← Chapters

အခန်း (၂၆၀)

Vol. 24 Ch. 260

အခန်း (၂၆၀)

Vol. 24 Ch. 260

📝အပိုင်း - ၂၆၀

ဘာသာပြန် - Na Gar🐉

သူ့ရဲ့ ခန္ဓာကိုယ်မှာ ဖော်ပြလို့မရနိုင်တဲ့ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေ စွဲကပ်နေခဲ့တာ ကြာပါပြီ။

ဒါပေမဲ့ တုံ့ဆိုင်းနေတဲ့ မိန်းကလေးငယ်လေးဟာ ခဏလေးပဲ စဉ်းစားပြီးတာနဲ့ သူ့ဆီကို ခြေလှမ်းကျဲကျဲလေးတွေနဲ့ အပြေးအလွှား လျှောက်လာခဲ့ပါတယ်။

ချန်ဆန်းရှီ က သူမကို မြင်းပေါ် ပွေ့တင်ပေးလိုက်ရင်း "မြင်းစီးဖူးလား"

"မစီးဖူးဘူး ရှင့်"

"သမီးနာမည်က ဘယ်လိုခေါ်လဲလဲ"

"သမီးနာမည်က... ယွမ်ရှီး လို့ ခေါ်ပါတယ်"

"သမီးရဲ့ မျိုးရိုးက ဘာလဲ"

"ဖေဖေ ရဲ့ မျိုးရိုးက ဘာလဲဟင်"

"ဖေဖေက 'ချန်' မျိုးရိုးပဲ"

"ဒါဆို သမီးလည်း... သမီးလည်း ချန်ယွမ်ရှီး လို့ပဲ ခေါ်ပါတော့မယ်"

"..."

"ယွမ်ရှီး... အဲဒီ ကြွက်သေကြီးကို လွှင့်ပစ်လိုက်တော့"

"ဒါပေမဲ့..."

"ဖေဖေ့ဆီမှာ သမီးစားဖို့ အသားခြောက်တွေနဲ့ မုန့်ဖုတ်တွေ ရှိတယ်"

"ဟုတ်ကဲ့ပါ"

"..."

"ဖေဖေ... သမီးတို့ကို ဘယ်ကို သွားကြမှာလဲ"

"ဖေဖေ သမီးကို ပြောပြီးပြီလေ၊ ဖေဖေတို့ အိမ်ပြန်ကြမယ့်လို့"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဖေဖေ။ သမီးမှာ မေမေရော ရှိလားဟင်"

"ရှိတာပေါ့ ဖေဖေ့ရဲ့ တွက်ချက်မှုအရဆိုရင်တော့ သမီးက မကြာခင်မှာ အစ်မကြီး ဖြစ်တော့မှာ"

...

အောက်တိုဘာလ ၂၂ ရက်။

စစ်ပွဲရဲ့ မီးလျှံတွေဟာ သုံးလတိုင်တိုင် တောက်လောင်နေခဲ့ပြီး၊ အိမ်ကလာတဲ့ စာတစ်စောင်ဟာ ရွှေတစ်သောင်းထက်တောင် တန်ဖိုးရှိနေပါပြီ။

လျန်ကျိုး..

ချန်အိမ်တော်

"အား——"

အိပ်ခန်းထဲကနေ ပြင်းထန်တဲ့ ဝေဒနာကြောင့် အော်ဟစ်ရုန်းကန်သံတွေ ထွက်ပေါ်နေပါတယ်။

"ယား ယား ယား"

စီချင် နဲ့ မိုဟွာ တို့ကပြာပြာသလဲ ဖြစ်နေကြပါတယ် "ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လိုလုပ်ကြမလဲ"

"မင်းတို့ ဘာတွေ အော်နေကြတာလဲ"

လျန်ကျိုးမြို့ရဲ့ အတော်ဆုံး သားဖွားဆရာမက စိတ်မရှည်စွာ ပြောလိုက်

တယ် "အကုန်လုံး အဆင်ပြေနေတာကို၊ မင်းတို့ အော်နေတော့ ငါ ခေါင်းကို ကိုက်လာတာပဲ၊ အပြင်ထွက်ကြစမ်း၊ အားလုံး ထွက်သွား ဆွန် မိန်းကလေး... မင်းလည်း အပြင်ထွက်"

