← Chapters

အခန်း (၁၄၄-၁၄၆)

Vol. 10 Ch. 144-146

အခန်း (၁၄၄-၁၄၆)

Vol. 10 Ch. 144-146

အခန်း ၁၄၄

- အပိုင်း ၂၈ - အမြင့်မြတ်ဆုံး စတေးမှု (၄)

[ဟင်း… ငါထင်ထားတာထက်တောင် ပိုပြီး မြန်မြန်ဆန်ဆန် ပြီးသွားနိုင်မလားပဲ]

ယူဂျွန်ဟော့ နှင့် နာဗားနား တို့၏ သွေးချောင်းစီး တိုက်ပွဲကို ကြည့်ရင်း ဒိုကဲဘီ က တခိခိ ရယ်မောလိုက်၏။

[တစ်ဝက်လောက် မဟုတ်တောင် အနည်းဆုံးတော့ ကိုယ်စားလှယ် သုံးပုံတစ်ပုံလောက် သေသွားလိမ့်မယ်လို့ ငါ ထင်ထားခဲ့တာ...]

[ဒီဇာတ်လမ်းက သိပ်ပြီး စိတ်ဝင်စားဖို့ မကောင်းတော့ဘူး]

ဝေဟင်တွင် အလယ်အလတ်စား ဒိုကဲဘီ သုံးကောင်သည် အားကစားကွင်းကို ငုံ့ကြည့်နေကြသည်။ ဒိုကဲဘီများ ပေါ်လာသည်ကို မြင်သောအခါ အားကစားကွင်း အပြင်ဘက်ရှိ ကိုယ်စားလှယ်များမှာ တုန်လှုပ်ခြောက်ခြားသွားကြ၏။ သူတို့ ပေါ်လာတိုင်း အဓိပ္ပာယ်မရှိသည့် ကိစ္စရပ်များ အမြဲတမ်း ဖြစ်ပေါ်တတ်သောကြောင့် ဖြစ်သည်။

[အခု အရိပ်အမြွက်လေး ပေးလိုက်ရင် ကောင်းမလား]

[သိပ်ပြီး အရေးကြီးတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ သူတို့ကို အရင်ကထက် နည်းနည်းလောက် ပိုပြီး စောစော ထုတ်ပြလိုက်ကြတာပေါ့]

ဒိုကဲဘီများ စကားပြောဆိုပြီးသည်နှင့် ကိုယ်စားလှယ်များ၏ အဆင့်သတ်မှတ်ချက်များမှာ ဝေဟင်ရှိ သင်ပုန်းပေါ်တွင် ပေါ်ထွက်လာလေပြီ။

[ဆိုးလ်ဒေသအတွင်း ရှစ်ယောက်မြောက် အင်အားအကောင်းဆုံး ကိုယ်စားလှယ်မှာ 'လရောင်မိန်းကလေး ယူဆန်းအာ' ဖြစ်သည်။]

[ဆိုးလ်ဒေသအတွင်း ခုနစ်ယောက်မြောက် အင်အားအကောင်းဆုံး ကိုယ်စားလှယ်မှာ 'လက်နက်ခံတပ်သခင် ဂုံဖီဒူ' ဖြစ်သည်။]

[ဆိုးလ်ဒေသအတွင်း ခြောက်ယောက်မြောက် အင်အားအကောင်းဆုံး ကိုယ်စားလှယ်မှာ 'ဖျက်ဆီးခြင်း၏ တရားသူကြီး ယောင်ဟီဝန်' ဖြစ်သည်။]

ခဏချင်းအတွင်းမှာပင် အဆင့်သုံးဆင့် ပေါ်ထွက်လာပြီး လူများ၏ တုံ့ပြန်မှုမှာ အုတ်အော်သောင်းနင်း ဖြစ်သွား၏။

"ယူဆန်းအာ ဆိုတာ ဘယ်သူလဲ။ လရောင်မိန်းကလေးတဲ့လား"

"ဂုံဖီဒူ က အဆင့် ၇ တဲ့"

ယောင်ဟီဝန် သည်လည်း ကောင်းကင်ယံရှိ အီလက်ထရောနစ်စာသားပြကွက်ကို ကြည့်နေလေသည်။

"စောက်ကျိုးနည်း... ငါက အဆင့် ၆ လား"

"ကျမကတော့ အဆင့် ၁၀ ပဲ... အမရေ။ ကျမနဲ့ တစ်ပွဲလောက် တိုက်ခိုက်ကြည့်ချင်လား"

လီဂျီဟယ် က မြေပြင်ပေါ်တွင် ပိတ်မိနေသော ယောင်အီဒို ကို နင်းခြေရင်း မေးလိုက်၏။

ယောင်ဟီဝန် ကလည်း သူ့ကို ထပ်မံ နင်းခြေလိုက်ပြီး ပြန်လည် ဖြေကြားလိုက်သည်။

"ဟွန်း။ စိတ်မကောင်းပေမဲ့ ငြင်းပါရစေ။ ငါ့ရဲ့ ထောက်ပံ့သူက နင့်ကို သဘောကျနေတာဟ"

"ဟမ်။ ဘာလို့သဘောကျတာလဲ"

ယောင်ဟီဝန် က ပြန်မဖြေဘဲ ယောင်အီဒို ဆီသို့ ဓါးဖြင့် ချိန်ရွယ်လိုက်၏။

" အဆင့် ၁၀ ထဲတောင် မပါနိုင်တဲ့ ယောင်အီဒိုကြီးရေ"

ဓါးသွားကို မြင်သောအခါ ယောင်အီဒို ၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီး မေးလိုက်သည်။

"...ယောင်ဟီဝန်။ နင် စိတ်ကူးကူးစက်ခြင်း ကို ဘယ်လို ဖယ်ရှားလိုက်တာလဲ"

"ငါ့ကို မေးခွန်းတွေ မမေးနဲ့။ မြန်မြန် မဖြေရင် နင့်ကို သတ်ပစ်မယ်"

" နင် ငါ့ကို သတ်လိုက်ရင်... နင်တို့... ဒီအမိုးခုံးကို... ဖယ်ရှားနိုင်မှာ မဟုတ်ဘူးနော်..."

