← Chapters

အခန်း (၂၅၇)

Vol. 24 Ch. 257

အခန်း (၂၅၇)

Vol. 24 Ch. 257

📝အပိုင်း -၂၅၇

ဘာသာပြန် - Na Gar🐉

"မှန်တယ် တုန်အန်း သေပြီ"

နယဲ့ယွမ် က လျှို့ဝှက်သတင်းလွှာကို စားပွဲပေါ် ပစ်တင်လိုက်ရင်း "လီထျန်းချန်းနဲ့ တခြားသူတွေက စာရေးလာတယ်။ သူတို့ရဲ့ အောင်မြင်မှုတွေကို ငါတို့ဆီ လွှဲအပ်ပေးဖို့ သဘောတူတယ်တဲ့။ အခု သူတို့က ဓားတံခါးချိုင့်ဝှမ်းဆီကို အရှိန်အဟုန်နဲ့ ချီတက်လာနေပြီ။ ငါတို့နဲ့ ပူးပေါင်းပြီး အနောက်ချီ နိုင်ငံရဲ့ တပ်တွေကို တစ်ချက်တည်းနဲ့ အပြတ်အသတ် ဝါးမြိုပစ်ဖို့ ပြင်နေကြပြီ"

"ဒါ အစစ်ပဲလား"

လူကျီ က စိုးရိမ်တကြီး မေးလိုက်တယ် "တုန်အန်းက ဘယ်လိုသေတာလဲလီထျန်းချန်းတို့က ပူးပေါင်းပြီး လုပ်ကြံလိုက်တာလား"

"မဟုတ်ဘူး"

နယဲ့ယွမ်က စကားလုံးတစ်လုံးချင်းစီကို အလေးအနက်ထားပြီး ပြောလိုက်တယ် "သူက ငါတို့ရဲ့ ညီငယ်လေးကြောင့် စိတ်ဓာတ်တွေပြိုလဲပြီး သေသွားတာ"

"..."

လူကျီ တိတ်ဆိတ်သွားသည်။

ဒီအချိန်ကစပြီး သူ သိလိုက်ပြီ။

တပ်စခန်းရှစ်ခု အတွင်းမှာ နောက်ထပ် ထူးခြားတဲ့ လူတစ်ယောက် ပေါ်ထွက်လာတော့မယ်ဆိုတာကိုပေါ့။

"သတင်းပို့ပါတယ်"

"စစ်သူကြီးလူ"

"ကင်းထောက်တွေ သတင်းပို့တာကတော့ လွန်ခဲ့တဲ့ နာရီပိုင်းကစပြီး ကျုံးဝူရှင်းရဲ့ ပင်မစစ်တပ်ကြီးဟာ ဓားတံခါးချိုင့်ဝှမ်းကနေ စတင်ဆုတ်ခွာနေပြီလို့ ဆိုပါတယ်"

"ဒါဆိုရင် ဘာစောင့်နေဦးမှာလဲ၊ သူတို့နောက်ကို လိုက်ကြစမ်း"

လူကျီက ဒီလောက်ကြီးမားတဲ့ အပြောင်းအလဲတွေကြားမှာ သူ့ရဲ့ ဆုံးဖြတ်ချက်ကို အဝေဝါးမခံပါဘူး "ရှန်ကျန်းတပ်သား သုံးထောင်၊ ငါ့နောက်ကလိုက်ပြီး ရှေ့ကနေ ထိုးဖောက်တိုက်ခိုက်မယ်။ ကျန်တဲ့သူတွေကတော့ ဘယ်ညာခွဲပြီး နောက်ကလိုက်ခဲ့၊ လီထျန်းချန်းတို့က အညံ့ခံဟန်ဆောင်တာမျိုး မဖြစ်အောင် သတိထားရမယ်"

"စည်တီးစေ၊ ချီတက်ကြမယ်"

...

