← Chapters

အခန်း (၂၄၇-၂၄၉)

Vol. 17 Ch. 247-249

အခန်း (၂၄၇-၂၄၉)

Vol. 17 Ch. 247-249

အခန်း (၂၄၇) - ဟင်းလင်းပြင် စွမ်းအားသုံး အဆောင်လက်နက် နှင့် ပိုင်ယန် ဆေးပညာရှင် သေဆုံးခြင်း (အပိုင်း - ၂)

~အချိန်ကာလများ ကုန်ဆုံးသွားသည်မှာ... နှစ်ဝက်ခန့် ရှိသွားခဲ့ချေပြီ။

နေလမင်း ကျွန်းပေါ်ရှိ ရေခဲနှင့် မီး ဂူစံအိမ် အတွင်း၌...။

"ဝီ..."

ကျောက်စိမ်း စားပွဲခုံပေါ်တွင် တင်ထားသော အဖြူရောင် ကျောက်စိမ်း အဆောင်လက်နက်လေး တစ်ခုသည် ရုတ်တရက် တောက်ပလာ၏။ စုယွီ၏ နောက်ဆုံး စုတ်ချက် တင်လိုက်သည့် အချိန်၌ပင် ဖြစ်ချေသည်။

ထိုအခိုက်အတန့်တွင် စုယွီသည် မသိမသာသော ဟင်းလင်းပြင် စွမ်းအား တုန်ခါမှု တစ်ခုကို အာရုံခံလိုက်မိ၏။ သဘာဝ ဝိညာဉ်စွမ်းအင်များသည် ဒီရေအလား တိုးဝင်လာပြီး ထို အဖြူရောင် အဆောင်လက်နက်လေးထဲသို့ စီးဝင်သွားကြလေတော့သည်။

ခဏအကြာတွင် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များ ပြန်လည် ငြိမ်သက်သွား၏။

"ခွမ်း..."

စုယွီ၏ လက်ထဲတွင် ကိုင်ဆောင်ထားသော ပထမအဆင့် အဆင့်မြင့် အဆောင်ရေး စုတ်တံကြီးသည် အပိုင်းပိုင်း အစစ ကွဲအက်သွားလေတော့သည်။

သူသည် ပထမအဆင့် အဆင့်နိမ့် အဆောင်လက်နက် တစ်ခုကို ဖန်တီးရန်အတွက် ပထမအဆင့် အဆင့်မြင့် စုတ်တံကို အသုံးပြုခဲ့သော်လည်း... အဆောင်လက်နက် အောင်မြင်သွားသည့် အချိန်တွင် ထွက်ပေါ်လာသော ဖိအားကို စုတ်တံက ခံနိုင်ရည် မရှိတော့ဘဲ ကွဲကြေသွားခြင်း ဖြစ်ချေသည်။

ဤစုတ်တံမှာ ယနေ့မှ အသစ်လဲလှယ်ထားသော ပစ္စည်း ဖြစ်သည် မဟုတ်ပါလော။

စုယွီ အံ့သြသွားမိသော်လည်း စိတ်မပျက်လိုက်ပေ။ သူ၏ အကြည့်ကို ကျောက်စိမ်း စားပွဲပေါ်ရှိ အသစ်စက်စက် ပြီးစီးသွားသော ပထမအဆင့် အဆင့်နိမ့် 'ကြေးမုံလမင်း အဆောင်' ဆီသို့ ပို့လွှတ်လိုက်၏။

ထိုအဆောင်လက်နက်သည် မူလက အဖြူရောင် ကျောက်စိမ်းပြား တစ်ခုမျှသာ ဖြစ်သော်လည်း ယခုအခါ လုံးဝ ပြောင်းလဲသွားခဲ့ချေပြီ။

ဝိုးတဝါး အလင်းရောင်များ ဖြာထွက်နေပြီး၊ ကြည့်ရသည်မှာ လက်ဆုပ်လက်ကိုင် ပြ၍ မရနိုင်သော ပုံရိပ်ယောင် တစ်ခုအလား ထင်မှတ်ရသည်။

"မှန်ထဲက ပန်း... ရေထဲက လ... ဆိုတာ ဒါမျိုးကို ပြောတာ ဖြစ်မယ်... ဒီအဆောင်ကို ကြေးမုံလမင်း အဆောင် လို့ ခေါ်တာ မမှားပါဘူး"

စုယွီ၏ ရင်ထဲတွင် အံ့သြခြင်းများ ဖြစ်ပေါ်နေ၏။

ပထမအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်... နှစ်ဝက်လောက် ကြိုးစားပြီးမှ နောက်ဆုံးတော့ အောင်မြင်သွားခဲ့လေပြီ။

ထိုအချိန်တွင် စုယွီသည် မလှုပ်မယှက် ရပ်တန့်နေ၏။ သူ့စိတ်ထဲတွင် 'ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်' ကို လည်ပတ်နေပြီး မျက်နှာထားမှာ တွေဝေငေးမောနေသကဲ့သို့ ဖြစ်နေသည်။

အဆောင်လက်နက် ပြီးဆုံးသွားသည့် အခိုက်အတန့်တွင် အသိဉာဏ်အလင်း များစွာသည် သူ့ခေါင်းထဲတွင် လင်းပွင့်လာခဲ့သည် မဟုတ်ပါလော။

တစ်ခဏတာမျှ သူသည် 'ဟင်းလင်းပြင် စွမ်းအား' ၏ တည်ရှိမှုကို အာရုံခံလိုက်မိသလို၊ ၎င်း၏ တုန်ခါမှုများကိုလည်း သိရှိလိုက်ရသလို ခံစားလိုက်ရသည်။

ထို့အပြင် 'အာရုံထွေပြား စွမ်းအား' ကိုပါ တွဲဖက် ခံစားလိုက်ရ၏။ ဟင်းလင်းပြင် စွမ်းအားနှင့် အာရုံထွေပြား စွမ်းအားတို့ ပေါင်းစပ်မှသာလျှင် ဤ ကြေးမုံလမင်း အဆောင် ဖြစ်ပေါ်လာနိုင်မည် ဖြစ်ချေသည်။

သို့သော် ဤ ပထမအဆင့် အဆင့်နိမ့် အဆောင်လက်နက်လေး တစ်ခုမှ ရရှိလိုက်သော အသိဉာဏ်မှာ အလွန် နည်းပါးလွန်းလှပေသည်။

အချိန်အတော်ကြာမှ စုယွီ သတိပြန်ဝင်လာ၏။ သက်ပြင်းတစ်ချက် ချလိုက်ပြီး အကြည့်ကို စူးစိုက်လိုက်သည်။

"ဒီအဆောင်လက်နက်က ဟင်းလင်းပြင် စွမ်းအားနဲ့ အာရုံထွေပြား စွမ်းအားတွေ ပါဝင်နေတယ် ဆိုပေမယ့်... တကယ့် အပေါ်ယံ အလွှာပါးလေးလောက်ပဲ ရှိပါသေးတယ်"

