အခန်း (၅၉၈-၆၀၀)
Vol. 40 Ch. 598-600
အပိုင်း ( 598 )
မြူခိုးကမ္ဘာအတွင်းရှိ ကသောင်းကနင်း ဖြစ်ရပ်များ ၂
အနက်ရောင် ချီလင်က တစ်ခုခု မှားယွင်းနေသည်ကို အာရုံခံမိသွားခဲ့သော်လည်း၊ အရာအားလုံး နောက်ကျနေခဲ့ပြီ ဖြစ်သည်။
တည်နေရာ ကူးပြောင်းခြင်း အဆောင်ကား မူလကိုယ်ဖြစ်သည့် ရှုကျိုးထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အဆောင်သည် အဌမအဆင့် အဆောင်တစ်ခု ဖြစ်သည်၊ နဝမအဆင့် ခရမ်းနီရောင် အဆောင်လောက် မကောင်းသော်လည်း၊ ၎င်းသည် မိုင်တစ်ရာကျော်အကွာသို့ ချက်ချင်း ပို့ဆောင်ပေးကာ၊ အဌမအဆင့် ပညာရှင်၏ သေစေနိုင်သည့် တိုက်ကွက်ကို လွဲချော်သွားစေနိုင်ပေသည်။
“ တည်နေရာ ကူးပြောင်းခြင်း အဆောင် ငါးခုပဲ ကျန်နေခဲ့တာ၊ တစ်ခုလျော့ပြီသွားဆိုတော့ လေးခုပဲ ကျန်တော့တယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အရှေ့တွင် စောင့်ကြိုနေသည့် လမ်းက ပိုမိုခက်ခဲ ကြမ်းတမ်းနေနိုင်သည်ဟု တွေးပူနေခဲ့ကာ တိတ်တဆိတ် သက်ပြင်းချနေတော့သည်။
အဓိကအရာမှာ သူ၏ဒဏ်ရာများက မပျောက်ကင်းသေးခြင်းပင် ဖြစ်သည်၊ အကယ်၍ သူကသာ အတင်းအကြပ် တိုက်ခိုက်လိုက်မည်ဆိုပါက၊ သူသည် သေလုမျောပါးအခြေအနေသို့ သေချာပေါက် ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။
နဝမအဆင့် ရတနာနှစ်ခု ရှိနေခဲ့သော်လည်း၊ ၎င်းတို့ကို အသက်သွင်းရန်အတွက် လုံလောက်သော ချီ-သွေးစွမ်းအင် ပမာဏကို လိုအပ်ပေသည်။
“ ဘုမ်းးး “
ထိုအချိန်၌ မြူခိုးများသည် ပြင်းထန်စွာ လှိုက်တက်လာခဲ့သည်။
မြူခိုးကမ္ဘာအတွင်းရှိ ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ခုက နှောင့်ယှက်ခံလိုက်ရသဖြင့် နိုးထလာခဲ့ပုံရကာ၊ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုသည် ကောင်းကင်ပြင်အထိပင် ပျံ့လွင့်လာခဲ့သည်။
“ တိုက်ပွဲက တော်တော်ကြီးကို ပြင်းတာလားဟ၊ မြူခိုးကမ္ဘာရဲ့ ကြောက်စရာကောင်းတဲ့ တည်ရှိမှုကိုတောင် နိုးထသွားစေခဲ့တယ်ပေါ့ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ကြက်သီးများပင် ထသွားခဲ့သည်။
အဆိုပါ တည်ရှိမှုမှာ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီး၊ သူ့ကိုပင် အကြောက်တရားကို ခံစားသွားရစေခဲ့သည်။
ယခင်က ရင်ဆိုင်ခဲ့ရသည့် အမှောင်မီးနဂါးကပင် ထိုကဲ့သို့သော ခံစားချက်မျိုးကို မပေးစွမ်းနိုင်ခဲ့ပေ။
သို့ရာ၌ အဆိုပါ တည်ရှိမှုသည် အိပ်မောကျသွားသည့် အခြေအနေသို့ လျင်မြန်စွာ ပြန်ရောက်သွားခဲ့သည်၊ ၎င်းက အပြည့်အဝ မနိုးထလာသေးဘူးဆိုသည်မှာ သိသာလွန်းနေခဲ့သည်။
“ ဒီမြူကမ္ဘာထဲမှာ ထူးခြားတဲ့ သတ္တဝါတစ်ကောင် အိပ်မောနေတာ ဖြစ်နိုင်တယ် “
ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်နှလုံးသားမှာ ပိုမိုလေးလံလာခဲ့သည်။
ဤရှေးဟောင်း အပျက်အစီးနယ်မြေမှာ အလွန်တရာ ထူးဆန်းလွန်းနေခဲ့ပြီး၊ မြူတို့ဖြင့် အုံ့စိုင်းနေလျက်ရှိကာ၊ ၎င်း၏အတွင်းပိုင်းဒေသများကို မည်သို့မျှ မမြင်တွေ့ခဲ့ရပေ။
ယခုတွင်ကား မြူခိုးများအတွင်းတွင် အိပ်ပျော်နေသည့် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ရှိနေခဲ့ကာ၊ ၎င်း၏ မည်သည့်ဘက်နှင့် ပူးပေါင်းထားလဲဆိုသည်ကို မသိရသေးပေ။
ထိုစဥ် အနက်ရောင် ချီလင်၊ ကျားဖြူနှင့် တစ်ခြားသားရဲတို့မှာလည်း သူတို့၏ ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်ကြသည်။
သူတို့မှာလည်း အဆိုပါ တည်ရှိမှုကို အာရုံခံမိသွားကြသည်။
“ ဘာတွေ ဖြစ်နေတာလဲဟ “
“ မြူထဲမှာ တစ်ခုခု ရှိနေတာလား “
ကျားဖြူနှင့် တစ်ခြားလူများမှာ သတိတကြီး ဖြစ်သွားကြသည်။
ဤရှေးဟောင်း အပျက်အစီးနယ်မြေသည် သူတို့ကြောက်လန့်ရသည့် အရာတစ်ခု ဖြစ်သည်။
ဤနေရာသို့ ဝင်ရောက်လာခဲ့သည့် ကမ္ဘာ့ကြယ် သားရဲတော်တော်များများမှာ ပျောက်ကွယ်သွားခဲ့ပြီး၊ သူတို့၏ ဝိညာဥ်မီးများမှာလည်း လျင်မြန်စွာ ငြိမ်းသက်ခံလိုက်ရကာ ဤနယ်မြေမှာပင် သေဆုံးသွားကြရသည်။
နဝမအဆင့်သို့ ထိုးဖောက်နိုင်မည့် အခွင့်အလမ်းကမူ အလွန်တရာ ရှားပါးလွန်းနေခဲ့သည်။
ကျားဖြူနှင့် တစ်ခြားသားရဲများသည် မည်သည့် အခွင့်အလမ်းကိုမှ မမျှော်လင့်ထားကြပေ၊ သူတို့သည် မစ်ရှင်ကို တတ်နိုင်သမျှ အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်နိုင်ရန်နှင့် လုံခြုံဘေးကင်းစွာ ပြန်သွားနိုင်ရန်တို့သာ မျှော်လင့်နေကြသည်။
အနက်ရောင် ချီလင်မှ လေသံတိုးတိုးလေးဖြင့် စကားထပ်ပြာလာခဲ့သည် “ အားလုံးပဲ၊ ဆူဆူညံညံ မလုပ်မိအောင် သိထားကြ။ ဒီနယ်မြေက တည်ရှိမှုတွေကို မနှောင့်ယှက်ကြနဲ့ “
ကျားဖြူနှင့် တစ်ခြားသားရဲများသည် လျင်မြန်စွာ ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ အနက်ရောင် ချီလင်နောက်မှ လိုက်ကာ အရှေ့သို့ ဆက်ပြေးသွားကြတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် မိုင်တစ်ရာကျော်အထိ ကျော်ဖြတ်လာခဲ့ကြသည်။
မိနစ်ပိုင်းမျှကြာခဲ့ပြီးသည့်နောက်၌
အနက်ရောင် ချီလင်အဖွဲ့နှင့် ကြယ်တာရာ T-Rex နတ်ဘုရားတို့ကြားရှိ အကွာအဝေးမှာ လျင်မြန်စွာ ကျဥ်းမြောင်းလာခဲ့သည်။
“ မင်း ခွေးသူတောင်းစားလေး၊ မင်းပြေးလို့ မလွတ်ဘူး “
အနက်ရောင် ချီလင်သည် အရှေ့တွင် ရှိနေသည့် ပုံရိပ်ကို ကြည့်ရှု စစ်ဆေးနေခဲ့ပြီး၊ ၎င်းက ကြယ်တာရာ T-Rex နတ်ဘုရား၏ မူလကိုယ်ဖြစ်ကြောင်းကို အတည်ပြုနိုင်ခဲ့ပြီးသည့်နောက်တွင်၊ ချီလင်နှင့် တစ်ခြားသားရဲများကို ဦးဆောင်ကာ လျင်မြန်စွာ ဝိုင်းရံလာခဲ့သည်။
