← Chapters

အခန်း (၅၉၅-၅၉၇)

Vol. 40 Ch. 595-597

အခန်း (၅၉၅-၅၉၇)

Vol. 40 Ch. 595-597

အပိုင်း ( 595 )

အလယ်အလတ် အဌမအဆင့်၊ ရှေးခေတ်ပညာရှင်လား

မြူခိုးပျောက်ကွယ်သွားကာ၊ ပုံရိပ်များစွာ ပေါ်ထွက်လာခဲ့သည်။

၎င်းတို့က ယခင်က အပြင်ဘက်ကမ္ဘာတွင် ကြယ်တာရာ T-Rex နတ်ဘုရားကြီး ရင်ဆိုင်ခဲ့ရသည့် ကမ္ဘာ့ကြယ် သားရဲများဖြစ်ပြီး၊ ၎င်းတို့ အားလုံးမှာ အဌမအဆင့် အထွတ်အထိပ် ပညာရှင်များသာ ဖြစ်နေခဲ့သည်။

သူတို့ကို ဦးဆောင်လာသည့် သူမှာ ထိုအုပ်စုတွင် အသန်မာဆုံးဖြစ်သည့် အနက်ရောင် ချီလင်ပင် ဖြစ်သည်။

အဌမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးနှင့်ရင်ဆိုင်ရမည်ဆိုလျှင်တောင်မှ၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် မသေချင်း/ခက်ခက်ခဲခဲ ရင်ဆိုင်တိုက်ခိုက်ရမည် ဖြစ်သည်၊ အဌမအဆင့် အထွတ်အထိပ် ပညာရှင်တစ်အုပ်နှင့် ရင်ဆိုင်ရမည်ဆိုပါက ထွက်ပြေးခြင်းမှတစ်ပါး မည်သည့်အရာကိုမှ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ထွက်ပြေးရန် ပြင်လိုက်သည့် အချိန်မှာပင် သူသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ရုတ်တရက် အာရုံခံမိသွားခဲ့သည်။

“ ဒီလူတွေက ….. ဒီလူတွေဆီမှာ ပုံမှန်မဟုတ်တဲ့ အမူအရာတွေ ဘာလို့ ရှိနေရတာလဲ “

အဆိုပါ သားရဲအုပ်ကို ကြည့်ရှုစစ်ဆေးလိုက်ရာ၊ အဆိုပါ ကမ္ဘာ့ကြယ် သားရဲများက အဆံမရှိသည့် အခွံများကဲ့သို့ ဟောင်းလောင်းကြီး ဖြစ်နေသည်ကိုသာ ခံစားမိသွားခဲ့သည်။

ယခင်က အတိုင်းသာ ရှိနေဦးမည်ဆိုပါက သူသည် ၎င်းကို သတိပြုမိလိမ့်မည် မဟုတ်ပေ။

သို့သော် ယခုတွင်ကား ယင်စွမ်းအင် အားဖြည့်ပေးမှုကြောင့် သူသည် အရာဝတ္ထုတို့၏ ဇစ်မြစ်ကို အလွယ်တကူ ခွဲခြမ်းစိတ်ဖြာနေနိုင်ပြီ ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ၊ ကိုယ်ပွားတစ်ခုကို ထုတ်လွှတ်ကာ မြူခိုးရှိရာဘက်သို့ စေလွှတ်လိုက်သည်။

“ ဗွီ “

ကိုယ်ပွားက မြူခိုးအတွင်းသို့ ဝင်ရောက်သွားသည့် အချိန်တွင် ၎င်းသည် ခြေရာလက်ရာ မကျန်ဘဲ လုံးဝပျောက်ကွယ်သွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် အထိတ်တလန့် ဖြစ်သွားခဲ့သည်။

သူသည် သူ၏ကိုယ်ပွားက မြူခိုးအတွင်းသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ဝါးမြိုခံလိုက်ရကြောင်းကို ရှင်းရှင်းလင်းလင်း ခံစားနေခဲ့ရသည်။

မည်သို့မျှ မခုခံနိုင်ခဲ့ပေ။

၎င်းမှာ မြူခိုးအတွင်းတွင် အရာအားလုံးကို ဝါးမြိုနိုင်သည့် ပါးစပ်ပေါက်ကြီးတစ်ခု ရှိနေသည့်အလား ဖြစ်နေခဲ့သည်။

ယခင်က သူမြင်တွေ့ခဲ့ရသည့် အနက်ရောင် ချီလင်နှင့် တစ်ခြားသော ကမ္ဘာ့ကြယ် သားရဲကောင်တို့မှာလည်း လုံးဝမတည်ရှိသော အရာများကဲ့သို့ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည်။

“ ဒီရှေးဟောင်း အပျက်အစီးနယ်မြေက ငါထင်ထားတာထပ်တောင် ပိုပြီးတော့ ထူးဆန်းနေတာပဲ “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်နှာပေါ်တွင် သတိတကြီး ဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။

ကိုယ်ပွားသည် သူ့ခွန်အား၏ တစ်ဝက်တိတိကို ပိုင်ဆိုင်ထားခဲ့သည်၊ သို့သော် ၎င်းသည် မည်သို့မျှ မခုခံနိုင်ခဲ့ဘဲ မြူခိုး၏ ဝါးမြိုခြင်းကို ချက်ချင်းခံလိုက်ရသည်။

အကယ်၍ သူသာဖြစ်နေမယ်ဆိုပါက၊ သူ၏ အခြေအနေမှာလည်း ၎င်းနှင့်များများစားစား ကွာခြားနေလိမ့်မည် မဟုတ်ပေ။

ဤအခိုက်အတန့်တွင် သူသည် ယခင်က သူမြင်တွေ့ခဲ့ရသည့် ကမ္ဘာ့ကြယ်သားရဲကြီးများက ရှေးဟောင်း အပျက်အစီးနယ်မြေမှ ဖန်တီးထားသည့် ပုံရိပ်ယောင်များဆိုသည်ကို နားလည်သွားခဲ့သည်။

အစောပိုင်း အချိန်များအတွင်းက သူကြားခဲ့ရသည့် အော်ဟစ်သံများကပင် လုပ်ကြံဖန်တီးထားခြင်း ဖြစ်နိုင်ပေသည်။

“ ဒဏ်ရာတွေကို တတ်နိုင်သမျှအမြန်ဆုံး ပြန်ကောင်းလာအောင် လုပ်ရမယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။

အစောပိုင်း အချိန်က မြင်တွေ့ခဲ့ရသော ထူးဆန်းသည့် မြင်ကွင်းသည် ပိုမိုသန်မာအားကောင်းလာလိုသည့် သူ၏ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာသွားစေခဲ့သည်။

သူ၏ ဒဏ်ရာများကို ကုသကာ နဝမအဆင့်သို့ ရောက်ရှိသွားမှသာလျှင် သူသည် ဤရှေးဟောင်း အပျက်အစီးနယ်မြေအတွင်းတွင် ဆက်လက်၍ ရှင်သန်နေနိုင်မည် ဖြစ်သည်။

…

ဤရက်များအတွင်း၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် အလွန်တရာ တည်ငြိမ်နေပုံရသည်။

သူသည် ချိုင့်ဝှမ်းအတွင်းတွင်သာ နေနေကာ၊ အမှောင်နယ်မြေ သားရဲကောင်များကို တစ်ရက်ပြီးတစ်ရက် စားသုံးနေခဲ့ပြီး၊ သူ၏ခွန်အားကို အဆက်မပြတ် မြှင့်တင်နေခဲ့သည်။