"ငါ အခု ဖန်တီးလိုက်နိုင်ပြီ ဆိုပေမယ့်... ဒီစွမ်းအားတွေ အကြောင်း ငါ နားလည်ထားတာက သဲတစ်ပွင့်လောက်တောင် မရှိသေးပါဘူး"

သို့သော်လည်း ဤ 'ကြေးမုံလမင်း အဆောင်' ပညာရပ် လမ်းစဉ်သည် လူပေါင်းများစွာကို ဒုက္ခပေးခဲ့သော ပညာရပ် ဖြစ်သည် မဟုတ်ပါလော။

ဟင်းလင်းပြင် စွမ်းအား နယ်ပယ် ဆိုသည်မှာ အမှန်တကယ်ပင် နက်နဲ ဆန်းကြယ်လှပေစွ။

စုယွီသည် လက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်၏။ လက်ချောင်းထိပ်များ အောက်ရှိ လေထုသည် စုတ်ပြဲသွားသကဲ့သို့ ဖြစ်ပေါ်လာပြီး၊ သူသည် ကျောက်စိမ်း စားပွဲပေါ်မှ ပုံရိပ်ယောင်နှင့် တူသော အဆောင်လက်နက်ကို ညှပ်ယူလိုက်သည်။

သာမန်လူ တစ်ယောက် ဆိုလျှင် ဤအဆောင်လက်နက်ကို ကိုင်တွယ်၍ပင် ရမည် မဟုတ်ချေ။

ဘေးတစ်ဖက်တွင် တင်ပလ္လင်ခွေ ထိုင်ကာ ဝိညာဉ်သတ္တုများကို တိတ်တဆိတ် စုပ်ယူနေသော 'တာအိုရုပ်ခန္ဓာ ရုပ်သေး' ကို လှမ်းကြည့်လိုက်၏။ ချီစွမ်းအင် တစ်မျှင်ကို အဆောင်လက်နက်ထဲသို့ ထည့်သွင်းကာ အသက်သွင်းလိုက်ပြီး လက်ချောင်းဖြင့် ပစ်ခတ်လိုက်သည်။

အဆောင်လက်နက်သည် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရုပ်သေးရုပ်ဆီသို့ ပျံသန်းသွားလေတော့သည်။

"ဝုန်း..."

မျက်စိတစ်မှိတ် အတွင်းမှာပင်... ရုပ်သေးရုပ်၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် တစ်ခုလုံး ခဲသွားသကဲ့သို့ ဖြစ်ပေါ်လာ၏။

သဘာဝ ဝိညာဉ်စွမ်းအင်များ စီးဆင်းမှု ရပ်တန့်သွားပြီး နေရာလပ် တစ်ခုလုံး ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားသည်။

မှန်ထဲက ပန်း၊ ရေထဲက လ။

ဆိုလိုရင်း အနှစ်ချုပ်မှာ... 'ပန်းချီကား တစ်ချပ်ကဲ့သို့' ဖြစ်သွားခြင်းပင်။

ဤအဆောင်လက်နက်၏ စွမ်းအားအောက်သို့ ကျရောက်သွားပါက... ထိုသူသည် မျက်နှာပြင် ညီညာသော ပန်းချီကားချပ်ထဲမှ ရုပ်ပုံတစ်ခု အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ဖြစ်သွားမည် ဖြစ်ချေသည်။

အရာအားလုံးသည် ထိုအထဲတွင် ပိတ်မိသွားမည် ဖြစ်ပြီး၊ အတွင်းထဲတွင်လည်း အာရုံထွေပြား စွမ်းအားများ ရှိနေဦးမည် ဖြစ်၏။

လွတ်မြောက်လိုလျှင် အာရုံထွေပြားနှင့် ဟင်းလင်းပြင် ဟူသော အချုပ်အနှောင် နှစ်ခုလုံးကို ရင်ဆိုင်ကျော်ဖြတ်ရမည် ဖြစ်ပေသည်။

မလွတ်မြောက်နိုင်ခင် စပ်ကြားတွင်... ထိုသူသည် သားသတ်ရုံရောက်နေသော သိုးတစ်ကောင်ကဲ့သို့ ပြုသမျှ နုရမည့် အခြေအနေသို့ ရောက်ရှိသွားမည် မဟုတ်ပါလော။

သို့သော် ပထမအဆင့် အဆင့်နိမ့် အဆောင် ဖြစ်နေသဖြင့် စွမ်းအားမှာ အလွန် နည်းပါးလှပေသည်။ တစ်ခဏတာမျှပင် တောင့်မခံနိုင်လိုက်ချေ။ ရုပ်သေးရုပ် မျက်လုံးဖွင့်လိုက်သည့် အချိန်တွင် ပတ်ဝန်းကျင် အခြေအနေမှာ မူလအတိုင်း ပြန်ဖြစ်သွားခဲ့လေပြီ။ အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက်ထက် ပိုမို အစွမ်းထက်သော ရုပ်သေးရုပ်ကို ကြာရှည်စွာ ချုပ်နှောင်ထားနိုင်စွမ်း မရှိခဲ့ပေ။

သို့သော်လည်း ထိုအခြေအနေကို မြင်တွေ့လိုက်ရပြီး၊ အဆောင်လက်နက်၏ စွမ်းအားကို ကိုယ်တိုင် ခံစားလိုက်ရသောအခါ... စုယွီ၏ မျက်နှာပေါ်တွင် ဖုံးဖိ၍ မရနိုင်သော အပြုံးကြီး တစ်ခု ပေါ်ထွက်လာလေတော့သည်။

"သောက်ရမ်း မိုက်တဲ့ အဆောင်လက်နက်ပဲကွ"

"ခုနက စွမ်းအားနဲ့ ဆိုရင်... 'ချီစွမ်းအင် စုစည်းခြင်း' စတုတ္ထအဆင့်လောက် ရှိတဲ့ လူတစ်ယောက်ကို (၁၀) စက္ကန့်လောက်တော့ တုပ်ထားလို့ ရလောက်တယ်... ပဉ္စမအဆင့်၊ ဆဋ္ဌမအဆင့်တွေတောင်မှ ထိခိုက်နိုင်လောက်တယ်... ဒါ ပထမအဆင့် အဆင့်နိမ့်လေးပဲ ရှိသေးတာနော်"

"ရွှီး..."

စုယွီ၏ မျက်နက်ဝန်းများ ကျယ်လာပြီး ရင်ထဲတွင် ကြက်သီးမွေးညှင်းများ ထသွားရ၏။

ဤ ကြေးမုံလမင်း အဆောင်သည် သူ မြင်ဖူးသမျှထဲတွင် အစွမ်းအထက်ဆုံး အဆောင်လက်နက် ဖြစ်သည်မှာ သေချာလှပေသည်။

ဤပညာရပ် လမ်းစဉ်ကို နားလည် သဘောပေါက်လာသည့် အခါတွင်မှ... ရှေးဟောင်းခေတ်က 'မှန်ရိပ် တာအိုဆရာ' ၏ ပါရမီ ထူးကဲပုံကို စုယွီ နားလည်လာရသည်။

အဆောင်လက်နက် တစ်မျိုးတည်းနှင့် ခေတ်အဆက်ဆက် ကျော်ကြားအောင် လုပ်နိုင်ခဲ့သည်မှာ အလကား မဟုတ်ပါလား။

"ဆက်လုပ်ရမယ်"

စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေစဉ်မှာပင်... စုယွီ၏ မျက်ခုံးများ ရုတ်တရက် တွန့်ချိုးသွား၏။

"ဟင်..."

