← Chapters

အခန်း (၆၁၃-၆၁၅)

Vol. 41 Ch. 613-615

အခန်း (၆၁၃-၆၁၅)

Vol. 41 Ch. 613-615

အပိုင်း ( 613 )

အန္တိမနယ်ပယ်၏ မူလနိယာမ စွမ်းအား

ကြယ်တာရာ T-Rex နတ်ဘုရားက မြေအောက်သို့ ရောက်ရှိလာခဲ့သည့် အချိန်တွင် မျက်ဝန်းများ အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

သူ၏အရှေ့တွင် မီတာထောင်ပေါင်းများစွာ အကျယ်ရှိသည့် ဟင်းလင်းပြင် တစ်ခု ရှိနေခဲ့ပြီး၊ အဆိုပါ ဟင်းလင်းပြင်၏ အတွင်းပိုင်းတွင် ရွှေရောင် မီးလျှံတစ်ခု မျောလွင့်နေလျက်ရှိသည်။

“ အဲ့တာက လူသားဧကရာဇ်ရဲ့ အမွေအနှစ်လား “

ကြယ်တာရာ T-Rex နတ်ဘုရားသည် လူသားဧကရာဇ်က ဤအမွေအနှစ်ကို အချုပ်နှောင်ခံထားရသည့် ခရမ်းနက်ရောင် ထောင်းထျဲ့နှင့်အတူ ဤမျှပေါ့ပေါ့တန်တန် ထားထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သို့သော် ၎င်းသည် လူသားဧကရာဇ်၏ အမွေအနှစ်ကို သူ၏ အစစ်အမှန် အမွေဆက်ခံသူမှတစ်ပါး တစ်ခြားလူများက မယူသွားနိုင်ဘူးဆိုသည်ကိုပါ သက်သေပြနေခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ရွှေရောင်မီးလျှံဆီသို့ လျှောက်လှမ်းသွားတော့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာ၌ မီးလျှံသည် သူ့ကို ရွံ့ရှာစက်ဆုပ်နေသည့်အလား အလိုအလျောက် နောက်ဆုတ်သွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် နတ်စွမ်းအားကို အသုံးပြုကာ လူသားဧကရာဇ် စည်းတံဆိပ်ကို အသက်သွင်းလိုက်သည်။

“ ဇွီ “

လူသားဧကရာဇ် စည်းတံဆိပ်၏ စွမ်းအင်လှိုင်းအတက်အကျ ပေါ်ထွက်လာခဲ့ပြီး၊ ရွှေရောင်မီးလျှံမှာလည်း လှုပ်ရှားမှု ရပ်တန့်သွားကာ၊ ဇဝေဇဝါဖြစ်သွားသည့် လှိုင်းတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။

“ ဒီရွှေရောင် မီးလျှံဆီမှာ ကိုယ်ပိုင် အသိစိတ် ရှိနေတာများလား “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သိလိုစိတ်ဖြင့် စကားစပြောလိုက်သည် “ ငါက လူသားဧကရာဇ်ရဲ့ တကယ့်အမွေဆက်ခံသူပါ “

ရွှေရောင် မီးလျှံသည် ပုံသဏ္ဍာန်အမျိုးမျိုးအဖြစ် ပြောင်းလဲနေခဲ့သည်၊ ၎င်းသည် လူသားဧကရာဇ်၏ အမွေဆက်ခံသူက မည်သည့်အတွက်ကြောင့် သားရဲတစ်ကောင် ဖြစ်နေရလဲဆိုသည်ကို ဇဝေဇဝါ ဖြစ်နေပုံရသည်။

၎င်းသည် ကြယ်တာရာ T-Rex နတ်ဘုရားဖန်တီးထားသည့် လူသားဧကရာဇ် စည်းတံဆိပ်နားသို့ ချဥ်းကပ်လာခဲ့ပြီး၊ တစ်ခဏခန့် အကြာတွင် ၎င်းက တကယ့် လူသားဧကရာဇ် စည်းတံဆိပ်ဖြစ်သည်ဆိုသည်ကို အတည်ပြုသွားနိုင်ခဲ့သည်။

လူသားဧကရာဇ်၏ အစစ်အမှန် အမွေဆက်ခံသူကသာလျှင် တကယ့် လူသားဧကရာဇ် စည်းတံဆိပ်ကို ဖန်တီးနိုင်ပေသည်။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ လူသားဧကရာဇ် စည်းတံဆိပ်၏ နည်းစနစ်ကို သိနေမည်ဆိုလျှင်တောင်မှ၊ ၎င်းကို မှတ်မိနေလိမ့်မည် မဟုတ်ပေ။ မှတ်မိနေမည်ဆိုလျှင်တောင်မှ အနှစ်မရှိသည့် အခွံချည်းသက်သက်ကိုသာ ဖန်တီးနိုင်လိမ့်မည် ဖြစ်သည်။

သို့သော် ရွှေရောင်မီးလျှံသည် သူ့အရှေ့တွင် ရှိနေသည့် လူသားဧကရာဇ် စည်းတံဆိပ်က အစစ်အမှန်ဖြစ်သည်ဆိုသည်ကို သိနေခဲ့သည်။

သို့ရာတွင် ၎င်းသည် ကြယ်တာရာ T-Rex နတ်ဘုရားထံတွင် ဝိညာဥ်တစ်ခုဖြင့် ခန္ဓာနှစ်ခုရှိနေပြီး၊ အဆိုပါ ကန့်သတ်ချက်အား ကျော်လွှားနိုင်သည်ဆိုသည်ကို မသိခဲ့ပေ။

ထို့ကြောင့်ပင် ကြယ်တာရာ T-Rex နတ်ဘုရား ဖန်တီးထားသည့် လူသားဧကရာဇ် စည်းတံဆိပ်သည် မူလကိုယ်က ဖန်တီးထားသည့် စည်းတံဆိပ်နှင့် မည်သို့မျှ ကွဲပြားနေခြင်း မရှိခဲ့ပေ။ သို့သော် သားရဲသွေးမျိုးဆက် ဖြစ်နေသောကြောင့် ၎င်း၏ စွမ်းအားက အနည်းငယ် လျော့ကျနေခဲ့ကာ၊ အမြင့်ဆုံးအဆင့်အထိ မမြှင့်တင်နိုင်ခဲ့ပေ။

လူသား သွေးမျိုးဖြင့်သာ လူသားဧကရာဇ် စည်းတံဆိပ်၏ အစစ်အမှန် စွမ်းအားကို ထုတ်လွှတ်နိုင်ပေသည်။

ဤအချိန်၌ ရွှေရောင်မီးလျှံသည် ကြယ်တာရာ T-Rex နတ်ဘုရားကို အသိအမှတ်ပြုလာခဲ့သည်။

၎င်းသည် ကြယ်တာရာ T-Rex နတ်ဘုရားအနားသို့ တက်တက်ကြွကြွ ချဥ်းကပ်လာခဲ့သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ရွှေရောင်အလင်းတန်းအဖြစ် အသွင်ပြောင်းကာ သူ၏နဖူးအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

“ ဘုမ်းးး “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ့ထံသို့ မူးဝေစေသော မှော်ဂါထာတစ်ခု ရောက်ရှိလာသည်ဟု ခံစားလိုက်ရသည်။

ထို့နောက် စက္ကန့်ပိုင်းမျှ အကြာ၌ ကြယ်တာရာ T-Rex နတ်ဘုရား၏ ပတ်ပတ်လည်တွင် ရှိနေသည့် မြင်ကွင်းမှာ ရုတ်တရက် မည်းမှောင်သွားခဲ့သည်။

သူသည် ကြယ်ရောင်စုံ ပြည့်နှက်နေသည့် ကောင်းကင်အလယ်တွင် ရှိနေသည့် အခြား ဟင်းလင်းပြင် တစ်ခုအတွင်းသို့ ရောက်ရှိလာပုံရပြီး၊ ဤနေရာတွင် ကြယ်တာရာ အစုအဝေးများ တလက်လက် တောက်ပနေလျက်ရှိသည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူက အမွေဆက်ခံမှု ဟင်းလင်းပြင်အတွင်းသို့ ရောက်ရှိလာပြီဆိုသည်ကို သိနေခဲ့သည်။