အချိန်များသည် ရေကဲ့သို့ စီးဆင်းသွားခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ငါးရက်တာ ကုန်ဆုံးသွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ဤငါးရက်အတွင်းတွင် ထူးဆန်းသော ဖြစ်ရပ်ပေါင်းများစွာနှင့် ကြုံတွေ့ခဲ့ရသောကြောင့် အနည်းငယ်မျှပင် ပျင်းရိမနေခဲ့ရပေ။

မြူခိုးမှ ဖန်တီးလိုက်သည့် ကမ္ဘာ့ကြယ် သားရဲကောင် ပုံရိပ်ယောင်များသည် သူ့ကို တက်တက်ကြွကြွ တိုက်ခိုက်ခဲ့ကြသည်။

ကံကောင်းထောက်မစွာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားသည် လုံလုံလောက် သမာဓိအားကောင်းနေခဲ့သည်။ သူ၏ကိုယ်ပွားများကို စေလွှတ်ခဲ့ပြီးသည့်နောက်တွင် ၎င်းတို့အားလုံးက ပုံရိပ်ယောင်များသာ ဖြစ်နေသည်ကို အတည်ပြုနိုင်ခဲ့သည်။

သူ၏ခန္ဓာကိုယ်က မလှုပ်ရှားသရွေ့ သူမည်သို့မှ ထိခိုက်ဒဏ်ရာရရှိလိမ့်မည် မဟုတ်ပေ။

သူသည် အဆိုပါ မြူခိုး ပုံရိပ်ယောင်များအပြင်၊ မြူခိုးအတွင်းတွင် လှည့်ပတ်သွားလာနေသည့် ဇွန်ဘီကဲ့သို့သော သတ္တဝါများကိုလည်း မြင်တွေ့ခဲ့ရသည်။

ညအချိန်၌ တားမြစ်နယ်မြေ၏ အနက်ရှိုင်းဆုံး နေရာမှ ကျောချမ်းဖွယ်ကောင်းသည် အသံပလံများ ပေါ်ထွက်လာလေ့ရှိပြီး၊ ကြားသိလိုက်ရသည့် လူတိုင်းကို ကြောက်လန့်တကြား ဖြစ်သွားစေခဲ့သည်။

သို့ရာ၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် သူကသာ ချိုင့်ဝှမ်းအတွင်းမှ မထွက်သွားသရွေ့၊ ထူးဆန်းသော အဆိုပါ သက်ရှိ၊ သက်မဲ့များက သူ့အား ထိခိုက်စေနိုင်မည် မဟုတ်ဘူးဆိုသည်ကို သိရှိခဲ့ရသည်။

ချိုင့်ဝှမ်းအတွင်း၌

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ဒဏ်ရာများကို ငေးကြည့်နေလျက်ရှိသည်။

“ ငါးရက်လောက် ကုသခဲ့ပြီးတဲ့နောက်မှာ အဆင့်၉ ပညာရှင်ရဲ့ နိယာမအများစုကို ဖယ်ရှားနိုင်ခဲ့ပြီ၊ ငါ့ရဲ့ ခန္ဓာကိုယ် အသစ်ကလည်း ဖြည်းဖြည်းချင်း ကြီးထွားလာနေပြီ “

သူသည် သူ၏ခွန်အားများက တဖြည်းဖြည်း ပြန်ရောက်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားနေခဲ့ရသည်။

ထိုကဲ့သို့ ဖြစ်ရခြင်းမှာ အမှောင်နယ်မြေသားရဲကောင်တို့ကို ဆက်တိုက်စားသုံးခြင်းနှင့်လည်း သက်ဆိုင်နေခဲ့သည်။

အဆင့် : အဌမအဆင့် အဆင့်၄ ( ၄၀% )

အသားတင် အလေးချိန် : ကီလိုဂရမ် ၂၁သန်း

“ အခုဆိုရင် ငါက အလယ်အလတ် အဆင့်၈ကို ရောက်နေပြီ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် စွမ်းအားများကို ခံစားကြည့်နေရင်းဖြင့် မျက်လုံးများကို ငြင်ငြင်သာသာ မှိတ်လိုက်သည်။

ထပ်

အားကောင်းသော စွမ်းအင်လှိုင်းတစ်ခုသည် သူ၏ဒန်တန်အတွင်းမှ ပေါက်ထွက်လာခဲ့ပြီး၊ သူ၏နဂါး အရိုးများတစ်လျှောက် လှည့်ပတ်ပြေးလွှားခဲ့နေကာ၊ သူ၏အရိုးနှင့် ကြွက်သားတို့မှာ တဘုတ်ဘုတ် အော်မြည်လာကြသည်။

“ တကယ်လို့ ငါ့ဒဏ်ရာတွေကို အရှင်းပျောက်သွားအောင် ကုနိုင်ခဲ့ရင်၊ ငါက လန်ဟိုင်လို ပြိုင်ဘက်မျိုးနဲ့ ထပ်တွေ့မယ်ဆိုရင်တောင်မှ၊ ဘိုးလေးနဂါး စည်းတံဆိပ်ကို သုံးစရာမလိုဘဲ သူ့ကို အမှောက်သိပ်လို့ရပြီ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် မျက်လုံးများ ပြန်ဖွင့်လာခဲ့ကာ လက်သီးတဆုပ်ဆုပ် ဖြစ်သွားခဲ့သည်။

“ ငါ့ရဲ့ ဒဏ်ရာတွေ ပျောက်သွားတာနဲ့၊ အဆင့်၈ အထွတ်အထိပ်ကိုတောင် တိုက်ခိုက်နိုင်လိမ့်မယ်လို့ ငါယုံကြည်တယ် “

သို့ရာ၌ အကယ်၍ အခြေခံအုတ်မြစ် အလွန်တရာ ခိုင်မာသည့် အဌမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရမည်ဆိုပါက၊ ၎င်းသည် သူ၏အသက်ကို ခြိမ်းခြောက်နေနိုင်သေးသည်။

အဌမအဆင့် အထွတ်အထိပ်များကြားရှိ ကွာဟချက်မှာလည်း ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကဲ့သို့ ကြီးမားကျယ်ဝန်းနေခဲ့သည်။

အဆင့်တက်ခါစ အဌမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ချို့သည် နှောင်းပိုင်း အဌမအဆင့် ပညာရှင်တို့နှင့် အနည်းငယ်မျှသာ ကွာခြားနေခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုကဲ့သို့သော ပညာရှင်များကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ပေသည်။

သို့သော် အဌမအဆင့် အထွတ်အထိပ်တွင် နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး၊ နဝမအဆင့်နယ်ပယ်နှင့် ခြေတစ်လှမ်းမျှသာ လိုတော့သည့် ပညာရှင်များကမူ နဝမအဆင့်အောက်တွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေသည့် တည်ရှိမှုတစ်ခု ဖြစ်သည်။

အနက်ရောင် ချီလင်သည် ထိုကဲ့သို့သော တည်ရှိမှုတစ်ခု ဖြစ်သည်။

သူနှင့် နဝမအဆင့်ကြားတွင် ရှိနေသည့် တစ်ခုတည်းသော ကွာဟချက်မှာ တာအိုမူလ နိယာမ နားလည်မှုပင် ဖြစ်သည်၊ သူသည် တာအိုမူလ နိယာမကို အနည်းငယ်မျှ ဖမ်းဆုပ်နေနိုင်ပြီဟုပင် ပြောကြသည်။

အနက်ရောင် ချီလင်ကဲ့သို့သော ပညာရှင်က အဌမအဆင့်နယ်ပယ်တွင် ပြိုင်ဘက်ကင်းလုနီးပါးဖြစ်နေသည်ကို သံသယဖြစ်နေစရာ မလိုအပ်ပေ။