သူ မတ်တပ်ရပ်လိုက်ပြီး 'အနောက်ဘက် ရေစီးမြို့တော် ချန်မိသားစု' ရှိရာ အရပ်မျက်နှာသို့ လှမ်းကြည့်လိုက်သည်။ မျက်နှာထားမှာ ညိုမဲသွား၏။

စောစောလေးကတင်... ချန်မိသားစုတွင် သူ ထားရစ်ခဲ့သော ဒုတိယအဆင့် အဆင့်နိမ့် ရုပ်သေးသားရဲ တစ်ကောင် ဖျက်ဆီးခံလိုက်ရသည်ကို အာရုံခံလိုက်မိသည် မဟုတ်ပါလော။ ရုပ်သေးထဲတွင် သူ့စိတ်ဝိညာဉ် အပိုင်းအစ တစ်ခု ထည့်သွင်းထားသဖြင့် ဝိုးတဝါး သိရှိလိုက်ရခြင်း ဖြစ်ပေသည်။

ထိုမျှမက... စုယွီ၏ စိတ်ထဲတွင် တစ်စုံတစ်ခု လွဲချော်နေပြီ ဟူသော အသိစိတ်တစ်ခု ဝင်ရောက်လာ၏။

"အနောက်ဘက် ရေစီးမြို့တော် ချန်မိသားစုမှာ... ပြဿနာ တက်နေတာလား"

စုယွီ၏ မျက်လုံးထဲတွင် အေးစက်သော အရောင်များ ရှပ်ပြေးသွားသည်။

ဘေးနားရှိ တာအိုရုပ်ခန္ဓာ ရုပ်သေးသည် ချက်ချင်း မတ်တပ်ရပ်လိုက်၏။ ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းများ လည်ပတ်သွားပြီးနောက် အလင်းတန်း တစ်ခုအသွင် ပြောင်းလဲကာ ဂူစံအိမ် အတွင်းမှ ပျံသန်း ထွက်ခွာသွားလေတော့သည်။

ဂူထဲတွင် ကျန်ရစ်ခဲ့သော စုယွီမှာမူ နေရာတွင် ရပ်လျက် မျက်လုံးများထဲ၌ ဇဝေဇဝါ ဖြစ်မှုများ ပြည့်နှက်နေ၏။

ယခုအချိန်တွင် လော့ချန်ယွီက ယွင်ကျန်းဂိုဏ်းကို ထိန်းချုပ်ထားသည် မဟုတ်ပါလော။ ယခင် ဂိုဏ်းချုပ်ဘက်တော်သား အများစုမှာလည်း ရှင်းလင်းခံလိုက်ရပြီ ဖြစ်သည်။ ။

ချန်ကွမ်းမင်နှင့် ချန်ပိုင်လိုင်တို့လည်း သေဆုံးသွားခဲ့ကြပြီ။ ပုန်ကန်ဖို့ ကြိုးစားသူတွေလည်း ကိစ္စတုံးကုန်ကြပြီ။

အာဏာလက်မဲ့ ဖြစ်သွားသူတွေကလည်း ဘေးရောက်ကုန်ကြလေပြီ။

ဘယ်သူကမှ ပြဿနာ မရှာရဲကြတော့ပေ။

ဟွမ်မိသားစုနှင့် ကျန်းမိသားစု ဆိုလျှင်လည်း ပြီးခဲ့သော နှစ်တွေမှာ တောင်တံခါးပိတ်ပြီး ကြောက်လန့်တကြား ပုန်းအောင်းနေကြရသည်လေ။

လော့ချန်ယွီက တံခါးပိတ် ကျင့်ကြံရာကနေ ပြန်မထွက်လာသေးသလို၊ ယွီမိသားစုကလည်း ပိုင်ယွဲ့ အင်မော်တယ် မြို့တော်နဲ့ ရင်းနှီးနေတာကြောင့်... စုမိသားစု အနေနှင့် ဟွမ်နှင့် ကျန်း မိသားစုတွေကို သွားမတိုက်ဘဲ ကိုယ့်အင်အားကိုပဲ ဖြည့်တင်းနေခဲ့၏။

ယွင်ကျန်းဂိုဏ်း နယ်မြေတစ်ခုလုံး ငြိမ်းချမ်းနေသော အချိန်ပါပင်။

"ဘယ်သူကများ... စုမိသားစုကို သက်သက်မဲ့ လာပြီး ကလိရဲတာလဲ”

အခန်း (၂၄၈) - ဟင်းလင်းပြင် စွမ်းအားသုံး အဆောင်လက်နက် နှင့် ပိုင်ယန် ဆေးပညာရှင် သေဆုံးခြင်း (အပိုင်း - ၃)

~အနောက်ဘက် ရေစီးမြို့တော် ချန်မိသားစု ။

လွန်ခဲ့သော နေ့ဝက်ခန့်က... အနောက်ဘက် ရေစီးမြို့တော်နှင့် မိုင်ရာချီ ဝေးကွာသော အရင်းအမြစ် နယ်မြေတစ်ခုကို စောင့်ကြပ်နေသည့် မိသားစုဝင် တစ်ဦးသည် အသက်လု၍ ထွက်ပြေး လွတ်မြောက်လာခဲ့သည်။ သူတို့၏ စခန်းသည် မိစ္ဆာလမ်းစဉ် လိုက်သူများ၏ တိုက်ခိုက်ခြင်းကို ခံနေရကြောင်းနှင့် စစ်ကူ လိုအပ်ကြောင်း သတင်းပို့လာခဲ့၏။

ချန်မိသားစု၏ ပထမ အကြီးအကဲသည် ဒုတိယအဆင့် အဆင့်နိမ့် ရုပ်သေးရုပ် တစ်ရုပ်နှင့် မိသားစုဝင် အချို့ကို ဦးဆောင်ကာ ချက်ချင်းပင် စစ်ကူ လိုက်သွားခဲ့သည်။

သို့သော် နေ့ဝက်သာ ကုန်ဆုံးသွားခဲ့သည်... ပထမ အကြီးအကဲထံမှ မည်သည့် သတင်းစကားမျှ ပြန်မရောက်လာခဲ့ချေ။ ဒါက အလွန် ပုံမှန်မဟုတ်သော အခြေအနေ တစ်ရပ် ဖြစ်နေပေသည်။