"ဪ... ဟုတ်ကဲ့ပါ"

ဆွန်လီကအခြေအနေကို သဘောပေါက်ပြီး အစေခံမိန်းကလေး နှစ်ယောက်ကို အခန်းအပြင်ဘက်ကို ခေါ်ထုတ်သွားပါတယ်။

"ဒေါက် ဒေါက် ဒေါက်——"

သူတို့တွေ အတွင်းဆောင်ကနေ အရှေ့ဘက်ကို ရောက်လာတဲ့အခါမှာတော့ တစ်စုံတစ်ယောက်က တံခါးကို အတင်းအဓမ္မ လာခေါက်နေတဲ့ အသံကို ကြားလိုက်ရပါတယ်။

ဆွန်လီ တံခါးဖွင့်လိုက်တဲ့အခါမှာတော့ အပြင်မှာ ရှိနေသူက ဆွန်ပုချီ ဖြစ်နေပါတယ်။

"အစ်မ"

"အောင်ပွဲသတင်း အောင်ပွဲသတင်း ရောက်လာပြီ"

ဆွန်ပုချီကအလွန်အမင်း ဝမ်းသာအားရ ဖြစ်နေပြီး "အစ်မ... ကျွန်တော့်ရဲ့ ယောက်ဖ... မဟုတ်သေးပါဘူး၊ ချန်ဆန်းရှီ နဲ့ တခြားလူတွေ ပြန်လာကြပြီပြောရရင်တော့... ကိုယ်တိုင်ပဲ ဖတ်ကြည့်လိုက်ပါတော့"

ဆွန်လီက သတင်းစာလွှာကို အလျင်အမြန် ဖတ်လိုက်ရာ သူမရဲ့ မျက်လုံးတွေထဲမှာ ဖော်ပြရခက်တဲ့ ရှုပ်ထွေးတဲ့ ခံစားချက်တွေ ထင်ဟပ်သွားပါတယ်။

"ဒါကမယုံနိုင်စရာပဲ တကယ့်ကို မယုံနိုင်စရာပဲ"

ဆွန်ပုချီက စိတ်လှုပ်ရှားစွာနဲ့ ဟိုခုန်ဒီခုန် လုပ်နေရင်း "ဟုန်ကျီမြစ်ကို လေးကြိမ်တိုင်တိုင် ဖြတ်ကျော်ခဲ့တာတဲ့၊ အစ်မ နားလည်လားအစ်မ နားမလည်ပါဘူး ကျွန်တော် အကုန်လုံးကို လေ့လာပြီးပြီ၊ နောက်ကျရင် အစ်မကို သေချာ ပုံဆွဲပြီး ရှင်းပြမယ် ဒီတစ်ခါတော့ ချန်ဆန်းရှီရဲ့ နာမည်ဟာ လျန်ကျိုးမှာတင် မဟုတ်ဘဲ ဒါရှန် အင်ပါယာ တစ်ခုလုံး၊ မဟုတ်ဘူး... တစ်လောကလုံးမှာ နာမည်ကြီးသွားပြီ ဒုန်ချင်း၊ မြောက်ဘက်လူရိုင်းတွေကအစ ဒီနာမည်ကို မှတ်မိနေကြတော့မှာ"

"သူတို့ ဘယ်မှာလဲ"

ဆွန်လီက မေးလိုက်တယ် "သူတို့ ပြန်ရောက်နေပြီလား"

"မကြာခင် ရောက်တော့မယ်၊ ဒီနေ့ပဲ ရောက်မှာ"

ဆွန်ပုချီက တောင်ဘက်မြို့တံခါးဘက်ကို လက်ညှိုးထိုးပြရင်း"လူတိုင်း အဲဒီမှာ စောင့်နေကြတယ်"

"သွားရအောင်၊ သွားကြည့်ကြမယ်"