ယန်ချွမ်းခရိုင် ပြင်ပက တောရိုင်းမြေပြင်တစ်ခု၌။

ရှာဝမ်လုံက သူတို့နောက်ကို လိုက်လာတဲ့ မြင်းစီးတပ်သား ၃၀ ကျော်ကို လက်ဗလာနဲ့ သတ်ဖြတ်ပြီးနောက် ချောင်ဖန် နဲ့အတူ ဆက်လက် ထွက်ပြေးနေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ဟိုင်တုန်ချင်း သိမ်းငှက်ဟာ ဓားတံခါးချိုင့်ဝှမ်းက သတင်းတွေနဲ့အတူ ပြန်ရောက်လာခဲ့ပါတယ်။

"စစ်သူကြီးလူက ဓားတံခါးချိုင့်ဝှမ်းကျဆုံးသွားပြီလို့ ပြောတယ်၊ ငါတို့ကို ရှေ့ကိုပဲ ဆက်သွားဖို့ မှာထားတယ်"

"စစ်သူကြီးလူက တကယ့်ကို ကြောက်စရာကောင်းတာပဲ..."

ချောင်ဖန်က သက်ပြင်းချရင်း "ဓားတ့်ခါးချိုင့်ဝှမ်းက ခုခံဖို့လွယ်ပြီး တိုက်ဖို့ခက်တဲ့နေရာလေ၊ အဲဒါကို ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ..."

"ဒါပေမဲ့..."

ရှာဝမ်လုံရဲ့ မျက်နှာက တုံ့ဆိုင်းစွာနဲ့ အပြောင်းအလဲ ဖြစ်သွားတယ် "အဲဒါကို စစ်သူကြီးလူ တိုက်ခိုက်သိမ်းပိုက်ခဲ့တာ မဟုတ်ဘူး။ အနောက်ချီ စစ်တပ်က သူတို့ဘာသာသူတို့ ဆုတ်ခွာသွားကြတာ။ ဘာလို့လဲဆိုတော့ ချန်ဆန်းရှီ က ဟုန်ကျီမြစ်ကို လေးကြိမ်မြောက် ဖြတ်ကျော်ပြီးတာနဲ့ မေရှန်းခရိုင် ကို တန်းတန်းမတ်မတ် သွားပြီး သစ္စာဖောက် လျန်ကျိနျန် ကို ကွပ်မျက်လိုက်လို့ပဲ။ အဲဒီသတင်းကြောင့် တုန်အန်းလည်း စိတ်ဓာတ်ပြိုလဲပြီး သေသွားရတယ်"

"ခင်ဗျား ဘာပြောလိုက်တယ်"

ဒါကို ကြားလိုက်ရတဲ့အခါ ချောင်ဖန်ရဲ့ ဒဏ်ရာတွေဟာ ချက်ချင်း သက်သာသွားသလိုမျိုး မြေကြီးပေါ်ကနေ ခုန်ထလိုက်တယ် "စစ်သူကြီးရှာ ခင်ဗျားပြောတာ သေချာရဲ့လားဒါ ရန်သူက လွှတ်လိုက်တဲ့ သတင်းမှား မဟုတ်ဘူးလား"

"မင်းသား... ဒါ အစစ်အမှန်ပါပဲ"

ရှာဝမ်လုံက လေးလေးပင်ပင် သက်ပြင်းချလိုက်တယ်"ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့"

"သူ ဒါကို ဘယ်လိုလုပ်လိုက်တာလဲ"

ချောင်ဖန်ရဲ့ လက်တွေဟာ ထိန်းမရအောင် တုန်ရီနေပြီး မျက်လုံးတွေကလည်း ပြူးထွက်မတတ် ဖြစ်နေပါတယ်"မြစ်ကို လေးကြိမ်မြောက် ဖြတ်ကျော်ပြီးနောက် ရရှိခဲ့တဲ့ အောင်မြင်မှုတွေက... အနောက်ချီ စစ်တပ်တစ်ခုလုံးကို ဆုတ်ခွာသွားစေတယ်ပေါ့။ ဆိုလိုတာက... ဒီ မင်ပြည်နယ် စစ်ပွဲတစ်ခုလုံးကို ချန်ဆန်းရှီက စစ်သည် သုံးထောင်တည်းနဲ့ အနိုင်ယူလိုက်တာပေါ့"