*အနောက်ဘက် ရေစီးမြို့တော်။

ချန်မိသားစု ခေါင်းဆောင် 'ချန်ချူ' သည် မီးစပေါ် ထိုင်နေရသကဲ့သို့ ပူလောင်နေ၏။ သူ၏ မျက်လုံးများသည် အပြင်ဘက်သို့ မကြာခဏ လှမ်းမျှော်ကြည့်ရှုနေမိသည်။ ပထမ အကြီးအကဲတို့ အဖွဲ့ထံမှ သတင်းအစအန ပျောက်နေသည်သာမက၊ အခြေအနေကို စုံစမ်းရန် သူထပ်မံ စေလွှတ်လိုက်သော လူများလည်း ပြန်မရောက်လာကြတော့ချေ။

ဤအချက်က သူ့ကို အကြီးအကျယ် တုန်လှုပ်ခြောက်ခြားစေသည်။

ခန်းမဆောင် အတွင်း၌ ချန်မိသားစု၏ တည်ထောင်သူ ဘိုးဘေး 'ချန်ရွှီ' နှင့် ဒုတိယ ခေါင်းဆောင် 'ချန်ယောင်' တို့ ထိုင်နေကြ၏။ ချန်ယောင်သည် စုယွီ ပေးသနားခဲ့သော 'အခြေခံတည်ဆောက်ခြင်း ဆေးလုံး' အကူအညီဖြင့် အခြေခံတည်ဆောက်ခြင်း အဆင့်သို့ အောင်မြင်စွာ ရောက်ရှိထားသူ ဖြစ်သည်။

သူတို့ နှစ်ဦးစလုံး၏ မျက်နှာထားများမှာ စိုးရိမ်ပူပန်မှုများဖြင့် လေးလံအုံ့မှိုင်းနေကြ၏။

ဘေးတစ်ဖက်တစ်ချက်စီတွင် ထိုင်နေကြသော အကြီးအကဲများမှာလည်း အသက်ကိုပင် ပြင်းပြင်း မရှူရဲကြရှာပေ။ လေထုတစ်ခုလုံးသည် ဖိအားများဖြင့် လေးလံနေတော့သည်။

ခဏအကြာတွင် ချန်ချူသည် ဘိုးဘေး ချန်ရွှီဘက်သို့ လှည့်လိုက်ပြီး တိုးညှင်းသော အသံဖြင့် မေးမြန်းလိုက်၏။

"ဘိုးဘေးကြီး... ကျွန်တော်တို့ လူတွေ ထပ်လွှတ်လိုက်ရင် ကောင်းမလားဗျာ"

ချန်ရွှီသည် ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ပြီး အသံနက်ကြီးဖြင့် တုံ့ပြန်ပြောဆိုလိုက်သည်။

"မထူးတော့ဘူး... အပြင်မှာ တစ်ခုခုတော့ ဖြစ်သွားပြီ... လူတွေ ထပ်လွှတ်လိုက်လည်း အလကား ဖြစ်သွားမှာပဲ"

"အခု အရေးကြီးဆုံးက... အပြင်က မိစ္ဆာကျင့်ကြံသူက ဘယ်ကောင်လဲ ဆိုတာ သိဖို့ပဲ"

ဒုတိယ ခေါင်းဆောင် ချန်ယောင်က တီးတိုး ရေရွတ်လိုက်၏။

"သွေးဓားမိစ္ဆာ လော့ပန်း မဟုတ်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပေါ့ဗျာ"

ချန်ရွှီ ခေါင်းခါလိုက်သည်။

"လော့ပန်းက သေသွားပြီ... လျှို့ဝှက်ဆန်းကြယ်တဲ့ အရှင်သခင် တစ်ပါးရဲ့ လက်ချက်နဲ့ ကိစ္စတုံးသွားတာ ကြာပြီ"

ချန်ယောင်၊ ချန်ချူ နှင့် အခြားသော အကြီးအကဲများ အားလုံး ကြက်သေသေ သွားကြရ၏။ သွေးဓားမိစ္ဆာ လော့ပန်း သေသွားပြီတဲ့လား။ သူတို့ တကယ် မသိခဲ့ကြပေ။

ဒါဆိုရင်... အပြင်မှာ ရောက်နေတဲ့ မိစ္ဆာကျင့်ကြံသူက ဘယ်သူများလဲ။

အနောက်ဘက် ရေစီးမြို့တော်နှင့် ဆယ်မိုင်ခန့် အကွာအဝေးတွင်...။

တောင်ထိပ် တစ်ခုပေါ်၌ ဖြစ်သည်။

'ဆေးပညာရှင် ပိုင်ယန်' သည် အလွန်အမင်း အိုမင်းရင့်ရော်နေပြီ ဖြစ်၏။ သူ့ခန္ဓာကိုယ် ပတ်လည်တွင် ဆွေးမြည့်နေသော အရှိန်အဝါများ ဖုံးလွှမ်းနေသည်။ မူလက မတ်မတ်ရပ်နိုင်သော ခါးသည် ယခုအခါ ကိုင်းညွှတ်နေပြီ ဖြစ်ပြီး၊ ကြီးမားသော ဝန်ထုပ်ဝန်ပိုး တစ်ခုက သူ့ကျောပေါ်တွင် ဖိထားသကဲ့သို့ ဖြစ်နေသည်။

သူ၏ ဆံပင်ဖြူဖြူများသည် သွေးရောင်ဖျော့ဖျော့ တောက်ပနေပြီး မျက်နှာတစ်ခုလုံးကို ဖုံးအုပ်ထား၏။

ဆံနွယ်များ ကြားမှတဆင့် သွေးရောင် တောက်လောင်နေသော မျက်လုံးတစ်စုံကိုသာ ဝိုးတဝါး မြင်တွေ့နေရသည်။

ပိုင်ယန်၏ နောက်ဘက်တွင်မူ 'စုချင်းယီ' သည် အစေခံ တစ်ဦးကဲ့သို့ ရိုသေစွာ ရပ်နေ၏။

ပိုင်ယန်သည် အဝေးရှိ အနောက်ဘက် ရေစီးမြို့တော်ကို လွှမ်းခြုံထားသော 'ဒုတိယအဆင့် အဆင့်မြင့် ကာကွယ်ရေး အခင်းအကျင်း' ကို စိုက်ကြည့်ရင်း လေကို ဝဝရှူသွင်းလိုက်သည်။ သူ့ပုံစံမှာ စိတ်မရှည် ဒေါသထွက်နေပုံ ပေါက်နေ၏။

"ကျင့်ကြံသူ မိသားစု သေးသေးလေးကများ... အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ နှစ်ယောက်ပဲ ရှိတာကို... ဒုတိယအဆင့် အဆင့်မြင့် အခင်းအကျင်းကြီး တည်ဆောက်ထားနိုင်တယ် ဟုတ်လား"

ပိုင်ယန့် အနေဖြင့် ဤအချက်ကို ယုံရခက်နေပြီး ဒေါသလည်း ထွက်မိသည်။ အေးစက်သော သတ်ဖြတ်လိုစိတ်များ ထောင်းခနဲ ထွက်ပေါ်လာ၏။

နောက်ဘက်မှ စုချင်းယီက တီးတိုး ပြောဆိုလိုက်သည်။

"အနောက်ဘက် ရေစီးမြို့တော် ချန်မိသားစုက... ကျွန်တော့် စုမိသားစုနဲ့ ရင်းနှီးတယ်လေ... စုမိသားစုရဲ့ အင်အားနဲ့ အရှိန်အဝါကို သုံးပြီးတော့ ချန်မိသားစုက ဒီအခင်းအကျင်းကို တည်ဆောက်ထားတာ ဖြစ်ပါလိမ့်မယ်"

ထိုစကားကို ပြောလိုက်သည့် အချိန်တွင် စုချင်းယီ၏ မျက်လုံးများထဲ၌ နောင်တရခြင်း၊ ဒေါသထွက်ခြင်း၊ မကျေနပ်ခြင်း နှင့် အမုန်းတရားများ ရောပြွန်းနေသော ခံစားချက်များ ဖြတ်သန်းသွား၏။

နောက်ဆုံးတွင် သူ တီးတိုး ရေရွတ်လိုက်မိသည်။

"စုမိသားစု... စုယွီ..."

