← Chapters

အခန်း (၅၉၂-၅၉၄)

Vol. 40 Ch. 592-594

အခန်း (၅၉၂-၅၉၄)

Vol. 40 Ch. 592-594

အပိုင်း ( 592 )

ရှေးဟောင်း အပျက်အစီးနယ်မြေ ၂

ထိုအချိန်အတွင်းတွင် အစောပိုင်း အဌမအဆင့် သားရဲတော်တော်များသည် အဆိုပါ စွမ်းအင်၏ ရိုက်ခတ်မှုကို ခံလိုက်ရကာ ခန္ဓာကိုယ်များ ပေါက်ကွဲထွက်ကာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ကျိုးခွန်သည် လန်ဟိုင်ကျဆုံးသွားခြင်းနှင့် ပတ်သက်ပြီး၊ မည်သို့မျှ မခံစားခဲ့ရပေ။ အကယ်၍ သူကသာ ကြယ်တာရာ T-Rex နတ်ဘုရားကို လွတ်မြောက်ခွင့်ပြုလိုက်မည်ဆိုပါက ပြဿနာကြီးတစ်ခု သေချာပေါက် ဖြစ်လာလိမ့်မည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကျိုးခွန်လှုပ်ရှားလာခဲ့သောကြောင့် ဟင်းလင်းပြင် အက်ကွဲကြောင်းအတွင်းရှိ ဟင်းလင်းပြင်း လမ်းကြောင်းမှာ ချက်ချင်းပြိုကွဲသွားခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသည့် ဟင်းလင်းပြင် လှိုင်းလုံးကြီးများသည် ကြယ်တာရာ T-Rex နတ်ဘုရားကို ဆူနာမီတစ်ခုသဖွယ် ဖုံးလွှမ်းလာခဲ့သည်။

“ ဘမ်းးး “

ကြယ်တာရာ T-Rex နတ်ဘုရားသည် နောက်ထပ် အဆောင်တစ်ခုကို ထပ်မံ၍ ချေမွလိုက်သည်။

အဆိုပါ အဆောင်သည် အလွန်တရာ တန်ဖိုးကြီးလှပြီး၊ သူ့ထံတွင် စုစုပေါင်း သုံးခုမျှသာ ရှိနေခဲ့သည်။ သို့သော် ယခုလက်ရှိအချိန်မှာ ထိုကဲ့သို့သော နှမြောနေရန် မလိုအပ်ပေ။

ဒုတိယ ခရမ်းနီရောင်အဆောင် ကြေမွသွားခြင်းနှင့်အတူ၊ နောက်ထပ် ဟင်းလင်းပြင် အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ပေါက်လာခဲ့ကာ၊ လမ်းကြောင်းအသစ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် အဆိုပါလမ်းကြောင်းအတွင်းသို့ ချက်ချင်း ပျံသန်းသွားတော့သည်။

ဤခရမ်းနီရောင် အဆောင်၏ တန်ဖိုးအကြီးဆုံးအပိုင်းမှာ ဟင်းလင်းပြင် ချုပ်နှောင်မှု/ပိတ်ဆို့မှုကို ချိုးဖျက်ခြင်း မဟုတ်ဘဲ၊ သူ၏အတွေးအတိုင်း လိုက်နာကာ သတ်မှတ်ထားသည့် ဦးတည်ချက်ကို ချိုးဖျက်နိုင်သောကြောင့် ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် မိုင်ထောင်နှင့်ချီသော အကွာအဝေးသို့ ချက်ချင်းရောက်ရှိလာခဲ့သည်။

“ ရောက်တော့မယ်၊ အရှေ့လေးတင်ပဲ “

သူသည် တဟုန်ထိုး အရှိန်မြှင့်တင်လိုက်သည်။

ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်လှိုင်းလုံးတစ်ခုသည် အနောက်ဘက်မှ ပေါ်ထွက်လာခဲ့သည်။

ကျိုးခွန်က ထပ်မံ၍ တိုက်ခိုက်ကာ သူ့ကို ဖမ်းဆီးရန် ကြိုးပမ်းလာခဲ့သည်မှာ သိသာလွန်းနေခဲ့သည်။

“ ဝှစ် “

ဟင်းလင်းပြင် လမ်းကြောင်းသည် ထပ်မံ၍ ပြိုလဲသွားကာ ချက်ချင်း ပျက်စီးသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် အနီရင့်ရောင် အလင်းတန်းတစ်ခုသည် အနောက်ဘက်မှ ပြေးဝင်လာခဲ့သည်။

၎င်းမှာ ကျိုးခွန်၏ ပွဲသိမ်းတိုက်ကွက်ဖြစ်သည်၊ အကယ်၍ ကြယ်တာရာ T-Rex နတ်ဘုရားကို အသက်ရှင်လျက် မဖမ်းဆီးနိုင်ခဲ့ဘူးဆိုပါက၊ သူသည် သူ့ကို ဤနေရာမှာပင် ချက်ချင်း သတ်ဖြတ်လိုက်မည် ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ခုခံကာကွယ်ရေးအတွက် ဆန်းကြယ်ကောင်းကင် ဒိုင်းကို ထုတ်ယူလိုက်သည်။

ခရက်

နဝမအဆင့် ပညာရှင်၏ သတ်ဖြတ်ခြင်းတိုက်ကွက်မှာ အလွန်တရာ အစွမ်းထက်နေခဲ့ပြီး၊ ဆန်းကြယ်ကောင်းကင် ဒိုင်းကို ချက်ချင်းဖြိုခွဲသွားခဲ့သည်။

“ ဘုမ်းးး “

အနီရင့်ရောင် အလင်းတန်းသည် ကြယ်တာရာ T-Rex နတ်ဘုရားကို ထိုးဖောက်သွားခဲ့သည်၊ သူ၏ ဘိုးဘေးနဂါး ခန္ဓာကိုယ်သည် ပါးလွှာသော စက္ကူတစ်ခုကဲ့သို့ ထိလွယ်ရှလွယ်ဖြစ်နေခဲ့ကာ ချက်ချင်း ပေါက်ကွဲသွားခဲ့သည်။

သူ့တောင်ပံ၏ တစ်ဝက်သည် လုံးဝပျက်စီးသွားခဲ့သည်၊ သူ၏လက်သည်းနှစ်ချောင်းမှာလည်း ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်ကြောင့် ချက်ချင်း ပြတ်တောက်သွားကာ၊ ဖုန်မှုန့်များအဖြစ် ပျောက်ကွယ်သွားခဲ့သည်။

“ ဘမ်းးး “

ကြယ်တာရာ T-Rex နတ်ဘုရားသည် လုံးဝတွေဝေတုံ့ဆိုင်းမနေဘဲ၊ တတိယမြောက် ခရမ်းနီ‌ရောင်အဆောင်ကို ချေမွလိုက်ကာ ဟင်းလင်းပြင် လမ်းကြောင်းအသစ်အတွင်းသို့ ထပ်မံ၍ ဝင်ရောက်သွားခဲ့သည်။

အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် သူသည် မိုင်ထောင်နှင့်ချီ၍ ကျော်ဖြတ်သွားခဲ့သည်။

“ ရောက်ပြီ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အပြင်ဘက်ကမ္ဘာကို အာရုံခံမိသွားပြီး၊ ဟင်းလင်းပြင် လမ်းကြောင်းအတွင်းမှ ခုန်ထွက်ကာ အပြင်ဘက် ကမ္ဘာကြီးထံသို့ ပျံသန်းလာခဲ့သည်။

အပြင်ဘက်တွင်ကား မြူခိုးတစ်ခုသည် ကောင်းကင်ပြင်ကို ဖုံးလွှမ်းနေလျက်ရှိသည်။

အပြင်ကမ္ဘာသို့ သူပျံထွက်လာခဲ့သည့် အချိန်မှာပင်၊ ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခု ‌ရောက်ရှိလာခဲ့ကာ၊ သူ့ကို မြေပြင်ပေါ်သို့ ဆင်းလာစေရန် အတင်းအကြပ် ဖိအားပေးလာခဲ့သည်။

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားသည် မကြောက်ရွံ့သွားဘဲ၊ အလွန်တရာ ပျော်ရွှင်သွားခဲ့သည်။

“ ပျံသန်းမှု တားမြစ်နယ်မြေ၊ နောက်ဆုံးတော့ ရှေးဟောင်း အပျက်အစီးနယ်မြေကို ရောက်လာခဲ့ပြီ “

ရှေးဟောင်း အပျက်အစီးနယ်မြေကို ရှေးဟောင်း တားမြစ်နယ်မြေအဖြစ်လည်း လူသိများလှသည်။

မည်သည့် သက်ရှိသတ္တဝါကိုမှ ဝင်ရောက်ခွင့် မပြုပေ။

ဤနေရာသို့ ဝင်ရောက်လာခဲ့သည့် မည်သူမဆို သူတို့၏ လမ်းဆုံးနှင့် ဆုံတွေ့သွားကြရမည် ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားက ဤနေရာသို့ ပျံသန်းလာခဲ့ရခြင်းမှာ ဤနေရာတွင် ရှေးဟောင်း တားမြစ်နယ်မြေတစ်ခု ရှိနေသည်ကို သိနေသောကြောင့် ဖြစ်သည်။

