← Chapters

အခန်း (၂၆၂)

Vol. 24 Ch. 262

အခန်း (၂၆၂)

Vol. 24 Ch. 262

📝အပိုင်း - ၂၆၂

ဘာသာပြန် - Na Gar🐉

'ဆရာဦးလေး...'

'စီယွင်ဘုရားကျောင်းမှာ အပြင်မှာ လှည့်လည်သွားလာနေတဲ့ တာအိုဘုန်းကြီးတွေ အများကြီးရှိတာ အမှန်ပါပဲ။ ဒါပေမဲ့ ဒီလို အရေးကြီးတဲ့အချိန်မှာ ပြန်လာကြတာဟာ မသေဆေး နဲ့ အမွှေးတိုင်အိုးတို့နဲ့ အများကြီး ပတ်သက်နေလိမ့်မယ်လို့ ငါစိုးရိမ်မိတယ်။ ပြီးတော့ သူတို့ဟာ ဒီနောက်ကွယ်က ကြိုးကိုင်သူတွေ ဖြစ်နေဖို့လည်း အလားအလာ အများကြီး ရှိနေပါတယ်။'

အကယ်၍ သူတို့ ပြန်ရောက်လာတာကိုသာ စောင့်နေမယ်ဆိုရင် အမွှေးတိုင်အိုးကို လုယူဖို့က ပိုပြီး အခက်အခဲ ဖြစ်လာလိမ့်မယ်။ အဲဒီအပြင် အမွှေးတိုင်အိုးကို သူတို့က တိုက်ရိုက် ယူဆောင်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

'ငါနောက်ထပ် အချိန်ဆွဲနေလို့ မဖြစ်တော့ဘူး။

စီယွင်ဘုရားကျောင်းမှာ လူမရှိသေးတဲ့ ဒီအခွင့်အရေးကို ငါသေချာပေါက် အမိအရ ဆုပ်ကိုင်ရမယ်။'

"တပ်မှူးလီပြောတာ မှန်ပါတယ်"

ချန်ဆန်းရှီ က ပြန်လည် တုံ့ပြန်ဖို့ မမေ့ပါဘူး "ကျွန်တော်လည်း အဲဒီကို နှစ်ခေါက်လောက် ရောက်ဖူးတယ်၊ အဲဒီ တာအိုအိုကြီးက လေကြီးလေကျယ်တွေပဲ လျှောက်ပြောနေတာ"

"အတိအကျပဲ၊ ငါပြောတာလည်း အဲဒါပဲလေ"

လီချန်ကျုံးက တခြား မကြာသေးခင်က ဖြစ်ရပ်တွေကို ဆက်ပြောပြနေပါတယ်။

ဥပမာအားဖြင့် မိစ္စာဂိုဏ်း က ဆူပူသောင်းကျန်းနေတာကြောင့် တခြားဂိုဏ်းအသီးသီးကလည်း ပိုပြီး စိတ်မရှည်ဖြစ်လာကြပြီး၊ မိစ္စာဂိုဏ်းသားတွေ ပုန်းအောင်းနေတဲ့နေရာတွေကို လိုက်ရှာဖို့ ကိုယ်ပိုင်အဖွဲ့တွေ စတင်ဖွဲ့စည်းနေကြပြီ ဖြစ်ပါတယ်။ သူတို့တွေက လျန်ကျိုးစစ်တပ်ကို အသုံးမကျတဲ့သူတွေလို့တောင် လျှောက်ဆဲနေကြပါသေးတယ်။

အဲဒီထဲမှာ လကွဲတောင်ကုန်းအိမ်တော်က အိမ်တော်သခင်ဝမ်ကျီဆိုရင် သူ့ရဲ့ ချစ်လှစွာသော တပည့်နှစ်ယောက်ကို ဆုံးရှုံးလိုက်ရတာကြောင့် ရူးသွပ်နေတဲ့ လူတစ်ယောက်လို နေရာအနှံ့ ပတ်ပြီး ရှာဖွေနေပါတယ်။ မိစ္စာဂိုဏ်းသားတွေကို ဘာပဲဖြစ်ဖြစ် ဖော်ထုတ်ပစ်မယ်လို့လည်း ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုထားပါတယ်။