သို့ရာ၌ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေရင်းဖြင့် သူ၏မျက်နှာပေါ်တွင် သံသယ ဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။

“ လူသားဧကရာဇ်က ဘယ်မှာလဲဟ “

ဤဟင်းလင်းပြင်အတွင်း၌ သူသည် လူသားဧကရာဇ်ကို မည်သို့မျှ မမြင်တွေ့ရပေ။

လူသားဧကရာဇ်ကို ရှာနိုင်မှ အမွေအနှစ်ကို တကယ်ရမှာများလား

“ ဗွီ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် လူသားဧကရာဇ် စည်းတံဆိပ်ကို ချက်ချင်း ဖွဲ့စည်းလိုက်သည်၊ ရွှေရောင် စည်းတံဆိပ်ထံမှ စွမ်းအင်လှိုင်းမှ ပေါ်ထွက်လာခဲ့သော်လည်း၊ မည်သည့်တုံ့ပြန်မှုကိုမှ မရရှိခဲ့ပေ။

ရုတ်တရုတ်ဆိုသလိုပင် ရေစီးဆင်းနေသည့် အသံသည် အရှေ့ဘက်မှ ပေါ်ထွက်လာခဲ့သည်။

တလက်လက် တောက်ပနေသည့် နဂါးငွေ့တန်းတစ်ခုသည် ကြီးမားသော မြစ်တစ်စင်းသဖွယ် စကြဝဠာ အနက်ပိုင်းမှ စီးဆင်းလာခဲ့ပြီး၊ ကြယ်ရောင်စုံ ကောင်းကင်ပြင်ကို ကျော်ဖြတ်ကာ၊ ကြယ်တာရာ T-Rex နတ်ဘုရားရှိရာဘက်သို့ ဆင်းသက်လာခဲ့သည်။

“ အချိန်မြစ်ပဲ “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ သူသည် လူသားဧကရာဇ်၏ အမွေအနှစ်ကို ပထမဦးဆုံးရရှိခဲ့စဥ် အချိန်ကလည်း တောက်ပသော အဆိုပါမြစ်ကို မြင်တွေ့ခဲ့ဖူးသည်။

ထိုစဥ်က လူသားဧကရာဇ်သည် အချိန်မြစ်ပေါ်သို့ ဆင်းသက်လာခဲ့ကာ၊ လူသားဧကရာဇ် စည်းတံဆိပ်၏ ပထမအပိုင်းကို လက်ဆင့်ကမ်း လွှဲပြောင်းပေးခဲ့သည်။

အတိတ်မှ မြင်ကွင်းများ ပြန်ပေါ်လာခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် အာရုံစိုက်၍ ကြည့်ရှုနေတော့သည်။

သို့သော် နောက်ထပ် စက္ကန့်ပိုင်းမျှအကြာ၌ ထူးဆန်း‌သော အနက်ရောင် မြူခိုးတစ်ခုသည် တောက်ပသော မြစ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာခဲ့ပြီး၊ ရေများကို နက်မှောင်သွားစေခဲ့သည်၊ မြစ်၏ အစွန်းတစ်ဘက်တွင် ကြီးမားသော ပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

အဆိုပါ ပုံရိပ်သည် လှံတစ်ချောင်းကို ဘယ်လက်ဖြင့် ကိုင်ထားပြီး၊ ညာလက်ဖြင့် ဒယ်စောက်ငယ်တစ်ခုအား ကိုင်ဆောင်ထားသည်ကို ဝေဝေဝါးဝါး မြင့်တွေ့ရမည် ဖြစ်သည်။

တစ်ကမ္ဘာလုံးကို လှုပ်ခါသွားစေနိုင်သည့် သတ်ဖြတ်လိုစိတ်တစ်ခုသည် အချိန်ကို ကျော်ဖြတ်ကာ၊ အဆုံးမဲ့ အဝေးတစ်နေရာရှိ ရှေးခေတ်အချိန်အခါမှ ဆင်းသက်လာခဲ့ပြီး၊ အတိတ်နှင့် အနာဂတ်ကို လှုပ်ခါသွားစေခဲ့ကာ၊ ကြယ်တာရာ T-Rex နတ်ဘုရားကို နေရာမှာတင် တိုက်ရိုက်ဖျက်စီးရန် ပြုလုပ်လာခဲ့သည်။

“ ရှေးခေတ်က အမှောင်နယ်မြေရဲ့ ပညာရှင်လား “

ကြယ်တာရာ T-Rex နတ်ဘုရားသည် လူသားဧကရာဇ် အမွေအနှစ်အစား၊ ရှေးခေတ်မှ အားကောင်းပြင်းထန်လွန်းလှသည့် သတ်ဖြတ်လိုစိတ်တစ်ခုကို ကြုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ လူသားဧကရာဇ် စည်းတံဆိပ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ကြီးမားသော ဧရာမ စည်းတံဆိပ်ကြီးကို ဖွဲ့စည်းကာ အားကုန်သုံး၍ ခုခံလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် ကောင်းကင်ဘုံနဂါး ပြောင်းလဲမှုငါးသွယ်၊ ပဥ္စမ ပြောင်းလဲမှု၊ ဖရိုဖရဲ နဂါးနတ်ဘုရား အသွင်ပြောင်းခြင်းကိုပါ အသက်သွင်းလိုက်သည်။

နဝမအဆင့်သို့ ရောက်ခဲ့ပြီးသည့်နောက်၌ အဆိုပါ မွေးရာပါ နတ်စွမ်းရည်မှာလည်း ကြောက်ခမမ်းလိလိ အဆင့်မြင့်သွားခဲ့ပြီး၊ ယခု၌ အစွမ်းအထက်ဆုံး အကွက်ကိုပင် အသုံးပြုနေနိုင်ပြီ ဖြစ်သည်။

ချက်ချင်းဆိုသလိုပင် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်သည် ဖရိုဖရဲ အစိတ်အပိုင်းများသကဲ့သို့ မှုန်ဝါးဝါး ဖြစ်သွားခဲ့သည်။

သူ၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် အကြေးခွံတစ်ခုချင်းစီတိုင်းသည် ဖရိုဖရဲအတွင်းသို့ တိုးဝင်သွားကာ ကြယ်ရောင်စုံ ကောင်းကင်ပြင်နှင့် ပေါင်းစပ်သွားသည့်အလား ဖြစ်သွားခဲ့သည်။

အဆိုပါ အခြေအနေအား ဖော်ပြရခက်လှပေသည်၊ ၎င်းမှာ အဆင့်မြင့် သက်ရှိတစ်ကောင်က ဤစကြာဝဠာနှင့် ပေါင်းစည်းသွားသည့်အလား ဖြစ်နေခဲ့သည်၊ ၎င်းမှာ စကြာဝဠာအတွင်းတွင် ရှိနေသည့် မည်သည့်သက်ရှိမဆို လက်လှမ်းမမှီနိုင်သော အမြင့်တစ်နေရာ ဖြစ်သည်။

သို့ရာ၌ အချိန်မြစ်၏ အစွန်းတစ်ဖက်တွင် ရှိနေသည့် အေးစက်စက် အကြည့်တစ်ခုသည် ကြယ်တာရာ T-Rex နတ်ဘုရားကိုသာ စိုက်ကြည့်နေခဲ့သည်။

အကြွင်းမဲ့ စွမ်းအားနှင့် ရင်ဆိုင်ရသော အချိန်၌ အဆင့်မြင့် တည်ရှိမှုကပင် အသုံးမဝင် ဖြစ်သွားလိမ့်မည် ဖြစ်သည်။

ထို့နောက် စက္ကန့်ပိုင်းမျှ အကြာတွင် အနက်ရောင် လက်တစ်ဖက်သည် အချိန်မြစ်ကို ကျော်ဖြတ်ကာ သူ့ဆီသို့ ရောက်ရှိလာခဲ့သည်။