ဆွန်လီက မြင်းတွေကို ခေါ်ထုတ်လာပါတယ်။

မြို့တံခါးကို သွားတဲ့လမ်းမှာ မောင်နှမနှစ်ယောက်ဟာ နီရောင်လက်မျှော်စင်က လာတဲ့ ရထားလုံးတစ်စီးနဲ့လည်း ဆုံခဲ့ပါသေးတယ်။

"အစ်မ... ဟိုမှာ နီရောင်လက်မျှော်စင်က ပြည့်တန်ဆာမ မဟုတ်လား"

ဆွန်ပုချီက ဒေါသတကြီးနဲ့ "သူက ဘာလို့ ဒီပျော်စရာပွဲထဲကို လာပါဝင်နေရတာလဲ"

...

တောရိုင်းမြေပြင်..

ကုန်းမြင့်တစ်ခုပေါ်ကို တက်ပြီးတဲ့နောက်မှာတော့ လူတိုင်းရဲ့ မျက်စိအဆုံးမှာ တောရိုင်းမြေပြင်အလယ်မှာ ဝပ်စင်းနေတဲ့ သားရဲကြီးတစ်ကောင်လို မြို့တော်ကြီးကို မြင်လိုက်ရပါပြီ။

လျန်ကျိုးမြို့..

ငါတို့ ပြန်ရောက်ပြီ။

ဒီစစ်ပွဲရဲ့ အဓိက အောင်မြင်မှုရှင်အနေနဲ့ ချန်ဆန်းရှီ ဟာ တပ်ဦးကနေ သူ့ရဲ့ ရှောင်ရှင်းကို စီးပြီး ချီတက်လာပါတယ်။ သူ့ရဲ့ ရင်ခွင်ထဲမှာတော့ အိပ်ငိုက်နေတဲ့ ချန်ယွမ်ရှီး လေးကို ပွေ့ထားပြီး၊ ကလေးမလေး သက်သောင့်သက်သာ ဖြစ်စေဖို့အတွက် သူဟာ သံချပ်ကာကိုတောင် ဝတ်မထားပါဘူး။

[စွမ်းရည် - မြင်းစီးအတတ် (အသေးစား အောင်မြင်မှု့)]

[တိုးတက်မှု့ - (၈၅၅ / ၂၀၀၀)]

[စွမ်းရည် - မြှားပစ်အတတ် (ကြီးမားသော အောင်မြင်မှု့)]

[တိုးတက်မှု့ - (၁၂၅၀ / ၂၀၀၀)]

[သိုင်းပညာ - တိုင်းပြည်စောင့်နဂါးလှံ(အသေးစား အောင်မြင်မှု့)]

[တိုးတက်မှု့ - ၁၄၅၅ / ၂၀၀၀]

သူ့မှာ ပါလာသမျှ ဆေးဝါးတန်ဖိုးကြီးတွေကို စားသုံးခဲ့တာကြောင့် သတင်းကောင်းကတော့ ဟွာကျင်း အဆင့်ဟာ နောက်ထပ် တစ်လ၊ နှစ်လအတွင်းမှာ ကြီးမားသော အောင်မြင်မှု အဆင့်ကို ရောက်တော့မှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ မဟာသွေးကြောအဆင့် ကို ဖောက်ထွက်

နိုင်ဖို့နဲ့ နက်နဲပုံရိပ်အဆင့်ကို အမြန်ဆုံး ရောက်ရှိဖို့ အစွမ်းကုန် ကြိုးစားရမှာပါ။

[မန္တန် - ဓားချီမန္တန် (အခြေခံအဆင့်)]

[တိုးတက်မှု့ - ၁၃၅ / ၅၀၀]

ဝိညာဉ်သဲတွေ အကုန်ကုန်သွားပြီး ကျွမ်းကျင်မှုကလည်း တိုးတက်မှု သိပ်မရှိတာကြောင့် ချန်ဆန်းရှီဟာ လောလောဆယ်မှာ မှော်အတတ်တွေကို မသုံးနိုင်သေးပါဘူး။ အခြေအနေတွေ ငြိမ်သက်သွားတာနဲ့ စီယွင်ဘုရားကျောင်း က အမွှေးတိုင်အိုးကို အမြန်ဆုံး ရယူရပါလိမ့်မယ်။