အဌမအဆင့် အထွတ်အထိပ် ပညာရှင်တို့၏ မြန်နှုန်းနှင့် ရင်ဆိုင်ရသောအခါ၌၊ ကြယ်တာရာ T-Rex နတ်ဘုရား၏ လှုပ်ရှားမှု နည်းစနစ်က မည်မျှပင် ကောင်းမွန်နေခဲ့ပါစေ၊ ထိုလူများထပ် မည်သို့မျှ ပိုမမြန်နိုင်ခဲ့ပေ။
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအချိန်တွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများမှာ ချက်ချင်း အေးစက်သွားခဲ့သည်။
“ တကယ်လို့ ဒီလိုဖြစ်နေပြီဆိုရင်တော့ ရွေးချယ်စရာ မရှိတော့ဘူးပဲ “
သူ့ထံတွင် နောက်ဆုံးလမ်းတစ်ခုသာလျှင် ကျန်နေတော့သည်။
၎င်းမှာ ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်အတွင်းသို့ တိုက်ရိုက်ဝင်ပြေးလိုက်ခြင်း ဖြစ်သည်။ မူလကိုယ်ဖြစ်သည့် ရှုကျိုးကို ဆုံးမှတ်အဖြစ် သတ်မှတ်ထားသောကြောင့်၊ ထိုကဲ့သို့ပြုလုပ်လိုက်မည်ဆိုပါက သူသည် မူလကိုယ်အနားသို့ ချက်ချင်းရောက်ရှိသွားလိမ့်မည် ဖြစ်သည်။
သို့သော် ထိုကဲ့သို့ လုပ်လိုက်မည်ဆိုပါက ကမ္ဘာ့ကြယ်ဂြိုဟ်သို့ ပြန်လာရန်မှာ မည်သို့မျှ ဖြစ်နိုင်တော့မည် မဟုတ်ပေ။
ချက်ချင်းဆိုသလိုပင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
ဤလူများက သူ့ကို မနားမနေ လိုက်ဖမ်းနေသောကြောင့်၊ သူသည် သူတို့ကို တန်ဖိုးတစ်ခု ပေးချေရအောင် ပြုလုပ်မည်ဖြစ်ကာ၊ အလွယ်တကူ ထွက်သွားခွင့်ပေးမည် မဟုတ်ပေ။
သူသည် မြူခိုးများကို အသုံးပြုကာ၊ ဤသားရဲအားလုံးကို သတ်ဖြတ်ရန် စီစဥ်ထားခဲ့သည်။
“ သတ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် တိုးညှင်းစွာ ကြုံးဝါးလာခဲ့ပြီး၊ အလင်းတန်းကိုခု ဆန်းကြယ်ရေခဲမျှော်စင်ကို ထုတ်ယူလိုက်သည်။
“ ဗွီ “
ကြောက်မက်ဖွယ်ကောင်းသည့် အအေးလှိုင်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ မိုင်ထောင်နှင့်ချီသော ဧရိယာကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။
အရာအားလုံး အေးခဲတောင့်တင်းသွားခဲ့သည်။
အကယ်၍ နဝမအဆင့် ပညာရှင်မှ ၎င်းကို အသုံးပြုလာခဲ့မည်ဆိုပါက၊ ၎င်းသည် အဆင့်တူ ပညာရှင်များကို အလွယ်တကူ ဖိနှိပ်သွားမည် ဖြစ်သည်။ သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကမူ အနည်းငယ် အားနည်းနေသောကြောင့် အနက်ရောင် ချီလင်နှင့် တစ်ခြားလူများကို အသက်ရှူကြိမ် အနည်းငယ်မျှသာ ချုပ်နှောင်ခဲ့ပြီး၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ၎င်းတို့သည် ချုပ်နှောင်မှုမှ ပြန်လည် လွတ်မြောက်လာကြသည်။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရား၏ ပစ်မှတ်မှာ သူတို့ မဟုတ်ဘဲ၊ မြူခိုးကမ္ဘာသာ ဖြစ်နေခဲ့သည်။
“ ခရက် ခရက် ခရက် “
ပတ်ဝန်းကျင်ရှိ မြူခိုးသည် ရေခဲသလင်းကျောက်များကို ချက်ချင်း ဖွဲ့စည်းလိုက်ကာ လုံးဝ အေးခဲတောင့်တင်းသွားခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် မြူခိုး၏ အနက်ရှိုင်းဆုံး နေရာများမှ အသံပလံများ ပေါ်ထွက်လာခဲ့သည်။
စွမ်းအားကြီးကာ လျှို့ဝှက်ဆန်းကြယ်သော အဆိုပါ သက်ရှိသတ္တဝါများသည် အအေးလှိုင်းကြောင့် အထိတ်တလန့်ဖြစ်သွားကာ ချက်ချင်းနိုးထလာခဲ့သည်။
“ မလုံလောက်သေးဘူး “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ယခင်က အရှိန်အဝါကို အာရုံမခံမိသေးသောကြောင့်၊ အကြည့်များ ခက်ထန်သွားကာ အနက်ရောင် တံဆိပ်ပြားကို ထုတ်ယူလိုက်သည်။
“ သွား “
တံဆိပ်ပြားအတွင်းသို့ သူ၏နတ်ဆိုးစွမ်းအင်ကို ဒလဟော ဖြည့်သွင်းလိုက်သည်။
“ ဗွီ ဗွီ ဗွီ “
ချက်ချင်းဆိုသလိုပင် အစွမ်းထက် ရှေးဟောင်းပုံရိပ်များ ပေါ်ထွက်လာခဲ့ပြီး၊ ပုံရိပ်တစ်ခုချင်းစီတိုင်းသည် နှောင်းပိုင်း အဌမအဆင့်ခွန်အားကို ပိုင်ဆိုင်ထားခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရား၏ အမိန့်အောက်တွင် အဆိုပါ ပုံရိပ်များသည် မြူခိုးတို့၏ အနက်ရှိုင်းဆုံး နေရာများဆီသို့ လက်သီးချက်များ ပစ်သွင်းကာ တိုက်ခိုက်နေတော့သည်၊ ၎င်းတို့၏ လက်သီးအလင်းတန်းများသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ကို ထိုးဖောက်ကာ မြူခိုးကမ္ဘာတစ်ခုလုံးကိုပင် လှုပ်ခါသွားစေခဲ့သည်။
မြေပြင်တစ်ခုလုံး လှုပ်ခါသွားခဲ့ပြီး၊ မြူခိုးများ အရူးအမူး လွင့်စင်ပျောက်ကွယ်သွားခဲ့သည်။
မြူခိုးကမ္ဘာ၏ အတွင်းပိုင်းတွင် အရှိန်အဝါ အများအပြား နိုးထလာခဲ့ပြီး၊ တစ်ခုချင်းစီတိုင်းမှာ ကြောက်ခမမ်းလိလိ အားကောင်းနေခဲ့သည်။
အစတွင် သူတို့သည် အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေခဲ့ကြသည်၊ သို့သော် အားကောင်းလွန်းလှသည့် တိုက်ခိုက်မှု/နှောင့်ယှက်မှုကြောင့် လျင်မြန်စွာ နိုးလာခဲ့ကြသည်။
“ အူးးးးးး “
မြူခိုးများ လှိုက်တက်လာခဲ့ပြီး၊ ဧရာမ အနက်ရောင် ပုံရိပ်ကြီးတစ်ခုသည် မြူခိုးများအတွင်းမှ ပေါ်ထွက်လာခဲ့သည်။
အဆိုပါ သတ္တဝါက အပြည့်အဝ နိုးထလာခဲ့ကာ ဤနေရာရှိ ဖြစ်ရပ်ကို သတိပြုမိနေသည်ဆိုသည်မှာ သိသာလွန်းနေခဲ့သည်။
သူတို့၏ အရှေ့တွင် ဧရာမ အနက်ရောင် ပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာသည်ကို မြင်လိုက်ရသောအခါတွင် အနက်ရောင် ချီလင်၊ ကျားဖြူနှင့် တစ်ခြားလူတို့၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။
“ ချီးပဲ၊ အဲ့ခွေးကောင်က ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာပဲ “
အနက်ရောင် ချီလင်သည် အမူအရာ မည်းမှောင်သွားကာ အံတကြိတ်ကြိတ် ဖြစ်သွားခဲ့သည်။