“နောက်ဆုံးတစ်ခေါက်တုန်းကလည်း မင်းပဲ “

ကြယ်တာရာ T-Rex နတ်ဘုရား၏ အကြည့်များ အေးစက်သွားခဲ့သည်၊ လူသားဧကရာဇ်၏ အမွေအနှစ်ကို ပထမဦးဆုံးအကြိမ်အဖြစ် ဆက်ခံခဲ့စဥ် အချိန်ကလည်း၊ အဆိုပါလက်မည်းကြီး ပေါ်လာခဲ့ပြီး၊ အမွေအနှစ်ဆက်ခံမှုကို ဖျက်စီးသွားခဲ့သည့်အတွက် သူသေဆုံးလုနီးပါးပင် ဖြစ်သွားခဲ့ရသည်။

ယခုတွင်ကား အဆိုပါ လက်မှာ ထပ်မံ၍ ပေါ်ပေါက်လာပြန်သည်။

ဤအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်ထဲတွင် အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များ ပေါက်ထွက်လာခဲ့သည်။

ငါ့လမ်းကို သုံးကြိမ်တိုင်တိုင် ပိတ်ဆို့ခဲ့တဲ့ကောင်က ဘယ်သူလဲ။ သူက အခုအချိန်အထိ အသက်ရှင်နေသေးလား

“ ဘုမ်း “

အချိန်မြစ်အနောက်မှ လိုက်လာသည့် လက်မည်းကြီးသည် သူ့ကို ဖမ်းဆုပ်လာခဲ့သည်၊ စကြဝဠာတစ်ခုလုံးမှာ အမှောင်စွမ်းအင်တို့ဖြင့် ညစ်နွမ်းသွားခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရား၏ ဖရိုဖရဲ ခန္ဓာကိုယ်ကပင် ချက်ချင်း မည်းနက်သွားခဲ့သည်။

အဆိုပါ အကြည့်သည် အလွန်တရာ အေးစက်နေခဲ့ပြီး အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေခဲ့ကာ၊ မြှောက်ထားသော လက်ဖြင့် အောက်သို့ ဖိချလာခဲ့သည်။

“ ဝုန်းးးး “

ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်သည် ချက်ချင်း ပေါက်ကွဲသွားခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာ၌ သူ၏ အသိစိတ်သည် ထာဝရ အမှောင်အတွင်းသို့ ကျရောက်သွားသည့်အလား ပျောက်ကွယ်သွားခဲ့သည်။

………………………………………………………………………………………………………………………………….

အပိုင်း ( 614 )

အန္တိမနယ်ပယ်၏ မူလနိယာမ စွမ်းအား ၂

အမှောင်နယ်မြေ

ရှေးဟောင်း နန်းတော်တစ်ခုအတွင်း၌

အမှောင်ဧကရာဇ်၏ ပုလ္လင်ပေါ်၌ ဝေဝေဝါးဝါး ပုံရိပ်တစ်ခု လဲလျောင်းနေပြီး၊ သူ၏လက်ထဲတွင် အမှောင်အရှိန်အဝါကို ထုတ်လွှတ်နေသည့်၊ အနက်ရောင် ဒယ်စောက်ငယ်တစ်လုံး မျောလွင့်နေလျက်ရှိသည်။

၎င်းမှာ အမှောင်နယ်မြေ၏ မူလစွမ်းအား ဖြစ်သည်။

၎င်းသည် သန့်စင်သော အမှောင်ထုဖြစ်ဖြစ်ပြီး၊ အရာအားလုံးကို ညစ်ထေးသွားစေနိုင်စွမ်း ရှိသည်။ ၎င်းကို နဂါးငွေ့တန်းအတွင်းသို့ လောင်းချလိုက်မည်ဆိုလျှင်တောင်မှ၊ ၎င်းသည် နဂါးငွေ့တန်းကို ချက်ချင်းညစ်ထေးသွားစေကာ၊ အမှောင်နဂါးငွေ့တန်းတစ်ခုအဖြစ် ပြောင်းလဲလိုက်မည် ဖြစ်သည်။

သို့ရာ၌ မှုန်ဝါးဝါး ပုံရိပ်ကမူ မည်သည့် အကျိုးသက်ရောက်မှုကိုမှ မခံစားခဲ့ရပေ၊ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ အရေပြားမှာ နှင်းသဖွယ် ဖြူဖွေးနေခဲ့သည်။

ဤအခိုက်အတန့်တွင် အဆိုပါ ပုံရိပ်သည် ရုတ်တရက် သက်ပြင်းချလာခဲ့သည်။

“ ခြေတစ်လှမ်းနောက်ကျသွားတယ် …….. “

ပုလ္လင်အောက်ခြေ၌ အစွမ်းထက် အရှိန်အဝါများကို ထုတ်လွှတ်နေသည့် ပုံရိပ်များစွာ ရှိနေခဲ့သည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လူတစ်ဦးမှ စကားပြောဆိုလာခဲ့သည် “ ဆရာ၊ ဘာလို့ သက်ပြင်းချနေရတာလဲဗျ “

အဆိုပါ မှုန်ဝါးဝါး ပုံရိပ်သည် သူ၏ဦးခေါင်းကို အသာအယာ ခါရမ်းပြလာခဲ့ကာ၊ ထွက်သွားရန် လက်ဟန်ခြေဟန် ပြလာခဲ့သည်။

ထိုလူများ ထွက်သွားပြီးသည့်နောက်တွင် ပုလ္လင်ပေါ်ရှိ ပုံရိပ်သည် ရုတ်တရက် သက်ပြင်းထပ်ချကာ ရေရွတ်ပြောဆိုနေခဲ့သည် “ မိတ်ဆွေဟောင်းကြီး၊ လွန်ခဲ့တဲ့ နှစ်တွေတုန်းက မင်းချန်ထားခဲ့တဲ့ ပြဿနာက တကယ်ကို ကရိကထ များလွန်းတယ်၊ ဝိညာဥ်တစ်ခုနဲ့ ခန္ဓာနှစ်ခု ….. တကယ်လို့ ထူးခြားတာပဲ …….. “

သူ၏လက်ကို ဝေ့ရမ်းလိုက်ရာ၊ သူ၏အရှေ့တွင် ကြေးအခေါင်းတစ်လုံး ပေါ်ထွက်လာခဲ့သည်။

အခေါင်းသည် အလိုအလျောက် ပွင့်ဟလာခဲ့ကာ၊ ချောမောသော လူတစ်ဦးကို လှစ်ဟပြသလာခဲ့သည်။

ထိုလူသည် နဂါးဝတ်စုံကို ဝတ်ဆင်ထားပြီး၊ သူ၏မျက်ခုံးမွှေးတို့မှာ ဓားများကဲ့သို့ ချွန်ထက်နေခဲ့သည်၊ မျက်လုံးများကို မှိတ်ထားခဲ့သော်လည်း၊ သူသည် တောင်တန်းနှင့် မြစ်အသွယ်သွယ်တို့ကို ဝါးမြိုနိုင်ပုံရသည့် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။

သို့ရာတွင် ယခုလက်ရှိ အချိန်၌ ထိုလူသည် အမှောင်နယ်မြေ၏ မူလစွမ်းအားကြားတွင် လုံးဝနစ်မြုပ်နေခဲ့ပြီး၊ ဝိညာဥ်ကို တည်ငြိမ်စေသည့် အနက်ရောင် အပ်ချောင်း သုံးရာခြောက်ဆယ့်ငါးခုမှာလည်း သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်နေလျက်ရှိသည်။

အပ်ဟုခေါ်ဆိုသော်လည်း၊ အဆိုပါ အပ်တစ်ချောင်းချင်းစီတိုင်းသည် ငါးလက်မ အထူရှိနေခဲ့ကာ၊ သူ့အား အခေါင်းနှင့် မြဲမြံစွာ ချိတ်ဆက်ထားခဲ့သည်။

အဆိုပါ ဝိညာဥ်တည်ငြိမ်စေသည့် အပ်ချောင်းတစ်ချောင်းချင်းစီတိုင်းသည် ပကတိ အထွတ်အထိပ် ပညာရှင်ကိုပင် ချက်ချင်းသတ်ဖြတ်နိုင်ပေသည်၊ သို့သော် ယခုတွင်ကား ၎င်းတို့အားလုံးသည် ဤလူကို အတူတကွ တိုက်ခိုက်နေခဲ့ကြသည်။

သူ၏နဖူးတွင်မူ ပိုမိုထူထဲသည့် ဆယ်လက်မ အထူရှိသော နတ်အပ်ချောင်းတစ်ချောင်း ရှိနေခဲ့ပြီး၊ ၎င်းသည် သူ၏ ခရမ်းရောင် နန်းတော်ကို ထိုးဖောက်နေလျက်ရှိသည်။