ထိုစကားမှာ သူ ပြောဆိုခဲ့သော နောက်ဆုံး စကားလုံးများပင် ဖြစ်သည်။ ပတ်ဝန်းကျင် အခြေအနေမှာ တစ်မျိုးကြီး ဖြစ်နေသဖြင့် ယောင်ဟီဝန် က ယောင်အီဒို ကို တစ်ချက် ထပ်မံ ထိုးနှက်လိုက်ပြီးနောက် ကင်ဒေါ့ဂျာ ကို သွားရောက် ရှာဖွေလေသည်။

"ဒေါ့ဂျာ"

သို့သော်လည်း ကင်ဒေါ့ဂျာ မှာ ထိုနေရာတွင် ရှိမနေပေ။

[ဆိုးလ်ဒေသအတွင်း ငါးယောက်မြောက် အင်အားအကောင်းဆုံး ကိုယ်စားလှယ်မှာ 'အသန့်စင်ဆုံး သံမဏိ လီဟန်းဆောင်' ဖြစ်သည်။]

အမိုးခုံး၏ အပြင်ဘက်တွင် မိစ္ဆာများနှင့် တိုက်ခိုက်နေသော လီဟန်းဆောင် နှင့် ဂုံဖီဒူ တို့သည် ထိုမက်ဆေ့ချ်ကို ကြားလိုက်ရ၏။ ဂုံဖီဒူ က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်

"...အသန့်စင်ဆုံး သံမဏိ ဆိုတာ ဘာကြီးလဲ"

"ကျ-ကျုပ်လည်း မသိဘူး"

လီဟန်းဆောင် သည် ပဉ္စမအဆင့် မိစ္ဆာများအပေါ် မဟာတောင်ဖြိုတွန်းအား ကို အသုံးပြုလိုက်သည်။ သံမဏိအသားအရေ ကို အသုံးပြုနိုင်သော သူ့အတွက်တော့ ကပ်ဘေးအဆင့် မိစ္ဆာများမှာ ရန်သူ မဟုတ်တော့ပေ။

သို့သော်လည်း မိစ္ဆာအရေအတွက်မှာ သူတို့ ထင်ထားသည်ထက် ပိုမိုများပြားနေပြီး ရှေ့တန်းမှာလည်း တဖြည်းဖြည်း နောက်သို့ ဆုတ်ပေးနေရ၏။

လီဟန်းဆောင် သည် လက်နက်ခံတပ်ကို ကာကွယ်ပေးရင်း စဉ်းစားနေမိသည်။

'ဒေါ့ဂျာ။ အဆင်ပြေရဲ့လား'

သူသည် ကင်ဒေါ့ဂျာ ထံမှ အဖြေကို မျှော်လင့်နေသော်လည်း ကင်ဒေါ့ဂျာ မှာ ဘာမှ ပြန်မပြောခဲ့ပေ။

[ဆိုးလ်ဒေသအတွင်း လေးယောက်မြောက် အင်အားအကောင်းဆုံး ကိုယ်စားလှယ်မှာ 'မဟူရာမီးလျှံ ဧကရီ ဟန်ဆိုယောင်း' ဖြစ်သည်။]

တစ်ချိန်တည်းမှာပင် ဟန်ဆိုယောင်း သည် စခရင်ကို ကြည့်ကာ ရယ်မောနေ၏။

"...ငါက တကယ်ပဲ အဆင့် ၄ လား"

မြေပြင်ပေါ်တွင် သွေးအိုင်ထဲ၌ လဲလျောင်းနေသော ကင်ဒေါ့ဂျာ ကို ငုံ့ကြည့်ရင်း ဟန်ဆိုယောင်း က မေးလိုက်သည်။ ကင်ဒေါ့ဂျာ ချက်ချင်း သေမသွားစေရန်အတွက် ချိန်ဆ၍ ထိုးလိုက်ခြင်း ဖြစ်သော်လည်း သွေးထွက်လွန်နေသဖြင့် မကြာမီ သေဆုံးတော့မည်မှာ သေချာလှ၏။

ဟန်ဆိုယောင်း သည် ကိုယ်ကို ကိုင်းလိုက်ပြီး သွေးထွက်နေသော ကင်ဒေါ့ဂျာ ၏ ပါးကို ထိတွေ့လိုက်သည်။

"ကင်ဒေါ့ဂျာ။ နင် တကယ်ပဲ ဒီလိုမျိုး သေသွားတော့မှာလား။ နင်က အဆင့် ၃ ဆိုရင် ဘယ်လိုလုပ်မလဲ"

ဟန်ဆိုယောင်း သည် စိတ်မသက်မသာ ဖြစ်နေသော မျက်နှာထားဖြင့် ကင်ဒေါ့ဂျာ ကို ငုံ့ကြည့်နေမိ၏။

"အခု နင့်ကိုကြည့်ရတာ သိပ်ပြီး စိတ်အေးလက်အေး ဖြစ်နေပုံပဲ"

ကင်ဒေါ့ဂျာ မှာ ဘာမှ ပြန်မဖြေခဲ့ပေ။ သူ့ကို ဓါးဖြင့် ထိုးခဲ့သူမှာ ဟန်ဆိုယောင်းကိုယ်တိုင် ဖြစ်သော်လည်း ကင်ဒေါ့ဂျာ တကယ် သေသွားမည်ကို ဟန်ဆိုယောင်း အလွန် ကြောက်လန့်နေမိသည်။ သူ၌ ကိုယ်ပွား စွမ်းရည်တောင် မရှိ...

နေဦး။ မဟုတ်မှလွဲရော…

"ငါက ဘာလို့ သူ့အတွက် စိုးရိမ်နေရတာလဲ..."