တကယ်ကို အံ့မခန်းပါပဲလား။

ယွင်ကျန်းဂိုဏ်းက ပြိုင်ဘက်ကင်း ပါရမီရှင် လော့ချန်ယွီကို မှီခိုပြီးတော့... စုယွီက အခြေခံတည်ဆောက်ခြင်း ခြောက်ဆင့်မြောက်ကို ရောက်သွားရုံတင် မကဘူး၊ ဒုတိယအဆင့် အဆင့်မြင့် ဆေးပညာရှင်နဲ့ အဆောင်ပညာရှင်ပါ ဖြစ်လာခဲ့ပြီတဲ့လား။

အခုဆိုရင် စုမိသားစုက ယွင်ကျန်းဂိုဏ်းရဲ့ ဂုဏ်ကို အသုံးပြုပြီး မိုင်ပေါင်းသောင်းချီတဲ့ နယ်မြေတစ်ဝိုက်မှာ တွင်ကျယ်နေပြီ မဟုတ်ပါလော။

စုယွီ၏ အောင်မြင်မှုများ၊ စုမိသားစု၏ တဟုန်ထိုး တိုးတက်လာမှုများကို တွေးမိတိုင်း... စုချင်းယီ၏ ရင်ထဲတွင် ပြောမပြတတ်သော နောင်တတရားများ ပြည့်နှက်လာရသည်။ တစ်ခါတစ်ရံ အိပ်မက်ထဲတွင် သူသည် ကြီးမြတ်သော မိစ္ဆာကြီး တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားပြီး၊ စုမိသားစု တစ်ခုလုံးကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်လိုက်ကာ ကောင်းကင်ကို မော့၍ အရူးတစ်ပိုင်း အော်ဟစ် ရယ်မောမိလေ့ ရှိသည်။

'ငါ ရွေးချယ်ခဲ့တာ... လုံးဝ မမှားနိုင်ဘူး'

စုချင်းယီသည် ရင်ထဲမှ ဆူပွက်လာသော သတ်ဖြတ်လိုစိတ်များနှင့် နာကျည်းချက်များကို အတင်း ဖိနှိပ်လိုက်၏။

'မှားတာက သူ... မှားတာက စုမိသားစု... မှားတာက ယွင်ကျန်းဂိုဏ်းပဲ'

'တစ်နေ့ကျရင်... သူတို့အားလုံးကို ငါ သတ်ပစ်မယ်... ငါ့အယူအဆက မမှားနိုင်ဘူး'

ထိုအတွေးများ ခိုင်မာလာသည်နှင့်အမျှ စုချင်းယီ၏ ခန္ဓာကိုယ်မှ မိစ္ဆာချီများသည် ပိုမို နက်ရှိုင်းလာပြီး၊ မျက်လုံးများသည် သွေးကဲ့သို့ နီရဲလာလေတော့သည်။

"ရွှီး..."

ဆေးပညာရှင် ပိုင်ယန်၏ ပုံရိပ်သည် လှုပ်ရှားသွားပြီး အနောက်ဘက် ရေစီးမြို့တော်ဆီသို့ ပျံသန်းသွားလေတော့သည်။

သူ၏ အသံသည် ရေခဲတမျှ အေးစက်နေ၏။

"ဒါဆိုရင်လည်း... ဖျက်ဆီးပစ်လိုက်ရုံပေါ့... ဒီလောက် ဒုတိယအဆင့် အဆင့်မြင့် အခင်းအကျင်းလောက်က ငါ့ကို အကြာကြီး တားထားနိုင်မှာ မဟုတ်ပါဘူး"

မူလက သူတို့၏ အစီအစဉ်မှာ ချန်မိသားစုဝင် အားလုံးကို၊ သို့မဟုတ် အများစုကို မြို့ပြင်သို့ မျှားခေါ်ပြီး သတ်ဖြတ်ရန် ဖြစ်သည်။

ချန်မိသားစုက ဒီလောက်ထိ သတိကြီးလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ပထမ အကြီးအကဲ ဦးဆောင်သော အဖွဲ့တစ်ဖွဲ့နှင့် အဆင့်နိမ့် တပည့်တချို့ကိုပဲ လွှတ်လိုက်ပြီး၊ ကျန်လူတွေ အကုန်လုံးက မြို့ထဲမှာ အောင်းနေပြီး ကာကွယ်ရေး အခင်းအကျင်းကို ဖွင့်ချလိုက်ကြသည်။

ထို့ကြောင့် ပိုင်ယန့်မှာ ရွေးချယ်စရာ မရှိတော့ဘဲ စွန့်စားပြီး အခင်းအကျင်းကို အတင်း ဝင်ဖျက်ဖို့ ဆုံးဖြတ်လိုက်ရခြင်း ဖြစ်ပေသည်။

ဆေးပညာရှင် ပိုင်ယန်.. အချိန်ကို တွက်ချက်ကြည့်လိုက်သည်။

အနီးအနားက အခြား ကျင့်ကြံသူ မိသားစုတွေ ရောက်မလာခင်... နေ့ဝက် အတွင်းမှာ ဒီအခင်းအကျင်းကို ဖျက်၊ မြို့ထဲက လူတွေကို သတ်ပြီး ထွက်ပြေးနိုင်လျှင် ပြဿနာ ကြီးကြီးမားမား ရှိမှာ မဟုတ်ပေ။

သာမန် ကျင့်ကြံသူတွေ သိသွားလျှင်တောင်မှ... ယွီမိသားစု ခေါင်းဆောင်တို့၊ ယွင်ကျန်းဂိုဏ်းက လူတွေတို့ ရောက်မလာသရွေ့ သူ လုံခြုံမှု ရှိနေဦးမှာ သေချာသည်။

သာမန် ကျင့်ကြံသူတွေ ရောက်လာလျှင်တော့ ပိုတောင် ကောင်းသေး၏။

သူ့ရဲ့ နောက်ဆုံး အဆင့်တက်ခြင်း အတွက် အစာရေစာတွေ ပိုရမည်ပင်။

"ရွှီး..."