အဆုံးမဲ့ အနက်ရောင် အရှိန်အဝါသည် အပ်ချောင်းများမှတစ်ဆင့် ထိုလူများထံသို့ စီးဆင်းနေခဲ့ပြီး၊ သူ့ကို လုံးဝညစ်နွမ်းသွားစေခဲ့သည်၊ ရွှေရောင် တောက်ပနေသည့် ခရမ်းရောင် ခရမ်းရောင် နန်းတော်တစ်ခုတည်းကသာလျှင် ခုခံတိုက်ခိုက်နေခဲ့သည်။

သို့ရာတွင် အချိန်ကြာလာသည်နှင့်အမျှ၊ ရွှေရောင်တောက်ပမှုမှာလည်း ပိုမိုမှိန်ဖျော့လာခဲ့သည်။

ပလ္လင်ပေါ်မှ မှုန်ဝါးဝါး ပုံရိပ်သည် အခေါင်းအတွင်းတွင် ရှိနေသည့် လူကို ကြည့်ကာ၊ အမိန့်ပေးနေသကဲ့သို့ ပြောဆိုလာခဲ့သည် “ မိတ်ဆွေဟောင်းကြီးရေ …… မင်းနိုးလာတဲ့ အချိန်ကျရင်၊ သူ့ကို သွားတိုက်ခိုက်လိုက် “

…

အမှောင်ထုအတွင်း၌ အချိန်မည်မျှကုန်ဆုံးသွားလဲဆိုသည်ကို မသိရပေ။

“ နိုးထစမ်း “

အဝေးတစ်နေရာမှ ပေါ်ထွက်လာသည့် အော်သံတစ်သံသည် ကြယ်တာရာ T-Rex နတ်ဘုရားကို နိုးထလာစေခဲ့သည်။

“ မူလကိုယ်က ငါ့ကို ခေါ်နေတာပဲ “

ကြယ်တာရာ T-Rex နတ်ဘုရား၏ အသိစိတ်သည် တဖြည်းဖြည်း ကြည်လင်လာခဲ့ပြီး၊ အရာအားလုံးကို ချက်ချင်းနားလည်သွားခဲ့သည်။

အမွေဆက်ခံမှု ဟင်းလင်းပြင်အတွင်း၌ သူသည် လက်မည်းကြီး၏ ဖျက်စီးခြင်းကို ခံလိုက်ရပြီး၊ သူ၏ အသိစိတ်မှာလည်း ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

ဤဟင်းလင်းပြင် အတွင်းသို့ သူ၏ခန္ဓာကိုယ် မဟုတ်ဘဲ၊ သူ၏ အသိစိတ်ကသာ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သော်လည်း၊ အချိန်နှင့် ဟင်းလင်းပြင်ကို ကျော်ဖြတ်၍ ပြုလုပ်လာခဲ့သည့် ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးသည် တကယ့်လက်တွေ့ကမ္ဘာမှ ရုပ်ခန္ဓာကိုပင် အနှောင့်အယှက် ဖြစ်သွားစေနိုင်သေးသည်။

ဤအချိန်၌ အပြင်ကမ္ဘာရှိ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ပါ ပျောက်ကွယ်သွားခဲ့ပြီး၊ ဖုန်မှုန့်လေးပင် မကျန်ခဲ့ပေ။

အကယ်၍ တစ်ခြားလူတစ်ဦးဦးသာ ဖြစ်နေမည်ဆိုပါက၊ ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကို ခံယူခဲ့ရပြီးသည့်နောက်တွင် မည်သို့မျှ ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။

အမှန်တိုင်း ပြောရမည်ဆိုပါက ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း လုံးဝပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့လေသည်။

ကံကောင်းထောက်မစွာဖြင့် သူ့ထံတွင် ဝိညာဥ်တစ်ခုနှင့် ခန္ဓာနှစ်ခု ရှိနေခဲ့ပြီး၊ သူသည် အစွမ်းထက် အင်မော်တယ် စွမ်းရည်ကိုပါ ပိုင်ဆိုင်ထားခဲ့သည်။

လုံးဝမသေဆုံးသွားသေးသရွေ့၊ ပြန်လည်ရှင်သန်လာနိုင်ပေသည်။

အစောပိုင်း အချိန်ကဖြစ်ရပ်ကဲ့သို့ပင် သူသည် သေလုမျောပါး ဖြစ်နေခဲ့သော်လည်း၊ မူလကိုယ်၏ ခေါ်သံနှင့် အင်မော်တယ်စွမ်းရည်တို့ကြောင့် သူ၏ကံကြမ္မာကို ပြောင်းပြန်လှန်ကာ တဖန်ပြန်၍ ရှင်သန်လာခဲ့သည်။

“ ဟမ် “

ဤအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ခန္ဓာကိုယ်က အနည်းငယ် တောက်ပနေသည်ဆိုသည်ကို ရုတ်တရက် သတိပြုမိသွားခဲ့သည်။

“ အဆင့်၉ ခန္ဓာကိုယ်က ပျက်စီးသွားပြီ၊ ငါ့ခန္ဓာကိုယ်က ပြန်ပြီးတော့ ပြင်ဆင်ပုံဖော်ခံနေရတယ်၊ အဲ့တာကလည်း ကိစ္စကောင်းတစ်ခုပါပဲလေ “

အသစ်တစ်ခု တည်ဆောက်ရန်အတွက် အဟောင်းကို မဖြစ်မနေ ဖျက်စီးရလေ့ရှိသည်၊ ပြန်လည်မွေးဖွားခြင်းဆိုသည်မှာ လူအများက တောင့်တကြသော်လည်း၊ ဘယ်တော့မှ မရရှိနိုင်သည့် စွမ်းရည်တစ်ခု ဖြစ်သည်။

အမြင့်ပိုင်း အဆင့်များသို့ ပိုရောက်လာလေလေ၊ ပြန်လည်မွေးဖွားနိုင်မည့် အခွင့်အလမ်းက ပိုမိုနည်းပါးလာလေလေပင် ဖြစ်သည်။

အထူးသဖြင့် နဝမအဆင့် အထက်တွင်ဖြစ်ပြီး၊ ၎င်းမှာ မဖြစ်နိုင်သလောက်နီးပါး ဖြစ်နေခဲ့သည်။

သို့သော် အောင်မြင်သွားမည်ဆိုပါက၊ ယခင်က ကျင့်ကြံရေး ဘဝတွင် ရှိနေခဲ့သည့် ချို့ယွင်းချက်များက ဖာထေးခံလိုက်ရကာ၊ ချို့ယွင်းချက်ကင်းမဲ့သော ခန္ဓာကိုယ်ကို ဖွဲ့စည်းနိုင်မည်ဖြစ်ကာ၊ ပကတိ အထွတ်အထိပ်သို့ အရောက်သွားနိုင်မည့် အခွင့်အလမ်းကိုပါ မြင့်တက်သွားစေမည် ဖြစ်သည်။

သို့ရာတွင် အရေးအကြီးဆုံး အချက်မှာ စီမံရခက်ခဲခြင်းပင် ဖြစ်သည်။ အင်အားအလွန်အကျွံ အသုံးပြုမိသွားမည်ဆိုပါက လုံးဝပျက်စီးသွားသည်အထိ ဖြစ်သွားလိမ့်မည် ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူက ဤတစ်ကြိမ်တွင် အလွန်တရာ ကံကောင်းနေခဲ့သည်ဟု တွေးထင်နေခဲ့သည်။

ယခုလက်ရှိ အချိန်၌ သူ၏ ခန္ဓာကိုယ်တွင် ရွှေရောင်အလင်းတန်းတစ်ခု တည်ရှိနေခဲ့ပြီး၊ သူသည် ပြန်လည်မွေးဖွားခြင်းဖြစ်စဥ်ကို ကြုံတွေ့ခံစားနေခဲ့ရသည်။

တစ်ချိန်တည်းမှာပင် ရွှေရောင် မီးလျှံတစ်ခု ဝဲပျံနေလျက်ရှိပြီး၊ ၎င်းမှာ ယခင်က ရရှိခဲ့သည့် အမွေအနှစ် မီးလျှံ ဖြစ်သည်။