လော့ထျန်တောင်တန်းကြီးရဲ့ အနက်ရှိုင်းဆုံးနေရာကို ဆက်လက်ရှာဖွေဖို့၊ မင်ပြည်နယ်က မိစ္စာဂိုဏ်းရဲ့ ပြဿနာတွေကို စုံစမ်းဖို့နဲ့ မြှားလုပ်ဖို့ ကုန်ကြမ်းတွေ ပြင်ဆင်ဖို့...

ဒါတွေက သူ့ရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စတွေပါ။ ဒါပေမဲ့ စစ်ရေးကိစ္စတွေမှာတော့ နောက်နှစ်မှာ မြက်ခင်းပြင်က လူရိုင်းတွေကို တိုက်ခိုက်ရမယ့် စစ်ပွဲကြီး ရှိနေပါသေးတယ်။ အဲဒါက မင်ပြည်နယ် စစ်ပွဲထက် ပိုမိုကြီးမားသလို ပိုပြီးတော့လည်း အန္တရာယ်များပါတယ်။

မင်ပြည်နယ်မှာတုန်းကတော့ သူဟာ အဆင့်မြင့် သိုင်းပညာရှင်တွေနဲ့ ထိပ်တိုက် မတွေ့ခဲ့ရပါဘူး။ ဒါပေမဲ့ ရန်သူ့နယ်မြေထဲအထိ သွားတိုက်မယ်ဆိုရင်တော့ အဆင့်မြင့် သိုင်းပညာရှင်တွေနဲ့ သေချာပေါက် ရင်ဆိုင်ရမှာပါ။

ဒါကြောင့် သူဟာ သူ့ရဲ့ အစွမ်းကို အမြန်ဆုံး မြှင့်တင်ရပါမယ်။

မဟာသွေးကြောအဆင့်တင် မလုံလောက်ပါဘူး၊ လူရိုင်းတွေကို သွားမတိုက်ခင်မှာ နက်နဲပုံရိပ်အဆင့်ကို ရောက်နေတာက အကောင်းဆုံးပါပဲ။

ပထမတော့ သိပ်မများဘူးလို့ ထင်ရပေမဲ့ သေချာတွက်ကြည့်လိုက်တော့ လုပ်စရာတွေက အပုံလိုက်ပါပဲ၊ အနားယူဖို့ အချိန်တောင် မရှိပါဘူး...

"ဖေဖေ... ရောက်ပြီလားဟင်"

ချန်ယွမ်ရှီးလေး နိုးလာပြီး ဝေဝေဝါးဝါးနဲ့ မေးလိုက်ပါတယ်။

လျန်ကျိုးကို ပြန်လာတဲ့လမ်းမှာ ချန်ဆန်းရှီကခရိုင်မြို့တော်မှာ နှစ်ရက်လောက် အထူးနားခဲ့ပြီး သူ့ရဲ့ သမီးလေးကို ရေချိုးပေးတာ၊ အဝတ်အစားသစ်လေးတွေ လဲပေးတာတွေ လုပ်ပေးခဲ့ပါတယ်။ ကလေးမလေးဟာ အရမ်းလိမ္မာပြီး ချစ်စရာကောင်းပေမဲ့ အာဟာရချို့တဲ့နေတာကြောင့် အနည်းငယ် ပိန်လှီနေပါသေးတယ်။

"ရောက်ပြီ"

ချန်ဆန်းရှီက သူ့ရဲ့ မြင်းနှင်တံနဲ့ ရှေ့ကို ညွှန်ပြလိုက်ရင်း "ဟိုမှာ ဖေဖေတို့ အိမ်ရှိတယ်"

"ဖေဖေ... သူတို့ ဘာတွေ သီချင်းဆိုနေကြတာလဲ"

"အောင်ပွဲခံ သီချင်းတွေလေ"

...