အကယ်၍ ကြယ်တာရာ T-Rex နတ်ဘုရားကသာ ထိုကဲ့သို့သော တည်ရှိမှုမျိုးနှင့် ရင်ဆိုင်ရမည်ဆိုပါက၊ ပေါ်ထွက်လာမည့် ရလဒ်မှာ ရေရေရာရာ မရှိသေးပေ။

ရလဒ်ကို အသေအချာ သိရရန်အတွက် သူ၏ဒဏ်ရာများ အရှင်းပျောက်သွားသည့် အချိန်ကို စောင့်ဆိုင်းရမည် ဖြစ်သည်၊ ယခုလက်ရှိ အချိန်တွင် ထိုကဲ့သို့သော တည်ရှိမှုမျိုးနှင့် ရင်ဆိုင်ရမည်ဆိုပါက၊ သူကံဆိုးမိုးမှောင်ကျသွားမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

“ ဒီမှာ ဆက်နေနေတာကပဲ ပိုကောင်းပါတယ်ကွာ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ချိုင့်ဝှမ်းအပြင်ဘက်သို့ ကြည့်ကာ အတွေးနက်သွားခဲ့သည် “ ဒီချိုင့်ဝှမ်းထဲမှာက အပြင်ဘက်က ထူးဆန်းတဲ့ ဟာတွေကို တားဆီးနိုင်တဲ့ ပစ္စည်းတစ်ခုခု ရှိနေမလားပဲ “

ဤရက်များအတွင်း၌ သူသည် ဤချိုင့်ဝှမ်း၏ ထူးခြားမှုကိုပါ သတိပြုမိနေခဲ့သည်။

အပြင်ဘက်တွင် မည်မျှ ကသောင်းကနင်း ဖြစ်နေခဲ့ပါစေ၊ ချိုင့်ဝှမ်းအတွင်းမှ မထွက်သွားသရွေ့ သူသည် မည်သည့် အန္တရာယ်ကိုမှ မကြုံတွေ့ခဲ့ရပေ။

၎င်းကို တွေးမိသွားသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏စိတ်စွမ်းအားကို လျင်မြန်စွာ ဖြန့်ကျက်လိုက်သည်။

“ ဗွီ “

ကြီးမားသော စိတ်စွမ်းအင်လှိုင်းသည် ချိုင့်ဝှမ်း၏ နေရာတိုင်းဆီသို့ ပျံ့လွင့်ရောက်ရှိသွားခဲ့သည်။

………………………………………………………………………………………………………………………………….

အပိုင်း ( 596 )

အလယ်အလတ် အဌမအဆင့်၊ ရှေးခေတ်ပညာရှင်လား ၂

“ ဟမ် “

ပထမတစ်ချက် ကြည့်လိုက်ရာတွင် မည်သို့မျှ ထူးခြားမနေခဲ့သော်လည်း၊ အသေအချာ ကြည့်ရှုစစ်ဆေးလိုက်ပြီးသည့်နောက်တွင်မူ သူသည် မူမမှန်သော အရာတစ်ချို့ကို အမှန်တကယ် ရှာတွေ့ခဲ့လေသည်။

“ အဲ့ဒီဘက်မှာပဲ …… “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ဦးခေါင်းကို မော့ကာ အရပ်မျက်နှာတစ်ဖက်သို့ လှည့်ကြည့်လိုက်သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် ထိုနေရာဆီသို့ ချက်ချင်း ပြေးထွက်သွားတော့သည်။

ထိုနေရာသည် ချိုင့်ဝှမ်းအတွင်းမှာပင် တည်ရှိနေသေးသည်။

တစ်ခဏ အကြာတွင် သူသည် ချိုင့်ဝှမ်း၏ နောက်ထပ်နေရာတစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။

သူ၏အရှေ့တွင် ဧရာမ ရှေးဟောင်း ပုလ္လင်တစ်ခု ရှိနေခဲ့သည်။

ပုလ္လင်ပေါ်တွင် ရှေးဟောင်း သင်္ကေတများစွာ ရှိနေခဲ့ပြီး၊ ၎င်းတို့၏အထက်တွင် ကမ္ပည်းစာတစ်ချို့ပါ ရှိနေခဲ့သည်။

အဆိုပါ ကမ္ပည်းစာများကို မြင်တွေ့လိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားကြီးမှာ အနည်းငယ် အံ့ဩသွားခဲ့သည်။

“ ဖိနှိပ်တာလား “

ပုလ္လင်ပေါ်တွင် ဖိနှိပ်ဆိုသည့် စကားလုံးကို ရေးထိုးထားခဲ့သည်။

၎င်းမှာ ကမ္ဘာ့ကြယ် ဘာသာစကား မဟုတ်ဘဲ၊ ကြယ်ပြာဂြိုဟ်၏ ဘာသာစကား ဖြစ်နေခဲ့သည်။

ကမ္ဘာ့ကြယ်ရဲ့ ရှေးဟောင်း အပျက်အစီး နယ်မြေထဲမှာ ကြယ်ပြာဂြိုဟ် ဘာသာစကားနဲ့ ပုလ္လင်တစ်လုံးက ဘယ်လိုလုပ် ရှိနေရတာလဲဟ

ဤထူးဆန်းသော မြင်ကွင်းသည် ကြယ်တာရာ T-Rex နတ်ဘုရားအား ကိစ္စတော်တော်များများကို တွေးတောမိသွားစေခဲ့သည်။

“ ငါကြားတာတော့ ကမ္ဘာ့ကြယ်ရဲ့ ရှေးဟောင်း အပျက်အစီးနယ်မြေက အမျိုးအမည် မသိရတဲ့ အကြောင်းအရင်းတွေကြောင့် နစ်မြုပ်သွားခဲ့ရတာတဲ့ “

“ အဲ့တာက ကြယ်ပြာဂြိုဟ်ရဲ့ ရှေးခေတ် ပညာရှင်ကြောင့်များလား “

အဆိုပါ မှန်းဆချက်သည် သူ့ကို အံ့အားသင့်သွားစေခဲ့သည်။

ကြယ်ပြာဂြိုဟ်ရဲ့ ရှေးခေတ် ပညာရှင်တွေက ဒီလောက်တောင် စွမ်းတာလားဟ။ ကမ္ဘာ့ကြယ်ရဲ့ ရှေးဟောင်း အပျက်အစီးနယ်မြေကိုတောင် ဖိနှိပ်နိုင်တယ်ပေါ့

ကြယ်တာရာ T-Rex နတ်ဘုရားသည် မြေပြင်ပေါ်တွင် ရှိနေသည့် ပုလ္လင်ကို ကြည့်ကာ၊ နတ်ဆိုးစွမ်းအင်ကို ပို့လွှတ်ကြည့်လိုက်ကြသည်။

“ ဝရုန်းးး “

ချက်ချင်းဆိုသလိုပင် မြေပြင် လှုပ်ခါသွားခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် လှိုင်းလုံးများ ပေါ်ထွက်လာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏လုပ်ရပ်ကို အလောတကြီး ရပ်တန့်လိုက်သည်။

“ ဒီပုလ္လင်က ကြောက်စရာကောင်းတဲ့ အရာတစ်ခုခုကို ချိတ်ပိတ်ထားတာများလား “

သူသည် ကြက်သီးများထသွားတော့သည်။

ကမ္ဘာ့ကြယ်က ရှေးခေတ် ပညာရှင်က မသေသေးဘဲနဲ့ ဒီအပျက်အစီး နယ်မြေထဲမှာ ရှိနေတာများလား

အဆိုပါ မှန်းဆချက်သည် အံ့ဩမှင်သက်ဖွယ်ကောင်းနေခဲ့ပြီး၊ အကယ်၍ ၎င်းကသာ မှန်ကန်နေမည်ဆိုပါက၊ ၎င်းသည် ကြယ်ပြာဂြိုဟ်အတွက် သတင်းကောင်းတစ်ခု ဟုတ်နေလိမ့်မည် မဟုတ်ပေ။

၎င်းကိုတွေးမိသွားသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ရှေးခေတ် ပညာရှင်အား လွှတ်ပေးလိုက်သလို ဖြစ်သွားမည်ကို စိုးရိမ်သွားကာ၊ ဤပုလ္လင်ကို မကလိရဲတော့ပေ။

…

တစ်ခဏ အကြာတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏မူလနေရာဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

သူသည် ဤနေရာတွင် အေးအေးချမ်းချမ်းနေကာ သူ၏ဒဏ်ရာများကို ကုသရန်နှင့် နဝမအဆင့်သို့ ထိုးဖောက်ရန် ပြင်ဆင်ထားခဲ့သည်။

ထိုအချိန်မရောက်ခင် အချိန်အထိ သူသည် မည်သည့်နေရာကိုမှ သွားမည် မဟုတ်ပေ။

ဤရှေးဟောင်း အပျက်အစီး နယ်မြေသည် အလွန်တရာ ထူးဆန်းလွန်းနေပြီး၊ ဖုံးကွယ်ထားသော အရာများစွာ ရှိနေသောကြောင့် အလျင်စလို လျှောက်မလုပ်ခြင်းကသာလျှင် ပိုကောင်းနေမည် ဖြစ်သည်။

သို့သော် သူဆက်လက်ကျင့်ကြံရန် ပြင်လိုက်စဥ်တွင်

“ ဝှစ် “

ရုတ်တရက်ဆိုသလိုပင် ချိုင့်ဝှမ်းအပြင်ဘက်ရှိ မြူခိုးပျောက်ကွယ်သွားကာ ဧရာမ သားရဲအရိပ်များ ပေါ်ပေါက်လာပြန်သည်။

၎င်းတို့မှာ အနက်ရောင် ချီလင်နှင့် တစ်ခြားသော ကမ္ဘာ့ကြယ် သားရဲတို့မှတစ်ပါး အခြားသူမဟုတ်ပေ။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ဦးခေါင်းလှည့်၍ ကြည့်ကာ ၎င်းကို ချက်ချင်းလျစ်လျူရှုထားလိုက်သည်။

သူသည် ချိုင့်ဝှမ်း၏ ထူးဆန်းမှုက သဘာဝဖြစ်စဥ်ပြောင်းလဲမှုအား ထပ်မံ၍ ဖြစ်ပေါ်လာစေသည်ကို သိနေပြီး၊ နေသားကျနေပြီဖြစ်သောကြောင့် ၎င်းကို လျစ်လျူရှုထားခဲ့သည်။

သူသာ ဤချိုင့်ဝှမ်းအတွင်းမှ မထွက်သွားသရွေ့၊ မည်သည့်ပြဿနာမှ ဖြစ်လာလိမ့်မည် မဟုတ်ပေ။

သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင်

အနက်ရောင် ချီလင်သည် ကမ္ဘာ့ကြယ် သားရဲတစ်အုပ်ကို ဦးဆောင်ကာ ချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

“ ဟမ် “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်၊ ဘာတွေ ဖြစ်နေတာလဲဟ။ ချိုင့်ဝှမ်းထဲကိုပါ ဝင်လာနိုင်ပြီလားဟ

…

ထိုအခိုက်အတန့်တွင် အနက်ရောင် ချီလင်နှင့် တစ်ခြားသူများသည် ချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

သူတို့၏ အခြေအနေများမှာ အတော်လေး သနားဖွယ်ကောင်းနေခဲ့ပြီး၊ တစ်ဦးချင်းစီတိုင်းတွင် ဒဏ်ရာများ ရှိနေခဲ့ကာ၊ သူတို့၏ အရှိန်အဝါများမှာလည်း မငြိမ်မသက် ဖြစ်နေခဲ့သည်။

“ ဒီနေရာမှာ ဒီလိုမျိုး အိုအေစစ်လေး ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး “

ဤရက်များအတွင်း၌ သူသည် ကြောက်မက်ဖွယ်ကောင်းသည့် ထူးဆန်းသော ဖြစ်ရပ်ပေါင်းများစွာနှင့် ကြုံတွေ့ခဲ့ကြရသည်။

ကံကောင်းထောက်မစွာဖြင့် သူတို့အားလုံးသည် အဌမအဆင့် အထွတ်အထိပ် ပညာရှင်များ ဖြစ်နေခဲ့သည်၊ အထူးသဖြင့် အနက်ရောင် ချီလင်ဖြစ်ပြီး၊ သူ၏ တိုက်ခိုက်ရေး စွမ်းအားသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်၊ ထို့ကြောင့်ပင် ဤအချိန်အထိ အသက်ရှင်နေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သူတို့သည် လုပ်ဖော်ကိုင်ဘက် လေးဦးကို လက်လွှတ်ခဲ့ရသည်။

ယခုတွင် သူတို့ခြောက်ဦးသာလျှင် ကျန်နေခဲ့ပြီး၊ အကုန်လုံးမှာ ဒဏ်ရာပလပွရထားကြသည်။

မကြာသေးခင် အချိန်ကမှ အနက်ရောင် ချီလင်သည် ဤချိုင့်ဝှမ်းအတွင်းသို့ ထူးဆန်းမှုက ဝင်ရောက် မကျူးကျော်ဘူးဆိုသည်ကို သတိပြုမိသွားခဲ့သည်။

၎င်းသည် သူ့ကို ပျော်ရွှင်သွားစေခဲ့သည်၊ ထို့နောက်တွင် သူသည် သူ့အဖွဲ့ကို အပြေးအလွှား သွားခေါ်ကာ ဤနေရာသို့ ဦးဆောင်လာခဲ့သည်။

“ အို့ မဟုတ်ဘူး၊ ချိုင့်ဝှမ်းထဲမှာ တစ်ယောက်ယောက် ရှိနေတယ် “

“ အဲ့တာက အဲ့ဒီ ကြယ်ပြာသားရဲကောင် ဖြစ်နေတဲ့ပုံပဲ “

ဤအခိုက်အတန့်တွင် ကျားဖြူသည် ကြယ်တာရာ T-Rex နတ်ဘုရားရှိရာဘက်သို့ လက်ညှိုးထိုးပြကာ အော်ပြောလာခဲ့သည်။

“ မေ့လိုက်တော့၊ အဲ့တာက ထူးဆန်းတဲ့ ဖြစ်စဥ်ပဲ၊ သူ့ကို ကျော်သွားကြမယ် “

အနက်ရောင် ချီလင်ကမူ ထူးဆန်းမှု၏ လှည့်ကွက်များကို အကြိမ်ပေါင်းများစွာ မြင်တွေ့ထားခဲ့ပြီး၊ ၎င်း၏နည်းလမ်းများကို အတော်လေး နားလည်နေပြီ ဖြစ်သောကြောင့် တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့သည်။

ဤနေရာရှိ ထူးဆန်းမှုသည် သူတို့၏ ရန်သူတော်ပုံစံများအဖြစ် အယောင်ဆောင်ကာ သူတို့ကို ဆွဲဆောင်ရန် ကြိုးပမ်းလေ့ရှိကြသည်။

တစ်စုံတစ်ဦးက ငါးစာကို ဟပ်သွားသည်နှင့်တစ်ပြိုင်နက် သူသည် သူ၏အဆုံးသတ်နှင့် ကြုံတွေ့သွားရမည် ဖြစ်သည်။

သို့သော် သူကသာ တည့်တည့်မကြည့်ဘဲ လျစ်လျူရှုထားသရွေ့၊ မည်သည့်ကိစ္စမှ ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပေ။

