← Chapters

အခန်း (၆၀၅-၆၀၈)

Vol. 41 Ch. 605-608

အခန်း (၆၀၅-၆၀၈)

Vol. 41 Ch. 605-608

အပိုင်း ( 605 )

တာအိုမူလ နိယာမကို နားလည်ခြင်း

နန်းတော်အတွင်းရှိ လေထုမှာ ကြောက်မက်ဖွယ်ကောင်းလောက်သည်အထိ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

ဤနန်းတော်အတွင်းသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် အလျင်စလို မလှုပ်ရှားခဲ့ဘဲ၊ သူ၏ပတ်ဝန်းကျင်ကို ဂရုတစိုက် စူးစမ်းလေ့လာနေခဲ့သည်။

နန်းတော်အတွင်းရှိ နံရံများအပေါ်တွင် ကျိုးပဲ့ပျက်စီးနေသော ကြယ်မြေပုံများစွာ ရှိနေခဲ့သည်။

ရုတ်တရက်ဆိုသလိုပင် ကြယ်မြေပုံများအနက်မှ တစ်ခုသည် စတင်၍ လည်ပတ်လာခဲ့ပြီး၊ အလင်းစက်လေးများ ဖြစ်ပေါ်လာခဲ့ကာ၊ လူသားပုံစံ ပုံရိပ်တစ်ခုအဖြစ် ဖြစ်တည်လာခဲ့သည်။

အဆိုပါ ပုံရိပ်သည် မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ၊ ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားခဲ့သည်။

သူသည် စကားတစ်ခွန်းမှ မပြောဘဲ၊ ကြယ်တာရာ T-Rex နတ်ဘုရားဆီသို့ ပြေးဝင်လာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ဘေးတစ်ဖက်သို့ ရွှေ့ကာ အဆိုပါ တိုက်ခိုက်မှုကို ရှောင်ရှားရန် ပြင်လိုက်သည်၊ ထိုစဥ် လေပြင်းတစ်ခု တိုက်ခိုက်လာခဲ့ပြီး၊ ဟင်းလင်းပြင်ကို ပြိုကွဲသွားစေခဲ့ကာ၊ သူ၏မျက်နှာကို ဖြတ်တောက်လုနီးပါး ဖြစ်သွားခဲ့သည်။

“ အဆင့်၉ အထွတ်အထိပ်လား “

သူသည် ပြိုင်ဘက်၏ အထောက်အထားနှင့် စွမ်းအားတို့ကို လျင်မြန်စွာ မှန်းဆသိရှိသွားခဲ့သည်၊ ၎င်းမှာ ဤနန်းတော်၏ တားမြစ်ချက် တစ်ခု ဖြစ်နေပုံရသည်၊ သို့သော် ၎င်းသည် နဝမအဆင့် အထွတ်အထိပ် စွမ်းအားကို ပိုင်ဆိုင်နေခဲ့သည်။

အပြင်ဘက် မြူခိုးကမ္ဘာတွင်မူ ၎င်းသည် နဝမအဆင့် အကြွင်းအကျန် သက်ရှိတစ်ချို့ကို ရှင်းလင်းရန် လုံလောက်နေမည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုလူကိုင်ထားသည့် ဓားရှည်က ရွှေရောင်အလောင်းကို ထိုးဖောက်နေသည့် ဓားနှင့် တူညီနေသည်ကို သတိပြုမိသွားခဲ့သည်။

“ အဲ့တာဆိုရင် မြေပြင်ပေါ်မှာ ရှိနေတဲ့လူကလည်း ငါ့လိုမျိုး ကြယ်ပြာဂြိုဟ် နိုင်ငံသားပဲလား “

ထိုအတွေး ပေါ်လာခဲ့သော်လည်း၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် ပေါ့ပေါ့ဆဆ မလုပ်ရဲဘဲ၊ တိုက်ခိုက်နေရင်းဖြင့် ရွှေရောင်အလောင်းကိုပါ စောင့်ကြည့်နေခဲ့သည်။

ရွှေရောင်နှလုံးသားသည် အသက်ရှိနေသည့်အလား တဒုတ်ဒုတ် ခုန်ပေါက်နေခဲ့သည်၊ ၎င်းမှာ အလွန်ပင် ထူးဆန်းလွန်းနေခဲ့သည်။

အသွေးအသားများနှင့် ရှေးဦးဝိညာဥ်တို့ကပင် လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်၊ သို့သော် နှလုံးကမူ အကောင်းအတိုင်းနီးပါး ကျန်ရှိနေခဲ့လေသည်။

အကယ်၍ တစ်ဖက်လူကသာ လွန်ခဲ့သော နှစ်ပေါင်းသောင်းဂဏန်းကတည်းက အမှန်တကယ် သေဆုံးနေခဲ့သည်ဆိုပါက ပိုမိုကြောက်မက်ဖွယ်ကောင်းနေမည် ဖြစ်သည်။

ရှေးဟောင်း အလောင်းတစ်ခု ပြန်လည်ရှင်သန်ထမြောက်ခြင်း

“ ဘုမ်းး “

ထိုအခိုက်အတန့်တွင် မီးခိုးရောင် ဝတ်စုံနှင့်လူမှ သူ၏ အရှိန်အဝါကို ရုတ်တရက် ဖွင့်ထုတ်လာခဲ့သည်၊ အဆိုပါ နဝမအဆင့် အထွတ်အထိပ် အရှိန်အဝါသည် ကြယ်တာရာ T-Rex နတ်ဘုရားကို ဖိနှိပ်လာခဲ့ပြီး၊ သူ့ကို ဓားတစ်ချက်တည်းဖြင့် သုတ်သင်ရန် ကြံရွယ်လာခဲ့သည်။

“ တော်တော်စွမ်းတာပဲ၊ အပြင်ဘက်က အဆင့်၉ အကြွင်းအကျန် ဝိညာဥ်တွေထပ် အများကြီးသာတယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အနက်ရောင် တံဆိပ်ပြားကို လျင်မြန်စွာ အသက်သွင်းလိုက်သည်၊ ချက်ချင်းဆိုသလိုပင် ရှေးဟောင်း ပုံရိပ်ယောင်တစ်ချို့ ပေါ်ထွက်လာခဲ့ပြီး၊ တစ်ခုချင်းစီတိုင်းမှာ နဝမအဆင့် အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။

အဆိုပါ ပုံရိပ်များသည် မီးခိုးရောင် ဝတ်စုံနှင့်လူနှင့် အပြင်းအထန် တိုက်ခိုက်နေကြတော့သည်။

ထိုစဥ် ကြယ်တာရာ T-Rex နတ်ဘုရားသည် ဤအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကာ အရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားပြီး၊ ဤနေရာမှ ထွက်သွားရန် ကြံရွယ်လိုက်သည်။

အပျက်အစီးနယ်ပယ် အတွင်းပိုင်းသို့ ပိုရောက်လာလေလေ၊ အန္တရာယ်က ပိုများလာလေလေ ဖြစ်သောကြောင့် သူသည် ဤနေရာတွင် ကြာကြာဆက်နေရန် စိတ်ကူးမရှိပေ။

ယခုတွင် သူသည် နဝမအဆင့်သို့ ထိုးဖောက်ရန် ယုံကြည်ချက် ရှိနေခဲ့ပြီဖြစ်ပြီး၊ လူသားဧကရာဇ် အမွေအနှစ်ကို ရယူရန်သာ လိုအပ်တော့သည်။

သို့သော် အရှေ့သို့ သူပြေးတက်သွားသည့် အချိန်မှာပင် နံရံပေါ်ရှိ ကြယ်အလင်းတန်းများသည် အရှေ့ဘက်သို့ ရုတ်တရက် လှည့်သွားကြသည်။

ထို့နောက်တွင် ပုံရိပ်များစွာ ထွက်ပေါ်လာခဲ့ပြီး၊ အဆိုပါ ပုံရိပ်တစ်ခုချင်းစီတိုင်း နဝမအဆင့် အထွတ်အထိပ် စွမ်းအားကို ပိုင်ဆိုင်ထားကြကာ၊ ကြယ်တာရာ T-Rex နတ်ဘုရား၏ လမ်းကြောင်းကို ပိတ်ဆို့လာခဲ့သည်။

“ ဘယ်သူက ဒီနေရာကို ဖြတ်သွားနိုင်တော့မှာလဲဟ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲနေတော့သည်၊ နဝမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရသည့် အချိန်မှာပင် အရှက်တကွဲ ထွက်ပြေးလာခဲ့ရသောကြောင့်၊ နဝမအဆင့် အထွတ်အထိပ် ပညာရှင် အုပ်စုနှင့် ရင်ဆိုင်ရမည်ဆိုပါက စကားပြောနေရန်ပင် မလိုတော့ပေ။

ဤအခိုက်အတန့်တွင် သူသည် ထိုအလောင်းက မည်သည့်အတွက်ကြောင့် ဤနေရာတွင် သေဆုံးနေခဲ့ရလဲဆိုသည်ကိုပါ နားလည်သွားခဲ့သည်။

နှစ်ပေါင်းသောင်းနှင့်ချီ၍ ကြာရှည်သည်အထိ အလောင်းက ကောင်းစွာ ကျန်ရှိနေသေးသောကြောင့်၊ ၎င်း၏ အဆင့်က ပကတိ အထွတ်အထိပ် မဟုတ်ဘဲ၊ ၎င်းနှင့် ခြေတစ်လှမ်းမျှသာ လိုတော့သည့် ဝေးကွာတော့သည့် အဆင့်သို့ ရောက်ရှိနေခြင်း ဖြစ်နိုင်ပေသည်။

သို့သော် ထိုလူသည် နန်းတော် အပေါက်ဝမှာပင် ဘဝနိဂုံးချုပ်သွားခဲ့ရသည်။

ထိုလူမှာလည်း နဝမအဆင့် အထွတ်အထိပ် ပညာရှင်တစ်စု၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံလိုက်ရသည့်ပုံပင်။

ဤနန်းတော်၏ တားမြစ်ချက်ကို မချိုးဖျက်နိုင်သရွေ့၊ နဝမအဆင့် အထွတ်အထိပ် ပညာရှင်များ ဆက်တိုက်ပေါ်ထွက်လာမည်ဖြစ်သည်၊ အကယ်၍ ပကတိ အထွတ်အထိပ် ပညာရှင်တစ်ဦးသာ မရောက်လာဘူးဆိုပါက၊ ဤနန်းတော်ကို မည်သို့မျှ ကျော်ဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။

“ လမ်း အပိတ်ခံထားရတယ်ဆိုတော့ ပြန်ရမှာပေါ့ကွာ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အံကြိတ်ကာ နောက်ပြန်ဆုတ်သွားတော့သည်။

သူသည် ဆုံးဖြတ်ချက်ချခဲ့ပြီးပြီ ဖြစ်သည်၊ ယခုလက်ရှိ အချိန်တွင် လူသားဧကရာဇ် အမွေအနှစ်ကို စွန့်လွှတ်လိုက်ရမည်ဆိုလျှင်တောင်မှ၊ အရေးကြီးနေမည် မဟုတ်ပေ၊ ယခု သူရရှိထားခဲ့သည့် အကျိုးအမြတ်များကပင် အတော်လေး လုံလောက်နေခဲ့ပြီ ဖြစ်သည်။