ဤသည်မှာ ကမ္ဘာ့ကြယ်၌ နေ့ရက်ပေါင်းများစွာ ကုန်ဆုံးခဲ့ရပြီးသည့်နောက်တွင် ရရှိခဲ့သည့် သူ၏အကြီးမားဆုံးသော ရှာဖွေတွေ့ရှိမှုတစ်ခုလည်း ဖြစ်သည်။

ကမ္ဘာ့ကြယ် သိုင်းပညာရှင်များနှင့် သားရဲမျိုးနွယ်စုများအတွက်မူ ရှေးဟောင်း အပျက်အစီးနယ်မြေသည် မြေသွင်းမြှုပ်နှံခြင်းကို မခံယူရဘဲ သေဆုံးသွားနိုင်သည့် နေရာတစ်ခု ဖြစ်သည်။

ကြယ်ပြာဂြိုဟ် သက်ရှိများအတွက်လည်း များများစားစား ကွဲပြားနေလိမ့်မည် မဟုတ်ပေ။

၎င်းမှာ ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန့်မှန်းတွက်ချက်မှုသာလျှင် ဖြစ်သည်၊ ရှေးဟောင်း တားမြစ်နယ်မြေ၏ အန္တရာယ်အဆင့်မှာ ပြိုင်ဘက်ကင်းနေလျက်ရှိသည်။

သို့သော် ၎င်းသည် ယခုရင်ဆိုင်နေရသည့် သေခြင်းရှင်ခြင်း အကြပ်အတည်းကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းတစ်ခု ဖြစ်နေခဲ့သည်။

နဝမအဆင့် ပညာရှင်များကပင် ဤနေရာသို့ ရောက်ရှိလာပါက တားမြစ်နယ်မြေအတွင်းသို့ အလောတကြီး မဝင်သွားရဲကြပေ။

“ ဝေါင်းးး “

အလွန်တရာ ဝေးလံသော နေရာအတွင်းမှ ကမ္ဘာမြေတုန်လှုပ်သွားစေနိုင်သည့် ဟိန်းဟောက်သံတစ်သံ ပေါ်ထွက်လာခဲ့သည်။

ထိုအသံကို ကြားလိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာ ပြုံးစိစိ ဖြစ်သွားခဲ့သည်။

ဤသေခြင်း ရှင်ခြင်း အကြပ်အတည်းမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

…

မိုင်သောင်းနှင့်ချီသော အကွာ၌

ကျိုးခွန်၏ စွမ်းအားများ ပေါက်ထွက်လာခဲ့ပြီး၊ အားကောင်းသော နဂါးဘုန်းတန်ခိုး ပျံ့လွင့်လာခဲ့သည်။

ရှစ်ခုမြောက် တောင်တန်းမှ အဖွဲ့ဝင်အားလုံးသည် ကတုန်ကရင်ဖြင့် ကြောက်လန့်သွားကြသည်။

တစ်ခဏ အကြာတွင် ကျိုးခွန်သည် သူ၏အရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်သည်၊ သို့သော် သူ၏မျက်လုံးများတွင် ဒေါသတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် အဌမအဆင့် သားရဲတစ်ကောင်က သူ့လက်အတွင်းမှ ထွက်ပြေးလွတ်မြောက်သွားခဲ့သောကြောင့် ဖြစ်သည်။

နဝမအဆင့် ပညာရှင်ဖြစ်သည့် သူ့အတွက်၊ ၎င်းမှာ ကြီးမားသော အရှက်ကွဲမှုပင် ဖြစ်သည်။

နဝမအဆင့် ပညာရှင်တစ်ဦးက အဌမအဆင့် ပညာရှင်ကို သတ်ဖြတ်ခြင်းမှာ အလွန်တရာလွယ်ကူသော လှုပ်ရှားမှုတစ်ခုသာ ဖြစ်သင့်ပေသည်။

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားသည် ခေါင်းမာမာဖြင့် သူ့လက်အတွင်းမှ အတင်းအကြပ် ရုန်းထွက်သွားခဲ့သည်။

ကျိုးခွန်သည် ပြိုင်ဘက်ထံတွင် နဝမအဆင့် ပညာရှင်၏ ချုပ်နှောင်မှုကို ချိုးဖျက်နိုင်ကာ၊ မိုင်သောင်းနှင့်ချီသော အကွာအဝေးသို့ ချက်ချင်းရောက်သွားစေနိုင်သော နဝမအဆင့် အဆောင်များ ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သို့သော် နဝမအဆင့် ပညာရှင်တစ်ဦးအတွက်မူ မိုင်သောင်းနှင့်ချီသော အကွာအ‌ဝေးဆိုသည်မှာ စက္ကန့်ပိုင်းအတွင်း ရောက်ရှိသွားနိုင်သည့် အကွာအဝေးဖြစ်သည်။

သို့ရာတွင် ဤတစ်ကြိမ်၌ ကျိုးခွန်သည် ရန်သူ့နောက်သို့ လိုက်မသွားခဲ့ပေ။

“ သူက ရှေးဟောင်း တားမြစ်နယ်မြေထဲကို ဝင်သွားပြီ “

ကျိုးခွန်မှ ရုတ်တရက် စကားပြောလာခဲ့သည်၊ ရှေးဟောင်း တားမြစ်နယ်မြေမှာ သူဆက်မလိုက်သွားရသည့် အကြောင်းအရင်း ဖြစ်သည်။

ရှေးဟောင်း တားမြစ်နယ်မြေသည် နဝမအဆင့်မှ ပညာရှင်များအတွက်ပင် အလွန်တရာ အန္တရာယ်များနေခဲ့သည်။

ပကတိ အထွတ်အထိပ်အဆင့်မှ ပညာရှင်များကပင် သူတို့၏ ဘဝသက်တမ်းကုန်ဆုံးခါနီး၍ အခွင့်အလမ်း ရှာလိုသည့် အချိန်မှလွဲ၍ ဤနေရာသို့ အလွယ်တကူ ခြေမချရဲကြပေ။

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှစ်ခုမြောက်တောင်တန်းမှ သားရဲအားလုံး အံ့ဩတကြီး ဖြစ်သွားကြသည်။

ချက်ချင်းဆိုသလိုပင် အနက်ရောင်ချီလင်မှ စကားပြန်ပြောလာခဲ့သည် “ တောင်တန်းသခင်၊ အဲ့လူက ဆရာ့ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားပါတယ်၊ အခု သူက ရှေးဟောင်း တားမြစ်နယ်မြေထဲ ရောက်သွားပြီဆိုတော့၊ သေဖို့များသွားပါပြီ “

ကျိုးခွန်ကမူ မည်သည့်စကားမှ ပြန်မပြောလိုက်ဘဲ၊ မျက်မှောင်သာကြုတ်နေခဲ့သည်။

လန်ဟိုင်၏ သေဆုံးမှုကိစ္စအား ရှလော်တော်ဝင်မိသားစုကို မည်ကဲ့သို့ ရှင်းပြရမည်နည်း

အရေးအကြီးဆုံး အရာမှာ လန်ဟိုင်ကို သတ်ဖြတ်ခဲ့သည့်လူက လွတ်မြောက်သွားခြင်းပင် ဖြစ်သည်။

တစ်ခဏ အကြာတွင် ကျိုးခွန်မှ စကားထပ်ပြောလာခဲ့သည် “ အနက်ရောင် ချီလင်၊ တားမြစ်နယ်မြေထဲကို တစ်ယောက်ယောက် ပို့လိုက်၊ သေသေရှင်ရှင် သူ့ရဲ့ အလောင်းကို မြင်ချင်တယ် “

အနက်ရောင် ချီလင်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည် “ တောင်တန်းသခင်၊ အဲ့တာက ရှေးဟောင်း တားမြစ်နယ်မြေလေ …….. “

ကျိုးခွန်မှ သူ့ကို ပေါ့ပေါ့ပါးပါး ကြည့်ရှုလိုက်ရာ၊ အနက်ရောင် ချီလင်သည် ချက်ချင်း တိတ်ဆိတ်ငြိမ်ကျသွားခဲ့သည်။

နဝမအဆင့် ပညာရှင်၏ အကြည့်သည် သူ့ကို ကြောက်လန့်တကြား ဖြစ်သွားစေခဲ့သည်။

ထို့နောက်တွင် အနက်ရောင်ချီလင်သည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြန်ပြောလာခဲ့သည် “ စိတ်ချထားလိုက်ပါ၊ တောင်တန်းသခင်၊ ကျွန်တော်ရဲ့ အဆင့်၈ အထွတ်အထိပ် ကျင့်ကြံရေးနဲ့ဆိုရင်၊ သူ့ကို ဖမ်းတာက လက်မြှောက်လိုက်ရသမျိုး လွယ်ကူနေမှာ သေချာပါတယ် “

ထို့နောက်တွင် သူသည် အဌမအဆင့် အထွတ်အထိပ် ကျင့်ကြံရေးကို ပိုင်ဆိုင်ထားသည့် သားရဲအနည်းငယ်ကို ရွေးချယ်ကာ ရှေးဟောင်း တားမြစ်နယ်မြေရှိရာဘက်သို့ ဦးတည်သွားတော့သည်။

…

ရှေးဟောင်း တားမြစ်နယ်မြေအတွင်း၌

ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်တစ်ဝက်သာလျှင် ကျန်နေခဲ့ပြီး၊ သူသည် တောင်ကြားချိုင့်ဝှမ်း အတွင်းတွင် ခွေနေလျက်ရှိသည်။

သူသည် သူ၏ခန္ဓာကိုယ်ကို ငေးကြည့်ကာ အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။