ကျားဖြူနှင့် တစ်ခြားလူများကလည်း ခေါင်းငြိမ့်ပြလာခဲ့သည်၊ သူတို့မှာလည်း ထိုစည်းမျဥ်းကို နားလည်နေကြသည်။

သို့သော် ထိုအချိန်တွင် သူတို့မြင်တွေ့နေရသည့် ထူးဆန်းမှုမှ ဖန်ဆင်းထားသော ကြယ်တာရာ T-Rex နတ်ဘုရားက ရုတ်တရက် မတ်တပ်ထရပ်လာသည်ကို မြင်တွေ့လိုက်ရသည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ထူးဆန်းမှုသည် သူတို့ဆီသို့ အံ့ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ပြေးတက်လာခဲ့သည်။

“ ထိတ်ထိတ်ပြာပြာ မဖြစ်သွားကြနဲ့၊ အဲ့တာက ပုံရိပ်ယောင်လေးပဲ၊ ငါတို့ကို တကယ်ကြီး မတိုက်ခိုက်နိုင်ဘူး “

အနက်ရောင် ချီလင်သည် အတွေ့အကြုံ ပြည့်ဝနေပြီဖြစ်သောကြောင့် သူ၏ အပေါင်းအဖော်များကို အလျင်စလို မလှုပ်ရှားရန် သတိပေးလိုက်သည်။

ကျားဖြူနှင့် တစ်ခြားလူများမှာလည်း မြန်မြန်ဆန်ဆန် ခေါင်းငြိမ့်ပြလာခဲ့သည်၊ သူတို့သည် အနက်ရောင် ချီလင်၏ ဦးဆောင်မှုကြောင့်သာ အသက်ရှင်နေခဲ့ကြခြင်း ဖြစ်သောကြောင့်၊ သူ၏စကားတိုင်းကို နားထောင်ကြမည် ဖြစ်သည်။

ချက်ချင်းဆိုသလိုပင် သူတို့သည် ထူးဆန်းမှု၏ တိုက်ခိုက်မှုကို အေးအေးလူလူ ရင်ဆိုင်လိုက်ကြသည်။

ထို့နောက် စက္ကန့်ပိုင်းမျှ အကြာတွင်

“ ဘုမ်းးးး “

ကြောက်မက်ဖွယ်ကောင်းသည့် ဆူညံသံတစ်သံ ပေါ်ထွက်လာခဲ့ကာ၊ အဌမအဆင့် အထွတ်အထိပ် သားရဲတစ်ကောင်သည် ကြယ်တာရာ T-Rex နတ်ဘုရား၏ တိုက်ခိုက်မှုကြောင့် ချက်ချင်း ပေါက်ကွဲသွားခဲ့သည်။

“ ဝေါင်းးး “

သားရဲကောင်မှ ဒေါသတကြီး ဟိန်းဟောက်လာခဲ့သည်။

အနက်ရောင် ချီလင်မှာလည်း ဒေါသထွက်သွားခဲ့သည် “ သောက်ကျိုးနည်း သောက်ဆန်းကောင်က ငါတို့ကို ဘယ်လိုလုပ် တိုက်ခိုက်နိုင်ရတာလဲဟ “

ကျားဖြူမှာလည်း အံ့ဩတုန်လှုပ်သွားပြီး၊ သတိကပ်သွားကာ နိုးနိုးကြားကြား ရှိသွားခဲ့သည်၊ ထူးဆန်းမှုကို လျစ်လျူရှုတာက ဘာလို့ အသုံးမဝင်ရတာလဲဟ

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အနက်ရောင် ချီလင်မှ အော်ပြောလာခဲ့သည် “ အားလုံးပဲ၊ သူ့ကို အတူတူ တိုက်ခိုက်ကြ “

ကျားဖြူနှင့် တစ်ခြားသားရဲများသည် သူတို့၏ အရှိန်အဝါများကို ထုတ်လွှတ်ကာ ကြယ်တာရာ T-Rex နတ်ဘုရားဆီသို့ တဟုန်ထိုး ပြေးဝင်လာကြသည်။

တစ်ချိန်တည်းမှာပင် ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း ကြောင်တောင်တောင် ဖြစ်သွားခဲ့ရသည်။

သူသည် ဤသားရဲများက ချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်လာသည်ကို မြင်တွေ့ခဲ့ရပြီး၊ ၎င်းတို့က ပုံရိပ်ယောင်များသာ ဖြစ်သည်ဟု ထင်နေခဲ့ကာ ၎င်းတို့ကို မောင်းထုတ်ရန် ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သူ၏ ကိုယ်ပွားကို လွှတ်ကာ ၎င်းတို့ကို ကိုင်တွယ်လိုက်ခြင်း ဖြစ်သည်။

သို့သော် ယခုတွင်ကား အဆိုပါ သားရဲကောင်တို့မှာ ထူးဆန်းသော အယောင်ဆောင်ကောင်များ ဟုတ်နေပုံမရပေ။

အဲ့တာက ……… ဒီကောင်တွေက အစစ်တွေများလား

“ ဘုမ်းးး ဘုမ်းးး “

ကြယ်တာရာ T-Rex နတ်ဘုရား၏ ကိုယ်ပွားသည် ကျားဖြူနှင့် တစ်ခြားသားရဲတို့နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရာ၊ အောက်စည်းသို့ လျင်မြန်စွာ ရောက်ရှိသွားပြီး ချက်ချင်း ပေါက်ကွဲထွက်သွားခဲ့သည်။

“ အဲ့ဒီအနက်ရောင် ချီလင် အဆင့်၉နဲ့ နီးနေလောက်ပြီနဲ့တူတယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် စိတ်ထဲတွင် မှန်းဆတွက်ချက်နေတော့သည်။

“ ဟမ် “

“ တစ်ခုခု မှားနေပြီ “

ထိုစဥ် တိုက်ပွဲပြီးဆုံးသွားသည့်နောက်၌ အနက်ရောင် ချီလင်မှာလည်း တစ်ခုခုမှားယွင်းနေသည်ကို မြန်မြန်ဆန်ဆန် သတိပြုမိသွားခဲ့သည်။

ထူးဆန်းသော သက်ရှိများသည် ပုံရိပ်ယောင်များသာ ဖြစ်ပြီး၊ ရုပ်ခန္ဓာ မရှိကြပေ။

သို့သော် သူ့ရှေ့ရှိ အကောင်ကမူ အသွေးအသားများ ရှိနေခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် တစ်စုံတစ်ခုကို နားလည်သွားကာ ချက်ချင်း အော်ပြောလာခဲ့သည် “ အဲ့တာက ဟိုခွေးမသားပဲ။ ငါ့အတွက် သူ့ကို သတ်လိုက်ကြ “

“ ဘာကြီး။ အစစ်ကြီးလား “

ကျူးဖြူနှင့် တစ်ခြားသားရဲတို့မှာ အံ့ဩတုန်လှုပ်သွားကြသည်၊ ထို့နောက်တွင် သူတို့သည် ဒေါသတကြီးဟိန်းဟောက်ကာ၊ ကြယ်တာရာ T-Rex နတ်ဘုရားဆီသို့ တဟုန်ထိုး ပြေးတက်လာကြသည်။