နောက်ဘက်မှ စုချင်းယီလည်း အလျင်အမြန် လိုက်ပါသွား၏။ သို့သော် လော့ပန်းနှင့် ပိုင်ယန်တို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသဖြင့် စုချင်းယီ၏ ကျင့်ကြံမှု အဆင့်မှာ သိပ်မမြင့်မားလှချေ။ စုယွီကဲ့သို့ပင် အခြေခံတည်ဆောက်ခြင်း ခြောက်ဆင့်မြောက်မှာပင် တရွတ်တိုက် နေရရှာသည်။

ဒီအချက်က စုချင်းယီအတွက် အကြီးမားဆုံး စော်ကားမှုကြီး တစ်ခုလို ဖြစ်နေ၏။

‘အရင်တုန်းက သူက စုယွီထက် အမြဲတမ်း ခြေတစ်လှမ်း သာခဲ့သူလေ။

အဆင့်နိမ့် ဝိညာဉ်အမြစ် ပိုင်ရှင်၊ ပါရမီ ညံ့ဖျင်းလှတဲ့ စုယွီတောင်မှ အခုဆိုရင် အခြေခံတည်ဆောက်ခြင်း ခြောက်ဆင့်မြောက်ကို ရောက်နေပြီ။

ဒါပေမဲ့ သူကတော့... မိစ္ဆာလမ်းစဉ်ကို ရွေးချယ်ပြီး အရာအားလုံး ပေးဆပ်ခဲ့တာတောင်မှ... စုယွီနဲ့ တန်းတူလောက်ပဲ ရှိသေးတာလား။’

အခန်း (၂၄၉) - ဟင်းလင်းပြင် စွမ်းအားသုံး အဆောင်လက်နက် နှင့် ပိုင်ယန် ဆေးပညာရှင် သေဆုံးခြင်း (အပိုင်း - ၄)

~စုချင်းယီ လေပေါ်ပျံဝဲရင်း လိုက်ပါလာချိန်မှာပင်... ရှေ့က ဆေးပညာရှင် ပိုင်ယန်ဆီမှ မိုးမဆုံး လေမဆုံး များပြားလှသော မိစ္ဆာချီတွေက တောင်လိုပုံပြီး ထွက်ပေါ်လာလေတော့သည်။ ထို ကြောက်မက်ဖွယ် ကောင်းလှသော အရှိန်အဝါကြီးသည် မြို့တော် ကာကွယ်ရေး အခင်းအကျင်းကိုသာမက၊ အနောက်ဘက် ရေစီးမြို့တော် တစ်ခုလုံးကိုပါ တုန်ခါသွားစေခဲ့သည် မဟုတ်ပါလော။

မျက်စိတစ်မှိတ် အတွင်းမှာပင်... ကောင်းကင်ယံ တစ်ခုလုံးသည် မည်းနက်သော တိမ်တိုက်ကြီးများ ဖုံးလွှမ်းသွားသကဲ့သို့ မှောင်မိုက်သွားရရှာသည်။

အနောက်ဘက် ရေစီးမြို့တော် အတွင်း၌...။

မရေမတွက်နိုင်သော မြို့သူမြို့သားများနှင့် ချန်မိသားစုဝင်များ၏ မျက်နှာထားများ ရုတ်ချည်း ပြောင်းလဲသွားကြ၏။ သူတို့ ကောင်းကင်ကို မော့ကြည့်လိုက်သည့်အခါ လိမ့်တက်လာသည့် မိစ္ဆာမြူထုကြီးကို တွေ့လိုက်ရသည်။ ထိုအရှိန်အဝါများသည် သရဲတစ္ဆေပေါင်းများစွာက မြို့ကာကွယ်ရေး အခင်းအကျင်းကို ထုနှက်နေသကဲ့သို့ ဖြစ်နေသဖြင့် ထိတ်လန့်တကြား အော်ဟစ်လိုက်မိကြလေတော့သည်။

"မိစ္ဆာကောင်ဟေ့... မိစ္ဆာကောင်"

"အနောက်ဘက် ရေစီးမြို့တော်ကို မိစ္ဆာတွေ တိုက်နေပြီဗျို့"

ချန်မိသားစု အိမ်တော် အတွင်း၌... ဘိုးဘေး ချန်ရွှီ၊ ဒုတိယ ဘိုးဘေး ချန်ယောင် နှင့် မိသားစုခေါင်းဆောင် ချန်ချူတို့၏ မျက်နှာထားများမှာလည်း သိသိသာသာ ပျက်ယွင်းသွားကြသည်။

ပြောင်းလဲသွားသော ကောင်းကင်ကြီးနှင့် ကြောက်မက်ဖွယ် မိစ္ဆာချီများကို မြင်လိုက်ရသောအခါ သူတို့အားလုံး မျက်နှာများ ဖြူဖျော့သွားပြီး ဦးရေပြားများပင် ထုံကျဉ်သွားရ၏။

ချန်ချူက တုန်ရီသော အသံဖြင့် အော်ဟစ်လိုက်သည်။

"ဒါ သာမန် မိစ္ဆာကျင့်ကြံသူ မဟုတ်ဘူး... အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် အဆင့်ရှိတဲ့ မိစ္ဆာကြီးဗျ"

ကြောက်မက်ဖွယ် မိစ္ဆာချီကို အာရုံခံမိလိုက်သော ဘိုးဘေး ချန်ရွှီသည်လည်း အလိုအလျောက် ကြောက်ရွံ့စိတ် ဝင်လာပြီး ကြက်သီးမွေးညှင်းများ ထသွားရရှာသည်။ သို့သော် သူသည် ချန်မိသားစု၏ ဘိုးဘေး ဖြစ်သည် မဟုတ်ပါလော။ တစ်မိသားစုလုံး ကြောက်လန့်နေကြလျှင်တောင်မှ သူကတော့ ကြောက်လန့်နေ၍ မဖြစ်ချေ။

ချန်ရွှီသည် စိတ်ကို အတင်း ထိန်းချုပ်လိုက်ပြီး အသံနက်ကြီးဖြင့် ဟိန်းဟောက်လိုက်၏။

"ပါးစပ်ပိတ်ထားစမ်း"

"ချန်ယောင်... စုမိသားစုကို ဆက်သွယ်ဖို့ နည်းလမ်းရှာ... အခုအချိန်မှာ ငါတို့ကို ကယ်နိုင်မှာ စုမိသားစုပဲ ရှိတော့တယ်"

"ကျန်တဲ့လူတွေ အကုန်လုံး ငါနဲ့လိုက်ခဲ့... ကာကွယ်ရေး အခင်းအကျင်းကို သွားပြီး ထိန်းထားကြမယ်"

ချန်ရွှီ၏ ပြတ်သားသော အမိန့်သံအောက်တွင် ချန်မိသားစုဝင် အားလုံးသည် အတူတကွ ထွက်ခွာသွားကြလေတော့သည်။

