အခန်း (၂၆၁)
Vol. 24 Ch. 261
📝အပိုင်း - ၂၆၁
ဘာသာပြန် - Na Gar🐉
တကယ်တော့ ဒီစစ်ပွဲရဲ့ အမှားအယွင်း အပြစ်အားလုံးဟာ သေဆုံးသွားတဲ့ တုန်အန်း ရဲ့ ပုခုံးပေါ်ကိုပဲ ပုံကျသွားတာက ရယ်စရာပါပဲ။
နန်းတွင်းရဲ့ ရည်ရွယ်ချက်ကတော့ ဒီစစ်ဆင်ရေးမှာ ဖြစ်ပျက်ခဲ့တဲ့ ရှုံးနိမ့်မှုအားလုံးကို ဘယ်စစ်သူကြီးတွေရဲ့ အပြစ်လို့မှ သတ်မှတ်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဂေါင်ပေါ် တို့ရဲ့ စစ်ဝန်ကြီးဌာနကိုယ်တိုင်တောင် တုန်အန်း သစ္စာဖောက်မယ်လို့ မမျှော်လင့်ထားခဲ့ကြလို့ပါ။ မင်ပြည်နယ် ပုန်ကန်သူတွေဟာ အညံ့ခံပြီးတဲ့နောက်မှာလည်း အကုန်လုံး အသတ်ခံရမှာ မဟုတ်ပါဘူး။ အလွန်ဆုံးမှ အချို့ကိုပဲ ကွပ်မျက်ပြီး ကျန်တဲ့လူတွေကိုတော့ တခြားပြည်နယ် စစ်တပ်တွေထဲကို ခွဲထုတ်ပြီး ပေါင်းစပ်ပစ်မှာ ဖြစ်ပါတယ်။ လူပေါင်း ခုနစ်သောင်း၊ ရှစ်သောင်းလောက်ကို အစုလိုက်အပြုံလိုက် ကွပ်မျက်ပစ်မယ်ဆိုရင် ဒါဟာ ဒါရှန် အင်ပါယာအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်သွားမှာပါ။
"ကျေးဇူးအများကြီးတင်ပါတယ် ဗိုလ်ချုပ်ချန်"
သတင်းရပြီးနောက်မှာတော့ ဖေးထျန်းနန် ဟာ မင်းသားကို သွားရောက်ရှာဖွေဖို့ ထွက်ခွာသွားပါတယ်။
သခင်ကြီးဟောက် တိုက်တဲ့ ဝိုင်ကို သောက်ပြီးတဲ့နောက်မှာတော့ ချန်ဆန်းရှီ ဟာ မြင်းကို ဆက်စီးလာခဲ့ပါတယ်။
မြို့တံခါးနားမှာတော့ သောင်းနဲ့ချီတဲ့ အရပ်သားပြည်သူတွေဟာ တောင်ကုန်းတောင်တန်းတွေအထိ ပြည့်လျှံနေအောင် စောင့်ကြိုနေကြပါတယ်။ သူတို့ဟာ အောင်ပွဲခံသီချင်းသံတွေကို နားထောင်ရင်း၊ ခြေဖျားထောက်ပြီး စစ်ကြောင်းတွေကြားထဲမှာ သူတို့ရဲ့ ခင်ပွန်း၊ သား ဒါမှမဟုတ် ဖခင်တွေကို လိုက်ရှာနေကြပါတယ်။ အချို့ကတော့ သူတို့ရဲ့ မိသားစုဝင်တွေ အောင်မြင်စွာ ပြန်လာတာကို တွေ့ရတဲ့အခါ ဝမ်းသာမျက်ရည်တွေနဲ့ ကြိုဆိုကြပေမဲ့၊ အချို့ကတော့ စစ်တပ်ကြီးတစ်ခုလုံး မြို့ထဲဝင်သွားတဲ့အထိ ကိုယ်တိုင်နဲ့ ရင်းနှီးတဲ့သူတွေကို မတွေ့ရတော့ပါဘူး။ နောက်ဆုံးမှ ပါလာတဲ့ အလောင်းတင်ရထားတွေကို မြင်ရတဲ့အခါမှာတော့ သူတို့ရဲ့ ခံစားချက်တွေကို မထိန်းနိုင်တော့ဘဲ ငိုယိုအော်ဟစ်ပြီး အလောင်းတွေကို လိုက်လံတောင်းခံနေကြပါတယ်။