အကယ်၍ အဆိုပါ သားရဲကောင်ကြောင့်သာ မဟုတ်ဘူးဆိုပါက၊ သူတို့သည် ဤရက်ပိုင်းအတွင်းတွင်

ဆိုးရွားသော အခြေအနေများနှင့် ကြုံတွေ့ခဲ့ရလိမ့်မည် မဟုတ်ပေ။

“ အဲ့တာက သူ့ရဲ့ မူလကိုယ် မဟုတ်ဘူး၊ သူ့ရဲ့ မူလကိုယ်က ဟိုဘက်မှာ “

အနက်ရောင် ချီလင်သည် အရပ်မျက်နှာတစ်ဖက်ကို လက်ညှိုးထိုးပြကာ အော်ပြောလာခဲ့သည်၊ သူသည် နဝမအဆင့်နှင့် နီးကပ်နေပြီဖြစ်သောကြောင့်၊ ကြယ်တာရာ T-Rex နတ်ဘုရား၏ မူလကိုယ်ကို ချက်ချင်းရှာဖွေနိုင်ခဲ့သည်။

“ ဝေါင်းးး “

သားရဲဟိန်းသံများ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့သည်၊ မီတာ ရာနှင့်ချီ၍ မြင့်မားသော သားရဲကြီးခြောက်ကောင်သည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ၊ ချိုင့်ဝှမ်းအတွင်းတွင် ပြေးလွှားနေကြတော့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ ချက်ချင်းနောက်ဆုတ်သွားခဲ့သည်။

သူ၏ယခုလက်ရှိ အခြေအနေဖြင့် အဌမအဆင့် အထွတ်အထိပ် သားရဲခြောက်ကောင်ကို ယှဥ်တိုက်ရန်မှာ မည်သို့မျှ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

“ အခု ငါ့ရဲ့ ဒဏ်ရာတွေ မပျောက်သေးဘူး။ ထိပ်တိုက်ရင်ဆိုင်တာကို ရှောင်မှဖြစ်မယ်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ဒဏ်ရာမှာ ရှိနေတဲ့ နိယာမစွမ်းအားက ပိုပြီးတော့ ပြန့်သွားလိမ့်မယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ပြန်လည်ဆုတ်ခွာနေရင်းဖြင့်၊ အဖြေများကို ရှာဖွေစဥ်းစားနေခဲ့သည်။

ချိုင့်ဝှမ်းအတွင်းပိုင်း ဧရိယာမှာ ကျယ်ဝန်းသော်လည်း၊ အဌမအဆင့် ပညာရှင်များက ချိုင့်ဝှမ်းတစ်ခုလုံးအနှံ့ လှည့်ပတ်သွားလာရန်မှာ တစ်ခဏမျှသာ အချိန်ယူရပေသည်။

သိပ်မကြာခင် အချိန်မှာပင် သူသည် ဘက်ပေါင်းစုံမှ ဝိုင်းရံပိတ်ဆို့မှုကို ခံလိုက်ရမည် ဖြစ်သည်။

“ ချိုင့်ဝှမ်းထဲက ထွက်ပြီးတော့ အသက်ရှင်ဖို့အတွက် လမ်းဖောက်မှ ဖြစ်မယ် “

တစ်ခဏအကြာ၌ ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်နှာပေါ်တွင် ပြတ်ပြတ်သားသား ဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် ချိုင့်ဝှမ်းအပြင်ဘက်ဆီသို့ ပြေးထွက်သွားကာ၊ မြူခိုးအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် အနက်ရောင်ချီလင်သည် သူ၏ လှုပ်ရှားမှုကို မြင်တွေ့သွားကာ ပြုံးဖြဲဖြဲဖြစ်သွားခဲ့သည်။

“ မြူခိုးကို သုံးပြီးတော့ ပုန်းမယ်ပေါ့လေ။ တော်တော်ကို နုံလွန်းတာပဲ “

မြူခိုးအတွင်းတွင် ရက်ပေါင်းများစွာ ကြာရှည်သည်အထိ စူးစမ်းလေ့လာနေခဲ့သောကြောင့်၊ သူ၏အတွေ့အကြုံနှင့် စွမ်းအားတို့မှာ ပြိုင်ဘက်များထပ် သာလွန်နေခဲ့သည်၊ မြူခိုးအတွင်းသို့ ဝင်ရောက်ခြင်းမှာ ကိုယ့်ကိုကိုယ် သတ်သေလိုက်ခြင်းသာလျှင် ဖြစ်သည်။

“ သူ့နောက်လိုက်ကြ “

အနက်ရောင် ချီလင်သည် ချက်ချင်း အမိန့်ပေးလာခဲ့ကာ၊ ကျားဖြူနှင့် တစ်ခြားသားရဲများကို ဦးဆောင်၍ ပြေးလိုက်သွားတော့သည်။

………………………………………………………………………………………………………………………………..

အပိုင်း ( 597)

မြူခိုးကမ္ဘာအတွင်းရှိ ကသောင်းကနင်း ဖြစ်ရပ်များ

ဝှစ်

ကြယ်တာရာ T-Rex နတ်ဘုရားသည် မြူခိုးအတွင်းသို့ ခုန်ဝင်သွားခဲ့သည်။

ဤသည်မှာ ရှေးဟောင်း အပျက်အစီးနယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့ချိန်မှစ၍၊ ချိုင့်ဝှမ်းအပြင်ဘက်ရှိ မြူခိုးကမ္ဘာအတွင်းတွင် ပထမဦးဆုံးအကြိမ်အဖြစ် လှည့်လည်သွားလာဖူးခြင်း ဖြစ်သည်။

မြူခိုးကမ္ဘာအတွင်းတွင် ထူးဆန်းသော အသံများ ပဲ့တင်ထပ် ပျံ့လွင့်နေခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ ကိုယ်ပွားတစ်ရာကို ထုတ်လွှတ်လိုက်ကာ၊ ဘက်ပေါင်းစုံသို့ ပြန့်ကျဲသွားစေလိုက်သည်။

၎င်းသည် သူ၏ ကိုယ်ပွား အများအပြားကို သေချာပေါက် ဆုံးရှုံးသွားရစေမည် ဖြစ်သည်။ သို့သော် အခြေအနေက အလျင်လိုပြီဖြစ်နေသောကြောင့်၊ သူသည် ထိုအကြောင်းကို တွေးပူနေရမည် မဟုတ်ပေ။

“ ဖောင်း ဖောင်း ဖောင်း “

တစ်ခဏ အကြာတွင် ကိုယ်ပွား ဆယ်ခုကျော် ပေါက်ကွဲသွားခဲ့သည်။

မြူခိုးအတွင်းတွင် ကြောက်မက်ဖွယ်ကောင်းသည့် သတ္တဝါများ ရှိနေပုံရပြီး၊ ချက်ချင်း ဝါးမြိုခံလိုက်ရသည်။ ၎င်းတို့၏ စွမ်းအားမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီး၊ သူ၏ကိုယ်ပွားများကပင် တိုက်ကွက်တစ်ကွက်ကို တောင့်မခံနိုင်ခဲ့ပေ။

“ ဒီဘက်ကိုသွားရမယ် “

ကံကောင်းထောက်မစွာဖြင့် ကိုယ်ပွားများက လမ်းကြောင်းများကို ထောက်လှမ်းလေ့လာခဲ့ပြီးသည့်နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် လုံခြုံဘေးကင်သော ဦးတည်ချက်ကို တွေ့ရှိခဲ့ကာ၊ ထိုနေရာသို့ ချက်ချင်း ပြေးဝင်သွားတော့သည်။

“ အဆင့်၉နဲ့ နီးနေတဲ့ စွမ်းအားမျိုး မရှိဘူးဆိုရင်၊ ဒီမြူခိုးကို တောင့်ခံနိုင်ဖို့ မဖြစ်နိုင်ဘူး ”

“ အဲ့ဒီ ကမ္ဘာ့ကြယ် သားရဲကောင်တွေက မြူခိုးထဲမှာ ရက်အတော်ကြာ နေနိုင်ခဲ့ကြတယ်၊ သူတို့ရဲ့ စွမ်းအားက အနေအထားတစ်ခုထိ ရောက်နေပြီ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အရှေ့သို့ ပြေးလွှားနေရင်းဖြင့် တွေးတောစဥ်းစားနေခဲ့သည်။

