← Chapters

အခန်း (၂၅၅)

Vol. 24 Ch. 255

အခန်း (၂၅၅)

Vol. 24 Ch. 255

📝အပိုင်း - ၂၅၅

ဘာသာပြန် - Na Gar🐉

"တုန်အန်းရဲ့ လက်အောက်မှာရှိတဲ့ ဒုဗိုလ်ချုပ် နှစ်ယောက်နဲ့ အဆက်အသွယ် ရပြီလား"

လူကျီ က စားပွဲပေါ်ကို လက်ချောင်းလေးတွေနဲ့ တဒေါက်ဒေါက် ခေါက်ရင်း မေးလိုက်တယ် "သူတို့ကို ပြောလိုက်ပါ၊ ဒီပုန်ကန်မှုက သူတို့နဲ့ ဘာမှမဆိုင်ဘူး၊ အားလုံးက တုန်အန်းရဲ့ တာဝန်ပဲလို့။ သူတို့သာ အမှောင်ကနေ အလင်းကို ကူးပြောင်းလာမယ်ဆိုရင် နန်းတော်က သူတို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးရုံတင်မကဘဲ ရာထူးတိုးပေးပြီး ဆုလာဘ်တွေလည်း ပေးဦးမှာပါလို့"

"ကျွန်တော် ကြိုးစားကြည့်ပြီးပါပြီ"

နယဲ့ယွမ် က သက်ပြင်းချရင်း"ဒါပေမဲ့ အဲဒီလူတွေက တုန်အန်းအပေါ် အလွန်သစ္စာရှိကြတာ။ နှစ်တွေအကြာကြီး နန်းတော်က ရင်းမြစ်အများစုက အနောက်မြောက်ပိုင်း ပြည်နယ်သုံးခုဆီကိုပဲ သွားနေပြီး မင်ပြည်နယ်က စစ်အရာရှိတွေကတော့ လုံလောက်တဲ့ ထောက်ပံ့မှု မရခဲ့ကြဘူး။ အဲဒါကြောင့် သူတို့မှာ နာကျည်းချက်တွေ ရှိနေကြတာ။ သူတို့ရဲ့ ပုန်ကန်လိုစိတ်က အရမ်းခိုင်မာနေတယ်၊ မဟုတ်ရင် မင်ပြည်နယ်မှာ ဒီလောက်အထိ အုတ်အော်သောင်းနင်း ဖြစ်လာမှာ မဟုတ်ဘူး"

"တုန်အန်းသာ ရုတ်တရက် သေမသွားဘူးဆိုရင် သူတို့ကို ဘက်ပြောင်းခိုင်းဖို့က မဖြစ်နိုင်သလောက်ပါပဲ။ မဟုတ်ရင် ဒီစစ်ပွဲက နောက်ထပ် တစ်နှစ်

လောက် ကြာသွားနိုင်တယ်"

"ငါ သိပါတယ်၊ ဒါပေမဲ့ ထပ်ပြီး ကြိုးစားကြည့်ရမယ်။ တစ်ယောက်ယောက်က ဘက်ပြောင်းလာမယ်ဆိုရင်တောင် ငါတို့အတွက် အများကြီး အထောက်အကူ ဖြစ်စေမှာ"

လုကျီက ခေတ္တစဉ်းစားလိုက်ပြီး "တခြား လှုပ်ရှားမှုတွေကော ဘာရှိသေးလဲ"

"ကျောက်ဝူကျီရဲ့ ကြွင်းကျန်တဲ့တပ်သားတွေက နောက်ဆုံးသတင်းအရ လူအစိတ်လောက်ပဲ ကျန်တော့တာ၊ အခုတော့ အသက်ရှင်နေသေးလား၊ သေပြီလားဆိုတာတောင် မသိရတော့ဘူး"

နယဲ့ယွမ်က ဆက်ပြီး"ပြီးတော့ ငါတို့ရဲ့ ညီငယ်လေးဆိုရင်လည်း ဖြစ်နိုင်တာက..."

"ချစ်ပ်"

သူ စကားမဆုံးခင်မှာပဲ...