ယခုတွင် မည်သူကမှ မလှုပ်ရှားရဲကြတော့ပေ၊ အဘယ့်ကြောင့်ဆိုသော် အရှေ့တွင် အမျိုးအမည် မသိရသော သတ္တဝါများ ပိတ်ဆို့နေကြသောကြောင့် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် မြူခိုးအတွင်းမှ ပေါ်ထွက်လာခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသော အကြည့်များသည် အနက်ရောင် ချီလင်ကိုပင် ကြက်သီးများ ထသွားစေခဲ့သည်။
ဘုမ်းးးး
ရုတ်တရက်ဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုသည် မြူခိုး၏အနက်ပိုင်းမှ ထောင်တက်လာခဲ့ကာ၊ တစ်ခြားသတ္တဝါ အကုန်လုံးကို ဖိနှိပ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် မျက်စိကျိန်းသွားစေလောက်သည့် အနီရောင် အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့ကာ၊ မြူခိုးကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံလာခဲ့သည်။
“ အဲ့တာ၊ အဲ့တာက ……….. “
အနက်ရောင် ချီလင်၊ ကျားဖြူ၊နှင့် တစ်ခြားလူ အားလုံး ကြောက်လန့်သွားကာ၊ ထိုနေရာသို့ တုန်တုန်ရင်ရင်ဖြင့် စိုက်ကြည့်နေကြတော့သည်။
“ အဲ့ဒီ အရှိန်အဝါက ….. “
ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်နှာမှာလည်း အလွန်တရာ လေးနက်သွားခဲ့သည်၊ ၎င်းမှာ ယခင်က သူ့ကို ကြောက်စိတ်ဝင်သွားစေခဲ့သည့် အရှိန်အဝါဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသည့် အဆိုပါ တည်ရှိမှုသည် အပြည့်အဝ နိုးထလာခဲ့ပြီ ဖြစ်သည်။
သူသည် ဧရာမ အရိပ်ကြီးတစ်ခုက မြူခိုးကမ္ဘာ၏ အနက်ပိုင်းတွင် ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်၊ ၎င်းမှာ ညအမှောင်ကောင်းကင်ယံတွင် ရှိနေသည့် လဝန်းနီကဲ့သို့ နီရဲရဲ ပုံရိပ်ကြီးတစ်ခု ဖြစ်သည်။
တစ်ခဏ အကြာတွင် ဒေါင်လိုက်မျက်လုံးတစ်စုံ ပွင့်ဟလာခဲ့သည်။
“ ထင်းရပြီဆိုတော့၊ မီးမွှေးဖို့ အချိန်ကျပြီ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အချိန်မရွေး လှုပ်ရှားရန် ပြင်ဆင်ထားခဲ့ပြီးသား ဖြစ်သည်။ မထွက်သွားခင် အချိန်တွင် သူသည် နောက်ဆုံးသော မီးတောက်အတွင်းသို့ လောင်စာထည့်ရန် ကြံရွယ်ထားခဲ့သည်။
သူသည် ဤမြူခိုးကမ္ဘာကြီးတစ်ခုလုံးကို ဖောက်ခွဲရန် ကြံရွယ်ထားခဲ့ခြင်း ဖြစ်သည်။
“ ဘိုးဘေးနဂါး စည်းတံဆိပ်၊ လာ “
ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်ခုံးများကြားတွင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ဧရာမ ရွှေရောင် စည်းတံဆိပ်ကြီးတစ်ခု ဖြစ်တည်လာခဲ့သည်။
ဘိုးဘေးနဂါး၏ ဘုန်းတန်ခိုးသည် ဆူနာမီကဲ့သို့ မြင့်တက်လာခဲ့ကာ၊ မြူခိုးကမ္ဘာတစ်ခုလုံးအနှံ့ ပျံ့လွင့်လာခဲ့သည်။
ဘိုးဘေးနဂါး သွေးမျိုးဆက်ဖြင့် ဖွဲ့စည်းထားသော ဘိုးဘေးနဂါး ကောင်းကင်ဖြိုခွင်း စည်းတံဆိပ်သည် အရာအားလုံးကို ဖိနှိပ်နိုင်ပေသည်။
အဆိုပါ စည်းတံဆိပ်သည် လူသားဧကရာဇ် လက်အောက်မှ ပထမဦးဆုံးသော ဘိုးဘေးနဂါး ဗိုလ်ချုပ်ဖြစ်သူ အောင်းချန် ဖန်တီးထားခဲ့သော အရာဖြစ်သည်၊ ၎င်းအား လူသားဧကရာဇ် စည်းတံဆိပ်ကို မှီငြိမ်း၍ ပြုလုပ်ထားသည်ဟု ဆိုကြသည်။
၎င်းသည် ကမ္ဘာ့ကြယ်နှင့် အမှောင်နယ်မြေ သက်ရှိများကို အကြွင်းမဲ့ ဖိနှိပ်ထားနိုင်ကြသည်။
ယခုတွင် ကြယ်တာရာ T-Rex နတ်ဘုရားက ထိုစည်းတံဆိပ်ကို ထုတ်ဖော်လိုက်ပြီ ဖြစ်သည်၊ အကယ်၍ နိုးထလာခဲ့သည့် သတ္တဝါကသာ ကမ္ဘာ့ကြယ် ရှေးခေတ် ပညာရှင်တစ်ဦး ဖြစ်နေမည်ဆိုပါက၊ မုန်တိုင်းဒေါသထန်သွားလိမ့်မည် ဖြစ်သည်။
“ သွား “
ကြယ်တာရာ T-Rex နတ်ဘုရားမှ လက်ညှိုးညွှန်လိုက်ရာ၊ ဘိုးဘေးနဂါး စည်းတံဆိပ်သည် ကောင်းကင်ထက်သို့ မြင့်တက်သွားကာ လေတိုက်တိုင်း ကြီးမားလာခဲ့သည်။
“ ထပ် ထပ် ထပ် “
မျက်စိတစ်မှိတ်အတွင်းမှာပင် ဘိုးဘေးနဂါး စည်းတံဆိပ်သည် မီတာ တစ်ထောင် ကျယ်ဝန်းသော စည်းတံဆိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ၊ မြူခိုးကမ္ဘာဆီသို့ ဆင်းသက်လာခဲ့သည်။
ဝရုန်းးးး
ချက်ချင်းဆိုသလိုပင် မြူခိုးကမ္ဘာတစ်ခုလုံး လှုပ်ခါသွားခဲ့သည်။
မြူခိုးအတွင်းရှိ အမျိုးအမည် မသိရသော သတ္တဝါများသည် ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်လာကြသည်၊ ဘိုးဘေးနဂါး စည်းတံဆိပ်သည် သူတို့၏ စိတ်ခံစားချက်များကို နှိုးဆွပေးလိုက်ပုံရပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါများကို ထိန်းချုပ်မှုမဲ့သွားစေခဲ့သည်။
“ သူရူးနေပြီ၊ အဲ့ခွေးသူတောင်းစားက သွက်သွက်ခါအောင် ရူးသွားပြီ “
“ သူသေချင်နေတာလား။ ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ် လုပ်ရဲကြတာလဲ “
အနက်ရောင် ချီလင်၊ ကျားဖြူနှင့် တစ်ခြားလူများသည် အထိတ်တလန့် ဖြစ်သွားကြသည်။
ရှေးဟောင်း အပျက်အစီးနယ်မြေကို မလေးမစားပြုလုပ်လိုက်သည့် ရလဒ်အနေဖြင့်၊ မြူခိုးကမ္ဘာကြီး တစ်ခုလုံး လှုပ်ခါသွားခဲ့ပြီး၊ သွေးနှင့် ကသောင်းကနင်း ဖြစ်ရပ်များ ပြည့်နှက်နေသည့် ကြီးမားသော ကပ်ဘေးကြီးတစ်ခု ကျရောက်လာတော့မည် ဖြစ်သည်။
သူတို့သည် ကြယ်တာရာ T-Rex နတ်ဘုရားနှင့်အတူ မြေမြှုပ်ခံလိုက်ရမည် ဖြစ်သည်။
ဝရုန်းးးး
ကြောက်မက်ဖွယ်ကောင်းသည့် သတ္တဝါတစ်ချို့က ရူးသွပ်သွားသကဲ့သို့ ဖြစ်နေသည့် အသံကြီးတစ်သံသည် မြူခိုးကမ္ဘာ အနက်ပိုင်းမှ ဟိန်းထွက်လာခဲ့သည်။
ထိုမြင်ကွင်းသည် ကြယ်တာရာ T-Rex နတ်ဘုရားကိုပင် အံ့ဩတကြီး ဖြစ်သွားစေခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
……………………………………………………………………………………………………………………………………..