“ ဟမ် “

သူ၏ မူလနေရာသို့ ပြန်ရောက်လာသည့် အချိန်တွင် သူသည် တစ်စုံတစ်ခုကို အာရုံခံမိသွားခဲ့သည်။

“ အလောင်းက သူ့လက်ထဲမှာ တစ်ခုခုကို ဆုပ်ကိုင်ထားတဲ့ပုံပဲ “

ပကတိ အထွတ်အထိပ်အဆင့်နဲ့ နီးနေတဲ့ ပညာရှင်တွေက သေသွားတာတောင်မှ ဘာကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာလဲ

အဲ့တာက ရတနာများလား

သို့သော် ထိုအလောင်းသည် သူ့အား အလွန်ထူးခြားသော ခံစားချက်တစ်ခုကို ပေးစွမ်းနေခဲ့သည်၊ သေဆုံးသွားခဲ့သည်မှာ နှစ်ပေါင်းသောင်းနှင့်ချီ၍ ကြာနေခဲ့ပြီဖြစ်သော်လည်း၊ သူ၏နှလုံးမှာ အသက်ရှိနေသကဲ့သို့ ခုန်ပေါက်နေလျက်ရှိသည်၊ ၎င်းမှာ အတော်လေးကို ပုံမှန်မဟုတ်ပေ။

အကယ်၍ သူကသာ အလောတကြီး ချဥ်းကပ်သွားမည်ဆိုပါက၊ မထင်မှတ်ထားသော ဖြစ်ရပ်တစ်ခုခု ဖြစ်ပေါ်လာမည် ဖြစ်သည်။

တစ်ခဏခန့် တွေးတောနေခဲ့ပြီးသည့်နောက်တွင် သူသည် နတ်စွမ်းအားကို အသုံးပြုကာ လက်တစ်ဖက်ကို ဖွဲ့စည်းပြီး၊ ထိုအလောင်းကို ဆုပ်ကိုင်ကာ ၎င်း၏ လက်သီးဆုပ်ကို ဖွင့်ထုတ်ရန်၊ ပြင်လိုက်သည်။

“ ဘုမ်းးး “

သို့သော် ထိုအချိန်၌ နဝမအဆင့် အထွတ်အထိပ် ပညာရှင်များသည် ရုတ်တရက် ရူးသွပ်သွားပုံရကာ၊ အလင်းတန်းများအဖြစ် အသွင်ပြောင်း၍ ကြယ်တာရာ T-Rex နတ်ဘုရားဆီသို့ တဟုန်ထိုး ပြေးဝင်လာကြသည်။

၎င်းတို့၏ အလွန်အားကောင်းသော စွမ်းအားကြောင့် နန်းတော်တစ်ခုလုံးပင် ပြိုကျလုမတတ် ဖြစ်သွားခဲ့ရသည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူက သေခြင်းရှင်ခြင်း အကြပ်အတည်း အတွင်းသို့ ကျရောက်သွားသည်ဟု ချက်ချင်းခံစားလိုက်ရသည်။

“ အဲ့အလောင်းနားကို ချဥ်းကပ်လိုက်တာ ဒီလိုပရမ်းပတာ ဖြစ်ရပ်မျိုးကို ဖြစ်စေတာလား “

ဦးနှောက်ကို အလုပ်ပေးနေရင်းဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် ပိုမိုမြန်ဆန်သော အမြန်နှုန်းဖြင့် လှုပ်ရှားကာ အလောင်းကို ဆွဲယူရန် ပြင်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် အလင်းတန်းကိုးခု ဆန်းကြယ်ရေခဲ မျှော်စင်ကို အသက်သွင်းလိုက်သည်၊ အအေးလှိုင်းတစ်ခု ပေါ်ထွက်လာခဲ့ကာ၊ အဆိုပါ နဝမအဆင့် အထွတ်အထိပ် ပညာရှင်များကို တစ်ခဏခန့် ချုပ်နှောင်သွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် အဆိုပါ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကာ၊ မြေပြင်ပေါ်ရှိ အလောင်းကို ဆွဲကိုင်ကာ သူ၏ ဟင်းလင်းပြင် နေရာလွတ်အတွင်းသို့ ထည့်သွင်းရန် ကြံရွယ်လိုက်သည်။

မထင်မှတ်ထားစွာဖြင့် ညှိုးနွမ်းခြောက်ကပ်နေပုံရသည့် အဆိုပါ အလောင်းမှာ ကြောက်ခမမ်းလိလိ လေးလံလွန်းနေခဲ့သည်။

၎င်းကို မတင်ရခြင်းမှာ ကြယ်တစ်လုံးကို နေရာရွှေ့ရခြင်းကဲ့သို့ အလွန်တရာ ခက်ခဲနေခဲ့သည်။

“ ကြွစမ်း “

ကြယ်တာရာ T-Rex နတ်ဘုရားမှ အော်ဟစ်ကြုံးဝါးလာခဲ့ရာ၊ နတ်စွမ်းအား လက်ကြီးသည် ရွှေရောင်အလင်းတန်းဖြင့် တောက်ပလာခဲ့ပြီး၊ အဆိုပါ အလောင်းကို အမြစ်လှန်ရန် ကြိုးပမ်းနေတော့သည်။

“ ဘိုးဘေးနဂါး အရိပ်တစ်သောင်း၊ လာ “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကိုယ်ပွားတစ်ထောင်ကျော် ပေါ်ထွက်လာခဲ့သည်။

အဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီးသည့်နောက်၊ အထူးသဖြင့် နတ်စွမ်းအားကို ရရှိခဲ့ပြီးသည့်နောက်တွင် သူ၏ ဘိုးဘေးနဂါး အရိပ်တစ်သောင်း နည်းစနစ်မှာလည်း ပိုမိုတိုးတက် အားကောင်းလာခဲ့သည်။

ယခုတွင် သူသည် ကိုယ်ပွားအခုတစ်ထောင်ကျော်ကို တစ်ပြိုင်နက် ဖန်တီးနေနိုင်ပြီ ဖြစ်သည်။

ဤအချိန်၌ ကိုယ်ပွားတစ်ထောင်ကျော်သည် နတ်စွမ်းအား လက်တစ်ထောင်ကျော်ကို ဖန်တီးကာ၊ အလောင်းကို ဆွဲမနေတော့သည်။

“ ဝရုန်းးး “

အဆုံးတွင် ကျောက်စိမ်းအရိုး ရွှေရောင် အလောင်းမှာ ကြွတက်လာခဲ့သည်။

ထို့နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်းကို သူ၏ ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ် အတွင်းသို့ ပစ်ထည့်လိုက်သည်။

“ ဗွီ “

ချက်ချင်းဆိုသလိုပင် ချိတ်ဆက်မှုတစ်ခုခု ပြတ်တောက်သွားပုံရပြီး၊ သူ့ဆီသို့ ပြေးဝင်လာနေသည့် နဝမအဆင့် အထွတ်အထိပ် ပညာရှင်ပုံရိပ်များသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

……………………………………………………………………………………………………………………………………….

အပိုင်း ( 606 )

တာအိုမူလ နိယာမကို နားလည်ခြင်း ၂

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ချက်ချင်းပျော်ရွှင်သွားခဲ့သည်။

“ ထင်သားပဲ၊ အရိုးစုက ကျူးကျော်သူ မဟုတ်ဘူး၊ ဒီရှေးဟောင်း တားမြစ်ချက်ရဲ့ အူတိုင်ပဲ “

ယခင်က သူသည် ဤအလောင်းက သူကဲ့သို့ပင် ဤနန်းတော်ဆီသို့ အတိတ်တစ်ချိန်က ရောက်ရှိလာခဲ့သည့် ကြယ်ပြာဂြိုဟ်၏ အစွမ်းထက် ပညာရှင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု ထင်နေခဲ့သည်။

သို့သော် အဆိုပါ အရိုးစုအနားသို့ သူချဥ်းကပ်သွားသည့် အချိန်တွင်၊ အဆိုပါ နဝမအဆင့် အထွတ်အထိပ် ပုံရိပ်များမှာ ကသောင်းကနင်း ဖြစ်သွားခဲ့သည်၊ ၎င်းကို မြင်တွေ့လိုက်ရသောအခါတွင်၊ သူ၏ သံသယများ ကြီးထွားလာခဲ့သည်။

ခုန်ပေါက်နေသည့် ရွှေရောင်နှလုံးအကြောင်းကို ပြန်စဥ်းစားမိသွားသောအခါတွင် သူသည် ပိုမိုတိကျသော ခန့်မှန်းချက်များကို ပြုလုပ်နိုင်ခဲ့သည်။

အကယ်၍ ပကတိ အထွတ်အထိပ် ပညာရှင်က သေဆုံးသွားမည်ဆိုပါက၊ များသောအားဖြင့် သူ၏ နှလုံးမှာလည်း ဆက်လက်၍ ကိုယ့်ဘာသာ ရှင်သန်နေနိုင်မည် မဟုတ်ပေ။

အကယ်၍ တစ်ခုခုသာ ရှင်သန်ကျန်ရစ်နေမည်ဆိုပါက၊ ၎င်းက ရှေးဦး ဝိညာဥ်ဖြစ်နိုင်ပေသည်။

ယခုလက်ရှိ အခြေအနေမှာလည်း အလွန်တရာ ထူးခြားနေခဲ့သည်။

အဆိုပါ အရိုးစု၊ တိတိကျကျ ပြောရမည်ဆိုပါက အရိုးစုအတွင်းရှိ နှလုံးမှာ တားမြစ်ချက်၏ အူတိုင် ဖြစ်နေဖို့များသည်။

တကယ်ကိုပင် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန့်မှန်းမှုများက မှန်ကန်နေခဲ့သည်။

အရိုးစုကို ဟင်းလင်းပြင် အတွင်းသို့ ပို့လိုက်သည့် အချိန်တွင်၊ စနစ်ထံမှ ရရှိထားသော အဆိုပါ ပစ္စည်းသည် အထဲသို့ ရောက်လာသော ပစ္စည်းများကို ပြင်ပကမ္ဘာနှင့် လုံးဝပိုင်းခြားလိုက်သည်။

ထို့ကြောင့် တားမြစ်ချက်နှင့် အရိုးစုအကြားရှိ ချိတ်ဆက်မှုမှာ ချက်ချင်းပြတ်တောက်သွားခဲ့သည်။

“ ငါ့မှာသာ ကိုယ်ပွား ထောင်ကျော် မရှိဘူးဆိုရင်၊ အရိုးစုကို တော်တော်ခက်ခက်ခဲခဲ ဖယ်ထုတ်ခဲ့ရမှာ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အံ့ဩတကြီးဖြင့် ခေါင်းခါနေတော့သည်၊ ဒီတားမြစ်ချက်ကို ဖန်တီးထားတဲ့လူက ငါ့လိုအခြေအနေမျိုး ပေါ်လာလိမ့်မယ်လို့ မထင်ထားလောက်ဘူး