အချို့မိသားစုတွေအတွက် ပျော်ရွှင်စရာ အချိန်ဖြစ်ပေမဲ့၊ အချို့အတွက်တော့ ဝမ်းနည်းစရာ အချိန်ပါပဲ။ ဆောင်းဦးရာသီဟာ ဝမ်းနည်းခြင်းတွေကို ယူဆောင်လာပြီး တစ်ယောက်နဲ့တစ်ယောက် ခံစားရတဲ့ အအေးဒဏ်ကတော့ မတူညီကြပါဘူး။
"လူတစ်ယောက်ရဲ့ အောင်မြင်မှုနောက်ကွယ်မှာ အရိုးစုတွေဟာ ပင်လယ်ပြင်လိုပုံနေပြီး၊ မြောက်ပိုင်းလျန်ကျိုးရဲ့ သင်္ချိုင်းဟောင်းတွေမှာ အလောင်းသစ်တွေ ထပ်တိုးလာပြန်ပြီ"
"ဆန်းရှီ"
"ညီငယ်လေး"
အမျိုးသားနဲ့ အမျိုးသမီး အသံတွေ ရောယှက်ထွက်ပေါ်လာပါတယ်။
ဆွန်ပုချိီ နဲ့ ဆွန်လီ တို့ဟာ တစ်ပြိုင်တည်း အော်ဟစ်လိုက်ကြတာပါ။
"ပုချိီ... စီနီယာအစ်မ"
ချန်ဆန်းရှီက ပြုံးပြလိုက်ပြီး "ခင်ဗျားတို့လည်း လာကြတာလား"
"မင်းက တကယ့်ကို ရက်စက်တာပဲ"
ဆွန်ပုချိီက အထင်ကြီးလေးစားစွာနဲ့ "တစ်နှစ်နီးပါးလောက် ရှိပြီ၊ ငါတို့အားလုံး မင်းသေပြီလို့ ထင်နေတာ။ ဒါပေမဲ့ ကြည့်စမ်း... မင်းက အသက်
ရှင်နေရုံတင်မကဘဲ ဒီလောက်ကြီးမားတဲ့ အောင်မြင်မှုကြီးကို လုပ်လိုက်
နိုင်တာပဲ"
"ဂုဏ်ယူပါတယ် မောင်ငယ်လေး"
ဆွန်လီရဲ့ ပုံမှန် အေးစက်နေတဲ့ အသံဟာ သိသိသာသာ နွေးထွေးသွားပါတယ် "ဒီတိုက်ပွဲပြီးရင်တော့ မင်းက တစ်လောကလုံးကို တုန်လှုပ်စေသူ ဖြစ်လာတော့မှာပဲ"
"ဟေ့~"
ဆွန်ပုချီက ချန်ဆန်းရှီ ရင်ခွင်ထဲက ကလေးမလေးကို သတိထားမိသွားပြီး "ဆန်းရှီ... ဒီကလေးမလေးကို ဘယ်က ကောက်ရလာတာလဲ"
"ဖေဖေ... သမီး သူတို့ကို ဘယ်လိုခေါ်ရမလဲဟင်"ကလေးမလေးက ချန်ဆန်းရှီရဲ့ အင်္ကျီစကို အသာလေးဆွဲရင်း စိုးရိမ်တကြီး မေးလိုက်ပါတယ်။
'ဖေဖေ'
'ဘယ်လောက်တောင် ကြာသေးလို့လဲ'
ဆွန်ပုချီ"?"
ဆွန်လီ"?"
