← Chapters

အခန်း (၆၄၀-၆၄၂)

Vol. 43 Ch. 640-642

အခန်း (၆၄၀-၆၄၂)

Vol. 43 Ch. 640-642

အခန်း (၆၄၀) - ဘိုးဘေးကြီး နှစ်ပါး

~ဝိညာဉ်ကမ္ဘာ စစ်ပွဲတွင် ရင်ဆိုင်တိုက်ခိုက်ရမည့် ရန်သူ့ကမ္ဘာ ဖြစ်သော "ကျယ်ပြောသော ကမ္ဘာ" အကြောင်း ပါလာသောအခါ၊ လူတိုင်း၏ စိတ်ဝင်စားမှု မြင့်တက်လာကြသည်။

အခြေခံအားဖြင့် သူတို့ နားလည်ထားသည်မှာ "အစစ်အမှန်သိုင်း ကမ္ဘာ"အနေဖြင့် ဝါးမျိုခံရမည့် ဘေးမှ လွတ်မြောက်လိုလျှင်၊ "တောင်နှင့် ပင်လယ် ကမ္ဘာ" ကို အရင်ဦးဆုံး ဖျက်ဆီးပစ်ရမည် ဆိုသည့် အချက်ပင်။

ထို့ကြောင့် ရန်သူ့ရန်သူ မိတ်ဆွေ ဆိုသလိုပင်၊ တစ်ဖက် ရန်သူ့ကမ္ဘာ ဖြစ်သော "ကျယ်ပြောသော ကမ္ဘာ" အပေါ်တွင် သူတို့ အနည်းငယ် စာနာစိတ် ရှိကြသည်။

သို့သော် မကြာမီ ဝိညာဉ်ကမ္ဘာ စစ်ပွဲတွင် ဝင်ရောက် ဆင်နွှဲရတော့မည် ဖြစ်ပြီး၊ ထိုကမ္ဘာမှ ကျင့်ကြံသူများနှင့် သေရေးရှင်ရေး တိုက်ပွဲများ ဆင်နွှဲရမည် ဖြစ်သဖြင့် သတိတော့ ထားနေရပေမည်။

လိုရင်းကို ပြောရလျှင်... အစစ်အမှန်သိုင်း ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်၊ မည်သည့် ဝိညာဉ်ကမ္ဘာ မဆို လမ်းပိတ်နေပါက ဖယ်ရှားရမည် ဖြစ်သလို၊ အစစ်အမှန်သိုင်း ကမ္ဘာကို ဝါးမျိုချင်သော မည်သူ့ကိုမဆို ရန်သူအဖြစ် သတ်မှတ်ရပေမည်။

အင်မော်တယ် စုဝေးရာ မျှော်စင် အတွင်း၌...

နင်ချီနှင့် အခြားသူများသည် ခွက်ချင်းတိုက်ကာ သေရည် သောက်သုံးရင်း သတင်းအချက်အလက်များကို ဆက်လက် ဆွေးနွေးနေကြသည်။

"ကျယ်ပြောသော ကမ္ဘာ" အကြောင်း စတင် ပြောဆိုသူမှာ "ကျိုးချင်း" အမည်ရ ကျင့်ကြံသူ ဖြစ်၏။ နယ်မြေအရှင်သခင် ဖြစ်သော နင်ချီနှင့် အခြားသော အစစ်အမှန်သိုင်း ကမ္ဘာမှ ညီအစ်ကိုများက သူ့စကားကို စိတ်ဝင်တစား နားထောင်နေကြသဖြင့်၊ သူသည် ရှားပါးသော ဂုဏ်ယူမှုကို ခံစားလိုက်ရသည်။

ထို့ကြောင့် ကျိုးချင်း က ဆက်ပြောလေသည်။

“ကျွန်တော် ရထားတဲ့ သတင်းတွေအရ ဆိုရင်... ကျယ်ပြောသော ကမ္ဘာ ကလည်း တောင်နှင့် ပင်လယ် ကမ္ဘာ လိုပဲ အင်အားကြီးမားတဲ့ ဝိညာဉ်ကမ္ဘာ တစ်ခုပါပဲ...”

ကျွမ်းချန် က ဝင်မေးလိုက်သည်။

“အထဲက အခြေအနေက ဘယ်လိုရှိလဲ... အစ်ကိုကျိုး သိထားတာ ရှိလား...”

ကျိုးချင်း က ပြုံးပြီး ဖြေသည်။

“တောင်နှင့် ပင်လယ် ကမ္ဘာ နဲ့ တော်တော်လေး တူပါတယ်... အဲဒီမှာလည်း နယ်မြေပေါင်းများစွာ ခွဲခြားထားတယ်... အင်အားကြီးတဲ့ အင်မော်တယ် ဂိုဏ်းကြီးတွေ ရှိသလို... တသားတည်းဖြစ်ခြင်း နယ်ပယ် ရောက်နေတဲ့ ဘိုးဘေးကြီးတွေ.. ရာနဲ့ချီပြီး ရှိတယ်လို့ ဆိုတယ်... ကောလာဟလတွေ အရ ဆိုရင် တသားတည်းဖြစ်ခြင်း နယ်ပယ် ထက် ကျော်လွန်တဲ့ ဖြစ်တည်မှုတွေတောင် ရှိနိုင်တယ်တဲ့...”

ထိုစကားကို ကြားသောအခါ လူတိုင်း မျက်လုံးများ ကျဉ်းမြောင်းသွားကြသည်။

ဒါဆိုရင် တောင်နှင့် ပင်လယ် ကမ္ဘာ ထဲက အခြေအနေကရော အတူတူပဲ မဟုတ်ဘူးလား။

ယခု အင်မော်တယ် စုဝေးရာ မျှော်စင်တွင် ရောက်ရှိနေကြသူ အားလုံးသည် ပေ့ရွှမ်နယ်မြေသို့ ဝင်စားလာကြသူများ ဖြစ်၏။

ပေ့ရွှမ်နယ်မြေ ဆိုသည်မှာ တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်း၌ သာမန် နယ်မြေငယ်လေး တစ်ခုမျှသာ ဖြစ်သည်။ မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေ နှစ်ခုပေါင်းမှ အစွမ်းအထက်ဆုံး လူသည် "ပေါင်းစည်းခြင်း နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်"မျှသာ ရှိသေးသည်။

တောင်နှင့် ပင်လယ် ကမ္ဘာ ၏ အခြားသော နယ်မြေကြီးများတွင် "အင်မော်တယ် ဂိုဏ်း" များ ရှိကြသည်။ အင်မော်တယ် ဂိုဏ်း ဆိုသည်မှာ "တသားတည်းဖြစ်ခြင်း နယ်ပယ်" ဘိုးဘေးကြီး တစ်ပါး စောင့်ရှောက်ထားသော ဂိုဏ်းကို ဆိုလိုခြင်း ဖြစ်၏။

အကြီးဆုံး နယ်မြေများတွင် ဆိုလျှင် "တသားတည်းဖြစ်ခြင်း နယ်ပယ်" ဘိုးဘေးကြီး အများအပြား ပါဝင်သော အင်မော်တယ် ဂိုဏ်းပေါင်းများစွာ ရှိပြီး အာဏာလုနေကြသည် မဟုတ်ပါလား။

နင်ချီ က ဝင်ပြောလိုက်သည်။

“တောင်နှင့် ပင်လယ် ကမ္ဘာ ရဲ့ အခြေအနေကိုတော့ ကျွန်တော် ရင်းနှီးပါတယ်... ကျွန်တော် ရှင်းပြပါရစေ...”