အကယ်၍ တစ်ခြားတစ်ယောက်ယောက်သာ ဖြစ်နေမည်ဆိုပါက၊ ပထမဦးဆုံး ပေါ်ထွက်လာခဲ့သည့် နဝမအဆင့် အထွတ်အထိပ် ပညာရှင်နှင့်ပင် အတော်လေး တိုင်ပတ်နေမည် ဖြစ်သည်။

အကယ်၍ ပကတိ အထွတ်အထိပ် ပညာရှင်ကသာ ဤနေရာသို့ ရောက်လာမည်ဆိုပါက၊ သူသည် မည်သည့်အရာကိုမှ လုပ်နေစရာမလိုဘဲ တားမြစ်ချက်ကို တိုက်ရိုက်ဖျက်စီးပစ်နိုင်ပေသည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ အစီအရင် ချိုးဖျက်ခြင်း နည်းလမ်းမှာလည်း အမှန်ပင် ထူးဆန်းလွန်းနေခဲ့သည်။

ဤအချိန်၌ အေးခဲရပ်တန့်သွားကြသော နဝမအဆင့် အထွတ်အထိပ် ပုံရိပ်များသည် ပျက်စီးနေသော အခြေအနေထဲသို့ ကျရောက်သွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် အရှေ့သို့ လျှောက်လှမ်းသွားကာ၊ စစ်ဆေးကြည့်ရှုနေခဲ့ပြီး၊ အဆိုပါ ပုံရိပ်များထံတွင် တကယ့် ခန္ဓာကိုယ်များ ရှိနေကြပြီး၊ အစစ်နှင့် တစ်ပုံစံတည်း တူညီနေသည်ကို မြင်တွေ့သွားခဲ့သည်။

ထို့အပြင် အဆိုပါ ပုံရိပ်အားလုံး၏ အသွင်အပြင်မှာ တစ်ထပ်တည်း တူညီနေခဲ့သည်။

“ တားမြစ်ချက်က ဖန်တီးထားတဲ့ ဒီပုံရိပ်တွေက အရိုးစု အသက်ရှင်နေတုန်းက ပိုင်ဆိုင်ခဲ့တဲ့ အသွင်အပြင်များ ဖြစ်နေမလား “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အဆိုပါ ဖြစ်နိုင်ခြေကို စဥ်းစားမိသွားခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် ရွှေရောင်အလောင်း၏ အရပ်အမြင့်နှင့် အဆိုပါ ပုံရိပ်တို့၏ အရပ်အမြင့်များက တူညီနေသည်ကို သူသတိပြုမိထားသောကြောင့် ဖြစ်သည်။

“ တကယ်လို့ ငါကသာ အဲ့အရိုးစုကို သန့်စင်နိုင်မယ်ဆိုရင်၊ အဲ့ဒီပုံရိပ်တွေကို ထိန်းချုပ်နိုင်သွားမှာ မဟုတ်ဘူးလား “

၎င်းကို တွေးမိသွားသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ ရင်ခုန်သံများ မြန်ဆန်သွားခဲ့သည်။

အဆိုပါ မှန်းဆချက်ကသာ မှန်ကန်နေမည်ဆိုပါက၊ သူသည် နဝမအဆင့် အထွတ်အထိပ် ပညာရှင်တစ်စုကို ပိုင်ဆိုင်လာမည် ဖြစ်သည်။

သို့ရာ၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် မြန်မြန်ဆန်ဆန် စိတ်တည်ငြိမ်သွားခဲ့သည်။

သူ၏ ယခုလက်ရှိ စွမ်းအားနှင့်သာဆိုပါက၊ သူသည် အဆိုပါ အရိုးစုကို သန့်စင်နိုင်မည် မဟုတ်ပေ။

အဆိုပါ အရိုးစုက ပကတိ အထွတ်အထိပ်အဆင့်နှင့် နီးကပ်နေသည့် ပညာရှင်ဖြစ်ပြီး၊ နှစ်သောင်းချီ၍ ကြာရှည်နေပြီဖြစ်သော်လည်း သူ၏အလောင်းက အကောင်းအတိုင်းနီးပါး ကျန်ရှိနေသေးသည်ဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။

“ တာအိုမူလ နိယာမကို နားလည်ပြီးတော့ အဆင့်၉ကို တကယ်ရောက်မှ အဲ့တာကို သန့်စင်ဖို့ ကြိုးစားကြည့်ရမယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ဤနေရာရှိ တားမြစ်ချက်ကို သူနှင့်အတူ မယူသွားနိုင်ဘူးဆိုသည်ကို သိရှိနေခဲ့ကာ အနည်းငယ် နောင်တရသွားခဲ့သည်။

တစ်ခဏ အကြာတွင် သူသည် ဤနန်းတော်အတွင်းမှ ထွက်လာခဲ့ပြီး၊ အရှေ့သို့ ဆက်လျှောက်သွားတော့သည်။

…

ဤအချိန်မှစ၍ သူလျှောက်လှမ်းနေရသည့် လမ်းကြောင်းမှာ အလွန်တရာ ချောမွေ့လွယ်ကူသွားခဲ့သည်။

သို့သော် တားမြစ်ချက်များ ကင်းမဲ့နေခြင်းတော့ မဟုတ်ပေ၊ ဆန့်ကျင်ဘက်အနေဖြင့် ရှေးဟောင်းနယ်မြေ၏ အတွင်းပိုင်းသို့ ပိုရောက်လာလေလေ၊ တားမြစ်ချက်များကို ပိုမိုမြင်တွေ့လာရလေလေ ဖြစ်ပြီး၊ သူတို့၏ ဧရိယာမှာလည်း ပိုမိုကြီးမားလာခဲ့သည်။

( အဆင့်ပိုမြင့်လေလေ ဧရိယာ ပိုကျယ်လေလေပါ၊ တားမြစ်ချက်အသေးလေးက မီတာ ၁၀၀ ဧရိယာအတွင်းမှာရှိတဲ့ လူတွေကိုပဲ တိုက်ခိုက်နိုင်တယ်ဆိုရင်၊ တားမြစ်ချက် အကြီးက မီတာ တစ်ထောင် ဒါမှမဟုတ် တစ်သောင်းအတွင်းက လူတွေကို တိုက်ခိုက်နိုင်တယ်၊ အဲ့သဘောမျိုးပါ )

သို့သော် အဆိုပါ တားမြစ်ချက်များသည် ကြမ်းကြမ်းတမ်းတမ်း နှိမ်နင်းခံခဲ့ရပြီး၊ အကျိုးသက်ရောက်မှုများ ပျောက်ကွယ်သွားခဲ့သည်။

ဤအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် တားမြစ်ချက်များ ရေးထိုးထားသည့် အရိပ်အငွေ့များ ရှိနေသော မြင့်မားသည့် ကျောက်ဆောင်များကြားတွင် လမ်းလျှောက်နေခဲ့ပြီး၊ အစွမ်းထက် ဤရှိန်အဝါတစ်ခုကို အာရုံခံမိသွားကာ နိုးနိုးကြားကြား ဖြစ်သွားခဲ့သည်။

အကယ်၍ အဆိုပါ တားမြစ်ချက်များက အသက်ဝင်လာခဲ့မည်ဆိုပါက၊ ပကတိ အထွတ်အထိပ် စွမ်းအားကို ထုတ်လွှတ်လာနိုင်ပေသည်။

ပကတိ အထွတ်အထိပ် ပညာရှင်တစ်ဦးကပင် ဤနေရာကို ကျော်ဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။

“ ကြည့်ရတာတော့ ခုနတုန်းက ငါရင်ဆိုင်ခဲ့ရတဲ့ တားမြစ်ချက်က ဒီရှေးဟောင်း နယ်မြေရဲ့ အားအနည်းဆုံးဟာ ဖြစ်နေတယ်နဲ့တူတယ် “

“ အဖျက်စီးမခံခဲ့ရဘဲ အကောင်းအတိုင်း ကျန်နေခဲ့တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ “

၎င်းကို တွေးမိသွားသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ခါးသက်သက် ရယ်မောနေမိတော့သည်။

သူသည် အင်အားကြီး ပညာရှင်များက ဖျက်စီးရန် မလိုအပ်ဘူးဟု ထင်နေပုံရသည့် အစီအရင်အတွင်းတွင် ပိတ်မိလုနီးပါး ဖြစ်သွားခဲ့သည်။

၎င်းသည် သူနှင့် တကယ့်အစွမ်းထက် ပုဂ္ဂိုလ်များကြားတွင် ကြီးမားသော ကွာဟချက် တစ်ခုရှိနေသေးကြောင်း မီးမောင်းထိုးပြနေခဲ့သည်။

“ လူသားဧကရာဇ်ရဲ့ အမွေအနှစ်ကို ရတာနဲ့၊ အဆင့်၉ကို ချက်ချင်းတက်ရမယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် လူသားဧကရာဇ်၏ အမွေအနှစ်က အရှေ့ဘက်တွင် ရှိနေကာ၊ သူနှင့် ပိုပိုနီးကပ်လာနေပြီဟု ခံစားနေခဲ့ရသည်။

“ ဗွီ “

သူ၏နတ်စွမ်းအားကို အသုံးပြုကာ၊ လူသားဧကရာဇ် စည်းတံဆိပ်ကို အသက်သွင်းလိုက်သည်။

လူသားဧကရာဇ် စည်းတံဆိပ်သည် တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရပြီး၊ အနည်းငယ် တုန်ခါလာခဲ့သည်။

“ တကယ်ကြီးကို အရှေ့မှာ ရှိနေတာပဲဟ “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ တောက်ပသွားကာ၊ မြန်နှုန်းမြှင့်၍ လျှောက်လှမ်းနေတော့သည်။

မကြာခင် အချိန်မှာပင် သူသည် ကျောက်ဆောင်ဒေသကို ကျော်ဖြတ်သွားခဲ့ပြီး၊ သူ၏အရှေ့တွင် ကောင်းကင်ဘုံနှင့် ထိကပ်နေသည့် မြင့်မားသော မျှော်စင်ကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

အဆိုပါ မျှော်စင်သည် အံ့ဖွယ်ကောင်းလောက်သည်အထိ မြင့်မားကာ၊ လုံးဝမည်းနက်နေခဲ့သည်၊ ၎င်း၏ပတ်ပတ်လည်ရှိ ဟင်းလင်းအပြင်အတွင်းတွင် ချိန်းကြိုး ၁၀၈ခု ရှိနေခဲ့ပြီး၊ ၎င်းတို့တစ်ခုချင်းစီတိုင်းက မီတာရာနှင့်ချီ၍ ထူထဲနေခဲ့ကာ၊ မျှော်စင်ကို မြဲမြံစွာ ချည်နှောင်ထားကြသည်။

“ ထပ် ထပ် “

လူသားဧကရာဇ် စည်းတံဆိပ်သည် ဆွေမျိုးတစ်ဦး၏ တည်ရှိမှုကို ခံစားနေရသည့်အလား အဆက်မပြတ် တုန်ခါလာခဲ့သည်။

ဤအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် လူသားဧကရာဇ်၏ အမွေအနှစ်က သူ့အရှေ့ရှိ မြင့်မားလွန်းလှသော မျှော်စင်အတွင်းတွင် ရှိနေသည်ကို သေချာသွားခဲ့သည်။

