← Chapters

အခန်း (၂၅၆)

Vol. 24 Ch. 256

အခန်း (၂၅၆)

Vol. 24 Ch. 256

📝အပိုင်း - ၂၅၆

ဘာသာပြန် - Na Gar🐉

မေရှန်းခရိုင် ..

[သိုင်းပညာ - တိုင်းပြည်စောင့်နဂါးလှံ (အသေးစား အောင်မြင်မှု့)]

[တိုးတက်မှု့ - ၈၅၅ / ၂၀၀၀]

မြို့ရိုးပေါ်တွင် ချန်ဆန်းရှီ သည် သူ၏ လှံရှည်ကို အသာအယာ ချလိုက်သည်။

ဝိညာဉ်စပါးနှင့် ဆေးဝါးများ ကုန်ဆုံးသွားပြီးနောက်တွင် သူ၏ ကျင့်စဉ်တိုးတက်မှုနှုန်းမှာ သိသိသာသာ နှေးကွေးသွားခဲ့သည်။ ပုန်ကန်သူ လျန်ကျိနျန် ကို ကွပ်မျက်ပြီးကတည်းကဆိုလျှင် ယနေ့အထိ ဆယ်ရက်တိတိ ပြည့်ခဲ့ပြီဖြစ်သည်။

"ဂြီ——"

ချန်ဆန်းရှီသည် နောက်ဆုံးတွင် ဟိုင်တုန်ချင်းထံမှ အကြောင်းပြန်စာကို လက်ခံရရှိခဲ့သည်။ ယခုတစ်ခါတွင်မူ ၎င်းသည် အရှေ့တောင်ဘက်၊ မဟာတောရိုင်းကြီး၏ အပြင်ဘက်ဆီမှ ပျံသန်းလာခြင်းဖြစ်ပြီး ၎င်းမှာ မြို့တော်စစ်တပ်ကြီးထံမှ ပြန်ကြားစာပင် ဖြစ်သည်။

သတင်းစလွှာကို ဖွင့်ဖတ်လိုက်ရာ...

စစ်တပ်ကြီးကို စစ်နတ်ဘုရားကျန်းယွမ်ပေါ်က ဦးဆောင်လာပြီး နောက်ထပ် ဆယ်ရက်အတွင်း မဟာတံတိုင်းဆီသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ချန်ဆန်းရှီ သိလိုက်ရသည်။ ယခုအချိန်တွင် မေရှန်းခရိုင်မှ ထွက်ခွာမည်ဆိုလျှင် အချိန်ကိုက်ပင် ဖြစ်သည်။

ပင်မစစ်တပ်ကြီးနှင့်သာ ပူးပေါင်းနိုင်မည်ဆိုလျှင် ၎င်းမှာ အောင်ပွဲရရှိခြင်းနှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။

"ငါ့အမိန့်ကို လက်ဆင့်ကမ်းလိုက်စမ်း"

"တပ်ချီကြမယ်——"

...

ဓားတံခါးချိုင့်ဝမ်း..

အနောက်ချီနိုင်ငံ၏ စစ်စခန်းအတွင်း၌

"အစောင့်တပ်သား တစ်သောင်း ချန်ထားခဲ့"

"ကျန်တဲ့သူတွေ အကုန်လုံး တိတ်တဆိတ် ဆုတ်ခွာကြမယ်"

ကျုံးဝူရှင်း သည် အမှောင်ထဲတွင် သူ၏ စစ်သည်များကို အမိန့်ပေးနေသည် "နောက်ထပ် ဆယ့်ငါးရက်အတွင်း မင်းတို့အားလုံး အနောက်မြောက်ဘက်ကို ပြန်ရောက်နေရမယ်"

"သတင်းပို့ပါတယ်"

စစ်သည်တစ်ယောက်သည် မြင်းကို အပြင်းနှင်လာပြီး မြင်းပေါ်မှအမြန်ဆင်းကာ အပြေးအလွှား ရောက်ရှိလာသည်။

"ဘာကိစ္စလဲ"

ကျုံးဝူရှင်းက အလောတကြီး မေးလိုက်သည် "တုန်အန်း ရဲ့ တပ်တွေ ဆုတ်ခွာကုန်ပြီလား"

"စစ်သူကြီး... အခြေအနေ မကောင်းတော့ပါဘူး"

စစ်သည်က ထိတ်လန့်တကြား ပြောသည် -"တုန်... တုန်အန်း... သူ... သူ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပါပြီ"

"ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တယ်မင်း ငါ့ကို နောက်နေတာလား"