ထိုအခါ၊ ပိုင်ရှန်၊ ကျွမ်းချန် နှင့် အခြားသူများ အားလုံး နင်ချီဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

တောင်နှင့် ပင်လယ် ကမ္ဘာ ၏ သတင်းအချက်အလက်နှင့် ပတ်သက်လျှင် ဤနေရာ၌ နင်ချီထက် ပိုသိသူ မရှိနိုင်ပေ။

နယ်မြေအရှင်သခင် တစ်ယောက် အနေဖြင့် နင်ချီသည် တောင်နှင့် ပင်လယ် ကမ္ဘာ ၏ နယ်မြေအသီးသီးသို့ ရောက်ရှိ ဝင်စားနေကြသော "ဝင်စားသူ" များကို ဆက်သွယ်နိုင်စွမ်း ရှိသည်။

ဝင်စားသူ အားလုံးသည် "ဉာဏ်အလင်း နယ်ပယ် သစ်ပင်" ၏ ကောင်းချီးကို ရရှိထားကြပြီး၊ မွေးရာပါ ဉာဏ်ပညာနှင့် ထူးခြားသော ပါရမီများကို ပိုင်ဆိုင်ထားကြသည်။

ထိပ်တန်း အင်မော်တယ် ဂိုဏ်းကြီးများမှသည် သာမန် ဂိုဏ်းငယ်လေးများ အထိ၊ သူတို့သည် နေရာအနှံ့ ထိုးဖောက် ဝင်ရောက်ထားပြီး အရေးကြီးသော ရာထူးနေရာများကို ရယူထားကြသည်။

ကျွမ်းချန် ကဲ့သို့သော ဂိုဏ်းချုပ်သား လုပ်နေသူများလည်း ဒုနဲ့ဒေး ရှိသည်။

သူတို့ စုဆောင်းထားသော သတင်းများကို နင်ချီက စိစစ် ပေါင်းစပ်လိုက်သောအခါ ရရှိလာသော သတင်းအချက်အလက် ကွန်ရက်သည် အလွန် အားကောင်းပေ၏။

“တောင်နှင့် ပင်လယ် ကမ္ဘာ ဆိုတဲ့ နာမည်က တောင်တစ်လုံးနဲ့ ပင်လယ်တစ်ခုကို အစွဲပြုပြီး ခေါ်တာ မဟုတ်ပါဘူး... လူပုဂ္ဂိုလ် နှစ်ယောက်ကို အစွဲပြုပြီး ခေါ်တာပါ...”

နင်ချီ ထုတ်ဖော် ပြောကြားလိုက်သော ပထမဆုံး သတင်းအချက်အလက် ကပင် လူတိုင်းကို အံ့အားသင့်သွားစေသည်။

ယခင်က သူတို့ ထင်ထားသည်မှာ ကမ္ဘာ၏ ပထဝီအနေအထားအရ တောင်များနှင့် ပင်လယ်များ များပြားသောကြောင့် ဤအမည် ပေးထားသည်ဟု ထင်ခဲ့ကြသည်။ နင်ချီက လူနှစ်ယောက်ကြောင့်ဟု ပြောလာလိမ့်မည် မထင်ခဲ့ပေ။

“အဲဒီ ပုဂ္ဂိုလ်နှစ်ယောက် ထဲက တစ်ယောက်က တောင်ဘိုးဘေး ဖြစ်ပြီး... နောက်တစ်ယောက်က ပင်လယ်ဘိုးဘေး ပါ... သူတို့နှစ်ယောက်လုံးက ခေတ်ပြိုင်တွေ ဖြစ်ပြီး... တောင်နှင့် ပင်လယ် ကမ္ဘာ မှာ ရှိနေခဲ့တာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာခဲ့ပါပြီ...”

“ဆိုရိုးစကားတွေ အရ ဆိုရင်... သူတို့ ကြီးပြင်းလာတဲ့ လမ်းတစ်လျှောက်လုံးမှာ တစ်ယောက်နဲ့ တစ်ယောက် အမြဲတမ်း ပြိုင်ဆိုင် တိုက်ခိုက်ခဲ့ကြတယ်... ဒါပေမဲ့ ဒီနေ့အချိန် အထိ ဘယ်သူကမှ တစ်ဖက်လူကို အနိုင်ယူပြီး မသတ်ဖြတ်နိုင်ခဲ့ကြဘူး...”

“တောင်ဘိုးဘေး က တောင်နှင့် ပင်လယ် ကမ္ဘာ ရဲ့ အကောင်းဆုံး နေရာဖြစ်တဲ့ 'ကောင်းကင်ထိ မိုးမျှော်တောင်ထွတ်' ကို ပိုင်ဆိုင်ထားတယ်... အဲဒီနေရာက ကမ္ဘာတစ်ခုလုံးမှာ အမြင့်ဆုံး နေရာဖြစ်ပြီး... ကြယ်တာရာ ပင်လယ်ထဲအထိ ထိုးဖောက် ဝင်ရောက်နေတယ်လို့ ဆိုကြတယ်... သူက ကုန်းမြေအားလုံးပေါ်က တောင်တန်းတွေကို အုပ်စိုးထားတဲ့ အတွက် 'တောင်ဘိုးဘေး' ဆိုပြီး ဘွဲ့ရခဲ့တာပါ...”

“ပင်လယ်ဘိုးဘေး ကျတော့... ကုန်းမြေပေါ်က တိုက်ပွဲမှာ တောင်ဘိုးဘေး ကို ရှုံးနိမ့်ခဲ့ရတယ်... ဒါကြောင့် သူက ကုန်းမြေ ပိုင်နက်တွေကို စွန့်လွှတ်ပြီး ပင်လယ်ပြင်ကို သိမ်းပိုက်ဖို့ အာရုံစိုက်ခဲ့တယ်... နောက်ဆုံးမှာ ပင်လယ်အားလုံးကို စုစည်းနိုင်ခဲ့ပြီး 'ပင်လယ်ဘိုးဘေး' ဆိုတဲ့ ဘွဲ့ကို ရရှိခဲ့တာပါ...”

“အချိန်တွေ ကြာလာတာနဲ့အမျှ... သူတို့နှစ်ယောက်ရဲ့ နာမည်က 'တောင်တစ်လုံး ၊ ပင်လယ်တစ်စင်း'ဆိုပြီး တွဲခေါ်ရာကနေ... ဒီကမ္ဘာကို 'တောင်နှင့် ပင်လယ် ကမ္ဘာ' ဆိုပြီး လူသိများလာကြတာ ဖြစ်ပါတယ်...”

နင်ချီသည် လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးမှ ဆက်ပြောသည်။

“မှတ်သားစရာ တစ်ချက်ကတော့... ပင်လယ်ဘိုးဘေး ဆိုတာ အမျိုးသမီး တစ်ယောက် ဖြစ်ပါတယ်...”

လူတိုင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

တောင်နှင့် ပင်လယ် ကမ္ဘာ ၏ ဇာစ်မြစ်နှင့် ဘိုးဘေးကြီး နှစ်ပါး အကြောင်းကို နင်ချီ ရှင်းပြသည်ကို ကြားလိုက်ရသောအခါ၊ သူတို့၏ ရင်ထဲတွင် အတင်းအဖျင်း ပြောလိုစိတ်များ တောက်လောင်လာကြသည်။

ထိုစဉ်၊ တာအိုဆရာ ပိုင်ရှန် က ရယ်ပြီး ပြောလိုက်သည်။

“ကြည့်ရတာ ငါတို့ အစစ်အမှန်သိုင်း ကမ္ဘာ က ပိုပြီး အံ့မခန်း ဖြစ်မယ့်ပုံပဲ... တောင်နှင့် ပင်လယ် ကမ္ဘာ က ဝိညာဉ်ကမ္ဘာ တစ်ခု ဖြစ်ပေမယ့်... ကမ္ဘာတစ်ခုလုံးကို အမှန်တကယ် အုပ်စိုးနိုင်တဲ့သူ မရှိသေးဘူးကိုး...”

ကျွမ်းချန် ကလည်း တစ်ချက် ရယ်ကာ ထောက်ခံလိုက်သည်။

“သူတို့က မျိုးရိုးဇာတိ ပိုကောင်းရုံ သက်သက်ပါဗျာ... ဝိညာဉ်ကမ္ဘာ မှာ မွေးလာကြတာကိုး... ကျွန်တော်တို့လို ကမ္ဘာငယ်လေးတွေကနေ အဆင့်ဆင့် တိုက်ခိုက်ပြီး တက်လာရတဲ့ သူတွေနဲ့ ဘယ်တူမလဲ...”