“ ဒါက အမှောင်နယ်မြေ လမ်းကြောင်းလား “

ကြယ်တာရာ T-Rex နတ်ဘုရားသည် မျှော်စင်ကြီးကို မော့ကြည့်နေခဲ့သည်၊ ယခုလက်ရှိ သူ၏စွမ်းအားဖြင့်ပင် မျှော်စင်၏ထိပ်ကို မမြင်နိုင်ခဲ့ပေ။

ဤမျှော်စင်၏ ထိပ်ပိုင်းက တစ်ခြားကမ္ဘာဆီသို့ ရောက်ရှိနေပုံရသည်။

သူသည် လျှောက်တွေးမနေတော့ဘဲ၊ မျှော်စင်အတွင်းသို့သာ လျှောက်လှမ်းသွားတော့သည်။

“ ဝရုန်းးးး “

ရုတ်တရက်ဆိုသလိုပင် မြေပြင်သည် ပြင်းပြင်းထန်ထန် လှုပ်ခါလာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ့ကိုယ်သူ တည်ငြိမ်စေလိုက်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေတော့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ခမ်းနားထည်ဝါကာ ဩဇာတိက္ကမတို့ဖြင့် ပြည့်နှက်နေသည့် အသံတစ်သံ ပေါ်ထွက်လာခဲ့သည် “ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ၊ နောက်ဆုံးတော့ ငါ့ရဲ့အမွေအနှစ်အတွက် တစ်ယောက်ယောက် ရောက်လာခဲ့ပြီပေါ့။ မင်းက အဲ့တာကို ရှာနေတာလား “

အဲ့တာက ….. လူသားဧကရာဇ်များလား

ကြယ်တာရာ T-Rex နတ်ဘုရားသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်၊ သို့သော် သူသည် စကားပြန်ပြောလိုက်သည် “ ဒီဂျူနီယာက ပြီးပြည့်စုံတဲ့ အမွေအနှစ်ကို ဆက်ခံဖို့အတွက် ဒီကို ရောက်လာခဲ့တာပါ “

သူသည် သူ့လက်ထဲတွင် ရှိနေသည့် လူသားဧကရာဇ် စည်းတံဆိပ်ကို ပြသလိုက်သည်။

လူသားဧကရာဇ် စည်းတံဆိပ်၏ တည်ရှိမှုကို အာရုံခံမိသွားသောအခါတွင် မြေပြင်သည် ထပ်မံ၍ လှုပ်ခါသွားခဲ့ပြန်သည်။

ထို့နောက်တွင် အနည်းငယ် စိတ်လေးလက်အေး ဖြစ်သွားသည့် အသံတစ်သံ ပေါ်ထွက်လာခဲ့သည် “ ကောင်းတယ် …… ကြည့်ရတာတော့ မင်းက ငါ့အမွေအနှစ်ရဲ့ ပထမ တစ်ဝက်ကို ရထားပြီးတဲ့ပုံပဲ။ အမွေအနှစ်ရဲ့ ဒုတိယတစ်ဝက် မင်းအရှေ့က မျှော်စင်ထဲမှာ ရှိတယ်။ ဒါပင်မဲ့ အဲ့တာကို ရဖို့အတွက် စမ်းသပ်ချက်တစ်ချို့ကို ကျော်ဖြတ်မှရမယ် “

ကြယ်တာရာ T-Rex နတ်ဘုရားမှ အေးအေးလူလူ ပြန်ပြောလိုက်သည် “ အကြီးအကဲ၊ ကျွန်တော့်ကို ရှင်းပြပေးပါ “

ထိုအသံမှ စကားထပ်ပြောလာခဲ့သည် “ မျှော်စင်ထဲကို ဝင်လာတာနဲ့၊ ရွှေရောင်နဂါးတိုင်လုံး ခုနစ်တိုင်ကို မင်းမြင်ရလိမ့်မယ်၊ အဲ့တာက နောင်လာနောင်သားတွေကို စမ်းသပ်ဖို့အတွက် ငါ့ရဲ့ မဟာနတ်စွမ်းရည်ကို သုံးပြီးတော့ ဖန်တီးထားတာတွေပဲ။ တကယ်လို့ မင်းက အဲ့ဒီ နဂါးတိုင်လုံး ခုနစ်လုံးကို ချိုးဖျက်နိုင်မယ်ဆိုရင်၊ အမွေအနှစ်ကို ရလိမ့်မယ် “

နဂါးတိုင်လုံး ခုနစ်ခုလား

ကြယ်တာရာ T-Rex နတ်ဘုရားသည် မျှော်စင်အတွင်းသို့ လျှောက်လှမ်းသွားတော့သည်။

တစ်ခဏ အကြာတွင် သူသည် မျှော်စင်အတွင်းရှိ ဟင်းလင်းပြင်အတွင်းသို့ ရောက်ရှိလာခဲ့သည်။

ဤနေရာသည် ၎င်း၏ ကိုယ်ပိုင်ကမ္ဘာငယ်တစ်ခုနှင့် တူညီနေခဲ့ပြီး၊ အပေါ်သို့ မော့ကြည့်လိုက်မည်ဆိုပါက၊ တိမ်သားတိမ်စိုင်တို့ကိုပင် မြင်တွေ့ရမည် ဖြစ်သည်။

အသံပိုင်ရှင်မှ ပြောထားသည့်အတိုင်းပင်၊ မြင့်မားသော နဂါးတိုင်လုံး ခုနစ်ခု ရှိနေခဲ့ပြီး၊ တစ်ခုချင်းစီတိုင်းထံတွင် နတ်စွမ်းရည်များဖြင့် ထွင်းထုထားသကဲ့သို့ ဖြစ်နေသည့် ပုံစံကွက်များ ရှိနေခဲ့ကာ၊ မြင့်မြတ်သော ဘုန်းတန်းခိုကို ထုတ်လွှတ်နေလျက်ရှိသည်။

“ ဒီနဂါးတိုင်လုံးတွေက …. “

ကြယ်တာရာ T-Rex နတ်ဘုရားသည် နဂါးတိုင်လုံးပေါ်တွင် ရှိနေသည့် ပုံစံကွက်များကြောင့် ချက်ချင်း အဆွဲဆောင်ခံလိုက်ရသည်။

ပထမတိုင်လုံးပေါ်ရှိ ပုံစံကွက်သည် အရာအားလုံး ကြီးထွားလာသည့် တောက်ပသော မြေပုံကို ပုံဖော်ထားခြင်း ဖြစ်သည်။

သူ၏အမြင်တွင် အဆိုပါ ပန်းချီက အသက်ဝင်လာခဲ့ပုံရပြီး၊ အမျိုးမျိုးသော ပြောင်းလဲမှုများကို မြင်တွေ့နေရတော့သည်။

ပန်းချီအတွင်း၌ နဂါးပုံသဏ္ဍာရှိသည့် ရှေးဟောင်းသစ်ပင်တစ်ပင်တွင် အဖူးအပွင့်များ လျင်မြန်စွာ ပေါ်ထွက်လာခဲ့ပြီး၊ ၎င်း၏ သစ်ရွက်တစ်ခုချင်းစီတိုင်းမှာလည်း အသက်ဓာတ်တို့ဖြင့် ပြည့်နှက်နေသည့် တောက်ပသော အစိမ်းရောင်ရောင်ဝါတို့ကို ထုတ်လွှတ်လာခဲ့သည်။

အသက်ရှိသော သတ္တဝါများကဲ့သို့ ရှေးဟောင်းသစ်ပင်တွင် တွယ်ကပ်နေသည့် နွယ်ပင်များလည်း ရှိနေခဲ့ပြီး၊ နွယ်ပင်တို့၏ မျက်နှာပြင်ပေါ်တွင် ထူးဆန်းသော တာအိုပုံစံကွက်များ ရှိနေပြီး၊ လျင်မြန်စွာ ကြီးထွားလာကြသည်။

အဝေးတစ်နေရာ၌ အသက်ဓာတ်တို့ဖြင့် ပြည့်နှက်နေသည့် ရေဝိညာဥ်စမ်းချောင်းတစ်ခု တသွင်သွင် စီးဆင်းနေလျက်ရှိပြီး၊ မြေပြင်နှင့် ထိတွေ့သွားသောအခါတွင် တောပင်ချုံနွယ်များ ပွင့်လန်းလာခဲ့သည်။

ပိုမိုဝေးလံသော နေရာ၌ တောင်၏ မျက်နှာပြင်များပေါ်တွင် ရွှေရောင်သွေးကြောများ ပေါ်လာခဲ့ပြီး၊ ကမ္ဘာမြေသွေးကြောများက အသက်ဝင်လာပုံရကာ၊ နေနှင့်လတို့၏ အဆီအနှစ်များကို ရှူသွင်းရှူထုတ် ပြုလုပ်နေတော့သည်။

ရွှေရောင်တောင်အောက်၌ ဖိနှိပ်ခံထားရသည့် တစ်စုံတစ်ခု ရှိနေပုံရသည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ့ကိုယ်သု ထိုမြင်ကွင်းများအတွင်းတွင် နှစ်မြုပ်ထားကာ၊ အရာအားလုံးကို အသေးစိတ် ကြည့်ရှုလေ့လာနေခဲ့သည်။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး၊ မသိလိုက်ခင် အချိန်မှာပင် ဆယ်ရက်တာ ကုန်ဆုံးသွားခဲ့သည်။

ယနေ့၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် ရုတ်တရက် နိုးထလာခဲ့ပြီး၊ ဤပန်းချီအတွင်းတွင် ဆယ်ရက်တာ ကုန်ဆုံးခြင်းက အပြင်ဘက် ကမ္ဘာ၏ တစ်ရက်တာ ကုန်ဆုံးခြင်းနှင့် ညီမျှသည်ဆိုသည်ကို နားလည်သွားခဲ့သည်။

အပြင်ဘက် ကမ္ဘာသို့ ပြန်ရောက်လာသောအခါတွင် သူသည် သူ့အရှေ့တွင် ရှိနေသည့် ပထမ နဂါးတိုင်လုံးကို ကြည့်ကာ တအံ့တဩ ဖြစ်သွားခဲ့သည် “ ဒီတိုင်လုံးပေါ်က ပုံစံကွက်တွေဆီမှာ အသက်တာအိုပါနေတာပဲဟ “

တစ်ချက်မျှကြည့်လိုက်ရုံဖြင့် ဤမျှလောက်အထိ နစ်မွန်းသွားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ဤတိုင်လုံးပေါ်ရှိ ပုံစံကွက်ထံတွင် ကြယ်ဝလွန်းသော အသက်ဇစ်မြစ် တာအိုနိယာမ ပါဝင်နေလျက်ရှိသည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ တာအိုအရှင်သခင် စွမ်းရည်သည် အရေးအကြီးဆုံး အခန်းကဏ္ဍတွင် ပါဝင်နေခဲ့ပြီး၊ တာအိုနိယာမနှင့် ပဲ့တင်ထပ်သွားစေကာ၊ တစ်ချက်မျှ ကြည့်ရှုရုံဖြင့် နစ်မြုပ်သွားစေခဲ့သည်။

“ ဒီပန်းချီကို လေ့လာပြီးတဲ့နောက်မှာ၊ အသက်တာအိုအပေါ်မှာရှိနေတဲ့ ငါ့ရဲ့နားလည်မှုက အဆင့်၉ကို ရောက်သွားပြီ “