ကျုံးဝူရှင်းသည် သူ၏ နားကိုပင် မယုံနိုင်ဘဲ အနားယူမှု နည်းပါးခြင်းကြောင့် ဝေဝေဝါးဝါး ဖြစ်နေသလားဟု သံသယဝင်သွားသည်။ သူသည် ထိုစစ်သည်ကို ဆွဲကိုင်ကာ မေးလိုက်သည်"ဘာအကြောင်းကြောင့်လဲ"

"ကျွန်တော် မသိပါဘူး"

စစ်သည်က ပြန်ဖြေသည် "မင်ပြည်နယ်တပ်ကလူတွေ ပြောတာတော့ တုန်အန်းက လျန်ကျိနျန် သေဆုံးတဲ့ သတင်းကို မြင်ပြီးပြီးချင်းမှာပဲ သူတို့ကို ဘာတစ်လုံးမှ မပြောတော့ဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာပါတဲ့"

"လူမိုက်... တုန်အန်းဟာ တကယ့်ကို လူမိုက်ပဲ"

ကျုံးဝူရှင်းသည် နက်နဲသော အကြံအစည်များ ရှိသူဖြစ်သော်လည်း ဤသတင်းကို ကြားရသောအခါတွင် စိတ်ကို မထိန်းနိုင်တော့ဘဲ ဆဲဆိုလိုက်

မိသည် "သူ့ရဲ့ သေခြင်းက ငါတို့ရဲ့ အနောက်ချီပြန်လည် နိုးထရေး အစီအစဉ်ကြီးကို ဖျက်ဆီးလိုက်တာပဲ"

ခေတ္တမျှ စဉ်းစားပြီးနောက်တွင် တုန်အန်း ဘာကြောင့် ဤသို့ လုပ်ခဲ့သည်ကို သူ နားလည်သွားသည်။

ပထမအချက်မှာ အသက် ၁၇၊ ၁၈ အရွယ် လူငယ်လေးတစ်ယောက်ကို ရှုံးနိမ့်သွားရခြင်း၏ တုန်လှုပ်မှုမှာ ကြီးမားလွန်းခြင်းကြောင့် ဖြစ်သည်။ တုန်အန်းသည် စစ်ရေးဗျူဟာများကို ရူးသွပ်သူအဖြစ် နာမည်ကြီးသည်။ သူသည် အသက် ဆယ်နှစ်သားကတည်းက စစ်ပညာကို သင်ယူခဲ့ပြီး နောက်ပိုင်းတွင် ဖန်ချင်းယွမ်ကို သူ၏ ဘဝတစ်သက်တာ အကြီးမားဆုံး ပြိုင်ဘက်အဖြစ် သတ်မှတ်ခဲ့သည်။ ထို့ကြောင့် ဖန်ချင်းယွမ်ကို စစ်ပညာဖြင့် အနိုင်ယူရန်မှာ သူ၏ အကြီးမားဆုံး ပန်းတိုင်ဖြစ်ခဲ့ပြီး ၎င်းမှာ သူ အနောက်ချီနှင့် မဟာမိတ်ဖွဲ့ရသည့် အဓိက အကြောင်းရင်းလည်း ဖြစ်သည်။

သို့သော် ရလဒ်မှာမူ...

ဖန်ချင်းယွမ်ကို မအနိုင်ယူနိုင်ခင်မှာပင် ပို၍ ကြောက်မက်ဖွယ်ကောင်းသော ချန်ဆန်းရှီ ပေါ်လာခဲ့သည်။

ပြီးတော့ ဟုန်ကျီမြစ်ကို လေးကြိမ်တိုင်တိုင် ဖြတ်ကျော်ခဲ့သည့် စစ်ဗျူဟာမှာ ဖန်ချင်းယွမ်ပင် မစဉ်းစားနိုင်သည့် ပါရမီရှင်ဆန်သော ဗျူဟာမျိုး ဖြစ်သည်။ မဟုတ်သေး... တစ်ကမ္ဘာလုံးတွင်ပင် ထိုသို့သော အောင်မြင်မှုကို ရရှိအောင် လုပ်နိုင်မည့်သူ တစ်ယောက်မှ ရှိမည်မဟုတ်ပေ။

မြေပုံပေါ်တွင် စစ်ပွဲအခြေအနေကို ပြန်လည်ဆန်းစစ်ကြည့်လျှင် ၎င်းမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သိသာစေသည်။ ၎င်းမှာ တကယ့် စစ်အတတ်ပညာ၊ တကယ့် စစ်ဗျူဟာပင် ဖြစ်သည်။ ချန်ဆန်းရှီသည် သူ၏ လူများကိုသာ အမိန့်ပေးခဲ့သည် မဟုတ်ဘဲ...