“ ငါ့အသက်ကို လက်လွှတ်လိုက်ရတော့မလို့ “

ဤသေခြင်းရှင်ခြင်း အကြပ်အတည်းသည် သူ့အား နဝမအဆင့် ပညာရှင်၏ တကယ့်စွမ်းအားကို နားလည်သွားစေခဲ့သည်။

အကယ်၍ ဤရှေးဟောင်း တားမြစ်နယ်မြေအကြောင်းကိုသာ မသိရှိထားခဲ့ဘူးဆိုပါက၊ သူ့ထံတွင် နဝမအဆင့် အဆောင်ရှိနေမည်ဆိုလျှင်တောင်မှ၊ ဤတစ်ကြိမ်တွင် ထွက်ပြေးလွတ်မြောက်နိုင်ခြေ နည်းပါးနေလိမ့်မည် ဖြစ်သည်။

ထွက်ပြေးလွတ်မြောက်လာခဲ့သော်လည်း သူသည် အလွန်တရာ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သေးသည်။

“ အဆင့်၉ ပညာရှင်တစ်ယောက်ကြောင့် ရခဲ့တဲ့ ဒဏ်ရာတွေက တကယ်ကြီးကို ကြောက်ဖို့ကောင်းတာပဲ “

ခန္ဓာကိုယ်တစ်ဝက်ဆုံးရှုံးသွားခဲ့ရသည့် ဒဏ်ရာမှာ ယခုတွင် မည်သို့မျှ ကုသ၍ မရခဲ့ပေ။

အင်မော်တယ် စွမ်းရည်ကပင် ၎င်းကို မကုသနိုင်ခဲ့ဘဲ၊ အစွမ်းထက် စွမ်းအားတစ်ခု၏ တားဆီးနှောင့်ယှက်မှုနှင့် ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ဤကဲ့သို့သော အခြေအနေမျိုးကို ပထမဦးဆုံးအကြိမ်အဖြစ် ကြုံတွေ့လိုက်ရခြင်း ဖြစ်သည်။

ယခင်က အဌမအဆင့် အထွတ်အထိပ်ကြောင့် ရရှိခဲ့သည့် ဒဏ်ရာများကပင် အလွယ်တကူ သက်သာပျောက်ကင်းသွားခဲ့သည်။

သို့သော် ယခုတွင်ကား မိနစ်ပေါင်းများစွာ ကျော်လွန်သွားခဲ့ပြီဖြစ်သော်လည်း၊ ဒဏ်ရာမှာ အနည်းငယ်မျှပင် သက်သာမပျောက်ကင်းသွားခဲ့ပေ။

တစ်ခဏအကြာတွင် သူသည် ၎င်းက နိယာမကြောင့်ဖြစ်သည်ဆိုသည်ကို နားလည်သဘောပေါက်သွားခဲ့သည်။

နဝမအဆင့် ပညာရှင်များသည် တာအိုမူလ နိယာမကို နားလည်တတ်ကျွမ်းထားကြသည်၊ ၎င်းက မပြည့်စုံသော်လည်း၊ နဝမအဆင့်အောက်မှ ပညာရှင်များအတွက် ပြိုင်ဘက်ကင်း ထိုးနှက်ချက်တစ်ခု ဖြစ်နေခဲ့သည်။

ယခုတွင် သူ၏ဒဏ်ရာသည် နဝမအဆင့် ပညာရှင်၏ နိယာမသက်ရောက်မှုကို ခံစားနေခဲ့ရပြီး၊ အင်မော်တယ်စွမ်းရည်ကပင် ၎င်းကို ပြန်လည်မကုသနိုင်ခဲ့ပေ။

“ အဆင့်၉ရဲ့ နိယာမက တကယ်ကြီးကို အစွမ်းထက်တာပဲဟ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ကြောက်ရွံ့တုန်လှုပ်နေရင်းဖြင့် တအံ့တဩ ဖြစ်နေခဲ့သည်။

ဤအချိန်၌ နဝမအဆင့်သို့ အရောက်သွားချင်သည့် သူ၏စိတ်ဆန္ဒမှာ အထွတ်အထိပ်အထိ ရောက်ရှိလာခဲ့သည်။

“ ငါပိုသန်မာလာမှ ဖြစ်မယ်၊ အဆင့်၉ကို ရောက်ရမယ်၊ ပကတိ အထွတ်အထိပ်ကိုလည်း ရောက်ရမယ် “

“ ငါ့လမ်းကြောင်းကို ဖောက်ပြီးတော့ ကမ္ဘာ့ကြယ်ကို သတ်ဖြတ်ရမယ် “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများသည် ဆုံးဖြတ်ချက်ခိုင်မာမှုဖြင့် တောက်လောင်နေခဲ့သည်၊ ဤတစ်ကြိမ် ဆုံးရှုံးမှုမှာ အလွန်တရာ ကြီးမားနေခဲ့ပြီး၊ သူ၏ကိုယ်တစ်ဝက်မှာ ပြန်ကောင်းလာခဲ့ခြင်း မရှိပေ။

သို့သော် ၎င်းသည် ပိုသန်မာ အားကောင်းလာလိုသည့် သူ၏စိတ်ဆန္ဒကို ပိုမိုခိုင်မာသွားစေခဲ့သည်။

နဝမအဆင့် ပညာရှင်၏ အရှေ့တွင် အဌမအဆင့်ဆိုသည်မှာ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့သာ ဖြစ်နေခဲ့သည်။

“ ဒီဒဏ်ရာတွေကို ကုဖို့အတွက် အချိန်အတော်ကြာ ယူရမှာပဲ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုအကြောင်းကို တွေးတောနေရင်းဖြင့် အနည်းငယ် စိတ်ညစ်သွားခဲ့သည်။

ဒဏ်ရာပေါ်တွင် ရှိနေသည့် နိယာမစွမ်းအားမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

သူ၏ယခုလက်ရှိ ကျင့်ကြံရေးအဆင့်ဖြင့် ၎င်းကို ယှဥ်တိုက်ရန်မှာ အလွန်တရာ ခက်ခဲနေခဲ့သည်။ သူသည် အင်မော်တယ် စွမ်းရည်က ၎င်းကို ဖြည်းဖြည်းချင်း တိုက်စားသွားရန်ကိုသာ အားကိုးစောင့်ဆိုင်းနေရတော့မည် ဖြစ်သည်။

ထို့ကြောင့် သူသည် လာမည့်ကာလအတွင်းတွင် သူ၏တိုက်ခိုက်ရေး စွမ်းအားကို အပြည့်အဝ ထုတ်သုံးနိုင်လိမ့်မည် မဟုတ်ပေ။

“ ဒီရှေးဟောင်း အပျက်အစီးနယ်မြေမှာလည်း အန္တရာယ်ကြီးတွေ ရှိနေမှာ သေချာတယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ပတ်ဝန်းကျင်ကို သတိတကြီး လှည့်ပတ်ကြည့်ရှုနေခဲ့သည် “ ဒီရက်ပိုင်းအတွင်းမှာတော့ ဒီချိုင့်ဝှမ်းထဲမှာပဲ နေပြီးတော့ အားပြန်မွေးရမယ် “

သူသည် ရှေးဟောင်း အပျက်အစီး နယ်မြေအတွင်းသို့ ဝင်ရောက်သွားခဲ့သည့် သတ္တမအဆင့် ပညာရှင်တစ်ချို့က ပြန်ပေါ်လာသည့်အချိန်တွင် နဝမအဆင့်သို့ ရောက်ရှိနေသည်ဟု ကြားသိထားခဲ့ရသည်။

ထိုကဲ့သို့သော ကောလဟာလများသည် ကမ္ဘာ့ကြယ်အတွက် အထူးအဆန်း ဟုတ်မနေခဲ့ပေ။

အမှန်နှင့် အမှား ရောနှောနေသေ ဒဏ္ဍာရီများသည် သားရဲမျိုးနွယ်စုတစ်ချို့အား ရှေးဟောင်း အပျက်အစီးနယ်မြေကို စိတ်ဝင်တစား ဖြစ်သွားစေခဲ့သည်။

သို့ရာတွင် အနည်းငယ်မျှသော လူနည်းစုကသာလျှင် ဤဒေသသို့ အမှန်တကယ် စွန့်စားရောက်ရှိလာခဲ့သည်။

အကြောင်းအရင်းမှာ ဤရှေးဟောင်း အပျက်အစီးနယ်မြေအတွင်းမှာပင် တည်ရှိနေခဲ့သည်၊ ဤနေရာသည် ပကတိ အထွတ်အထိပ် ပညာရှင်များပင် ကျဆုံးသွားနိုင်သည့် အန္တရာယ် နယ်မြေတစ်ခုဖြစ်သည်။

ထို့ကြောင့် ကြယ်တာရာ T-Rex နတ်ဘုရားသည် ဤနယ်မြေအတွင်းတွင် ပေါ့ပေါ့ဆဆ လှည့်လည်မသွားရဲပေ။

“ ဒီတစ်ခေါက် ရခဲ့တဲ့ အသီးအပွင့်တွေကလည်း တော်တော်လေးကို များတယ်လို့ ပြောလို့ရတယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်ကို ကြည့်ကာ မျက်လုံးများ တောက်ပသွားခဲ့သည်။

…………………………………………………………………………………………………………………………………

အပိုင်း ( 593 )