ယနေ့အချိန်အထိ ရှင်သန်နေခဲ့သောကြောင့် အနက်ရောင် ချီလင်နှင့် တစ်ခြားသားရဲတို့၏ ခွန်အားအပြင်၊ သူတို့၏ အတွေ့အကြုံများကပါ သူ့ထပ် သာလွန်နေမည် ဖြစ်သည်။

“ ဝေါင်းးး “

သူတွေးတောစဥ်းစားနေသည့် အချိန်၌၊ ပုံရိပ်အများအပြားသည် သူ့အရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်၊ ၎င်းတို့မှာ အနက်ရောင် ချီလင်နှင့် သူ၏ အပေါင်းအဖော်မှတစ်ပါး တစ်ခြားလူများ မဟုတ်ပေ။

“ အရှေ့မှာလား။ မဟုတ်ဘူး၊ ဒါက ပုံရိပ်ယောင်တွေပဲ “

အနက်ရောင် ချီလင်နှင့် တစ်ခြားသားရဲများက သူ့အနောက်မှ လိုက်လာနေသည်မှာ သိသာထင်ရှားနေခဲ့သည်၊ သူတို့က သူ့ထပ် အဆပေါင်းများစွာ မြန်ဆန်နေမည်ဆိုလျှင်တောင်မှ၊ သူ့အရှေ့သို့ ရောက်ရှိသွားရန်မှာ မည်သို့မှ မဖြစ်နိုင်လှပေ။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ဆုံးဖြတ်ချက်တစ်ခုကို လျင်မြန်စွာ ချလိုက်ပြီး၊ အဆိုပါ ပုံရိပ်ယောင်ကို လျစ်လျူရှုထားပြီး၊ လျင်မြန်စွာ ဖြတ်ကျော်ကာ အရှေ့သို့ ဆက်ပြေးနေတော့သည်။

မြူခိုးကမ္ဘာအတွင်းရှိ ပုံရိပ်ယောင်တိုင်းက တိုက်ခိုက်မှုဖြစ်သည်ဟု သတ်မှတ်၍ မရပေ။

အဘယ့်ကြောင့်ဆိုသော် ပုံရိပ်ယောင်များက သတ္တဝါတစ်ချို့၏ မသိစိတ်အရာ ပြုလုပ်မိသွားသော အပြုအမူများလည်း ဖြစ်နေနိုင်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် ပုံရိပ်ယောင်များကို မြင်တွေ့ခဲ့ရပြီးသည့်နောက်တွင်၊ တိုက်ခိုက်ခြင်း(သို့) ၎င်းကို တိုက်ရိုက်ဖြတ်ကျော်သွားခြင်းတို့ မပြုသင့်ပေ၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ ထိုကဲ့သို့သော လုပ်ရပ်များသည် သူတို့ကို နိုးထသွားစေနိုင်သည်။

အကယ်၍ ထိုကဲ့သို့သာ ဖြစ်လာမည်ဆိုပါက၊ အမှန်တကယ် ဒုက္ခရောက်သွားလိမ့်မည် ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရား ထင်ထားခဲ့သည့်အတိုင်းပင်၊ ပုံရိပ်ယောင်ကို ကွေ့ဝိုက် ဖြတ်ကျော်သွားခဲ့ပြီးသည့်နောက်တွင်၊ မည်သည့်အရာမှ မဖြစ်ပေါ်လာခဲ့ပေ။

သူသည် အရှေ့သို့ ဆက်လက် ပြေးလွှားနေခဲ့သည်။

တစ်ခဏခန့် ပြေးလွှားနေခဲ့ပြီးသည့်နောက်၌

“ ဝေါင်းးး “

ဒေါသတကြီး ဟိန်းဟောက်လိုက်သည့် အသံတစ်သံသည် အနောက်ဘက်မှ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်၊ အနက်ရောင် ချီလင်နှင့် သူ၏အဖော်များသည် သူ့ကို လိုက်မှီလာခဲ့ပြီ ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ဦးတည်ချက်ကို ချက်ချင်းပြောင်းလဲလိုက်သည်၊ သို့သော် တစ်ဖက်လူမှာလည်း သူ့နောက်သို့ ချက်ချင်းပြေးလိုက်လာခဲ့သည်။

“ အဲ့တာက ပုံရိပ်ယောင်လား၊ တကယ့်အစစ်တွေလား “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အနောက်သို့ ငေးကြည့်ကာ အတွေးနက်သွားခဲ့သည်။

အကယ်၍ ၎င်းကသာ ပုံရိပ်ယောင်ဖြစ်နေမည်ဆိုပါက၊ များများစားစား တွေးတောစဥ်းစားနေရန် မလိုအပ်ပေ။

သို့သော် အကယ်၍ အဆိုပါ အနက်ရောင် ချီလင်အုပ်စုကသာ အစစ်အမှန် ဖြစ်နေမည်ဆိုပါက၊ သူတို့ဘက်က စတင်၍ တိုက်ခိုက်လာမည်ကို စောင့်ဆိုင်းနေခြင်းက အလွန်တရာ အန္တရာယ်များသွားလိမ့်မည် ဖြစ်သည်။

အကယ်၍ ဤနေရာတွင် သာမန်လူတစ်ဦးသာ ဖြစ်နေမည်ဆိုပါက၊ သေချာပေါက် ဒွိဟဖြစ်နေလိမ့်မည် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားထံတွင် ကိုယ်ပွားများ ရှိနေခဲ့သည်။

သူသည် ကိုယ်ပွားပေါင်းများစွာကို ထုတ်လွှတ်ကာ အနောက်သို့ စေလွှတ်လိုက်သည်။

“ ဘုမ်းးး “

ကိုယ်ပွားသည် အနက်ရောင် ချီလင်နှင့် သူ၏အဖော်များကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့သည်၊ သို့သော် ၎င်းမှာ ချက်ချင်း ပေါက်ကွဲသွားခဲ့သည်။

သို့သော် အဆိုပါ ကမ္ဘာ့ကြယ်သားရဲများသည် သူ့နောက်သို့ မနားမနေ ထပ်လိုက်လာကြသည်။

“ တကယ့် အစစ်တွေပဲဟ “

၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ အမူအရာ အေးစက်သွားခဲ့သည်။

အကယ်၍ ၎င်းတို့ကသာ ပုံရိပ်ယောင်များ ဖြစ်နေမည်ဆိုပါက၊ ကိုယ်ပွားများ ဖျက်ဆီးခံလိုက်ရပြီးသည့်နောက်၌ သူတို့၏ လိုက်လံဖမ်းဆီးခြင်းက ရပ်တန့်သွားမည် ဖြစ်သည်။

အနက်ရောင် ချီလင်နှင့် သူ၏အပေါင်းအဖော်များကလည်း ပုံရိပ်ယောင်များအဖြစ် ရုပ်ဖျက်ရန် မလိုအပ်ပေ၊ သူတို့သည် ဒဏ်ရာရနေသည့် အလယ်အလတ် အဌမအဆင့် သားရဲတစ်ကောင်ကို အလွယ်တကူ သတ်ဖြတ်နိုင်ကြပေသည်။

“ ဝှစ် ဝှစ် ဝှစ် “

ချက်ချင်းဆိုသလိုပင် ကမ္ဘာ့ကြယ် သားရဲသုံးကောင်သည် အရှေ့သို့ တဟုန်ထိုး ပြေးတက်လာခဲ့ကာ၊ ကြယ်တာရာ T-Rex နတ်ဘုရား၏ လမ်းကြောင်းကို ပိတ်ဆို့လာခဲ့သည်။