"ကဲပါ... ဒီအကြောင်းတွေ ဆက်မပြောကြတော့ရအောင်"

ချန်ဆန်းရှီက "ကျွန်တော့်မှာ လုပ်စရာလေးတွေ ရှိသေးလို့ သွားလိုက်ဦးမယ်" လို့ နှုတ်ဆက်လိုက်ပါတယ်။

"သွားလေ"

လီချန်းကျုံးက ကျီစယ်လိုက်တယ် "ဗိုလ်ချုပ်ချန်... ခင်ဗျားရဲ့ ဒီတစ်ခေါက် စစ်ရေးအောင်မြင်မှုတွေက တကယ့်ကို အထင်ကြီးစရာပဲ။ ခင်ဗျားရဲ့ ဂုဏ်တော်အကြောင်း ပြောဖို့ ခက်ပေမဲ့၊ အနည်းဆုံးတော့ အဆင့် ၅ ရာထူးကနေ တိုးမြှင့်ခံရပြီး စစ်တပ်မှာ လက်ထောက်ဗိုလ်ချုပ် တစ်ယောက် ဖြစ်လာတော့မှာပဲ။ နောက်တစ်ခါ ခင်ဗျားကို တွေ့ရင် ကျွန်တော်က 'ဒုဗိုလ်ချုပ်ချန်' လို့ ခေါ်ရတော့မှာပေါ့"

"အဲလိုဖြစ်ပါစေလို့ပဲ မျှော်လင့်ပါတယ်၊ တပ်မှူးလီရဲ့ နိမိတ်ကောင်းတဲ့ စကားတွေအတွက် ကျေးဇူးတင်ပါတယ်"

ချန်ဆန်းရှီက လက်သီးဆုပ် ဂါရဝပြုရင်း "မကြာခင်မှာ ကျွန်တော်တို့ သိတဲ့ ညီအစ်ကိုတွေ အားလုံးကို စုလိုက်ကြရအောင်၊ ကျွန်တော် မသေမျိုးငှက်မျှော်စင်မှာ အားလုံးကို ထမင်းကျွေးပါ့မယ်"

"ကောင်းပြီလေ၊ ဒါဆိုရင်တော့ ငါတို့က ခင်ဗျားကို အကုန်အကျခံပြီး အဝအပြဲ စားရတော့မှာပေါ့"

"ဒါဆို နောက်မှ တွေ့ကြတာပေါ့ နောက်မှ တွေ့မယ်"

စစ်ရေးကိစ္စတွေကို ဖြေရှင်းပြီးတဲ့အခါမှာတော့ သန်းခေါင်ယံအချိန် ရောက်လုနီးပါး ဖြစ်နေပါပြီ။

ချန်ဆန်းရှီ သူ့ရဲ့ အိပ်ခန်းကို ပြန်ရောက်တဲ့အခါမှာတော့ အစ်မလန် က ကလေးကို နို့တိုက်နေတာကို တွေ့ရပါတယ်။ ကုတင်ပေါ်မှာတော့ သူအိပ်ဖို့ နေရာမရှိတော့ပါဘူး၊ ဘာလို့လဲဆိုတော့ ယွမ်ရှီးလေးကလည်း အဲဒီအခန်းထဲမှာပဲ အိပ်နေလို့ပါ။ အစ်မလန်က ကလေးမလေး ကြောက်နေမှာ စိုးရိမ်တာကြောင့် ဒီမှာပဲ အတူသိပ်ထားတာ ဖြစ်ပါတယ်။

"ဖေဖေ"

ချန်ယွမ်ရှီးက လှမ်းခေါ်လိုက်ပါတယ်။

မင်ပြည်နယ်ကနေ လျန်ကျိုးကို ပြန်လာရတာ တစ်လကျော်လောက် ကြာတဲ့ခရီးပါ။ တစ်လလုံး အတူရှိခဲ့ကြတာကြောင့် သူတို့နှစ်ယောက်ဟာ တော်တော်လေး ရင်းနှီးနေကြပါပြီ။

"ကောင်းပြီ... ဒါဆို ယွမ်ရှီးက ဒီမှာပဲ နေပြီး သမီးရဲ့ မေမေနဲ့ မောင်လေးကို အဖော်လုပ်ပေးလိုက်ဦးနော်"