"လူတစ်ယောက်တည်းနဲ့ ပြည်နယ်တစ်ခုလုံးကို တည်ငြိမ်စေခဲ့တာပဲ"

"ဒါက ပထမတန်းစားစစ်မှု့ထမ်းမှတ်တမ်းတင် မဟုတ်ဘူး၊ ဒါဟာ ကောင်းကင်ဘုံက ပေးတဲ့ ဂုဏ်တော်ပဲ"

"ဒါကဒါရှန် အင်ပါယာရဲ့ နှစ်ပေါင်း ၃၀၀ ကျော် သမိုင်းတစ်လျှောက် အကြီးမားဆုံးသော ကောင်းကင်ဘုံဂုဏ်တော်ဆယ်ခုထဲက တစ်ခုပဲ"

"မင်းသား"

ရှာဝမ်လုံက ချောင်ဖန် လဲကျတော့မလို ဖြစ်သွားတာကို မြင်တော့ အမြန်

လှမ်းတွဲလိုက်တယ် "မင်းသား"

"စစ်သူကြီးရှာ... ငါ သူ့ကို ဘယ်လိုမှ မယှဉ်နိုင်တော့ဘူး..."

ချောင်ဖန် ဝန်ခံလိုက်ရပါပြီ "ငါတင် မဟုတ်ဘူး၊ ဒီနေ့ကစပြီး လူငယ်

မျိုးဆက်ထဲမှာ ဘယ်သူမှ သူ့ကို ယှဉ်နိုင်တော့မှာ မဟုတ်ဘူး"

"သစ်ပင်က မြင့်ရင် လေတိုက်ခံရတတ်ပါတယ်၊ ဒါဟာ ကောင်းချင်မှလည်း ကောင်းမှာပါ။ သူ နောင်မှာ ပိုပြီး ကြီးမားတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရဦးမှာပါ"

ရှာဝမ်လုံက ဖျောင်းဖျလိုက်တယ် "ဒါ့အပြင် မင်းသားမှာလည်း အခွင့်အရေးတွေ ရှိပါသေးတယ်။ ငါတို့ ပြန်ရောက်လို့ တစ်နှစ်လောက် အနားယူပြီးရင် မြက်ခင်းပြင်က လူရိုင်းမျိုးနွယ်တွေကို သွားရောက် နှိမ်နင်းရဦးမယ်။ အဲဒီကရမယ့် စစ်မှု့ထမ်းမှတ်တမ်းက ဒီပုန်ကန်မှုကို နှိမ်နင်းတာထက် ပိုပြီး ကြီးမားပါလိမ့်မယ်"

"စစ်သူကြီးရှာ"

ချောင်ဖန်က သွားကြိတ်ပြီး ပြောလိုက်တယ် "ဘာလို့ ယွီစုန်က အမိန့်ကို မနာခံခဲ့တာလဲဆိုတာ ပြောပြစမ်း။ အကယ်၍ သူသာ အမိန့်နာခံခဲ့ရင် ချန်ဆန်းရှီနဲ့ သူ့လူတွေ အကုန်လုံး ယန်ချွမ်းခရိုင်ကို တိုက်ခိုက်တဲ့ လမ်းမှာတင် သေကုန်မှာ။ မင်းနဲ့ငါက မြင်းစီးတပ်သား တစ်ထောင်ကျော်ကို ဦးဆောင်ပြီး ဓားတံခါးချိုင့်ဝှမ်းမှာရှိတဲ့ ရန်သူတွေကို နောက်ကနေ ဝင်တိုက်မယ်၊ စစ်သူကြီးလုနဲ့ ညှပ်တိုက်ရင် ငါတို့ အောင်ပွဲကြီး ရမှာ။ ဒီကောင်းကင်ဘုံဂုဏ်တော်က ငါတို့ ရသင့်တာ၊ ငါတို့အတွက် ဖြစ်သင့်တာ"

"မင်းသားပြောတာ မှန်ပါတယ်၊ လက်ထောက်ဗိုလ်ချုပ်တစ်ယောက်က အမိန့်ကို မနာခံရဲဘူးလား"