ဟန်ဆိုယောင်း က ညည်းတွားလိုက်ပြီးနောက် ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွား၏။

သတိလစ်နေသော ကင်ဒေါ့ဂျာ ၏ နှုတ်ခမ်းများမှာ နာကျင်မှုကြောင့် တွန့်ကွေးနေသည်။ ဟန်ဆိုယောင်းသည် ဘာတွေ ဖြစ်ပျက်နေသည်ကို သိလိုသော်လည်း မမေးမြန်းခဲ့ပေ။

ကင်ဒေါ့ဂျာ မှာ အခက်အခဲများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ဟန်ဆိုယောင်းကဲ့သို့ပင် သူသည်လည်း ကမ္ဘာကြီး မပျက်စီးမီက သာမန်လူတစ်ယောက်သာ ဖြစ်ခဲ့၏။ ထိုကဲ့သို့သော လူတစ်ယောက်က ကမ္ဘာကြီး၏ ကံကြမ္မာကို ဆုံးဖြတ်ရန် စင်မြင့်ထက်သို့ ခုန်တက်ခဲ့ပြီး အဓိက ဇာတ်ကောင်များကို ခြယ်လှယ်နေခဲ့သည်။ ကင်ဒေါ့ဂျာကလည်း သာမန်လူသားတစ်ယောက် ဖြစ်သည်ဆိုသည်ကို ဟန်ဆိုယောင်း ခဏတာ မေ့လျော့နေခဲ့ခြင်း ဖြစ်ပေသည်။

ဟန်ဆိုယောင်းသည် လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်ကာ ကင်ဒေါ့ဂျာ ၏ ပါးစပ်ကို ထိတွေ့လိုက်၏။ ထို့နောက် သူမ၏ မျက်နှာထက်တွင် ပြုံးရယ်ခြင်း နှင့် မျက်မှောင်ကြုတ်ခြင်းတို့ ရောယှက်နေသော ထူးဆန်းသည့် အမူအရာတစ်ခု ပေါ်လာသည်။

ဟန်ဆိုယောင်း က တခိခိ ရယ်မောလိုက်၏။

"...တကယ်ကို ထူးဆန်းတာပဲ"

ထိုအချိန်တွင် အမိုးခုံးအတွင်း၌ ပြင်းထန်သော တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာသည်။ ယူဂျွန်ဟော့ နှင့် နာဗားနား တို့၏ တိုက်ပွဲမှာ အဆုံးသတ်သို့ ရောက်ရှိလာလေပြီ။

[ဟားဟား… နောက်ထပ်အရိပ်အမြွက်ပြောပေးဖို့ သုံးယောက် ကျန်သေးတာပဲ။ သူတို့က ဘယ်သူတွေ ဖြစ်မလဲဆိုတာ ငါလည်း သိချင်နေပြီ။ ခဏလောက် စောင့်ဦးနော်။ အဆင့်သတ်မှတ်ချက်တွေကို မကြာခင်မှာ ထုတ်ပြန်ပေးပါမယ်]

[‘လျှို့ဝှက်ကြံစည်သူ’ နက္ခတ်သည် စိတ်ကိုတည်ငြိမ်အောင် ထိန်းထားပါသည်။]

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် ချွေးများ ထွက်နေပြီး ဆံပင်များလည်း ကျွတ်ထွက်သွားပါသည်။]

[‘တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး’ နက္ခတ်သည် သူ၏ ဦးခေါင်းကို ပွတ်လိုက်ပါသည်။]

ယူဂျွန်ဟော့ သည် ဝင်ရောက်လာသော မက်ဆေ့ချ်များကို နားထောင်ရင်း ဓါးကို ပြန်မြှောက်လိုက်၏။

အဝလောကိတေသွရ ဗောဓိသတ္တ (လောကနတ်) ၏ လက်တစ်ထောင်ကို ဖောက်ထွက်သွားသော အသံမှာ ကြောက်မက်ဖွယ် ကောင်းလှပြီး ကြွက်သားများ၏ အတွင်းပိုင်းမှလည်း စက်ယန္တရား အသံတစ်ခု ထွက်ပေါ်လာသည်။

ယူဂျွန်ဟော့သည် သူ၏တည်ရှိမှုက တဖြည်းဖြည်း ပြိုလဲပျက်စီးလာနေသည်ကို ခံစားလိုက်ရ၏။ ထိုသို့ဖြစ်ရခြင်းမှာ ကိုယ်ခန္ဓာကြီးမားလာစေခြင်း၏ ဘေးထွက်ဆိုးကျိုးကြောင့်ပင်။ မိမိမတက်နိုင်သည့် စွမ်းအားကို တောင့်ခံထားရသည့်အတွက် ပေးဆပ်ရသော တန်ဖိုးဖြစ်၏။

ထိုစွမ်းအားကို ရရှိစဉ်က ကိုလော့ဆက်က သူ့ကို အသေအချာ သတိပေးခဲ့ဖူး၏။

「 မင်းရဲ့ စွမ်းရည်အလုံးစုံက ဂဏန်းသုံးလုံးအထိ မရောက်မချင်း ဒီစွမ်းရည်ကို ဘယ်တော့မှ မသုံးပါနဲ့။ 」

သို့သော်လည်း ကိုလော့ဆက်က သူ့ထံသို့ လွှဲပြောင်းခြင်း နည်းလမ်းဖြင့် ဤစွမ်းရည် ရောက်ရှိသွားမည်ဟု မျှော်လင့်ထားခဲ့သည်။ ယူဂျွန်ဟော့က သူ၏သတိပေးချက်ကို နားထောင်မည်မဟုတ်ကြောင်းကိုလည်း သူ သိရှိနေခဲ့၏။

ယူဂျွန်ဟော့သည် မဖြစ်နိုင်သောလမ်း၊ အသူရာလမ်းကို လျှောက်လှမ်းရမည်ဖြစ်ပြီး ကျော်ဖြတ်နိုင်ရန်အတွက် လက်ဝယ်ရှိသော နည်းလမ်းမှန်သမျှကို အသုံးပြုရမည်ဖြစ်သည်။ စိတ်ပျက်စရာကောင်းသည်မှာ လမ်း၏အဆုံးသတ်ကို ယခုထိ မမြင်ရသေးခြင်းပင်။