ဟိုင်တုန်ချင်း တစ်ကောင်စစ်တဲထဲကို ပျံဝင်လာပြီး စစ်သူကြီးရဲ့ သန်မာတဲ့ လက်မောင်းပေါ်မှာ နားလိုက်ပါတယ်။

"ဒါ... ကိုးယောက်မြောက် စီနီယာညီမက ငါတို့ရဲ့ ညီငယ်လေးကို ပေးထားတဲ့ ကောင် မဟုတ်လား"

နယဲ့ယွမ်က မယုံနိုင်စရာ ဖြစ်နေတဲ့ ပုံစံနဲ့ ပြောလိုက်တယ် "ဒီလောက် အချိန်အကြာကြီးနေမှ သူ အသက်ရှင်နေသေးတာလားစဉ်းစားလို့တောင် မရဘူး။ အစ်ကိုကြီး၊ ကြည့်ပါဦး။ သူတို့ ဒီတစ်ခါ ဘယ်နေရာမှာ ပုန်းနေကြတာလဲဆိုတာ ကြည့်ရအောင်"

"အင်း"

လူကျီက သိမ်းငှက်ရဲ့ ခြေထောက်က သတင်းစလွှာကို ယူပြီး ဖွင့်ဖတ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ ပြိုင်ဘက်ကင်းတဲ့ ရဲစွမ်းသတ္တိကြောင့် နာမည်ကျော်တဲ့ ဒီစစ်သူကြီးဟာ လျှပ်စီး အပစ်ခံလိုက်ရသလို မှင်တက်သွားပြီး အချိန်အတော်ကြာအောင် စကားမပြောနိုင်ဘဲ ဖြစ်သွားပါတယ်။

"အစ်ကိုကြီး"

နယဲ့ယွမ်က ဇဝေဇဝါနဲ့ မေးလိုက်တယ် "ဘာဖြစ်လို့လဲညီငယ်လေးက ရန်သူတွေကို အငိုက်မိသွားစေမယ့် ထူးခြားတဲ့ ဗျူဟာတစ်ခုခု သုံးလိုက်လို့လား"

"အငိုက်မိရုံတင် ဘယ်ကမလဲ"

လူကျီရဲ့ မျက်နှာမှာ အံ့သြမှုတင်မကဘဲ စိတ်လှုပ်ရှားမှု၊ ထိတ်လန့်မှု၊ စိုးရိမ်မှုနဲ့ မကျေနပ်မှုတွေပါ ရောယှက်နေတဲ့ ဖော်ပြရခက်တဲ့ အကြည့်မျိုးနဲ့ တုန်ရီနေတဲ့ အသံနဲ့ ပြောလိုက်ပါတယ်။

"ငါတို့ ညီငယ်လေးက အဲဒီ တောင်ကြားဂိတ်မှာတင် အသက်ရှင်ခဲ့တာတင် မကဘူး။ ဟုန်ကျီမြစ်ကို လေးကြိမ်တိုင်တိုင် ဖြတ်ကျော်ပြီး ဝူရွှေမြစ်ကို တိုက်ခိုက်ခဲ့တယ်။ အဲဒီနောက် မေရှန်းမြို့ကို တန်းတန်းမတ်မတ် သွားပြီး လျန်ကျိနျန် ကို သတ်လိုက်ပြီ ပြီးတော့ မသေမျိုး စစ်ဗျူဟာ ကောင်းကင်ဘုံကျမ်း ကိုလည်း သိမ်းပိုက်လိုက်ပြီ တောင်ဘက်ပိုင်းက အခြေအနေတွေ အားလုံး ပြီးဆုံးသွားပြီ"

"ဘာပြောလိုက်တယ်"

နယဲ့ယွမ်က သတင်းစလွှာကို လှမ်းယူပြီး တစ်လုံးချင်းစီကို အကြိမ်ကြိမ် အသေအချာ ဖတ်ကြည့်နေပါတော့တယ်။

...

အနောက်ချီနိုင်ငံရဲ့ စစ်စခန်းအတွင်း၌

အဲဒီအချိန်မှာပဲ စစ်သူရဲကောင်း ကျုံးဝူရှင်းက မေရှန်းမြို့အနီးက သတင်းစလွှာကို ရရှိခဲ့ပါတယ်။

