← Chapters

အခန်း (၆၀၁-၆၀၄)

Vol. 41 Ch. 601-604

အခန်း (၆၀၁-၆၀၄)

Vol. 41 Ch. 601-604

အပိုင်း ( 601 )

အကြွင်းအကျန် ဝိညာဥ်၏ အားဖြည့်ပေးမှု၊ နဝမအဆင့် နတ်စွမ်းအား

“ အကြီးအကဲကို ဝါးမြိုလိုက်ရမှာလား “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာ အနည်းငယ် မှင်သက်သွားခဲ့သည်။

သူသည် တစ်ဖက်လူက သူ့ကိုယ်သူ ဝါးမြိုလိုက်ရန် တောင်းဆိုသော စကားမျိုးကို ပြောလာခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

အကယ်၍ သူကသာ ထိုကဲ့သို့ လုပ်လိုက်မည်ဆိုပါက၊ ဤအကြွင်းအကျန် ဝိညာဥ်သည် လုံးဝပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်။

ကွေ့တျန်ဖုန်းမှ စကားထပ်ပြောလာခဲ့သည် “ ငါက အကြွင်းအကျန် ဝိညာဥ်လေးတစ်ခုပဲလေ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သေသွားခဲ့ပြီ။ မင်းကိုင်ဆောင်ထားတဲ့ ဘိုးဘေးနဂါး စည်းတံဆိပ်ကြောင့်၊ အသိစိတ်လေး နည်းနည်းလောက်ပြန်ရလာတာ “

“ အခုဆိုရင် ဒီအသိစိတ်လေးကလည်း ပျောက်ကွယ်သွားတော့မှာ၊ အဲ့အချိန်ကျရင် ငါကလည်း ဒီအကြွင်းအကျန် ဝိညာဥ်နဲ့ မဆိုင်တော့ဘူး၊ ဒီကမ္ဘာကြီးထဲမှာ ငါဆိုတာ ရှိနေတော့မှာ မဟုတ်ဘူး “

သူသည် ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်ကာ စကားဆက်ပြောလာခဲ့သည် “ မင်းက လူသားဧကရာဇ်ရဲ့ အမွေအနှစ်ကို ဆက်ခံရတော့မှာ။ မင်းရဲ့လမ်းက အခက်အခဲတွေ အန္တရာယ်တွေနဲ့ ပြည့်နေမှာ သေချာတယ်။ တကယ်လို့ မင်းက ငါ့ရဲ့ အကြွင်းအကျန် ဝိညာဥ်နဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင်၊ မင်းက အဆင့်၉ကို ရောက်သွားဖို့အတွက် အခွင့်အလမ်းရလာလောက်တယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် အကြည့်များ မငြိမ်မသက် ဖြစ်သွားခဲ့သည်။

နဝမအဆင့်သို့ ထိုးဖောက်နိုင်မည့် အခွင့်အလမ်းသည် သူ့အတွက် အလွန်တရာ ဆွဲဆောင်မှုအားကောင်းနေခဲ့သည်။

သူ၏ ယခုလက်ရှိ တိုးတက်မှု အမြန်နှုန်းနှင့်သာဆိုပါက၊ နဝမအဆင့်သို့ ထိုးဖောက်နိုင်ရန်အတွက် အနည်းဆုံးအနေဖြင့် နောက်ထပ်တစ်လမျှ အချိန်ယူရမည် ဖြစ်သည်။

အမှောင်နယ်မြေ ဆင်းသက်လာတော့မည့် အချိန်က နီးကပ်လာသည်နှင့်အမျှ၊ အချိန်သည် သူ့အတွက် တန်ဖိုးမဖြတ်ရသော ရတနာတစ်ပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

အကယ်၍ သူကသာ အချိန်တစ်လကို ချွေတာနိုင်မည်ဆိုပါက၊ ကိစ္စတော်တော်များများကို ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်မည် ဖြစ်သည်။

သို့ရာ၌ သူကွယ်ဝှက်ထားသည့် ကိစ္စများကြောင့် သူသည် အနည်းငယ် တွေဝေတုံ့ဆိုင်းနေခဲ့သည်။

ကွေ့တျန်ဖုန်းမှ စကားထပ်ပြောလာခဲ့သည် “ တကယ်လို့ မင်းက စိတ်မသက်မသာဖြစ်နေမယ်ဆိုရင်၊ ငါ့အကြွင်းအကျန် အသိစိတ် လုံးဝပျောက်ကွယ်သွားမဲ့ နေ့တစ်ဝက်အထိ စောင့်လို့ရတယ် “

ကြယ်တာရာ T-Rex နတ်ဘုရားမှ ခေါင်းငြိမ့်ပြ၍ ပြန်ပြောလိုက်သည် “ မြူခိုးကမ္ဘာက တော်တော်လေးကို အန္တရာယ်များတယ်၊ ဒီဒေသက ငါ့ကို ခေါင်းဆောင်အဖြစ် လေးစားကြတယ်၊ ဒါပင်မဲ့ ဒီနေရာက မြူခိုးကမ္ဘာရဲ့ အဖျားပိုင်းလေးပဲ ရှိသေးတယ် “

“ မြူခိုးကမ္ဘာ့ရဲ့ အတွင်းပိုင်းမှာက ငါ့လောက်နီးနီး အစွမ်းထက်တဲ့ သတ္တဝါတွေ အများကြီးရှိတယ်၊ အကုန်လုံးက တော်တော်ကြီးကို အန္တရာယ်ရှိတယ်။ အရေးကြီးဆုံးကတော့ သူတို့ဆီမှာ ဘာအသိစိတ်မှ မရှိတော့တာပဲ၊ သူတို့က မြင်သမျှ လူတိုင်းကို လိုက်သတ်ဖို့များတယ် “

“ အဲ့ဒီအကြွင်းအကျန် ဝိညာဥ်တွေအပြင်၊ ဒီရှေးဟောင်းနယ်မြေကိုယ်တိုင်က အန္တရာယ်ကောင်ကြီးပဲ၊ ဒီထဲမှာက ပကတိ အထွတ်အထိပ် ပညာရှင်ကိုတောင် ဖိနှိပ်နိုင်တဲ့ ရှေးဟောင်းတားမြစ်ချက်တွေ ရှိတယ်။ အချိန်တော်တော်ကြာသွားလို့ တစ်ချို့ဟာတွေက ထိခိုက်ပျက်စီးသွားနိုင်ပင်မဲ့၊ တစ်ခြားဟာတွေကတော့ အကောင်းအတိုင်းနီးပါး ရှိနေသေးတယ် “

“ ပြီးတော့ ဒီရှေးဟောင်း နယ်မြေကြီးရဲ့ အနက်ရှိုင်းဆုံးနေရာမှာက ရှေးဟောင်း သားရဲရိုင်းကြီးတွေ ရှိနေနိုင်တယ်၊ အများစုကတော့ နှစ်ထောင်နဲ့ချီပြီးတော့ ရှင်သန်နိုင်ကြတယ်၊ ဒါပင်မဲ့ ပုံမှန်မဟုတ်တဲ့ မျိုးစိတ်တွေကတော့ နှစ်သောင်းနဲ့ချီပြီးတော့ကို အသက်ရှည်တယ် ………….. “

ကွေ့တျန်ဖုန်း၏ စကားပြောဆိုမှု ပြီးဆုံးသွားသည့်နောက်၌၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ့ကိုယ်သူ သံသယ ဝင်သွားခဲ့သည်။

သူသည် ဤရှေးဟောင်း အပျက်အစီး နယ်မြေအတွင်းတွင် အန္တရာယ်ပေါင်းသောင်းခြောက်ထောင် ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

အရေးအကြီးဆုံးအရာမှာ ကွေ့တျန်ဖုန်း၏ ပြောစကားများအရ ယခုလက်ရှိ သူတို့ရှိနေသည့် ဤဒေသက ရှေးဟောင်းနယ်မြေ၏ အပြင်ပိုင်းဒေသသာ ဖြစ်သည်ဟု သိရခြင်းပင် ဖြစ်သည်။

အတွင်းပိုင်း ဒေသနှင့် အဓိက ဒေသများဆီသို့ ရောက်ရှိသွားသောအခါတွင်၊ အန္တရာယ်သည် အဆပေါင်း ရာနှင့်ချီ၍ မြင့်တက်လာမည် ဖြစ်သည်။

ငါက လူသားဧကရာဇ်ရဲ့ အမွေအနှစ်ကို ရနိုင်ပါ့မလား

ထိုစကားများကို ပြောခဲ့ပြီးသည့်နောက်၌ ကွေ့တျန်ဖုန်း၏ ပုံရိပ်သည် လေထု၏ ရန်ရှာခြင်းကို ခံနေရသည့် ဖယောင်းတိုင်မီးသဖွယ် မငြိမ်မသက်ဖြစ်နေခဲ့ကာ အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်အလား ဖြစ်လာခဲ့သည်။

“ ငါသိတာကတော့ ……. ဒီလောက်ပဲ၊ …….. ကျန်တာကတော့ …… မင်း ….. မင်းအပေါ်မှာပဲ မူတည်တယ်၊ ….. ဂရုစိုက် “

ထိုစကားကို ပြောလာခဲ့ပြီးသည့်နောက်တွင် ကွေ့တျန်ဖုန်း၏ ဒေါင်လိုက်မျက်လုံးများ မှိန်ဖျော့သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် တောင်တစ်လုံးသဖွယ် ဖြစ်နေသည့် သူ၏ဝိညာဥ်ခန္ဓာကိုယ်မှာလည်း လျင်မြန်စွာ လဲပြိုသွားကာ၊ သန့်စင်သော အကြွင်းအကျန် ဝိညာဥ်ဖြင့် ဖွဲ့စည်းထားသည့် ကြီးမားသော ဆေးလုံးကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဆေးလုံးဟုခေါ်ဆိုသော်လည်း ၎င်းသည် လူ့ဦးခေါင်းဆယ်လုံးစာမျှ ကြီးမားနေခဲ့သည်။

ကွေ့တျန်ဖုန်းသည် သူ့ကိုယ်သူ စုပ်ယူဝါးမြိုရ လွယ်ကူသည့် အခြေအနေမျိုးသို့ ပြောင်းလဲပစ်ခဲ့သည်၊ ထိုကဲ့သို့သာ မဟုတ်ဘဲ၊ သူ၏ကြွင်းကျန်ဝိညာဥ်ကို တိုက်ရိုက်ဝါးမြိုလိုက်မည်ဆိုပါက၊ အကျိုးအာနိသင် အနည်းငယ်မျှသာ ရရှိလိမ့်မည် ဖြစ်သည်။

အကြောင်းအရင်းမှာ ရိုးရှင်းလွန်းနေခဲ့သည်၊ နဝမအဆင့်သို့ ရောက်ရှိရန်အတွက် ရှေးဦး ဝိညာဥ်သည် ကိုယ့်ကိုကိုယ် ကာကွယ်သည့် စွမ်းရည်တစ်ခုကို ဖန်တီးရသောကြောင့် ဖြစ်သည်။