ကြီးမားသော ရိတ်သိမ်းမှု၊ အန္တိမနယ်ပယ်သို့ တက်လှမ်းနိုင်မည့် အခွင့်အလမ်း

ဤတစ်ကြိမ် သေခြင်းရှင်ခြင်း အကြပ်အတည်းတွင် ရရှိခဲ့သည့် သူ၏ အကြီးမားဆုံးသော အကျိုးအမြတ်မှာ ရှလော်တော်ဝင်မိသားစု၏ တိုက်ရိုက်မျိုးဆက်အဖွဲ့ဝင် လန်ဟိုင်ပင် ဖြစ်သည်။

၎င်းမှာ လန်ဟိုင်ကို ဆိုလိုနေခြင်း မဟုတ်ဘဲ၊ သူ့ထံတွင် ရှိနေသည့် မှော်ရတနာများကို ညွှန်းဆိုနေခြင်း ဖြစ်သည်။

ဤအခိုက်အတန့်တွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် လန်ဟိုင်၏ အလောင်းကို ထုတ်ယူလိုက်သည်။

သူ၏ စိတ်စွမ်းအင်ကို ဖြန့်ကျက်လိုက်ရာ၊ တောက်ပနေသည့် မှော်ရတနာ အများအပြား ချက်ချင်း ပေါ်ထွက်လာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏လက်ကို ဆန့်တန်းကာ နက်ပြာရောင် မျှော်စင်တစ်ခုကို ဖမ်းဆုပ်လိုက်သည်။

အလင်းတန်းကိုးခု ဆန်းကြယ်ရေခဲမျှော်စင်

“ ရေခဲနယ်မြေ တားမြစ်မျှော်စင်ငယ်က ဒီဟာကို ပုံတူကူးထားတာကိုး၊ ကမ္ဘာ့ကြယ်ရဲ့ မြင့်မြတ်ရတနာဆယ်ပါးထဲက တစ်ပါး၊ အဆင့်၉ပညာရှင်ကိုတောင် ခြိမ်းခြောက်နိုင်တယ် “

လန်ဟိုင်၏ နယ်ပယ်က အားနည်းနေသောကြောင့်သာလျှင် ၎င်း၏စွမ်းအားက အကန့်အသတ်နှင့်သာ ဖြစ်နေခဲ့ရခြင်း ဖြစ်သည်။

ထိုကဲ့သို့သာ မဟုတ်ဘဲ အမှောင်မီးနဂါးက ဤရတနာကို အသက်သွင်းလိုက်မည်ဆိုပါက၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် ခရမ်းနီရောင် အဆောင်သုံးခုကို တစ်ပြိုင်နက် ဖောက်ခွဲလိုက်မည်ဆိုလျှင်တောင်မှ၊ ဟင်းလင်းပြင် ချုပ်နှောင်မှုကို ဖြိုခွဲနိုင်ခဲ့မည် မဟုတ်ပေ။

ထို့နောက်တွင် သူသည် အနက်ရောင် တံဆိပ်ပြားကို ဆုပ်ကိုင်လိုက်သည်။

ဤအနက်ရောင် တံဆိပ်ပြားကို အထူးသစ်သားတစ်ချို့ဖြင့် ပြုလုပ်ထားပုံရပြီး၊ ၎င်း၏ မျက်နှာပြင်ပေါ်တွင် မျက်လုံးကဲ့သို့သော ပုံစံကွက်တစ်ခု ရှိနေခဲ့ကာ၊ ထူးဆန်းသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။

“ ဒီပစ္စည်းက ရှေးဟောင်းပုံရိပ်ယောင်တွေကို ဆင့်ခေါ်နိုင်တယ်၊ ပြိုကွဲသွားသည့် အချိန်မှာတောင်မှ ပိုအားကောင်းတဲ့ စွမ်းအားနဲ့ ပြန်ဖွဲ့စည်းနိုင်တယ်၊ ဒီကောင့်ရဲ့ အဆင့်က အလင်းတန်းကိုးခု ဆန်းကြယ်ရေခဲမျှော်စင်ထပ် မနိမ့်လောက်ဘူး “

လန်ဟိုင်၏ အစောပိုင်း အဌမအဆင့် ကျင့်ကြံရေးဖြင့် နှောင်းပိုင်း အဌမအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသည့် ရှေးဟောင်းပုံရိပ်ယောင်များကို ဖော်ထုတ်ပြသနိုင်ခဲ့သည်၊ ၎င်းမှာ အမှန်ပင် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းရည်တစ်ခု ဖြစ်သည်။

အကယ်၍ သူကသာ ကောင်းကင်ဘုံနဂါး ပြောင်းလဲမှုငါးသွယ်ကို မပိုင်ဆိုင်ထားဘူးဆိုပါက၊ သူသည် လန်ဟိုင်၏ လက်ချက်ဖြင့် ကျဆုံးသွားခဲ့မည် ဖြစ်သည်။

ထို့ကြောင့် ကြယ်တာရာ T-Rex နတ်ဘုရားသည် ဤပစ္စည်းက နဝမအဆင့်ကိုပင် ခြိမ်းခြောက်နိုင်သည်ဟု မှန်းဆတွက်ချက်နေခဲ့သည်။

နဝမအဆင့်ကို ခြိမ်းခြောက်နိုင်စွမ်းရှိသည့် ရတနာများမှာ အလွန်တရာ ရှားပါးနေခဲ့ပြီး၊ ၎င်းတို့သည် ကမ္ဘာ့ကြယ်၏ မြင့်မြတ်ရတနာဆယ်ပါးနှင့်ပင် ယှဥ်နေနိုင်ခဲ့သည်။

နဝမအဆင့်သည် တာအိုနိယာမကို ထိန်းချုပ်နေနိုင်ပြီဖြစ်ပြီး၊ သူတို့ကို ခြိမ်းခြောက်နိုင်သည့် အရာမှာ အလွန်တရာ ရှားပါးလွန်းနေခဲ့သည်။

“ ဒီတစ်ခေါက် ခရီးစဥ်က ဒီရတနာနှစ်ခုနဲ့တင် တန်နေပြီ “

ကြယ်တာရာ T-Rex နတ်ဘုရားမှာ ပြုံးဖြဲဖြဲ ဖြစ်သွားရတော့သည်။

သူ့ထံတွင် နဝမအဆင့်ကို ခြိမ်းခြောက်နိုင်သည့် ရတနာများ ပြတ်လပ်နေခဲ့သည်၊ နတ်ဘုရား ရိုက်နှက်တောင်ဝှေးဖြစ်စေ၊ ဆန်းကြယ်ကောင်းကင် ဒိုင်းဖြစ်စေ၊ ၎င်းတို့သည် အဌမအဆင့်နယ်ပယ်ကိုသာ လှုပ်ခတ်စေနိုင်သည်။

သူကသာ နဝမအဆင့်သို့ ရောက်ရှိသွားမည်ဆိုပါက၊ သူ့ထံတွင် ရှိနေသည့် ရတနာများသည် ၎င်းတို့၏ အကျိုးအာနိသင်ကို ဆုံးရှုံးသွားခဲ့မည် ဖြစ်သည်။

ယခုတွင်ကား ကံကောင်းထောက်မစွာဖြင့် အလင်းတန်းကိုးခု ဆန်းကြယ်ရေခဲမျှော်စင်နှင့် အနက်ရောင် တံဆိပ်ပြားတို့ကို ရယူနိုင်ခဲ့သည်။ နဝမအဆင့်သို့ ရောက်ရှိသွားမည်ဆိုလျှင်တောင်မှ၊ သူ့ထံတွင် အသုံးဝင်သော မှော်ရတနာများ ရှိနေဦးမည် ဖြစ်သည်။

“ ဟမ် “

“ လန်ဟိုင့်ဆီမှာ ရှိနေတဲ့ မှော်ရတနာတွေက နှစ်ခုထပ်ပိုနေတဲ့ပုံပဲ “

ရုတ်တရက်ဆိုသလိုပင် ကြယ်တာရာ T-Rex နတ်ဘုရားသည် လန်ဟိုင်၏အလောင်းထံတွင် ပိုများသော အလင်းတန်းများ ပေါ်ထွက်နေသည်ကို သတိပြုမိသွားခဲ့သည်။

လက်ကို ဆန့်တန်းလိုက်ရာ အလင်းတန်းတစ်ခုသည် သူ့ထံသို့ ပျံသန်းရောက်ရှိလာခဲ့သည်။

“ ဒါက …. “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ့လက်ထဲတွင် ရှိနေသည့် ပစ္စည်းကိုကြည့်ကာ တအံ့တဩ ဖြစ်သွားခဲ့သည်။

သူ့လက်ထဲတွင် ရှိနေသည့် အရာသည် သာမန်တံဆိပ်ပြားတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။

၎င်းမှာ အလွန်တရာ ရိုးရှင်းနေပုံရသော်လည်း သေချာအနီးကပ် ကြည့်ရှုစစ်ဆေးလိုက်ပြီးသည့်နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်း၏ အတွင်းပိုင်းတွင် နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားသော လျှို့ဝှက်ချက်များ ရှိနေသည်ကို သိရှိသွားခဲ့သည်။

“ ဗွီ “

သူ၏ စိတ်စွမ်းအားကို တံဆိပ်ပြားအတွင်းသို့ ပို့လွှတ်လိုက်သည်။

တစ်ခဏအကြာတွင် သူသည် ဧရာမ သားရဲအလောင်းတို့ဖြင့် ပြည့်နှက်နေသည့် လီတစ်ရာ ကျယ်ဝန်းသော ဟင်းလင်းပြင်တစ်ခုကို မြင်တွေ့လိုက်ရသည်။