ယူဂျွန်ဟော့သည် သူ၏ကိုယ်ခန္ဓာအတွင်းရှိ မှော်စွမ်းအင်အားလုံးကို ညှစ်ထုတ်ကာ သူ၏ဓါးကို ချိန်ရွယ်လိုက်၏။ ထို့နောက် နာဗားနားဆီသို့ ပြာလွင်သော မှော်စွမ်းအင်များ ပြင်းထန်စွာ ပေါက်ကွဲစေကာ ပစ်လွှတ်လိုက်၏။

「 ကောင်းကင်ကို ခွဲထုတ်ခြင်းဆိုတာက ပေါက်ကွဲမှုတစ်ခုပဲကွ။ မိမိကိုယ်ကိုယ် ဖုံးကွယ်မထားပါနဲ့။ ချဲ့ထွင်ပါ။ ပွင့်လန်းပါ။ လွှမ်းမိုးလိုက်ပါ။ ကောင်းကင်ဘုံကို မင်းရဲ့အထက်မှာ ရှိနေခွင့်မပြုနဲ့။ 」

ထိုစကားမှာ သူ့ကို ကောင်းကင်စွမ်းအားချိုးဖြတ်ခြင်း သင်ကြားပေးခဲ့သော ကောင်းကင်စွမ်းအားချိုးဖြတ်သူတော်စင်၏ စကားများပင် ဖြစ်သည်။

ဒုတိယမြောက် နောက်ပြန်ဆုတ်ခြင်း၏ အလယ်ပိုင်းနှင့် နောက်ဆုံးပိုင်းကာလများတွင် ကောင်းကင်စွမ်းအား ချိုးဖြတ်ခြင်း သူတော်စင်သည် ပြန်လာသူများ၏ မဟာမိတ်အဖွဲ့ကို တိုက်ခိုက်ရင်း တစ်ဦးတည်း သေဆုံးသွားခဲ့၏။ ထိုစဉ်က ယူဂျွန်ဟော့သည် သူ မချိုးဖြတ်နိုင်သော ထူထဲသည့် ကောင်းကင်ယံကြီးကို မြင်တွေ့ခဲ့ရသည်။ ဤလောကတွင် ထိုကဲ့သို့သော ကောင်းကင်မျိုး အမှန်တကယ် တည်ရှိနေခဲ့လေသည်။

"ယူဂျွန်ဟော့…"

သို့သော်လည်း နာဗားနားမှာ ထိုကောင်းကင်မျိုး မဟုတ်ပေ။ နာဗားနားသည် သန်မာသော ဝိညာဉ်ကူးပြောင်းသူတစ်ယောက်သာ ဖြစ်သည်။ သူသည် နောင်တွင် ပိုမိုသန်မာလာလိမ့်မည် ဖြစ်သော်လည်း ယခုအချိန်တွင်မူ မိစ္ဆာနတ်ဘုရား သို့မဟုတ် ကောင်းကင်စွမ်းအားချိုးဖြတ်သူတော်စင်ကဲ့သို့ မသန်မာသေးပေ။

'ဒါကြောင့် မင်းကို ငါ သတ်နိုင်တယ်'

ယူဂျွန်ဟော့သည် သူ၏မှော်စွမ်းအင်အားလုံးကို ထုတ်လွှတ်လိုက်ပြီး နာဗားနား၏ တစ်ကိုယ်လုံးကို ချေမှုန်းလိုက်၏။ နာဗားနား၏ အဝလောကိတေသွရ ဗောဓိသတ္တ (လောကနတ်) ၏ လက်တစ်ထောင်မှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားလေသည်။ မှော်စွမ်းအင် ထိမှန်သွားသော အသားစများမှာလည်း စုတ်ပြတ်သတ်ကုန်၏။ ၎င်းမှာ အလျင်စလို ဆက်ခံခဲ့သော စွမ်းရည်၏ အကန့်အသတ်ပင် ဖြစ်သည်။

"အား…"

နာဗားနား၏ ကိုယ်ခန္ဓာမှာ မြေပြင်ပေါ်သို့ အရှိန်ဖြင့် ကျရောက်သွားပြီး အတွင်းဘက်တွင် ပြင်းထန်သော တုန်ခါမှုတစ်ခု ဖြစ်ပေါ်သွားသည်။ ယူဂျွန်ဟော့မှာ သူ၏အောင်ပွဲကို ယုံကြည်စိတ်ချနေ၏။

ဤတိုက်ကွက်မှာ လုံလောက်လှသည်။ နာဗားနားတွင် ဝှက်ဖဲအချို့ ရှိနိုင်သော်လည်း ဤကဲ့သို့သော ထိုးနှက်ချက်မျိုးကို ခုခံနိုင်မည် မဟုတ်ပေ။

'သူက ကင်ဒေါ့ဂျာကို သတိထားမိသွားလို့ အနီးကပ်တိုက်ခိုက်ရေး စွမ်းရည်ကို ဆက်ခံလိုက်တာပဲ ဖြစ်ရမယ်'

ယူဂျွန်ဟော့သည် ကျန်ရှိနေသော မှော်စွမ်းအင်များကို စုစည်းကာ နောက်ဆုံးတိုက်ကွက်အတွက် ပြင်ဆင်လိုက်၏။ သူသည် နောက်ဆုံးအဆုံးသတ်ရန် ကျင်းထဲမှ ထွက်လာချိန်တွင် သူ၏ဦးခေါင်းထဲ၌ မြည်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

[ သီးသန့်စွမ်းရည် 'အဆင့်မြင့် စိတ်အကာအရံ အဆင့် ၃' သည် အကန့်အသတ်သို့ ရောက်ရှိသွားပါသည်။ ]

[ သီးသန့်စွမ်းရည် 'စိတ်ကူးကာကွယ်ဆေး အဆင့် ၁' သည် 'အဆင့်မြင့် စိတ်အကာအရံ အဆင့် ၃'ကို တိုက်စားသွားပါသည်။ ]