အကယ်၍ တစ်ခြား ရှေးဦး ဝိညာဥ်ကို တိုက်ရိုက်ဝါးမြိုလိုက်မည်ဆိုပါက၊ သူ၏ ရှေးဦး ဝိညာဥ်မှာ ကာကွယ်ရေး စွမ်းရည်ကို တိုက်ရိုက်ရရှိသွားမည်ဖြစ်ကာ၊ အာဟာရဓာတ်အားလုံးကို ဖြိုခွင်း၍ သူ့အား မည်သည့်အကျိုးအမြတ်ကိုမှ ရရှိစေတော့မည် မဟုတ်ပေ။

ကွေ့တျန်ဖုန်း၏ နည်းလမ်းသည် ကာကွယ်ရေး စွမ်းရည်ကို ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် အဆိုပါ ရှေးခေတ် ပညာရှင်ကြီး၏ ရက်ရောမှုကို မအံ့ဩဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် သတိအပြည့်ကပ်နေကာ၊ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

အကြွင်းအကျန် ဝိညာဥ်ကို ဝါးမြိုရခြင်းသည် သတိကြီးကြီးထားရန် လိုအပ်သည်၊ သမိုင်းတွင် ခန္ဓာကိုယ် အသိမ်းခံလိုက်ရသည့် ဖြစ်ရပ်ပေါင်းများစွာ ပေါ်ထွက်လာခဲ့ဖူးသည်။

အကယ်၍ တစ်ဖက်လူက လှည့်ကွက်များ ချန်၊ မချန်ဆိုသည်ကိုမူ၊ နောက်ဆုံးအချိန်မှသာလျှင် သိရမည် ဖြစ်သည်။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်နေ့တာ ကုန်ဆုံးသွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ ရှေ့တွင် ရှိနေသည့် ဆေးလုံးကြီးသည် လုံးဝမှိန်ဖျော့သွားခဲ့ပြီဖြစ်ကာ၊ မည်သည့်လှိုင်းကိုမှ မထုတ်လွှတ်တော့ပေ။

၎င်းမှာ သာမန်ဆေးလုံးတစ်လုံးကဲ့သို့သာ ဖြစ်နေပုံရသည်။

“ စလိုက်ကြတာပေါ့ကွာ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ကိုယ်ပွားတစ်ခုကို လွှတ်ပေးလိုက်ပြီး၊ ဆေးလုံးထံမှ လက်မအရွယ် အပိုင်းအစတစ်ခုကို ဖဲ့ယူကာ မြိုချခိုင်းလိုက်သည်။

သူသည် သူ၏တကယ့်ခန္ဓာကိုယ်ကို တိုက်ရိုက်သောက်သုံးခိုင်းလောက်ရသည်အထိ မိုက်မဲမနေခဲ့ဘဲ ကိုယ်ပွားဖြင့် အရင်ဦးဆုံး စမ်းသပ်ကြည့်နေခဲ့သည်။

“ ဘုမ်းးးး “

ချက်ချင်းဆိုသလိုပင် ကိုယ်ပွားသည် သူ၏ပါးစပ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းတစ်ခု ပေါက်ထွက်လာသည်ကို ခံစားလိုက်ရသည်။

ထူးဆန်းစွာဖြင့် အဆိုပါ စွမ်းရည်သည် အစာအိမ်ထဲသို့ မရောက်သွားခဲ့ဘဲ၊ အပေါ်သို့ ပြန်တက်လာခဲ့ကာ ခရမ်းရောင် နန်းတော်အတွင်းသို့ တိုးဝင်သွားခဲ့သည်။

“ ဗွီ “

ချက်ချင်းဆိုသလိုပင် သူ၏ခရမ်းရောင် နန်းတော်သည် စတင်၍ ပြင်းပြင်းထန်ထန် လှုပ်ခါလာခဲ့သည်။

အစပိုင်းတွင် ခရမ်းရောင် နန်းတော်သည် ဂြိုဟ်သားကျူးကျော်မှုကို ခံနေရသည့်အလား ပြင်းပြင်းထန်ထန် ငြင်းပယ်ဖယ်ထုတ်နေခဲ့သည်။

…………………………………………………………………………………………………………………………………..

အပိုင်း ( 602 )

အကြွင်းအကျန် ဝိညာဥ်၏ အားဖြည့်ပေးမှု၊ နဝမအဆင့် နတ်စွမ်းအား ၂

သို့သော် တစ်ခဏအကြာ၌ စိတ်ဝိညာဥ်သည် အဆိုပါ စွမ်းအင်က သူ့အား မထိခိုက်စေဘူးဆိုသည်ကို သိရှိသွားခဲ့သည်၊ ၎င်းသည် သူ့အတွက် အကျိုးအမြတ်များစွာ ယူဆောင်ပေးလာခဲ့သည်။

ထို့ကြောင့် စိတ်ဝိညာဥ်သည် အဆိုပါ စွမ်းအင်ကို ဖြည်းဖြည်းချင်း လက်ခံလာခဲ့သည်။

တစ်ချိန်တည်းမှာပင် စိတ်ဝိညာဥ် အတွင်းရှိ ရှေးဦး ဝိညာဥ်သည် ရုတ်တရက် စုပ်ယူကာ အဆိုပါ စွမ်းအင်ကို ချေဖျက်နေခဲ့သည်။

“ ဇွီ “

ချက်ချင်းဆိုသလိုပင် ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ စိတ်ဝိညာဥ်က အဆင့်တက်သွားသည်ကို ခံစားလိုက်ရသည်။

အစပိုင်းတွင် မီတာ တစ်ရာမျှသာ ကျယ်ဝန်းသော်လည်း၊ ၎င်းသည် အဆပေါင်း ဒါဇင်နှင့်ချီ၍ မြင့်တက်ကြီးထွားလာခဲ့သည်။

“ အဲ့တာက …. “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်နှာပေါ်တွင် တအံ့တဩ ဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်၊ ငါက လက်မအရွယ်လောက်ကိုပဲ သုံးရသေးတာလေ၊ ငါ့စွမ်းရည်တွေက နှစ်ဆနီးပါး တိုးတက်လာခဲ့တာလား

သူသည် မည်သည့်ဘေးထွက်ဆိုးကျိုးမှ မရှိဘူးဆိုသည်ကို သေချာသိရရန်အတွက် တစ်ခဏခန့် စောင့်ဆိုင်းနေတော့သည်။

“ ကြည့်ရတာတော့ စီနီယာ ကွေ့တျန်ဖုန်း ချန်ထားခဲ့တဲ့ ဆေးလုံးက ငါ့အတွက် တော်တော်ကြီး အကျိုးရှိတယ်ဆိုတာက အမှန် ဖြစ်နေတာပဲဟ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ့အရှေ့တွင် ရှိနေသည့် ဆေးလုံးကို ထပ်ကြည့်လိုက်ကာ၊ မျက်လုံးများ တောက်ပသွားခဲ့သည်။

သူသည် ဤဆေးလုံးက သူ့အား ဘေးမဖြစ်စေဘူးဆိုသည်ကို သေချာသွားခဲ့သည်၊ ဆန့်ကျင်ဘက်အနေဖြင့် ဤဆေးလုံးကို ဝါးမြိုလိုက်ပြီးသည့်နောက်၌၊ သူ၏ခွန်အားမှာ ကြောက်ခမမ်းလိလိ မြင့်တက်သွားမည် ဖြစ်သည်။

အစောပိုင်း အချိန်များအတွင်းက ကွေ့တျန်ဖုန်း ပြောထားသည့်အတိုင်းပင်၊ ၎င်းသည် နဝမအဆင့်သို့ တိုက်ရိုက်ရောက်ရှိသွားသည်အထိ ဖြစ်သွားနိုင်ပေသည်။

၎င်းကို တွေးမိသွားသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် တွေဝေတုံ့ဆိုင်းမနေတော့ဘဲ၊ သူ၏ ပါးစပ်ကို ဖွင့်ကာ ဆေးလုံးတစ်ခုလုံးကို မြိုချလိုက်သည်။

“ ဘုမ်းးး “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာ၌ ယခင်တစ်ခေါက်ကထပ် ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်သည် သူ၏စိတ်ထဲတွင် ပေါက်ထွက်လာခဲ့သည်။

စိတ်ဝိညာဥ်ပင် ပြင်းပြင်းထန်ထန် လှုပ်ခါသွားခဲ့သည်။

အကယ်၍ သူ့နေရာတွင် တစ်ခြားလူသာဖြစ်နေမည်ဆိုပါက၊ ဤကဲ့သို့ ပြင်းထန်လွန်းလှသော တုန်ခါမှုအောက်တွင် စိတ်ဝိညာဥ် ကွဲအက်သွားမည် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားသည် ဆင့်ကဲပြောင်းလဲမှုကို အကြိမ်ပေါင်းများစွာ ခံယူခဲ့ရပြီး၊ သူ၏ စိတ်ဝိညာဥ်နှင့် ရှေးဦး ဝိညာဥ်တို့မှာ အလွန်တရာ အားကောင်းတည်ငြိမ်နေခဲ့သည်။

ထိုကဲ့သို့သော တုန်ခါမှုမျိုးဖြင့် ရင်ဆိုင်ရသော်လည်း၊ မည်သို့မျှ မထိခိုက်သွားခဲ့ပေ။

ထို့အပြင် သူ၏ စိတ်ဝိညာဥ်သည် ကြောက်မက်ဖွယ်ကောင်းသည့် အဆိုပါ စွမ်းအင်၏ ဆေးကြောမှုအောက်တွင် ပို၍ အားကောင်းကာ ပိုမိုတောက်ပလာခဲ့သည်။

“ ဗွီ “

ခရမ်းရောင် အလင်းတန်းတစ်ခု ဖြာထွက်လာခဲ့ပြီး၊ စိတ်ဝိညာဥ် ပြန့်ကားလာခဲ့သည်။

ထိုစဥ် စိတ်ဝိညာဥ်အတွင်းတွင် ရှိနေသည့် ရှေးဦးဝိညာဥ်သည် ရှေးဦးဝိညာဥ် ဓမ္မပုံရိပ်ကို ပြသလာခဲ့ပြီး၊ ခမ်နားထည်ဝါသည့် အရှိန်အဝါတစ်ခု ပျံ့လွင့်လာခဲ့သည်။

ရှေးဦးဝိညာဥ် ဓမ္မပုံရိပ်၏ ပေါ်ထွက်လာမှုသည် စွမ်းအင်စုပ်ယူမှု အမြန်နှုန်းကို ပိုမိုမြန်ဆန်သွားစေခဲ့သည်။

ရှေးဦးဝိညာဥ် ဓမ္မပုံရိပ်သည် ၎င်း၏ပါးစပ်ကို ကျယ်ကျယ်ဟကာ၊ ဝေလငါး တစ်ကောင်က ရေသောက်နေသကဲ့သို့ စွမ်းအင်များကို အရူးအမူး စုပ်ယူနေတော့သည်။