ထိုစကားကြောင့် လူတိုင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစိတ်များ ဝင်လာကြသည်။ နယ်မြေအရှင်သခင် ဖြစ်သော နင်ချီကိုမူ ပို၍ပင် လေးစားအားကျသွားကြသည်။

ရုတ်တရက် ကျိုးချင်း က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ကျွန်တော်တို့လို ကမ္ဘာငယ်လေးတွေ ရှိသလို... တောင်နှင့် ပင်လယ် ကမ္ဘာ လို ဝိညာဉ်ကမ္ဘာတွေ ရှိတယ် ဆိုတော့... အဲဒီအပေါ်မှာ ပိုကြီးမားတဲ့ ကမ္ဘာကြီးတွေ ရှိဦးမှာ သေချာတယ်... ဝိညာဉ်ကမ္ဘာက ထိပ်သီး ပုဂ္ဂိုလ်တွေက အထက်ကမ္ဘာ ဆီ တက်လှမ်းဖို့ မစဉ်းစားကြဘူးလား...”

သာမန်အချိန်တွင် ပေါ့ပျက်ပျက် နေတတ်သော တာအိုဆရာ ပိုင်ရှန် သည် ရှားရှားပါးပါး လေးနက်သော လေသံဖြင့် ဝင်ပြောလိုက်သည်။

“လောက နိယာမ ဆိုတာ... အားကြီးသူက အားနည်းသူကို အနိုင်ကျင့်စမြဲပဲ... တောင်နှင့် ပင်လယ် ကမ္ဘာ က ကျွန်တော်တို့လို ကမ္ဘာငယ်လေးတွေကို ဝါးမျိုသလိုမျိုးပေါ့... သန်မာသူက ရှင်သန်မယ်... အားကြီးသူက သာမန်လူတွေကို ဖိနှိပ်မယ်... ဒါက ရေစီးကြောင်းပဲ... ပြောင်းပြန်လှန်ဖို့ ဆိုတာ ဖြစ်ခဲပါတယ်...”

“ခင်ဗျားတို့ထဲက ဘယ်သူများ ဒီနိယာမ ပြောင်းပြန်လှန်သွားတာ မြင်ဖူးလို့လဲ...”

လူတိုင်း၏ မျက်လုံးများ အရောင်တောက်လာပြီး နင်ချီကို ကြည့်လိုက်ကြသည်။

ပါးစပ်မှ ထုတ်မပြောကြသော်လည်း နင်ချီ သဘောပေါက်ပါသည်။

သူတို့ ဆိုလိုချင်သည်မှာ... သူတို့ ယခု လျှောက်လှမ်းနေသော လမ်းစဉ်သည် ထို "ရေစီးကြောင်းကို ပြောင်းပြန်ဆန်သော လမ်းစဉ်" ပင် ဖြစ်သည် မဟုတ်ပါလော။

အားနည်းသူက အားကြီးသူကို အနိုင်ယူပြီး... လောက နိယာမကို ပြောင်းပြန်လှန်ပစ်မည့် လမ်းစဉ်...။

နင်ချီသည် ပိုင်ရှန်၏ စကားကို တွေးတောရင်း သူ၏ ဘဝအမြင် အနည်းငယ် ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။

ယခင်က သူသည် အစစ်အမှန်သိုင်း ကမ္ဘာ ရှင်သန်ရပ်တည်ရေးကိုသာ ဦးတည်ခဲ့ပြီး၊ ဒီလောက်ထိ နက်နက်ရှိုင်းရှိုင်း မတွေးခဲ့ဖူးပေ။

ခဏတာမျှ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်း အတွေးကိုယ်စီ ဝင်နေကြ၏။

အချိန် အတန်ကြာမှ နင်ချီသည် တောင်နှင့် ပင်လယ် ကမ္ဘာ ၏ အခြေအနေကို ဆက်လက် ရှင်းပြလိုက်သည်။

“တောင်ဘိုးဘေး နဲ့ ပင်လယ်ဘိုးဘေး က ထိပ်တန်း တသားတည်းဖြစ်ခြင်း နယ်ပယ် ကျင့်ကြံသူတွေ ဖြစ်ကြတယ်... လူလုံးမပြတာ နှစ်ပေါင်း သောင်းချီ နေပြီ... တသားတည်းဖြစ်ခြင်း နယ်ပယ် ကိုတောင် ကျော်လွန်သွားပြီလား မသိနိုင်ဘူး...”

“သူတို့နှစ်ယောက် တောင်နဲ့ ပင်လယ်ကို စုစည်းပြီးမှသာ... တောင်နှင့် ပင်လယ် ကမ္ဘာ မှာ နယ်မြေအသီးသီး ပေါ်ထွက်လာတာ... အခုဆိုရင် ဝိညာဉ်နယ်မြေပေါင်း ရာချီ ကွဲထွက်နေပြီ...”

"ဒါပေမဲ့ အဲဒီ နယ်မြေ ရာပေါင်းများစွာ ထဲမှာ... အများစုကတော့ ကျွန်တော်တို့ မြောက်ပိုင်းနဲ့ တောင်ပိုင်း နယ်မြေတွေလိုပါပဲ... ပေါင်းစည်းခြင်း နယ်ပယ် အဆင့်လောက်ပဲ ရှိကြတာပါ..."

[Tn-1] သစ်ငုတ်တိုမှာ ပန်းပြန်ပွင့်သည် အသက်အရွယ် ကြီးရင့်သူ တစ်ယောက် အချစ်သစ်နှင့် တွေ့ပြီး ပြန်လည် နုပျိုလန်းဆန်းလာခြင်းကို တင်စားသော စကားပုံ ဖြစ်ပါသည်။

[Tn-2] သောက်တာ သုံးချီ၊ စားတာ ငါးမယ်: အချိန်အတန်ကြာအောင် စားသောက် ပျော်ပါးခဲ့ပြီးပြီ ဖြစ်ကြောင်း တင်စားသော စကား ဖြစ်ပါသည်။

အခန်း (၆၄၁) - ဘိုးဘေးကြီး နှစ်ပါး (အပိုင်း ၂)

~တောင်ဘိုးဘေး နှင့် ပင်လယ်ဘိုးဘေး စံမြန်းရာ အရပ်နှင့် အနီးဆုံးရှိ ဝိညာဉ်နယ်မြေ ကြီးများကိုသာ အင်မော်တယ် ဂိုဏ်းကြီးများက သိမ်းပိုက်ထားကြခြင်း ဖြစ်၏။

အင်မော်တယ် ဂိုဏ်းတိုင်းတွင် အနည်းဆုံး "တသားတည်းဖြစ်ခြင်း နယ်ပယ်" ဘိုးဘေးကြီး တစ်ပါး စောင့်ကြပ်လေ့ ရှိပြီး၊ အချို့ဂိုဏ်းများတွင်မူ တစ်ပါးမက၊ ဆယ်ပါးခန့် အထိပင် ရှိတတ်ကြသည်။

ထိုအထဲတွင်မှ တောင်ဘိုးဘေး နှင့် ပင်လယ်ဘိုးဘေး ကိုယ်တိုင် တည်ထောင်ခဲ့ပြီး ယနေ့တိုင် လက်ဆင့်ကမ်းလာခဲ့သော ဂိုဏ်းသည် သဘာဝကျကျပင် အင်အားအကြီးဆုံး ဖြစ်ပေ၏။

နယ်မြေအရှင်သခင် နင်ချီ၏ ရှင်းပြချက်ကြောင့်၊ ရောက်ရှိနေသူ အားလုံးသည် "တောင်နှင့် ပင်လယ် ကမ္ဘာ" ၏ အလုံးစုံသော အခြေအနေကို သဘောပေါက် နားလည်သွားကြသည်။

ဤရှုထောင့်မှ ကြည့်လျှင်... ကြီးမားကျယ်ပြောလှသော တောင်နှင့် ပင်လယ် ကမ္ဘာ ကြီးထဲ၌ သူတို့၏ ပေ့ရွှမ်နယ်မြေ ဆိုသည်မှာ အလွန် သေးသိမ် အားနည်းလှပေ၏။

ကံကောင်းသည်မှာ... အားနည်းခြင်းတွင်လည်း အားသာချက် ရှိနေပြန်သည်။ အနည်းဆုံးတော့ အထက်သို့ တက်လှမ်းရန် နေရာလွတ် အများကြီး ကျန်နေသေးသည် မဟုတ်ပါလား။

ထို့နောက် နင်ချီသည် လက်ညှိုးကို အပေါ်သို့ ထိုးပြရင်း နောက်ထပ် အကြောင်းအရာ တစ်ခုကို ဖွင့်ဟလိုက်သည်။

“အခု ဖြစ်လာမယ့် ဝိညာဉ်ကမ္ဘာ စစ်ပွဲကို တောင်နှင့် ပင်လယ် ကမ္ဘာ ဘက်ကနေ စတင်ခဲ့တာပါ... သံသယ ရှိစရာ ကောင်းတာက... တောင်ဘိုးဘေး နဲ့ ပင်လယ်ဘိုးဘေး တို့က သူတို့ရဲ့ ကန့်သတ်ချက်ကို ချိုးဖျက်ပြီး... တသားတည်းဖြစ်ခြင်း နယ်ပယ် ကနေ ပိုမြင့်မားတဲ့ နယ်ပယ်တစ်ခုဆီ တက်လှမ်းချင်နေကြပုံ ရတယ်...”

