဝှက်နည်းစနစ်ကမူ ကွဲပြားခြားနားနေခဲ့သည်။

ပကတိ အထွတ်အထိပ်အဆင့်သို့ ရောက်သွားမည်ဆိုလျှင်တောင်မှ ၎င်းသည် တိုက်ခိုက်ရေး စွမ်းအားကို အဆတစ်ရာအထိ မြှင့်တင်ပေးနိုင်စဲပင် ဖြစ်သည်။

ထို့ကြောင့်ပင် ရှ‌လော် တော်ဝင်မိသားစုက ပကတိ အထွတ်အထိပ်ထပ်သာလွန်သည့် စွမ်းအားကို အမြဲလိုလို အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်သည်၊ အန္တိမနယ်ပယ်နှင့် ယှဥ်လိုက်ပါက ကွာဟချက်များ ရှိနေသေးသော်လည်း၊ ၎င်းသည် သာမန် ပကတိ အထွတ်အထိပ်ထပ် များစွာသာလွန်နေခဲ့သည်။

လန်ဟိုင်ပြသခဲ့သည့် အမွေအနှစ် လျှို့ဝှက်နည်းစနစ်မှာ ပကတိ အထွတ်အထိပ်အဆင့်သို့ မရောက်ရှိခဲ့သော်လည်း၊ ၎င်းသည် အဌမအဆင့် အထွတ်အထိပ်၏ စွမ်းအားနှင့် ယှဥ်နိုင်နေပေသည်။

“ ပြီးသွားပြီ “

လန်ဟိုင်မှ သူ့လက်ကို လှုပ်ရှားလာခဲ့ရာ၊ နတ်ဆိုးဘုရင်သည် ၎င်း၏ လက်ကို ချက်ချင်းမြှောက်ကာ အောက်ဘက်သို့ ဖိချလာခဲ့သည်။

ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခုသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ကိုပင် ပြိုကွဲလုမတတ် ဖြစ်သွားစေခဲ့သည်၊ လေထုမှာလည်း ဝုန်း၊ ဝရုန်းးးဟူသည့် ပေါက်ကွဲသံများနှင့်အတူဆက်တိုက် ပေါက်ကွဲနေခဲ့သည်။

“ တကယ်ကို အဆုံးသတ်ဖို့ အချိန်ကျပြီ “

ကြယ်တာရာ T-Rex နတ်ဘုရားကမူ အေးအေးလူလူ ဖြစ်နေသေးသည်။

ပြိုင်ဘက်၏ တကယ့်ဝှက်ဖဲကို မြင်တွေ့လိုက်ရသောအခါတွင် သူသည် တွေဝေတုံ့ဆိုင်းမနေဘဲ၊ သူ၏စွမ်းအားကို အကုန်အစင် ထုတ်သုံးနေတော့သည်။

“ ဘုမ်းးး “

ချက်ချင်းဆိုသလိုပင် သူ၏ အရှိန်အဝါသည် ထပ်မံ၍ မြင့်တက်သွားခဲ့ပြန်သည်။

ယခင်က သူပြသခဲ့သည့် ကောင်းကင်ဘုံနဂါး ပြောင်းလဲမှုငါးသွယ်မှာ သူ၏ အင်အားအပြည့် မဟုတ်ပေ၊ သူသည် တစ်စိတ်တစ်ပိုင်းကိုသာ ထုတ်ပြလိုက်ခြင်း ဖြစ်သည်။

အနီးအနားတွင် နဝမအဆင့် ပညာရှင် ရှိနေသောကြောင့် သူ့ထံတွင် အခွင့်အရေး တစ်ခုသာလျှင် ရှိပြီး၊ လန်ဟိုင်ကို တစ်ကွက်တည်းဖြင့် အနိုင်ယူရမည် ဖြစ်သည်။

တစ်ခဏအတွင်းမှာပင် ကြယ်တာရာ T-Rex နတ်ဘုရား၏ စွမ်းအားသည် အပေါင်းများစွာ တိုးမြင့်လာခဲ့သည်။