( ၁လီက မီတာ ၅၀၀ရှိပါတယ်၊ လီ၁၀၀ဆိုတော့ မီတာငါးသောင်းပါ )

အဆိုပါ သားရဲကြီးများသည် လန်ဟိုင်၏ အရှိန်အဝါနှင့် တူညီသည့် အရှိန်အဝါမျိုးကို ထုတ်လွှတ်နေခဲ့သည်။

အမှောင်နယ်မြေ သားရဲမျိုးနွယ်စု

“ ဒီ …. ဒီလောက်တောက် များတာလားဟ “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်နှာပေါ်တွင် အံ့ဩတကြီးဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။

ယခုတွင် သူသည် ဤတံဆိပ်ပြားအား ပစ္စည်းများ သိုလှောင်ရာ နေရာလွတ်တစ်ခုအဖြစ် အသုံးပြုနိုင်သည်ဆိုသည်ကို နားလည်သွားခဲ့သည်။

သို့သော် ဤနေရာလွတ်အတွင်းတွင် အမှောင်နယ်မြေမှ သားရဲတို့ဖြင့် ပြည့်နှက်နေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

“ ကြည့်ရတာတော့ အမှောင်နယ်မြေက အတွင်းတိုက်ပွဲတွေကလည်း တော်တော်လေးကို ပြင်းထန်နေတဲ့ပုံပဲ “

“ လန်ဟိုင် ဒီအလောင်းတွေကို ဒီနေရာမှာ သိမ်းထားတယ်ဆိုတော့၊ နောင်အနာဂတ်မှာ ဒါတွေကို တစ်ခြားတစ်ယောက်ယောက်ကို ကျွေးမလို့များလား “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။

ဒီလိုနည်းလမ်းမျိုးကို တော်တော်ကြီးကို လက်ပွန်းတနီး ရှိနေသည်။

တစ်ခဏအကြာတွင် သူသည် တွေးတောစဥ်းစားနေခြင်းကို ရပ်တန့်ကာ ပြုံးဖြဲဖြဲ ဖြစ်သွားခဲ့ပြန်သည်။

“ အမှောင်နယ်မြေက သားရဲတွေ များကြီးရှိနေတယ်ဆိုတော့၊ နောက်ထပ်ရက်ပိုင်း‌လောက်တော့ ဘာကိုမှ စိတ်ပူနေဖို့ မလိုတော့ဘဲ အေးအေးဆေးဆေး နေလို့ရပြီ “

ယခင်က သူသည် စားနပ်ရိက္ခာနည်းပါးနေသောကြောင့် စိုးရိမ်တကြီး ဖြစ်နေခဲ့ရသည်။

မထင်မှတ်ထားစွာဖြင့် လန်ဟိုင်သည် သူ၏ အသက်ကယ်လှေငယ်လေးတစ်စီး ဖြစ်လာခဲ့သည်။

အမှောင်နယ်မြေ၏ သားရဲများက ကမ္ဘာ့ကြယ် သားရဲများထပ် များစွာသာလွန်နေသောကြောင့်၊ ၎င်းတို့သည် သူ့ထံသို့ ပြောင်းလဲတိုးတက်မှုများစွာ ယူဆောင်ပေးလာမည် ဖြစ်သည်။

အဆိုပါ သားရဲအလောင်းများအနက် အနည်းငယ်မှာ အလယ်အလတ် အဌမအဆင့် သားရဲများ ဖြစ်နေခဲ့ပြီး၊ နှောင်းပိုင်း အဌမအဆင့် သားရဲ အနည်းစုပင် ရှိနေခဲ့သည်။

လန်ဟိုင်၏ ကျင့်ကြံရေး နယ်ပယ်က အစောပိုင်း အဌမအဆင့်တွင်သာ ရှိနေခဲ့သည်၊ သို့သော် ရှလော်တော်ဝင်မိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ဦး ဖြစ်နေခဲ့သောကြောင့်၊ အဌမအဆင့်နယ်ပယ်မှ ပညာရှင်တော်တော်များများကို သတ်ဖြတ်နိုင်ခြင်းမှာ အံ့ဩဖွယ်ရာ မဟုတ်ခဲ့ပေ။

“ ကံကောင်းတယ်၊ ပိုပြီးတော့ ကံကောင်းနေတယ်ဟေး၊ ဟားဟားဟား “ ကြယ်တာရာ T-Rex နတ်ဘုရားသည် သရေတမြားမြား ဖြစ်သွားခဲ့သည်။

သူ့အတွက် ဤသားရဲအလောင်းများမှာ ယခင်က မှော်ရတနာနှစ်ခုထပ်ပင် ပို၍ အဖိုးတန်နေခဲ့သည်။

“ အခုတော့၊ ဒီနေရာပဲ ဖွံ့ဖြိုးတိုးတက်လိုက်တာပေါ့ကွာ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။

ချက်ချင်းဆိုသလိုပင် သူ၏အကြည့်သည် လန်ဟိုင်၏ အလောင်းဆီသို့ ရောက်ရှိသွားခဲ့သည်။

“ ငါ့ကို အကျိုးအမြတ်တွေ အများကြီး ပေးခဲ့တာကို ကျေးဇူးတင်တဲ့အနေနဲ့ မင်းကို အရင်စားပေးမယ် “

ဆုံးဖြတ်ချက်ချလိုက်ပြီးသည့်နောက်၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏လက်ကို ဆန့်တန်း၍ လန်ဟိုင်၏ အလောင်းကို ဆွဲကိုင်ကာ စတင်၍ စားသောက်နေတော့သည်။

“ ဂျွတ် “

…

ကြယ်တာရာ T-Rex နတ်ဘုရားက အားပါးတရ စားသောက်နေသည့် အချိန်တွင်

ရှေးဟောင်း အပျက်အစီးနယ်မြေ၏ ဝင်ပေါက်ဝ၌

အနက်ရောင် ချီလင်သည် အဌမအဆင့် အထွတ်အထိပ် သားရဲတစ်စုကို ဦးဆောင်ကာ ရှေးဟောင်း အပျက်အစီး နယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

“ ဟစ် “

ကျားဖြူသည် အသက်ကို ပြင်းပြင်းရှရှ ရှူထုတ်ကာ စကားစပြောလာခဲ့သည် “ ဒီရှေးဟောင်း အပျက်အစီးနယ်မြေက တကယ်ကြီးကို ဆိုးယုတ်တာပဲ၊ ဝင်လာပြီးပြီးချင်းမှာပဲ တစ်ခုခုမှားနေတယ်လို့ ခံစားနေရပြီ၊ ငါ့ရဲ့ ဂုတ်ပေါ်မှာလည်း အဖုအပိန့်တွေ ပေါ်လာတယ် “

သူ့ဘေးနားရှိ ခရမ်းရောင်ဆံသားနှင့် ခြသေ့်မှာလည်း ဖြည်းဖြည်းချင်း စကားပြောလာခဲ့သည် “ ရှေးဟောင်း အပျက်အစီးနယ်မြေက တော်တော်ကြီးကို အန္တရာယ်များတယ်လေ၊ လေထုထဲမှာတောင် သေစေနိုင်တဲ့ အဆိပ်အတောက်တွေ ပါနေတယ်၊ အားလုံးပဲ သတိထားကြ “

အားလုံးသည် သတိတကြီးဖြင့် စူးစမ်းလေ့လာကာ ရှေ့ဆက်သွားနေကြသည်။

တစ်ခဏ အကြာတွင်

အနက်ရောင်ချီလင်မှ လေးလေးနက်နက် ပြောဆိုလာခဲ့သည် “ အဲ့လူရဲ့ ခြေရာလက်ရာတွေကို တွေ့ပြီလား “

ခရမ်းရောင် ဆံသားဖြင့် ခြသေ့်မှ ခေါင်းခါပြလာခဲ့သည် “ ‌ရှေးဟောင်း အပျက်အစီးနယ်မြေထဲမှာ ပိုင်နက်တွေ အများကြီးပဲလေ၊ သူ ဘယ်နေရာကို ရောက်သွားလဲဆိုတာကို မသိနိုင်ဘူး “

“ တောင်တန်းသခင်က တကယ်ကို တစ်ခုခုတော့ တစ်ခုခုပဲ၊ သူကိုယ်တိုင်ကတော့ ဒီတစ္ဆေသရဲလို နေရာမျိုးကို မလာရဲဘဲနဲ့၊ ငါတို့ကိုပဲ လွှတ်လိုက်တယ် “

သားရဲအနည်းငယ်သည် လေသံတိုးတိုးလေးဖြင့် စောဒကတက်နေကြသည်။

အနက်ရောင် ချီလင်မှ အော်ငေါက်လာခဲ့သည် “ သိပ်ကြောက်မနေကြနဲ့။ ဒီနေရာက ရှေးဟောင်းဂိုဏ်းတစ်ခုခုရဲ့ မြင့်မြတ်နယ်မြေ ဖြစ်ခဲ့ဖူးတယ်၊ ဒါပင်မဲ့ အကြောင်းအရင်း တစ်ခုခုကြောင့် ကျဆုံးသွားခဲ့ရတာ၊ တကယ့် အန္တရာယ်က ဒီနယ်မြေထဲက တားမြစ်ချက်တွေပဲ “

