← Chapters

အခန်း (၂၅၄)

Vol. 24 Ch. 254

အခန်း (၂၅၄)

Vol. 24 Ch. 254

📝အပိုင်း - ၂၅၄

ဘာသာပြန် - Na Gar🐉

ဒါ့အပြင်...

လျန်ကျိနျန် သေဆုံးသွားပြီးပြီးချင်းမှာပဲ။

ကျဆုံးခြင်း စစ်ဗျူဟာ သေမင်းတမန် စိတ်ဆန္ဒအခြေအနေဟာ တခြားသူတွေဖြစ်တဲ့ လုရှူဟွာ နဲ့ ရှဲ့စီရှူတို့ရဲ့ ကိုယ်ပေါ်မှာ ရှိနေဆဲပါ။ သူတို့နှစ်

ယောက်ကအစပိုင်းမှာ ချန်ဆန်းရှီ အပေါ် အကြီးအကျယ် မကျေမနပ် ဖြစ်ခဲ့ကြပေမဲ့၊ အခုအချိန်မှာတော့ တိုက်ပွဲထဲကို အတူတူ ထိုးဖောက်ဝင်ရောက်ဖို့ အသင့်ရှိနေကြတုန်းပါပဲ။

ဒါပေမဲ့ လျန်ကျိုးကတည်းက လိုက်ပါလာပြီး အပေါ်ယံမှာ ဆက်ဆံရေးကောင်းဟန်ပြခဲ့တဲ့၊ မင်ပြည်နယ်ရောက်တော့လည်း သူ့ကို ထောက်ခံသလိုလို လုပ်ခဲ့တဲ့ တခြားလူနှစ်ယောက်ရဲ့ ကိုယ်ပေါ်ကနေတော့ အဲဒီ အခြေအနေ ဟာ ပျောက်ကွယ်သွားခဲ့ပါပြီ။

ဒါဟာ အံ့သြစရာတော့ မဟုတ်ပါဘူး၊ သူကနန်းတော်က လွှတ်လိုက်တဲ့သူ မဟုတ်လား။

နန်းဝန်ကြီးရဲ့ မြေးလေ။

သူကနန်းတော်နဲ့ ဧကရာဇ်မင်းမြတ်ရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုတဲ့သူပါ။

တိုက်ပွဲကြီး ပြီးသွားတဲ့အခါမှာတော့ သူတို့နှစ်ယောက်ကရဲဘော်ရဲဘက်တွေ မဟုတ်တော့ပါဘူး။

"ဒါက မသင့်တော်ဘူး မဟုတ်လား"

ယန်ချန်ချင်း က ငြင်းပယ်လိုက်ပါတယ် "ကျွန်တော်က ဟွာကျင်းအဆင့်ကိုတောင် မရောက်သေးဘူး။ ဒီပစ္စည်းက အလွန်အရေးကြီးတာမို့လို့ ညီအစ်ကိုချန်ကိုယ်တိုင် သိမ်းထားတာက အကောင်းဆုံးပါပဲ"

"ကောင်းပြီလေ"

ချန်ဆန်းရှီက အားလုံးကို ပြောလိုက်ပါတယ် "ဒါဆိုရင် ညီအစ်ကိုတို့ အားလုံး သက်သေအဖြစ် ရှိပေးကြပါ။ ဒီပစ္စည်းကို လောလောဆယ် ကျွန်တော်ပဲ တာဝန်ယူ သိမ်းထားပေးမယ်။ တိုက်ပွဲတွေ အကုန်ပြီးသွားတာနဲ့ နန်းတော်ဆီကို ချက်ချင်း ပြန်အပ်ပါ့မယ်"

"ဗိုလ်ချုပ်ချန်၊ ကျွန်တော်တို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ"

လုရှူဟွာနဲ့ ရှဲ့စီရှူတို့ကတစ်ဖက်တစ်ချက်စီကနေ သူတို့ရဲ့ရှေ့မှာ မြေပုံကို ဖြန့်ချလိုက်ကြပါတယ်။

"စောင့်ဦး"