သူအကြောင်းအရာတွေကို လုံးဝ မယုံကြည်နိုင်ပါဘူး "လျန်ကျိနျန် သေပြီလား ဘယ်သူ အတည်ပြုတာလဲ သူတို့ မေရှန်းမြို့ကို တန်းတန်းမတ်မတ် သွားခဲ့ရင်တောင် ကျန်တာက ချန်ဆန်းရှီ ပဲ ရှိတာလေ။ သူက ဟွာကျင်း အဆင့်လေးပဲ ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။ လျန်ကျိနျန်ဆီမှာ ကောင်းကင်ဘုံကျမ်း ရှိနေတာမဟုတ်လားဘယ်လိုလုပ် ဒီလောက် လွယ်

လွယ်ကူကူ သေသွားရတာလဲအဓိပ္ပာယ်မရှိလိုက်တာ ဒီသတင်းက အစစ်ကော ဟုတ်ရဲ့လား"

"စစ်သူကြီး... ဒါ... ဒါ အမှန်ပါ"

"လွန်ခဲ့တဲ့ ဆယ်ရက်က တောင်ကြားဂိတ်ကနေ လျန်ကျိနျန်ဆီက အကူအညီတောင်းတဲ့ စာတစ်စောင် ရခဲ့ပါတယ်။ အဲဒီနောက်မှာ ဘာသတင်းမှ ထပ်မလာတော့ဘူး။ ဝူရွှေမြစ် တစ်ဝိုက်ကို လွှတ်လိုက်တဲ့ ကင်းထောက်တွေက အတည်ပြုတာကတော့ ချန်ဆန်းရှီနဲ့ သူ့တပ်တွေဟာ လင်းဟဲခရိုင်အနီးမှာ မေရှန်းမြို့ရဲ့ နောက်ဆုံးလက်ကျန်တပ်တွေကို အပြတ်အသတ် အနိုင်ယူလိုက်ပြီတဲ့"

"အခုတော့ လျန်ကျိနျန်ရဲ့ ဦးခေါင်းကို မေရှန်းမြို့ရိုးပေါ်မှာ လူအများ မြင်အောင် ချိတ်ဆွဲထားပါတယ်"

"ပြီးတော့ 'မျက်ခုံးနီတွေမှာ သီလမရှိ၊ ကောင်းကင်စစ်သည်တော်တွေက ငြိမ်းချမ်းရေး ဆောင်ကျဉ်းပေးပြီ' ဆိုတဲ့ ကြွေးကြော်သံတွေက ဝူရွှေမြစ်ရဲ့ မြောက်ဘက်နဲ့ တောင်ဘက် ကမ်းခြေတစ်လျှောက် ပြန့်နှံ့နေပြီး ပြည်သူတွေ အကုန်လုံး သိနေကြပါပြီ"

"အဲဒါကြောင့်... ဒါဟာ အမှန်ပဲ ဖြစ်ရပါမယ်"

...

ကျုံးဝူရှင်းရဲ့ ရင်ထဲမှာ မုန်တိုင်းထန်သွားပေမဲ့ သူ့မျက်နှာကတော့ ရေကန်

မျက်နှာပြင်လို တည်ငြိမ်နေဆဲပါ။ သူက အေးစက်တဲ့ အသံနဲ့ ပြောလိုက်

တယ် "ငါတို့ အနောက်ချီက ငါးနှစ်တိုင်တိုင် စီစဉ်ခဲ့တဲ့၊ သေချာပေါက် အနိုင်ရမယ်လို့ ယူဆထားတဲ့ အစီအစဉ်ကြီးက ဒါရှန်က တပ်မှူးလေး တစ်ယောက်ကြောင့် အဆုံးသတ်သွားရလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။ ဒါဟာ တကယ့်ကို အရှက်ရစရာပဲ"

"စစ်သူကြီး၊ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ"

"မထိတ်လန့်နဲ့"

ကျုံးဝူရှင်းက တည်ငြိမ်စွာ ပြောတယ် "ငါတို့ မင်ပြည်နယ်မှာ အခြေခံ ရှိနေသေးတယ်။ တောင်ဘက်နဲ့ အရှေ့ဘက်ကို စောစောစီးစီး စွန့်လွှတ်လိုက်ရုံပဲ။ တုန်အန်းဆီကို အမိန့်ချက်ချင်း ပို့လိုက်၊ သူ့တပ်တွေကို အနောက်ဘက်ဆီကို အမြန်ဆုံး ဆုတ်ခွာခိုင်းလိုက်။ ငါတို့ရဲ့ စစ်အင်အား အားလုံးကို မင်ပြည်နယ်ရဲ့ အနောက်ဘက်မှာ စုစည်းပြီး ဒါရှန်နဲ့ ရေရှည်စစ်ကို ဆင်နွှဲမယ်။ အဲဒီကနေ လျန်ကျိုးနဲ့ ယန်ပြည်နယ်ကို တိုက်မလား၊ ဒါမှမဟုတ် အနောက်ဘက်က မဟာတံတိုင်းနောက်ကို ဆုတ်မလားဆိုတာ ဆုံးဖြတ်လို့ ရသေးတယ်"