လူတိုင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထိုစကားကြောင့် မှင်သက်သွားကြသည်။

သူတို့ထဲမှ အများစုသည် "မူလဝိညာဉ် နယ်ပယ်" ၌သာ ရှိကြသေးသည်။ အချို့က "ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" သို့ ရောက်နေပြီ ဖြစ်သလို၊ နင်ချီ ကိုယ်တိုင်လည်း "ပေါင်းစည်းခြင်း နယ်ပယ်" သို့ ရောက်နေပြီ ဖြစ်၏။

သို့သော် ထိုနယ်ပယ်၏ အလွန်တွင် မည်သည့်အရာ ရှိသည်ကို သူတို့ နားမလည်ကြပေ။

"တသားတည်းဖြစ်ခြင်း နယ်ပယ်" ဆိုသည်မှာပင် သူတို့နှင့် အလွန် ဝေးကွာနေသေးရာ၊ ၎င်း၏ အထက်ရှိ နယ်ပယ် ဆိုသည်မှာ တွေးကြည့်ရန်ပင် ခက်ခဲလှသည်။

ကျွမ်းချန် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး မေးသည်။

“နယ်မြေအရှင်သခင်... တသားတည်းဖြစ်ခြင်း နယ်ပယ် ရဲ့ အထက်မှာ ရှိတဲ့ နယ်ပယ် ဆိုတာက...”

နင်ချီ ခေါင်းညိတ်ပြလိုက်သည်။ နှုတ်မှ ထုတ်မပြောသော်လည်း လူတိုင်း၏ ရင်ထဲတွင် နားလည်သွားကြသည်။

ဤရှုထောင့်မှ ကြည့်လျှင် ဝိညာဉ်ကမ္ဘာတွင် နေထိုင်သော သက်ရှိများ၏ အမြင့်ဆုံး ကန့်သတ်ချက်သည် "တသားတည်းဖြစ်ခြင်း နယ်ပယ်" သာ ဖြစ်၏။

ယခင်က သူတို့၏ "အစစ်အမှန်သိုင်း ကမ္ဘာ" ၏ ကန့်သတ်ချက်သည် "သိုင်းသူတော်စင် အဆင့်" တွင် ရပ်တန့်နေခဲ့သကဲ့သို့ပင်။

နင်ချီ ပေါ်ထွန်းလာပြီး၊ မရေမတွက်နိုင်သော အခက်အခဲများကို ကျော်ဖြတ်ပြီးမှသာ ထိုကန့်သတ်ချက်ကို "ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" အထိ မြှင့်တင်နိုင်ခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် တောင်နှင့် ပင်လယ် ကမ္ဘာ ဖြစ်စေ၊ တောင်ဘိုးဘေး နှင့် ပင်လယ်ဘိုးဘေး ဖြစ်စေ... ပို၍ မြင့်မားသော နေရာသို့ တက်လှမ်းရန် ဆိုသည်မှာ မည်မျှ ခက်ခဲမည်နည်း။

ဘိုးဘေးကြီး နှစ်ပါးသည် ဤကမ္ဘာကို အုပ်စိုးခဲ့သည်မှာ နှစ်ပေါင်း သိန်းချီ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း၊ ယနေ့တိုင် အဆင့်တက်ရန် နည်းလမ်းပေါင်းစုံ ကြိုးစားနေရဆဲ ဖြစ်သည်ကို ထောက်ချင့်လျှင် ထိုကိစ္စ၏ ခက်ခဲမှုကို သက်သေပြနေသည် မဟုတ်ပါလော။

တာအိုဆရာ ပိုင်ရှန် သည် အချက်တစ်ချက်ကို သတိထားမိလိုက်သဖြင့် မေးမြန်းလိုက်သည်။

“နယ်မြေအရှင်သခင်... တောင်ဘိုးဘေး နဲ့ ပင်လယ်ဘိုးဘေး က ခင်ဗျားလိုမျိုး ကမ္ဘာတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ထားနိုင်တာ မဟုတ်ဘူးနော်... ဒါပေမဲ့ သူတို့က ဝိညာဉ်ကမ္ဘာ စစ်ပွဲ စတင်နိုင်လောက်တဲ့ အထိ ကမ္ဘာကြီးကို လွှမ်းမိုးနိုင်တာလား...”

နင်ချီ ပြန်ဖြေလိုက်သည်။

“သူတို့က ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးမျိုး ရှိနေတာ ဖြစ်ပါလိမ့်မယ်... ကမ္ဘာ့အသိစိတ် ရော၊ ဘိုးဘေးကြီး နှစ်ပါးပါ... သုံးဦးစလုံးက လက်ရှိ အခြေအနေကို ဖောက်ထွက်ချင်တဲ့ ဆန္ဒ ရှိနေကြတယ်... ဒါကြောင့် ဝိညာဉ်ကမ္ဘာ စစ်ပွဲကို စတင်လိုက်ကြတာပါ...”

အားလုံး ခေါင်းညိတ်လိုက်ကြသည်။ ဤရှင်းပြချက်နှင့် ဆိုလျှင် သဘာဝကျပေ၏။

ဝိညာဉ်ကမ္ဘာ ကိုယ်တိုင်ကလည်း ကန့်သတ်ချက်ကို ချိုးဖျက်ချင်သည်။ ဘိုးဘေးကြီး နှစ်ပါးကလည်း အဆင့်တက်ချင်သည်။ ထို့ကြောင့် သုံးဦးသား ပူးပေါင်းလိုက်ကြခြင်း ဖြစ်ပေမည်။

ဤအချက်ကို တွေးမိသောအခါ လူတိုင်း စိုးရိမ်ပူပန်လာကြသည်။

သူတို့ "အစစ်အမှန်သိုင်း ကမ္ဘာ" မှ ကျင့်ကြံသူများသည် နင်ချီသာ ပေါ်မလာခဲ့လျှင်၊ အစောပိုင်း မိစ္ဆာနက်ဂိုဏ်း ကျူးကျော်ကတည်းက ပျက်စီးသွားခဲ့ကြပြီး ဖြစ်ပေလိမ့်မည်။

ယခု ဝိညာဉ်ကမ္ဘာ နှစ်ခု စစ်ပွဲအတွက် ပြင်ဆင်နေကြပြီ။ "တသားတည်းဖြစ်ခြင်း နယ်ပယ်" ဘိုးဘေးကြီး မည်မျှ ပါဝင်မည်၊ တိုက်ပွဲ မည်မျှ ပြင်းထန်မည်ကို မည်သူမျှ မခန့်မှန်းနိုင်။

ဝိညာဉ်ကမ္ဘာကြီး နှစ်ခုကြားတွင် ညပ်နေသော တတိယ အင်အားစု အနေဖြင့်... ခြေလှမ်း တစ်ချက် မှားသည်နှင့် သူတို့အားလုံး ပြာကျသွားနိုင်သည်။

တစ်ခုတည်းသော ဖြေသိမ့်စရာမှာ... နင်ချီက သူတို့ကို ဦးဆောင်ပြီး ဝိညာဉ်ကမ္ဘာပေါ်သို့ တက်ရောက်ကာ ကိုယ်ပိုင် လမ်းကြောင်း ဖောက်လုပ်ပေးခဲ့ခြင်း ဖြစ်၏။