"သူတို့ နှစ်ယောက်လုံးက သမီးရဲ့ဆရာတွေ ပဲ"
ချန်ဆန်းရှီက မိတ်ဆက်ပေးလိုက်တယ်"မကြောက်နဲ့နော်"
"ရှီးရှီးက ဆရာသခင်တို့ကို နှုတ်ဆက်ပါတယ်"
ချန်ယွမ်ရှီးလေးက တိုးတိုးလေး ခေါ်လိုက်ပါတယ်။
"အင်း... လိမ္မာတယ်..."
ဆွန်လီ သတိပြန်ဝင်လာပြီး ချန်ယွမ်ရှီးရဲ့ ခေါင်းလေးကို အသာအယာ ပွတ်ပေးလိုက်ပါတယ်။
သူတို့ ခဏလောက် စဉ်းစားကြည့်တာနဲ့တင် သိလိုက်ပါပြီ။ သူ ထွက်သွားတာ တစ်နှစ်ပဲ ရှိသေးတာ၊ ဒီလောက် အသက် ၅ နှစ်၊ ၆ နှစ်အရွယ် ကလေးရှိဖို့ မဖြစ်နိုင်ပါဘူး။ ဒါဟာ သေချာပေါက် ပရမ်းပတာ ဖြစ်နေတဲ့ နေရာတစ်ခုကနေ သူ ကောက်ရလာတဲ့ မိဘမဲ့ကလေးပဲ ဖြစ်ရပါမယ်။ သူတို့ရဲ့ အစ်ကိုကြီး အရင်က ဖြစ်ခဲ့သလိုမျိုးပေါ့။
"အစ်မလန်ဘယ်မှာလဲ"
ချန်ဆန်းရှီက မေးလိုက်တယ် "သူ အခြေအနေ ဘယ်လိုရှိလဲ"
"ရှင် မြန်မြန်ပြန်တာ ကောင်းမယ်"
ဆွန်လီက ပြောတယ် "အချိန်တွက်ကြည့်ရင် ငါ့ရဲ့ တူလေးက အခုလောက်ဆို မွေးနေလောက်ပြီ။ ပြီးတော့ ရှင် အသက်ရှင်နေတယ်ဆိုတာကိုလည်း ငါတို့ သူ့ကို ပြောပြဖို့ အခွင့်အရေး မရသေးဘူး"
"ဒုန်း ဒုန်း——"
စကားပြောလို့ မဆုံးခင်မှာပဲ ချန်ဆန်းရှီဟာ ရှောင်ရှင်း ကို ဒုန်းစိုင်းနှင်လိုက်တာ မျက်စိတစ်မှိတ်အတွင်းမှာ ပျောက်ကွယ်သွားပါတော့တယ်။
...
ချန်အိမ်တော်
"ဝဲ... ဝဲ..."
ကျယ်လောင်တဲ့ အော်သံနဲ့အတူ မွေးကင်းစ ကလေးငယ်လေးတစ်ဦး လောကထဲကို ရောက်ရှိလာပါတယ်။
မျက်နှာလေး ဖြူဖျော့နေတဲ့ ဂူရှင်းလန်ဟာ ကလေးကို ရင်ခွင်ထဲမှာ ပွေ့ထားရင်း မျက်လုံးတွေက နီမြန်းနေပါတယ်။
"ဟီး..."