“ ရိုးရိုးရှင်းရှင်း ပြောရမယ်ဆိုရင်၊ ငါက အခုချက်ချင်း အဆင့်တက်လိုက်လို့ရနေပြီ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အလွန်တရာ စိတ်လှုပ်ရှားသွားခဲ့သည်။

…………………………………………………………………………………………………………………………………

အပိုင်း ( 607 )

နဝမအဆင့်သို့ တက်လှမ်းခြင်း၊ ကမ္ဘာကြီးကို ပြိုကွဲသွားစေနိုင်သော လက်သီးချက်

အံ့ဩမှုက အလွန်မြန်ဆန်စွာ ရောက်ရှိလာခဲ့သဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားကပင် သတိလက်လွတ်ဖြစ်သွားခဲ့သည်။

အစပိုင်းတွင် သူသည် ကြယ်ပြာဂြိုဟ်သို့ ပြန်သွားကာ၊ ၎င်း၏တာအိုကို နားလည်အောင် ပြုလုပ်နိုင်မှ နဝမအဆင့်နယ်ပယ်သို့ တရားဝင် ရောက်ရှိသွားမည်ဟု ထင်နေခဲ့ခြင်း ဖြစ်သည်။

သို့သော် မထင်မှတ်ထားစွာဖြင့် နဂါးတိုင်လုံးပုံစံကွက်တွင် ကြယ်ပြာဂြိုဟ်၏ တာအို နိယာမပါရှိနေပြီး၊ ၎င်းသည် အလွန်တရာ ကြယ်ဝသော မူလနိယာမဖြစ်နေခဲ့သည်။

အကယ်၍ သူက ကြယ်ပြာဂြိုဟ်သို့ ပြန်ရောက်သွားမည်ဆိုလျှင်တောင်မှ၊ တာအိုနိယာမကို နားလည်ရန်အတွက် အနည်းဆုံးအနေဖြင့် ရက်ပိုင်း၊ အများဆုံးအနေဖြင့် လပေါင်းများစွာ ကြာရှည်သည်အထိ အချိန်ပေးရမည်ဆိုသည်ကို သိကြရမည် ဖြစ်သည်။

သူ၏ကိုယ်ပိုင် နားလည်မှုကို အားကိုးကာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ကို ဆင်ခြင်သုံးသပ်ရမည် ဖြစ်သည်။

သို့သော် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ တာအိုကို ဖမ်းဆုပ်ရန်မှာ ပိုးအိမ်မှ ပိုးချည်မျှင်ကို ခွာယူရသည့်အလား ခက်ခဲလွန်းနေခဲ့သည်။

သို့သော် ယခုသူ့အရှေ့တွင် ရှိနေသည့် နဂါးတိုင်လုံးကမူ အဆိုပါ ချည်မျှင်အားလုံးကို တစ်နေရာတည်းတွင် စုစည်းထားသကဲ့သို့ ဖြစ်နေခဲ့ပြီး၊ နားလည်ဆင်ခြင်ခြင်းကို မြန်ဆန်လွယ်ကူသွားစေခဲ့သည်။

“ အဆင့်၉ကို အလောတကြီး တက်နေစရာ မလိုပါဘူး၊ ဒီနဂါးတိုင်လုံးတွေကို အပြည့်အဝ နားလည်သွားအောင် အရင်လုပ်လိုက်ကြတာပေါ့ကွာ “

ကြယ်တာရာ T-Rex နတ်ဘုရားမှ ဆုံးဖြတ်ချက်ချလိုက်သည်။

နဝမအဆင့်သို့ မရောက်ခင် အချိန်တွင် လူတစ်ဦး၏ တာအိုနားလည်နိုင်စွမ်းမှာ အနက်ရှိုင်းဆုံး ဖြစ်သည်။

တာအိုတစ်ခုကို ဖမ်းဆုပ်နိုင်ခဲ့ကာ နဝမအဆင့်သို့ ရောက်ရှိသွားနှင့်တစ်ပြိုင်နက်၊ တစ်ခြားသော တာအိုနိယာမတစ်ခုကို နားလည်ရန်မှာ များစွာခက်ခဲသွားမည် ဖြစ်သည်။

တစ်ခြားလူများအတွက်မူ တစ်ခုကို ဖမ်းဆုပ်နိုင်ခြင်းကပင် လုံလောက်နေပြီဖြစ်သည်၊ နောက်တစ်ဆင့်မှာ မပြည့်မစုံဖြစ်နေသည့် တာအိုကို တဖြည်းဖြည်း ပြည့်စုံအောင် ပြုလုပ်ကာ၊ ပကတိ အထွတ်အထိပ်သို့ ရောက်ရှိနိုင်မည့် အခွင့်အလမ်းကို မျှော်လင့်နေခြင်းပင် ဖြစ်သည်။

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရာ၏ ရည်မှန်းချက်ကမူ ၎င်းထပ်များစွာ ကျော်လွန်နေခဲ့သည်။

သူ၏ ပစ်မှတ်မှာ ပကတိ အထွတ်အထိပ် အထက်ရှိ အန္တိမနယ်ပယ်ပင် ဖြစ်သည်။

အန္တိမနယ်ပယ်သို့ ရောက်ရှိရန်အတွက်၊ ပြီးပြည့်စုံသော တာအိုမူလ နိယာမများစွာကို နားလည်ရမည် ဖြစ်သည်။

တာအိုနိယာမများကို ပိုမိုဖမ်းဆုပ်နိုင်လေလေ၊ အန္တိမနယ်ပယ်သို့ တက်လှမ်းသွားနိုင်မည့် အခွင့်အလမ်းက ပိုများလေလေပင် ဖြစ်သည်။

ဤအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် ဒုတိယမြောက် နဂါးတိုင်လုံးဆီသို့ ချဥ်းကပ်သွားခဲ့သည်။

သူအလုပ်စရန် ပြင်လိုက်သည့် အချိန်မှာပင် ရှေးဟောင်းအသံမှာ ထပ်မံ၍ ပေါ်ထွက်လာခဲ့သည် “ အဲ့ဒီတိုင်လုံးခုနစ်ခုကို ချိုးဖျက်ဖို့ မမေ့နဲ့၊ မဟုတ်ရင် ငါ့အမွေအနှစ်ကို ရမှာ မဟုတ်ဘူး “

ကြယ်တာရာ T-Rex နတ်ဘုရား၏ အကြည့်များ ပြောင်းလဲသွားကာ၊ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားသွားရတော့သည်။

အစောပိုင်း အချိန်များအတွင်းက ပထမ နဂါးတိုင်လုံးကို သူနားလည်သွားခဲ့သည့် အချိန်တွင်၊ ၎င်းမှာ အမွေဆက်ခံမှု၏ စမ်းသပ်ချက်နှင့် တူညီမနေခဲ့ပေ။

နဂါးတိုင်လုံးများသည် နတ်စွမ်းရည်များကို ကိုယ်စားပြုနေခဲ့ပြီး၊ ၎င်းတို့အပေါ်တွင် တာအိုမူလ နိယာမများကိုပင် ရေးထိုးထားခဲ့သည်။

အကယ်၍ ၎င်းကသာ စမ်းသပ်မှုတစ်ခု ဖြစ်နေမည်ဆိုပါက၊ ၎င်းသည် လူတစ်ဦး၏ နိယာ နားလည်နိုင်စွမ်းကိုသာ စစ်ဆေးသင့်ပေသည်။

သို့သော် ယခုတွင်ကား ထိုအသံသည် တိုင်လုံးများကို ချိုးဖျက်ရန် တိုက်တွန်းနှိုးဆော်လာခဲ့သည်။

ထိုကဲ့သို့ လုပ်လိုက်မည်ဆိုပါက၊ သူသည် မည်သည့်အကျိုးအမြတ်ကိုမှ ရရှိတော့မည် မဟုတ်ပေ။

ကြယ်တာရာ T-Rex နတ်ဘုရားသည် အေးအေးလူလူ ပြန်ပြောလိုက်သည် “ ဒီက နိယာမတွေ အကုန်လုံးကို နားလည်သွားတာနဲ့ အမွေဆက်ခံမှုကို စလုပ်မှာပါ “

ထို့နောက်တွင် သူသည် ဒုတိယမြောက် တိုင်လုံးဆီသို့ ဆက်လက်၍ လျှောက်လှမ်းသွားတော့သည်။

ထိုအသံသည် အနည်းငယ် စိုးရိမ်ပူပန်သွားပုံရကာ၊ လေသံတိုးတိုးလေးဖြင့် ထပ်ပြောလာခဲ့သည် “ အမွေဆက်ခံတာက အချိန်အကန့်အသတ်ရှိတယ် “

ကြယ်တာရာ T-Rex နတ်ဘုရားမှ ပြန်ပြောလိုက်သည် “ ကျွန်တော်က သိပ်မကြာခင် အချိန်မှာပဲ အဆင်သင့်ဖြစ်တော့မှာပါ “

ထို့နောက်တွင် သူသည် ထိုအသံကို လျစ်လျူရှုလိုက်ကာ၊ တိုင်လုံးပေါ်ရှိ ပုံစံကွက်ကိုသာ ကြည့်ရှုစစ်ဆေးနေတော့သည်။

“ ဗွီ “

ဒုတိယမြောက် ပုံစံကွက်ကို ကြည့်လိုက်သောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ တာအို အရှင်သခင် စွမ်းရည်မှာ အလိုအလျောက် အသက်ဝင်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် သူသည် ပုံစံကွက်ကို နားလည်ဆင်ခြင်ရာတွင် နစ်မြုပ်သွားခဲ့သည်။

…

မြင်ကွင်းသည် မှင်ကဲ့သို့သော မည်းနက်သည့် ညတစ်ညကို ပုံဖော်ထားခဲ့သည်။

သူ့အရှေ့တွင် မီးလောင်ဒဏ်သင့်ထားသော အပင်တစ်ပင် ရှိနေခဲ့ပြီး၊ ၎င်း၏ အကိုင်းအခက်များသည် ကောင်းကင်ထက်သို့ ထောင်တက်နေခဲ့ကာ၊ အေးမြသော လေတိုက်ခတ်မှုနှင့်အတူ တချွတ်ချွတ် အော်မြည်နေလျက်ရှိသည်။

တစ်ချိန်က စီးဆင်းသက်ဝင်နေခဲ့သည် မြစ်များသည် ရေများ ခမ်းခြောက်နေကာ၊ အက်ကွဲကြောင်းတို့ဖြင့် ပြည့်နှက်နေသည့် မြစ်ကြမ်းပြင်တို့ကို လှစ်ပြသနေခဲ့ပြီး၊ ငါးသေ၊ ပုစွန်သေတို့မှာလည်း နေရာအနှံ့ ပြည့်ကျဲနေကာ၊ အပုတ်နံ့များ ဆိုးဆိုးရွားရွား ပေါ်ထွက်နေခဲ့သည်။

အဝေးတစ်နေရာတွင် ပြတင်းပေါက်နှင့် တံခါးများကို တင်းတင်းကြပ်ကြပ် ပိတ်ထားသည့် လူသူကင်းမဲ့နေသော ရွာတစ်ရွာ ရှိနေခဲ့ပြီး၊ ရံဖန်ရံခါတွင် တိုက်ခတ်နေသည့် လေပြေလေညင်းတို့သည် ထူးဆန်းသော အသံတစ်သံကို ဖြစ်ပေါ်လာစေခဲ့သည်။