ချန်ဆန်းရှီက "ခဏနေရင်တော့ သမီးရဲ့ ကိုယ်ပိုင်အခန်းကို ပြန်သွားလို့ ရပါတယ်။ ဖေဖေကတော့ လောလောဆယ် နောက်ဖေးဆောင်မှာပဲ သွားနားလိုက်မယ်" လို့ ပြောလိုက်ပါတယ်။

ဒါက သူလုပ်စရာရှိတာတွေကို လုပ်ဖို့အတွက် ပိုပြီး အဆင်ပြေစေပါတယ်။

"ဟုတ်ကဲ့ပါ"

ချန်ယွမ်ရှီးက ခေါင်းကို အားပါပါ ညိတ်ပြလိုက်ပါတယ်။

နောက်ဖေးဆောင်ကို ရောက်တဲ့အခါ ချန်ဆန်းရှီဟာ စီချင်ရဲ့ အကူအညီနဲ့ ရေချိုးပြီး၊ သန့်ရှင်းတဲ့ အဝတ်အစားတွေ လဲလိုက်ပါတယ်။ အဲဒီနောက်မှာတော့ သူ အနားယူဖို့ ကုတင်ပေါ်မှာ လှဲလျောင်းရင်း ပုတီးစေ့လေးကို ထုတ်ကြည့်လိုက်ပါတယ်။

ဒီအရာက စစ်ဗျူဟာတွေကို မြှင့်တင်ပေးနိုင်တဲ့ အမည်မသိ နက်နဲတဲ့စွမ်းအားတွေကို ထုတ်ပေးနိုင်တာကြောင့် သူက အဲဒီအရာကို ယာယီအားဖြင့် နက်နဲပုတီးစေ့လို့ အမည်ပေးထားပါတယ်။

လမ်းခရီးမှာတုန်းကတော့ လူတွေ အရမ်းများပြီး လူအာရုံစိုက်ခံရတာကြောင့် အခုမှပဲ ချန်ဆန်းရှီဟာ အဲဒီအရာကို အသေးစိတ် လေ့လာဖို့ အခွင့်အရေး ရပါတော့တယ်။

ထူးခြားတာတစ်ခုကတော့ နက်နဲပုတီးစေ့က သူ့လက်ထဲ ရောက်လာကတည်းက အဲဒီထဲမှာ ရှိနေတဲ့ ချီစွမ်းအား တွေဟာ တောက်လျှောက် တိုးပွားလာနေတာပဲ ဖြစ်ပါတယ်။ အစတုန်းက ချီစွမ်းအားလေး နည်းနည်းပဲ ရှိခဲ့ပေမဲ့ အခုတော့ အဖြူရောင် မီးခိုးငွေ့လေးတွေလို စုနေပြီး တဖြည်းဖြည်းနဲ့ ပိုတိုးလာနေသလိုပါပဲ။ ဘာကြောင့်လဲဆိုတာကိုတော့ သူ မသိပါဘူး။

ချန်ဆန်းရှီက နက်နဲပုတီးစေ့ကို လက်ထဲမှာ ကိုင်ထားပြီး မျက်လုံးမှိတ်ကာ ဓားချီအတတ်ကို ကျင့်ကြံတဲ့အခါမှာ ခံစားရတဲ့ အခြေအနေမျိုးအတိုင်း အာရုံခံကြည့်လိုက်ပါတယ်။ မကြာခင်မှာပဲ သူဟာ နက်နဲပုတီးစေ့နဲ့ ထူးခြားတဲ့ ဆက်သွယ်မှုတစ်ခု ရသွားပြီး အထဲက ချီစွမ်းအားတွေကို သူ့ကိုယ်သူ မြှင့်တင်ဖို့ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါက တစ်ဦးတစ်ယောက်တည်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်မပေးနိုင်တာကြောင့် ဘာမှ အသုံးမဝင်သလို ဖြစ်နေပါတယ်။ သူက အဲဒီချီစွမ်းအားကို သုံးပြီး ဓားချီအတတ်ကို ကျင့်ကြံဖို့ ကြိုးစားကြည့်ပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။ ကြည့်ရတာ ဒီချီစွမ်းအားက စစ်တပ်ရဲ့ ဗျူဟာခင်းကျင်းမှုတွေမှာပဲ အသုံးဝင်ပုံရပါတယ်။