တစ်ပြိုင်နက်ဆိုသလိုပင် သူ၏အရှေ့တွင် နတ်ဆိုးစွမ်းအင် လှိုင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာခဲ့သည်။

အဆိုပါ ရွှေရောင်အလင်းတန်းသည် မြန်မြန်ဆန်ဆန် သိပ်သည်းလာခဲ့ပြီး၊ ဘိုးဘေးနဂါး၏ ဘုန်းတန်ခိုးတို့ဖြင့် ပြည့်နှက်နေသည့် နဂါးပုံသဏ္ဍာန် ဧရာမ စည်းတံဆိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

“ ဝီ ဝီ ”

နဂါးပုံသဏ္ဍာန် စည်းတံဆိပ်ကြီးသည် ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ၊ နတ်ဆိုးဘုရင်ထံသို့ ပြေးဝင်သွားတော့သည်။

ခရက် ခရက်

မကြာခင် အချိန်မှာပင် နတ်ဆိုးဘုရင်၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့ပြီး၊ လျင်မြန်စွာ ပေါက်ကွဲသွားခဲ့သည်။

“ ဘာ။ အဲ့တာ …. အဲ့တာက ……. ဘိုးဘေးနဂါး စည်းတံဆိပ်လား “

လန်ဟိုင်၏ မျက်နှာပေါ်တွင် တအံ့တဩဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့ကာ၊ အလောတကြီး နောက်ဆုတ်သွားတော့သည်။

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ စွမ်းအားကို အကုန်အစင် ထုတ်သုံးထားကာ တစ်ကွက်တည်းဖြင့် သတ်ဖြတ်ရန် ရည်ရွယ်ထားသောကြောင့်၊ လွတ်မြောက်ခွင့်မပေးခဲ့ပေ။

“ ဘုမ်း “

ချက်ချင်းဆိုသလိုပင် နဂါးပုံသဏ္ဍာန် စည်းတံဆိပ်ကြီးသည် အံ့ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် လန်ဟိုင့်နောက်သို့ ပြေးလိုက်သွားတော့သည်။

အဆိုပါ စည်းတံဆိပ်မှာ ဘိုးဘေးနဂါးထံမှ ဆင်းသက်လာသည့် ကောင်းကင်ဖြိုခွင်း စည်းတံဆိပ်ဖြစ်ပြီး၊ လူသားဧကရာဇ် စည်းတံဆိပ်ကဲ့သို့ပင်၊ အမှောင်နယ်မြေနှင့် ကမ္ဘာ့ကြယ် သိုင်းပညာရှင်တို့ကို ဖိနှိပ်နိုင်သည့် အားကောင်းပြင်းထန်သော စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားခဲ့သည်။

သို့ရာ၌ လူသားဧကရာဇ် စည်းတံဆိပ်ဖြစ်စေ၊ ဘိုဘေးနဂါး စည်းတံဆိပ်ဖြစ်စေ၊ ၎င်းတို့သည် ကမ္ဘာ့ကြယ်၏ တားမြစ်ချက်များဖြစ်သည်။ ၎င်းတို့က တစ်ကြိမ်တစ်ခါမျှ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် အဆုံးမဲ့ လိုက်ဖမ်းခြင်းကို ခံရမည် ဖြစ်သည်။

ယခုတွင် ၎င်းကို ထုတ်ပြလိုက်ရခြင်းမှာ အခြေအနေက ဆိုးရွားနေကာ၊ လုပ်ကိုလုပ်ရမည့် အခြေအနေမျိုးသို့ ရောက်ရှိနေသာကြောင့် ဖြစ်သည်။

ယခုတွင် သူ၏ ကောင်းကင်ဘုံနဂါး ပြောင်းလဲမှုငါးသွယ်မှာ ဘိုးဘေးနဂါး အသွင်ပြောင်းခြင်းအဆင့်ထိ ရောက်ရှိနေခဲ့ပြီဖြစ်သောကြောင့်၊ သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးများသည် ဘိုးဘေးနဂါး စည်းတံဆိပ်နှင့် ပဲ့တင်ထပ်နေကာ၊ ထုတ်လွှတ်နိုင်သည့် စွမ်းအားကို မြင့်တက်အားကောင်းသွားစေခဲ့သည်။