...ဘာလဲဟ။ မဖြစ်နိုင်တာ။

စိတ်ကူးကာကွယ်ဆေးဆိုသည်မှာ နာဗားနား၏ စိတ်ကူးကူးစက်ခြင်း နှင့် ထာဝရအကျဉ်းထောင်တို့ကို ပြန်လည်ခုခံသည့် စွမ်းရည်ဖြစ်သည်။ စိတ်ကူးကာကွယ်ဆေးက ဘာကြောင့် သူ့အပေါ်မှာ အသုံးပြုခံလိုက်ရသနည်း။

'မဟုတ်မှလွဲရော'

သူသည် ရုတ်တရက် နားလည်သွား၏။ လက်ရှိနာဗားနားမှာ ယခင်ဘဝက နာဗားနားထက် အားနည်းနေသေးသည်။ အကယ်၍ နာဗားနားက အနီးကပ်တိုက်ခိုက်ရေးစွမ်းရည်ကို ဆက်မခံခဲ့ဘူးဆိုပါက…

ကင်ဒေါ့ဂျာဟု ခေါ်သော ကိန်းရှင် ရှိနေသော်လည်း နာဗားနား၏ တစ်ခုတည်းသော ပန်းတိုင်မှာ အစကတည်းက ယူဂျွန်ဟော့သာ ဖြစ်သည်။

'ချီး…. ဒါက ကိလေသာ ၁၀၈ပါး ပဲ'

[ သီးသန့်စွမ်းရည် 'အဆင့်မြင့် စိတ်အကာအရံ အဆင့် ၃' ပျက်စီးသွားပါသည်။ ]

[ မကောင်းဆိုးဝါး ဝိညာဉ် ၁၀၈ ပါးသည် သင်၏ စိတ်ကို ဝါးမျိုရန် စတင်နေပါသည်။ ]

ထိုအချိန်တွင် ယူဂျွန်ဟော့၏ မျက်လုံးများမှာ မည်းမှောင်သွားပြီး သူ၏ အာရုံငါးပါးမှာလည်း စတင် ထသောင်းကျန်းလာ၏။ သူ၏ အတွေးများမှာ ပုံမှန်မဟုတ်ဘဲ လေးလံလာစဉ်ကတည်းက ထူးဆန်းနေသည်ကို သူ သတိပြုမိသင့်သည်။ နာဗားနားက ကျင်းအတွင်းမှနေ၍ ရယ်မောလိုက်၏။

"ယူဂျွန်ဟော့။ ငါတစ်ယောက်ပဲ မင်းကို နားလည်နိုင်တာကွ"

နာဗားနားသည် ဤအခိုက်အတန့်အတွက်သာ အောင့်အည်းသည်းခံနေခဲ့ခြင်းမှန်း ထင်ရှားလှသည်။ နာဗားနား၏ နောက်ကွယ်တွင် ကြီးမားသော ပုတီးစေ့ ၁၀၈ လုံး တောက်ပလာ၏။

"အခု ရပ်လိုက်တော့။ ပြီးရင် ငါနဲ့ တစ်သားတည်း ဖြစ်လာခဲ့"

အလင်းတန်းများ ထွက်ပေါ်လာပြီး ယူဂျွန်ဟော့သည် နာကျင်မှု အစိတ်အပိုင်းများက သူ၏စိတ်ကို ထိုးခွဲနေသကဲ့သို့ ခံစားလိုက်ရသည်။ အကယ်၍ သူသာ ဤစွမ်းရည်ကြောင့် ကျရှုံးသွားပါက နောက်တစ်ကြိမ် နောက်ပြန်ဆုတ်ခြင်းလုပ်နိုင်မည်ဟု အာမခံနိုင်တော့မည် မဟုတ်ပေ။

'ဒါ အဆုံးသတ်ပဲ'

သူ ယခု နောက်ပြန်ဆုတ်ရမည်။ ယူဂျွန်ဟော့သည် သူ၏ကိုယ်ခန္ဓာကို နောက်ဆုံးအကြိမ်အဖြစ် ထိန်းချုပ်လိုက်ပြီး ကောင်းကင်ခွဲဓါး ကို သူ၏လည်ပင်းဆီသို့ ယူဆောင်လာ၏။

—ဒီတစ်ကြိမ်ကို စွန့်လွှတ်လိုက်ရင် အခြေအနေ ပိုကောင်းလာလိမ့်မယ်လို့ မတွေးလိုက်နဲ့။

ဘာလို့ အဲ့ဒီစကားလုံးတွေက ဒီအချိန်ကြီးမှာ ခေါင်းထဲပေါ်လာရတာလဲ။

—ဒီတစ်ကြိမ်ဟာ မင်းအနေနဲ့ 'လူသား' တစ်ယောက်အဖြစ် ဒီကမ္ဘာကြီးရဲ့ အဆုံးသတ်ကို မြင်တွေ့ရမယ့် နောက်ဆုံးအကြိမ်လည်း ဖြစ်ကောင်းဖြစ်သွားနိုင်တယ်။

ယူဂျွန်ဟော့သည် ကြောက်မက်ဖွယ်ကောင်းသော စိတ်အခြေအနေသို့ ရောက်ရှိနေပြီး ပထမဆုံးအကြိမ်အဖြစ် အတွေးတစ်ခု ဝင်လာခဲ့သည်။

'ကင်ဒေါ့ဂျာ...'

ထို့နောက် သူ၏အမြင်အာရုံမှာ တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။

—မအေဘေး။ မင်းက မြန်မြန်တွေးတတ်သားပဲ။

သူ မှားသွားခြင်းပင်။ ရင်းနှီးနေသော အသံတစ်ခုကို ကြားလိုက်ရသည်။

—ခဏလောက် နားလိုက်ဦး။

သူ့ထံတွင် တွန့်ဆုတ်မှုများ ရှိနေသော်လည်း ယူဂျွန်ဟော့သည် ထိုအသံကြောင့် စိတ်သက်သာရာရသွားပြီး မျက်လုံးများကို အလွယ်တကူပင် မှိတ်လိုက်လေတော့သည်။

…………………………………………………………………………………..