အဆိုပါ စွမ်းအင်သည် လွန်စွာသန့်စင်နေခဲ့ပြီး၊ ၎င်းတို့ကို ချေဖျက်ရန်အတွက် အနည်းငယ်မျှသာ အားထုတ်ခဲ့ရလေသည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင်

“ ငါ့ရဲ့ စိတ်ဝိညာဥ်နယ်မြေက ကြီးထွားလာပြီ “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

ဤမြူခိုးကမ္ဘာကြီး အတွင်း၌ စိတ်စွမ်းအားသည် မီတာ တစ်ရာအကွာအဝေးတွင်သာ ကန့်သတ်ခံထားရသည်။

သို့သော် ယခုတွင်ကား သူ၏ စိတ်ဝိညာဥ်စွမ်းအား မြင့်တက်လာသောကြောင့်၊ သူအာရုံခံနိုင်သည့် အကွာအဝေးမှာလည်း သိသိသာသာ ကျယ်ပြန့်လာခဲ့သည်။

မီတာ ၂၀၀

မီတာ ၃၀၀

မီတာ ၅၀၀

မီတာ ၁၀၀၀

မီတာ တစ်ထောင်အထိ ရောက်သွားသော အခိုက်အတန့်တွင် ရှေးဦး ဝိညာဥ်သည် အပြောင်းအလဲ တစ်ချို့ကို ခံယူလိုက်ရပုံပေါ်ပြီး၊ ၎င်း၏ မျက်လုံးများထဲတွင် နတ်အလင်းတန်းတစ်ခု ရုတ်တရက် ဖြစ်တည်လာခဲ့သည်။

ရှင်းပြ၍ မရနိုင်သော အသိအမြင်တစ်ခု ရရှိလာခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ရှေးဦး ဝိညာဥ်၏ အမြင်အာရုံမှ မြင်တွေ့ရသော အရာရာတိုင်းက ကွဲပြားခြားနားသွားပြီး၊ အရာဝတ္ထုများ၏ အနှစ်သာရကို ပိုမိုလွယ်ကူစွာ နားလည်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှေးဦးဝိညာဥ် ဓမ္မပုံရိပ်၏ မျက်နှာပြင်ပေါ်တွင် အလင်းတန်းတစ်ခု ပေါ်ပေါက်လာခဲ့ပြီး၊ ထူးဆန်းသော အသွင်ပြောင်းမှုတစ်ခုကို ခံယူလိုက်ရသည်။

စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသော ထူးခြားသည့် အရည်အသွေးတစ်ခုသည် သူ၏ ရှေးဦး ဝိညာဥ်ထံမှ ပေါ်ထွက်လာခဲ့သည်။

“ ငါ့ရဲ့ စိတ်ဝိညာဥ်စွမ်းအားက အဆင့်၉နယ်ပယ်ကို ရောက်သွားပြီ၊ ဒီပမာဏဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေက ငါ့ရဲ့ စိတ်ဝိညာဥ် အရည်အသွေးကို တိုးတက်ပြောင်းလဲသွားစေခဲ့တယ် “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်နှာပေါ်တွင် ဉာဏ်အလင်းရနေသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။

ပုံမှန်ကျင့်ကြံရေး လမ်းကြောင်းများအရသာဆိုပါက၊ လူတစ်ဦးသည် ရှေးဦးဝိညာဥ်ကို အရင်ဦးဆုံး ကျင့်ကြံသင့်ပြီး၊ ရှေးဦးဝိညာဥ်က လုံလုံလောက်လောက် သန်မာအားကောင်းသွားသည့် အချိန်မှသာလျှင်၊ စိတ်ဝိညာဥ်စွမ်းအားက စတင်၍ ကြီးမားကျယ်ပြန့်လာမည် ဖြစ်သည်။

သို့သော် ယခုတွင်ကား ကွေ့တျန်ဖုန်း၏ အကြွင်းအကျန် ဝိညာဥ်၏ ပေါင်းစည်းမှုကြောင့်၊ သူ၏ စိတ်ဝိညာဥ်စွမ်းအားမှာ မိုးထိထောင်တက်သွားခဲ့သည်။

စိတ်ဝိညာဥ်စွမ်းအားကပင် ရှေးဦးဝိညာဥ်ကို တဖန်ပြန်၍ အားဖြည့်ပေးနေခဲ့သည်။

ရလဒ်အနေဖြင့် သူ၏ ရှေးဦးဝိညာဥ်သည် နဝမအဆင့် တံခါးပေါက်ကို အရင်ဦးဆုံး ထိတွေ့သွားနိုင်ခဲ့သည်။

“ ဒါက အဆင့်၉ နယ်ပယ်ရဲ့ စွမ်းအားလား “

ရှေးဦးဝိညာဥ်မှ ၎င်း၏လက်သီးကို ဆုပ်လိုက်ရာ၊ ရှေးဦးဝိညာဥ် ဓမ္မပုံရိပ်အပေါ်တွင် ရောင်ခြည်လွှာတစ်ခု ဖုံးအုပ်လာခဲ့သည်၊ ၎င်းမှာ နဝမအဆင့်နယ်ပယ်၏ နတ်စွမ်းအား ဖြစ်သည်။

နဝမအဆင့်သို့ မရောက်ခင် အချိန်တွင်၊ လူသားတို့၏ စွမ်းအားကို ချီ-သွေးဟုခေါ်ပြီး၊ သားရဲတို့၏ စွမ်းအားကိုမူ နတ်ဆိုးစွမ်းအင်ဟု ခေါ်ဆိုလေ့ရှိကြသည်။

နဝမအဆင့်သို့ ရောက်ရှိလာသည့် အချိန်တွင်မူ၊ စွမ်းအားအရင်းအမြစ် အသွင်ပြောင်းသွားပြီး၊ အဆိုပါ စွမ်းအားကို နတ်စွမ်းအားဟု ပြောင်းလဲခေါ်ဆိုကြပေသည်။

သို့ရာ၌ နိယာမကို နားလည်ခြင်းမရှိဘူးဆိုပါက၊ နတ်စွမ်းအားသည် မူလနိယာမ၏ ထောက်ပံ့မှုကို ရရှိနိုင်လိမ့်မည် မဟုတ်ပေ၊ ထိုကဲ့သို့ ဖြစ်နေသည့်လူကို အစစ်အမှန် နဝမအဆင့် ပညာရှင် မခေါ်နိုင်ပေ။

သို့သော် ၎င်းက နဝမအဆင့် အောက်တွင် ပြိုင်ဘက်ကင်းဖြစ်နေမည်ဆိုသည်ကိုတော့ သံသယဝင်နေရန် မလိုအပ်ချေ။

“ ရှေးဦး ဝိညာဥ်နဲ့ စိတ်ဝိညာဥ်စွမ်းအား နှစ်ခုစလုံးက အဆင့်၉ကို ရောက်သွားပြီ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အံ့ဖွယ်ကောင်းသော စွမ်းအားများကို ခံစားကြည့်နေရင်းဖြင့်၊ အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။

သို့သော် ဤအသွင်ပြောင်းမှုမှာ မပြီးပြည့်စုံသေးပေ။

စိတ်ဝိညာဥ်နှင့် ရှေးဦးဝိညာဥ်တို့ ပြောင်းလဲသွားပြီးသည့်နောက်တွင်၊ စွမ်းအင် အပိုင်းအစလေးတစ်ခု ကျန်ရှိနေခဲ့သည်။

ထို့နောက်တွင် အဆိုပါ စွမ်းအင်သည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်နှင့် စတင်၍ ပေါင်းစပ်နေတော့သည်။

“ ဘုမ်းး ဝုန်းး ဘုမ်းးး “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်မှ ကျယ်လောင်သော မြည်ဟီးသံများ ပေါ်ထွက်လာခဲ့သည်။

ထို့နောက်၌ ၎င်း၏ ခန္ဓာကိုယ်မှာ သိသိသာသာ ပြောင်းလဲလာတော့သည်။

“ ဝေါင်းးး “

ပြင်းထန်သော နာကျင်မှုကို ခံစားနေရသောကြောင့် ကြယ်တာရာ T-Rex နတ်ဘုရားသည် မအောင့်ထားနိုင်တော့ဘဲ၊ ဟိန်းဟောက်လာခဲ့သည်။

သူ၏ အသွင်ပြောင်းလဲမှု အမြန်နှုန်းက အလွန်တရာ မြန်ဆန်နေပြီး၊ သူ့ခန္ဓာကိုယ်၏ လုပ်နိုင်စွမ်းထပ် ကျော်လွန်နေခဲ့သောကြောင့် ထိုကဲ့သို့ အလွန်အမင်း ပြင်းထန်သော နာကျင်မှုမျိုး ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။

စက္ကန့်တိုင်းတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ ပြောင်းလဲတိုးတက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည် စနစ်၏မျက်နှာပြင်ပေါ်တွင် ရှိနေသည့် သူ၏အဆင့်က မိုးထိထောင်တက်လာသည်ကို မြင်တွေ့သွားခဲ့သည်။

အဌမအဆင့် အဆင့်၄

အဌမအဆင့် အဆင့်၅

အဌမအဆင့် အဆင့်၆

အဌမအဆင့် အဆင့်၇

သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာလည်း အဆင့်သုံးဆင့်ကျော် မြင့်တက်သွားခဲ့ပြီး၊ နှောင်းပိုင်း အဌမအဆင့်နယ်ပယ်သို့ ဝင်ရောက်သွားခဲ့သည်။

သို့သော် အဆိုပါ တိုးတက်မှုဖြစ်စဥ်မှာ မပြီးဆုံးသေးပေ။

ကွေ့တျန်ဖုန်း၏ ကြွင်းကျန် ဝိညာဥ်သည် ကြီးမားသော စွမ်းအင်ပမာဏကို ယူဆောင်ပေးလာခဲ့ပြီး၊ ကျန်ရှိနေခဲ့သည့် နောက်ဆုံးသော အပိုင်းအစလေးပါ ကုန်ဆုံးသွားစေသည်အထိ၊ သူ၏စုပ်ယူမှုနှုန်းကို မြှင့်တင်ပေးခဲ့သည်။

၎င်းမှာ ပကတိ အထွတ်အထိပ် ပညာရှင်၏ မြှင့်တင်ပေးမှုဖြစ်ပြီး၊ မယုံနိုင်ဖွယ်ကောင်းလောက်သည်အထိ စွမ်းအားများ တိုးပွားလာခဲ့သည်။

အဌမအဆင့် အဆင့်၈

အဌမအဆင့် အဆင့်၉

အဌမအဆင့် အဆင့်၁၀

“ ဘုမ်း “

အဌမအဆင့် အဆင့်၁၀သို့ ရောက်ရှိခဲ့ပြီးသည့်နောက်၌၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ခန္ဓာကိုယ်က ပြိုကွဲလုမတတ် ဖြစ်နေသည်ဟု ခံစားလာခဲ့ရသည်။