အနက်ရောင် ချီလင်နှင့် တစ်ခြား သားရဲတစ်ကောင်ကမူ သူ့အနောက်တွင် ရှိနေခဲ့ကာ၊ ညှပ်တိုက်ခြင်း နည်းဗျူဟာကို အသုံးပြုလာကြသည်။

“ လူယုတ်မာလေး၊ နောက်ဆုံးတော့ မင်းကို ဖမ်းမိပြီ “

အနက်ရောင် ချီလင်သည် ကြယ်တာရာ T-Rex နတ်ဘုရားကို ငုံ့ကြည့်ကာ လှောင်ပြောင်ပြောဆိုလာခဲ့သည်။

သူ၏ ခန္ဓာကိုယ်သည် မီတာ ငါးရာကျော် ရှည်လျားပြီး၊ မီတာ သုံးရာရှိသော ကြယ်တာရာ T-Rex နတ်ဘုရားထပ် နှစ်ဆနီးပါး လူကောင်ကြီးနေခဲ့သည်။

“ ငါတို့ရဲ့ တမန်တော်တွေကို သတ်သွားမယ်ဆိုရင်၊ ဒီရှေးဟောင်း အပျက်အစီးနယ်မြေထဲမှာ ပုန်းနေမယ်ဆိုရင်တောင်မှ အသုံးမဝင်ဘူး “

ကျားဖြူမှ သရော်လာခဲ့သည်။

အမှန်တိုင်းပြောရမည်ဆိုပါက သူတို့သည် ဤရက်များအတွင်း၌ မြူခိုးများအတွင်းတွင် အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ရပြီး၊ အကြိမ်ပေါင်းများစွာပင် အသက်ဆုံးရှုံးရလုနီးပါးအထိ ဖြစ်ခဲ့ကြရသည်။

၎င်းတို့အားလုံးမှာ ကြယ်တာရာ T-Rex နတ်ဘုရားကြောင့် ဖြစ်ခဲ့ရခြင်း ဖြစ်သည်။

ဤအခိုက်အတန့်တွင် သူတို့သည် သူတို့၏ ဒေါသအားလုံးကို သူ့အပေါ်တွင် စုပြုံထားကြသည်။

အနက်ရောင် ချီလင်မှ စကားထပ်ပြောလာခဲ့သည် “ သူ့ကို မသတ်မိစေဖို့ ဂရုစိုက်။ ဒီကောင့်ဆီမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိတယ်၊ သူ့ကို အရှင်လတ်လတ် ဖမ်းလိုက်တာက အကောင်းဆုံးပဲ “

ကျားဖြူမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ဟုတ်ကဲ့ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူတို့ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပြီး၊ သူတို့က သူ့အား သူတို့၏ သားကောင်တစ်ကောင်သဖွယ် သတ်မှတ်ထားသည်ကို မြင်လိုက်ရသောအခါတွင် သူ၏ ဦးခေါင်းကို အသာအယာ ခါရမ်းနေတော့သည်။

“ ကြည့်ရတာတော့ ဒီနေ့တိုက်ပွဲက လုံးဝ ရှောင်ရှားလို့ မရတော့တဲ့ပုံပဲ “

ကြယ်တာရာ T-Rex နတ်ဘုရားမှ စကားပြန်ပြောလိုက်သည်။

ကျားဖြူမှ သရော်လှောင်ပြောင်လာခဲ့သည် “ သေတဲ့အထိ တိုက်မလို့လား။ မင်းက ကိုယ့်ကိုကိုယ် အထင်ကြီးနေတာပဲ။ မင်းရဲ့ အလယ်အလတ် အဆင့်၈ ကျင့်ကြံရေးနဲ့ဆိုရင်၊ ငါက မင်းကို ပါးရိုက်ပြီးတော့တောင် အသေသတ်လို့ရတယ် “

ထိုစကားကို ပြောခဲ့ပြီးသည့်နောက်၌ သူသည် လက်ဝါးတစ်ချက် ရိုက်ထုတ်လာခဲ့သည်။

“ ဝုန်းးး “

ဟင်းလင်းပြင် လှုပ်ခါသွားကာ၊ ကြောက်မက်ဖွယ်ကောင်းသည့် လှိုင်းလုံးတစ်ခု ပေါက်ထွက်လာခဲ့သည်၊ အဌမအဆင့် အထွတ်အထိပ် ပညာရှင်၏ အင်အားအပြည့် တိုက်ခိုက်မှုမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

ထိုကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်လိုက်ရသောအခါတွင်၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်၊ ထို့နောက်၌ စိတ်ပျက်အားလျော့နေသော အမူအရာဖြင့် ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

ထို့နောက် စက္ကန့်ပိုင်းအကြာတွင် …….

ဘုမ်းးး

ကျားဖြူ၏ လက်ဝါးချက် ဆင်းသက်လာခဲ့ကာ၊ ကြယ်တာရာ T-Rex နတ်ဘုရားကို တိုက်ရိုက်ချေမွသွားခဲ့သည်။

ကျားဖြူသည် တအံ့တဩ ဖြစ်သွားခဲ့သည် “ ဘာကြီး။ ဒီလောက်တောင် အားနည်းနေတာလား “

ထိုအချိန်တွင် အနက်ရောင် ချီလင်မှ ဒေါသတကြီး အော်ပြောလာခဲ့သည် “ ငါတို့ လှည့်စားခံလိုက်ရပြီ ”

ထိုအချိန်မှသာလျှင် ကျားဖြူသည် သူတို့တစ်ချိန်လုံး လိုက်ဖမ်းနေခဲ့သည့် အကောင်က ကိုယ်ပွားတစ်ခု ဖြစ်နေသည်ကို နားလည်သွားခဲ့သည်။

“ ငါ့ကို လှည့်စားရဲတာလား။ မင်းတော့ သေပြီပဲ “

ကျားဖြူ၏ အမူအရာ ပြားနှမ်းသွားခဲ့ကာ၊ ဒေါသများ ပေါက်ထွက်လုမတတ် ဖြစ်နေခဲ့သည်၊ ထို့နောက်၌ အနက်ရောင် ချီလင်နှင့် တစ်ခြားလူများသည် အရှေ့သို့ ချက်ချင်းပြေးတက်လာခဲ့သည်။

…

ထိုစဥ် မိုင်တစ်ရာအကွာ၌

ကြယ်တာရာ T-Rex နတ်ဘုရားသည် တည်နေရာ ကူးပြောင်းခြင်း အဆောင်တစ်ခုကို ချေမွလိုက်ကာ၊ မိုင်တစ်ရာအကွာသို့ ချက်ချင်း ရောက်ရှိလာခဲ့ပြီး၊ စိတ်သက်သာရာစွာဖြင့် သက်ပြင်းချနေခဲ့သည်။

“ မူလကိုယ်ဆီမှာ ဒီအဆောင် ရှိနေခဲ့တာက တော်တော်လေးကံကောင်းတယ်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ငါက ဒီနေရာမှာ ကျဆုံးသွားလောက်တယ် “

အရေးအကြီးဆုံး အခိုက်အတန့်တွင် သူသည် နောက်ထပ်ကိုယ်ပွားတစ်ခုကို ထုတ်လွှတ်ကာ၊ မူလခန္ဓာကိုယ်ကို ရွှေ့ပြောင်းနိုင်ခဲ့သည်။

သူ၏လှုပ်ရှားမှုက ပိရိသေသပ်လွန်းသဖြင့် အဌမအဆင့် အထွတ်အထိပ် ပညာရှင်ဖြစ်သည့် ကျားဖြူသားရဲကိုပင် လှည့်စားနိုင်ခဲ့သည်။

…………………………………………………………………………………………………………………………………..

All Chapters