သို့မဟုတ်ပါက သူတို့သည် အစစ်အမှန်သိုင်း ကမ္ဘာထဲတွင် ကံကြမ္မာကို မသိဘဲ မေ့လျော့စွာ နေထိုင်ရင်း သေပွဲဝင်ရပေလိမ့်မည်။

တောင်နှင့် ပင်လယ် ကမ္ဘာ ပေါ်တွင် သူတို့သည် ဝင်စားသူများ ဖြစ်ကြသည်။ ဤခန္ဓာကိုယ်များ သေဆုံးသွားလျှင်တောင် အစစ်အမှန်သိုင်း ကမ္ဘာရှိ ပင်မ ခန္ဓာကိုယ်ကြီးများကို ထိခိုက်မည် မဟုတ်ပေ။

အစစ်အမှန်သိုင်း ကမ္ဘာ မပျက်စီးသရွေ့... သူတို့၏ သက်တမ်း မကုန်ဆုံးသရွေ့... သူတို့ သေဆုံးမည် မဟုတ်ပါ။

အခက်အခဲမှာ... အစစ်အမှန်သိုင်း ကမ္ဘာ တည်ရှိနေသည်ကို တောင်နှင့် ပင်လယ် ကမ္ဘာ က သတိမထားမိစေရန် ဖုံးကွယ်ထားဖို့ပင်။

ကံကောင်းသည်မှာ ဝိညာဉ်ကမ္ဘာ စစ်ပွဲ အမှန်တကယ် စတင်ရန် ကြိုတင် ပြင်ဆင်ချိန် ကြာမြင့်ဦးမည် ဖြစ်၏။

စစ်မတိုက်မီ ပြင်ဆင်ချိန် ဖြစ်စေ၊ စစ်ပွဲကာလအတွင်း အပြန်အလှန် ထိန်းထားသည့် ကာလဖြစ်စေ... အချိန်ကာလကို နှစ်ထောင်ချီ၊ သောင်းချီ၍ ရေတွက်လေ့ ရှိကြသည်။

အစစ်အမှန်သိုင်း ကမ္ဘာကို တောင်နှင့် ပင်လယ် ကမ္ဘာ က စတင် ဝါးမျိုခဲ့စဉ်ကပင် နှစ်ပေါင်း (၉၀၀၀၀) တိတိ ကြာမြင့်ခဲ့သည် မဟုတ်ပါလား။

ထို့ပြင် စစ်ပွဲ အစပိုင်းတွင် အလုံးစုံ စစ်ပွဲကြီး ချက်ချင်း ဖြစ်လာမည် မဟုတ်ပေ။ အစမ်းသဘော တိုက်ခိုက်မှုများနှင့် ဒေသတွင်း ပဋိပက္ခ အသေးစားများဖြင့်သာ စတင်လေ့ ရှိသည်။

ထိုကဲ့သို့သော စစ်ပွဲများတွင် "တသားတည်းဖြစ်ခြင်း နယ်ပယ်" ဘိုးဘေးကြီးများ ဝင်ပါလေ့ မရှိဘဲ၊ အဆင့်မြင့်ဂိုဏ်းကြီးများကသာ အဓိက အင်အားစု အဖြစ် ပါဝင်ကြရသည်။

ထိုအချိန် ရောက်လျှင် ကမ္ဘာနှစ်ခု ဆက်သွားမည် ဖြစ်ပြီး၊ ကမ္ဘာငယ် အချို့သည် ကမ္ဘာနှစ်ခုကြားရှိ စစ်မြေပြင် လူသွားလမ်းများ အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

အင်မော်တယ် စုဝေးရာ မျှော်စင် အတွင်း၌...

နင်ချီသည် ရရှိထားသော သတင်းအချက်အလက် အားလုံးကို အသုံးချ၍ လူတိုင်းနှင့်အတူ တွက်ချက်မှုများ ပြုလုပ်လိုက်သည်။

ဝိညာဉ်ကမ္ဘာ စစ်ပွဲ အမှန်တကယ် စတင်ရန် အမြန်ဆုံး (၁၀) နှစ် သို့မဟုတ် (၂၀) နှစ်ခန့် ကြာဦးမည် ဖြစ်၏။

“ဒီနေ့ ကျွန်တော်တို့ တွေ့ဆုံရတဲ့ ရည်ရွယ်ချက်က နှစ်ခု ရှိပါတယ်... ပထမ တစ်ချက်က ဒီသတင်းစကားကို ပေးချင်လို့ပါ... ဒုတိယ တစ်ချက်ကတော့ တကယ်လို့ ပေ့ရွှမ်နယ်မြေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်လာခဲ့ရင်... ခင်ဗျားတို့နဲ့ ကျွန်တော် တပ်ရင်းတစ်ရင်းတည်း အတူတူ ကျလိမ့်မယ်... အဲဒီအချိန်ကျရင် မထိတ်လန့်ကြပါနဲ့...”

“တတိယ အချက် ကတော့...”

နင်ချီသည် လူတိုင်းကို ကြည့်ရင်း နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားကာ ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။

သူ၏ ဟန်ပန်ကို မြင်သည်နှင့် လူတိုင်း ချက်ချင်း သဘောပေါက်လိုက်ကြသည်။

နယ်မြေအရှင်သခင်က သူတို့၏ စွမ်းရည်ကို စမ်းသပ်လိုနေပြီ။

ထို့နောက်... နင်ချီသည် လူတိုင်းကို အကန့်အသတ်မဲ့ ဓားဂိုဏ်း အတွင်းရှိ ဂိုဏ်းချုပ်၏ သီးသန့် နယ်မြေတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။ ထိုနေရာတွင် ပြင်ပလူများ နှောင့်ယှက်ခြင်း မပြုနိုင်ပေ။

ပထမ ရည်ရွယ်ချက်မှာ သူတို့၏ စွမ်းရည်ကို စမ်းသပ်ရန် ဖြစ်ပြီး၊ ဒုတိယ ရည်ရွယ်ချက်မှာ အစစ်အမှန်သိုင်း ကမ္ဘာမှ လက်အောက်ငယ်သားများကို ပညာအလင်း ဖွင့်ပေးရန် ဖြစ်၏။

သူတို့သည် "ဉာဏ်အလင်း နယ်ပယ် သစ်ပင်" ၏ ကောင်းချီးကြောင့် ဉာဏ်ပညာ ထက်မြက်ကြသည် မှန်သော်လည်း၊ သာမန်လူများကို ကျော်တက်ရန် လွယ်ကူရုံမျှသာ ရှိသည်။

ယခု သူတို့သည် နေရာအနှံ့ ကွဲပြားနေကြသဖြင့် မိမိတို့နှင့် ဉာဏ်ပညာတူသူများနှင့် ဖလှယ်ခွင့် မရကြပေ။ သာမန် ကျင့်ကြံသူများကြားတွင်သာ နေထိုင်ရပါက တိုးတက်မှု နှေးကွေးနိုင်သည်ဟု နင်ချီ ယူဆသည်။

*

[စမ်းသပ်ကွင်းပြင်ဝယ်…]

နင်ချီက လှုပ်ရှားလိုက်သည်။

သူ့ပုံရိပ် ပျောက်ကွယ်သွားသည်။

လေထုက စုတ်ပြဲသွားတော့၏။

တဆက်တည်း၌၊ လက်သီးချက်တစ်ခု ကျွမ်းချန်၏ မျက်နှာရှေ့သို့ ရောက်လာ၏။

ကျွမ်းချန် လန့်ဖျပ်သွားသည်။

ကာကွယ်ရန် ကြိုးစားသည်။

"ဒုန်း..."

နောက်သို့ ဆယ်လှမ်းဆုတ်သွားရသည်။

ပိုင်ရှန် အခင်းအကျင်းတစ်ခု ခင်းလိုက်သည်။

နင်ချီ လက်ညှိုးတစ်ချောင်း ညွှန်ပြလိုက်သည်။

အခင်းအကျင်း ကွဲအက်သွားသည်။

"ဖောင်း..."

တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပေါ်လာ၏။

မြန်ဆန်သည်။

ပြတ်သားသည်။

ထိရောက်သည်။

တစ်ယောက်ပြီး တစ်ယောက် နင်ချီ၏ သင်ကြားမှုကို ခံယူလိုက်ရသည်။

ဖိအားအောက်တွင် သူတို့၏ မျက်လုံးများ အရောင်တောက်လာ၏။

နားမလည်ခဲ့သော အရာများ ရှင်းလင်းသွားသည်။

ဉာဏ်အလင်း ပွင့်သွားကြရတော့သည်။

နောက်ဆုံးတွင်... လူတိုင်း ကျေနပ်အားရစွာဖြင့် ပြန်သွားကြလေသည်။

နင်ချီလည်း ဂိုဏ်းချုပ် ခန်းမဆောင်သို့ ပြန်လာပြီး တွေးတော နေလိုက်သည်။

ဝိညာဉ်ကမ္ဘာ စစ်ပွဲ စတင်ခြင်းသည် တောင်နှင့် ပင်လယ် ကမ္ဘာရှိ သာမန် ဂိုဏ်းများအတွက် ကပ်ဘေး ဖြစ်သော်လည်း၊ အစစ်အမှန်သိုင်း ကမ္ဘာ အတွက်မူ အခွင့်အလမ်း တစ်ရပ် ဖြစ်ပေ၏။

"အန္တရာယ်ကြားက အခွင့်အလမ်း" ဆိုသလိုပင်... နယ်မြေအရှင်သခင် တစ်ယောက် အနေဖြင့် ဤဘေးအန္တရာယ်များကြားမှ အစစ်အမှန်သိုင်း ကမ္ဘာ ကြီးပွားတိုးတက်မည့် လမ်းစကို ရှာဖွေရပေမည်။

နင်ချီသည် အင်မော်တယ် ဂိုဏ်းကြီးများတွင် ရောက်ရှိနေသော ဝင်စားသူများကို ညွှန်ကြားချက် ပေးထားပြီး ဖြစ်၏။ "ကျယ်ပြောသော ကမ္ဘာ" ၏ တည်နေရာ ကိုသြဒီနိတ်များကို နည်းလမ်းပေါင်းစုံ သုံး၍ စုံစမ်းရန် ဖြစ်၏။

သူတို့သည် အင်မော်တယ် ဂိုဏ်းများတွင် ရာထူးကြီးများ ရယူထားကြသဖြင့်၊ စစ်ပွဲ မစမီ ရန်သူ့ကမ္ဘာ၏ တည်နေရာကို ကြိုတင် သိရှိနိုင်မည့် အခွင့်အရေး များစွာ ရှိသည်။

ထိုကိုသြဒီနိတ်များကို ရရှိသည်နှင့် တပြိုင်နက်... နင်ချီသည် အစစ်အမှန်သိုင်း ကမ္ဘာမှ လူတစ်စုကို ရွေးချယ်ပြီး ထို "ကျယ်ပြောသော ကမ္ဘာ" သို့ ဦးစွာ ပထမ သွားရောက် ဝင်စားစေမည်သာ။

ဝိညာဉ်ကမ္ဘာ စစ်ပွဲ အမှန်တကယ် ပေါက်ကွဲချိန်၌ ကမ္ဘာကြီးနှစ်ခု တိုက်ခိုက်နေစဉ်... နင်ချီသည် "ကျား နှစ်ကောင် ခိုက်ရန်ဖြစ်သည်ကို တောင်ပေါ်မှ ထိုင်ကြည့်နေသော မုဆိုး" ကဲ့သို့ အမြတ်ထုတ်ပေလိမ့်မည်။

ထိုအခွင့်အရေးကို အသုံးချ၍ အစစ်အမှန်သိုင်း ကမ္ဘာကို ဝိညာဉ်ကမ္ဘာ အဆင့်သို့ အမြန်ဆုံး ကြီးထွားလာအောင် သူ လုပ်ဆောင်ပါတော့မည်။

--

အခန်း (၆၄၂) - ဘိုးဘေးကြီး နှစ်ပါး (အပိုင်း ၃)

~အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အောင်ပွဲခံ အခမ်းအနားကြီး ပြီးဆုံးသွားတော့၏။

အရပ်ရပ်မှ ရောက်ရှိလာကြသော ဧည့်သည်တော်များလည်း အသီးသီး ပြန်သွားကြ‌လေပြီ။

တချိန်တည်းမှာပင်...

နင်ချီက သွေးမိစ္ဆာဂိုဏ်းကို အမြစ်ဖြတ် ချေမှုန်းလိုက်ကြောင်းနှင့် ယူဟွာ အဆင့်မြင့်ဂိုဏ်းမှ လူများကို သတ်ဖြတ်လိုက်ကြောင်း သတင်းသည် တောင်ပိုင်း အစစ်အမှန်နယ်မြေ တစ်ခုလုံးသို့ မွှေနှောက်.. ရိုက်ခတ်သွားလေသည်။

နယ်မြေတစ်ခုလုံး တုန်လှုပ်ချောက်ချား သွားကြသည်။

သတင်းကို ပထမဆုံး သိရှိသူမှာ သဘာဝကျကျပင် ယူဟွာ အဆင့်မြင့်ဂိုဏ်း ဖြစ်ပေ၏။

ဝိညာဉ် ခန်းမဆောင် အတွင်းရှိ "ဝိညာဉ်မီးအိမ်" များကို စောင့်ရှောက်ရသော အကြီးအကဲသည် နေရာတွင်ပင် အသက်ရှူရပ်မတတ် ဖြစ်သွားရသည်။

သူ့မျက်စိရှေ့မှောက်တွင် မီးအိမ် (၁၂) လုံး တိတိ ငြိမ်းသွားခဲ့၏။

ထိုအထဲတွင် အကြီးမားဆုံးနှင့် အတောက်ပဆုံး ဖြစ်သည့် "ပေါင်းစည်းခြင်း နယ်ပယ် နှောင်းပိုင်းအဆင့်" ဘိုးဘေးကြီး ယဲ့ဝူရှင်း ၏ မီးအိမ်ကြီးလည်း ပါဝင်နေ၏။

ထို့နောက်...

ယူဟွာ ဂိုဏ်းချုပ် ဖန်ရှန်တောင် သည် အကြီးအကဲများကို ခေါ်ယူ၍ အရေးပေါ် အစည်းအဝေး ကျင်းပလိုက်သည်။

ကနဦးတွင် အကြီးအကဲများသည် ထိုသတင်းကို မယုံကြည်နိုင်ကြပေ။

ဝိညာဉ်မီးအိမ် စောင့်ရှောက်သူ အကြီးအကဲကို အထပ်ထပ် မေးမြန်းကြသည်။

အတည်ပြုချက် ရရှိပြီးသော အခါမှသာ သူတို့၏ ရင်ထဲတွင် ထိတ်လန့်ခြင်း လှိုင်းလုံးကြီးများ ရိုက်ခတ်သွားကြတော့၏။

ဖန်ရှန်တောင်၏ မျက်နှာသည် မည်းမှောင်နေပြီး၊ လူအုပ်ကြီးကို စူးရှစွာ ဝေ့ဝဲ ကြည့်လိုက်သည်။

“ဘယ်သူလဲ... ငါ့ကို ပုံကြီးချဲ့တယ်လို့ ပြောခဲ့တဲ့သူ ဘယ်သူလဲ... အခု ယူဟွာဂိုဏ်းကြီးက ဒီလောက်ကြီးမားတဲ့ ဆုံးရှုံးမှုကို ရင်ဆိုင်လိုက်ရပြီ... ဒီတာဝန်ကို ဘယ်သူ ယူမှာလဲ...”

အကြီးအကဲများ နှုတ်ဆိတ်နေကြသည်။

တိတ်ဆိတ်ခြင်းများ ကြီးစိုးသွားပြီး၊ အားလုံး၏ အကြည့်များသည် ကန့်လန့်ကာ နောက်ကွယ်တွင် ထိုင်နေသော ပုဂ္ဂိုလ်ထံသို့သာ ရောက်ရှိသွားကြ၏။

ထိုပုဂ္ဂိုလ်ကား ယူဟွာ အဆင့်မြင့်ဂိုဏ်းတွင် ကျန်ရှိနေသေးသော "ပေါင်းစည်းခြင်း နယ်ပယ်" ဘိုးဘေးကြီး နှစ်ပါးအနက် တစ်ပါး ဖြစ်ပေ၏။

ပေါင်းစည်းခြင်း နယ်ပယ် တစ်ယောက် ကျဆုံးသွားမှတော့၊ ကျန်ရှိနေသော ဘိုးဘေးကြီး နှစ်ပါးသည် မည်သို့ လျစ်လျူရှု ထားနိုင်ပါမည်နည်း။

အကြီးအကဲ တစ်ယောက်က တုန်တုန်ရီရီဖြင့် မေးမြန်းလိုက်သည်။

“ဂိုဏ်းချုပ်... ညဘိုးဘေးကြီး နဲ့ တခြား အကြီးအကဲတွေက... တကယ်ပဲ အကန့်အသတ်မဲ့ ဓားဂိုဏ်း လက်ချက်နဲ့ ကျဆုံးသွားတာလား...”