ဒါတောင်မှ ဒါဟာ တကယ့်ကို တန်ဖိုးဖြတ်လို့မရတဲ့ ရတနာပါပဲ။

ပိုပြီး တိတိကျကျ ပြောရရင် သာမန် သိုင်းပညာရှင် တစ်ယောက်အတွက်တော့ အသုံးမဝင်ပေမဲ့ စစ်သူကြီး တစ်ယောက်အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ ရတနာကြီး ဖြစ်ပါတယ်။

"မျက်ခုံးနီတပ်မတော်" ရဲ့ အပြင်းထန်ဆုံး တိုက်ပွဲမှာ ရန်သူ့စစ်တပ်ကို ထိုးဖောက်နိုင်ခဲ့တာဟာ ဒီနက်နဲပုတီးစေ့ကြောင့်ပါပဲ။ သူတို့ ပြသခဲ့တဲ့ တိုက်ခိုက်ရေးစွမ်းရည်ဟာ တပ်စခန်းရှစ်ခုရဲ့ အစွမ်းထက် တိုက်ခိုက်မှုကိုတောင် ကျော်လွန်သွားခဲ့တယ်လို့ ပြောကြပါတယ်။ မျက်ခုံးနီတပ်မတော်ဟာ ဖွဲ့စည်းထားတာ တစ်နှစ်တောင် မပြည့်သေးသလို၊ သူတို့ဆီမှာ ရှိနေတဲ့ အဆင့်မြင့် သိုင်းပညာရှင် အများစုဟာလည်း ဂိုဏ်းအသီးသီးကနေ စုဆောင်းထားတာ ဖြစ်တယ်ဆိုတာကို သတိပြုရပါမယ်။

ဒါ့အပြင် ဘာကြောင့်လဲ မသိပေမဲ့ နက်နဲပုတီးစေ့ထဲမှာ သိုလှောင်ထားတဲ့ စွမ်းအားတွေ လျော့နည်းသွားတဲ့အခါမှာတော့ မျက်ခုံးနီတပ်မတော်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က သိသိသာသာ အားနည်းသွားခဲ့ပါတယ်။ ဒါတောင်မှ သူတို့ရဲ့ တပ်ဖွဲ့တွေဟာ မေရှန်းခရိုင်ပြင်ပမှာ အသည်းအသန် ကြိုးစားတိုက်ခိုက်ခဲ့ရပါသေးတယ်။ အကယ်၍ သူသာ ချီစွမ်းအားတွေကို လုံလုံလောက်လောက် စုဆောင်းထားနိုင်ပြီး တိုက်ပွဲတစ်ပွဲမှာ အသုံးပြုလိုက်မယ်ဆိုရင် ဘယ်လောက်တောင် အားကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းရည် ထွက်လာမလဲဆိုတာ သူတောင် မခန့်မှန်းနိုင်ပါဘူး။

"ဒါကို ဘယ်လို စုဆောင်းရမလဲဆိုတာပဲ မသိတာ..."

"ကောင်းကင်နဲ့ မြေကြီးကြားမှာ ချီစွမ်းအား အမျိုးအစားတွေ အများကြီး ရှိနေပုံရတယ်၊ ငါတို့ကတော့ အဲဒီအကြောင်း သိပ်မသိသေးဘူး"

"ကဲပါ... လောလောဆယ်တော့ ဒါကို သုံးစရာ မလိုသေးဘူး၊စွမ်းအားက တဖြည်းဖြည်း တိုးလာနေတာဆိုတော့ သိမ်းထားတာပဲ ကောင်းပါတယ်"

"ကောင်းကင်ဘုံကျမ်း အကြောင်းကိုတော့..."

ချန်ဆန်းရှီက အဲဒီကျမ်းကို နောက်နှစ်ရက်လောက်နေရင် သခင်ကြီးဟောက်ဆီကို အပ်လိုက်ဖို့ စဉ်းစားထားပါတယ်။ ဒါမှသာ လူတွေက သူ့ကို ထပ်ပြီး မေးခွန်းတွေ မထုတ်တော့မှာပါ။ အဲဒါက တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလွန်းလို့ပါ။

ဒီလို အတွေးတွေနဲ့အတူ သူဟာ တရားထိုင်ပြီး ကျင့်ကြံနေရင်း အားလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့အထိ စောင့်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ သူ တိတ်တဆိတ် ထလိုက်ပြီး၊ လက်နက်တွေ အပြည့်အစုံယူကာ စီယွင်ဘုရားကျောင်းဆီကို တိုက်ရိုက် ဦးတည်လိုက်ပါတယ်။

အချိန်ဆွဲနေလို့ မဖြစ်တော့ဘူး..