“ အခုငါတို့က အပြင်ပိုင်းနယ်မြေမှာပဲ ရှိနေသေးတယ်၊ ဆိုတော့ ငါတို့က အန္တရာယ် ကြီးကြီးမားမား ရင်ဆိုင်ရမှာ မဟုတ်ဘူး “

………………………………………………………………………………………………………………………………………

အပိုင်း ( 594 )

ကြီးမားသော ရိတ်သိမ်းမှု၊ အန္တိမနယ်ပယ်သို့ တက်လှမ်းနိုင်မည့် အခွင့်အလမ်း ၂

ထိုစကားလုံးများကို ကြားလိုက်ရသောအခါတွင် လူတိုင်းမှာ အနည်းငယ် စိတ်အေးလက်အေး ဖြစ်သွားကြသည်။

ထိုစဥ် ကျားဖြူသည် အရပ်မျက်နှာတစ်ဖက်သို့ ရုတ်တရက် လက်ညှိုးထိုးပြကာ စကားပြောလာခဲ့သည် “ ဟိုမှာ ကြည့်ကြဦး “

“ ဟမ် “

အနက်ရောင် ချီလင်မှာလည်း ထိုဘက်သို့ လှည့်ကြည့်ရာ၊ အမူအရာ ပြောင်းလဲသွားခဲ့ရသည်။

ထိုနေရာ၏ အနက်ပိုင်းတွင် ဟိုဟိုဒီဒီ ယိမ်းနွဲ့ လှုပ်ရှားနေသော မြူခိုးတစ်ခု ရှိနေခဲ့သည်၊ သို့သော် မြူခိုးသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး၊ လျှို့ဝှက်ဆန်းကြယ်သော ဧရာမ ယဇ်ပုလ္လင်တစ်ခုကို လှစ်ဟပြသလာခဲ့သည်။

အဆိုပါ ယဇ်ပုလ္လင်၏ အရှေ့ဘက်တွင် ဒူးထောက်၍ ရှိခိုးနေသော ဧရာမ သားရဲကြီးတစ်ကောင် ရှိနေခဲ့သည်။

၎င်း၏ အသွင်အပြင်မှာ ကြယ်တာရာ T-Rex နတ်ဘုရားကြီး အသွင်သဏ္ဍာန်နှင့် လုံးဝ ထပ်တူကျ တူညီနေခဲ့သည်။

“ အဲ့လူပဲ၊ သွားကြစို့ “ ခရမ်းရောင်ဆံသားနှင့် ခြသေ့်မှ အော်ဟစ်ပြောဆိုလာခဲ့သည်။

ထိုကဲ့သို့ ပြောလာခဲ့ပြီးသည့်နောက် သူနှင့် နောက်ထပ် သားရဲတစ်ကောင်သည် မအောင့်ထားနိုင်တော့ဘဲ အလျင်စလို ပြေးတက်သွားတော့သည်။

အနက်ရောင် ချီလင်၏ အမူအရာ ပြောင်းလဲသွားခဲ့ကာ အလောတကြီး အော်ပြောလာခဲ့သည် “ အဲ့ကို မသွားနဲ့၊ အဲ့တာက အတုကြီး “

သို့သော် အရာအားလုံး နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

“ ဝှစ် “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် မြူခိုးသည် သူတို့ကို ထပ်မံ၍ ဖုံးလွှမ်းလာခဲ့ကာ ထိုနှစ်ဦးကို ဝါးမြိုသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် အမွှေးအမျှင်များ ထောင်ထသွားစေနိုင်သည့် အော်ဟစ်သံတစ်သံသည် မြူခိုးအတွင်းမှ ပေါ်ထွက်လာခဲ့သည်။

“ ကယ် ….. ကယ်ပါဦး “

ကျားဖြူနှင့် တစ်ခြားလူများ၏ အမူအရာများမှာလည်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်၊ တစ်စုံတစ်ဦးသည် သူတို့ကို ကယ်ဆယ်ရန် ပြင်လိုက်သော်လည်း အနက်ရောင် ချီလင်၏ တားဆီးမှုကို ခံလိုက်ရသည်။

“ အဲ့ကို မသွားနဲ့တော့၊ သူတို့က သေသွားပြီ “

အနက်ရောင် ချီလင်မှ ပြောပြလာခဲ့သည်။

မြူခိုးသည် ထပ်မံ၍ ပျောက်ကွယ်သွားပြီး၊ ခရမ်းရောင်ဆံသားပိုင်ရှင် ခြသေ့်နှင့် တစ်ခြားသားရဲတစ်ကောင်၏ ပုံရိပ်တို့ကို မတွေ့ရတော့ဘဲ၊ သွေးစီးကြောင်းများနှင့် ပြည့်နှက်နေသည့် ပုလ္လင်တစ်ခုကိုသာလျှင် လှစ်ဟပြသလာခဲ့သည်။

ကျားဖြူနှင့် တစ်ခြားသားရဲတို့၏ မျက်နှာများမှာ ချက်ချင်းဖြူဖျော့သွားခဲ့သည်၊ တားမြစ်နယ်မြေ အတွင်းသို့ ယခုမှ ဝင်ရောက်လာခဲ့သော်လည်း သူတို့၏လူနှစ်ဦးကို လက်လွှတ်လိုက်ရပြီ ဖြစ်သည်။

ရှေးဟောင်း တားမြစ်နယ်မြေသည် ၎င်း၏နာမည်ဂုဏ်သတင်းနှင့် အမှန်ပင် ထိုက်တန်နေခဲ့သည်။

အနက်ရောင် ချီလင်ပင် ကြက်သီးများ ထသွားခဲ့သည်၊ သူ၏ခြေထောက်များပင် တုန်ရင်စပြုလာခဲ့သည်။

သို့သော် နောက်ပြန်လှည့်ကြည့်လိုက်သည့် အချိန်တွင် အနောက်ဘက်ဘက်ရှိ လမ်းကြောင်းတစ်ခုလုံးက မြူခိုးဖြင့် ဖုံးလွှမ်းနေသည်ကို သူမြင်တွေ့သွားခဲ့သည်။

“ ငါ …. ငါတို့က ပြန်ထွက်သွားနိုင်ပါ့မလား “

…

ထိုစဥ် ချိုင့်ဝှမ်းအတွင်းရှိ ကြယ်တာရာ T-Rex နတ်ဘုရားကမူ အရူးအမူး စားသောက်နေလျက်ရှိသည်။

“ ဂျွတ် ဂျွတ် “

“ အမှောင်နယ်မြေရဲ့ သားရဲတွေက ဒီလောက်တောင် အရသာရှိတာလားဟ “

အမှောင်နယ်မြေသည် အမှောင်စွမ်းအင်တို့ဖြင့် ပြည့်နှက်နေသည့် နေရာတစ်ခုဖြစ်ပြီး၊ အစတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် အမှောင်နယ်မြေ သားရဲကောင်တို့၏ အသားက မြိုချရခက်နေလိမ့်မည်ဟု တွေးထင်နေခဲ့သည်။

သို့သော် အမှောင်နယ်မြေ သားရဲကောင်တို့၏ အသားက အလွန်တရာ အရည်ရွှမ်းနေခဲ့ပြီး၊ အရသာပါ ကောင်းမွန်နေခဲ့သောကြောင့် သူတအံ့တဩ ဖြစ်သွားခဲ့ရသည်။

အရေးအကြီးဆုံး အရာမှာ သွေးနှင့် အသားတို့က သူ၏ ဝမ်းဗိုက်အတွင်းသို့ ရောက်ရှိလာသည့်အချိန်တွင် သူသည် သူ၏ အားနည်းချက် (သို့) ချို့ယွင်းချက်များက ပျောက်ကွယ်သွားသည်ဟု ခံစားနေခဲ့ရခြင်းပင် ဖြစ်သည်။

“ ချို့ယွင်းချက် …… ငါ့ဆီမှာ ဒီလိုမျိုး ချို့ယွင်းချက်တစ်ခု ရှိနေဦးမယ်လို့ မထင်ထားခဲ့မိဘူး “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်နှာပေါ်တွင် နားလည်သဘောပေါက်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။

အရာအားလုံးသည် ဖြစ်ပေါ်တည်ရှိလာရန်အတွက် ယန်ကို ပွေ့ဖက်ကာ ယင်ကို သယ်ဆောင်ထားလေ့ရှိသည်။

ထို့ကြောင့် ယခင်က သူ၏ အမျိုးမျိုးသော နတ်စွမ်းရည် နားလည်မှုတို့မှာ ယန်အပိုင်းသို့ ယိမ်းသွားခဲ့သည်။

( ခန္ဓာကိုယ်မှာ သဘာဝအတိုင်းပါတဲ့ ယင်ယန် စွမ်းအင်နှစ်ခုရှိတယ်၊ သိုင်းပညာတွေက ယန်ဘက်ကို ပိုယိမ်းတယ်၊ ယန်ဓာတ်စွမ်းအား အခြေပြု နည်းစနစ်တွေကို ပိုသုံးကြတယ်လို့‌ ပြောချင်တာပါ )

သို့သော် ယင်အပိုင်းတွင်ကား မည်သည့်အရာမှ ရှိမနေခဲ့ပေ။

ယင်ယန်နတ်စွမ်းအားကို လေ့ကျင့်မည်ဆိုလျှင်တောင်မှ၊ ၎င်းသည် အသွင်အပြင်ပေါ်လာစေရန်သာ ပြုလုပ်နိုင်မည် ဖြစ်ပြီး၊ ယင်အပိုင်းကို အမှန်တကယ် ပြီးပြည့်စုံသွားစေလိမ့်မည် မဟုတ်ပေ။