ထိုသို့ မေးမြန်းခံရသောအခါ၊ ဖန်ရှန်တောင်က နှာခေါင်းရှုံ့လိုက်သည်။

“သတင်းက အတိအကျ ရောက်လာပြီးပြီပဲ... မှားနိုင်စရာ အကြောင်း ရှိလို့လား...”

မည်သူမျှ ဆက်မပြောရဲကြတော့။ သို့သော် အားလုံး၏ မျက်နှာတွင် ထိတ်လန့်မှုများ အထင်းသား ပေါ်လွင်နေရ၏။

လက်ခံရန် ခက်ခဲလွန်းလှသော်လည်း၊ လက်တွေ့ အမှန်တရားကို ငြင်းပယ်၍ မရပေ။

ဖန်ရှန်တောင် ပုံကြီးချဲ့သည်ဟု စွပ်စွဲခဲ့ဖူးသော အကြီးအကဲမှာမူ လိပ်တစ်ကောင်လို ခေါင်းကို ဝင်နိုင်သမျှ ဝင်အောင် ဝှက်ထားမိသည်။

ဂိုဏ်းချုပ်က သူ့ကို လက်ညှိုးထိုးပြီး အပြစ်ပေးမည်ကို ကြောက်ရွံ့နေသလို၊ ဘိုးဘေးကြီး၏ အငြိုးထားခြင်း ခံရမည်ကိုလည်း စိုးရိမ်နေ၏။

သို့သော်... ယူဟွာ အဆင့်မြင့်ဂိုဏ်း၏ အကြီးအကဲများ ထဲတွင် စစ်လိုလားသော သဘောထားတင်းမာသူများလည်း ရှိနေပေသေးသည်။

“ဂိုဏ်းချုပ်... ဒီလောက် နက်ရှိုင်းတဲ့ သွေးကြွေးကို... ဘိုးဘေးကြီး နှစ်ပါးလုံး ကြွချီပြီး အကန့်အသတ်မဲ့ ဓားဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းပစ်သင့်ပါတယ်...”

ဖန်ရှန်တောင်၏ မျက်နှာ ပို၍ မည်းမှောင်သွားသည်။ ပြောလိုက်သောသူကို စူးစူးဝါးဝါး.. ကြည့်လိုက်သည်။

တကယ်သာ ဖြစ်နိုင်မည် ဆိုလျှင် သူတို့ ဒီနေရာမှာ ထိုင်ပြီး ဆွေးနွေးနေကြပါဦးမည်လား။

ညဘိုးဘေးကြီး သည် "ပေါင်းစည်းခြင်း နယ်ပယ် နှောင်းပိုင်းအဆင့်" ရောက်နေသူ ဖြစ်ကြောင်း သတိပြုရမည်။ ဒါတောင်မှ သူက ဦးဆုံး ကျဆုံးသွားခဲ့ရသည်။

ယူဟွာ အဆင့်မြင့်ဂိုဏ်းတွင် ပေါင်းစည်းခြင်း နယ်ပယ် ဘယ်နှယောက် ရှိလို့လဲ။

စုစုပေါင်း သုံးယောက် ရှိရာတွင်၊ ယခု "နှောင်းပိုင်းအဆင့်" တစ်ယောက်နှင့် "ပြီးပြည့်စုံခြင်း အဆင့်" တစ်ယောက်သာ ကျန်ရှိတော့၏။

အကန့်အသတ်မဲ့ ဓားဂိုဏ်းကို လက်စားချေဖို့ မပြောနှင့်ဦး... သူတို့သာ အကုန်လုံး ထွက်သွားကြလျှင်၊ "နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်း" နှင့် "ကောင်းကင်တာရာ အဆင့်မြင့်ဂိုဏ်း" တို့က အခွင့်ကောင်းယူပြီး ကျောကို ဓားနှင့် ထိုးလျှင် မည်သို့ လုပ်ရမည်နည်း။

ထိုဂိုဏ်းနှစ်ဂိုဏ်းက မတိုက်ခိုက်ဘူး ဆိုလျှင်တောင်၊ ဘိုးဘေးကြီး နှစ်ပါးလုံး ထွက်သွားပြီး တစ်ခုခု ဖြစ်သွားခဲ့လျှင်၊ ယူဟွာ အဆင့်မြင့်ဂိုဏ်း၏ အဆင့်အတန်း တည်မြဲပါဦးမည်လား။

မကြာမီ ဖြစ်ပွားတော့မည့် ဝိညာဉ်ကမ္ဘာ စစ်ပွဲကို ထည့်တွက်လိုက်လျှင်၊ သူတို့ ယူဟွာ အဆင့်မြင့်ဂိုဏ်း အနေဖြင့် အမှားမခံနိုင်တော့ပေ။

“ဒါဆို ဒီအတိုင်းပဲ လွှတ်ထားလိုက်ရတော့မှာလား...”

လူတစ်ယောက်က မကျေမနပ် ရေရွတ်လိုက်သည်။

ထိုအချိန်တွင်... ကန့်လန့်ကာ နောက်ကွယ်မှ ဘိုးဘေးကြီးသည် နောက်ဆုံးတွင် နှုတ်ထွက်စကား ဆိုလိုက်လေသည်။

“ယူဟွာဂိုဏ်းသားတွေ... ငါ့အမိန့်ကို နာခံကြ...”

“ဟုတ်ကဲ့ပါ ဘိုးဘေးကြီး...”

“ဝိညာဉ်ကမ္ဘာ စစ်ပွဲ မစခင် အချိန်အတောအတွင်း... ဘယ်သူမှ ပြဿနာ မရှာကြနဲ့... အထူးသဖြင့် အကန့်အသတ်မဲ့ ဓားဂိုဏ်းနဲ့ ထိပ်တိုက် မတွေ့စေနဲ့...”

လူတိုင်း ထိုစကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်လိုက်ကြသည်။

ဘိုးဘေးကြီး၏ အသံသည် ငရဲမှ ထွက်ပေါ်လာသကဲ့သို့ အေးစက်ပြီး ထက်ရှလာ၏။

“ဝိညာဉ်ကမ္ဘာ စစ်ပွဲ စပြီ ဆိုတာနဲ့... တခြားဂိုဏ်းတွေနဲ့ မဟာမိတ်ဖွဲ့ပြီး အခွင့်အရေး ယူပြီးတော့... အကန့်အသတ်မဲ့ ဓားဂိုဏ်းသား အားလုံးကို မျိုးဖြုတ် သတ်ဖြတ်ပစ်ရမယ်...”

“အမိန့်အတိုင်းပါ...”

*ကောင်းကင်တာရာ အဆင့်မြင့်ဂိုဏ်း၌၊

သတင်း ကြားလိုက်ရသောအခါ အကြီးအကဲများ အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

ဂိုဏ်းချုပ် ရှထျန်းဟယ် ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ဖြတ်ပြေးသွားသော်လည်း၊ သက်ပြင်းချကာ စိတ်သက်သာရာ ရသွားသည့် ပုံစံလည်း ပေါက်နေ၏။

ကံကောင်းလိုက်လေခြင်း...။

သူ၏ ကနဦး ဆုံးဖြတ်ချက် မှန်ကန်ခဲ့သည်။ ယူဟွာ အဆင့်မြင့်ဂိုဏ်း လိုမျိုး ပေ့ရွှမ်နယ်မြေကို သွားပြီး ဗြောင်ကျကျ ပြဿနာ မရှာခဲ့မိသည်မှာ တော်သေးသည်။

ရှထျန်းဟယ်သည် ထိုသတင်းကို ဂိုဏ်း၏ ဘိုးဘေးကြီးများထံသို့လည်း ပေးပို့လိုက်သည်။

ဘိုးဘေးကြီးများသည် ထိတ်လန့်သွားကြသလို၊ ရယ်လည်း ရယ်လိုက်ကြသည်။

“ဒီတစ်ခါ ဝိညာဉ်ကမ္ဘာ စစ်ပွဲကျရင်... ယူဟွာဂိုဏ်းတော့ သွားပြီပဲ...”

နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်း၌မူ၊

အကန့်အသတ်မဲ့ ဓားဂိုဏ်းနှင့် ဆက်ဆံရေး ကောင်းမွန်သော ဂိုဏ်းဖြစ်သည့် အားလျော်စွာ၊ ဤသတင်းသည် နွားမိစ္ဆာများကို ထိတ်လန့်စေသလို စိတ်လှုပ်ရှား တက်ကြွစေပါသည်။

အထူးသဖြင့် နျူမန် ပင် ဖြစ်၏။

သူ့ပါးစပ်ကြီးက နားရွက်တက်ချိတ်မတတ် ပြုံးဖြဲနေ၏။

"ငါ့ညီလေးက ပေါင်းစည်းခြင်း နယ်ပယ် ရောက်သွားပြီ" ဆိုသည့် စကားမှသည်... "ငါ့ညီလေးက ပေါင်းစည်းခြင်း နယ်ပယ် ရောက်တာနဲ့ တစ်ဆင့်တည်းမှာ ပြိုင်ဘက်ကင်း ဖြစ်သွားပြီ... နှောင်းပိုင်းအဆင့်ကိုတောင် သတ်ပစ်လိုက်တယ်" ဟု ပြောင်းလဲ ကြွားဝါနေတော့၏။

သူ့ပါးစပ်ကြီးကို ပိတ်မရအောင် ဖြစ်နေပြီး၊ အခြား မိစ္ဆာသားရဲများက တားဆီး၍ပင် မရနိုင်တော့ပေ။

ဘိုးဘေးကြီး နျူတင်းထျန်က တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာပြီး၊ နျူမန်ကို မြေကြီးထဲသို့ မီတာ (၁၀၀) ခန့် မြုပ်ဝင်သွားအောင် ခွာဖြင့် နင်းချလိုက်မှသာ ငြိမ်ကျသွားတော့၏။

ထို့နောက်...

နျူတင်းထျန်၏ ပါးစပ်ကြီးကလည်း နားရွက်တက်ချိတ်မတတ် ပြုံးဖြဲသွားပြန်သည်။

သူ့ဘာသာ နှုတ်ခမ်းလှုပ်ရုံ ရေရွတ်လိုက်၏။

“ငါ့ညီလေးနင် က... တကယ်ကို ထူးခြားလွန်းပါလား...”

ထိုစဉ်က သူနှင့် နင်ချီ လက်ရည်စမ်းခဲ့ချိန်တွင်၊ နင်ချီသည် "ဟင်းလင်းပြင် လမ်းစဉ် ပြီးပြည့်စုံခြင်း အဆင့်" သာ ရှိသေးသည်။ သို့တိုင်အောင် သူသည် အနိုင်ရရှိရန် သူ့စွမ်းအား၏ (၃၀) ရာခိုင်နှုန်းခန့်ကို ထုတ်သုံးခဲ့ရသည်။

ထို့နောက် နျူတင်းထျန် သည် "ချုံနျုံ အလိုဆန္ဒ" ကို သန့်စင်သော နည်းလမ်းအား နင်ချီကို သင်ကြားပေးခဲ့သည်။

အပြန်အလှန် အနေဖြင့် သူသည် နင်ချီထံမှ "ချုံနျုံ နတ်ဘုရား ပုံသဏ္ဌာန်" ကို ရရှိခဲ့သည်။

နင်ချီသာ ပေါင်းစည်းခြင်း နယ်ပယ် သို့ ရောက်သွားပါက၊ အဆင့်ကျော် တိုက်ခိုက်နိုင်မည် ဆိုသည်ကို နျူတင်းထျန် ထိုစဉ်ကတည်းက သိထားပြီး ဖြစ်၏။

သို့သော် တံခါးပိတ်ရာမှ ထွက်လာလာချင်း ဤမျှ တုန်လှုပ်ဖွယ် သတင်းကို ကြားရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ညီလေးနင် က သူထင်ထားသည်ထက် ပိုမို ကြောက်စရာ ကောင်းနေ၏။ အဆင့်ကျော် တိုက်ခိုက်ရုံသာ မက၊ အဆင့်ကျော် သတ်ဖြတ်ခြင်းပါ ပြုလုပ်နိုင်သည် မဟုတ်ပါလား။

ဆယ်စုနှစ်များစွာ အတွင်း နျူတင်းထျန် သည် နင်ချီ ပေးလိုက်သော "ချုံနျုံ နတ်ဘုရား ပုံသဏ္ဌာန်" ကို လေ့လာရင်း တံခါးပိတ် ကျင့်ကြံနေခဲ့သည်။

လေ့လာလေ... ပို၍ အံ့ဩရလေ ဖြစ်၏။

နင်ချီသည် လူသား ကျင့်ကြံသူ တစ်ယောက် ဖြစ်ပါလျက်၊ အဘယ်ကြောင့် "ချုံနျုံ နတ်ဘုရား အလိုဆန္ဒ" ကို နွားမိစ္ဆာ စစ်စစ်ဖြစ်သော သူ့ထက် ပို၍ နားလည်နေရသနည်း။

လေ့လာတိုင်း ခံစားရသည်မှာ နင်ချီကသာ "ချုံနျုံ" အစစ် ဖြစ်ပြီး၊ သူကသာ ပုံသဏ္ဌာန် ရှိပြီး အနှစ်သာရ မရှိသော အတုအယောင် ဖြစ်နေသကဲ့သို့ ခံစားရသည်။

ထို့နောက် နျူတင်းထျန် သည် နျူမန် ကို ခေါ်ဆောင်၍ အကန့်အသတ်မဲ့ ဓားဂိုဏ်းသို့ ထွက်ခွာလာခဲ့သည်။

သူတို့ ရောက်ရှိလာခြင်းသည် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ဂုဏ်သိက္ခာကို ပိုမို မြှင့်တင်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

အကန့်အသတ်မဲ့ ဓားဂိုဏ်း အတွင်း၌

နျူတင်းထျန် သည် နင်ချီနှင့် တွေ့ဆုံသောအခါ၊ သူ၏ နွားခေါင်းကြီးကို မဲ့ရွဲ့ပြလိုက်ပြီး စိတ်ဆိုးသလို ပြောလိုက်သည်။

“ညီလေးနင်... မင်းက ငါတို့ကို လူစိမ်းတွေလို သဘောထားတာပဲကွာ... ယူဟွာဂိုဏ်းက ပေါင်းစည်းခြင်း နယ်ပယ် စွမ်းအားရှင် လွှတ်ပြီး လာတိုက်တာတောင်... မင်းက ငါတို့ နွားမိစ္ဆာဂိုဏ်းကို အကြောင်းမကြားဘူး... ငါသာ တံခါးပိတ် ကျင့်ကြံမနေရင် သေချာပေါက် လာကူညီမှာပေါ့...”

နင်ချီမှာ..ရုတ်တရက် သဘောပေါက် နားလည်သွာရသည်။

[Tn - ရှင်းလင်းချက်များ]

*"ဝိညာဉ်မီးအိမ်" - ဂိုဏ်းသားတစ်ဦး၏ အသက်ရှင်သန်မှုကို ပြသသော မီးအိမ်။ သေဆုံးပါက မီးငြိမ်းသွားပါသည်။

* "ချုံနျုံ" - ဒဏ္ဍာရီလာ နဂါးကိုးကောင်အနက် တစ်ကောင် ဖြစ်၏။ ဂီတကို မြတ်နိုးသော နဂါးဟု ဆိုကြပါသည်။

* "ချုံနျုံ နတ်ဘုရား ပုံသဏ္ဌာန်" - ချုံနျုံ၏ ပုံရိပ်ကို ဖော်ဆောင်သော သိုင်းပညာ သို့မဟုတ် ကျင့်စဉ် ဖြစ်ပါသည်။

All Chapters