စီချင်နဲ့ မိုဟွာတို့လည်း ရှိုက်ကြီးတငင် ငိုနေကြပါတယ်။
"ဪ~"
သားဖွားဆရာမက သက်ပြင်းချရင်း"ဒီလို စစ်ပွဲတွေ၊ ပရမ်းပတာတွေကြားမှာ... လူပေါင်း သောင်းနဲ့ချီပြီး မင်ပြည်နယ်ကို သွားခဲ့ကြတာ... ဒါပေမဲ့ ဗိုလ်ချုပ်ချန်က တခြားလူတွေနဲ့ မတူပါဘူး၊ ကံကောင်းတဲ့သူမှာ ကောင်းကင်ဘုံက ကူညီမယ့်သူ ရှိမှာပါ၊ သခင်မကြီး စိတ်မပူပါနဲ့"
"ဟီး... သခင်မကြီး"
စီချင်က မအောင့်နိုင်တော့ဘဲ ငိုလိုက်ရင်း "စိတ်ချပါ၊ ကျွန်မတို့ သခင်မကြီးကို သေချာ ပြုစုပါ့မယ်"
"သခင်လေးကိုလည်း သေချာ ဂရုစိုက်ပါ့မယ်"
"ဘာတွေ ငိုနေကြတာလဲ၊ ငါမှ မသေသေးတာ"
တံခါးကြီး ဝုန်းခနဲ ပွင့်သွားပါတယ်။
သန်မာထွားကြိုင်းပြီး တည်ကြည်တဲ့ ပုံရိပ်တစ်ခု ပေါ်လာပါတယ်။
"ဗိုလ်ချုပ်ချန်"
ချန်ဆန်းရှီက ကုတင်နားကို အပြေးအလွှား သွားလိုက်ပါတယ်။
"မောင်လေးရှီ..."
"မလှုပ်နဲ့ဦး"
ကလေးကိုတောင် မကြည့်သေးဘဲ ချန်ဆန်းရှီက တခြားလူတွေကို မေးလိုက်တယ်"ငါ့ဇနီးအတွက် ထားခဲ့တဲ့ အားဆေးတွေကို သေချာ တိုက်ကြရဲ့လား"
"ကျွန်မအတွက် စိတ်မပူပါနဲ့တော့"
ဂူရှင်းလန်က အားယူပြီး ထထိုင်လိုက်ရင်း "မောင်လေးရော ဘယ်လိုလဲ၊ ဒဏ်ရာရသေးလား"
"ကျွန်တော်က နွားတစ်ကောင်လို သန်မာတာ အစ်မသိသားပဲ၊ စိတ်အေးအေးထားပါ"
"မောင်လေးကတော့ အစ်မကို တကယ့်ကို ထိတ်လန့်အောင် လုပ်နိုင်လွန်းတယ်..."
"..."
"ဝဲ... ဝဲ..."
သူတို့နှစ်ယောက် စကားပြောနေတုန်းမှာပဲ ကလေးက ထပ်ငိုပြန်ပါတယ်။ ချန်ဆန်းရှီ အဲဒီတော့မှ သတိရပြီး ကလေးကို ပွေ့ချီလိုက်တယ် "တကယ်ပဲ သားလေးပဲ၊ 'တုဟယ်' ဆိုတဲ့ နာမည်က မမှားဘူး။ ယွမ်ရှီး... ဒါက သမီးရဲ့ မောင်လေးလေ၊ ကုတင်ပေါ်က အမျိုးသမီးကတော့ သမီးရဲ့ မေမေပေါ့"
"မေ... မေမေ"
ချန်ယွမ်ရှီးက ထစ်ထစ်ငေါ့ငေါ့ ခေါ်လိုက်ပါတယ်။
"လိမ္မာတဲ့ကလေးလေး"
ဂူရှင်းလန်ကလည်း အကြောင်းရင်းကို ရိပ်မိတာကြောင့် ကလေးမလေးကို နွေးထွေးစွာ ဖက်ထားလိုက်ပါတယ်။
စီချင်နဲ့ မိုဟွာတို့ကတော့ မျက်စိလျင်စွာနဲ့ ဦးညွှတ်ပြီး "သခင်မလေးနဲ့ သခင်လေးကို နှုတ်ဆက်ပါတယ်" လို့ ပြောလိုက်ကြပါတယ်။