“ ဇွီ ဇွီ “

ချက်ချင်းဆိုသလိုပင် ဘိုးဘေးနဂါး စည်းတံဆိပ်သည် လန်ဟိုင်၏ဦးခေါင်းကို ထိုးဖောက်သွားခဲ့သည်။

“ ဟမ်။ ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ အသက်ဓာတ်လဲ “

အင်အားအပြည့် တိုက်ခိုက်မှုကို ခံခဲ့ရပြီးသည့်နောက်မှာပင် ပြိုင်ဘက်ဖြစ်သူက အလွန်အားကောင်းသော အသက်ဓာတ် အရှိန်အဝါကို ပိုင်ဆိုင်ထားသေးကြောင်းကို ကြယ်တာရာ T-Rex နတ်ဘုရားက မြင်တွေ့သွားခဲ့သည်။

အဌမအဆင့် သိုင်းပညာရှင်တို့၏ အသက်စွမ်းအားက အလွန်တရာ အားကောင်းလှသော်လည်း၊ ဦးခေါင်းထိုးဖောက်ခံရမှုမှ ရှင်သန်ကျန်ရစ်နေခဲ့သူမှာ အလွန်တရာ ရှားပါးလွန်းလှသည်။

ခရမ်းရောင် နန်းတော်နှင့် ရှေးဦးဝိညာဥ်သည် ဦးခေါင်းအတွင်းတွင် တည်ရှိသည်။

“ အရှင်လန်ဟိုင် “

ရှစ်ခုမြောက်တောင်တန်းမှ သားရဲတို့သည် အံ့ဩတကြီး အော်‌ဟစ်လာကြသည်။

အရာအားလုံးက နှေးကွေးနေပုံရသော်လည်း၊ ၎င်းတို့သည် မျက်တစ်တစ်မှိတ်အတွင်းမှာပင် ဖြစ်ပွားသွားခဲ့ခြင်း ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ ပေါက်ကွဲမှုသည် အလွန်တရာ ရုတ်တရက်ဆန်လွန်းနေခဲ့ပြီး၊ အားလုံးက သူကျဆုံးသွားပြီဟု ထင်နေကြသည့်အချိန်တွင်၊ သူသည် နောက်ထပ် နည်းစနစ်များကို ချက်ချင်း ထုတ်လွှတ်လာခဲ့သည်။

နဝမအဆင့် ပညာရှင်ဖြစ်သည့် ကျိုးခွန်ကပင် အနည်းငယ် သတိလက်လွတ်သွားခဲ့သည်။

“ အတင့်ရဲချက် “

ကျိုးခွန်သည် ဒေါသတကြီး ပြောဆိုကာ၊ ချက်ချင်း လှုပ်ရှားလာခဲ့သည်။

အနီရင့်ရောင် အလင်းတန်းတစ်ခုသည် ဥက္ကာပျံတစ်ခုအလား ကြယ်တာရာ T-Rex နတ်ဘုရားဆီသို့ ကျဆင်းလာခဲ့သည်။

ထိုစဥ် ဤနေရာရှိ ဟင်းလင်းပြင်သည် တစ်လွှာပြီးတစ်လွှာ ချိတ်ပိတ်ခံလိုက်ရကာ၊ တိမ်သားတိမ်သားတို့၏ လှုပ်ရှားမှုများပင် ရပ်တန့်သွားခဲ့သည်။

၎င်းမှာ နဝမအဆင့် ပညာရှင်၏ ချုပ်နှောင်မှုဖြစ်ပြီး၊ ကမ္ဘာမြေ ကောင်းကင်ဘုံ အပြည့်အဝ ချိတ်ဆက်ခြင်း မှော်ရတနာထပ်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

တစ်ခြားသော နဝမအဆင့်ပညာရှင်၏ ကြားဝင်စွက်ဖက်မှု မရှိဘူးဆိုပါက၊ ချုပ်နှောင်ခံလိုက်ရသည့် အဌမအဆင့် ပညာရှင်သည် အဆိုပါ ချုပ်နှောင်မှုမှ လွတ်မြောက်ရန်အတွက် နှစ်ပေါင်းများစွာကြာရှည်သည်အထိ အချိန်ယူရမည် ဖြစ်သည်။