သူသည် အဆိုပါ ချို့ယွင်းချက်ကို ယခင်က တစ်ကြိမ်တစ်ခါမှ ရှာမတွေ့ခဲ့ပေ၊ သို့သော် ရှာ‌ဖွေမည်ဆိုလျှင်တောင်မှ ၎င်းကို တွေ့ရှိလိမ့်မည် မဟုတ်ပေ။

ဤကမ္ဘာကြီး၏ တာအိုနိယာမသည် ယန်ကို ထွေးပိုက်ကာ ယင်ကို သယ်ဆောင်ထားသည်။

သို့သော် ယခုတွင်ကား အမှောင်နယ်မြေ သားရဲကောင်များကို စားသောက်ခဲ့ပြီးသည့်နောက်တွင် သူသည် ချို့ယွင်းချက်၏ တည်ရှိမှုကို ခံစားသိရှိလာခဲ့သည်။

အမှောင်နယ်မြေသည် တစ်ခြားကမ္ဘာတစ်ခု ဖြစ်သောကြောင့် ယင်ကို ထွေးပိုက်ကာ ယန်ကို သယ်ဆောင်ကြပြီး၊ ယင်ဓာတ်မှာ အလွန်တရာ ပေါများ ကြွယ်ဝနေခဲ့သည်။

အမှောင်နယ်မြေ သက်ရှိ သတ္တဝါအားလုံးမှာ အတူတူချည်းသာ ဖြစ်သည်။

ယခု၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် အမှောင်နယ်မြေ သားရဲကောင်ကို စားသောက်နေသည်နှင့်အမျှ သူ၏ယင်အပိုင်းက တဖြည်းဖြည်း အားပြည့်လာနေကာ လျင်မြန်စွာ ပြီးပြည့်စုံသွားသည်ကို ခံစားနေခဲ့ရသည်။

“ ငါ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားကလည်း သိသိသာသာ တိုးတက်လာတယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်။

ဤတစ်နပ် စားပြီးသွားသည့် အချိန်တွင် သူ၏ စွမ်းအားက ကြောက်ခမမ်းလိလိ မြင့်တက်လာတော့မည်ဆိုသည်ကို သူခံစားသိရှိနေခဲ့သည်။

“ ဂျွတ် ဂျွတ် “

ထို့နောက်တွင် သူသည် အားရပါးရ စားသောက်နေတော့ပြန်သည်။

ထိုအခိုက်အတန့်တွင် သူသည် ဝမ်ခေါင်းသံကြီးဖြင့် အော်ဟစ်လိုက်သည့် သွေးပျက်ဖွယ်ကောင်းသော အသံတစ်သံကို ကြားလိုက်ရသည်။

“ ဟမ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် နိုးနိုးကြားကြား ဖြစ်သွားခဲ့သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားခဲ့သည် “ တစ်ယောက်ယောက်က ငါ့နောက်လိုက်တာလား။ ကမ္ဘာ့ကြယ် သားရဲကောင်တွေလား “

သူသည် ပတ်ဝန်းကျင်ကို သတိတကြီး လှည့်ပတ်ကြည့်ရှုလိုက်သည်။

ဤရှေးဟောင်း အပျက်အစီးနယ်မြေသည် အလွန်တရာ ထူးဆန်းနေခဲ့သည်၊ ပျံသန်းခြင်းကို တားမြစ်ထားရုံတင်မဟုတ်ဘဲ၊ သူ၏စိတ်စွမ်းအားကပါ မီတာတစ်အရာ အကွာအဝေးတွင် ဖိနှိပ်ကန့်သတ်ခံထားရသည်၊ ထို့ကြောင့် သူသည် အပြင်ဘက်သို့ မည်သို့မျှ မထောက်လှမ်းနိုင်ခဲ့ပေ။

အကယ်၍ သူ့နေရာတွင် နဝမအဆင့် ပညာရှင်တစ်ဦးသာ ဖြစ်နေမည်ဆိုပါက၊ သူသည် တစ်ကီလိုမီတာအထိ ထောက်လှမ်းနိုင်လိမ့်မည် ဖြစ်သည်၊ သို့သော် ထိုအကွာအဝေးကို ကျော်လွန်၍ ထောက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။

“ တကယ်လို့ အမှောင်မီးနဂါးကသာ ဝင်လာခဲ့မယ်ဆိုရင် …….. “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အနည်းငယ် စိုးရိမ်ပူပန်သွားခဲ့သည်။ တစ်ခြားလူများကို ဂရုမစိုက်သော်လည်း နောက်ဆုံးသူရင်ဆိုင်ခဲ့ရသည့် ပြိုင်ဘက်မှာ နဝမအဆင့် အမှောင်မီးနဂါးကြီး ဖြစ်နေခဲ့လေသည်။

ထို့အပြင် ယခုလက်ရှိ သူ၏အခြေအနေမှာလည်း အလွန်တရာ ဆိုးရွားနေခဲ့ပြီး၊ ကိုယ်တစ်ခြမ်း ဖျက်စီးခံထားရသည်။

နဝမအဆင့်ကို မဆိုထားနှင့်၊ အကယ်၍ နှောင်းပိုင်း အဌမအဆင့် သားရဲ‌ကောင်နှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင်မှ၊ သူသည် မသေမချင်း တိုက်ခိုက်ရနိုင်ပေသည်။

“ ဒဏ်ရာတွေကို မြန်မြန်ကုမှ ဖြစ်မယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ၊ ထပ်မံ၍ စားသောက်နေတော့ပြန်သည်။

…

နာရီဝက် အကြာတွင်

သူသည် လန်ဟိုင်၏ အလောင်းတစ်ခုလုံးကို စားသုံးခဲ့ကာ ယနေ့အတွက် စားသောက်မှုကို အဆုံးသတ်လိုက်သည်။

“ ဘုမ်း ဝုန်းး ဝရုန်းးး “

ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်ထဲတွင် လေနှင့်မိုးကြိုးသံများ ဟိန်းဟောက်အော်မြည်နေခဲ့သည်။

ထို့နောက်၌ သူ၏ခန္ဓာကိုယ်သည် သာမန်မျက်လုံးတို့ဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် စတင်၍ ဖောင်းကားလာခဲ့သည်။

အဆင့် : အဌမအဆင့် အဆင့်၂ ( ၉၀% )

အသားတင် အလေးချိန် : ကီလိုဂရမ် ၁၈.၅သန်း

…

“ အဆင့်က ၄၀%အထိတောင် တကယ်ကြီး တိုးလာခဲ့တယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အလွန်တရာ အံ့အားသင့်သွားခဲ့သည်။

အဌမအဆင့်သို့ တက်လှမ်းလာခဲ့ပြီးသည့်နောက်တွင် အစားတစ်နပ်ချင်းစီတိုင်းက ခွန်အားကို ၂၀%အထိသာ တိုးမြှင့်ပေးနိုင်တော့သည်ဆိုသည်ကို သိကြရမည် ဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင်ကား နှစ်ဆတိတိ တိုးတက်လာခဲ့သည်၊ အရေးအကြီးဆုံးအရာမှာ သူစားသောက်ခဲ့သည့် လန်ဟိုင်က အစောပိုင်း အဌမအဆင့်တွင်သာ ရှိနေခြင်း ဖြစ်သည်။

“ ငါ့ရဲ့ ဒဏ်ရာတွေက နည်းနည်းလေးမှ မပျောက်သွားတာကတော့ တော်တော်ကြီးကို နှမြောဖို့ကောင်းတယ်ကွာ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ဒဏ်ရာကို ငေးကြည့်ကာ သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။

ယခု၌ သူ့ထံတွင် ကိုယ်တစ်ခြမ်းသာလျှင် ကျန်ရှိနေခဲ့သည်၊ အင်အားကြီး ရန်သူတစ်ဦးဦးနှင့် ရင်ဆိုင်ရမည်ဆိုပါက အလွန်တရာ အန္တရာယ်များသွားလိမ့်မည် ဖြစ်သည်။

“ ဒါပင်မဲ့ ဒီတစ်နပ်က လျော်ကြေးအနေနဲ့ ငါ့ရဲ့ ယင်စွမ်းအင် ချို့ယွင်းချက်ကို အားဖြည့်ပေးခဲ့တယ်။ နောင်တစ်ချိန်မှာ ယင်ယန်စွမ်းအားကို ထုတ်သုံးလိုက်မယ်ဆိုရင် တစ်ခြားလူတွေထပ် ပိုပြီးတော့ အားကောင်းနေတော့မှာ သေချာတယ် “

“ ငါ့ရဲ့ မူလကိုယ်ကလည်း ထောက်ပံ့မှုကို ပြန်ရသွားလောက်တယ်၊ ဒြပ်စင်ငါးပါး နတ်နည်းစနစ်ရဲ့ စွမ်းအားကလည်း သိသိသာသာ မြင့်တက်သွားမှာ သေချာတယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ဂရုတစိုက် ခွဲခြိမ်းစိတ်ဖြာနေခဲ့သည်။

သူသည် ယခုရရှိထားသည့် ဒဏ်ရာကို ကုသခဲ့ပြီးသည့်နောက်တွင် သူ၏တိုက်ခိုက်ရေး စွမ်းအားက သူ၏အထွတ်အထိပ် အခြေအနေကထပ် အဆပေါင်းများစွာ သာလွန်နေလိမ့်မည်ဟု မှန်းဆမိနေခဲ့သည်။