"ဂုဏ်ယူပါတယ် ဗိုလ်ချုပ်ချန်"
သားဖွားဆရာမက ပျော်ရွှင်စွာ ပြောလိုက်တယ် "အခုဆိုရင် ဗိုလ်ချုပ်မှာ သားတစ်ယောက်၊ သမီးတစ်ယောက် ရသွားပြီပေါ့"
"ရော့... ခင်ဗျားလည်း တော်တော် ပင်ပန်းသွားပြီ"
ချန်ဆန်းရှီက ငွေတုံးအချို့ကို ထုတ်ပေးလိုက်ပါတယ်။
"အိုး... ကျေးဇူးအများကြီး တင်ပါတယ် ဗိုလ်ချုပ်ချန်"
"ငါ့ဇနီးနဲ့ ကလေးကို ခဏလောက် ဂရုစိုက်ပေးထားပါဦး၊ ငါ့မှာ မပြီးသေးတဲ့ စစ်ရေးကိစ္စတွေ ရှိသေးလို့"
အရာအားလုံး အဆင်ပြေပြီဆိုတာ သေချာသွားတဲ့အခါ ချန်ဆန်းရှီဟာ စစ်တပ်မြို့တော်ဆီကို ချက်ချင်း ဦးတည်လိုက်ပါတယ်။ ပြန်ရောက်လာတဲ့ တပ်ဖွဲ့တွေဟာ ပြန်လည် စုစည်းရမှာဖြစ်သလို၊ စစ်ဆင်ရေး အစီရင်ခံစာတွေကိုလည်း တင်ပြရမှာပါ။
သူဟာ အခွင့်အရေးကို သုံးပြီး အရေးကြီးတဲ့ ကိစ္စတစ်ခုကိုလည်း စုံစမ်းလိုက်ပါသေးတယ်။
စစ်စခန်းမှာတော့..
"မပြောပါနဲ့တော့၊ မင်းတို့ မရှိတဲ့ ဒီတစ်နှစ်အတွင်းမှာ မိစ္စာဂိုဏ်း က ခဏလေးတောင် နားမနေဘူး၊ ပြီးတော့..."
လီချန်ကျုံးက စိုးရိမ်တကြီးနဲ့ ပြောလိုက်တယ်"ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စီယွင်ဘုရားကျောင်းက တာအိုဘုန်းကြီး နှစ်ပါး သေသွားပြီ"
"သေသွားပြီလား"
ချန်ဆန်းရှီက အတင်းမေးလိုက်တယ် "ငါမှတ်မိတာက အဲဒီနှစ်ယောက်ကို အပြစ်မတွေ့သေးဘူး မဟုတ်လား၊ နောက်မှ သက်သေတွေ တွေ့လို့လား"
"အဲလို မဟုတ်ဘူး"
လီချန်ကျုံးက ရှင်းပြတယ် "ခြောက်လနီးပါးလောက် စစ်ဆေးမေးမြန်းတာတောင် ခိုင်လုံတဲ့ သက်သေမတွေ့ဘူး၊ ပြီးတော့ ဂိုဏ်းကြီးအချို့ကလည်း သူတို့ဘက်ကနေ ကာကွယ်ပေးပြီး လျန်ကျိုးစစ်တပ်အပေါ် မကျေနပ်တာတွေကို တိတ်တဆိတ် ပြောလာကြတယ်။ ဒါကြောင့် ဖိအားတွေရှိလာလို့ သူတို့ကို ပြန်လွှတ်ပေးဖို့ ပြင်နေတာ"
"အဲဒီမှာ ဘာဖြစ်လဲ သိလား"
"ပြန်လွှတ်ပေးမယ့်နေ့ မတိုင်ခင် ညမှာပဲ သူတို့နှစ်ယောက်လုံး ထောင်ထဲမှာ သေနေတာကို တွေ့ရတယ်"
"ဟုတ်လို့လား"