“ ဒေါင် ဒေါင် ဒေါင် “

ထိုအခိုက်အတန့်၌ ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်ထဲတွင် အချက်ပေးခေါင်းလောင်း အော်မြည်လာခဲ့ပြီး၊ ယခင်က တစ်ကြိမ်တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးသည့် သေခြင်းရှင်ခြင်း အကြပ်အတည်းတစ်ခုကို ခံစားလိုက်ရသည်။

၎င်းမှာ နဝမအဆင့် ပညာရှင်က အပြည့်အဝ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသည့် သူ၏ပထမဦးဆုံး အကြိမ်ဖြစ်ပြီး၊ အခြေအနေမှာ အလွန်တရာ ဆိုးရွားနေခဲ့သည်။

သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ လန်ဟိုင်၏ ခန္ဓာကိုယ်ကို ဆွဲယူ၍ ချေမွလိုက်ကာ ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်အတွင်းသို့ ပစ်ထည့်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏လက်ထဲတွင် ခရမ်းနီရောင် အဆောင်တစ်ခုပေါ်လာခဲ့ပြီး၊ သူသည် ၎င်းကို ချက်ချင်း ချေမွလိုက်သည်။

အဆိုပါ ခရမ်းနီရောင်အဆောင်သည် ပုံရိပ်ယောင် လမင်း တော်ဝင်မိသားစု၏ တိုက်ရိုက်မျိုးဆက်ထံမှ ရရှိခဲ့ခြင်း ဖြစ်ပြီး၊ ဟင်းလင်းပြင်ကို ဆုတ်ဖြဲနိုင်ကာ၊ နဝမအဆင့် အထွတ်အထိပ် ပညာရှင်၏ ဟင်းလင်းပြင် ချုပ်နှောင်မှုကိုပင် ချိုးဖျက်နိုင်ပေသည်။

၎င်းမှာ ကြယ်တာရာ T-Rex နတ်ဘုရားက အားအထားအရဆုံး အရာတစ်ခုလည်း ဖြစ်သည်။

“ ဘုမ်းးးး “

ချက်ချင်းဆိုသလိုပင် ခရမ်းနီရောင် အဆောင် ပေါက်ကွဲသွားခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားတစ်ခု ပွင့်ထွက်လာခဲ့သည်။

ခရမ်းနီရောင် ကြာပန်းတစ်ပွင့် ပွင့်လန်းလာသည့်အလား ဖြစ်နေခဲ့ပြီး၊ ၎င်း၏ စွမ်းအင်လှိုင်းများသည် နဝမအဆင့်ထပ်ပင် သာလွန်နေခဲ့ကာ၊ ကျိုးခွန်၏ အမူအရာကို ပြောင်းလဲသွားစေခဲ့သည်။

“ ကျွီ ဇွီ “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ဧရာမ ဟင်းလင်းပြင် အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ ဟင်းလင်းပြင် အက်ကွဲကြောင်းအတွင်းသို့ လျင်မြန်စွာ ပြေးဝင်သွားတော့သည်။

“ ဟမ့် “

ထိုစဥ် အေးစက်စက် နှာခေါင်းရှုံ့သံတစ်သံ ပေါ်ထွက်လာခဲ့သည်။

ကျိုးခွန်သည် ထပ်မံ၍ လှုပ်ရှားလာခဲ့သည်၊ သူ၏ အရှိန်အဝါ ပေါက်ထွက်လာခဲ့သည်။ သူသည် သူ၏လက်အတွင်းမှ လွတ်မြောက်ခွင့်ပေးမည် မဟုတ်ပေ။

သူ၏လက်ကို မြှောက်၍ ဖိညှစ်လိုက်သောအခါတွင်၊ အရှေ့ဘက်ရှိ ဟင်းလင်းပြင်မှာ ဆက်တိုက်ပြိုကွဲပျက်စီးသွားခဲ့သည်။

…………………………………………………………………………………………………………………………………….

All Chapters