၎င်းသည် ဇဝေဇဝါ ဖြစ်နေသည့် လှိုင်းလုံးများကို ထုတ်လွှတ်နေခဲ့သည်၊ မင်းက အမွေဆက်ခံရမှာ မဟုတ်ဘူးလား။ ဘာကိစ္စ ခန္ဓာကိုယ် ပေါက်ကွဲသွားရတာလဲ

ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်းကို ငေးကြည့်နေရင်းဖြင့် ကျိန်ဆဲလိုစိတ်များကို ဖိနှိပ်နေခဲ့ရသည်၊ မင်းက ငါ့ကို သေတွင်းထဲပို့လိုက်တာ မဟုတ်ဘူးလား

သို့ရာ၌ သူသည် ဤကဲ့သို့ ဖြစ်ရခြင်းက ၎င်း၏ အပြစ် မဟုတ်ဘူးဆိုသည်ကို သိနေခဲ့သည်။

မီးလျှံသည် အမွေအနှစ် ဟင်းလင်းပြင်က ရန်သူ့တိုက်စားမှုကို ခံလိုက်ရကာ၊ ရန်သူက သူ့အား ထောက်ချောက်ထဲသို့ တိုးဝင်လာရန် စောင့်ဆိုင်းနေသည်ဆိုသည်ကို မသိပေ။

“ အဲ့တာက အချိန်မြစ်ကို ဖြတ်ပြီးတော့ ရှေးခေတ်က ရောက်လာတဲ့ ပုံရိပ်ယောင်တစ်ခုပဲ၊ အင်အားက အဆမတန် လျော့ကျသွားတယ်ဆိုပင်မဲ့ တော်တော်ကြီးကို ကြောက်ဖို့ကောင်းနေတုန်းပဲ “

“ တကယ်လို့ အဲ့လူကသာ ဒီနေ့အထိ အသက်ရှင်နေဦးမယ်ဆိုရင်၊ သူက ဘယ်လိုအဆင့်မျိုးထိ ရောက်နေလောက်မလဲ “

အဆိုပါ အကြပ်အတည်းသည် အန္တိမနယ်ပယ်သို့ အရောက်သွားချင်နေသည့် ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်ကူးကို ပိုမိုခိုင်မာသွားစေခဲ့သည်။

အန္တိမနယ်ပယ်သို့ အရောက်သွားနိုင်မှသာလျှင် အမှောင်နယ်မြေနှင့် ယှဥ်ပြိုင်နိုင်မည် ဖြစ်သည်။

“ အဲ့လူက အချိန်မြစ်ကိုတောင် ဖြတ်လာခဲ့ပြီးတော့ လူသားဧကရာဇ်ရဲ့ အမွေဆက်ခံမှုကို တားဆီးနေတယ်တဲ့ ပြီးပြည့်စုံတဲ့ လူသားဧကရာဇ် အမွေအနှစ်က တော်တော်ကြီးကို အရေးကြီးနေမှာ သေချာတယ် “

၎င်းကို တွေးတောမိသွားသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် အဆိုပါ ရွှေရောင်မီးလျှံကို ထပ်မံ၍ ကြည့်ရှုနေတော့သည်။

သူသည် စိတ်စွမ်းအင်လှိုင်းတစ်ခု ထုတ်လွှတ်လိုက်ပြီး၊ ၎င်းနှင့် ဆက်သွယ်ရန် ကြိုးပမ်းလိုက်သည် “ ဟင်းလင်းပြင် အမွေဆက်ခံမှုကို ရန်သူက တိုက်စားသွားပြီ၊ အခုက ပြီးပြည့်စုံတဲ့ အမွေအနှစ်ကို ရအောင် ဘာလုပ်ရမလဲ “

“ ဗွီ ဗွီ “

ရွှေရောင် မီးလျှံသည် အလွန်တရာ အံ့ဩတုန်လှုပ်သွားပုံရကာ၊ လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့သည်။ ၎င်းမှာ ထိုကဲ့သို့သော သတင်းမျိုးကို ကြားသိလာရမည်ဟု မမျှော်လင့်ထားသည့်ပုံပင်။

တစ်ခဏ အကြာတွင် ၎င်းသည် မိန်းကလေးတစ်ဦး၏ အသံကို ထုတ်လွှတ်လာခဲ့သည် “ ဆရာက ဤရှေးဟောင်း နယ်မြေထဲမှာ လျှို့ဝှက်အစီအစဥ်တွေ လုပ်ထားတယ်၊ အဲ့တာတွေကို သွားရှာလို့ရတယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အဆိုပါ မီးလျှံက အမှန်တကယ် စကားပြောနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သို့ရာ၌ နဝမအဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် သူ၏ အသိပညာမှာ သိသိသာသာ ကျယ်ပြန့်လာခဲ့ပြီး၊ လက်နက်များကို စကားပြောလာအောင် အသိဉာဏ်ပေးစွမ်းနိုင်ပေသည်၊ သို့သော် ထိုကဲ့သို့ ပြုလုပ်နိုင်သည့် အချိန်မှာ အလွန်တရာ တိုတောင်းနေမည် ဖြစ်သည်။

လူသားဧကရာဇ်ကမူ ပိုမိုအစွမ်းထက်သောကြောင့် အချိန်သက်တမ်းကို တိုးမြှင့်ပေးနိုင်မည် ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် မီးလျှံကို ကြည့်ကာ ထပ်မံ၍ မေးမြန်းနေတော့သည် “ ဒီရှေးဟောင်း အပျက်အစီး နယ်မြေထဲမှာ ပကတိ အထွတ်အထိပ် ပညာရှင် ရှိလား “

ရွှေရောင်မီးလျှံမှ ပြန်ပြောလာခဲ့သည် “ ပကတိ အထွတ်အထိပ်အဆင့် တားမြစ်ချက်၊ ဒါမှမဟုတ် အကြွင်းအကျန် ဝိညာဥ်တွေတော့ ရှိနိုင်တယ်၊ ဒါပင်မဲ့ နှစ်ပေါင်းသောင်းနဲ့ချီပြီးတော့ ကြာနေပြီဆိုတော့၊ သူတို့ရဲ့ စွမ်းအားကလည်း အရင်ကလို မဟုတ်လောက်ဘူး “

ရိုးရိုးရှင်းရှင်းပြောရမည်ဆိုပါက ၎င်းမှာ ဤနေရာတွင် ပကတိ အထွတ်အထိပ် တည်ရှိမှုများ မရှိဘူးဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။

ပကတိ အထွတ်အထိပ် ပညာရှင်၏ ဘဝသက်တမ်းကပင် နှစ်တစ်သောင်းအထိသာ ကြာရှည်ပေသည်၊ အစွမ်းအထက်ဆုံး ပကတိ အထွတ်အထိပ် ပညာရှင်များကမူ နှစ်နှစ်သောင်းအထိ ရှင်သန်နေထိုင်နိုင်ကြသ်ည။

ယခင်က ခရမ်းနက်ရောင် ထောင်းထျဲ့ကမူ ချွင်းချက်တစ်ခု ဖြစ်သည်၊ ၎င်းကိုယ်တိုင်က ပကတိ အထွတ်အထိပ် အစွမ်းထက် ပညာရှင်တစ်ဦး ဖြစ်နေခဲ့ပြီး၊ ထောင်းထျဲ့မျိုးနွယ်စု၏ ဘဝသက်တမ်းမှာလည်း အလွန်တရာ ရှည်လျားလှသောကြောင့်၊ ထိုအဆင့်မှာပင် နှစ်နှစ်သောင်းကျော်အထိ ရှင်သန်နေထိုင်နိုင်ခဲ့သည်။

ထို့အပြင် ကြယ်တာရာ T-Rex နတ်ဘုရားသည် နဂါးတိုင်လုံးခုနစ်ခုကို သံသယဖြစ်နေခဲ့သည်၊ ၎င်းတို့မှာ ခရမ်းနက်ရောင်ထောင်းထျဲ့ကို ဖိနှိပ်ထားခဲ့သော်လည်း၊ ၎င်း၏ ဘဝသက်တမ်းကိုပါ နှစ်ပေါင်းများစွာ ကြာရှည်သည်ထိ ဆွဲဆန့်ပေးထားပုံရသည်။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက နဂါးတိုင်လုံးခုနစ်ခုအနက်မှ တစ်ခုထံတွင် အသက်နိယာမ ပါရှိနေလိမ့်မည် မဟုတ်ပေ။