မြို့တော် အပြင်ဘက်တွင်...။

ဆေးပညာရှင် ပိုင်ယန်သည် စကားတစ်ခွန်းမျှ မဆိုပေ။ သူ၏ လက်ဖဝါးပေါ်တွင် ထိပ်တန်းအဆင့် 'သံလိုက်အိမ်မြှောင်' တစ်ခု ပေါ်ထွက်လာ၏။ ဤပစ္စည်းသည် လမင်းသာသော မှောင်ခိုဈေးကွက် အပြင်ဘက်တွင် အခင်းအကျင်း ဆရာတစ်ဦးကို ချုံခိုတိုက်ခိုက်ပြီး လုယူထားခဲ့သော ပစ္စည်း ဖြစ်သည်။

သူသည် ကျင့်ကြံသူများကို လိုက်လံ သတ်ဖြတ်ရာတွင် ဤ သံလိုက်အိမ်မြှောင်ကို အသုံးပြုလေ့ ရှိသည် မဟုတ်ပါလော။

ပိုင်ယန်၏ ချီစွမ်းအင်များ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် သံလိုက်အိမ်မြှောင်ဆီမှ ကြီးမားသော မိစ္ဆာချီများ ထွက်ပေါ်လာပြီး အခင်းအကျင်းကို တရကြမ်း.. စတင် ဖျက်ဆီးလေတော့သည်။

သူသည် အခင်းအကျင်း ပညာကို နားမလည်သော်လည်း... ဤ ထိပ်တန်း သံလိုက်အိမ်မြှောင် အကူအညီဖြင့် ဒုတိယအဆင့် အဆင့်မြင့် ကာကွယ်ရေး အခင်းအကျင်းကို ချိုးဖျက်နိုင်မည့် အခွင့်အရေး ရှိလာပြီ ဖြစ်သည်။ အလုပ်က ပိုပြီး လွယ်ကူသွားစေသည်။

သူ၏ လက်ရှိ ကျင့်ကြံမှု အဆင့်အရ ဆိုလျှင်... သာမန် 'အမြုတေတစ်ဝက် အဆင့်' ကျင့်ကြံသူများပင် သူ့လောက် စွမ်းအားကြီးမည် မဟုတ်ချေ။

*

အခင်းအကျင်း အတွင်း၌...

ချန်ရွှီနှင့် အခြားသူများ၏ မျက်နှာထားများ တစ်ဖန် ပြောင်းလဲသွားကြပြန်သည်။ သူတို့သည် အခင်းအကျင်း၏ ဗဟိုချက်မ အလံတိုင်များကို ပူးပေါင်း ထိန်းချုပ်ပြီး ကျူးကျော်ဝင်ရောက်လာသော မိစ္ဆာချီများကို ခုခံနေကြရ၏။ သို့သော် သံလိုက်အိမ်မြှောင်၏ စွမ်းအားအောက်တွင် ဒုတိယအဆင့် အဆင့်မြင့် အခင်းအကျင်းကြီးသည် တဖြည်းဖြည်း တုန်ခါလာပြီး လှိုင်းဂယက်များ ထလာလေတော့သည်။

သူတို့ တောင့်ခံနိုင်မည့် အတိုင်းအတာကို ခန့်မှန်း တွက်ချက်ကြည့်လိုက်သောအခါ ချန်ရွှီ၏ မျက်နက်ဝန်းများ ကျဉ်းမြောင်းသွားပြီး မျက်နှာမှာ သွေးမရှိတော့သကဲ့သို့ ဖြူဖျော့သွားရရှာသည်။ ရင်ထဲတွင် ဝမ်းနည်းခြင်း၊ မျှော်လင့်ချက် ကင်းမဲ့ခြင်းများ ပြည့်နှက်လာပြီး တီးတိုး ရေရွတ်လိုက်မိ၏။

"ပြီးပါပြီ... အားလုံး သွားပါပြီ"

"ချန်မိသားစုတော့... ကိစ္စတုံးပါပြီကွာ"

နာရီဝက်ခန့် အကြာတွင်...

အနောက်ဘက် ရေစီးမြို့တော်၏ ဒုတိယအဆင့် အဆင့်မြင့် ကာကွယ်ရေး အခင်းအကျင်းတွင် အက်ကြောင်းများ၊ လှိုင်းဂယက်များ စတင် ပေါ်ပေါက်လာခဲ့လေပြီ။ အခင်းအကျင်း တစ်ခုလုံးသည် မတည်မငြိမ် ဖြစ်နေပြီး မကြာမီ ပြိုပျက်တော့မည့် အရိပ်အယောင်များ ပြသနေ၏။

ထိုအချိန်တွင် ကောင်းကင်ယံ အဆုံးမှ လျှပ်စီးအလင်းတန်း တစ်ခုသည် မြားတစ်စင်းအလား ပျံသန်းလာပြီး... မျက်စိတစ်မှိတ် အတွင်း အနောက်ဘက် ရေစီးမြို့တော် အနီးသို့ ရောက်ရှိလာလေတော့သည်။

နောက်တစ်ခဏတွင်...

"ဝုန်း"

ကြောက်မက်ဖွယ် ကောင်းလှသော ဝိညာဉ်အာရုံ တစ်ခုသည် ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးကို လွှမ်းခြုံသွားလေတော့သည်။ အနောက်ဘက် ရေစီးမြို့တော် အပြင်ဘက်တွင် အခင်းအကျင်း ဖျက်ဆီးရန် အာရုံစိုက်နေသော ဆေးပညာရှင် ပိုင်ယန် တစ်ယောက်... ထို ဝိညာဉ်အာရုံ ကျရောက်လာသည်နှင့် တစ်ပြိုင်နက် ရင်ထဲတွင် အဆုံးမရှိသော ကြောက်ရွံ့မှုများကို ခံစားလိုက်ရ၏။ အေးစက်သော ခံစားမှုတစ်ခုသည် ခြေဖဝါးမှ ခေါင်းထိပ်အထိ စီးတက်သွားပြီး ဦးရေပြားများ ထုံကျဉ်သွားရသည်။

ထို ကြောက်မက်ဖွယ် ဝိညာဉ်အာရုံသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို စုစည်းလိုက်ပြီး၊ အဆုံးမရှိသော သဘာဝ ဝိညာဉ်စွမ်းအင်များကို ပေါင်းစပ်ကာ... တောင်ကြီးတစ်လုံး ပိကျလာသကဲ့သို့သော 'ဝိညာဉ်ဖိအား' ကြီးကို ဖန်တီးလိုက်သည်။

ထိုဖိအားကြီးသည် ဆေးပညာရှင် ပိုင်ယန် နှင့် သူနှင့် မလှမ်းမကမ်းတွင် ရှိနေသော စုချင်းယီ တို့အပေါ်သို့ ပြိုကျသွားလေတော့သည်။

တစ်ခဏချင်းမှာပင်... ပိုင်ယန်နှင့် စုချင်းယီတို့၏ မျက်နှာများ ဖြူဖျော့သွားကြပြီး ခန္ဓာကိုယ်များ ယိုင်နဲ့သွားကြရသည်။

ထို ကြောက်မက်ဖွယ် ဝိညာဉ်ဖိအားအောက်တွင် နှစ်ယောက်စလုံး ဒူးထောက်ကျမလို ဖြစ်သွားကြ၏။