ကမ္ဘာတစ်ခုလုံးတွင် အသက်ဓာတ်များ ကင်းမဲ့နေပုံရပြီး၊ အဆုံးမဲ့ ညအမှောင်အတွင်းတွင် တိတ်ဆိတ်မှုကသာလျှင် ကြီးစိုးမင်းမူနေလျက်ရှိသည်။

၎င်းမှာ မရဏနယ်မြေပင် ဖြစ်သည်။

ထူးခြားဆန်းကြယ်သော တာအိုများအနက် အသက်တာအိုရှိသကဲ့သို့၊ မရဏတာအိုလည်း တည်ရှိနေသည်။

ကြယ်တာရာ T-Rex နတ်ဘုရားက ပြန်လည်နိုးထလာခဲ့သည့် အချိန်၌၊ သူ၏မျက်လုံးအတွင်းတွင် အသစ်နားလည်ထားခဲ့သော အသိအမြင် အလင်းတန်းတစ်ခု တောက်ပနေခဲ့သည်။

“ ရှင်ခြင်းရှိသလို၊ သေခြင်းလည်း ရှိတယ်၊ မရဏတာအိုက အသက်တာအိုကနေ မွေးဖွားလာတယ်၊ သူတို့နှစ်ခုကို ပေါင်းစပ်လိုက်မှ တကယ့်စွမ်းအား ထွက်ပေါ်လာမယ် “

ထို့နောက်တွင် သူသည် ကျန်ရှိနေသည့် နဂါးတိုင်လုံး ငါးခုကို ဆက်လက်၍ ဆင်ခြင်သုံးသပ်နေတော့သည်။

တတိယမြောက် တိုင်လုံးသည် အရာအားလုံး မွေးဖွားသည့် မြေပုံဖြစ်ပြီး၊ ဓာတ်ကြီးငါးပါး တာအိုနှင့် ဆက်စပ်နေခဲ့သည်။

စတုတ္ထမြောက် တိုင်လုံးသည် ကြယ်တိုက်ပွဲ အစီအရင် မြေပုံဖြစ်ပြီး၊ အစီအရင်အဆောင် တာအိုနှင့် ဆက်စပ်နေခဲ့သည်။

ပဥ္စမမြောက် တိုင်လုံးကမူ လက်နက်အားလုံးကို ကြည့်နေသည့် ဘိုးဘေးတစ်ဦး၏ ပုံရိပ်ဖြစ်ပြီး၊ လက်နက်တာအိုနှင့် ဆက်စပ်နေခဲ့သည်။

ဆဌမမြောက် တိုင်လုံးမှာ ကောင်းကင်ဘုံ တွက်ချက်မှုမြေပုံဖြစ်ပြီး၊ ဘဝတာအိုနှင့် ဆက်စပ်နေခဲ့သည်။

သတ္တမမြောက် တိုင်လုံးသည် ဟင်းလင်းပြင်-အချိန် ပြန်လည်ဝင်စားခြင်းကားချပ်ဖြစ်ပြီး၊ ဟင်းလင်းပြင်-အချိန်တာအိုနှင့် ဆက်စပ်နေခဲ့သည်။

…

ရက်ပေါင်းများစွာ ကျော်လွန်လာခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် နဂါးတိုင်လုံး ခုနစ်ခုလုံးကို နားလည်သွားခဲ့သည်။

ဝေးဝေးရောက်လေလေ၊ နားလည်ရခက်လာလေလေ ဖြစ်နေခဲ့သည်။

တတိယမြောက်တိုင်လုံးကို နားလည်ခဲ့ရခြင်းမှာ သူ၏မူလကိုယ်က ဒြပ်စင်ငါးပါး နတ်နည်းစနစ်ကို ကျွမ်းကျင်တတ်မြောက်ထားပြီး၊ ဓာတ်ကြီးငါးပါးကို အတော်အတန် နားလည်ထားခဲ့သောကြောင့် ဖြစ်သည်။

သို့သော် နဂါးတိုင်လုံးတွင် ရှိနေခဲ့သည့် ဓာတ်ကြီးငါးပါးကားချပ်သည် သူ့အတွက် အလွန်တရာ အကျိုးရှိနေခဲ့သည်။

စတုတ္ထမြောက်တိုင်လုံးမှစ၍ အရာအားလုံးသည် ပိုမိုရှုပ်ထွေးပွေလီလာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားက တာအို အရှင်သခင်စွမ်းရည်ကို ပိုင်ဆိုင်ထားသော်လည်း၊ သူ၏ အကောင်းဆုံးသော နားလည်မှုမှာ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်နေခဲ့သည်။

ဆဌမမြောက်တိုင်လုံးဖြစ်သည့် ကောင်းကင်ဘုံ တွက်ချက်မှုကားချပ်ဆီသို့ ရောက်လာခဲ့သောအချိန်တွင်၊ ပို၍ပင် ဆန်းကြယ်ရှုပ်ထွေးနေခဲ့ကာ နားမလည်နိုင်လောက်သည်အထိ ဖြစ်နေခဲ့သည်။

သတ္တမမြောက်တိုင်လုံးသည် ပိုမိုနက်နဲ ရှုပ်ထွေးသည့် ဟင်းလင်းပြင်နှင့် အချိန်နယ်မြေများ ဖြစ်နေခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ ယခုလက်ရှိ အဆင့်ဖြင့်ပင်၊ နားလည်ရ ခက်ခဲနေခဲ့သည်။

“ ဒါပင်မဲ့ အဲ့ဒီပုံစံကွက်တွေကို အမွေဆက်ခံမှုလိုမျိုး ငါ့စိတ်ထဲမှာ ပုံတူကူးထားနိုင်ခဲ့တာကတော့ တော်တော်ကြီးကို ကံကောင်းတယ် “

“ လောနေစရာမလိုပါဘူး၊ နောင်အနာဂတ်မှာ အဲ့တာတွေကို ဖြည်းဖြည်းချင်း လေ့လာသွားလို့ရတယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် တိုင်လုံးခုနစ်လုံးကို ထပ်မံ၍ ငေးကြည့်ကာ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။

အဆိုပါ တိုင်လုံးများထံမှ ရရှိခဲ့သည့် အကျိုးအမြတ်တို့မှာ သူဝါးမြိုခဲ့သည့် ကွေ့တျန်ဖုန်းထပ် မည်သို့မျှ နိမ့်ကျမနေခဲ့ပေ။

၎င်းထပ်ပင် သိသိသာသာ သာလွန်နေခဲ့သည်။

ဝိညာဥ် ဝါးမြိုခြင်းက သူ့ကို နဝမတစ်ပိုင်းအဆင့်သို့သာ တွန်းပို့ပေးနိုင်ခဲ့ပြီး၊ ဤတိုင်လုံးများကမူ အန္တိမနယ်ပယ်သို့ ရောက်ရှိနိုင်မည့် အခွင့်အလမ်းများကို မြင့်တက်သွားစေခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားက မှင်သက်အံ့ဩနေသည့် အချိန်တွင်၊ ရှေးဟောင်းအသံမှာ ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြန်သည် “ အငယ်လေး၊ မင်းအဆင်သင့်ဖြစ်ပြီလား။ အမွေဆက်ခံမှု စမ်းသပ်ချက်ကို စလုပ်ရမဲ့ အချိန်ကျပြီ “

……………………………………………………………………………………………………………………………………………

အပိုင်း ( 608 )

နဝမအဆင့်သို့ တက်လှမ်းခြင်း၊ ကမ္ဘာကြီးကို ပြိုကွဲသွားစေနိုင်သော လက်သီးချက် ၂

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူလုပ်ဆောင်ရမည့် အရေးကြီးကိစ္စ ရှိနေသေးသည်ဆိုသည်ကို ရုတ်တရက် မှတ်မိသွားခဲ့သည်။

သို့ရာ၌ သူသည် ဤအခိုက်အတန့်တွင် စိုးရိမ်ပူပန်နေခြင်းမရှိဘဲ ပြန်၍မေးမြန်းနေတော့သည် “ အကြီးအကဲ၊ စမ်းသပ်မှုက စနေပြီလို့ ပြောခဲ့တယ် မဟုတ်ဘူးလားဗျ “

ထိုအသံသည် အနည်းငယ် ကူရာကယ်ရာမဲ့သွားပုံရကာ ပြန်ပြောလာခဲ့သည် “ မင်းရဲ့ နားလည်နိုင်စွမ်းက တော်တော်လေး ထူးခြားတယ်ဆိုတာကို ငါတွေ့ခဲ့ရတယ်လေ၊ အဲ့တာကြောင့် မင်းအတွက် ငါချွင်းချက်ထားပေးလိုက်တာ။ ဘယ်လိုလဲ။ စလို့ရပြီလား “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည် “ အကြီးအကဲ၊ ခင်ဗျားက နည်းနည်းလေးလောနေတဲ့ပုံပဲနော်။ တကယ်လို့ ကျွန်တော်က ဒီတိုင်လုံးတွေကို မချိုးဖျက်ဘူးဆိုရင်ရော “

“ မင်း ….. “

ထိုအသံသည် တစ်ခဏခန့် တိတ်ဆိတ်သွားပြီး၊ ဒေါသကို ထပ်မံ၍ မဖိနှိပ်ထားနိုင်တော့ဘဲ၊ ‌ဒေါကြီးမောကြီး ပြောဆိုလာခဲ့သည် “ တကယ်လို့ မင်းမလုပ်ဘူးဆိုရင်၊ ငါ့ရဲ့ အမွေအနှစ်ကို ရမှာ မဟုတ်ဘူး “

“ ဟမ့် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အေးအေးလူလူ ပြန်ပြောလိုက်သည် “ ခင်ဗျားက အမွေအနှစ်ဆက်ခံမှုရဲ့ စစ်ဆေးသူ မဟုတ်ဘူးဆိုတာကို ကျုပ်ယုံတယ်၊ အဲ့ဒီအစား ဒီနဂါးတိုင်လုံး ခုနစ်ခုအောက်မှာ ဖိနှိပ်ခံထားရတဲ့ မွန်းစတားတစ်ကောင်ပဲ ဖြစ်ရမယ်၊ ကျုပ်စွမ်းအားကို သုံးပြီးတော့ လွတ်မြောက်ချင်နေတာမလား “

ထိုအသံသည် လုံးဝတိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း မည်သည့်စကားမှ ထပ်ပြောမနေတော့ပေ။ သူသည် တစ်ချို့အရာများကို မှန်းဆမိနေပြီးသား ဖြစ်သည်။

နဂါးတိုင်လုံး ခုနစ်ခုပေါ်တွင် ရှိနေသည့် ပုံစံကွက်များကို နားလည်ခဲ့ပြီးသည့်နောက်တွင်၊ သူသည် သူ၏မှန်းဆချက်များက မှန်ကန်သည်ဆိုသည်ကို ပိုမိုသေချာသွားခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် ဤတိုင်လုံးများ ပေါ်ရှိ ပုံစံကွက်များက တစ်စုံတစ်ခုကို ဖိနှိပ်နေသကဲ့သို့ အစွမ်းထက် ဖိနှိပ်မှု အစီအရင်တစ်ခုကို ဖွဲ့စည်းထားသောကြောင့် ဖြစ်သည်။