"ဒီစစ်ပွဲက ရှုံးနိမ့်သွားတာ မဟုတ်ဘူး၊ ဒါပေမဲ့ ကြီးမားတဲ့ ပေးဆပ်မှုတွေကိုတော့ လုပ်ဖို့ ပြင်ထားရမယ်"

"အရေးကြီးတာက တုန်အန်းရဲ့ မင်ပြည်နယ်က တပ်သား ရှစ်သောင်းကိုတော့ ထိန်းသိမ်းထားရမယ်"

"ဒီတပ်သား ရှစ်သောင်းသာ မရှိတော့ရင် ဒီစစ်ပွဲကို ဆက်တိုက်ဖို့ မလိုတော့ဘူး"

"ကြားတာကတော့ တုန်အန်းက ချန်ဆန်းရှီ မြစ်ကို လေးကြိမ်မြောက် ဖြတ်ကျော်ကတည်းက စိတ်ဓာတ်တွေ လုံးဝ ပြိုလဲနေတယ်ဆိုပဲ။ သူ့ကို စိတ်ဓာတ် ပြန်တက်အောင် လုပ်ရမယ်"

"ဟုတ်ကဲ့ ကျွန်တော် တုန်အန်းဆီကို အမိန့်စာ သွားပို့လိုက်ပါ့မယ်"

...

ယန်ချွမ်းခရိုင်ပုန်ကန်သူ စစ်စခန်းအတွင်း၌

ရက်သတ္တပတ် နှစ်ပတ်နီးပါး ရှိပါပြီ၊ တုန်အန်းကသူ့ရဲ့ အိပ်ရာပေါ်ကနေ ထွက်မလာခဲ့ပါဘူး။ ဒါဟာ စစ်သည်တွေကြားမှာ ဘာဖြစ်လို့လဲဆိုတာ မသိရတဲ့အတွက် စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်နေစေပါတယ်။

"သတင်းပို့ပါတယ်"

စစ်သည်တစ်ယောက် စစ်တဲထဲကို ဝင်လာပြီး ဒူးတစ်ဖက်ထောက်ကာ ပါးစပ်ဟလိုက်ပေမဲ့ တွေဝေသွားပြီး စကားမပြောရဲဘဲ ဖြစ်နေပါတယ်။

"မေရှန်းမြို့က သတင်း မဟုတ်လား"

တုန်အန်းက အားယူပြီး ထထိုင်လိုက်တယ် "ဖတ်စမ်း"

"ဟုတ်ကဲ့"

အဲဒီနောက် စစ်သည်က အခြေအနေအရပ်ရပ်ကို အသေးစိတ် ဖတ်ပြလိုက်ပြီး နောက်ဆုံးမှာတော့ "လျန်ကျိနျန်ရဲ့ ဦးခေါင်းကမြို့ရိုးမှာ ချိတ်ဆွဲခံထားရပြီး၊ ကောင်းကင်ဘုံကျမ်း ကတော့... ချန်ဆန်းရှီရဲ့ လက်ထဲကို ရောက်သွားဖို့ များပါတယ်" လို့ ပြောလိုက်ပါတယ်။

အရင်တုန်းက တိုက်ပွဲမှာ ရန်သူကို လွတ်ပေးခဲ့တဲ့ စစ်သည် ဘယ်လောက်တောင် ရက်ရက်စက်စက် အသတ်ခံခဲ့ရလဲဆိုတာ သူ မှတ်မိနေတုန်းပါ။ သူ စကားပြောနေရင်းနဲ့ ချွေးတွေ ပြန်နေပြီး တံတွေးတွေကို အဆက်မပြတ် မျိုချနေပါတယ်။