ရန်သူကိုပါ တိုက်ရိုက်... အမိန့်ပေးခဲ့ခြင်းပင်။

၎င်းမှာ အလွန် ကြောက်စရာကောင်းလှသည်။

ယခုအချိန်အထိ ကျုံးဝူရှင်းသည် မျက်နှာကိုပင် မမြင်ဖူးဘဲ နာမည်ကိုသာ ကြားဖူးသည့် ထိုလူငယ်အပေါ် လေးစားကြောက်ရွံ့မှုကို ခံစားနေရဆဲဖြစ်သည်။ အကယ်၍ ထိုလူငယ်သာ ဆက်လက် အသက်ရှင်နေမည်ဆိုလျှင် လူကျီ သို့မဟုတ် ဆွန်ဒူရှန်တို့ကိုပင် ကျော်တက်သွားနိုင်သည်မှာ မဖြစ်

နိုင်သည် မဟုတ်ပေ။

ဤစစ်ပွဲကိုသာ ပုံပြောကောင်းသူ တစ်ဦးက လုပ်ကြံဖန်တီးခဲ့မည်ဆိုလျှင်...

ထိုပုံပြောသူမှာ လိမ်ညာသည်ဟု ဆိုကာ ကြက်ဥပုပ်များ၊ ဟင်းသီးဟင်းရွက်ပုပ်များဖြင့် ပစ်ပေါက်ခံရပြီး အဆဲခံရမည်မှာ သေချာသည်။

သို့သော် မမျှော်လင့်ဘဲ...

ဟုန်ကျီမြစ်ကို လေးကြိမ် ဖြတ်ကျော်ခဲ့ခြင်းမှာ အစစ်အမှန် ဖြစ်နေသည်။

ဤစစ်ပွဲပြီးနောက်...

ထိုလူငယ်၏ နာမည်မှာ တစ်ပြည်လုံးတွင် ဟိန်းသွားတော့မည်မှာ သေချာသည်။

ထိုအချိန်မှစ၍ လူတိုင်း သိကြမည်၊ လူတိုင်း အသိအမှတ်ပြုကြပေလိမ့်မည်။

တုန်အန်းသည် ထိုကဲ့သို့ ကြီးမားသော ထိုးနှက်ချက်ကို ဘယ်လို ခံနိုင်ရည်ရှိပါမည်နည်း။

ဒုတိယအချက်မှာ ကောင်းကင်ဘုံကျမ်း အကြောင်းပင် ဖြစ်သည်။

အာဏာအတွက် ပုန်ကန်ခဲ့သော လျန်ကျိနျန်နှင့် မတူဘဲ တုန်အန်းမှာ ကောင်းကင်ဘုံကျမ်းကို ရလို၍သာ ပုန်ကန်ခဲ့ခြင်းဖြစ်သည်။ ယခု ကောင်းကင်ဘုံကျမ်းမှာ ချန်ဆန်းရှီ၏ လက်ထဲသို့ ရောက်ရှိသွားပြီဖြစ်ရာ သူ မည်သည့်အခါမှ ရရှိနိုင်တော့မည် မဟုတ်ပေ။ တုန်အန်းအတွက်မူ ဤစစ်ပွဲသည် အဓိပ္ပာယ်မဲ့သွားခဲ့ပြီ ဖြစ်သည်။ ထိုသို့သော ထိုးနှက်ချက် နှစ်

ရပ်ပေါင်းဆုံသွားသောအခါ သူ ကိုယ့်ကိုယ်ကိုယ် အဆုံးမစီရင်ဘဲ နေပါမည်

နည်း။

သို့သော် သူ သေသွားခြင်းမှာ အရေးမကြီးသော်လည်း ချီနိုင်ငံ တစ်ခုလုံးအတွက်မူ ဘေးအန္တရာယ်ကို သယ်ဆောင်လာခဲ့သည်။

"တောက်"

ကျုံးဝူရှင်းက ဆဲဆိုလိုက်သည်"ငါသာ ကြိုသိခဲ့ရင် အိုးထဲက လိပ်ကိုဖမ်းတဲ့ဗျူဟာကို ဘယ်သူက သုံးပါ့မလဲ"

မူလက..

အနောက်ချီ စစ်တပ်ကြီးသည် မင်ပြည်နယ် နယ်နိမိတ်အတွင်းသို့ တိုက်ရိုက် ချီတက်ပြီး ဒါရှန်စစ်တပ်ကို ထိပ်တိုက် ရင်ဆိုင်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ လျန်ကျိနျန်နှင့် တုန်အန်းတို့က ပူးပေါင်းပြီး ဗျူဟာတစ်ခုကို တင်ပြခဲ့ကြသည်။ ဒါရှန်၏ စစ်သည် လေးထောင်နှင့် စစ်နတ်ဘုရားတစ်သိုက်ကို အရင်ဆုံး ဝါးမြိုပစ်ရန်၊ စွမ်းအားကို သိမ်းပိုက်ရန်၊ ထို့နောက် ဆွန်ဒူရှန်မရှိခိုက်တွင် လျန်ကျိုးနှင့် ဒါရှန်ကို အလျင်အမြန် အနိုင်ယူရန် သူတို့က အခိုင်အမာ ပြောခဲ့ကြသည်။

သို့သော် နောက်ဆုံးတွင်...