ပိုင်ယန်နှင့် စုချင်းယီတို့၏ မျက်နက်ဝန်းများ ရုတ်ချည်း ကျဉ်းမြောင်းသွားကြသည်။ သူတို့ တစ်ယောက်ကို တစ်ယောက် ကြောက်လန့်တကြား ကြည့်လိုက်မိကြ၏။

"ဝိညာဉ်ဖိအားပါလား... အရှင်သခင် အဆင့်... အမြုတေဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူတဲ့လား"

ပြေးမှ ဖြစ်မယ်။

ဆေးပညာရှင် ပိုင်ယန်၏ ခေါင်းထဲတွင် ထိုအတွေး တစ်ခုတည်းသာ ရှိတော့သည်။ ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းများ ပြည့်နှက်နေ၏။

သူ လှမ်းကြည့်လိုက်သောအခါ... အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် လျှပ်စီးအလင်းတန်းများပေါ်တွင် ခြေနင်း လျှောက်လှမ်းကာ ကောင်းကင်မှ ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။ ထိုလူငယ်ထံမှ... သူ အမြဲတမ်း တောင့်တခဲ့သော အမြုတေဖွဲ့စည်းခြင်း အဆင့်၏ ဝိညာဉ်ဖိအားကို ခံစားလိုက်ရသည်။

သို့သော် ယခုအချိန်တွင် ထိုစွမ်းအားသည် သူ့ကို ကြောက်ရွံ့ခြင်းနှင့် မျှော်လင့်ချက် ကင်းမဲ့ခြင်းများကိုသာ ပေးစွမ်းနေသည်။

ပိုင်ယန်သည် 'လွတ်မြောက်ခြင်း စွမ်းရည်' ကို အသုံးပြု၍ ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။ သို့သော် သူ့နောက်တွင် ရှိနေသော စုချင်းယီကမူ... လျှပ်စီးများကြားမှ ဆင်းသက်လာသော အစိမ်းရောင် ဝတ်စုံနှင့် လူငယ်ကို မြင်လိုက်ရသည့် အချိန်တွင်...

ခေါင်းထဲတွင် ဗလာဟင်းလင်း ဖြစ်သွားရရှာသည်။

သူ့မျက်လုံးများ ပြူးကျယ်သွားပြီး ယုံပင် မယုံနိုင်အောင် ဖြစ်သွား၏။

စုချင်းယီသည် မယုံကြည်နိုင်ခြင်း၊ ဒေါသထွက်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ ရောပြွန်းနေသော အသံကြီးဖြင့် အော်ဟစ်လိုက်လေတော့သည်။

"စုယွီ"

"မင်း... မင်းက ဘယ်လိုလုပ်ပြီး..."

ဝိညာဉ်ဖိအားတဲ့လား။

အရှင်သခင် အဆင့်... အမြုတေဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူတဲ့လား။

သူက အခြေခံတည်ဆောက်ခြင်း ခြောက်ဆင့်မြောက်မှာပဲ ရှိနေရမှာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး အရှင်သခင် အဆင့် ဝိညာဉ်ဖိအားကို ပိုင်ဆိုင်ထားရတာလဲ။

အဝေးတစ်နေရာတွင်...

စုယွီ၏ 'တာအိုရုပ်ခန္ဓာ ရုပ်သေး'သည် လျှပ်စီးအလင်းတန်းများ လွှမ်းခြုံလျက် ရှိနေသည်။ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရုံဖြင့် ပိုင်ယန်နှင့် စုချင်းယီတို့၏ အနီးသို့ ရောက်ရှိလာ၏။ သူ့မျက်လုံးများက ခံစားချက် ကင်းမဲ့နေပြီး၊ ကြောက်မက်ဖွယ် ဝိညာဉ်အာရုံက ကောင်းကင်နှင့် မြေကြီးကို ဖိနှိပ်ထားသည်။ ထို ဝိညာဉ်ဖိအားသည် ထောင်ပိုင်ကြီး တစ်ဦးကဲ့သို့ ပိုင်ယန်နှင့် စုချင်းယီတို့ကို တုပ်နှောင်ထား၏။

ပိုင်ယန်၏ ခန္ဓာကိုယ်မှ မိုးမဆုံး လေမဆုံးသော မိစ္ဆာချီများနှင့် သွေးရောင် အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ... စုယွီ၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

"သွေးထွက်ပြေး ကျင့်စဉ် ဟုတ်လား"

"ဝီ..."

တစ်ခဏချင်းမှာပင်...

မမြင်နိုင်သော၊ သို့သော်ူးရှ တောက်ပသော ရွှေရောင် အလင်းတန်း တစ်ခုသည် ထိုနေရာ တစ်ဝိုက်ကို လွှမ်းခြုံသွားလေတော့သည်။

ရွှေပုစဉ်းက ဒီရေကို ပြောင်းပြန်လှန်လိုက်ပြီတည်း။

'ရွှေပုစဉ်းရင်ကွဲ လျှို့ဝှက်နည်းစနစ်' ။

"ဝီ..."

ဆေးပညာရှင် ပိုင်ယန်သည် မိစ္ဆာချီများကို အားကုန် ထုတ်လွှတ်ပြီး ဝိညာဉ်ဖိအားကို ဖောက်ထွက်ရန် ကြိုးစားနေသည်။ သူ့ခန္ဓာကိုယ်က သွေးရောင် အလင်းတန်းအဖြစ် ပြောင်းလဲပြီး ထွက်ပြေးရန် ပြင်ဆင်နေစဉ်မှာပင်... ရွှေရောင် အလင်းတန်း တစ်ခုသည် ကောင်းကင်မှ ရုတ်တရက် ကျဆင်းလာပြီး ပိုင်ယန်၏ စိတ်အာရုံထဲသို့ တိုးဝင်သွားလေတော့သည်။

ပိုင်ယန်၏ ဝိညာဉ်ကို တည့်တည့်မတ်မတ် ရိုက်ခတ်လိုက်ခြင်းပင်။

"ဖူး..."

ပိုင်ယန်၏ ခေါင်းထဲတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး၊ ပါးစပ်ထဲမှ သွေးများ ပန်းထွက်လာ၏။ သူသည် အလိုအလျောက် မချိမဆံ့ အော်ဟစ်လိုက်မိလေတော့သည်။

"အား..."

သူ့ခန္ဓာကိုယ်ပေါ်မှ သွေးရောင် အလင်းတန်းများ ပျောက်ကွယ်သွားပြီး 'သွေးထွက်ပြေး ကျင့်စဉ်' မှာလည်း ရပ်တန့်သွားရ၏။

တောင်လို ပုံနေသော ကြောက်မက်ဖွယ် မိစ္ဆာချီများလည်း ချက်ချင်း ပြိုကွဲသွားပြီး၊ သူ၏ အင်အားများ ဆုတ်ယုတ်ကာ အလွန်အမင်း အားနည်းသွားရရှာလေသတည်း။

All Chapters