တိုင်လုံးခုနစ်လုံးကို ဖျက်စီးရန် အထပ်ထပ် အခါခါ သတိပေးနေသည့် အသံထံတွင် ကောင်းမွန်သော ရည်ရွယ်ချက်များ မရှိဘူးဆိုသည်မှာ သိသာလွန်းနေခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုအရာက အရိပ်နတ်ဂိုဏ်းမှ ရှေးဟောင်း ပညာရှင်တစ်ဦး (သို့) အစောင့်အရှောက် နတ်သားရဲတစ်ကောင်ကောင် ဖြစ်နေနိုင်သည်ဟု မှန်းဆထားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူ၏ စွမ်းအားက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေမည်မှာ ရာနှုန်းပြည့် သေချာလှသည်၊ ထို့ကြောင့် သူသည် ၎င်းကို ပေါ့ပေါ့တန်တန် လွှတ်ပေးလိုက်မည် မဟုတ်ပေ။

ဤအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် မျှော်စင်အတွင်းရှိ ဟင်းလင်းပြင်ကို ထပ်မံ၍ ကြည့်ရှုနေတော့သည်။

“ လူသားဧကရာဇ်ရဲ့ အမွေအနှစ်က ဘယ်မှာလဲ “

သူသည် လူသားဧကရာဇ် စည်းတံဆိပ်ကို အသုံးပြုထားခဲ့သော်လည်း၊ ဤနေရာတွင် မည်သည့်အရာကိုမှ အာရုံမခံမိခဲ့ပေ။

စမ်းသပ်မှု အစစ်အမှန်မှာ လူသားဧရာဇ် အမွေအနှစ်ကို ရှာဖွေခြင်း ဖြစ်နိုင်ပေသည်၊ အဆိုပါ အမွေအနှစ်ကို ရှာတွေ့မှသာလျှင် စမ်းသပ်မှုကို ကျော်ဖြတ်နိုင်မည် ဖြစ်သည်။

သို့သော် ဤဟင်းလင်းပြင်အတွင်းတွင် အချိန်အတော်ကြာ ရှာဖွေခဲ့သော်လည်း၊ မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။

ဤအချိန်တွင် ထိုအသံမှာ ထပ်မံ၍ ပေါ်ထွက်လာခဲ့သည် “ ငါမင်းကို ပြောခဲ့ပြီးသားပဲလေ၊ တိုင်လုံးခုနစ်ခုကို ချိုးဖျက်လိုက်မှ အမွေအနှစ်ကို ရမှာ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ့ကို လျစ်လျူရှုထားလိုက်သည်၊ ငါ့ကို သုံးနှစ်သားလို့ ထင်နေတာလား

ကြယ်တာရာ T-Rex နတ်ဘုရားသည် တွေးတောစဥ်းစားနေခဲ့ပြီး၊ ဤမျှော်စင်က အလွန်တရာ ရှည်လျားသောကြောင့်၊ ဤဟင်းလင်းပြင်တစ်ခုတည်းသာ ရှိနေခြင်း မဟုတ်ဘူးဆိုသည်ကို အမှတ်ရသွားခဲ့သည်။

သို့သော် အပေါ်ဘက်သို့ ကြည့်ရှုစစ်ဆေးရန် ကြိုးစားလိုက်သည့် အချိန်တွင်၊ အထက်ရှိ ဟင်းလင်းပြင်က နတ်စွမ်းရည်များဖြင့် ချိတ်ပိတ်ခံထားရသည်ဆိုသည်ကိုသာ သူမြင်တွေ့လိုက်ရသည်။

ကောင်းကင်ဘုံကို ပိတ်ဆို့ထားသည့် ဧရာမ စည်းတံဆိပ်ကြီးတစ်ခု ရှိနေခဲ့သည်။

ထိုစည်းတံဆိပ်အနားသို့ ချဥ်းကပ်သွားလိုက်သည့် အချိန်တွင်၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် သေခြင်းရှင်ခြင်း အကြပ်အတည်းတစ်ခုကို ချက်ချင်းခံစားလိုက်ရသည်။

“ ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ စည်းတံဆိပ်လဲ “

“ ဒါက လူသားဧကရာဇ်၊ ဒါမှမဟုတ် အကြီးအကဲ အောင်းချန်က ချန်ထားခဲ့တဲ့ စည်းတံဆိပ်များလား “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်းကို ကြည့်ရှုနေရင်းဖြင့်၊ ၎င်းက သူနားလည်ထားခဲ့သည့် အစီအရင် အဆောင်တာအိုနှင့် အတော်လေး တူညီနေသည်ဟု ခံစားနေခဲ့ရသည်။

အဆိုပါ စည်းတံဆိပ်မှာ အလွန်တရာ အစွမ်းထက်နေခဲ့ပြီး၊ ပကတိ အထွတ်အထိပ် ပညာရှင်ကပင် ၎င်းကို လှုပ်ခါသွားစေနိုင်မည် မဟုတ်ပေ။

“ ကြည့်ရတာတော့ အဲ့ဒီအချိန်တုန်းက အမှောင်နယ်မြေ လမ်းကြောင်းက ဒီအပေါ်မှာ ရှိနေတာနဲ့တူတယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့သည်။

“ အမှောင်နယ်မြေရဲ့ လမ်းကြောင်းက ဒီမှာ ရှိနေတယ်ဆိုရင်၊ အမှောင်နယ်မြေက ကောင်တွေက နောက်ထပ်လမ်းကြောင်းတစ်ခုကို ဘာလို့ ဒုက္ခခံ တည်ဆောက်နေရတာလဲ “

“ အမှောင်နယ်မြေက ပညာရှင်ကတောင် ဒီစည်းတံဆိပ်ကို မချိုးဖျက်နိုင်လို့များလား “

၎င်းကို စဥ်းစားမိသွားသောအချိန်တွင် သူသည် အလွန်တရာ အံ့ဩတုန်လှုပ်သွားခဲ့သည်။

အမှောင်နယ်မြေတွင် အန္တိမနယ်ပယ်မှ ပညာရှင်တစ်ချို့ ရှိနေသည်ဟု သတင်းထွက်နေသည်ကို အမှတ်ရကြရမည် ဖြစ်သည်။

အကယ်၍ အန္တိမနယ်ပယ်မှ ပညာရှင်ကပင် ဤစည်းတံဆိပ်ကို မချိုးဖျက်နိုင်ဘူးဆိုပါက၊ ထိုခေတ်က လူသားဧကရာဇ်၏ စွမ်းအားက မည်သည့်အနေအထားမျိုးအထိ ရောက်ရှိနေခဲ့ပါသနည်း

ထိုကဲ့သို့သော ပညာရှင်က အမှောင်နယ်မြေသို့ ရောက်ရှိသွားခဲ့ပြီးသည့်နောက်တွင်၊ မည်သည့်ခြေရာလက်ရာမှ မကျန်ခဲ့ဘဲ မည်သည့်အတွက်ကြောင့် လုံးဝပျောက်ကွယ်သွားခဲ့ရသနည်း

မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သနည်း

ကြယ်တာရာ T-Rex နတ်ဘုရားသည် အဆိုပါ စည်းတံဆိပ်ကို ကြည့်ရှုနေရင်းဖြင့် မေးခွန်းများပေါင်းစွာကို စဥ်းစားမိသွားသော်လည်း၊ မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။

…

တစ်ခဏ အကြာတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် စိတ်ရှုပ်ထွေးနေသည့် အမူအရာနှင့်အတူ မြေပြင်ပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

“ ထူးဆန်းတယ်၊ အမွေအနှစ်က ဘယ်နေရာမှာ ရှိနေလဲဆိုတာကို ရှာမတွေ့ဘူး “

“ ဟိုအသံပြောသလိုမျိုး တိုင်လုံးခုနစ်လုံးကို ချိုးဖျက်လိုက်ရမှာလား “

ဒါမှမဟုတ် အမွေအနှစ်ကို ရဖို့အတွက် ချိတ်ပိတ်ခံထားရတဲ့ အဲ့မွန်စတားကောင်ကို အနိုင်ယူရမှာများလား

တစ်ခဏ အကြာတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ အတွေးများ ရှင်းလင်းသွားခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် ထိုကဲ့သို့ ဖြစ်နိုင်ခြေက အတော်လေးကို မြင့်မားနေသောကြောင့် ဖြစ်သည်။

“ ဆိုတော့ အထဲက အကောင်က ငါ့ကို မလှည့်စားခဲ့ပင်မဲ့၊ ငါက သူ့ကို မယှဥ်နိုင်ဘူးလို့ ယုံကြည်နေလို့၊ ငါနဲ့ စကားပြောဆိုနေခဲ့တာပေါ့ “

၎င်းတို့အားလုံးကို နားလည်သွားသည့် အချိန်တွင်၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် အတွေးယာဥ်ကြောထဲ နစ်မြုပ်သွားတော့သည်။

တိုင်လုံးခုနစ်ခုကို ရိုက်ချိုးလိုက်သင့်လား

တစ်ခဏ အကြာတွင် သူသည် စိတ်ပိုင်းဖြတ်ကာ ဆုံးဖြတ်ချက် ချလိုက်သည် “ အဆင့်၉ကို အရင်သွားပြီးတော့မှ ကြည့်ကြပ်လုပ်ကြတာပေါ့ကွာ “

ထိုအတွေးနှင့်အတူ ကြယ်တာရာ T-Rex နတ်ဘုရားသည် မျှော်စင်အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။

သူသည် သူ၏စိတ်စွမ်းအားကို ဖြန့်ကျက်ကာ ဤနေရာကို ကြည့်ရှုစစ်ဆေးနေတော့သည်။

မိုင်တစ်ရာပတ်တည်တွင် မည်သည့် ထူးခြားမှုမှ ရှိမနေခဲ့ပေ။

“ ဒီနေရာက သီးသန့်ဖြစ်နေပြီး လူသူမရှိဘူးဆိုတော့၊ အဆင့်တက်ဖို့ အကောင်းဆုံးပဲ “

ကြယ်တာရာ T-Rex နတ်ဘုရားမှာ ပြုံးစိစိ ဖြစ်သွားခဲ့သည်။

နဝမအဆင့်သို့ ထိုးဖောက်ခြင်းသည် ကြီးမားသော လှုပ်ခတ်မှုများကို ဖြစ်ပေါ်လာစေမည် ဖြစ်သည်။

အကယ်၍ သူကသာ အပြင်ဘက်တွင် အဆင့်တက်လိုက်မည်ဆိုပါက၊ ၎င်းသည် များပြားလွန်းလှသော လူများကို ဆွဲဆောင်မိသွားမည် ဖြစ်ပြီး၊ ၎င်းမှာ သူ့အတွက် အကျိုးရှိနေလိမ့်မည် မဟုတ်ပေ။