ချန်ဆန်းရှီက လော့ထျန်ဂိတ်ရဲ့ တည်နေရာကို လက်ညှိုးထိုးပြလိုက်တယ် "အဲဒီက စစ်တပ်တွေက မေရှန်းခရိုင်ရဲ့ အခြေအနေကို သိဦးမှာ မဟုတ်သေးဘူး။ ငါတို့ နောက်ထပ် ဆယ်ရက်ကနေ ရက်သတ္တပတ် နှစ်ပတ်လောက်အထိ စောင့်ကြည့်ကြမယ်။ အဲဒီအချိန်လောက်ဆိုရင် နန်းတော်က လွှတ်လိုက်တဲ့ ဧကရာဇ်စစ်တပ်တွေလည်း မဟာတောရိုင်းကြီးကို ဖြတ်ပြီး လော့ထျန်ဂိတ်ကို တိုက်ခိုက်တော့မယ့် အချိန်ပဲ"

"ငါတို့ နောက်ထပ်လုပ်ရမှာက စောင့်ဆိုင်းဖို့ပဲ။ ပြီးတော့ မြို့တော်က စစ်တပ်နဲ့ ညှပ်ပိတ် တိုက်ခိုက်ပြီး လော့ထျန်ဂိတ်ကို သိမ်းပိုက်ရမယ်။ အဲဒီနောက်မှာ အဲဒီဂိတ်ကို အခြေခံပြီး မင်ပြည်နယ်ရဲ့ တောင်ဘက်ပိုင်းကို တည်ငြိမ်အောင် လုပ်မယ်။ ဗိုလ်ချုပ်လူ ၊ ဗိုလ်ချုပ်ရုန် တို့နဲ့ ပူးပေါင်းပြီး ကျန်တဲ့ ပုန်ကန်သူတွေနဲ့ အနောက်ချီနိုင်ငံရဲ့ စစ်တပ်တွေကို တဖြည်းဖြည်းနဲ့ ဝါးမြိုပစ်ရမယ်"

"နောက်ရက်အနည်းငယ်အတွင်းမှာ အားလုံး မေရှန်းမြို့ထဲမှာ ကောင်းကောင်း အနားယူကြပါ။ ငါတို့ရဲ့ စည်းကမ်းတွေကို မှတ်ထားကြ၊ ပြည်သူတွေကို သွားပြီး မနှောင့်ယှက်နဲ့၊ မနှိပ်စက်နဲ့။ မဟုတ်လို့ကတော့ ငါ့မျက်စိရှေ့မှာတင် အကုန် သတ်ပစ်မယ်"

"ဟုတ်ကဲ့ပါ အရှင်"

စစ်တပ်ကြီးဟာ မြို့ထဲကို ဖြည်းဖြည်းချင်း ဝင်ရောက်လာပါတော့တယ်။

ချန်ဆန်းရှီမှာရှိတဲ့ ဝိညာဉ်စပါးနဲ့ ဆေးဝါးတွေ ကုန်သွားတာ ကြာပါပြီ။ နောက်ဆုံးမှာ ရှောင်ရှင်းတောင် မြည်းစမ်းခွင့် မရတော့ပါဘူး။ သူ့မှာ နန်းတော်ကပေးတဲ့ ရတနာဆေးဝါးအချို့ပဲ ကျန်တော့တာမို့လို့၊ အဲဒါကို သောက်ပြီးတာနဲ့ တစ်စက္ကန့်လေးတောင် အနားမနေဘဲ ကျင့်စဉ်ကို ဆက်ပြီး ကျင့်ကြံနေပါတယ်။

[သိုင်းပညာ - တိုင်းပြည်စောင့်နဂါးလှံ (အသေးစား အောင်မြင်မှု)]

[တိုးတက်မှု့ - ၅၆၆ / ၂၀၀၀]

သန်းခေါင်ယံအချိန်..

သူကမြင်းမစီးတော့ဘဲ ခြေကျင်ပဲ အမှောင်ထဲကို တိုးဝင်သွားပါတယ်။ သူ့နောက်ကို ဘယ်သူမှ လိုက်မလာတာကို အော်ရာကြည့်ရှု့ခြင်းနဲ့ အသေအချာ အတည်ပြုပြီးတဲ့နောက်မှာတော့ မြို့တံခါးကနေ ထွက်ခဲ့ပါတယ်။ အရှေ့ဘက် မြို့တံခါးရဲ့ အပြင်ဘက် မိုင်ပေါင်းများစွာ ဝေးတဲ့ အလောင်းတွေ ပုံနေတဲ့ တောရိုင်းမြေပြင်ဆီကို သူ သွားခဲ့တာပါ။