ချန်ဆန်းရှီက တခြားသူတွေ သတိမထားမိအောင် လီချန်ကျုံးနဲ့ နာရီဝက်လောက် စကားစမြည်ပြောရင်း စီယွင်ဘုရားကျောင်းအကြောင်းကို မသိမသာ ထည့်မေးလိုက်တာပါ "သူတို့ ဘယ်လိုသေတာလဲ"
လီချန်းကျုံးက ပြန်ဖြေတယ် "ကိုယ့်ကိုယ်ကိုယ် သတ်သေတာ"
"သတ်သေတာ"
ချန်ဆန်းရှီက ဘာမှမသိတဲ့ ဘေးလူလို ဟန်ဆောင်လိုက်တယ် "သူတို့ ဘယ်လို သတ်သေတာလဲ"
"သူတို့ရဲ့ ကိုယ်ပိုင် လက်ဝါးချက်နဲ့ပဲ ကိုယ့်ဦးခေါင်းကို ရိုက်ခွဲလိုက်ကြတာ"
လီချန်ကျုံးက လျှာသပ်ရင်း "တကယ့်ကို ထူးဆန်းတာပဲ။ သူတို့ကို သီးခြားစီ ချုပ်ထားတာလေ၊ ဘာလို့ သတ်သေချင်ရတာလဲ ဘယ်သူမှ မသိဘူး။ သူတို့ကတော့ အေးအေးဆေးဆေး သေသွားတာပဲ၊ ဒါပေမဲ့ အပြင်မှာတော့ လျန်ကျိုးစစ်တပ်က အပြစ်မရှိတဲ့သူတွေကို သတ်နေတယ်လို့ ပြောနေကြပြီ"
ဒါဟာ သတ်သေတာမျိုး မဟုတ်ဘဲ တစ်ခုခု လွှဲချော်နေတာ ရှိမယ်ဆိုတာ ချန်ဆန်းရှီ သိလိုက်ပါတယ်။
သူက ဆက်ပြီး စုံစမ်းလိုက်တယ် "ငါမှတ်မိသလောက်ဆိုရင် အဖမ်းခံရတဲ့ နှစ်ယောက်က ကျောင်းထိုင်ဘုန်းကြီးနဲ့ အုပ်ချုပ်ရေးမှူး မဟုတ်လား၊ သူတို့နှစ်ယောက်လုံး သေသွားပြီဆိုတော့ စီယွင်ဘုရားကျောင်းက တံခါးပိတ်
လိုက်ရပြီလား"
သူ အစိုးရိမ်ဆုံးကတော့ အမွှေးတိုင်အိုးကြီး ရှိနေသေးလား၊ ဒါမှမဟုတ် တစ်ယောက်ယောက် ယူသွားပြီလား ဆိုတာပါပဲ။
"စီယွင်ဘုရားကျောင်းကတော့ အဆင်ပြေနေတုန်းပါပဲ၊ ကျန်တဲ့ တာအိုဘုန်းကြီးတွေဆီမှာလည်း ဘာပြဿနာမှ မတွေ့ရဘူး"
လီချန်ကျုံးက ပြောတယ် "ပြီးတော့ သူတို့မှာ ဆရာဦးလေးတစ်ယောက် ရှိသေးတယ်၊ သူက မကြာခင် ပြန်လာပြီး စီယွင်ဘုရားကျောင်းကို လွှဲယူတော့မယ်လို့ ကြားတယ်။ ပြောရရင်တော့ ဆက်ခံမယ့်သူကတော့ သေချာပေါက် ရှိမှာပဲ၊ ဘာလို့လဲဆိုတော့ တစ်နှစ်ကို အမွှေးတိုင်ဖိုးတင် ဘယ်လောက်တောင် ရလဲ မသိဘူး၊ အဲဒါက ငွေထွက်တဲ့ အပင်ကြီးပဲလေ ငါတော့ အဲဒီ စစ်နတ်ဘုရားတွေ ဘာတွေးနေလဲ နားမလည်ဘူး၊ နတ်ဘုရားတွေကို ဆုတောင်းနေကြတယ်၊ သူတို့ကိုယ်တိုင် နတ်ဘုရား ဖြစ်မယ်လို့ ထင်နေကြတာလားရယ်စရာပဲ"
နောက်တစ်ယောက် ရောက်လာတော့မယ်...
ချန်ဆန်းရှီ သိလိုက်ပါပြီ၊ သူ တစ်ခုခု လုပ်ချင်တယ်ဆိုရင် အမြန်လုပ်မှ ဖြစ်တော့မယ်။