အပိုင်း ( 599 )
ရှေးခေတ် စစ်ဗိုလ်ချုပ်၊ လူသားဧကရာဇ်၏ ပြီးပြည့်စုံသော အမွေအနှစ်
မြူခိုးကမ္ဘာ၏ အနက်ပိုင်းမှ ပေါ်ထွက်လာသည့် အဆိုပါ အနီရောင် အလင်းတန်းသည် ရုတ်တရက် ထောင်တက်လာခဲ့ကာ၊ အံ့ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ဤနေရာသို့ ပြေးတက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် အဖျက်အစီး စွမ်းအားလှိုင်းတစ်ခုသည် အရာအားလုံးကို ဝါးမြိုတိုက်စားလာခဲ့သည်။
အဆိုပါ အရှိန်အဝါ၏ လွှမ်းမိုးမှုအောက်တွင်၊ အမျိုးအမည် မသိရသည့် တစ်ခြားသော သတ္တဝါများသည် ကြောက်လန့်တကြားဖြစ်သွားကာ နောက်ဆုတ်သွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မိုင်တစ်ရာအတွင်းရှိ အမျိုးအမည် မသိရသော သက်ရှိသတ္တဝါအားလုံး ပျောက်ကွယ်သွားခဲ့သည်။
အနက်ရောင် ချီလင်၊ ကျားဖြူနှင့် တစ်ခြားသော ကမ္ဘာ့ကြယ် သားရဲများကမူ အသည်းခိုက်လောက်သည်အထိ ကြောက်လန့်သွားကြသည်။
“ အဲ့ဒီဟာကြီးက ဒီဘက်ကို လာနေပြီ “
“ အဲ့ခွေးကောင်က သူ့သေတွင်းကို သူ့ဟာသူ တူးနေတာ၊ သူတော့ သေချာပေါက် သေပြီပဲ “
အနက်ရောင် ချီလင်နှင့် ကမ္ဘာ့ကြယ် သားရဲတစ်အုပ်သည် အလောတကြီး နောက်ဆုတ်သွားရင်းဖြင့်၊ ကြယ်တာရာ T-Rex နတ်ဘုရားက မည်ကဲ့သို့ သေဆုံးသွားမလဲဆိုသည်ကို ဆက်လက်စောင့်ကြည့်နေကြသည်။
…
ထိုအခိုက်အတန့်တွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း အလျင်အမြန် ဆုတ်ခွာသွားရန် ပြင်ဆင်ထားခဲ့ပြီးပြီ ဖြစ်သည်။
သို့သော် ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်ကို ဆင့်ခေါ်ရန် ပြင်လိုက်သည့် အချိန်၌ သူ၏နားများ အတွင်းတွင် အသံတစ်သံ ပဲ့တင်ထပ် ပေါ်ထွက်လာခဲ့သည်။
“ ဘိုးဘေးနဂါး စည်းတံဆိပ် ……………. မင်းက ဗိုလ်ချုပ်အောင်းချန်ရဲ့ အမွေဆက်ခံသူလား “
ထိုအသံကို ကြားလိုက်ရသောအခါတွင် လှုပ်ရှားရန် ပြင်နေသည့် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
သူသည် ထိုအသံကို ပြန်မေးလိုက်သည် “ ခင်ဗျားက ဘယ်သူလဲ “
“ ငါက ဗိုလ်ချုပ် အောင်းချန်လက်အောက်က ပထမဦးဆုံး စစ်ဗိုလ်ချုပ် ကွေ့တျန်ဖုန်းပဲ “
ဗွီ
တောင်လုံးကြီး နှစ်ခုသဖွယ် ဖြစ်နေသည့် အနီရောင် ဒေါင်လိုက်မျက်လုံးနှစ်လုံးသည် မြူခိုးများအတွင်းမှ ပေါ်ထွက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ကြယ်တာရာ T-Rex နတ်ဘုရား၏ အရှေ့တွင် ကြီးမားသော ပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
၎င်းမှာ တကယ့် ဧရာမ သတ္တဝါကြီးတစ်ကောင် ဖြစ်နေခဲ့ပြီး၊ တောင်တစ်လုံးကဲ့သို့ မြင့်မားနေကာ၊ ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် အကြေးခွံတစ်ခုချင်းစီတိုင်းမှာလည်း မီတာ ဆယ်နှင့်ချီ၍ ရှည်လျားနေခဲ့ပြီး၊ ၎င်း၏ အရပ်အမြင့်မှာ မီတာသောင်းနှင့်ချီ၍ မြင့်မားနေခဲ့လေသည်။
၎င်းပေါ်ထွက်လာမှုနှင့်အတူ တိုးညှင်းသော အသံတစ်သံသည် လေထုအတွင်းတွင် ပဲ့တင်ထပ်ပျံ့လွင့်လာခဲ့သည်။
ရှေးဦး သားရဲ၏ အသက်ရှူသံသည် အာရုံငါးပါးစလုံးကို ပိတ်ဆို့သွားစေခဲ့သည်။
“ အဲ့တာက …. “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အနည်းငယ် အံ့ဩတုန်လှုပ်သွားခဲ့သည်၊ ၎င်းမှာ ရှေးဦးကွေ့နွားရိုင်းဖြစ်သည်။
တစ်ချိန်က ရှေးဦး ကွေ့နွားရိုင်းသည် မျိုးနွယ်စု တစ်သောင်း၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်ခဲ့သည့် နတ်သားရဲမျိုးနွယ်စု ဖြစ်သည်၊ သူတို့၏ အဆင့်အတန်းသည် ယခုလက်ရှိ အထွတ်အထိပ် အစစ်အမှန် နတ်သားရဲမျိုးနွယ်စုများနှင့် တူညီနေခဲ့သည်။
သို့သော် ယခုတွင်ကား မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေအတွင်းတွင် ကွေ့နွားရိုင်းများ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သို့သော် သူသည် ဤနေရာ၊ တစ်ခြားကမ္ဘာတစ်ခုတွင် ရှေးဦး ကွေ့နွားရိုင်းကို အရှင်လတ်လတ် မြင်တွေ့နေခဲ့ရသည်။
“ ဟမ် “
“ သူ့ရဲ့ အခြေအနေက နည်းနည်းလေး ပုံမှန်မဟုတ်တဲ့ပုံပဲ “
ရုတ်တရက်ဆိုသလိုပင် ကြယ်တာရာ T-Rex နတ်ဘုရားသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။
တစ်ခဏအကြာတွင် သူသည် အကြောင်းအရင်းကို လျင်မြန်စွာ နားလည်သွားခဲ့သည်၊ တစ်ဖက်လူထံတွင် ရုပ်ခန္ဓာမရှိဘဲ၊ ဝိညာဥ်အပိုင်းအစတစ်ခုသာ ကျန်နေခဲ့ပုံရသည်။
ဝိညာဥ်အပိုင်းအစ တစ်ခုသာ ဖြစ်နေခဲ့သော်လည်း၊ အဆိုပါ ရှေးဦး ကွေ့နွားရိုင်း၏ အရှိန်အဝါသည် သာမန်နဝမအဆင့် ပညာရှင်များထပ် ပိုမိုအားကောင်းနေခဲ့သည်။
“ ကျွန်တော်က ဘိုးဘေးနဂါး ဗိုလ်ချုပ် အောင်းချန်ဆီကနေ တကယ်ပဲ အမွေရခဲ့ပါတယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်းကို ဝန်ခံပြောဆိုလိုက်သည်။
အဘယ့်ကြောင့် အဆိုပါ ရှေးဦး ကွေ့နွားရိုင်းထံတွင် ရင်းနှီးနေသော အငွေ့အသက်ကို ခံစားလိုက်ရပြီး၊ ၎င်းက ကြယ်ပြာဂြိုဟ်က ဖြစ်သည်ဆိုသည်ကို အတည်ပြုနိုင်ခဲ့သောကြောင့် ဖြစ်သည်။
ကွေ့တျန်ဖုန်း၏ မျက်လုံးကြီးများသည် ကြယ်တာရာ T-Rex နတ်ဘုရားကို စိုက်ကြည့်လာခဲ့ပြီး၊ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
“ နှစ်ပေါင်းသောင်းနဲ့ချီအကြာမှာ ကြယ်ပြာဂြိုဟ်ရဲ့ မျိုးစိတ်တွေက ဒီအခြေအနေအထိတောင် တိုးတက်လာတာလား “
သူသည် ကြယ်တာရာ T-Rex နတ်ဘုရားက မည်သည့်သွေးမျိုးဆက် ပိုင်ဆိုင်ထားလဲဆိုသည်ကို ဝေခွဲမရ ဖြစ်နေသည်မှာ သိသာလွန်းလှသည်။
သူ၏မှတ်ဉာဏ်များထဲတွင် ဤကဲ့သို့သော မျိုးစိတ်မျိုးသည် ကြယ်ပြာဂြိုဟ်တွင် တစ်ကြိမ်တစ်ခါမှ မပေါ်လာခဲ့ဖူးချေ။