ဓားချီမန္တန်ရဲ့ အကျိုးကျေးဇူးတွေက အရမ်းကြီးမားလွန်းပါတယ်။

ဒါဟာ အခြေခံအဆင့်ပဲ ရှိသေးတာတောင် အခုလို အစွမ်းထက်နေတာ၊ အကယ်၍ သူသာ အသေးစား အောင်မြင်မှု အဆင့်ကို ရောက်သွားမယ်ဆိုရင် အဆင့်မြင့် သိုင်းပညာရှင်တွေကို ရင်ဆိုင်ရတဲ့အခါမှာတောင် ကြောက်စရာ လိုတော့မှာ မဟုတ်ပါဘူး။

ဝိညာဉ်မြူတောင်တန်း တစ်ခုလုံးကတော့ သေလူလို တိတ်ဆိတ်နေပါတယ်။ စီယွင်ဘုရားကျောင်းမှာလည်း ညဘက် ကင်းလှည့်နေတဲ့ တပည့်တွေ မရှိပါဘူး။

ချန်ဆန်းရှီက သူ့စိတ်ထဲမှာ ဒီကျောင်းထဲကို ခိုးဝင်မယ့် လမ်းကြောင်းကို အကြိမ်ကြိမ် ဇာတ်တိုက်ထားပြီးသား ဖြစ်တာကြောင့် ဘာအတားအဆီးမှ မတွေ့ခဲ့ရပါဘူး။ အသက်ရှူသံ ဖုံးကွယ်တဲ့အတတ်၊ ပုန်းကွယ်တဲ့အတတ်နဲ့ ဓားချီအတတ်တွေရဲ့ အကူအညီနဲ့ သူကတစ်ယောက်မှ မရိပ်မိစေဘဲ ကျောင်းဆောင်မကြီးထဲကို ချောချောမောမော ရောက်ရှိသွားပါတယ်။

ခရမ်းရောင် အငွေ့အသက်တွေ ဖုံးလွှမ်းနေတဲ့ အမွှေးတိုင်အိုးကြီးကို သူ ကြည့်လိုက်ပါတယ်။

တစ်ယောက်ယောက် နောက်က လိုက်လာတာမျိုး ရှိမရှိ သူ နောက်တစ်ခေါက် ထပ်ပြီး အသေအချာ စစ်ဆေးလိုက်ပါတယ်။ အဲဒီနောက်မှာတော့ သူ အမွှေးတိုင်အိုးဆီကို ဖြည်းဖြည်းချင်း ချဉ်းကပ်သွားပါတယ်။

အစတုန်းကတော့ အမွှေးတိုင်အိုးကို မပြီး အမြန်ပြေးဖို့ သူ စဉ်းစားထားတာပါ။ ဒါပေမဲ့ အနားရောက်သွားတဲ့အခါမှာတော့ အမွှေးတိုင်အိုးရဲ့ အောက်ခြေမှာ နီရဲတဲ့ အလင်းတန်းလေး တစ်ခုကို သူ သတိထားမိသွားပါတယ်။ ဒါက... သွေးပဲ။

ချန်ဆန်းရှီ ချက်ချင်း သတိကြီးကြီး ထားလိုက်ပါတယ်။

ဒီသွေးရောင် အလင်းတန်းက အရမ်း ထူးဆန်းတဲ့ နေရာမှာ ရှိနေတာကြောင့် ဒါဟာ တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ လုပ်ထားတာ သေချာပါတယ်။ ကြည့်ရတာ အမွှေးတိုင်အိုး ခိုးမခံရအောင် ဒါမှမဟုတ် ခိုးသွားရင် နောက်ယောင်ခံ လိုက်နိုင်အောင် လုပ်ထားတဲ့ နည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။

All Chapters