မျက်လုံးများကို ဖြည်းညှင်းစွာ ကျနော်ဖွင့်လိုက်ရာ စွမ်းအားများ လျှံထွက်နေသကဲ့သို့ ခံစားလိုက်ရ၏။ ကျနော့် အမြင်အာရုံ အမြင့်မှာ ပြောင်းလဲသွားပြီး တိုက်ခိုက်ရေး ကြွက်သားများ၏ ခံစားချက်က ကျနော့်ကို စိတ်ကျေနပ်မှု ဖြစ်စေသည်။ အဒရီနယ်လင် (စိတ်လှုတ်ရှားစေသောဓါတ်) များမှာလည်း သင့်တင့်စွာ ထွက်ပေါ်လာ၏။ မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်ဟူသော ယုံကြည်ချက်များဖြင့် ပြည့်နှက်နေပေသည်။

[ ‘အဓိကဇာတ်ကောင်အနေဖြင့်ကိုယ်တိုင်တွေ့မြင်ရသောရှုထောင့်’ အသက်ဝင်လာပါပြီ။ ]

ရူးချင်စရာပင်... ဤအရာမှာ ‘တကယ့်’ အဓိကဇာတ်ကောင်အနေဖြင့် ကိုယ်တိုင်တွေ့မြင်ရသောရှုထောင့် ဖြစ်ပေသည်။ ယခုခံစားနေရသည်မှာ ယူဂျွန်ဟော့ အမြဲတမ်း ခံစားနေရသော ခံစားချက်မျိုးပင် ဖြစ်၏။ ကျနော်ကတော့ မည်သည့်အခါမျှ ဤကဲ့သို့ သန်မာနိုင်မည် မဟုတ်ပေ။

“...ကိလေသာ ၁၀၈ပါးဆီကနေ မင်းရဲ့ စိတ်ကို ဘယ်လိုများ ပြန်ရခဲ့တာလဲ”

အဝေးတစ်နေရာတွင် နာဗားနား၏ ပုံရိပ်ကို မြင်တွေ့ရ၏။ အားကစားကွင်း၏ အပြင်ဘက်သို့ ကျနော် တစ်ချက် ကြည့်လိုက်သည်။

ယူဂျွန်ဟော့နှင့် ကျနော် ပူးကပ်နေသည်ဟူသောအချက်မှာ ဟန်ဆိုယောင်းက အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ခဲ့သည်ဟု ဆိုလိုခြင်းပင် ဖြစ်၏။ သတ်မှတ်ထားသည့် အစီအစဉ်အတိုင်းဆိုလျှင် ကျနော် အသက်ရှူခြင်း လုံးဝ ရပ်တန့်သွားရန် ငါးမိနစ်ခန့်သာ ကျန်ရှိတော့သည်။

နာဗားနားသည် ကျနော့်ကို စွမ်းရည်တစ်ခုဖြင့် ထပ်မံချိန်ရွယ်လိုက်သည်။ သူ၏မျက်လုံးများမှာ ကြောက်မက်ဖွယ်ကောင်းလှ၏။

[ ဇာတ်ကောင် ‘နာဗားနား မိုးဘီးယပ်စ်’ သည် ‘ကိလေသာ ၁၀၈ပါး အဆင့် ၂’ ကို အသုံးပြုလိုက်ပါပြီ။ ]

ကိလေသာ ၁၀၈ပါးဆိုသည်မှာ မူလက မိမိကိုယ်တိုင်၏ ဝိညာဉ်ကို ထိတ်လန့်စေခြင်းဖြင့် အသိဉာဏ်အဆင့်အတန်း မြင့်မားလာစေရန် အသုံးပြုသော စွမ်းရည်ဖြစ်သော်လည်း အခြားသူများအပေါ် အသုံးပြုပါက ကြောက်မက်ဖွယ်ကောင်းသော စိတ်ကယောင်ကတမ်းဖြစ်မှုများကို ဖြစ်ပေါ်စေသည်။ အထူးသဖြင့် ယူဂျွန်ဟော့ကဲ့သို့သော နောက်ပြန်ဆုတ်သူများအတွက် ထိုအကျိုးသက်ရောက်မှုမှာ စိတ်ကူးကူးစက်ခြင်း သို့မဟုတ် ထာဝရအကျဉ်းထောင်တို့ထက် ပိုမိုဆိုးရွားလှသည်။

သို့သော်လည်း ယူဂျွန်ဟော့ဖြစ်နေမှသာ ထိုကဲ့သို့ဆိုးရွားသော အဖြစ်အပျက်မျိုးကို ကြုံရမည်ဖြစ်သည်။

[ Fourth Wall က ‘ကိလေသာ ၁၀၈ပါး’ ၏ အကျိုးသက်ရောက်မှုကို အကြွင်းမဲ့ ချေဖျက်လိုက်ပါပြီ။ ]

ယခုအချိန်တွင် ကျနော်သည် သာမန် ‘ယူဂျွန်ဟော့’ မဟုတ်တော့ပေ။

“ဒီခံစားချက်က........... မင်းက ဘယ်သူလဲ”

မျှော်လင့်ထားသည့်အတိုင်းပင် ထိုဝိညာဉ်ကူးပြောင်းသူမှာ လျင်မြန်စွာ သတိပြုမိသွား၏။ ကျနော် ချက်ချင်း ပြေးထွက်သွားကာ သူ၏ပါးစပ်ကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။

“အား”

နာဗားနားသည် အော်ဟစ်ကာ လွင့်ထွက်သွား၏။ နောက်ပြန်ဆုတ်သူတစ်ယောက်၏ ကိုယ်ခန္ဓာမှာ အမှန်တကယ်ပင် ထူးကဲလှပေသည်။ လျှပ်စီးအသွင်ပြောင်းခြင်းကိုပင် အသုံးမပြုဘဲနှင့်တောင် ဤမျှလောက် မြန်ဆန်ပြီး ဖျက်ဆီးအားပြင်းသော စွမ်းအားကို ရရှိနိုင်၏။