ကြယ်တာရာ T-Rex နတ်ဘုရားသည် အသာအယာ ရယ်မောနေတော့သည်၊ သူသည် မရှင်းမပြလိုက်ဘဲ သူသိလိုသည့်အရာများကိုသာ မေးမြန်းနေတော့သည် “ အကြီးအကဲ၊ ခင်ဗျားက ဘာလို့ ဒီနေရာမှာ ရှိနေရတာလဲ “
“ ငါ ………. “
ကွေ့တျန်ဖုန်းသည် စိတ်ရှုပ်ထွေးသွားပုံရကာ သူ၏အတိတ်ကို ပြောပြလာခဲ့သည် “ ငါက ဒီနေရာမှာ ရှိနေခဲ့ နှစ်သောင်းနဲ့ချီနေပြီ၊ ဘိုးဘေးနဂါး စည်းတံဆိပ်ကြောင့် နိုးလာခဲ့ပြီးတော့ ငါ့ရဲ့အရင်က အသိစိတ်နည်းနည်းလောက် ပြန်ရခဲ့တာ၊ ဒါပင်မဲ့ အဲ့ဒီအချိန်တုန်းက မှတ်ဉာဏ်တွေကိုတော့ ငါရှင်းရှင်းလင်းလင်း မမှတ်မိဘူး “
သူသည် ပြန်မှတ်မိရန် ရုန်းကန်နေခဲ့ရပြီး၊ သူ၏ခန္ဓာကိုယ်ကြီးမှာလည်း စတင်၍ လှုပ်ခါလာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် ဘေးတစ်ဖက်သို့ ရှောင်တိမ်းလိုက်သည်၊ တစ်ဖက်လူက ဝိညာဥ် အပိုင်းအစလေးတစ်ခုကိုသာ ပိုင်ဆိုင်ထားခဲ့ပြီး၊ ယခုတွင် အတိတ်ကို အမှတ်ရရန်အတွက် အတင်းအကြပ် ကြိုးစားနေသောကြောင့် ဝိညာဥ်ခန္ဓာကပင် ကွဲအက်တော့မည့်အရိပ်အယောင်များ ပြသလာခဲ့သည်။
သူသည် အလောတကြီး စကားပြောလိုက်သည် “ အကြီးအကဲ၊ အခုတော့ အဲ့ကိစ္စတွေကို ခဏလောက် ဘေးချိတ်ထားလိုက်ပါ။ ကျွန်တော့်ကို လိုက်ဖမ်းနေတဲ့ ကမ္ဘာ့ကြယ် သားရဲတစ်အုပ်ရှိပါတယ်၊ ကျွန်တော့်ကို ကူညီပေးပါဦး “
“ သိပြီ “
ကွေ့တျန်ဖုန်းမှ ခေါင်းငြိမ့်ပြလာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရား၏ လမ်းညွှန်မှုအောက်တွင်၊ သူသည် အနက်ရောင် ချီလင်နှင့် တစ်ခြားလူများရှိရာဘက်သို့ ချက်ချင်းလှည့်ကြည့်လိုက်သည်။
“ သူတို့ကို သတ်လိုက် “
ကွေ့တျန်ဖုန်းမှ အမိန့်ပေးလာခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် မြူခိုးကမ္ဘာကြီးတစ်ခုလုံး တုန်ခါလာခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါများ လျင်မြန်စွာ ချဥ်းကပ်ရောက်ရှိလာခဲ့သည်၊ အဆိုပါ အရှိန်အဝါ တစ်ခုချင်းစီတိုင်းသည် နဝမအဆင့်နယ်ပယ်နှင့် နီးကပ်နေကြပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အနက်ရောင် ချီလင်၊ ကျားဖြူနှင့် တစ်ခြားလူအားလုံး ကြောင်တောင်တောင် ဖြစ်သွားကြသည်။
သူတို့သည် မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို နားမလည်နိုင် ဖြစ်နေကြသည်။
မင်းတို့ အနားယူနေတာကို နှောင့်ယှက်နေတာက မင်းတို့အရှေ့က အဲ့ခွေးသားလေကွာ။ သူ့ကို သတ်ရမဲ့အစား ဘာလို့ ငါတို့ဆီကို ပြေးလာနေရတာလဲဟ
ငါတို့က ဘာအမှားလုပ်မိလို့တုန်း
မြူခိုးများသည် လျင်မြန်စွာ ဖုံးလွှမ်းလာခဲ့ပြီး၊ အဆိုပါ ကြောက်မက်ဖွယ်ရာ သတ္တဝါကြီးများမှာလည်း စတင်၍ လှုပ်ရှားလာကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နဝမအဆင့် စွမ်းအင်လှိုင်းတစ်ခုသည် မြူခိုးကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံလာခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အနက်ရောင် ချီလင်၊ ကျားဖြူနှင့် တစ်ခြားကမ္ဘာ့ကြယ်သားရဲတို့မှာ လုံးဝ ချေမှုန်းခံလိုက်ရာ ပြာမှုန်များအဖြစ် ပြောင်းလဲသွားကြသည်။
ဧရာမ ပုံရိပ်ကြီးက အံ့ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် လှုပ်ရှားခဲ့ကြခြင်း ဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားကပင် တအံ့တဩဖြစ်သွားခဲ့ရသည်၊ ၎င်းတို့က အဌမအဆင့် အထွတ်အထိပ် ထိပ်တန်းအစားအသောက်များ ဖြစ်သောကြောင့် သူသည် ၎င်းတို့၏ အလောင်းများကို လိုချင်ခဲ့သည်။
သို့သော် အဆိုပါ သတ္တဝါကြီးများ၏ လက်ဆလက်နမှာ အမှန်ပင် ပြင်းလွန်းနေခဲ့သည်။
“ နှမြောစရာကြီးကွာ …… “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အလွန်နောင်တရသွားခဲ့သည်၊ အနက်ရောင် ချီလင်နှင့် သူ၏ အပေါင်းအဖော်တစ်စုမှာ စက္ကန့်ပိုင်းအတွင်းမှာပင် ပြာအဖြစ် ပြောင်းလဲသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် ဤမြူခိုးကမ္ဘာ၏ စွမ်းအားကို နားလည်သွားခဲ့သည်။
အဌမအဆင့် အထွတ်အထိပ် ပညာရှင်များကပင် မည်သို့မျှ မခုခံနိုင်ခဲ့ကြပေ။
“ ကြည့်ရတာတော့ သူတို့က အရင်တုန်းက အိပ်ငိုက်နေခဲ့ပြီးတော့၊ အခုမှ တကယ် နိုးလာကြတဲ့ပုံပဲ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းပြီး၊ ကွေ့တျန်ဖုန်းကို လှည့်ကြည့်ကာ စကားထပ်ပြောလိုက်သည် “ အကြီးအကဲ၊ ဒီထဲမှာ ရှိနေဲ့ အကောင်တွေက အဲ့ခေတ်တုန်းက အကြီးအကဲရဲ့ ရဲဘော်ရဲဘက်တွေလား “
ကွေ့တျန်ဖုန်းသည် ထိုအကောင်းများကို အချိန်အတော်ကြာ ကြည့်ရှုနေခဲ့ပြီးမှ ခေါင်းခါပြလာခဲ့သည် “ တစ်ချို့ကတော့ ရဲဘော်ရဲဘက်တွေပဲ၊ တစ်ချို့ကတော့ ငါတို့သတ်ခဲ့တဲ့ ရန်သူတွေ “
“ ရန်သူတွေပါ ရှိနေတာလား “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အနည်းငယ် မှင်သက်သွားခဲ့သည် “ အဲ့ဆိုရင် သူတို့ အကြီးအကဲရဲ့ အမိန့်ကို ဘာလို့နာခံနေရတာလဲဗျ “
ကွေ့တျန်ဖုန်းမှ ပြောပြလာခဲ့သည် “ နှစ်သောင်းနဲ့ချီ ကြာခဲ့ပြီးတဲ့နောက်မှာ၊ သူတို့က သူတို့ရဲ့ အသိစိတ်အားလုံးကို ဆုံးရှုံးသွားကြပြီးတော့၊ ဒီမြူခိုးနယ်မြေအတွင်းမှာ လှည့်လည်သွားလာနေတဲ့ လေလွင့်ကောင်တွေ ဖြစ်လာကြတာ၊ ငါ့ရဲ့ စွမ်းအားကြောင့် ငါ့ကို ခေါင်းဆောင်အဖြစ် လေးစားနေကြတာ “
“ မိုက်လိုက်တာ၊ အကြီးအကဲရာ “ ကြယ်တာရာ T-Rex နတ်ဘုရားမှ ပြန်ပြောလာခဲ့သည်။
…………………………………………………………………………………………………………………………………..
