အခန်း (၂၅၈)
Vol. 24 Ch. 258
📝အပိုင်း - ၂၅၈
ဘာသာပြန် - Na Gar🐉
...
နန်းမြို့တော်..
အသက်ရှည်နန်းဆောင်အတွင်း၌
အဆင့်မြင့် အရာရှိကြီးများအားလုံး နန်းတွင်းသို့ ရောက်ရှိနေကြပြီး လေးနက်တည်ငြိမ်သော အငွေ့အသက်များ ဖုံးလွှမ်းနေသည်။ မင်ပြည်နယ် စစ်ပွဲသတင်းများ ကြန့်ကြာနေမှုကြောင့် ဧကရာဇ်မင်းမြတ်ကိုယ်တိုင် စစ်ထွက်ရန် ပြင်ဆင်နေခြင်းပင်။
"အရှင်မင်းကြီး... သေချာစဉ်းစားတော်မူပါဦး"
ယန်လျန်နှင့် အခြားသူများက ဒူးထောက်ကာ အသနားခံနေကြသည် "အရှင်က နဂါးစစ်စစ်ရဲ့ ကိုယ်ပွား၊ နိုင်ငံတော်ရဲ့ အရှင်သခင်ဖြစ်တာမို့ စစ်ပွဲထဲကို ဒီလောက်အလွယ်တကူ မကြွရောက်သင့်ပါဘူး"
"မှန်လှပါ အရှင်မင်းကြီး"
စစ်ဘက်ဆိုင်ရာဝန်ကြီး ဂေါင်ပေါ်ကလည်း အလေးအနက် ပြောကြားသည် "အရှင်မင်းကြီးဟာ ဒါရှန်အင်ပါယာရဲ့ တည်ငြိမ်မှု ဗဟိုချက်မဖြစ်တာမို့ လုံးဝ မဖြစ်မနေ အခြေအနေမျိုးကလွဲလို့ ပေါ့ပေါ့တန်တန် မလှုပ်ရှားသင့်ပါဘူး"
"ခမည်းတော်... သားတော် သွားပါရစေ"
ဆံပင်ဖြူတွေနဲ့ ချိုင်းထောက်ကို အားပြုထားရတဲ့ အိမ်ရှေ့မင်းသားဟာ ခန်းမထဲကို ဖြည်းဖြည်းချင်း ဝင်လာပြီး ချိုင်းထောက်ကို ချကာ ဒူးထောက်လိုက်သည် "ခမည်းတော်... သားတော်ကို စစ်ချီခွင့်ပြုပါ"
"အရင် ထဦး"
လိုက်ကာတွေ ပွင့်သွားပြီး နုပျိုလန်းဆန်းတဲ့ အသွင်အပြင်ရှိတဲ့ ဧကရာဇ် လုံချင်ဟာ အိမ်ရှေ့မင်းသားဆီ လျှောက်လာပြီး ကိုယ်တိုင် ထူပေးလိုက်သည် "မင်းကို ဒူးထောက်စရာမလိုဘူးလို့ ငါအမိန့်ထုတ်ထားတယ် မဟုတ်လားမင်းရဲ့ ခြေထောက်တွေက မကောင်းဘူး၊ ကိုယ်ခန္ဓာကို မထိခိုက်စေနဲ့။ ဟွမ်
ဟုန်... အိမ်ရှေ့မင်းသားအတွက် ထိုင်ခုံပေးလိုက်စမ်း"
"ကျေးဇူးတင်ပါတယ် ခမည်းတော်"
"ဟုတ်ကဲ့ပါ အရှင်"
သာမန်ဝတ်စုံ ဝတ်ဆင်ထားတဲ့ မိန်းမစိုးအကြီးအကဲ ဟွမ်ဟုန်က ခုံအပုလေးတစ်လုံးကို အမြန်ယူလာပြီး အိမ်ရှေ့မင်းသား ထိုင်နိုင်အောင် ကူညီပေးလိုက်သည်။
"အင်း"
ဧကရာဇ် လုံချင်က မျက်မှောင်ကြုတ်လိုက်ပြီး "အိမ်ရှေ့မင်းသား... မင်း ခုနက ဘာပြောလိုက်တာလဲ"
"ခမည်းတော်... သားတော် မင်ပြည်နယ်ကို စစ်ချီသွားချင်ပါတယ်"
အိမ်ရှေ့မင်းသားက တည်ကြည်စွာဖြင့်"မြောက်ဘက်က မင်ပြည်နယ်ဟာ ယန်ပြည်နယ်ကို အကဲခတ်နိုင်သလို၊ အရှေ့ဘက်မှာလည်း လျန်ကျိုး ကို စောင့်ကြည့်နိုင်ပါတယ်။ တောင်ဘက်မှာတော့ မဟာတောရိုင်းကြိး ကို ဖြတ်ပြီး စစ်အင်အား လျော့နည်းနေတဲ့ ဖန်းနိုင်ငံတို့ကို တိုက်ရိုက် ခြိမ်းခြောက်နိုင်ပါတယ်။ ဒါဟာ သားတော်တို့ ဒါရှန်အင်ပါယာရဲ့ တံခါးပေါက်ဖြစ်လို့ ဘာအမှားအယွင်းမှ မခံနိုင်ပါဘူး ခမည်းတော်... သားတော်ကို စစ်တပ်ဦးဆောင်ခွင့်ပြုပါ၊ သုံးလအတွင်း ပုန်ကန်မှုကို နှိမ်နင်းနိုင်