ချန်ဆန်းရှီက လျန်ကျိနျန်ရဲ့ ခေါင်းမပါတဲ့ အလောင်းကို ရှာတွေ့သွားပါတယ်။ အဲဒီနောက် ကျန်းယွဲ့ဓားကို ထုတ်ပြီး အလောင်းရဲ့ ဗိုက်ကို ခွဲလိုက်ပြီးတစ်ခုခုကို ရှာဖွေပါတော့တယ်။

သူ လျန်ကျိနျန်ကို သတ်လိုက်ရတဲ့ အကြောင်းရင်းက အရှင်ဖမ်းထားရင် အလုပ်ရှုပ်လို့တင် မဟုတ်ပါဘူး၊ တခြား အကြောင်းရင်းတွေလည်း ရှိပါသေးတယ်။

အဲဒီ လျန်ဆိုတဲ့ ပညာတတ်က တစ်ခုခုကို ဝှက်ထားတာပဲ..

သူ အမှန်အတိုင်း မပြောခဲ့ဘူး။

ကောင်းကင်ဘုံကျမ်း က ကောင်းကင်ဘုံကျမ်းပဲ၊ အဖြူရောင် ရွှမ်ချီက ရွှမ်ချီပဲ။ အဲဒီနှစ်ခုက တစ်ခုနဲ့တစ်ခု အထောက်အကူ ပြုနေပေမဲ့ တကယ်တော့ အဲဒါတွေက မတူညီတဲ့ အရာနှစ်ခု၊ မတူညီတဲ့ ပစ္စည်းနှစ်ခုပါ။

လျန်ကျိနျန်နဲ့ စတွေ့ကတည်းက ချန်ဆန်းရှီဟာ သူ့ဆီက ချီစွမ်းအင်တွေကို သတိထားမိခဲ့ပါတယ်။ အကယ်၍ ဒါဟာသူ့ကိုယ်ပေါ်က ကျင့်စဉ်စွမ်းအား မဟုတ်ဘူးဆိုရင်၊ သူ့ကိုယ်ထဲမှာ တစ်နေရာရာမှာ ဝှက်ထားတဲ့ ရတနာတစ်ခုခု ဖြစ်ရမယ်လို့ သူ ခန့်မှန်းခဲ့တာပါ။ အကယ်၍ ပထမတစ်ခုဆိုရင်တော့ ဘာမှလုပ်လို့ မရပေမဲ့၊ ဒုတိယတစ်ခုဆိုရင်တော့ ထုတ်ယူလို့ ရတာပေါ့။

တကယ်ပါပဲ။

သိပ်မကြာခင်မှာပဲ သူကအသားတွေထဲကနေ အေးစိမ့်နေတဲ့ လုံးဝန်းတဲ့ အရာတစ်ခုကို နှိုက်ယူလိုက်နိုင်ပါတယ်။ အပြင်ထုတ်ပြီး ကြည့်လိုက်တဲ့အခါ ဖန်သားလုံး နဲ့တူတဲ့ ပုတီးစေ့တစ်စေ့ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မျက်နှာပြင်ပေါ်မှာ ဆန်းပြားတဲ့ သင်္ကေတတွေ စီးဆင်းနေပြီး အတွင်းထဲမှာ မြူခိုးလိုမျိုး အရှိန်အဝါတွေ ကိန်းအောင်းနေပါတယ်။ ဒါပေမဲ့ အဲဒီထဲက "ချီ" စွမ်းအင်တွေကတော့ အတော်လေး အားနည်းနေပြီး ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။

"ဒါပဲ"

ချန်ဆန်းရှီ သေချာသွားပါပြီ။

လျန်ကျိနျန်ကကျော်ကြားလှတဲ့ "ကောင်းကင်ဘုံကျမ်း" ကို စစ်တပ်တွေရဲ့ စစ်ဗျူဟာ လေ့ကျင့်ဖို့အတွက်ပဲ သုံးခဲ့တာပါ။ တကယ့်ကို အစွမ်းထက်တဲ့ ပစ္စည်းကတော့ ဒီပုတီးစေ့ပဲ ဖြစ်ရမယ်။ ဒီပုတီးစေ့ထဲကနေ ထွက်လာတဲ့ "ချီ" စွမ်းအင်ရှိမှသာ အဲဒီ ထူးခြားတဲ့ စစ်ဗျူဟာရဲ့ စွမ်းအားအချို့ကို ထုတ်ဖော်နိုင်တာပါ။