အပိုင်း ( 600 )
ရှေးခေတ် စစ်ဗိုလ်ချုပ်၊ လူသားဧကရာဇ်၏ ပြီးပြည့်စုံသော အမွေအနှစ် ၂
သူသည် ဤကွေ့နွားရိုင်းက သူ၏အထွတ်အထိပ် အခြေအနေတွင် ပကတိ အထွတ်အထိပ်နယ်ပယ်၌ ရှိနေခဲ့နိုင်သည်ဟု နားလည်သွားခဲ့သည်။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူသည် အောင်းချန်၏ စစ်သည်တော်ဖြစ်လာခဲ့မည် မဟုတ်ပေ။
ထို့အပြင် တစ်ဖက်လူသည် တစ်ခြား သက်ရှိများက သူတို့၏ အသိစိတ်များကို လုံးဝဆုံးရှုံးသွားခဲ့သည့် အချိန်တွင် သူ၏ အသိစိတ်တစ်မျှင်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။
“ ငါမှတ်မိပြီ “
ထိုအခိုက်အတန့် ကွေ့တျန်ဖုန်း၏ မျက်လုံးများ တောက်ပသွားခဲ့ကာ ဖြည်းဖြည်းချင်း စကားထပ်ပြောလာခဲ့သည် “ ငါ …. ငါက ဗိုလ်ချုပ်အောင်းချန်နောက်ကို လိုက်ပြီးတော့ လူသားဧကရာဇ်ဆီမှာ အမှုထမ်းခဲ့ဖူးတယ်။ ပြီးတော့ သူတို့နဲ့အတူ ကမ္ဘာတွေကို ကျော်ဖြတ်ပြီးတော့ ဒီရှေးဟောင်း အပျက်အစီးနယ်မြေထဲကို ရောက်လာခဲ့တာ “
“ ဒါက ကမ္ဘာ့ကြယ်ရဲ့ ရှေးအကျဆုံး ရှေးဟောင်း ဂိုဏ်းတစ်ဂိုဏ်းဖြစ်တဲ့ အရိပ်နတ်ဂိုဏ်းဖြစ်ခဲ့ဖူးတယ်။ ငါတို့က ဒီနေရာမှာ ဒီနယ်မြေ ဖျက်စီးခံလိုက်ရပြီးတော့ အရိပ်နတ်ဂိုဏ်းနဲ့ အမှောင်နယ်မြေရဲ့ ချိတ်ဆက်မှု ပြတ်တောက်သွားတဲ့အထိ၊ ရာစုနှစ်သုံးခုတိတိ တိုက်ခိုက်ခဲ့ပြီးတော့ သွေးနဲ့ရေချိုးခဲ့ကြတယ် “
အရိပ်နတ်ဂိုဏ်းလား။ ရာစုနှစ်သုံးခုကြာတဲ့ စစ်ပွဲတစ်ခုလား
ကြယ်တာရာ T-Rex နတ်ဘုရားသည် အနည်းငယ် အံ့ဩတုန်လှုပ်သွားခဲ့သည်။ ကြယ်ပြာဂြိုဟ်၏ သိုင်းပညာရှင်များ သမိုင်းကြောင်းသည် လွန်ခဲ့သော နှစ်သုံးရာကျော်ကမှ စတင်၍ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်၊ သို့သော် ယခုတွင်ကား ကွေ့တျန်ဖုန်းသည် သူတို့က ရာစုနှစ်သုံးခုကြာရှည်သည့် စစ်ပွဲကြီးတစ်ခုကို ဆင်နွှဲခဲ့ရသည်ဟု ပြောနေခဲ့လေသည်။
“ ဒါပင်မဲ့ လမ်းကြောင်းက ပျက်သွားတာလား “
ကြယ်တာရာ T-Rex နတ်ဘုရားမှ မေးခွန်းထုတ်လာခဲ့သည် “ ဒါပင်မဲ့ အမှောင်နယ်မြေရဲ့ အင်အားကြီး ပုဂ္ဂိုလ်တွေက ဒီကမ္ဘာထဲကို ကျူးကျော်လာနေတုန်းပဲလေ “
ကွေ့တျန်ဖုန်းမှ ရှင်းပြလာခဲ့သည် “ ငါတို့ဖျက်ဆီးခဲ့တဲ့ လမ်းကြောင်းက နယ်မြေဖိနှိပ်မှုကို ဂရုစိုက်စရာမလိုတဲ့ လမ်းကြောင်းပဲ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် တအံ့တဩ ဖြစ်သွားခဲ့သည်။
ယခင်က အမှောင်နယ်မြေသည် ထိုကဲ့သို့သော လမ်းကြောင်းကို ဖွင့်လှစ်ခဲ့ပြီး၊ နယ်မြေဖိနှိပ်မှုကို မခံခဲ့ရဘဲ ကျူးကျော်လာခဲ့ကြသည်ဟု ရှေးခေတ်အဆိုများအရ သိခဲ့ရသည်။
လူသားဧကရာဇ်နှင့် အောင်းချန်တို့သည် ထိုကဲ့သို့သော အခြေအနေများအောက်မှာပင် ဤနယ်မြေကို တိုက်ခိုက်နိုင်ခဲ့သည်မှာ အလွန်တရာ အံ့ဖွယ်ကောင်းလွန်းနေခဲ့သည်။
အကယ်၍ ယခုတွင်သာ ထိုကဲ့သို့ ဆက်ဖြစ်လာခဲ့မည်ဆိုပါက၊ ကြယ်ပြာဂြိုဟ်တစ်ခုလုံး လုံးဝသုတ်သင်ခံလိုက်ရမည် ဖြစ်သည်။
“ လူသားဧကရာဇ်က ဘယ်လောက်တောင် စွမ်းအားကြီးနေခဲ့တာလဲ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် မအံ့ဩဘဲ၊ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။
ကွေ့တျန်ဖုန်း၏ မျက်မှာပေါ်တွင် ရိုသေလေးစားမှုများ ပြည့်နှက်လာခဲ့သည် “ လူသားဧကရာဇ်က မယုံနိုင်လောက်အောင် အစွမ်းထက်တယ်။ ဗိုလ်ချုပ်အောင်းချန်ကလည်း ပကတိ အထွတ်အထိပ်နယ်ပယ်ကို လုံးဝကျော်ဖြတ်နိုင်ခဲ့တယ်၊ ဒါပင်မဲ့ သူနဲ့ လူသားဧကရာဇ်ကြားမှာ ကွာဟချက် ကြီးကြီးမားမား ရှိနေတုန်းပဲလို့ ပြောခဲ့တယ် “
“ လူသားဧကရာဇ်က ဘယ်ကိုရောက်သွားတာလဲ “
“ သူနဲ့ ဗိုလ်ချုပ်အောင်းချန်က အမှောင်နယ်မြေရဲ့ အနက်ပိုင်းကို ထိုးဖောက်သွားကြတယ်၊ ငါကတော့ ဒီနေရာမှာ ကျန်နေခဲ့တာ “
ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်နှလုံးသား လေးလံသွားခဲ့သည်၊ အဲ့တာက သတင်းကောင်း မဟုတ်လောက်ဘူး
ကွေ့တျန်ဖုန်းမှ စကားထပ်ပြောလာခဲ့သည် “ လူသား ဧကရာဇ်က သူမထွက်သွားခင် အချိန်တုန်းက၊ ဒီနယ်မြေရဲ့ အနက်ပိုင်းမှာ အမွေအနှစ်တစ်ခု ချန်ပေးထားခဲ့တယ်။ တကယ်လို့ သူ့ရဲ့ ဆက်ခံသူတွေက ဒီကိုရောက်လာခဲ့မယ်ဆိုရင်၊ သူတို့က ပြည့်စုံတဲ့ လူသားဧကရာဇ် အမွေအနှစ်ကို ရကြလိမ့်မယ် “
“ မင်းက လူသားမဟုတ်တာကတော့ တကယ် နှမြောဖို့ကောင်းတယ် “
ကွေ့တျန်ဖုန်းသည် နောင်တရနေသော အမူအရာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်လာခဲ့သည်။
ဘိုးဘေးနဂါး စည်းတံဆိပ် အမွေအနှစ်ဆက်ခံမှုနှင့် ယှဥ်လိုက်မည်ဆိုပါက၊ လူသားဧကရာဇ် စည်းတံဆိပ်ကသာလျှင် စစ်မှန်သည့် အထွတ်အထိပ် အမွေအနှစ် ဖြစ်နေခဲ့သည်။
ရှေးခေတ်က လူတော်တော်များများသည် အဆိုပါ အမွေအနှစ်အတွက် အသေအကြေ တိုက်ခိုက်ခဲ့ကြသော်လည်း၊ အဆုံးတွင် မည်သည့်အရာကိုမှ မရရှိသွားခဲ့ပေ။
သို့သော် ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုကမူ အဆိုပါ အမွေအနှစ်နှင့် အနီးကပ်ဆုံး နေရာတွင် ရပ်တည်နေခဲ့ကြသည်။ သို့သော် သူတို့သည် ၎င်းကို မသိမ်းပိုက်နိုင်ခဲ့ကြပေ။
ဤအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်နှာပေါ်တွင် အံ့ဩတကြီး ဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ လူသားဧကရာဇ်ရဲ့ အမွေအနှစ်က ဒီနေရာမှာ ရှိနေတာလား “
“ ဟုတ်တယ်၊ ဒီရှေးဟောင်းနယ်မြေရဲ့ အနက်ရှိုင်းဆုံး နေရာမှာ ရှိတယ်၊ အဲ့မှာက တော်တော်လေးကို အန္တရာယ်များတယ်။ အဆင့်၉ ပညာရှင်တောင် ကျဆုံးသွားနိုင်တယ် “
ကွေ့တျန်ဖုန်းမှ စကားဆက်ပြောလာခဲ့သည် “ ပြီးတော့ လူသားဧကရာဇ် စည်းတံဆိပ်ရဲ့ အမွေအနှစ် တစ်ပိုင်း မရှိဘူးဆိုရင်၊ မင်းက ပြီးပြည့်စုံတဲ့ အမွေအနှစ်ကို ရနိုင်မှာ မဟုတ်ဘူး “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ဦးခေါင်းကို ခါရမ်းပြလိုက်သည် “ အကြီးအကဲ၊ ခင်ဗျားမှားနေပြီ။ ကျွန်တော်က လူသားဧကရာဇ်ရဲ့ အမွေအနှစ်ကို တစ်ခါ ရထားခဲ့ပြီးပြီ “
“ ဟမ် “
ကွေ့တျန်ဖုန်းသည် ရုတ်တရက် တောင့်တင်းသွားခဲ့ကာ မယုံကြည်နိုင်ဖြစ်နေသည့် အမူအရာမျိုးကို ဖော်ထုတ်ပြသလာခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင်၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် ထပ်မံ၍ ရှင်းပြနေရင်းဖြင့် နတ်ဆိုးစွမ်းအင်ကို အသုံးပြုကာ စည်းတံဆိပ်များ ရေးဆွဲနေတော့သည်။
လူသားဧကရာဇ် စည်းတံဆိပ်က မူလကိုယ်၏ အမွေဆက်ခံမှု ဖြစ်နေခဲ့သော်လည်း၊ ဤကိုယ်ပွားသည် မှတ်ဉာဏ်များကို မူလကိုယ်နှင့် မျှဝေထားခဲ့သောကြောင့်၊ ၎င်းကိုပါ အသုံးပြုနေနိုင်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ လူသားဧကရာဇ် စည်းတံဆိပ်၏ စွမ်းအားအစစ်အမှန်ကို လူသားတို့ကသာလျှင် ထုတ်လွှတ်နိုင်ပေသည်၊ ကိုယ်ပွားက ၎င်းကို အသုံးပြုလိုက်မည်ဆိုပါက ဘိုးဘေးနဂါး စည်းတံဆိပ်လောက်ပင် အကျိုးသက်ရောက်မှု ရှိနေလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် သူသည် လူသားဧကရာဇ် စည်းတံဆိပ်ကို အသက်သွင်းရန်အတွက် ချီ-သွေးစွမ်းအားကို အသုံးမပြုခဲ့ပေ။
စည်းတံဆိပ်များကို လျင်မြန်စွာ ရေးဆွဲလိုက်ရာ၊ ရွှေရောင် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည်။
“ ဗွီ “
နဂါးဘုန်းတန်ခိုးဖြင့် ဝိုင်းရံခြင်းကို ခံထားရသည့် ရွှေရောင် စည်းတံဆိပ်တစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ၎င်းသည် လေတိုက်တိုင်းကြီးမားလာခဲ့သည်။
ကွေ့တျန်ဖုန်းသည် ထိုမြင်ကွင်းကို စောင့်ကြည့်နေရင်းဖြင့် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။
“ ဘယ် ….. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လူသားဧကရာဇ် စည်းတံဆိပ်က လူသားတွေပဲ ကျင့်ကြံလို့ရတဲ့ အရာ မဟုတ်ဘူးလား “
သူသည် သူ၏မျက်လုံးများကိုပင် မယုံကြည်နိုင်ဖြစ်နေခဲ့သည်၊ သားရဲမျိုးနွယ်စုက လူသားဧကရာဇ် စည်းတံဆိပ်ကို လေ့ကျင့်နိုင်တယ်ပေါ့၊ လူသားဧကရာဇ်ကရော ဒီကိစ္စကို သိလား
ကြယ်တာရာ T-Rex နတ်ဘုရားကမူ ထိုကိစ္စများကို လျစ်လျူရှုထားကာ ပေါ့ပေါ့ပါးပါး ရယ်မော၍ စကားထပ်ပြောလာခဲ့သည် “ အကြီးအကဲ၊ ကျွန်တော့်ကို ယုံပြီလား “
ကွေ့တျန်ဖုန်းသည် တစ်ခဏခန့် မှင်သက်နေခဲ့ပြီးမှ၊ သတိပြန်လည်လာကာ ခေါင်းငြိမ့်ပြလာခဲ့သည် “ သားရဲမျိုးနွယ်စုက လူသားဧကရာဇ် စည်းတံဆိပ်ကို ကျင့်ကြံနိုင်တယ်ဆိုတာက တော်တော်လေးကို နားလည်ရခက်တယ်။ ဗိုလ်ချုပ်အောင်းချန်ကတောင် အဲ့လိုမျိုး မလုပ်နိုင်ခဲ့ဘူး “
“ ဗိုလ်ချုပ်အောင်းချန်ကတောင် အဲ့တာကို မလေ့ကျင့်နိုင်ခဲ့ဘူးလား “
ဤတစ်ကြိမ်တွင် ကြယ်တာရာ T-Rex နတ်ဘုရားက တစ်ဖန်ပြန်၍ အံ့ဩသွားခဲ့ရသည်။
ကွေ့တျန်ဖုန်းမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ အဲ့တာကြောင့်ပဲ လူသားဧကရာဇ် နည်းစနစ်ကို ပုံတူကူပြီးတော့ ဘိုးဘေးနဂါး စည်းတံဆိပ်ကို တီထွင်ခဲ့တာလေ “
“ ဒါပင်မဲ့ ဗိုလ်ချုပ်အောင်းချန်ပြောတာကတော့ သူ့ရဲ့ ဘိုးဘေးနဂါး စည်းတံဆိပ်က လူသားဧကရာဇ် စည်းတံဆိပ်ရဲ့ ပုံစံကိုပဲ ဖမ်းဆုပ်နိုင်ပြီးတော့၊ အနှစ်သာရကို မဖမ်းဆုပ်နိုင်ခဲ့ဘူးတဲ့၊ အဲ့တာကြောင့် အဲ့ဒီစည်းတံဆိပ်ရဲ့ စွမ်းအားကလည်း တကယ့် လူသားဧကရာဇ် စည်းတံဆိပ်ရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ ရှိတယ်တဲ့ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် နောက်ထပ်တစ်ကြိမ် ထပ်မံ၍ အံ့ဩသွားခဲ့ရပြန်သည်။
သူသည် ဘိုးဘေးနဂါး စည်းတံဆိပ်၏ စွမ်းအားကို ကိုယ်တိုင် မြင်တွေ့ထားခဲ့ဖူးသည်၊ ၎င်းသည် ရှလော်တော်ဝင်မိသားစု၏ တိုက်ရိုက်မျိုးဆက်ကိုပင် ကျဥ်းထဲကြပ်ထဲရောက်ရှိသွားစေခဲ့သည်။
တကယ့်လူသားဧကရာဇ် စည်းတံဆိပ်က အဲ့တာထပ် ဆယ်ဆပိုစွမ်းနေတာလားဟ
ဘယ်လောက်တောင် စွမ်းနေလိုက်မလဲ
ကွေ့တျန်ဖုန်းသည် တဟားဟား ရယ်မောနေတော့သည် “ ပြီးပြည့်စုံတဲ့ လူသားဧကရာဇ် အမွေအဆက်ခံမှုက ပြိုင်ဘက်ကင်း အမွေအနှစ်တစ်ခုပဲ။ ပကတိ အထွတ်အထိပ်ကို ကျော်ဖြတ်နိုင်တော့မဲ့ လူတွေကတောင် အဲ့တာကို လိုချင်ကြတယ် “