နာဗားနား၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ ကုန်ခမ်းနေပြီဖြစ်သောကြောင့် လေထဲတွင် လွင့်ထွက်သွားစဉ် သူသည် မခုခံနိုင်တော့ပေ။

အလွန်ပင် စိတ်ကျေနပ်စရာကောင်းသော ခံစားချက် ဖြစ်၏။

သို့သော်လည်း နာဗားနားမှာ တောင့်ခံနိုင်သေးသည်။ ထိုသို့တောင့်ခံနိုင်ခြင်းမှာ သဘာဝကျပေသည်။ သူသည် နာကျင်မှုနှင့် သေခြင်းတရားတို့ကို ရင်းနှီးပြီးသား ဖြစ်၏။ သူ့အား ထပ်မံထိုးနှက်လိုက်ပြီး ကျနော်ပြောလိုက်သည်။

“မင်းက သေခြင်းတရားကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ဖူးလို့ ‘သေခြင်းတရား’ ဆိုတာ ဘာလဲဆိုတာ မသိတော့တာပဲ။ ရယ်စရာကောင်းလိုက်တာ”

သေခြင်းတရားမှာ သေခြင်းတရားသာ ဖြစ်ပြီး တစ်ကြိမ်သာ ဖြစ်ပျက်ပေသည်။ လူသားတစ်ယောက်၏ ‘ပစ္စုပ္ပန်’ မှာ အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် သေဆုံးပြီးနောက်တွင် ဘာမှမရှိသောကြောင့် ဖြစ်၏။ ထို့ကြောင့် နာဗားနားသည် ‘သေခြင်းတရား’ သို့မဟုတ် ‘ပစ္စုပ္ပန်’ ကို မသိရှိခြင်း ဖြစ်ပေသည်။

“ပစ္စုပ္ပန်မှာ မနေနိုင်တဲ့လူက ပစ္စုပ္ပန်အကြောင်း ဟောပြောနေတာလား။ ရှေ့နောက်မညီလိုက်တာ”

“ငါ့ကိုရော ဘယ်လို... အု”

“ငါ သိတယ်။ မင်း ဘာကြောင့် ယူဂျွန်ဟော့နဲ့ တစ်သားတည်း ဖြစ်ချင်ရတာလဲ။ ဘာကြောင့် ကယ်တင်ခြင်းအသင်းတော်ကို ပျံ့နှံ့စေတာလဲ။ ပြီးတော့ မင်းဟာ နောက်ဆုံးမှာ ဘာကို ရောက်ရှိချင်တာလဲဆိုတာကို ငါ သိတယ်”

ကျနော် နားလည်ပေသည်။ ထို့ကြောင့်လည်း ကျနော် သူ့ကို ယခု တားဆီးရမည် ဖြစ်၏။ နာဗားနားမှာ တွန့်ဆုတ်သွား၏။ သို့သော်လည်း သူသည် ဝိညာဉ်ကူးပြောင်းသူတစ်ယောက် ဖြစ်သည့်အတိုင်း တည်ငြိမ်မှုကို လျင်မြန်စွာ ပြန်လည်ရရှိသွား၏။

နာဗားနားက အော်ဟစ်လိုက်၏။

“ငမိုက်သား။ ဒါမျိုးတွေ လုပ်နေလို့လည်း အပိုပဲ။ မင်းက ဒါမျိုး လုပ်နေပေမဲ့လည်း ယူဂျွန်ဟော့က သေသွားမှာပဲ။ ဇာတ်ဝင်ခန်းတွေ ပျက်စီးသွားတာကို ဘယ်သူမှ မတားနိုင်ဘူးကွ။ ဒီဘဝ ပျက်စီးသွားရင်တောင် ကမ္ဘာကြီးက ထပ်ခါတလဲလဲ ဖြစ်နေမှာပဲ။ ငါက ဝိညာဉ်ကူးပြောင်းလာမှာဖြစ်ပြီး ယူဂျွန်ဟော့က နောက်ပြန်ဆုတ်သွားလိမ့်မယ်။ ငါတို့က တစ်သားထဲ ဖြစ်သွားမှာပဲ”

မှန်သည်။ ဤသည်က ဝိညာဉ်ကူးပြောင်းသူတစ်ယောက်၏ အတွေးအခေါ်ပင် ဖြစ်၏။ သို့သော်လည်း...

“မင်း တကယ်ပဲ အဲ့ဒီလို ထင်နေတာလား”

ထိုအခိုက်အတန့်တွင် စနစ်၏ မက်ဆေ့ချ်ဘုတ်ပေါ်၌ မက်ဆေ့ချ်တစ်ခု ပေါ်လာ၏။ ဤအရာမှာ အချိန်ကိုက်ပင် ဖြစ်ပေသည်။

[ ဆိုလ်းဒေသရှိ တတိယမြောက် အသန်မာဆုံး ကိုယ်စားလှယ်မှာ ‘အမြင့်မြတ်ဆုံးဘုရင် ယူဂျွန်ဟော့’ ဖြစ်ပါသည်။ ]

နာဗားနား၏ အမူအရာမှာ ထူးဆန်းသွား၏။

“တတိယဟုတ်လား။ ယူဂျွန်ဟော့ကလား”

ကျနော် ခေါင်းညိတ်ကာ ပြုံးလိုက်သည်။

“ယူဂျွန်ဟော့က နောက်တစ်ကြိမ် နောက်ပြန်ဆုတ်ခြင်းဆီကို ဘယ်တော့မှ သွားမှာ မဟုတ်ဘူး”

“ဘာပြောတယ်”

“ဘာပဲဖြစ်ဖြစ် ယူဂျွန်ဟော့က ရှင်သန်လိမ့်မယ်။ ဆိုးလ်မှာအသန်မာဆုံးလူက မင်း ဒါမှမဟုတ် ငါပဲ ဖြစ်လိမ့်မယ်”

“လာပြီး ဟာသတွေမပြောစမ်းနဲ့။ ငါက အသန်မာဆုံး ကိုယ်စားလှယ် နာဗားနား မိုးဘီးယပ်စ်ပဲ။ မင်းလို သာမန်လူတစ်ယောက်က...”