အခုကြည့်ရတာတော့ ကောင်းကင်ဘုံကျမ်းဆိုတာ တကယ့်ရတနာဖြစ်တဲ့ ဒီပုတီးစေ့ကို ဖုံးကွယ်ဖို့အတွက် လုပ်ကြံဖန်တီးထားတာ ဖြစ်နိုင်ပါတယ်။

ဒီပုတီးစေ့သာ မရှိရင် တခြားသူတွေ ကောင်းကင်ဘုံကျမ်းကို ရသွားရင်တောင် နားလည်မှာ မဟုတ်ဘူး။ နားလည်ရင်တောင် အသုံးမဝင်ဘူးလေ။ အချိန်ကြာလာတာနဲ့အမျှ လူတွေက လျန်ကျိနျန်ဟာ တကယ့်ကို ကောင်းကင်က ရွေးချယ်ခံရသူ၊ ထူးခြားဆန်းပြားသူမို့လို့ ကောင်းကင်ဘုံကျမ်းကို သူတစ်ယောက်တည်းပဲ ထိန်းချုပ်နိုင်တာလို့ ထင်သွားကြပြီး သူ့ကို ဒူးထောက် အညံ့ခံကြမှာကိုး။

"တကယ်ကို ပါးနပ်တဲ့ အကြံအစည်ပဲ"

"ဒီပုတီးစေ့ကို ဘယ်လိုသုံးရမလဲ၊ ပြီးတော့ သူ့ထဲက 'ချီ' ကို ဘယ်လို ပြန်

ဖြည့်ရမလဲဆိုတာကိုတော့ မသိသေးဘူး"

"မျက်ခုံးနီတပ် စတိုက်တုန်းကတော့ နတ်စစ်သည်တွေလိုပဲလို့ ပြောကြပေမဲ့၊ နောက်ပိုင်းမှာတော့ တဖြည်းဖြည်း အားနည်းလာတာဟာ သေချာပေါက် ဒီပုတီးစေ့ထဲက 'ချီ' တွေ ကုန်သွားလို့ ဖြစ်ရမယ်"

"ဒါဆို လျန်ကျိနျန်က ဘာလို့ 'ချီ' ကို ပြန်မဖြည့်ခဲ့တာလဲ ကြည့်ရတာ သူကိုယ်တိုင်လည်း ကောင်းမွန်တဲ့ နည်းလမ်း မရှိတာ ဖြစ်နိုင်တယ်"

"ဖြစ်နိုင်တာက သူကိုယ်တိုင်တောင် ဒီပစ္စည်းရဲ့ တကယ့်အသုံးဝင်ပုံကို ရှင်းရှင်းလင်းလင်း မသိတာလည်း ဖြစ်နိုင်တာပဲ"

"ဘာပဲဖြစ်ဖြစ်၊ လောလောဆယ် သိမ်းထားလိုက်ဦးမယ်"

ချန်ဆန်းရှီကရွှံ့ကျင်းတစ်ခုကို ရှာပြီး အဲဒီထဲက ရေနဲ့ ပုတီးစေ့မျက်နှာပြင်ပေါ်က သွေးတွေကို ဆေးကြောလိုက်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ရင်ဘတ်ထဲကို ထည့်ပြီး ဝှက်ထားလိုက်ပါတော့တယ်။

ဒီပစ္စည်းက ဘယ်ကလာတာလဲ၊ ဘာအတွက် သုံးတာလဲ၊ ဘယ်လို သုံးရမလဲဆိုတာ ဂရုမစိုက်ပါဘူး။ ဘာပဲဖြစ်ဖြစ် အခုတော့ ဒါဟာ သူ့ပစ္စည်း ဖြစ်သွားပြီ။

သူတို့က ငါ့ကို ဒီဧကရာဇ်အိုကြီးအတွက် အလကား အလုပ်လုပ်ပေးမယ်လို့ တကယ်ပဲ ထင်နေကြတာလား။

သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ဘယ်သူမှ မရှိတာ သေချာတဲ့အခါမှ မြို့ထဲကို ပြန်ဖို့အတွက် လမ်းကြားလေးတစ်ခုကို ရွေးပြီး ပြန်လာခဲ့ပါတယ်။

All Chapters