ရှာဝမ်လုံက သူ့ရဲ့လက်သီးကို တင်းတင်းဆုပ်လိုက်ရာ အရိုးသံတွေတောင် ထွက်ပေါ်လာပါတယ် "ပြန်ရောက်တာနဲ့ သူ့ရဲ့ အပြစ်တွေကို ငါကိုယ်တိုင်အစီရင်ခံစာတင်မယ် အကယ်၍ စစ်သူကြီးတိုင်းက သူ့လို လုပ်နေကြရင် ဒီစစ်ပွဲကို တိုက်စရာတောင် မလိုတော့ဘူး၊ အကုန်လုံး ပရမ်းပတာ ဖြစ်ကုန်မှာပဲ"

...

လော့ထျန်ဂိတ်..

"လျန်ကျိနျန် သေပြီ"

"မင်းတို့ ပုန်ကန်သူတွေ အမြန်ဆုံး အညံ့ခံကြ၊ မဟုတ်ရင် မင်းတို့ မိသားစုတစ်ခုလုံး အသတ်ခံရပြီး တစ်ယောက်မှ အသက်ချန်ထားမှာ မဟုတ်ဘူး"

ချန်ဆန်းရှီရဲ့ တပ်ဖွဲ့ဝင်တွေဟာ လူ ၁၅၀၀ လောက်ပဲ ကျန်တော့ပေမဲ့ သူတို့သွားလေရာမှာ သူတို့ရဲ့ အရှိန်အဝါကြောင့်တင် ရန်သူတွေ အညံ့ခံနေကြပါပြီ။ သူတို့က မြို့စောင့်တပ်နဲ့ ပူးပေါင်းပြီးတဲ့နောက်မှာတော့ လော့ထျန်ဂိတ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီး တောင်ဘက်ပိုင်း အခြေအနေကို တည်ငြိမ်စေခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ တုန်အန်း ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ သတင်းကိုလည်း သူတို့ ရရှိခဲ့ပါတယ်။

"ဒီလူက တကယ့်ကို ခေါင်းမာတဲ့လူပဲ"

ချန်ဆန်းရှီ သိလိုက်ပါပြီ တုန်အန်း သေဆုံးသွားတာဟာ စစ်ပွဲကြီး ပြီးဆုံးသွားပြီဆိုတာကို ဖော်ပြနေတာပါ။

"ဗိုလ်ချုပ်ချန်"

လုရှူဟွာနဲ့ တခြားသူတွေဟာ ဝမ်းသာအားရ ဖြစ်နေကြပါတယ် "ဗိုလ်ချုပ်က ကျွန်တော်တို့ကို ဒီလောက်ကြီးမားတဲ့ ကောင်းကင်ဘုံဂုဏ်တော်ကို ရရှိအောင် ဦးဆောင်ပေးခဲ့တာပဲ"

"ဟုတ်ပါတယ်"

ရှဲ့စီရှူက ဆက်ပြောတယ် "ဂုဏ်တော်တင်မကဘူး၊ ဒီတစ်ခါ ဗိုလ်ချုပ်နောက် လိုက်လာရတာကနေ ကျွန်တော်တို့ အများကြီး သင်ယူခဲ့ရတယ်"

"ဒါတင် ဘယ်ကမလဲ"

ယန်ချန်ချင်းက အထင်ကြီးလေးစားစွာ ပြောလိုက်တယ် "ငါပြန်ရောက်တဲ့အခါ ဒီ မင်ပြည်နယ် ပုန်ကန်မှု နှိမ်နင်းရေး စစ်ဆင်ရေး တစ်ခုလုံးကို မြေပုံပေါ်မှာ အသေအချာ ပြန်လည်သုံးသပ်ပြီး မှတ်တမ်းတင်ဦးမယ်။ ငါယုံကြည်တာကတော့ မကြာခင်မှာပဲ စစ်ဘက်ဆိုင်ရာ မိသားစုတွေ အားလုံးက ဒါကို တန်ဖိုးရှိတဲ့ ရတနာတစ်ခုလို သတ်မှတ်ကြတော့မှာ"