ထောင်းထျဲ့၏ အသက်ကို ဆွဲဆန့်ပေးထားရခြင်းအတွက်ကား၊ လူသားဧကရာဇ်သည် အမွေဆက်ခံသူက ထောင်းထျဲ့အသက်ရှိစဥ်အချိန်တွင် ရောက်မလာနိုင်ဘူးဆိုသည့် ဖြစ်နိုင်ခြေကို တွေးတောစဥ်းစားမိသဖြင့် ထိုကဲ့သို့ ပြုလုပ်လိုက်ပုံရသည်။

ပုံမှန်အခြေအနေများအောက်တွင်သာဆိုပါက နှစ်နှစ်သောင်း ရှင်သန်နေထိုင်ရခြင်းမှာ အလွန်တရာ ရှည်လျားနေမည် ဖြစ်သည်။

“ ပကတိ အထွတ်အထိပ် ပညာရှင်မရှိဘူးဆိုတော့၊ ပိုလွယ်သွားပြီ “

ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရထားသော်လည်း၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် အန္တိမတစ်ပိုင်း တားမြစ်ချက်နှင့်ညီမျှသည့် ရွှေအလောင်း တားမြစ်ချက်ကို ပိုင်ဆိုင်ထားလေသည်။

ထို့ကြောင့် သူသည် ဤရှေးဟောင်းနယ်မြေအတွင်းတွင် ပြိုင်ဘက်ကင်းနေပြီ ဖြစ်သည်။

“ ဒါပင်မဲ့ သတိထားဖို့ လိုအပ်နေတုန်းပဲ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ ဒီရှေးဟောင်းနယ်မြေထဲမှာက ပကတိ အထွတ်အထိပ် ပညာရှင်တွေတောင် ကျဆုံးသွားတယ်လို့ ပြောကြတယ်၊ တစ်ချို့နေရာတွေက ထင်သလောက် ရိုးရှင်းနေမှာ မဟုတ်ဘူး “

သူ့ဘေးနားရှိ ရွှေရောင် မီးလျှံသည် ထပ်မံ၍ စကားပြောလာခဲ့ပြန်သည် “ ပကတိ အထွတ်အထိပ် တည်ရှိမှုတွေ မရှိဘူးဆိုပင်မဲ့၊ တားမြစ်ချက် အများကြီးကို ချိတ်ဆက်လိုက်ပြီးတော့ ကွင်းဆက်ပေါက်ကွဲမှုကို ဖြစ်စေလိုက်မယ်ဆိုရင်၊ ပကတိ အထွတ်အထိပ် ပညာရှင်ကိုတောင် ချက်ချင်းသုတ်သင်နိုင်တယ် “

ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်နှလုံးသား တင်းကြပ်သွားခဲ့သည်။

“ ကြည့်ရတာတော့ အပြည့်အဝ သက်သာအောင် စောင့်နေပြီးမှ၊ အစီအစဥ်တွေ စလုပ်ရတော့မဲ့ပုံပဲ “

၎င်းကို တွေးတောမိသောအခါတွင်၊ သူသည် ရွှေရောင်မီးလျှံကို ထပ်ကြည့်ကာ မေးမြန်းလိုက်သည် “ ငါ့ရဲ့ ကုသရေး ဖြစ်စဥ်ကို အရှိန်မြှင့်ပေးနိုင်မဲ့ နည်းလမ်းတစ်ခုခု ရှိလား “

ထိုစကားကို ကြားလိုက်ရသောအချိန်၌ ရွှေရောင် မီးလျှံသည် သူ၏ခန္ဓာကိုယ်ဆီသို့ မျောလွင့်လာခဲ့သည်။

ဗွီ

အနွေးစီးကြောင်းတစ်ခုသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခြေလက်များနှင့် အရိုးများထံသို့ စိမ့်ဝင်လာခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာ၌ သူသည် အရာအားလုံး ပြန်လည်ရရှိသကဲ့သို့ ခံစားလိုက်ရပြီး၊ ပြိုကွဲပျက်စီးသွားသည့် သူ၏ခန္ဓာကိုယ်မှာလည်း လျင်မြန်စွာ ပြန်လည်ဖြစ်တည်လာခဲ့သည်။

“ ဒါက ….. “

“ အသက် တာအိုလား “

ကြယ်တာရာ T-Rex နတ်ဘုရားသည် တအံ့တဩ ဖြစ်သွားခဲ့သည်။

သူသည်လည်း အသက်တာအို၏ မူလနိယာမကို နားလည်နေခဲ့သည်၊ သို့သော် ရွှေရောင်မီးလျှံထံမှ ပေါ်ထွက်လာသည့် စွမ်းအင်လှိုင်းနှင့်ဆိုပါက၊ ၎င်းမှာ သမုဒ္ဒရာအတွင်းမှ ရေတစ်စက်မျှသာ ဖြစ်နေခဲ့သည်။

ရွှေရောင်မီးလျှံမှ စကားထပ်ပြောလာခဲ့သည် “ ဆရာက ငါ့ကို အသက်တာအိုနဲ့ ပေါင်းစည်းပေးခဲ့တယ်၊ အဲ့တာကြောင့်ပဲ ငါက အာရုံခံစားမှုကို မွေးဖွားနိုင်ခဲ့တာ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သဘောပေါက်နားလည်သွားခဲ့သည်။

၎င်းမှာ လူသားဧကရာဇ်၏ အစစ်အမှန် မူလစွမ်းအားဖြစ်ပြီး၊ နဂါးတိုင်လုံးများအပေါ်တွင် ရှိနေသည့် ပုံစံကွက်များက ၎င်းနှင့် မည်သို့မျှ ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

နဂါးတိုင်လုံးများပေါ်တွင် ရှိနေသည့် ပုံစံကွက်များကမူ စွမ်းအင်လှိုင်းတစ်ခုမျှသာ ဖြစ်နေခဲ့သည်၊ သို့သော် ဤနေရာတွင် ရှိနေသည့် အရာသည် ဘီလီယံနှင့်ချီသည့် မူလစွမ်းအားကို စုစည်းထားခဲ့သည်။

အန္တိမနယ်ပယ်မှ ပညာရှင်တစ်ဦး၏ မူလစွမ်းအား

ကြယ်တာရာ T-Rex နတ်ဘုရားသည် အလွန်တရာ ပျော်ရွှင်ဝမ်းမြောက်သွားခဲ့သည်၊ ကြယ်ဝသော ဤအသက်မူလ နိယာမသည် အသက်တာအိုပေါ်တွင် ရှိနေသည့် သူ၏နားလည်နိုင်စွမ်းကို သိသိသာသာ မြှင့်တင်ပေးနိုင်ပေသည်။

…………………………………………………………………………………………………………………………………….