လိပ်ကို ဖမ်းမိသည် မဟုတ်ဘဲ မုန်တိုင်းကိုသာ ရိတ်သိမ်းလိုက်ရပြီး ကိုယ့်ခြေထောက်ကိုယ် ပြန်ရိုက်မိသလို ဖြစ်သွားခဲ့ရသည်။ အကယ်၍ ဤသို့ ဖြစ်လာမည်ကို ကြိုသိခဲ့လျှင် သူတို့ ထိပ်တိုက် တိုက်ခဲ့မည်မှာ သေချာသည်။ ပေးဆပ်မှု ကြီးမားလျှင်တောင် အနိုင်ရရန် အခွင့်အရေး ၅၀ ရာခိုင်နှုန်း ရှိနေသေးသည်။ ယခုမူ မည်သည့် အခွင့်အရေးမှ မရှိတော့ပေ။

"စစ်သူကြီး... ကျွန်တော် ပြောလို့ မပြီးသေးပါဘူး"

စစ်သည်က ဆက်ပြောသည် "တုန်အန်းရဲ့ ဒုဗိုလ်ချုပ် လီထျန်းချန်းနဲ့ တခြားသူတွေက ကျွန်တော်တို့ဆီကို ဦးတည်လာနေပုံရပါတယ်။ သူတို့ရဲ့ စစ်သူကြီး သေသွားတဲ့အတွက် ဘာလုပ်ရမှန်း မသိဖြစ်နေပြီး ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ မျှော်လင့်နေတယ်လို့ ပြောပါတယ်"

"မဖြစ်ဘူး"

ကျုံးဝူရှင်း ချက်ချင်း သဘောပေါက်လိုက်သည် "သူတို့က လာပူးပေါင်းတာ မဟုတ်ဘူး၊ ငါတို့ကို လူကျီနဲ့အတူ ဝိုင်းညှပ်ဖို့အတွက် ငါတို့ကို သစ္စာဖောက်လိုက်ပြီ မြန်မြန်... ဆုတ်ကြမယ်၊ တစ်ယောက်မှ မကျန်စေနဲ့၊ စစ်တပ်တစ်ခုလုံး ညတွင်းချင်း ဆုတ်ခွာပြီး မဟာတံတိုင်းရဲ့ အနောက်

ဘက်ကို တန်းတန်းမတ်မတ် ပြန်ကြမယ်"

"ဒါဆိုရင် အဲဒါက..."

ဘေးတွင် နားထောင်နေသော ဒုဗိုလ်ချုပ်အချို့က မေးလိုက်သည် "ကျွန်တော်တို့ ဆက်မတိုက်တော့ဘူးလား"

"ဘာကို တိုက်ရမှာလဲ"

ကျုံးဝူရှင်းက ဒေါသတကြီး အော်ဟစ်လိုက်သည် "တုန်အန်း အသက်ရှင်နေတုန်းကတော့ အခွင့်အရေး ရှိသေးတယ်၊ ဒါပေမဲ့ သူနဲ့ လျန်ကျိနျန် သေသွားပြီဆိုရင် ငါတို့ရဲ့ စွမ်းအားက လုံးဝ ပျောက်ဆုံးသွားပြီ။ ဆက်တိုက်နေရင် ရှုံးမှာ သေချာတယ်၊ ဆုတ်ခွာတာ နှေးရင်တောင် မဖြစ်ဘူး၊ မြန်မြန်လုပ်"

"ဆုတ်ခွာကြ——"

...

လိမ်နက်တပ်စခန်း စစ်တဲအတွင်း၌

"အစ်ကိုကြီး"

"သတင်းကောင်း"

"တကယ့် သတင်းကောင်းကြီး"

နယဲ့ယွမ်သည် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် တံဆိပ်ခတ်ထားသော စာတစ်စောင်ကို ကိုင်ကာ စစ်တဲထဲသို့ ပြေးဝင်လာသည်။

"ယွမ်... မင်းက ဘာလို့ ဒီလောက် စိတ်လောနေရတာလဲ"

လူကျီကသူ၏ သံချပ်ကာကို ဝတ်ဆင်ပြီး သူ၏ အစွမ်းထက်လှသော ကောင်းကင်ဘုံလှံရှည်ကို ကိုင်ရင်း ပြောလိုက်သည် "သတင်းက ဘယ်လောက်တောင် ကောင်းလို့လဲတုန်အန်း သေသွားလို့လား ဒါမှမဟုတ် တစ်ခုခုလား"

All Chapters