ပြင်းထန်သော အဆင့်ထိုးဖောက်မှုသည် သူ၏အသွေးအသားများကို ကြွေမွကာ ပြန်လည်စုစည်းသွားစေခဲ့သည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် နာကျင်မှုက တဖြည်းဖြည်း လျော့ပါးလာခဲ့သည်။

ထို့နောက် အားကောင်းသော မြှင့်တင်မှုနှင့် တစ်ကြိမ်တစ်ခါမှ မကြုံတွေ့ခဲ့ဖူးသည့် သန့်စင်မှုတို့ကြောင့် အဆုံးမဲ့ သက်တောင့်သက်တာ ဖြစ်နေခဲ့သည်။

“ ဆွစ်ရှ် “

ကြယ်တာရာ T-Rex နတ်ဘုရားမှ ၎င်း၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လာခဲ့ရာ၊ အံ့ဖွယ်ကောင်းသည့် အလင်းတန်းနှစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ မီတာ တစ်သောင်းဧရိယာအတွင်းတွင် ရှိနေသည့် ဟင်းလင်းပြင်ကို ချက်ချင်း ဆုတ်ဖြဲသွားခဲ့သည်။

အဆင့် : အဌမအဆင့် အဆင့် ၁၀ ( ၁၀% )

အသားတင် အလေးချိန် : ကီလိုဂရမ် ၃၁သန်း

…

“ ငါက အဆင့်၈ အထွတ်အထိပ်ကို ရောက်လာခဲ့ပြီ “

“ ပြီးတော့ ငါ့ရဲ့ အလေးချိန်ကလည်း အချိန်တိုအတွင်းမှာ ကီလိုဂရမ် ၁၀သန်းအထိ တိုးလာခဲ့တယ်။ အဲ့တာက အရိုးသိပ်သည်းမှု မြင့်သွားတာကြောင့် ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေပဲ ဖြစ်ရမယ် “

တစ်ရက်အတွင်း ကိုယ်အလေးချိန် ကီလိုဂရမ် ၁၀သန်းအထိ မြင့်တက်လာခဲ့ခြင်းမှာ ပုံမှန် သူနေ့စဥ်ရရှိနေကျ အကန့်အသတ်ဖြစ်သော ကီလိုဂရမ် ငါးသိန်းထပ် များစွာကျော်လွန်နေခဲ့သည်။

ပကတိ အထွတ်အထိပ် ပညာရှင်၏ အကြွင်းအကျန် ဝိညာဥ်ကသာလျှင် ဤမျှ အံ့ဖွယ်ကောင်းသော အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်လာစေနိုင်သည်။

အမှန်တိုင်း ပြောရမည်ဆိုပါက ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်နှင့် ကိုယ်တွင်းအဂ်ါများက လုံလုံလောက်လောက် အားကောင်းနေသောကြောင့်သာလျှင်၊ ဤကဲ့သို့သော အသွင်ပြောင်းမှုကို ခံယူနိုင်ခဲ့ခြင်း ဖြစ်သည်။

အချိန်တိုအတွင်းတွင် ကီလိုဂရမ် ၁၀သန်းအထိ မြင့်တက်လာခြင်းသည် နဝမအဆင့် ပညာရှင်များကိုပင် အတော်လေး ခံစားသွားရစေမည် ဖြစ်သည်။

သို့ရာ၌ ယခုတွင် နာကျင်မှုအားလုံးသည် ကြယ်ဝသော ဆုလဒ်များအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် စွမ်းအားများကို ခံစားကြည့်နေရင်းဖြင့် မနေနိုင်တော့ဘဲ၊ ပြုံးမိသွားခဲ့သည်။

ခံစားလိုက်ရတာနဲ့ တန်တယ်ဟေ့

ဒီတစ်ကြိမ်တွင် လူသားဧကရာဇ်၏ အမွေနှစ်ကို ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ဤတိုးတက်ပြောင်းလဲမှုနဲ့တင် ဤကမ္ဘာ့ကြယ် ခရီးစဥ်က အောင်မြင်သွားပြီဟု သတ်မှတ်နိုင်ပေသည်။

သူက နဝမအဆင့် နယ်ပယ်သို့ မရောက်သေးသော်လည်း၊ ခြေတစ်လှမ်းမျှသာ လိုတော့ပေသည်။

သူ၏ ရှေးဦးဝိညာဥ်ကမူ နဝမအဆင့် တံခါးဝနှင့် ထိတွေ့နေနိုင်ပြီဖြစ်ပြီး၊ နဝမအဆင့် နတ်စွမ်းအားကို ကိုင်ဆောင်ထားကာ၊ အဌမအဆင့်မှ သက်ရှိသတ္တဝါအားလုံးကို ဖိနှိပ်နေနိုင်ပြီ ဖြစ်သည်။

“ အခု၊ အနက်ရောင်ချီလင်တို့လို ကမ္ဘာ့ကြယ်ရဲ့ အဌမအဆင့် အထွတ်အထိပ် သားရဲတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင်၊ ငါက လက်မြှောက်လိုက်ရုံနဲ့ သူတို့ကို ဖိနှိပ်နေနိုင်ပြီ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အလွန်တရာ ယုံကြည်မှု ရှိနေခဲ့ပြီး၊ သူသည် အဆင့်တူအတွင်းတွင် မည်သူ့ကိုမှ မကြောက်ပေ။

“ အခုဆိုရင် အဆင့်၉နဲ့ ခြေတစ်လှမ်းပဲ လိုတော့တယ်၊ တာအိုမူလနိယာမကို နားလည်အောင် လုပ်ရမယ် “

“ ဒါပင်မဲ့ အဲ့တာက ငါ့အတွက်တော့ အလွယ်ဆုံး အလုပ်ပဲ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် တဟားဟား ရယ်မောနေတော့သည်။

သူ၏ တာအို အရှင်သခင် စွမ်းရည်နှင့်ဆိုပါက၊ တာအိုကို နားလည်ဆင်ခြင်ခြင်းမှာ သူ့အတွက် အလွန်တရာ လွယ်ကူနေမည် ဖြစ်သည်။

တစ်ဖက်ရှိ မူလကိုယ်တစ်ဖြစ်လဲ၊ ရှုကျိုးကမူ အခက်အခဲတစ်ချို့နှင့် ရင်ဆိုင်ရနိုင်ပေသည်။

သို့သော် တာအို မူလဇစ်မြစ်ကို နားလည်သွားသည်နှင့်တစ်ပြိုင်နက်၊ သူသည် အတွေ့အကြုံများကို မျှဝေနိုင်ပြီး၊ မူလကိုယ်၏ အလုပ်ကိုလည်း များစွာ လွယ်ကူသွားစေရန် ကူညီပေးနိုင်မည် ဖြစ်သည်။

အနာဂတ်အတွက် အစီအစဥ်များ ချမှတ်ခဲ့ပြီးသည့်နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ပို၍ စိတ်အေးလက်အေး ဖြစ်သွားခဲ့သည်။

ရက်ပေါင်းများစွာ အပြင်းအထန် ကြိုးစားခဲ့ရပြီးသည့်နောက်တွင်၊ ကြိုးစားမှု၏ အသီးအပွင့်များကို ခံစားလာခဲ့ရပြီ ဖြစ်သည်။

သို့သော် အနားယူရန် ပြင်လိုက်သည့်အချိန်တွင် သူ၏အမူအရာ တင်းမာသွားခဲ့ရသည်။

“ ဟမ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ခန္ဓာကိုယ်ကို ကြည့်ကာ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။

…………………………………………………………………………………………………………………………………

အပိုင်း ( 603 )

လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီအကြာက ပညာရှင်လား

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ခန္ဓာကိုယ်ကို ကြည့်ရှုနေရင်းဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် ယခင်က ပျက်စီးနေခဲ့သည့် လူ၏ ခန္ဓာကိုယ်တစ်ဝက်က အပြည့်အဝ ပြန်လည်ကောင်းမွန်နေသည်ကို သူမြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

နဝမအဆင့်မှ ချန်ရစ်ထားခဲ့သည့် နိယာမစွမ်းအားမှာလည်း သူ့နတ်စွမ်းအား၏ ဆေးကြောမှုအောက်တွင် လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ယခုလက်ရှိ အချိန်၌ သူ၏ခန္ဓာကိုယ် တစ်ခုလုံးတွင် မီးခိုးရွှေရောင် ရောင်ခြည်တစ်ခု တောက်ပနေခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်သည် ရွှေသွင်းထားသည့်အလား တလက်လက် တောက်ပနေခဲ့သည်။

အရေးအကြီးဆုံးအရာမှာ သူ့နောက်ကျောတွင် ရှိနေသည့် အတောင်ပံများဖြစ်ပြီး၊ ၎င်းတို့သည် ရွှေနက်ရောင်အဖြစ် ပြောင်းလဲသွားကာ၊ ဖြန့်ကျက်လိုက်သည့်အချိန်တွင် မီတာတစ်ထောင်အထိ ဖုံးလွှမ်းနေခဲ့လေသည်။

“ ငါ့ရဲ့ နတ်ဆိုးစွမ်းအားလည်း ပြန်ပြည့်သွားပြီ “

“ အင်း၊ အဲ့တာကို နတ်စွမ်းအားလို့ ပြောင်းခေါ်သင့်နေပြီထင်တယ် “

ခန္ဓာကိုယ်တွင် ဖြစ်ပေါ်လာခဲ့သည့် အံ့ဖွယ်ကောင်းသော ပြောင်းလဲမှုများကို ခံစားလိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏လက်သီးများကို ဆုပ်ခဲနေတော့သည်။

ချက်ချင်းဆိုသလိုပင် အစွမ်းထက် နတ်စွမ်းအားများ လျှံထွက်လာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်ထဲတွင် စွမ်းအားတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။

“ တော်တော်ကြီးကို စွမ်းတာပဲဟ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ယခုလက်ရှိ သူ၏အ‌နေအထားနှင့် ပတ်သက်ပြီး စိတ်ကျေနပ်ပျော်ရွှင်သွားခဲ့သည်။

“ လူသားဧကရာဇ် အမွေအနှစ်ကို သွားရှာရမဲ့ အချိန်ရောက်ပြီ “

သူသည် ဤနေရာတွင် နဝမအဆင့်သို့ တက်လှမ်းရန် မရည်ရွယ်ထားခဲ့ပေ၊ ဤကမ္ဘာ၏ တာအိုနှင့် နဝမအဆင့်သို့ ထိုးဖောက်လိုက်မည်ဆိုပါက၊ နောင်အနာဂတ်၌ ပကတိ အထွတ်အထိပ်သို့ တက်လှမ်းရာတွင်လည်း၊ ဤကမ္ဘာ့ တာအို၏ ထောက်ပံ့မှုကို လိုအပ်လာလိမ့်မည် ဖြစ်သည်။