အပိုင်း ( 615 )

သေခြင်းရှင်ခြင်းက ငါ့လက်ထဲမှာပဲ၊ အန္တိမ နိယာမ

ထို့နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် အသက်တာအို လေ့လာခြင်းဖြစ်စဥ်တွင်သာ သူ့ကိုယ်သူ နှစ်မြုပ်ထားလိုက်သည်။

ရွှေရောင် မီးလျှံအတွင်းတွင် ရှိနေသည့် အသက်အရင်းအမြစ်သည် အန္တိမနယ်ပယ်ရှိ ပညာရှင်တစ်ဦး၏ မူလစွမ်းအားထံမှ ဆင်းသက်လာသည့်အတွက်၊ အလွန်တရာ ပေါများကြွယ်ဝနေခဲ့သည်။

နဝမအဆင့် နယ်ပယ်မှ ပညာရှင်တစ်ဦးအတွက်မူ၊ အဆိုပါ စွမ်းအားအနည်းငယ်ကိုသာ စုပ်ယူနိုင်ရုံဖြင့် အကျိုးအမြတ် ကြီးကြီးမားမား ရရှိသွားမည် ဖြစ်သည်။

သို့သော် ယခုတွင် ကြယ်တာရာ T-Rex နတ်ဘုရား ကြုံတွေ့နေရသည့် အရာကား အနည်းငယ်ဆိုသည်ထပ် များစွာကျော်လွန်နေခဲ့ပြီး၊ သူ့အား အသက်တာအိုအကြောင်းကို အပြည့်အဝ နားလည်သွားစေမည့် စမ်းရေတွင်းတစ်ခုအလား ဖြစ်နေခဲ့သည်။

ဤအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ အရှေ့တွင် ပုံရိပ်များစွာ ဖြစ်ပေါ်လာခဲ့သည်။

အစပိုင်းတွင် သူသည် အသက်တာအိုကို ဖမ်းဆုပ်နိုင်ခဲ့သော်လည်း၊ သူနားမလည်သေးသည့် အရာများစွာ ကျန်ရှိနေသေးသည်။ ယခု ထိုမြင်ကွင်းများ ပေါ်ပေါက်လာမှုနှင့်အတူ သူ၏ စိတ်မှာလည်း တဖြည်းဖြည်း ပိုမိုကြည်လင်လာခဲ့သည်။

“ အသက်ရဲ့ အနှစ်သာရက သေခြင်း၊ ရှင်ခြင်း ကန့်သတ်ချက်တွေကို ချိုးဖျက်တဲ့ အချိန်မှာ မမြင်တွေ့ရတဲ့ စကြာဝဠာရဲ့ အမှန်တရား တစ်ခုပဲ “

“ ဆိုတော့ အဲ့လိုပေါ့ ….. အသက်တာအိုရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်က ပြန်လည်မွေးဖွားဖို့အတွက် သေခြင်းတရားကို ယဇ်ပစ္စည်းဖြစ်အောင် လုပ်ရတာပဲ “

( ပြန်လည်မွေးဖွားဖို့အတွက် အရင်သေရတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ )

“ ပြီးတော့ ငါက အခုလေးတင်ပဲ သေခြင်းရှင်ခြင်းကြားက ပြန်လည်မွေးဖွားခြင်းကို ကြုံတွေ့လိုက်ရတယ် ”

ကြယ်တာရာ T-Rex နတ်ဘုရား၏ သေခါနီး အခြေအနေနှင့် ထို့နောက်တွင် ကြုံတွေ့ရသည့် ပြန်လည်မွေးဖွားခြင်းတို့သည် အသက်နှင့် မရဏတာအိုတို့အပေါ်တွင် ရှိနေသည့် သူ၏နားလည်မှုကို သိသိသာသာ အကျိုးရှိသွားစေခဲ့သည်။

သို့ရာ၌ သူ၏နယ်ပယ်မှာ ထိုအဆင့်သို့ မရောက်ရှိသေးသောကြောင့်၊ သူသည် ပြန်လည်မွေးဖွားခြင်းအကြောင်းကို များများစားစား နားမလည်နိုင်ခဲ့ပေ။

အကယ်၍ သာမန်လူတစ်ဦးသာဖြစ်နေခဲ့မည်ဆိုပါက၊ ဤအခွင့်အရေးကို ဖြုန်းတီးလိုက်သကဲ့သို့ ဖြစ်သွားလိမ့်မည် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားထံတွင် ရွှေရောင်မီးလျှံ၏ ကူညီပံ့ပိုးပေးမှု ရှိနေခဲ့သည်။

အဆက်မပြတ် စီးဆင်းနေသည့် အသက်စွမ်းအားသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းနေခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကြယ်တာရာ T-Rex နတ်ဘုရား၏ အသက်တာအို နားလည်မှုမှာ အဆင့်ပေါင်းများစွာအထိ တိုက်ရိုက်ခုန်တက်သွားခဲ့သည်။

သူသည် နဝမအဆင့် အထွတ်အထိပ် (သို့) ပကတိ အထွတ်အထိပ်သို့ ရောက်ရှိမှသာ နားလည်နိုင်မည့် သိမ်မွေ့သော အရာများကို ကြိုတင်သိမြင်လာခဲ့သည်။

အဆိုပါ ဆန်းကြယ်မှုများကို သူဖမ်းဆုပ်နေစဥ်အချိန်တွင်

“ ဇွီ ဇွီ “

ထိခိုက်ဒဏ်ရာရရှိထားသည့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် သာမန်မျက်လုံးတို့ဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ပြန်လည်ကောင်းမွန်ဖြစ်တည်လာခဲ့သည်။

ရွှေ‌ရောင် အလင်းတန်းတို့သည် သူ၏အသွေးအသားများအောက်သို့ တိုးဝင်လာခဲ့ပြီး၊ အသက်တာအို နားလည်မှုမှ မွေးဖွားလာသည့် အသက်အရင်းအမြစ်သည် အံ့ဖွယ်ကောင်းသည့် အမြန်နှုန်းဖြင့် သူ၏ဒဏ်ရာများကို ကုသပေးနေခဲ့သည်။

“ အသက်တာအို ထိုးထွင်းသိမြင်မှုက ငါ့ရဲ့ခန္ဓာကိုယ်ကို ကုသဖို့ ရုန်းကန်နေရတဲ့ အင်မော်တယ်စွမ်းရည်ရဲ့ ကုသမှုကိုတောင် အရှိန်မြှင့်ပေးနေတာပဲ “

“ အသက်အရင်းအမြစ်က အင်မော်တယ်စွမ်းရည်ထပ် အများကြီး အဆင့်ပိုမြင့်တယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ပြုံးစိစိ ဖြစ်သွားခဲ့သည်။

“ ဟမ် “

“ ငါ့ရဲ့ မရဏ တာအို ….. “

ရုတ်တရက်ဆိုသလိုပင် သူသည် တအံ့တဩ ဖြစ်သွားခဲ့သည်။

သူသည် အသက်တာအို ထိုးထွင်းသိမြင်မှုမှ ယူဆောင်ပေးလာခဲ့သည့် ကြီးမားသော တိုးတက်မှုက မရဏတာအိုနှင့်ပါ ဆက်စပ်နေသည်ကို ရုတ်တရက် နားလည်သွားခဲ့သည်။

“ အရာအားလုံးက အရင်ဦးဆုံး မွေးဖွားလာကြတယ်၊ ပြီးတော့ သေဆုံးသွားတယ်၊ ရှင်သန်ပြီးမှ သေဆုံးခြင်းလာတယ်၊ စကြာဝဠာရဲ့ တားမြစ်ချက်တစ်ခုပဲ “

“ အသက်အရင်းအမြစ်ကို နားလည်မှ မရဏတာအိုကို ဖမ်းဆုပ်နိုင်ပြီးတော့၊ သေဆုံးခြင်းရဲ့ တကယ့်လျှို့ဝှက်ချက်ကို ထိတွေ့နိုင်မယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ခန္ဓာကိုယ်ကို ကြည့်ရှုနေရင်းဖြင့် တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။

ဖြည်းဖြည်းချင်း သက်သာပျောက်ကင်းလာခဲ့သည့် သူ၏ ခန္ဓာကိုယ်ပေါ်တွင်

ရွှေရောင် အလင်းတန်းများအပြင်၊ အနက်ရောင် အလင်းတန်းများပါ ပေါ်ထွက်လာခဲ့သည်။

အဆိုပါ အနက်ရောင် အလင်းတန်းသည် အမှောင်စွမ်းအင်ပင် ဖြစ်သည်။

အဆိုပါ အမှောင်စွမ်းအင်က မြေပြင်နှင့် ထိတွေ့သွားသည့် အချိန်တွင်၊ ၎င်းသည် မြေပြင်ကို ဖုန်မှုန့်များအဖြစ် ချက်ချင်း ဖျက်စီးပစ်လိုက်သည်။

အရာအားလုံးကို တိုက်စားနိုင်သည့် အမှောင်စွမ်းအင်သည် အသက်စွမ်းအင်နှင့် အကြီးအကျယ် ပဋိပက္ခ ဖြစ်သင့်ပေသည်။

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်ထဲတွင် ပေါ်ထွက်လာခဲ့သည့် အမှောင်စွမ်းအင်သည် သူ့ကို မည်သို့မျှ မထိခိုက်စေခဲ့ပေ။ ထို့အစား ၎င်းသည် အသက်စွမ်းအင်နှင့် အပြည့်အဝ ပေါင်းစည်းသွားပုံရသည်။