မယ်လို့ သားတော်ရဲ့ အသက်နဲ့ ရင်းပြီး အာမခံပါတယ်"
"အရှင်မင်းကြီး ကျွန်တော်မျိုးလည်း သဘောတူပါတယ်"
စစ်ဝန်ကြီး ဂေါင်ပေါ်က ထောက်ခံလိုက်သည် "ကျွန်တော်မျိုးကိုယ်တိုင်
လည်း လိုက်ပါပါ့မယ်။ ကျန်းယွမ်ပေါ်၊ လူကျီ တို့နဲ့အတူ အိမ်ရှေ့မင်းသားနဲ့ ကျွန်တော်မျိုးသာ ရှိမယ်ဆိုရင် လုံးဝ မရှုံးစေရပါဘူး"
"ဟက်~"
ဧကရာဇ် လုံချင်က ချက်ချင်း အဖြေမပေးဘဲ သူ့ရဲ့ ဝတ်ရုံစကို ခါလိုက်ပြီး နဂါးပလ္လင်ပေါ်မှာ ထိုင်လိုက်သည်။ အတော်ကြာမှ အေးအေးလူလူ ပြန်ပြောသည် "အိမ်ရှေ့မင်းသားက ခဏခဏ ဖျားနာတတ်တယ်၊ မင်ပြည်နယ်ကို သွားရမယ့်လမ်းကလည်း ဝေးတယ်၊ ဒါကြောင့် ငါပဲ ကိုယ်တိုင်သွားမယ် ဒါ အပြီးသတ် ဆုံးဖြတ်ချက်ပဲ"
အိမ်ရှေ့မင်းသားနဲ့ ဂေါင်ပေါ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့မျက်နှာမှာ စိတ်ပျက်ရိပ်တွေ ထင်ဟပ်သွားသည်။
"အရှင်မင်းကြီးဟာ ပညာရှိလှပါတယ်"
အရင်က ကန့်ကွက်ခဲ့တဲ့ ယန်လျန်ဟာ အိမ်ရှေ့မင်းသား သွားချင်တယ်ဆိုတာ ကြားတော့မှ ဧကရာဇ်ဘက်ကို ကူးပြောင်းပြီး ထောက်ခံလေတော့သည် "ဝမ်ရှိုးဧကရာဇ်မင်းမြတ် ကိုယ်တိုင် စစ်ချီမယ်ဆိုရင် သေချာပေါက် ကြီးကျယ်တဲ့ အောင်ပွဲ ရမှာပါ"
"အရှင်မင်းကြီး ကြွလာပြီဆိုတာနဲ့ ပုန်ကန်သူတွေဟာ သတင်းကြားတာနဲ့တင် စိတ်ဓာတ်တွေ ပြိုလဲကုန်မှာပါ"
"တော်စမ်း... မင်းတို့ ငါ့ကို ဒီလောက် မြှောက်ပင့်နေစရာ မလိုဘူး..."
ဧကရာဇ် လုံချင်က အလေးအနက် ပြောလိုက်သည်"ငါက သွားချင်လို့ သွားတာလို့ မင်းတို့ ထင်နေသလားငါ့မှာ ရွေးချယ်စရာ မရှိလို့ ငါတို့ ဒါရှန်အင်ပါယာမှာ ပါရမီရှင်တွေ ပေါများတယ်လို့ ပြောကြပေမဲ့ တကယ်တမ်းကျတော့ ဘယ်နှစ်ယောက်ကများ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်လဲနောက်ဆုံးတော့ အရည်အချင်းရှိတဲ့သူလည်း မလုံလောက်ဘူး၊ သစ္စာရှိတဲ့သူလည်း မလုံလောက်ဘူး"
"ကျွန်တော်မျိုးတို့ ညံ့ဖျင်းလို့ပါ"
"ခွင့်လွှတ်တော်မူပါ အရှင်မင်းကြီး"
"ဖန်ချင်းယွမ်"
ဧကရာဇ် လုံချင်က ထောင့်တစ်နေရာမှာ ရှိနေတဲ့ ပညာရှိကို လှမ်းကြည့်
လိုက်သည် "ငါနဲ့အတူ လိုက်ခဲ့"
ဖန်ချင်းယွမ်က ခေါင်းကို အသာညွှတ်ပြီး"အမိန့်တော်အတိုင်းပါ အရှင်" ဟု ပြန်လျှောက်သည်။
"အင်း... ပြီးတော့..."