“ အဲ့တာက တကယ် ပြိုင်ဘက်ကင်းမနေဘူးဆိုရင် အစွမ်းထက် ပညာရှင်အများကြီးကို ဘယ်လိုလုပ် ဆွဲဆောင်နိုင်မှာလဲကွ “
ကြယ်တာရာ T-Rex နတ်ဘုရားမှ ခေါင်းငြိမ့်ပြလိုက်သည်၊ အဲ့တာက အဓိပ္ပါယ်ရှိသားပဲ
ထို့နောက်တွင် သူသည် လူသားဧကရာဇ် စည်းတံဆိပ်၏ ပြီးပြည့်စုံသော အမွေအနှစ်ကို ပိုမိုတောင့်တမိနေတော့သည်။
တစ်ခဏအကြာတွင် ကြယ်တာရာ T-Rex နတ်ဘုရားမှ ထပ်မံ၍ မေးမြန်းလိုက်သည် “ အဲ့တာဆိုရင် လူသားဧကရာဇ်က သူ့ရဲ့ ပြီးပြည့်စုံတဲ့ အမွေအနှစ်ကို ဘာလို့ ဒီရှေးဟောင်း အပျက်အစီးနယ်မြေရဲ့ အနက်ရှိုင်းဆုံး နေရာမှာ ချန်ထားခဲ့ရတာလဲ။ ကမ္ဘာ့ကြယ်ရဲ့ ပညာရှင်တွေက အဲ့တာ သွားမှာကို သူမကြောက်ဘူးလား “
ကွေ့တျန်ဖုန်းမှ ခေါင်းခါပြလာခဲ့သည် “ မင်းက မှားနေပြီ “
“ ဒီရှေးဟောင်း အပျက်အစီး နယ်မြေက လူသားဧကရာဇ်နဲ့ ဗိုလ်ချုပ်အောင်းချန်တို့ ဖြိုချတာကို ခံလိုက်ရပြီးတော့ တကယ့် မြင့်မြတ်နယ်မြေတစ်ခု ဖြစ်လာခဲ့တယ်။ လူသားဧကရာဇ် စည်းတံဆိပ်ကို မကိုင်ဆောင်ထားနိုင်ဘူးဆိုရင်၊ ပကတိ အထွတ်အထိပ် ပညာရှင်တွေတောင်မှ ဒီနယ်မြေရဲ့ အနက်ပိုင်းကို မဝင်နိုင်ကြဘူး “
“ အဲ့တာဆိုရင် ကမ္ဘာ့ကြယ်ရဲ့ ပညာရှင်တွေက ဒီနယ်မြေကို ဘာလို့ မဖျက်စီးလိုက်ရတာလဲလို့ မင်းတွေးမိသွားမှာပဲ။ တကယ်တော့ သူတို့က မကြိုးစားခဲ့ကြတာ မဟုတ်ဘူး၊ မလုပ်နိုင်ခဲ့ကြတာပဲ “
ကွေ့တျန်ဖုန်းမှ ဆက်ပြောပြလာခဲ့သည် “ လူသားဧကရာဇ်က အမြော်အမြင်ကြီးတဲ့အတွက် အမှားလုပ်ခဲ့မှာ မဟုတ်ဘူး “
“ သူ့ရဲ့ အမွေအနှစ်ကို ဒီနေရာမှာ ဘာလို့ ချန်ထားခဲ့ရလဲဆိုတဲ့ မေးခွန်းကိုတော့ ငါလည်း သေချာမသိဘူး။ တကယ်တော့ အဲ့တာက လူသားဧကရာဇ်ရဲ့ စမ်းသပ်မှုတစ်ခုလည်း ဖြစ်နေနိုင်တယ် “
“ အန္တရာယ် ပေါင်းများစွာကို ရင်ဆိုင်ခဲ့တဲ့လူ၊ ဒီနယ်မြေရဲ့ အနက်ပိုင်းကို ဝင်နိုင်တဲ့လူကပဲ ပြီးပြည့်စုံတဲ့ အမွေအနှစ်ကို ဆက်ခံဖို့ ထိုက်တန်တယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အကြောင်းအရင်းကို အပြည့်အဝ နားလည်သွားခဲ့သည်။
ဤနယ်မြေအတွင်းရှိ ကမ္ဘာ့ကြယ် ပညာရှင်များက အနက်ရောင် ချီလင်တို့ကို မညှာမတာ သတ်ဖြတ်ခဲ့သည်မှာ အံ့ဩဖွယ်ရာ မဟုတ်တော့ပေ။
ဤဒေသသည် လူသားဧကရာဇ်နှင့် ဘိုးဘေးနဂါး အောင်းချန်တို့၏ နိယာမ စည်းမျဥ်းများဖြင့် ပြည့်နှက်နေလျက်ရှိသည်။
လူသားဧကရာဇ် စည်းတံဆိပ်ကို ကိုင်ဆောင်ထားနိုင်သူမှသာလျှင် ဤနယ်မြေ၏ အနက်ပိုင်းသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။
သို့သော် ကွေ့တျန်ဖုန်း၏ ပြောစကားများအရသာဆိုပါက လူတစ်ဦးသည် လူသားဧကရာဇ် စည်းတံဆိပ်ကို ကိုင်ဆောင်ထားမည်ဆိုလျှင်တောင်မှ၊ ဤနယ်မြေ၏ အနက်ပိုင်းသို့ ရောက်ရှိရန်အတွက် များပြားလွန်းလှသော အန္တရာယ်များကို ရင်ဆိုင်ကျော်ဖြတ်ရဦးမည် ဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားမှ ထပ်မံ၍ မေးမြန်းလာခဲ့ပြန်သည် “ ဒီနေရာ လူသားဧကရာဇ်က ဖြိုခွင်းလိုက်တာဆိုရင်၊ ဒီနေရာထဲကို ရောက်လာပြီးတော့ အဆင့်၉ကို ရောက်သွားတဲ့ ပညာရှင်တွေရှိတယ်လို့ ဘာလို့ ကြားခဲ့ရတာလဲဗျ “
ကွေ့တျန်ဖုန်းမှ ရှင်းပြလာခဲ့သည် “ အရိပ်နတ်ဂိုဏ်းက ဖျက်ဆီးခံလိုက်ရပြီဆိုပင်မဲ့၊ အဲ့တာက ကမ္ဘာ့ကြယ်ရဲ့ ရှေးအကျဆုံး ရှေးဟောင်းဂိုဏ်းကြီးတစ်ဂိုဏ်းပဲလေ၊ အဲ့တော့ အကြွင်းအကျန်လေးတော့ ရှိနေဦးမှာပဲ “
“ အဲ့ဒီထင်းတွေက ငါတို့အတွက် သိပ်အသုံးမဝင်ပင်မဲ့၊ လူတစ်ယောက်က အဆင့်၉နယ်ပယ်ကို အလွယ်တကူ ရောက်သွားအောင် ကူညီပေးနိုင်ကြတယ် “
ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ တောက်ပသွားတော့သည် “ အဲ့လိုထင်းမျိုး တကယ်ရှိတာလားဗျ “
ကွေ့တျန်ဖုန်းမှ ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည် “ ဘာတွေ လောနေတာလဲဟ။ လူသားဧကရာဇ် အမွေအနှစ်နဲ့ ယှဥ်လိုက်မယ်ဆိုရင် အဲ့တာက ကြက်ကလေးငှက်ကလေးပါပဲကွာ “
“ တကယ်လို့ မင်းက အဲ့ထင်းတွေကို အရင်သွားရှာလိုက်မယ်ဆိုရင်၊ လူသားဧကရာဇ် အမွေဆက်ခံမှုအတွက် အသိအမှတ်ပြုမှုကို လက်လွှတ်လိုက်ရနိုင်တယ်။ ငါ့အမြင်အရဆိုရင်တော့ လူသားဧကရာဇ်ရဲ့ ပြီးပြည့်စုံတဲ့ အမွေအနှစ်ကို အပိုင်သိမ်းပြီးမှ၊ အဲ့ထင်းတွေကို လိုက်ရှာသင့်တယ် “
ကြယ်တာရာ T-Rex နတ်ဘုရားမှ ခေါင်းငြိမ့်ပြလိုက်သည်။
ယခုလက်ရှိ အချိန်တွင် လူသားဧကရာဇ် အမွေအနှစ်ကသာလျှင် အရေးအကြီးဆုံး ဖြစ်နေခဲ့သည်။
သို့ရာ၌ ယခုတွင်ကား သူသည် အလယ်အလတ် အဌမအဆင့်တွင်သာ ရှိနေသေးပြီး၊ သူ၏ဒဏ်ရာမှာလည်း အပြည့်အဝ မပျောက်ကင်းပေ၊ ထို့ကြောင့် သူသည် ဤနယ်မြေ၏ အနက်ပိုင်းသို့ ဝင်ရောက်ရန်အတွက် မချင့်မရဲဖြစ်နေခဲ့သည်။
သူအတွေးများနေသည့် အချိန်တွင် ကွေ့တျန်ဖုန်းမှ စကားထပ်ပြောလာခဲ့သည် “ ငါ့ရဲ့ အချိန်က အကန့်အသတ်ရှိတယ်။ ငါပျောက်ကွယ်သွားဖို့က နေ့တစ်ဝက်လောက်တောင် မလိုတော့ဘူး “
“ မင်းက ငါ့ကိုလည်း ဝါးမြိုလိုက်လို့ရတယ်၊ အဲ့တာဆိုရင် မင်းက အဆင့်၉ကို ချက်ချင်း ရောက်သွားလောက်တယ် “
……………………………………………………………………………………………………………………………………