မင်ပြည်နယ် ပုန်ကန်မှုကို နှိမ်နင်းခဲ့တဲ့ စစ်တပ်ကြီးဟာ အောင်ပွဲနဲ့အတူ ပြန်လာခဲ့ပါပြီ။ အနောက်ချီ နိုင်ငံကိုလည်း အကြီးအကျယ် ရှုံးနိမ့်စေခဲ့တာကြောင့် ပျော်ရွှင်စရာ အကြောင်းရင်းတွေ ရှိနေတာပေါ့။

လျန်ကျိုးမြို့က အရာရှိကြီးငယ်တွေဟာ သူတို့ကို ကြိုဆိုဖို့ မြို့ပြင်ကို ထွက်လာကြပါတယ်။ မိုင် ၂၀ အကွာကတည်းက ကြိုဆိုရေး အဖွဲ့တွေနဲ့ စားသောက်ပွဲ စားပွဲဝိုင်းတွေကို မြင်နေရပါပြီ။

ဖေးထျန်းနန် နဲ့ သခင်ကြီးဟောက်တို့ကတော့ ရှေ့ဆုံးကနေ စောင့်နေကြပါတယ်။

လူကျီနဲ့ တခြားလူတွေကတော့ နောက်မှာ ကျန်နေခဲ့ပြီး နောက်ထပ် ရက်အနည်းငယ်ကြာမှ တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာကြမှာပါ။

ချန်ဆန်းရှီဟာ ဒီစစ်ပွဲရဲ့ သေနာပတိ မဟုတ်ပေမဲ့ လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံနေရသူ ဖြစ်ပါတယ်။

"ဗိုလ်ချုပ်ချန်"

သခင်ကြီးဟောက်က ဝိုင်ခွက်တစ်ခွက်နဲ့ အနားကို ချဉ်းကပ်လာပြီး "ခင်ဗျားရဲ့ စွမ်းဆောင်ချက်တွေကို ကျွန်တော်တို့ ကြားသိရပါတယ်။ ဒီစစ်ပွဲကို ခင်ဗျား တိုက်ခိုက်ပုံက တကယ့်ကို အရင်က မရှိဖူးသေးသလို နောက်လည်း ရှိလာဦးမှာ မဟုတ်ပါဘူး၊ ကျွန်တော် တကယ့်ကို အံ့သြချီးကျူးမိပါတယ်"

"ဟုတ်ပါတယ်"

ဖေးထျန်းနန်က သိပ်အများကြီး မပြောပါဘူး "မင်းသား နဲ့ တခြားလူတွေ ဘယ်မှာလဲ"

ချောင်ဖန် နဲ့ ရှာဝမ်လုံ တို့ကို ပြောတာပါ။ သူတို့ဟာ စစ်ပွဲရဲ့ နောက်ဆုံးအဆင့်မှာ ဓားတံခါးချိုင့်ဝှမ်းနားမှာ လူကျီတို့ဆီကနေ ကယ်တင်ခြင်း ခံခဲ့ရပြီး လိပ်နက်တပ်စခန်း နဲ့အတူ အောင်မြင်မှု အနည်းငယ် ရရှိခဲ့ကြသူတွေပါ။

"မင်းသားက နောက်မှာ ကျန်ခဲ့တယ်"

ချန်ဆန်းရှီက အေးစက်စက်ပဲ ပြောလိုက်ပါတယ်။

ချောင်ဖန်ဟာ စစ်မြေပြင်မှာ သူ့ကို နောက်ကျောကနေ အကြိမ်ကြိမ် ဓားနဲ့ထိုးဖို့ ကြိုးစားခဲ့တာကို သူ လုံးဝ မမေ့ပါဘူး။ ဒါတွေကို ချောင်ဖန်က အထင်အရှား လုပ်ခဲ့တာပါ အားလုံးက သိနေပေမဲ့ ဘာမှလုပ်လို့မရဘဲ "စစ်ဗျူဟာ အမှားအယွင်း" လို့ပဲ ခေါင်းစဉ်တပ်လို့ ရတာမျိုးပါ။

All Chapters