ထို့အပြင် သူသည် မထွက်သွားခင် အချိန်တွင် ဤကမ္ဘာ၏ တာအိုကို ထိန်းချုပ်ရန် ရည်ရွယ်ထားခဲ့သည်၊ ထို့ကြောင့် ဤကမ္ဘာတွင် အဆင့်တက်လိုက်မည်ဆိုပါက ကိုယ့်ကိုကိုယ် ကြိုးကွင်းစွပ်သကဲ့သို့ ဖြစ်သွားလိမ့်မည် ဖြစ်သည်။

“ ငါ့ရဲ့ အခုလက်ရှိ စွမ်းအားနဲ့ လူသားဧကရာဇ် စည်းတံဆိပ်ကို ပေါင်းစပ်လိုက်မယ်ဆိုရင်၊ ဒီရှေးဟောင်းနယ်မြေထဲ လျှောက်သွားဖို့က ပိုပြီးတော့ စိတ်ချသွားရပြီ “

ထိုအတွေးနှင့်အတူ ကြယ်တာရာ T-Rex နတ်ဘုရားသည် မြူခိုးကမ္ဘာအတွင်းသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

…

“ ဝှစ် “

မြူခိုးကမ္ဘာအတွင်း၌

ပုံရိပ်တစ်ခုသည် လျင်မြန်စွာ ပျံသန်းနေခဲ့သည်။

အနီးကပ်ကြည့်ရှုလိုက်မည်ဆိုပါက မီတာ ခြောက်ရာကျော် ရှည်လျားပြီး၊ မြေပြင်အထက်တွင် ပျံသန်းနေသည့် ဧရာမ ပုံရိပ်ကြီးတစ်ခုဖြစ်နေသည်ကို မြင်တွေ့လိုက်ရမည် ဖြစ်သည်။

၎င်းမှာ အဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည့် ကြယ်တာရာ T-Rex နတ်ဘုရားမှတစ်ပါး အခြားလူ မဟုတ်ပေ။

“ အဆင့်တက်ခဲ့ပြီးတဲ့နောက်မှာ ငါ့ရဲ့ စိတ်စွမ်းအားကလည်း တစ်ကီလိုမီတာအထိ လွှမ်းခြုံနေနိုင်ပြီး၊ ငါကိုယ်တိုင်ကလည်း မြေကြီးနဲ့ သိပ်မကွာတဲ့ လေထုထဲမှာပါ ပျံသန်းလို့ရနေပြီ “

၎င်းတို့ကြောင့်ပင် မြူခိုးကမ္ဘာအတွင်းတွင် လှည့်ပတ်သွားလာနေသည့် သူ၏အမြန်နှုန်းက သိသိသာသာ မြန်ဆန်လာခဲ့သည်။

ဤအခိုက်အတန့်တွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် အသံထပ် သုံးဆပိုမြန်သည့် အမြန်နှုန်းဖြင့် မြူခိုးကမ္ဘာအတွင်းတွင် လှည့်ပတ်သွားလာနေခဲ့သည်။

၎င်းက အဌမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးအတွက် အထင်ကြီးဖွယ် မကောင်းသော်လည်း၊ ပျံသန်းမှုကို တားမြစ်ခံထားရသည့် ဤနယ်မြေအတွင်းတွင်မူ အတော်လေး အထင်ကြီးဖွယ် ကောင်းနေခဲ့သည်။

“ ဟမ် “

ရုတ်တရက် ဆိုသလိုပင် ကြယ်တာရာ T-Rex နတ်ဘုရား၏ အကြည့်များ ခက်ထန်သွားကာ၊ ပျံသန်းနေခြင်းကို ရုတ်တရပ် ရပ်တန့်လိုက်သည်။

အဘယ့်ကြောင့်ဆိုသော် အရှေ့ဘက်တွင် မရင်းနှီးသော အရှိန်အဝါများ ရုတ်တရက် ပေါ်ထွက်လာခဲ့သောကြောင့် ဖြစ်သည်။

“ ကြည့်ရတာတော့ အရှေ့ကို ရောက်သွားပြီဆိုရင် စီနီယာ ကွေ့တျန်ဖုန်းရဲ့ ပိုင်နက်ကို ကျော်သွားပြီ ထင်တယ် “ ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်ကိုယ်တည်း တီးတိုးပြောဆိုနေခဲ့သည်။

ဤလမ်းတစ်ကြောင်းလုံးတွင် သူက မည်သည့်အန္တရာယ်ကိုမှ မရင်ဆိုင်ခဲ့ရခြင်းမှာ ကွေ့တျန်ဖုန်း၏ နယ်မြေအတွင်းတွင် နေနေခဲ့သောကြောင့် ဖြစ်သည်။

ယခုတွင်ကား ဤနယ်မြေအတွင်းမှ ထွက်သွားတော့မည် ဖြစ်သောကြောင့် သူသည် ပိုမို ထူးဆန်းပြီး အန္တရာယ်ရှိသော သက်ရှိများနှင့် ကြုံတွေ့ရင်ဆိုင်ရတော့မည် ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားမှ သူ့ကိုယ်သူ ထပ်မံ၍ ကြည့်ရှုစစ်ဆေးလိုက်ရာ၊ သူ၏ ဒဏ်ရာအားလုံးက အပြည့်အဝ သက်သာပျောက်ကင်းနေသည်ကို အတည်ပြုနိုင်ခဲ့သည်။

ဒဏ်ရာများပျောက်ကင်းသွားပြီဖြစ်သောကြောင့် သူသည် မည်သူ့ကိုမှ ကြောက်ရွံ့နေတော့မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ အရှေ့သို့ ဆက်သွားနေတော့သည်။

“ ဝှစ် “

သူသည် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ အရှေ့ဘက်ရှိ ထူးဆန်းသော မြူထုအတွင်းသို့ တိုက်ရိုက်တိုးဝင်သွားခဲ့သည်။

မြူထုအတွင်းသို့ သူခြေချလိုက်သည့် အချိန်မှာပင်

“ ဟမ် “

မြူထု၏ အနက်ပိုင်းတွင် အရှိန်အဝါတစ်ခု နိုးထလာခဲ့သည်၊ ၎င်းသည် ကျူးကျော်ဝင်ရောက်လာသူကြောင့် နိုးနိုးကြားကြား ဖြစ်သွားပုံရသည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ဆီးနှင်းများ ပြိုကျနေသည့်အလား ဖြစ်နေသော ဆူညံသံများသည် မြူခိုးကမ္ဘာအတွင်းမှ ပေါ်ထွက်လာခဲ့ပြီး၊ အစွမ်းထက် အရှိန်အဝါများသည် သူ့ထံသို့ လျင်မြန်စွာ ချဥ်းကပ်လာကြသည်။

“ သူတို့က ငါ့ကို ဒီလောက်မြန်မြန်ဆန်ဆန်ကြီး ရှာတွေ့သွားကြတာလားဟ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်းကို အာရုံခံမိသွားကာ၊ စိတ်တင်းကြပ်သွားခဲ့သည်။

“ စီနီယာ ကွေ့တျန်ဖုန်း ပြောခဲ့တာကတော့ ဒီမြိူခိုးကမ္ဘာထဲက သက်ရှိအများစုက သူ့လိုမျိုးပဲတဲ့၊ တိကျသေချာတဲ့ အချက်ပြမှုကို မရဘူးဆိုရင် သူတို့က အလွယ်တကူ နိုးထလာကြမှာ မဟုတ်ဘူး “

“ ဒါပင်မဲ့ တစ်ချို့သက်ရှိတွေကျတော့ ကျူးကျော်သူကြောင့် လန့်ဖျပ်နိုးလာတတ်တယ်တဲ့၊ အဲ့လို သက်ရှိမျိုးတွေက အမြဲလိုလို အန္တရာယ်များတတ်တယ်တဲ့ “

ယခုလက်ရှိ အခြေအနေသည် ဒုတိယတစ်ခုကဲ့သို့ ဖြစ်နေပုံရသည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီး၊ လူသားဧကရာဇ် စည်းတံဆိပ်ကို အသက်သွင်းကာ သူ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

သူသည် ၎င်းက မည်သည့်ရှေးဟောင်း သက်ရှိ ဖြစ်နေမလဲဆိုသည်ကို အရင်ဦးဆုံး အတည်ပြုချင်နေခဲ့သည်။

တစ်ခဏ အကြာတွင် အဆိုပါ အရှိန်အဝါသည် အနည်းငယ် အရှိန်ကျသွားခဲ့သည်၊ ထို့နောက်တွင် ၎င်းသည် ပိုမိုမြန်ဆန်သော အမြန်နှုန်းဖြင့် သူ့ဆီသို့ ပြေးလွှားလာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် အေးအေးလူလူ ထိုင်စောင့်မနေခဲ့ဘဲ၊ သူ၏မူလ အစီအစဥ်အတိုင်း အရှေ့သို့ဆက်သွားနေခဲ့သည်။

အဆိုပါ အရှိန်အဝါသည် ပိုမိုမြန်ဆန်လာခဲ့ပြီး၊ လျင်မြန်စွာ နီးကပ်လာခဲ့သည်။

“ အဆင့်၉အထက်က သက်ရှိတစ်ကောင်ပဲ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်း၏ အဆင့်ကို အတည်ပြုနိုင်ခဲ့သည်။

တစ်ခဏအကြာတွင် တောင်တစ်လုံးကဲ့သို့သော အရိပ်မည်းတစ်ခု ပေါ်လာခဲ့သည်၊ ၎င်းမှာ လုံးဝနက်မှောင်နေသည့် အမှောင်ဖီးနစ် သားရဲတစ်ကောင် ဖြစ်နေခဲ့သည်။

( ဖီးနစ်စစ်စစ် မဟုတ်ပါဘူး )

၎င်းကို ထိုကဲ့သို့ခေါ်ဆိုရခြင်းမှာ ထိုသားရဲက ဖီးနစ်ကဲ့သို့သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး၊ ၎င်း၏ ခြေထောက်များမှာလည်း ကောင်းကင်ဘုံကို ထောက်ကန်ပေးသည့် တိုင်လုံးကြီးများသဖွယ် ဖြစ်နေကာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသောကြောင့် ဖြစ်သည်။

ဖီးနစ်သားရဲသည် ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်နေရင်းဖြင့် မျက်လုံးများ နီရဲသွားခဲ့သည် “ ရှေးဟောင်း ကာလာရာချီ၊ မာဂယ် “

၎င်းမှာ ခေတ်ဟောင်း ကမ္ဘာ့ကြယ် ဘာသာစကားဖြင့် စကားပြောလာခဲ့သည်။

သို့တိုင်အောင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်းကို နားလည်နေခဲ့သည်။

၎င်း၏ အဓိပ္ပါယ်မှာ ရှေးဧကရာဇ်၏ အမွေဆက်ခံသူက သေသင့်တယ်ဟု ပြောဆိုနေခြင်းပင် ဖြစ်သည်။