“ ကြည့်ရတာတော့ အခုချိန်ကနေစပြီးတော့ အမှောင်နယ်မြေ သားရဲမျိုးနွယ်စုကို အဓိက အစားအသောက်အဖြစ် သတ်မှတ်လိုက်ရတော့မဲ့ပုံပဲ “

“ ဒီနည်းအတိုင်းဆိုရင် ယင်စွမ်းအင်ချို့တဲ့မှုကိုလည်း ဖာထေးနိုင်မယ်၊ ဒဏ်ရာပျောက်နှုန်းကလည်း ပိုမြန်သွားမယ် “

ယခုလက်ရှိ အချိန်၌ သူသည် ချို့ယွင်းချက်၏ သေးငယ်သော အစိတ်အပိုင်းလေးတစ်ခုကိုသာ ဖာထေးနိုင်သေးသည်။

ယန်စွမ်းအင် အခြေပြု ပစ္စည်းများကို သုံးစွဲနေခဲ့သောကြောင့်၊ ယင်ယန်မျှခြေမှာ တစ်ဖက်စောင်းနင်းဖြစ်နေခဲ့လေသည်။

အမှန်တိုင်း ပြောရမည်ဆိုပါက ကြယ်ပြာဂြိုဟ်၏ သက်ရှိသတ္တဝါ အားလုံးမှာ ထိုအတိုင်းသာလျှင် ဖြစ်နေခဲ့ပြီး၊ ၎င်းကို မသိရှိခဲ့ကြခြင်းသာ ဖြစ်သည်။

ယခုတွင်ကား အမှောင်စွမ်းအင်၏ အားဖြည့်ပေးမှုနှင့်အတူ ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ချို့ယွင်းချက်ကို ဆက်တိုက်ဖာထေးကာ ခွန်အားကို မြင့်တက်သွားစေခဲ့သည်။

သူသည် ယင်ယန်ကို မျှတအောင် ပြုလုပ်ခြင်းက အထွတ်အထိပ် နယ်ပယ်သို့ ရောက်ရှိသွားစေနိုင်သည့် သော့ချက်တစ်ခုဖြစ်သည်ဟုပင် သံသယဝင်စပြုနေခဲ့ပြီ ဖြစ်သည်။

“ ဟူးးး “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။

အဆိုပါ ရှာဖွေတွေ့ရှိမှုမှာ အလွန်ပင် တုန်လှုပ်ဖွယ်ကောင်းနေခဲ့သည်။

ပို၍အရေးကြီးသော အရာမှာ အဆိုပါ မှန်းဆချက်က သူ့အား တစ်ခြားကိစ္စတစ်ခုကိုပါ သတိပြုမိသွားစေခဲ့ခြင်း ဖြစ်သည်။

“ အမှောင်နယ်မြေက ကြယ်ပြာဂြိုဟ်ကို အသေအလဲလိုချင်နေတာကလည်း ဒီကိစ္စကြောင့်များ ဖြစ်နေမလား “

သူသည် ၎င်းက ဖြစ်နိုင်ခြေများသည်ဟု ခံစားနေခဲ့ရသည်၊ အမှောင်နယ်မြေသည် ယင်ကို ထွေးပိုက်ပြီး၊ ယန်ကို သယ်ဆောင်ကြသည်၊ ၎င်းမှာ ယင်ဓာတ်လွန်ကဲခြင်းနှင့် ယန်ဓာတ်ချို့တဲ့ခြင်းတို့ကို ဖြစ်ပေါ်စေမည် ဖြစ်သည်။ အကယ်၍ ကြယ်ပြာဂြိုဟ်၏ ယန်ဓာတ်နှင့် ပေါင်းစပ်အားဖြည့်လိုက်မည်ဆိုပါက၊ အန္တိမနယ်ပယ်သို့ တက်လှမ်းကောင်း တက်လှမ်းသွားနိုင်ပေသည်။

“ တကယ်လို့ အဲ့ကိစ္စကသာ မှန်နေမယ်ဆိုရင်၊ အမှောင်နယ်မြေကလည်း ကြယ်ပြာဂြိုဟ် အဆင့်တက်နိုင်မဲ့ အခွင့်အလမ်းတစ်ခုပဲပေါ့ဟ “

ကြယ်ပြာဂြိုဟ်သည် အမှောင်နယ်မြေ တော်ဝင်မိသားစုများ၏ အဆင့်ထိုး‌ဖောက်နိုင်မည့် အခွင့်အလမ်းတစ်ခု ဖြစ်နေခဲ့သည်၊ ထို့ကြောင့် အမှောင်နယ်မြေက ကြယ်ပြာဂြိုဟ် အဆင့်တက်နိုင်မည့် အခွင့်အလမ်းတစ်ခုဖြစ်သည် ဆိုသည့်အယူအဆမှာလည်း ဖြစ်နိုင်ခြေ မြင့်မားလွန်းနေခဲ့သည်။

၎င်းကို တွေးမိသွားသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် စိတ်မလှုပ်ရှားဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။

သို့သော် မကြာခင် အချိန်မှာပင် သူ၏စိတ်အခြေအနေမှာ ပြန်လည်တည်ငြိမ်သွားခဲ့သည်။

“ ဒါပင်မဲ့ အခုလက်ရှိ ကြယ်ပြာဂြိုဟ်က ကမ္ဘာ့ကြယ်ကိုတောင် ခက်ခက်ခဲခဲ ကိုင်တွယ်နေရတာ၊ အမှောင်နယ်မြေဆိုရင်တော့ ပြောမနေနဲ့တော့ “

“ အမှောင်နယ်မြေမှာက တော်ဝင်မိသားစုတွေအပြင် ဧကရာဇ်မိသားစု သုံးခုလည်း ရှိနေသေးတယ်၊ အဲ့မိသားစုသုံးခုဆီမှာ အန္တိမနယ်ပယ်က ပညာရှင်တွေ ရှိနေနိုင်တယ် “

“ အန္တိမနယ်ပယ်ကို ထိုးဖောက်နိုင်ဖို့အတွက် အမှောင်နယ်မြေကို သုံးတာက တော်တော်ကြီး အလှမ်းဝေးလွန်းနေတယ် “

“ ကမ္ဘာ့ကြယ်ကိုပဲ အရင်ဦးဆုံး ကိုင်တွယ်လိုက်တာပေါ့ကွာ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။

သူသည် အတော်လေး အစွမ်းထက်နေပြီဖြစ်ပြီး၊ ကမ္ဘာ့ကြယ်၏ ၉၀%သော သက်ရှိများကို ချေမှုန်းနေနိုင်ပြီ ဖြစ်သည်။

သို့သော် ထိပ်တန်းအဆင့် ပညာရှင်များနှင့် ရင်ဆိုင်ရသောအချိန်တွင်မူ သူသည် အနည်းငယ် လိုအပ်ချက်ရှိနေစဲပင် ဖြစ်သည်။

ကမ္ဘာ့ကြယ်၏ နဝမအဆင့် ပညာရှင်များကပင် သူ့ကို အတော်လေး ဒုက္ခပေးနိုင်သောကြောင့် အမှောင်နယ်မြေ၏ ဧကရာဇ် မိသားစုသုံးခုသာဆိုပါက ပြောနေရန်ပင် မလိုတော့ချေ။

“ အဆင့်၉ကို ဒီနေရာမှာ ထိုးဖောက်မှဖြစ်မယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေလျက်ရှိသည်။

လန်ဟိုင် စုဆောင်းထားခဲ့သည့် အမှောင်နယ်မြေ သားရဲအလောင်းများရှိနေသောကြောင့် သူသည် အချိန်အတိုင်းအတာတစ်ခုအတွင်းတွင် အဆင့်တက်နိုင်မည်ဟု ယုံကြည်ချက် ရှိနေခဲ့သည်။

ယခုလက်ရှိ အာရုံစိုက်ရမည့် အရာမှာ ဤနယ်မြေအတွင်းသို့ ဝင်ရောက်လာသည့် သားရဲများက နှောင်းပိုင်း အဌမအဆင့်(သို့) ၎င်း၏အထက်မှ ပညာရှင်လားဆိုသည်ပင် ဖြစ်သည်။

သူ၏ယခုလက်ရှိ အခြေအနေဖြင့် အဌမအဆင့် အထွတ်အထိပ် ပညာရှင်နှင့်ရင်ဆိုင်ရမည်ဆိုပါက၊ သေခြင်းရှင်ခြင်း အကြပ်အတည်းတစ်ခုကို ထပ်မံ၍ ရင်ဆိုင်ရမည် ဖြစ်သည်။

“ ဟမ် “

ထိုအကြောင်းကို သူတွေးတောစဥ်းစားနေသည့်အချိန်တွင်

ဝှစ် ဝှစ်

ရုတ်တရက်ဆိုသလိုပင် သူ့အရှေ့ရှိ မြူခိုးမှာ ရုတ်တရက် လှုပ်ရှားလာခဲ့ပြီး၊ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက်တွင် ဧရာမပုံရိပ်ကြီးများသည် မြူခိုးအတွင်းမှ ပေါ်ထွက်လာခဲ့သည်။

ထိုပုံရိပ်များကို မြင်လိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးတို့မှာ သိသိသာသာ ကျဥ်းမြောင်းသွားခဲ့သည်။

…………………………………………………………………………………………………………………………………………

All Chapters