"ဗိုလ်ချုပ်ချန်"

"စစ်သေနာပတိချုပ် ကျန်းနဲ့ သူ့လူတွေက ဝိုင်ကောင်းကောင်းတွေ ယူလာကြတယ်၊ ဒီညတော့ အားရပါးရ သောက်ကြတာပေါ့"

"သွားကြစို့၊ သွားကြစို့"

အဖွဲ့သားတွေ အားလုံး အောင်ပွဲခံ ပျော်ရွှင်နေကြစဉ်မှာ...

ချန်ဆန်းရှီ ဟာ တိတ်တဆိတ် ထွက်ခွာခဲ့ပါတယ်။ သူကရှောင်ရှင်း ကို စီးပြီး လော့ထျန်ဂိတ် အနီးတစ်ဝိုက်မှာ တစ်ခုခုကို ရှာဖွေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မိုင်ပေါင်းများစွာဝေးတဲ့ တောင်ကြားတစ်ခုထဲမှာ အလောင်း ၃၀ ကျော်ကို ရှာတွေ့ခဲ့ပါတယ်။

အဲဒီနားမှာ တောခွေးတွေ အများကြီး ရှိနေပါတယ်။

အလောင်းတော်တော်များများဟာ အစားခံထားရလို့ ဘယ်သူဘယ်ဝါမှန်း ခွဲခြားလို့ မရတော့ပါဘူး။

ဒါပေမဲ့ ဝိုင်ထည့်တဲ့ဘူးကို ကြည့်ပြီးတော့မှ ဒါဟာ ပုပ်ပွနေတဲ့၊ ခေါင်းမပါတဲ့ ယွီစုန်ရဲ့ အလောင်း ဖြစ်မှန်း သူ သိလိုက်ရပါတယ်။

"ရှောင်ရှင်း"

ချန်ဆန်းရှီက မြင်းခေါင်းကို အသာအယာ ပွတ်ပေးလိုက်တယ်"သွား၊ ကျောက်ကန်နဲ့ တခြားလူတွေကို သွားခေါ်လိုက်ဦး။ ငါတို့ရဲ့ ညီအစ်ကိုတွေရဲ့ အလောင်းတွေကို ပြန်ယူသွားပြီး ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးရမယ်"

အလောင်းတွေ ထပ်ပြီး မပုပ်ပွအောင် သူကဒေသထွက် ဆေးဖက်ဝင် အပင်တွေကို စုဆောင်းခဲ့ပါတယ်။ စစ်ပွဲကြီး တကယ့်ကို ပြီးဆုံးသွားတဲ့အခါမှာတော့ ဒီအလောင်းတွေကို လျန်ကျိုးဆီကို ပြန်သယ်သွားပြီး သူတို့ရဲ့ ဇာတိမြေမှာ အနားယူစေဖို့ သူ စီစဉ်လိုက်ပါတယ်။

အခြေအနေအရပ်ရပ်ကတော့ တည်ငြိမ်သွားပါပြီ။

ဒါပေမဲ့ ကျန်ရှိနေတဲ့ အမှိုက်တွေကို ရှင်းလင်းဖို့ နောက်ထပ် နှစ်လ၊ သုံးလလောက်တော့ အချိန်ယူရဦးမှာပါ။

ကံကောင်းတာကတော့ နောက်ပိုင်းမှာ ဘယ်လို အန္တရာယ်မှ ရှိမှာ မဟုတ်တော့ပါဘူး။ ချန်ဆန်းရှီနဲ့ သူ့လူတွေကမြို့တော်စစ်တပ်ကြီးရဲ့ နောက်ကနေ လိုက်ပါရုံပါပဲ။ အများအားဖြင့် သူတို့ကိုယ်တိုင် တိုက်ပွဲဝင်စရာ မလိုတော့ဘဲ ဘေးကနေ ကြည့်နေရုံနဲ့တင် လုံလောက်နေပါပြီ။

All Chapters