“ ကမ္ဘာ့ကြယ်ရဲ့ ရှေးခေတ် ပညာရှင်ပဲ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ပြိုင်ဘက်၏ အထောက်အထားကို နားလည်သွားခဲ့သည်။

သူသည် နတ်စွမ်းအားကို ဖွင့်ထုတ်ကာ ချက်ချင်း တိုက်ခိုက်လိုက်သည်၊ ရွှေနက်ရောင် အလင်းတန်းတစ်ခုသည် အမှောင်ဖီးနစ် သားရဲဆီသို့ ပြေးဝင်သွားခဲ့သည်။

“ ဘုမ်းးး “

အမှောင်ဖီးနစ်သည် ၎င်း၏တောင်ပံများဖြင့် ဒိုင်းသဖွယ် ကာဆီးလာခဲ့သည်၊ ၎င်းက အကြွင်းအကျန် ဝိညာဥ်လေးတစ်ခုမျှသာ ဖြစ်နေခဲ့သော်လည်း၊ နဝမအဆင့် နယ်ပယ်၌ အကြွင်းအကျန် ဝိညာဥ်လေးတစ်ခုကပင် အမျိုးမျိုးသော နတ်စွမ်းရည်များကို ထုတ်လွှတ်နိုင်ကြသည်။

“ ဝေါင်းးး “

အမှောင်ဖီးနစ်သားရဲမှ ဒေါသတကြီး ဟိန်းဟောက်လာခဲ့ပြီး၊ သူ၏ပါးစပ်ကို ဖွင့်လိုက်ရာ၊ မည်းနက်နေသည့် အနက်ရောင် ဘောလုံးတစ်လုံး ပေါ်ထွက်လာခဲ့ကာ၊ ၎င်းသည် ကြယ်တာရာ T-Rex နတ်ဘုရားဆီသို့ တဟုန်ထိုး ပြေးတက်လာခဲ့သည်။

အဆိုပါ အနက်ရောင် ဘောလုံး ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ မြူခိုးများကပင် ချက်ချင်း မည်းနက်သွားခဲ့ပြီး၊ ရေသန့်အတွင်းသို့ ကျဆင်းသွားသည့် မှင်ရည်ကဲ့သို့ လျင်မြန်စွာ ပျံ့လွင့်သွားခဲ့သည်။

“ အမှောင်နိယာမလား “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။

ယခုလက်ရှိ အချိန်၌ သူသည် နိယာမ စွမ်းအားတို့ဖြင့် ယခင်ကထပ် ပိုမိုရင်းနှီးနေခဲ့ပြီ ဖြစ်သည်။

အနက်ရောင် ဘောလုံးအတွင်းတွင် အမှောင်နိယာမ စွမ်းအားများ ပါဝင်နေခဲ့သည်၊ ၎င်းက မပြည့်မစုံ ဖြစ်နေခဲ့သော်လည်း၊ နဝမအဆင့်အောက်ရှိ အရာအားလုံးကို ချေမှုန်းနိုင်သည်အထိ အားကောင်းနေခဲ့သည်။

အကြွင်းအကျန် ဝိညာဥ်လေးတစ်ခု ဖြစ်နေခဲ့သော်လည်း၊ အဆိုပါ အမှောင်ဖီးနစ်ထံတွင် အံ့ဖွယ်ကောင်းသည့် စွမ်းရည်များ ပိုင်ဆိုင်နေသည်ဆိုသည်မှာ သိသာလွန်းနေခဲ့သည်။

…………………………………………………………………………………………………………………………………..

အပိုင်း ( 604 )

လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီအကြာက ပညာရှင်လား ၂

“ အလင်းတန်းကိုးခု ဆန်းကြယ်ရေခဲမျှော်စင်၊ ထွက်လာခဲ့ “

ကြယ်တာရာ T-Rex နတ်ဘုရားမှ လက်ဝေ့ရမ်းရာ၊ မျှော်စင်ငယ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ သူသည် နတ်စွမ်းအားဖြင့် ၎င်းကို အသက်သွင်းလိုက်သည်၊ မျှော်စင်ငယ်သည် လေတိုက်တိုင်း ကြီးမားလာတော့သည်။

“ ဗွီ “

အလင်းတန်းကိုးခု ဆန်းကြယ်ရေခဲမျှော်စင်သည် ပြင်းပြင်းထန်ထန် လှုပ်ခါသွားခဲ့ပြီး၊ ရေခဲပြာရောင် လှိုင်းတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ မြူခိုးတို့မှာ ချက်ချင်း အေးခဲတောင့်တင်းသွားခဲ့ပြီး၊ အရာအားလုံး ချုပ်နှောင်ခံလိုက်ရသည်။

ပြေးတက်လာနေသော အနက်ရောင် ဘောလုံးကပင် လေထုအတွင်းတွင် ရပ်တန့်သွားခဲ့ရသည်။

“ ချိုးဖျက် “

ကြယ်တာရာ T-Rex နတ်ဘုရားမှ သူ၏လက်ချောင်းများကို လှုပ်ရှားလိုက်ရာ၊ ပိုမိုအားကောင်းသော စွမ်းအင်လှိုင်းတစ်ခုသည် မျှော်စင်အတွင်းမှ ချက်ချင်းတိုးထွက်လာခဲ့သည်။

ခရက်ဟူသော အသံနှင့်အတူ အနက်ရောင် ဘောလုံးသည် နေရာမှာတင် နှစ်ပိုင်းပြတ်ကာ ပြိုကွဲသွားခဲ့သည်။

အမှောင်နိယာမဖြင့် ဖွဲ့စည်းထားသော နတ်စွမ်းအားသည် ရေခဲအစအန/မှုန်လေးများကဲ့သို့ ကျဆင်းလာခဲ့သည်။

“ ရှေးဦးဝိညာဥ်က အဆင့်၉ကို ရောက်သွားပြီးတဲ့နောက်မှာ၊ ငါ့ရဲ့ နတ်စွမ်းအားကလည်း နဝမအဆင့်နယ်ပယ်နဲ့ ညီမျှနေတယ်။ ငါ့ဆီမှာ နိယာမစွမ်းအား မရှိသေးပင်မဲ့၊ အဲ့တာက အလင်းတန်းကိုးခု ဆန်းကြယ်ရေခဲမျှော်စင်ရဲ့ အဆင့်၉ စွမ်းအားကို ထုတ်လွှတ်ဖို့အတွက်တော့ လုံလောက်တာထပ်တောင် ပိုနေသေးတယ် “

အဆိုပါ မျှော်စင်သည် နဝမအဆင့် ရတနာတစ်ပါးဖြစ်ပြီး၊ နဝမအဆင့်၏ နတ်စွမ်းအားကသာလျှင် ၎င်း၏ တကယ့်စွမ်းအားကို ယူဆောင်ပေးလာနိုင်သည်။

အကယ်၍ သူကသာ နဝမအဆင့်နယ်ပယ်သို့ အမှန်တကယ် ရောက်ရှိသွားမည်ဆိုပါက၊ မျှော်စင်၏ စွမ်းအားသည် ယခင်ကထပ် ပိုမိုအားကောင်းပြင်းထန်နေလိမ့်မည် ဖြစ်သည်။

ဤအချိန်၌ အမှောင်ဖီးနစ်ကပင် အလင်းတန်းကိုးခု ဆန်းကြယ်ရေခဲမျှော်စင်၏ သက်ရောက်မှုကို ခံလိုက်ရကာ တစ်ခဏခန့် ရပ်တန့်သွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် နတ်စွမ်းအားကို အသုံးပြုကာ စည်းတံဆိပ်များကို ရေးဆွဲနေတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဘိုးဘေးနဂါး ကောင်းကင်ဖြိုခွင်း စည်းတံဆိပ် ပေါ်ထွက်လာခဲ့သည်၊ ၎င်း၏ စွမ်းအားမှာ ယခင်ကထပ် အဆပေါင်းများစွာ သာလွန်နေပြီး၊ ဖီးနစ်သားရဲကို ပြင်းပြင်းထန်ထန် ဖိနှိပ်လာခဲ့သည်။

“ အစ် “

ဘိုးဘေးနဂါး ကောင်းကင်ဖြိုခွင်း စည်းတံဆိပ်၏ ဖိနှိပ်မှုကို ခံလိုက်ရသောအခါတွင်၊ အမှောင်ဖီးနစ် သားရဲသည် ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်ညီးတွားလာခဲ့ပြီး၊ ၎င်း၏ ဝိညာဥ်ခန္ဓာကိုယ်မှာလည်း ပြိုကွဲသွားခဲ့သည်။

“ ဘမ်းးး “

၎င်းက အကြွင်းအကျန် ဝိညာဥ်လေးတစ်ခုမျှသာ ဖြစ်နေခဲ့သောကြောင့်၊ ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးကို မည်သို့မျှ မခုခံနိုင်ဘဲ၊ လုံးဝပေါက်ကွဲသွားခဲ့သည်။

တစ်ခဏ အကြာ၌ ၎င်း၏ နေရာတွင် လက်သီးဆုပ်အရွယ် ဆေးလုံးတစ်လုံး ဖြစ်တည်လာခဲ့သည်။

“ ဟမ်။ အဲ့တာက ……… “

ကြယ်တာရာ T-Rex နတ်ဘုရားသည် လက်ကို ဆန့်တန်းကာ အဆိုပါ ဆေးလုံးကို ဖမ်းဆုပ်လိုက်သည်။

တစ်ခဏ အကြာ၌ သူ၏မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည် “ အကြွင်းအကျန် ဝိညာဥ် သေဆုံးသွားရင် ဆေးလုံးအဖြစ် ဖွဲ့စည်းသွားတယ်ပေါ့ “

ဤဆေးလုံး၏ သဘောသဘာဝမှာ ယခင်က ကွေ့တျန်ဖုန်းပြောင်းလဲသွားခဲ့သည့် ဆေးလုံးကဲ့သို့ပင် ဖြစ်နေခဲ့သည်။

ကွေ့တျန်ဖုန်းက ကာကွယ်ရေး စွမ်းရည်ကို မိမိဆန္ဒအလျောက် ဖယ်ရှားကာ၊ သူ၏ ဝိညာဥ်အဆီအနှစ်ကို ဆေးလုံးအဖြစ် ပျစ်ခဲသွားစေခြင်း တစ်ခုသာလျှင် ကွာခြားနေခဲ့သည်။

ထို့ကြောင့် ဤဆေးလုံး၏ အကျိုးသက်ရောက်မှုက ကွေ့တျန်ဖုန်းလောက် အားကောင်းနေလိမ့်မည် မဟုတ်ပေ။

သို့သော် ၎င်းသည် တိုးတက်မှု အနည်းငယ်ကို ယူဆောင်ပေးနိုင်စဲပင် ဖြစ်သည်။

“ ဂလု “

ကြယ်တာရာ T-Rex နတ်ဘုရားသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ ၎င်းကို မြိုချလိုက်သည်။