ဤရှေးဟောင်း အပျက်အစီး အတွင်းပိုင်းသည် ဒုတိယမြောက် သီးသန့်ဟင်းလင်းပြင်သဖွယ် ဖြစ်နေခဲ့ပြီး၊ ကမ္ဘာ့ကြယ်၏ ပကတိ အထွတ်အထိပ် ပညာရှင်ကပင် သတိပြုမိလိမ့်မည် မဟုတ်ပေ။

သူသည် နဝမအဆင့်သို့ ထိုးဖောက်ရန်အတွက် ချက်ချင်းပြင်ဆင်နေတော့သည်။

“ အခုဆိုရင် ငါ့ရဲ့ ရှေးဦးဝိညာဥ်က အဆင့်၉နယ်ပယ်ကို ရောက်နေပြီ၊ ငါ့ရဲ့ ရုပ်ခန္ဓာကလည်း အဆင့်၈ အထွတ်အထိပ်ကို ရောက်နေပြီ။ အဆင့်၉ကို အချိန်မရွေး အဆင့်တက်လိုက်လို့ရတယ် “

“ ပြီးတော့ ငါက တာအို မူလနိယာမကိုလည်း နားလည်ထားပြီးပြီ “

“ အဆင့်တက်ပြီပေါ့ကွာ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် မျက်လုံးများကို မှိတ်လိုက်သည်၊ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်လှိုင်းတစ်ခုသည် သူ၏ခရမ်းရောင် နန်းတော်အတွင်းမှ ပေါ်ထွက်လာခဲ့သည်။

ခရမ်းရောင် နန်းတော်အတွင်း၌ ရှေးဦးဝိညာဥ်သည် ရုတ်တရက် မတ်တပ်ထရပ်လာခဲ့ပြီး၊ အပြင်ဘက် ကမ္ဘာကြီးဆီသို့ ထွက်လာခဲ့သည်။

ရှေဦးဝိညာဥ်က ပြင်ပကမ္ဘာနှင့် ထိတွေ့သွားသည့် အချိန်တွင်၊ ကောင်းကင်ဘုံသည် ချက်ချင်းအရောင်ပြောင်းသွားပြီး၊ တာအိုလေးခု ပေါ်ထွက်လာခဲ့သည်။

အဆိုပါ တာအိုလေးခုသည် အနက်၊ အဖြူ၊ အကြည်ရောင်နှင့် ရောင်စုံစသည်ဖြင့် အရောင် အမျိုးမျိုး ကွဲပြားနေခဲ့သည်။

၎င်းတို့အနက် အကြည်ရောင်သည် မြစ်ကြီးတစ်စင်းကဲ့သို့ အကျယ်ဆုံးဖြစ်နေခဲ့ပြီး၊ ၎င်းမှာ ကြယ်တာရာ T-Rex နတ်ဘုရားက အနက်ရှိုင်းဆုံး နားလည်ထားသည့် ဟင်းလင်းပြင်တာအို ဖြစ်နေခဲ့သည်။

ထို့နောက်တွင် ရောင်စုံကာလာ တာအိုရှိနေခဲ့ပြီး၊ ၎င်းသည် စမ်းချောင်းသဖွယ် စီးဆင်းနေသည့် ဓာတ်ကြီးငါးပါး တာအို ဖြစ်နေခဲ့သည်။

အဆုံးတွင် အသက်နှင့် မရဏတာအိုများဖြစ်သည့် အနက်နှင့် အဖြူရောင်တို့ ရှိနေကြသည်၊ ၎င်းတို့အပေါ်တွင် ရှိနေသည့် သူ၏နားလည်မှုမှာ သမုဒ္ဒရာအတွင်းမှ ရေတစ်စက်မျှသာ ဖြစ်နေခဲ့သည်။

“ တာအိုလေးခုစလုံးက အတူတူ ပေါင်းစည်းသွားတာလား “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အနည်းငယ် အံ့ဩသွားခဲ့သည်၊ အစပိုင်းတွင် သူသည် တာအို၏ မူလနိယာမတစ်ခုမျှသာ လိုအပ်သည်ဟု ထင်နေခဲ့သည်။

သို့သော် ယခုတွင်ကား တာအို မူလနိယာမများကို ပိုမိုနားလည်ထားလေလေ၊ နဝမအဆင့်သို့ ထိုးဖောက်သည့် အချိန်တွင် တာအိုများ ပေါင်းစည်းလေလေ ဖြစ်နေခဲ့သည်။

၎င်းမှာ နဝမအဆင့်သို့ ထိုးဖောက်ပြီးသည့်နောက်တွင် သူ၏ တိုက်ခိုက်ရေး စွမ်းအားက ပိုမိုကြောက်မက်ဖွယ်ကောင်းလာလိမ့်မည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။

တာအိုနိယာမများသည် သူနှင့် တစ်ခုပြီးတစ်ခု ပေါင်းစည်းလာခဲ့သည်။

“ ဗွီ ဗွီ “

ရှေးဦးဝိညာဥ်၏ အရှိန်အဝါမှာ လျင်မြန်စွာ မြင့်တက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှေးဦးဝိညာဥ် ဓမ္မပုံရိပ် ပေါ်လာခဲ့ပြီး၊ ၎င်း၏ အမြင့်မှာလည်း ဆက်တိုက်မြင့်မားလာခဲ့သည်။

ပေတစ်ထောင်

ပေနှစ်ထောင်

ပေသုံးထောင်

ပေငါးထောင်

…

ပေတစ်သောင်း

ရှေးဦးဝိညာဥ်က ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတာအိုတို့ဖြင့် ဆက်လက်၍ ပေါင်းစည်းနေသောကြောင့်၊ ဓမ္မပုံရိပ်၏ အမြင့်မှာလည်း ပိုမိုရှည်ထွက်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ပေတစ်သောင်း မြင့်မားသည့် ဓမ္မပုံရိပ်ကြီးသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေအကြားတွင် ထည်ထည်ဝါဝါ ရပ်နေပြီး၊ ဘုန်းတန်ခိုးတို့ဖြင့် ကောင်းကင်ပြင်ကို ဖုံးလွှမ်းထားခဲ့သည်။

၎င်းမှာ နဝမအဆင့်သို့ အသစ်ရောက်ရှိလာသော သိုင်းပညာရှင်တို့၏ ပုံမှန်စံနှုန်းဖြစ်သည်။

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရား၏ အဆင့်ထိုးဖောက်မှုမှာ အပြည့်အဝ မပြီးဆုံးသေးပေ။

ပေ တစ်သောင်းခွဲ

ပေ နှစ်သောင်း

ပေ နှစ်သောင်းခွဲ

ပေ သုံးသောင်း ….

ရှေးဦးဝိညာဥ် ဓမ္မပုံရိပ်သည် ဆက်လက်၍ ကြီးထွားနေခဲ့ပြီး၊ ပေငါးသောင်းအမြင့်သို့ ရောက်ရှိသွားသည့် အချိန်မှသာလျှင် ရပ်တန့်သွားခဲ့သည်။

ဤအချိန်၌ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတာအို လေးခုစလုံးမှာလည်း ရှေးဦးဝိညာဥ်နှင့် ပေါင်းစည်းသွားခဲ့ပြီ ဖြစ်သည်။

“ ပေငါးသောင်း “

ကြယ်တာရာ T-Rex နတ်ဘုရားသည် တအံ့တဩ ဖြစ်နေသည့် အမူအရာဖြင့် သူ၏ ရှေးဦးဝိညာဥ် ဓမ္မပုံရိပ်ကို ကြည့်နေခဲ့သည်။

၎င်းမှာ နဝမအဆင့် ပညာရှင်တို့၏ စံနှုန်းထပ် ငါးဆတိတိ မြင့်မားနေခဲ့လေသည်။

ထိုကဲ့သို့ ဖြစ်လာရခြင်းမှာ အလွန်တရာ နက်ရှိုင်းလွန်းလှသော သူ၏အခြေခံအုတ်မြစ်၊ များပြားသော ဆင့်ကဲပြောင်းလဲမှုများနှင့် တာအို၏ မူလနိယာမလေးခု ပေါင်းစပ်သွားခြင်းတို့ကြောင့် ဖြစ်သည်။

ထို့ကြောင့် နဝမအဆင့်သို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်၌ သူ၏ ရှေးဦးဝိညာဥ် ဓမ္မပုံရိပ်မှာ တစ်ခြားလူများထပ် ပိုမိုသန်မာအားကောင်းနေသည်မှာ ပုံမှန်ပင်ဖြစ်သည်။

“ ဒါပင်မဲ့ တကယ့်ခွန်အားကိုတော့ ဓမ္မပုံရိပ်ရဲ့ အမြင့်နဲ့ တိုင်းတာနိုင်မှာ မဟုတ်ဘူး “

“ ကြယ်ပြာဂြိုဟ်ရဲ့ အဆင့်၉ ပညာရှင်နဲ့ ကမ္ဘာ့ကြယ်ရဲ့ အဆင့်၉ ပညာရှင်လိုပဲပေါ့၊ အစပိုင်းမှာတော့ နှစ်ခုလုံးက ပေတစ်သောင်း မြင့်ကြတယ်၊ ဒါပင်မဲ့ စွမ်းအားကတော့ လုံးဝမတူကြဘူး “

“ ဒါပင်မဲ့ ငါ့ရဲ့ အခြေခံအုတ်မြစ်နဲ့ ပေငါးသောင်းအမြင့်ကို ပေါင်းစပ်လိုက်မယ်ဆိုရင် ကမ္ဘာ့ကြယ်ရဲ့ အလယ်အလတ် နဝမအဆင့် ပညာရှင်တစ်ချို့ကိုတောင် ချေမှုန်းလို့ရတယ် “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများထဲတွင် ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည် “ နှောင်းပိုင်း အဆင့်၉ ပညာရှင်နဲ့ ရင်ဆိုင်ရမယ်ဆိုရင်၊ ယှဥ်တိုက်နိုင်စွမ်းရှိတယ် “

နဝမအဆင့်နယ်ပယ်၌ အဆင့်သေး တစ်ခုချင်းစီကြားရှိ ကွာဟချက်တိုင်းက အလွန်တရာ ကြီးမားကျယ်ဝန်းနေခဲ့သည်။

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကမူ သူ့ခန္ဓာကိုယ်ထဲတွင် အဆုံးမဲ့ စွမ်းအားများ ရှိနေသည်ဟု ခံစားနေခဲ့ရသောကြောင့်၊ အဆင့်သေးနှစ်ခုကျော်အထိ အဆင့်ကျော် တိုက်ခိုက်နိုင်လိမ့်မည်ဟု ယုံကြည်မှုရှိနေခဲ့သည်။

ယခု၌ သူ၏ခန္ဓာကိုယ်အတွင်းတွင် စွမ်းအင်တို့ဖြင့် ပြည့်နှက်နေခဲ့သည်။

နတ်စွမ်းအား မြင့်တက်လာခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအား သူ၏ ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ပျံ့လွင့်လာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် မအောင့်ထားနိုင်တော့ဘဲ သူ၏လက်သီးများကို ဆုပ်ခဲနေတော့သည်။

“ တစ်ကမ္ဘာလုံးကို အပိုင်းပိုင်း အစစ ဖြစ်သွားအောင် တကယ်ထိုးချင်နေပြီ “

……………………………………………………………………………………………………………………………………

All Chapters