ဒါပေမဲ့ မမျှော်လင့်ဘဲ သတင်းကို ကြားပြီးနောက်မှာ တုန်အန်းက ပုံမှန်ထက်ကို ပိုပြီး တည်ငြိမ်နေပါတယ်။ တည်ငြိမ်လွန်းလို့ သေနေတဲ့ ရေအိုင်ကြီးတစ်ခုလိုပါပဲ။ သူက သတင်းစလွှာကို လက်ထဲယူပြီး အက်ရှရှ အားနည်းတဲ့ အသံနဲ့ ပြောလိုက်တယ် "ငါ သိပြီ၊ မင်း သွားတော့"

"သတင်းပို့ပါတယ်"

"စစ်သူကြီး ကျုံးဝူရှင်းဆီက စာရောက်လာပါတယ်။ စစ်သူကြီးအနေနဲ့ ကျွန်တော်တို့ကို အနောက်ဘက်ဆီကို ချက်ချင်း ဆုတ်ခွာဖို့ မျှော်လင့်နေပါတယ်"

"မင်းလည်း သွားလို့ ရပြီ"

"ဒါက..."

စစ်သည် နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခေတ္တ ဆုတ်ခွာသွားကြရပါတယ်။

"ဟား ဟား "

တုန်အန်းဟာ လက်ထဲက စာကို ကြည့်ပြီး စိတ်ပျက်အားငယ်မှုတွေ၊ လက်လျှော့လိုက်မှုတွေ ပါဝင်နေတဲ့ ခါးသီးတဲ့ အပြုံးတစ်ခုကို ပြုံးလိုက်ပါတယ်။ သူဟာ လက်ထဲက စာရွက်ကို အသာအယာ လွှတ်ချလိုက်ရာ အောက်ကို ဖြည်းဖြည်းချင်း လွင့်ကျသွားပါတယ်။ အဲဒီနောက် သူကထရပ်လိုက်ပြီး စစ်သူကြီး ထိုင်ခုံရဲ့ နောက်ကွယ်မှာ ချိတ်ထားတဲ့ စစ်သူကြီးဓား ဆီကို လျှောက်သွားပါတော့တယ်။

...

"စစ်သူကြီး ဘာဖြစ်သွားတာလဲ"

"လူသစ်လေးတစ်ယောက်ဆီမှာ ရှုံးနိမ့်သွားတဲ့ အချက်ကို သူ လက်မခံနိုင်

ဖြစ်နေတာ နေမှာပါ"

"ငါတို့ စစ်သူကြီးက အဘက်ဘက်က ကောင်းပါတယ်၊ ခေါင်းမာတာလေး တစ်ခုပဲ ရှိတာ"

"သွားပြီး ဖျောင်းဖျကြည့်ကြဦးလေ"

"ဒီလို အရေးကြီးတဲ့ အချိန်မှာ ဘယ်သူက သွားရဲမှာလဲ"

"ဒါပေမဲ့ အနောက်ချီက ငါတို့ကို အနောက်ဘက်ဆီ ချက်ချင်းဆုတ်ဖို့ အမိန့်ပေးထားပြီလေ"

"အခုမှ မသွားရင် နောက်ကျသွားလိမ့်မယ်"

"ငါ သွားမယ်"

နောက်ဆုံးမှာတော့ ဒုဗိုလ်ချုပ်တစ်ယောက်က သတ္တိမွေးပြီး စစ်တဲထဲကို ဝင်သွားပါတယ်။

"စစ်သူကြီး—"

အဲဒီနောက်မှာတော့ ထိတ်လန့်တကြား အော်သံကြီးတစ်ခု ထွက်ပေါ်လာပါတယ်။

လူတွေ အကုန်လုံး စစ်တဲထဲကို ပြေးဝင်သွားကြပါတယ်။

သူတို့ မြင်လိုက်ရတာကတော့... တုန်အန်းဟာ အတွင်းခံအင်္ကျီနဲ့၊ ဆံပင်တွေ ဖရိုဖရဲ ဖြစ်လျက် ထိုင်ခုံမှာ ထိုင်နေတာပါ။ သူ့ရဲ့ ခေါင်းက အသက်မဲ့စွာ စောင်းကျနေပြီး စစ်သူကြီးဓားကို မှီထားပါတယ်။ သူ့ရဲ့ လည်ပင်းကနေ သွေးတွေက အဆက်မပြတ် စီးကျနေပြီး ခြေရင်းမှာ သွေးအိုင်ကြီး ဖြစ်နေပါပြီ။

တုန်အန်းက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါပြီ။

All Chapters