ဘုမ်းး

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သန့်စင်သော စွမ်းအင်တစ်ခုသည် သူ၏ခန္ဓာကိုယ်အတွင်းတွင် ပေါက်ထွက်လာခဲ့သည်။

ယခင်ကကဲ့သို့ပင် အဆိုပါ စွမ်းအင်သည် အောက်မှ အထက်သို့ စီးဆင်းသွားခဲ့ပြီး၊ သူ၏ အသွေးအသားနှင့် အရိုးများကို ဖုံးလွှမ်းသွားခဲ့သည်။

ထို့နောက်၌ သူ၏ အရှိန်အဝါသည် ထပ်မံ၍ မြင့်တက်လာခဲ့ပြန်သည်။

မိနစ်ပေါင်းများစွာ အကြာတွင်

အဆင့် : အဌမအဆင့် အဆင့်၁၀ ( ၁၅% )

အသားတင် အလေးချိန် : ကီလိုဂရမ် ၃၁.၀၅သန်း

“ ၅% တိုးတက်လာတာလား “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အဆိုပါရလဒ်ကြောင့် မည်သို့မျှ မအံ့ဩသွားခဲ့ပေ။ သူသည် အဆိုပါ ဆေးလုံးအတွင်းတွင် စွမ်းအင်ပမာဏ အနည်းငယ်မျှသာ ပါဝင်နေသည်ဆိုသည်ကို သိနေခဲ့သည်။

ထို့အပြင် အဌမအဆင့် အထွတ်အထိပ်နယ်ပယ်၌ ဆက်လက်တိုးတက်အောင် ပြုလုပ်ရခြင်းမှာ အလွန်တရာ ခက်ခဲနေပြီဖြစ်ပြီး၊ ခြေလှမ်းတစ်ခုချင်းစီတိုင်းမှာ စစ်မှန်သည့် အတားအဆီးများ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

၅%တိုးတက်ခြင်းသည် များပြားသော အဌမအဆင့် အထွတ်အထိပ် ပညာရှင်များကို မနာလိုအားကျ ဖြစ်သွားစေနိုင်ပေသည်။

“ ဒီမြူခိုးကမ္ဘာကြီးထဲမှာ အကြွင်းအကျန် ဝိညာဥ်တွေ ဘယ်လောက်တောင် ရှိနေလိုက်မလဲ “

“ သူတို့ကိုသာ ဆက်တိုက်ဝါးမြိုနိုင်မယ်ဆိုရင်၊ ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကလည်း သိပ်မကြာခင် အချိန်မှာပဲ အဆင့်၉ကို ရောက်သွားလောက်တယ် “

၎င်းကို တွေးမိသွားသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးတို့မှာ တလက်လက် တောက်ပလာခဲ့သည်။

သူသည် သူ့အရှေ့တွင် ပန်းခင်းလမ်းတစ်ခုကို မြင်လိုက်ရသည့်အလား ဖြစ်နေခဲ့သည်။

နဝမအဆင့်သို့ အရောက်သွားနိုင်မည့် လမ်းကြောင်းမှာ သူ့မျက်လုံးများ အရှေ့တွင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

“ ဆက်ပြီးတော့ အမဲလိုက်ကြတာပေါ့ကွာ “

သိပ်မကြာခင် အချိန်မှာပင် ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ အစီအစဥ်ကို ပြောင်းလဲလိုက်သည်။

သူသည် သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို နဝမအဆင့်သို့ အရင်ဦးဆုံး ရောက်ရှိသွားအောင် ပြုလုပ်ခဲ့ပြီးမှ၊ လူသားဧကရာဇ် အမွေအနှစ်ကို ဆက်လက်ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

လူသားဧကရာဇ် အမွေအနှစ်က မြူခိုးကမ္ဘာ၏ အနက်ရှိုင်းဆုံး နေရာတွင် ရှိနေသောကြောင့် တစ်ခြားလူများက လုယူသွားမည်ကိုလည်း တွေးပူနေရန် မလိုအပ်ပေ။

သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကပါ နဝမအဆင့်သို့ ရောက်ရှိသွားမည်ဆိုပါက၊ သူ၏ အသက်ရှင်နိုင်ခြေမှာလည်း ပိုမိုမြင့်တက်လာမည် ဖြစ်သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ၊ မြူခိုးကမ္ဘာအတွင်းတွင် လှည့်ပတ်သွားလာနေတော့သည်။

…

ဤရက်များအတွင်း၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် သွေးဆာနေသော မုဆိုးတစ်ဦးသဖွယ် ဖြစ်နေခဲ့သည်။

သူသည် ခေါင်းဖော်လာခဲ့သည့် သက်ရှိသတ္တဝါတိုင်းကို ချက်ချင်းသတ်ဖြတ်ခဲ့သည်။

ဘိုးဘေးနဂါး စည်းတံဆိပ်နှင့် အလင်းတန်းကိုးခု ဆန်းကြယ်ရေခဲမျှော်စင်တို့၏ တွဲဖက်မှုကို မည်သည့်သက်ရှိသတ္တဝါကမှ တောင့်မခံနိုင်ခဲ့ကြပေ။

၎င်းတို့မှာ အကြွင်းအကျန် ဝိညာဥ်များသာ ဖြစ်နေခဲ့ပြီး၊ ၎င်းတို့က နဝမအဆင့် စွမ်းအားများကို ထုတ်သုံးနိုင်ကြသော်လည်း၊ အစစ်အမှန် နဝမအဆင့် ပညာရှင်နှင့် ယှဥ်လိုက်မည်ဆိုပါက၊ အတော်လေး အလှမ်းဝေးနေစဲပင် ဖြစ်သည်။

နဝမအဆင့် အကြွင်းအကျန် ဝိညာဥ်ပေါင်းများစွာ၏ ဝိုင်းရံပိတ်ဆို့မှုကို မခံရသရွေ့၊ သူသည် မည်သည့်အန္တရာယ်ကိုမှ ရင်ဆိုင်ရလိမ့်မည် မဟုတ်ပေ။

သို့သော် ထိုကဲ့သို့သော ဝိုင်းရံပိတ်ဆို့မှုကို ခံရမည်ဆိုလျှင်တောင်မှ၊ ၎င်းတို့ကို အနိုင်ယူနေနိုင်စဲပင် ဖြစ်သည်။ သို့သော် သူသည် အလွန်အကျွံ ဝါးမြိုခြင်းကြောင့် ပေါက်ကွဲမှု ဖြစ်ပေါ်လာမလားဆိုသည်ကိုမူ သတိတကြီးထား၍၊ စဥ်းစားစောင့်ကြည့်ရမည် ဖြစ်သည်။

လျှို့ဝှက်ဆန်းကြယ်မှုတို့ဖြင့် ပြည့်နှက်နေသည့် မြူခိုးကမ္ဘာသည် ယခုလက်ရှိ အချိန်၌ စားသောက်ပွဲကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။

အဌမအဆင့် အဆင့် ၁၀ ( ၁၅% )

အဌမအဆင့် အဆင့် ၁၀ ( ၂၀% )

အဌမအဆင့် အဆင့် ၁၀ ( ၂၅% )

အဌမအဆင့် အဆင့် ၁၀ ( ၃၀% )

…

တစ်ရက်အကြာတွင်

မြူခိုးကမ္ဘာအတွင်း၌

ကြယ်တာရာ T-Rex နတ်ဘုရားသည် ဆေးလုံးတစ်လုံးကို ထပ်မံ၍ ဝါးမြိုနေလျက်ရှိသည်။

ထို့နောက်တွင် သူသည် စနစ်၏မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။

အဆင့် : အဌမအဆင့် အဆင့်၁၀ ( ၉၉% )

အသားတင် အလေးချိန် : ကီလိုဂရမ် ၃၂သန်း

“ ဆေးလုံးသုံးခု ဆက်တိုက် သုံးပြီးတာတောင်မှ အဆင့်က ၉၉%မှာပဲ ပိတ်မိနေတုန်းပဲလားဟ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ တိတ်တဆိတ် တွေးတောစဥ်းစားနေတော့သည် “ ကြည့်ရတာတော့ ငါ့ရဲ့ ရုပ်ခန္ဓာက အကန့်အသတ်ကို ရောက်သွားပြီးတော့၊ တိုးတက်အောင် ဆက်လုပ်လို့မရတော့ဘူးနဲ့တူတယ် “

“ တာအိုမူလ နိယာမကို နားလည်အောင်လုပ်ပြီး အဆင့်၉နယ်ပယ်ကို တကယ်ရောက်သွားမှ၊ ဆက်ပြီးတော့ တိုးတက်နိုင်တော့မယ်နဲ့တူတယ် “

သူသည် ထိုအချက်ကို လျင်မြန်စွာ နားလည်သွားခဲ့သည်။

ကြည့်ရတာတော့ အမဲလိုက်တာကို နားလိုက်ရတော့မဲ့ပုံပဲ

ယခုတွင် သူသည် နဝမအဆင့်သို့ အမှန်တကယ် ရောက်ရှိရန် ခြေလှမ်းတစ်ဝက်မျှသာ လိုတော့သည်။

တစ်ခြားလူများအတွက်သာဆိုပါက၊ အဆိုပါ ခြေလှမ်းတစ်ဝက်မှာ အလွန်တရာ ဝေးကွာလွန်းနေမည် ဖြစ်သည်၊ သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားအတွက်မူ၊ ၎င်းက အလွန်တရာ လွယ်ကူနေခဲ့သည်။ သူသည် ကြယ်ပြာဂြိုဟ်သို့ ပြန်သွားကာ ချက်ချင်း အဆင့်တက်နိုင်ပေသည်။

“ ငါ့ရဲ့ ရုပ်ခန္ဓာက အဆင့်၉နယ်ပယ်ကို မရောက်သွားပင်မဲ့၊ အနိမ့်ဆုံးအနေနဲ့ အရင်ကထပ်တော့ ၅၀%လောက်အထိ ပိုသန်မာအားကောင်းလာခဲ့ပြီ “

“ တကယ့်အဆင့်၉ ပညာရှင်နဲ့ ရင်ဆိုင်ရမယ်ဆိုရင်တောင်မှ၊ ငါ့ရဲ့ရုပ်ခန္ဓာက အများကြီး နိမ့်ကျနေတော့မှာ မဟုတ်ဘူး “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှိနေသည့် အံ့ဖွယ်ကောင်းသည့် စွမ်းအားများကို ခံစားမိနေခဲ့သည်။

“ ဗွီ “

သူသည် ရုတ်တရက် လက်သီးဆုပ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် သူ့အရှေ့ရှိ ဟင်းလင်းပြင်သည် တဝီဝီ အော်မြည်သံများကို ထုတ်လွှတ်လာခဲ့ပြီး၊ မီတာထောင်နှင့်ချီသော ဟင်းလင်းပြင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။