ဧကရာဇ် လုံချင်က သူ့ရဲ့ စစ်သည်တွေနဲ့ အရာရှိတွေကို ဆက်ပြီး စစ်ဆေးဖို့ ပြင်နေတုန်း အပြင်ဘက်ကနေ ကျယ်လောင်တဲ့ အော်သံတွေ ထွက်ပေါ်လာသည်။
"အောင်ပွဲသတင်း——"
"မင်ပြည်နယ်မှာ အောင်ပွဲကြီး ရပြီ——"
စစ်သတင်းတွေဟာ နန်းတော်အတွင်းထဲအထိ တစ်ဆင့်ပြီးတစ်ဆင့် ရောက်ရှိလာသည်။ ခန်းမအတွင်းရှိ စစ်ဘက်၊ နယ်ဘက် အရာရှိအားလုံး ရှင်းရှင်းလင်းလင်း ကြားလိုက်ရသဖြင့် အားလုံး၏ မျက်နှာတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားသည်။ မိန်းမစိုးအကြီးအကဲ ဟွမ်ဟုန်က ချက်ချင်း အပြင်ထွက်ပြီး ကြိုဆိုလေသည်။
"ကျန်းယွမ်ပေါ်က တကယ့်ကို လူငယ်မျိုးဆက်ထဲမှာ ထိပ်တန်းပဲ"
"ဟုတ်တယ်၊ ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ"
"ဒါ သေချာပေါက် လူကျီပဲ ဖြစ်ရမယ်"
"မှန်တယ်၊ မြို့သိမ်းတိုက်ပွဲက မြို့စားလူကျီရဲ့ ကျွမ်းကျင်မှုပဲ"
ဧကရာဇ် လုံချင်က"အမြန်ဖတ်စမ်း၊ အားလုံးရဲ့ ရှေ့မှာတင် ဖတ်လိုက်" ဟု အမိန့်ပေးသည်။
"အမိန့်တော်အတိုင်းပါ"
ဟွမ်ဟုန်က သတင်းလွှာကို ဖွင့်ပြီး အသံကျယ်ကျယ်ဖြင့် ဖတ်ပြသည်။ သို့သော်လည်း အဆင့်မြင့် အရာရှိကြီးများ၏ မျက်နှာများသည် မကြာခင်မှာပင် မှင်တက်သွားကြပြီး၊ ခံစားချက်ကို လုံးဝ ထိန်းချုပ်ထားနိုင်လေ့ရှိတဲ့ ဧကရာဇ် လုံချင်ရဲ့ မျက်နှာမှာတောင် သိသိသာသာ တုန်လှုပ်မှုတွေ ဖြစ်ပေါ်လာသည်။
ရိက္ခာကို မီးရှို့ခြင်း၊ ဟုန်ကျီမြစ်ကို လေးကြိမ် ဖြတ်ကျော်ခြင်း၊ မေရှန်းမြို့ကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်ခြင်း၊ တုန်အန်း သေဆုံးသွားခြင်း...