အဆိုပါ စွမ်းအင်နှစ်ခုသည် ယင်ယန်ကဲ့သို့ ပေါင်းစည်းနေသကဲ့သို့ တစ်ခုနှင့်တစ်ခု ရောနှောနေခဲ့သည်။

“ ကြည့်ရတာတော့ အသက်နဲ့ မရဏ တာအိုနှစ်ခုက ပေါင်းစပ်သွားနိုင်ခြေ ရှိတယ်နဲ့တူတယ် “

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် အံ့ဩတကြီး ဖြစ်သွားခဲ့သည်။

ထိုစဥ် ရွှေရောင်မီးလျှံသည် တအံ့တဩဖြင့် စကားထပ်ပြောလာခဲ့သည် “ နင်က အန္တိမ နိယာမကိုတောင် မြန်မြန်ဆန်ဆန် နားလည်သွားပြီလား “

“ အန္တိမ နိယာမလား “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည် “ အဲ့တာက ဘာကြီးလဲ “

“ အန္တိမ နိယာမက အဆင့်မြင့် နိယာမတွေထပ် အဆင့်ပိုမြင့်တဲ့ နိယာမတစ်ခုပဲ၊ စကြာဝဠာထဲမှာရှိတဲ့ အဆင့်အမြင့်ဆုံး နိယာမပဲ “

“ ဒီနိယာမကို နားလည်နိုင်ဖို့ တော်တော်ခက်တယ်၊ ဒီစကြာဝဠာထဲမှာ အန္တိမ နိယာမ နည်းနည်းလေးပဲ ရှိတယ် “

“ ဘယ်ဟာတွေလဲ “

“ ဥပမာအနေနဲ့၊ ကြောင်းကျိုးဆက်စပ်မှု နိယာမ၊ အချိန်-ဟင်းလင်းပြင် နိယာမ၊ အသက်နဲ့ မရဏ နိယာမ၊ အဲ့လိုဟာတွေပဲ “

ထိုစကားများကို ကြားလိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် အပြည့်အဝ နားလည်သွားခဲ့သည်။

အသက်နှင့် မရဏ တာအိုတို့မှာ ဆန့်ကျင်ဘက် လမ်းကြောင်းများ ဖြစ်သည်။ အကယ်၍ လူတစ်ဦးက အဆိုပါ အဆင့်မြင့် နိယာမ နှစ်ခုလုံးကို နားလည်နိုင်မည်ဆိုလျှင်တောင်မှ၊ ၎င်းတို့ကို တစ်ပြိုင်နက် ထုတ်ဖော်အသုံးပြုရန်မှာ မည်သို့မျှ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

အဆိုပါ တာအိုနှစ်ခုစလုံးကို ပြီးပြည့်စုံအောင် ပြုလုပ်နိုင်မှသာလျှင် ၎င်းတို့ကို ပေါင်းစည်းနိုင်ကာ၊ အစစ်အမှန် အန္တိမ နိယာမကို မွေးဖွားပေးနိုင်မည် ဖြစ်သည်။

အသက်နှင့် မရဏ နိယာမ နှစ်ခုစလုံးမှာ အဆင့်မြင့် နိယာများ ဖြစ်သည်။

ထို့အပြင် ၎င်းတို့သည် ပေါင်းစပ်ခြင်းဖြင့် အန္တိမ နိယာမအဆင့်အထိပင် တက်လှမ်းနိုင်ကြသည်။

ထို့ကြောင့် ၎င်းတို့သည် အချိန်-ဟင်းလင်းပြင် နိယာမ၊ ကြောင်းကျိုးဆက်စပ်မှု နိယာမတို့ဖြင့် တစ်တန်းတည်း ရပ်တည်နေနိုင်ခဲ့သည်။

“ အခု ငါက ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှု အဆင့်ကို မရောက်သေးဘူးဆိုပင်မဲ့၊ ပထမဦးဆုံး ခြေလှမ်းကိုတော့ လှမ်းခဲ့ပြီးသွားပြီ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်းကို စောင့်ကြည့်နေရင်းဖြင့် အသာအယာ ပြုံးနေတော့သည်။

စတင်မှုတိုင်းသည် အလွန်တရာ ခက်ခဲလွန်းလှသည်။

အသက်နှင့် မရဏ နိယာမတို့ကို နားလည်အောင် ပြုလုပ်ရခြင်းမှာ အခက်ခဲဆုံး ခြေလှမ်းတစ်လှမ်း ဖြစ်သည်၊ နောက်ပိုင်းတွင် အရာအားလုံးက ပိုမိုလွယ်ကူချောမွေ့နေမည် ဖြစ်သည်။

ထို့အပြင် ပထမခြေလှမ်းကို လှမ်းလိုက်ရုံဖြင့်ပင် အဆိုပါ နိယာမနှစ်ခုသည် သာမန်အဆင့်မြင့် နိယာမများထပ် သာလွန်သွားခဲ့သည်။

“ ဘုမ်းးး “

ကြယ်တာရာ T-Rex နတ်ဘုရားမှ လက်သီးဆုပ်လိုက်ရာ၊ ရွှေရောင်နှင့် အနက်ရောင် ရောစပ်နေသည့် စွမ်းအင်သည် မြေပြင်ပေါ်သို့ ခုန်ဆင်းသွားခဲ့သည်။

ဝုန်းးး

ချက်ချင်းဆိုသလိုပင် ရှေးဟောင်း အပျက်အစီးနယ်မြေ၏ ဧရိယာ အများစုမှာ တုန်ခါသွားခဲ့သည်။

အားကောင်းသော စွမ်းအင်လှိုင်းတစ်ခုသည် ဤရှေးဟောင်း နယ်မြေတစ်ခုလုံးဆီသို့ ပျံ့လွင့်သွားခဲ့သည်၊ သို့သော် တစ်ချိန်တည်းမှာပင် ၎င်းသည် အဖျက်စွမ်းအားလှိုင်းတစ်ခုကို သယ်ဆောင်လာခဲ့သည်။

၎င်းမှာ အသက်နှင့် မရဏ နိယာမတို့ကို နားလည်ခဲ့ပြီးသည့်နောက်တွင် ရရှိလာသည့် စွမ်းအား ဖြစ်သည်။

လက်လေးတစ်ချက် ဝေ့ရမ်းလိုက်ရုံဖြင့် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတို့ကို ဖြစ်ပေါ်လာစေနိုင်ပြီး၊ အရာအားလုံး၏ သေခြင်းရှင်ခြင်းကို အတွေးဖြင့် ချယ်လှယ်နိုင်ပြီ ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားမှ သူ၏နတ်စွမ်းအားကို ရုတ်သိမ်းလိုက်ရာ၊ ရှေးဟောင်း အပျက်အစီး နယ်မြေသည် မည်သည့်ကိစ္စမှ မဖြစ်ပွားခဲ့သည့်အတိုင်း ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

“ ဒီသေခြင်းရှင်ခြင်း အကြပ်အတည်းတွေက အသက်နဲ့ မရဏ နိယာမတွေကို နားလည်သွားစေနိုင်မဲ့ အခွင့်အလမ်းကောင်းတစ်ခု ဖြစ်သွားတာပဲ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အသာအယာ ပြုံးနေခဲ့ပြီး၊ သူ့စိတ်ထဲတွင် ရှိနေသည့် လေးလံမှုများကလည်း သိသိသာသာ လျော့ပါးသွားခဲ့သည်။

သူသည် အကယ်၍ သူကသာ ပြန်လည်မွေးဖွားခြင်းကို မကြုံတွေ့ခဲ့ရဘူးဆိုပါက၊ အသက်အရင်းအမြစ် ပေါင်းစည်းမှုနှင့်ဆိုလျှင်တောင်မှ၊ အသက်နှင့် မရဏ နိယာမတို့အပေါ်တွင် ရှိနေသည့် သူ၏နားလည်မှုက ယခုလောက်အထိ နက်ရှိုင်းနေလိမ့်မည် မဟုတ်ဘူးဆိုသည်ကို ကောင်းစွာ သိရှိနေခဲ့သည်။

………………………………………………………………………………………………………………………………………

All Chapters