အဆိုပါ အက်ကွဲကြောင်းများအတွင်း၌ လေ၊ မီး၊ ရေ၊ မိုးကြိုးနှင့် လျှပ်စီးတို့က အော်ဟစ်ဟိန်းဟောက်နေသကဲ့သို့ ဖြစ်နေခဲ့ပြီး၊ အလွန်အံ့ဩတုန်လှုပ်ဖွယ်ကောင်းနေခဲ့သည်။

၎င်းမှာ ကြယ်တာရာ T-Rex နတ်ဘုရား၏ ယခုလက်ရှိ ခွန်အားဖြစ်သည်၊ ပေါ့ပေါ့ပါးပါး ပြုလုပ်နိုင်သည့် ကုတ်ဆွဲချက်တစ်ခုကပင် တည်ငြိမ်နေသည့် ဟင်းလင်းပြင်ကို အဝတ်စုတ်တစ်ခုကဲ့သို့ အပိုင်းပိုင်း အစစ ဖြစ်သွားစေခဲ့သည်။

မည်သည့်အဌမအဆင့် အထွတ်အထိပ် ပညာရှင်ကမှ ၎င်းကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

“ လုံလောက်ပြီ၊ ရှေ့ဆက်သွားရမဲ့ အချိန်ကျပြီ “

ကြယ်တာရာ T-Rex နတ်ဘုရား၏ ပုံရိပ် လှုပ်ရှားသွားခဲ့ကာ၊ သူသည် ရှေးဟောင်း အပျက်အစီးနယ်မြေ၏ အနက်ပိုင်းသို့ တဖန်ပြန်၍ တိုးဝင်သွားတော့သည်။

…

မိုင်ဒါဇင်နှင့်ချီ၍ ရှေ့ရောက်လာခဲ့ပြီးသည့်နောက်၌၊ သူကြုံတွေ့ရင်ဆိုင်လာရသည့် အကြွင်းအကျန် ဝိညာဥ်တို့မှာ ပိုမိုအားကောင်း အစွမ်းထက်နေခဲ့သည်။

၎င်းတို့အနက် တစ်ချို့သော် တည်ရှိမှုများသည် နဝမအဆင့် အထွတ်အထိပ်သို့ပင် ရောက်ရှိနေခဲ့ပြီး၊ ကြောက်ခမမ်းလိလိ အစွမ်းထက်နေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ၎င်းတို့က အကြွင်းအကျန် ဝိညာဥ်များသာ ဖြစ်နေခဲ့ပြီး၊ သူတို့အသက်ရှိစဥ်အချိန်က စွမ်းအားမျိုးကို ထုတ်မသုံးနိုင်ခဲ့ကြပေ။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ဘိုးဘေးနဂါး အရိပ်တစ်သောင်း ကိုယ်ပွားနည်းစနစ်နှင့် နဝမအဆင့်နှင့် ယှဥ်နေနိုင်သော ခန္ဓာကိုယ် အမြန်နှုန်းတို့ကို အားကိုးကာ၊ အဆိုပါ နဝမအဆင့် အထွတ်အထိပ် သက်ရှိများ၏ လက်အတွင်းမှ ပွတ်ကာသီကာ လွတ်မြောက်လာခဲ့သည်။

သူသည် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ မြူခိုးကမ္ဘာ၏ အတွင်းပိုင်းသို့ ရောက်ရှိလာခဲ့သည်။

ရုတ်တရက်ဆိုသလိုပင် အရှေ့ဘက်ရှိ မြူခိုးများ ပြန့်ကျဲသွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် နိုးနိုးကြားကြား ဖြစ်သွားပြီး၊ သူ၏စိတ်စွမ်းအား ချက်ချင်းထုတ်လွှတ်လိုက်သည်၊ ၎င်းသည် မီတာတစ်ထောင်ကျော်သော ဧရိယာကို ချက်ချင်းဖုံးလွှမ်းသွားခဲ့သည်။

“ အရှေ့မှာက ရှေးဟောင်း အပျက်အစီးနယ်မြေရဲ့ အတွင်းပိုင်းပဲ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ အဲ့မှာက အစွမ်းထက် ဝိညာဥ်အကြွင်းအကျန်တွေ ရှိနေမှာ လုံးဝသေချာတယ် “

ယခင်က ကွေ့တျန်ဖုန်း၏ ပြောစကားများအရ နှစ်ပေါင်းသောင်းနှင့်ချီသော အချိန်အတွင်းတွင် ရှေးဟောင်းနယ်မြေ၏ အတွင်းပိုင်းသို့ မည်သူကမှ မရောက်ရှိခဲ့ဘူးဟု သိရှိခဲ့ရသည်။

သူသည် ထိုကဲ့သို့ပြုလုပ်နိုင်သည့် ပထမဦးဆုံး လူဖြစ်နေနိုင်ပေသည်။

မည်သည့်အရာများ ထပ်မံ၍ ကြုံတွေ့လာရမလဲဆိုသည်ကား မှန်းဆ၍ မရတော့ပေ။

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏အမြန်နှုန်းကို လျှော့ချလိုက်ကာ၊ သတိတကြီးဖြင့် ဖြည်းဖြည်းချင်း ရှေ့ဆက်တက်လာခဲ့သည်။

မြူခိုးများ ပြန့်ကျဲသွားခဲ့ပြီး၊ လေ့ကျင့်ရေး ကွင်းပြင်တစ်ခုသဖွယ် ဖြစ်နေသည့် အဆောက်အဦးတစ်ခု ပေါ်ထွက်လာခဲ့သည်၊ ၎င်း၏အရှေ့ဘက်တွင် ပျက်စီးနေသော ရွှေရောင်နန်းတော်များစွာ ရှိနေခဲ့ပြီး၊ အချိန်ကာလ၏ တိုက်စားမှုကို ခံခဲ့ရသော်လည်း ရွှေရောင်ပုံစံကွက်တို့မှာ အကောင်းအတိုင်း တလက်လက် တောက်ပနေသေးသည်။

လွန်ခဲ့သော နှစ်ပေါင်းသောင်းချီအကြာက ဤနန်းတော်က မည်မျှ ကြီးကျယ်၊ ခမ်းနားခဲ့လဲဆိုသည်ကို မည်သူမဆို တွေးကြည့်နိုင်ပေသည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် အဆိုပါ ကွင်းပြင်ကို ဖြတ်ကာ လျှောက်လှမ်းလာခဲ့သည်၊ ကံကောင်းထောက်မစွာဖြင့် မည်သည့်ထူးဆန်းမှုကိုမှ မကြုံတွေ့ခဲ့ရပေ။

သူသည် အရှေ့ဘက်တွင် ရှိနေသည့် နန်းတော်အတွင်းသို့ တိုက်ရိုက်ဝင်သွားလိုက်သည်။ ဤနေရာတွင် ပျံသန်းရန် မဖြစ်နိုင်သောကြောင့်၊ သူသည် ရှေးဟောင်းနယ်မြေ၏ အတွင်းအကျဆုံး နေရာသို့ ရောက်ရှိရန်အတွက် လမ်းလျှောက်ရုံသာ ပြုလုပ်နိုင်မည် ဖြစ်သည်။

သူ၏အရွယ်အစားနှင့်သာဆိုပါ နန်းတော်အတွင်းသို့ မဝင်နိုင်သောကြောင့်၊ သူသည် မီတာ ၂၀၀ကျော် မြင့်မားသည့် လူသားပုံစံ သက်ရှိတစ်ကောင်အဖြစ် အသွင်ပြောင်းကာ၊ ပျက်စီးနေသည့် နန်းတော်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ကျိုးပဲ့ပျက်စီးနေသည့် ရွှေနက်‌ရောင် နန်းတော်တံခါးတို့မှာ တင်းတင်းကြပ်ကြပ် ပိတ်ဆို့နေလျက်ရှိသည်။ ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏နတ်စွမ်းအားကို အသုံးပြုကာ ဧရာမ လက်ကြီးတစ်ဖက်ကို ဖန်တီးလိုက်ပြီး၊ အဆိုပါ တံခါးများကို အတင်းအကြပ် တွန်းဖွင့်လိုက်သည်။

“ ဒေါင် “

နန်းတော်အတွင်းသို့ ခြေချလိုက်သည့် အချိန်မှာပင် ကြယ်တာရာ T-Rex နတ်ဘုရားသည် တိုးညှင်းသော အသံတစ်သံကို ကြားလိုက်ရသည်။

သူသည် သူ၏ နတ်စွမ်းအားကို ချက်ချင်း စုစည်းကာ တိုက်ပွဲအတွက် အသင့်ပြင်လိုက်သည်။

သို့သော် နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် တစ်စုံတစ်ခုက မီးလောင်ဒဏ် သင့်နေသကဲ့သို့ ဖြစ်နေသည့် အနံ့တစ်ခုကို ရှူရှိုက်မိသွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားမှ အရှေ့ဘက်သို့ သတိတကြီး ကြည့်ရှုလိုက်ရာ၊ နန်တော်အတွင်းတွင် အနက်ရောင် တိုင်လုံးကို မှီထားသည့် ကျောက်စိမ်းအရိုးနှင့် ရွှေရောင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် အလောင်းတစ်လောင်း ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။

၎င်းထံမှ ပေါ်ထွက်နေသည့် အရှိန်အဝါကို အာရုံခံကြည့်လိုက်ရာ၊ ၎င်းက လွန်ခဲ့သော နှစ်ပေါင်းသောင်းဂဏန်း အကြာက သက်ရှိတစ်ကောင်ဖြစ်သည်ဟု ကောက်ချနိုင်ခဲ့သည်။

အဆိုပါ အလောင်း၏ ရင်ဘတ်၌ အနီရောင် ဓားတစ်လက်က ရွှေရောင်နှလုံးသားကို ထိုးဖောက်နေခဲ့သည်။

“ ဘာလဲဟ “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်နှာပေါ်တွင် အံ့ဩတကြီး ဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။

ဘယ်လိုအခြေအနေကြီးလဲဟ။ လွန်ခဲ့တဲ့ နှစ်သောင်းဂဏန်းက လူတစ်ယောက်ရဲ့ နှလုံးက အခုအထိ အကောင်းအတိုင်း ရှိနေသေးတာလားဟ

ထို့အပြင် သူသည် တိုးညှင်းသော နှလုံးခုန်သံတစ်သံကို ကြားနေခဲ့ရသည်။

“ ဝှစ် “

အလင်းတန်းကိုးခု ဆန်းကြယ်ရေခဲမျှော်စင် ပေါ်ထွက်လာခဲ့သည်၊ တစ်ချိန်တည်းမှာပင် ကြယ်တာရာ T-Rex နတ်ဘုရားသည် အနက်ရောင် တံဆိပ်ပြားကိုပါ ထုတ်ယူလိုက်သည်၊ အင်အားအပြည့် တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။

,……………………………………………………………………………………………………………………………

All Chapters