ဒီအောင်မြင်မှုတွေထဲက တစ်ခုချင်းစီဟာ ကြီးကျယ်လှတဲ့ အောင်မြင်မှုတွေ ဖြစ်ပေမဲ့၊ အခုတော့ ဒါတွေအားလုံးဟာ လူတစ်ယောက်တည်းရဲ့ လက်ရာ ဖြစ်နေသည်။
စစ်ဘက်ဆိုင်ရာ ဗိုလ်ချုပ် - ချန်ဆန်းရှီ။
"ဝုန်း——"
မြို့တော်ရဲ့ ကောင်းကင်မှာ တိမ်တစ်တိုက်မှ မရှိသော်လည်း လူတိုင်းရဲ့ နားထဲမှာတော့ မိုးခြိမ်းသံကြီးကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသလိုပင်။ ခဏမျှ အသက်ရှည်နန်းဆောင် တစ်ခုလုံး တိတ်ဆိတ်သွားသည်။ စကားပြောနိုင်သူ တစ်ဦးမှ မရှိဘဲ အားလုံးဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း သူတို့ရဲ့ တုန်လှုပ်မှုကို ဘယ်လို ဖော်ပြရမလဲတောင် မသိ ဖြစ်နေကြသည်။
"ဟွမ်ဟုန်"
နောက်ဆုံးမှာတော့ နဂါးပလ္လင်ပေါ်က ဧကရာဇ် လုံချင်က လူတိုင်းကို သတိပြန်ဝင်စေလိုက်ပြီး မိန်းမစိုးအကြီးအကဲကို လက်ညှိုးထိုးကာ အမိန့်
ပေးသည် "မင်ပြည်နယ် ပုန်ကန်မှု နှိမ်နင်းရေး စစ်ဆင်ရေးတစ်ခုလုံးရဲ့ အဆင့်ဆင့်ကို လူတိုင်းမြင်အောင် အမြန်ဆုံး ပုံဖော်ပြလိုက်။ စစ်ဘက်၊ နယ်ဘက် အရာရှိအားလုံးကို အဲဒါကို အလွတ်မှတ်ခိုင်း၊ ဗိုလ်ချုပ်ဆိုတာ ဘာလဲ၊ စစ်သူကြီးဆိုတာ ဘာလဲဆိုတာကို သူတို့ကို သင်ပေးလိုက်စမ်း"
မိန်းမစိုးအကြီးအကဲက မိန်းမစိုးအချို့ကို ချက်ချင်းစုစည်းပြီး အရာရှိတွေရဲ့ ရှေ့မှာ မင်ပြည်နယ် မြေပုံကို ချိတ်ဆွဲကာ စစ်ဆင်ရေး တစ်ခုလုံးကို စနစ်တကျ ပြန်လည် တင်ပြလေတော့သည်။
"ဒါ... ဒါက..."
"ဒါက ဖြစ်နိုင်ဖို့ အရမ်း ခဲယဉ်းလွန်းတယ်"
"ရန်သူ့စစ်တပ်နားကို အမြဲတမ်း သီသီလေးပဲ ကပ်ကျော်သွားတာပဲ"
"အနောက်ချီ နဲ့ ပုန်ကန်သူတွေ ပေါင်းထားတဲ့ အင်အားက တစ်သိန်းကျော် ရှိတာကို၊ ဒီလူငယ်လေးက လူအနည်းငယ်လေးနဲ့တင် သူတို့ကို ဖြိုလဲလိုက်တာပဲ"
"ကျွန်တော်မျိုးရဲ့ မပြည့်စုံတဲ့ မြေးဖြစ်သူဟာ ဒီလို စစ်ပွဲမျိုးမှာ ပါဝင်ခွင့်ရတာ တကယ့်ကို ကံကောင်းတာပဲ"
နန်းရင်းဝန်ကြီး ယန်လျန်က အိုမင်းတဲ့ အသံနဲ့ ပြောလိုက်သည် "ဒါရှန် အင်ပါယာမှာ ဒီလို လူငယ်စစ်ပါရမီရှင်တစ်ယောက် ရှိနေတာဟာ အင်ပါယာအတွက် ကံကောင်းခြင်းပါပဲ၊ ဒါဟာ အရှင်မင်းကြီးရဲ့ ကြီးမားလှတဲ့ ဂုဏ်တော်ကြောင့် ရရှိတဲ့ ကောင်းချီးပါပဲ"
အိမ်ရှေ့မင်းသားက သူ့ရဲ့ ချိုင်းထောက်ကို အားပြုပြီး မျက်နှာကို မြေပုံနားအထိ ကပ်ကာ ကြည့်နေရင်း "နတ်စစ်သူကြီးပဲ... ကောင်းကင်က ပေးလိုက်တဲ့ နတ်စစ်သူကြီးပဲ..."
"ဒါဆိုရင် အရှင်မင်းကြီးကော၊ အိမ်ရှေ့မင်းသားပါ မင်ပြည်နယ်ကို ကြွစရာ မလိုတော့ဘူး ထင်ပါတယ်"
ဂေါင်ပေါ်က ဒူးထောက်ပြီး လျှောက်တင်သည် "ဒီစစ်ပွဲပြီးရင် နောက်ထပ် ၃ လ ကနေ ၅ လ အတွင်းမှာ မင်ပြည်နယ်ရဲ့ ပရမ်းပတာ အခြေအနေတွေ အားလုံး လုံးဝ တည်ငြိမ်သွားမှာပါ"
"အင်း... တကယ်ပဲ ငါတို့အတွက်ကော၊ နန်းတော်အတွက်ပါ အစိုးရိမ်တွေ အများကြီး သက်သာစေတာပဲ"
ဧကရာဇ် လုံချင်က ထောင့်ကို လှမ်းကြည့်ပြီး မေးလိုက်သည် "ဖန်ချင်းယွမ်... ပြောစမ်း၊ ဒါတွေအားလုံးကို မင်းပဲ သူ့ကို သင်ပေးခဲ့တာလား"