[ ဆိုလ်းဒေသရှိ ဒုတိယမြောက် အသန်မာဆုံး ကိုယ်စားလှယ်မှာ ‘ကယ်တင်ခြင်းခေါင်းဆောင် နာဗားနား’ ဖြစ်ပါသည်။ ]

...လီး။

ဒုတိယနေရာက အခုကတည်းက ထွက်လာလိမ့်မယ်လို့ မထင်ထားမိဘူး။

အထက်သို့ ကျနော် မော့ကြည့်လိုက်ရာ ဒိုကဲဘီများမှာ ရယ်စရာတစ်ခုကဲ့သို့ တခိခိ ရယ်မောနေကြသည်ကို မြင်တွေ့ရ၏။

ဖြစ်နိုင်သည်မှာ သူတို့သည် ဂိမ်းမှာ အဖြေထွက်သွားပြီဟု ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်ပေလိမ့်မည်။ နာဗားနား၏ ကိုယ်ခန္ဓာမှာ စတင်တုန်ရီလာ၏။

“...ဒါက... အဓိပ္ပာယ်မရှိလိုက်တာ...”

“နာဗားနား… မင်းက ပစ္စုပ္ပန်မှာ နေချင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား”

“မဟုတ်မှလွဲရော... မင်းက...”

နာဗားနား၏ ကိုယ်ခန္ဓာမှာ မည်သည့်အခါမျှ အဓိပ္ပာယ်ဖော်၍ မရနိုင်သော အကြောင်းအရာတစ်ခုနှင့် တွေ့ကြုံလိုက်ရသကဲ့သို့ တုန်ခါနေပေသည်။ နာဗားနားကို စိုက်ကြည့်ကာ ကျနော် ပြောလိုက်၏။

ကျနော့်လေသံမှာ မရဏမင်း၏ တိုးတိုးလေး ပြောဆိုလိုက်သည့်အသံကဲ့သို့ အလွန်နိမ့်သော အသံမျိုး ဖြစ်သည်။

“မင်းရဲ့ ‘သေခြင်းတရား’ အကြောင်းကို ငါ ပြောပြမယ်”

အခန်း ၁၄၅

- အပိုင်း ၂၈ - အမြင့်မြတ်ဆုံး စတေးမှု (၅)

ဆိုလ်းတွင် တတိယနှင့် ဒုတိယအဆင့် သတ်မှတ်ချက်များကို ကြေညာလိုက်သည့် အခိုက်အတန့်၌ ကိုယ်စားလှယ်များမှာ ထိတ်လန့်တုန်လှုပ်သွားကြကုန်၏။

“ချီး။ ဘာတွေလဲကွာ”

“ဒါဆိုရင် အသန်မာဆုံးက ဘယ်သူလဲ။ ငါတို့ ဘာဆက်လုပ်ကြမလဲ”

ကိုယ်စားလှယ်များမှာ အသန်မာဆုံးပုဂ္ဂိုလ်သည် ယူဂျွန်ဟော့ သို့မဟုတ် နာဗားနား ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြပြီး ၎င်းတို့နှစ်ဦးလုံးမှာ ဤနေရာ၌ သေဆုံးသွားကြလိမ့်မည်ဟု ယူဆထားခဲ့ကြသည်။ ယခုမူ အခြေအနေမှာ ပြောင်းလဲသွားလေပြီ။ အသန်မာဆုံးပုဂ္ဂိုလ်မှာ မည်သူမှန်း မသိရတော့သည့် အခိုက်အတန့်၌ ဇာတ်ဝင်ခန်းကို အောင်မြင်အောင် လုပ်ဆောင်နေကြသည့် ကိုယ်စားလှယ်များမှာ မျှော်လင့်မထားသော ပြောင်းလဲမှုကြောင့် တုန်လှုပ်သွားကြ၏။

ပို၍ဆိုးသည်မှာ ပဉ္စမအဆင့်ရှိသော မိစ္ဆာတစ်ကောင်မှာ ကာကွယ်ရေးတံတိုင်းကို ထိုးဖောက်ဝင်ရောက်လာခြင်းပင် ဖြစ်၏။ ကံဆိုးမိုးမှောင်ကျနေသည့် ကိုယ်စားလှယ်များမှာ ထိုသားရဲ၏ အစွယ်များကြား၌ ဆုတ်ဖြဲခံလိုက်ရလေတော့သည်။

“အားးးးး”

အခြေအနေမှာ ပိုမိုဆိုးရွားလာသည်။ ပဉ္စမအဆင့်ရှိသော မိစ္ဆာများမှာ ကိုင်တွယ်ရလွယ်ကူလှသည်မဟုတ်ဘဲ ကိုယ်စားလှယ်များမှာလည်း မျှော်လင့်ထားသည်ထက် စည်းလုံးမှု အားနည်းနေခဲ့၏။

[* လက်ရှိ ကိုယ်စားလှယ် အရေအတွက် - ၈၉,၀၄၁ ဦး။]

ကိုယ်စားလှယ် ထောင်ပေါင်းများစွာ သေဆုံးသွားခဲ့ကြလေပြီ။ လီဟန်းဆောင်သည် ‘မဟာတောင်ဖြိုတွန်းအား’ ဖြင့် မိစ္ဆာတစ်ကောင်၏ ဦးခေါင်းကို ရိုက်ခွဲလိုက်၏။

“ဦးဦးစစ်သားကြီး။ ဘာတွေဖြစ်ကုန်တာလဲဟင်”

လီဂျီဟယ်နှင့် ယောင်ဟီဝန်တို့မှာ လီဟန်းဆောင်ရှိရာသို့ ပြေးလာကြသည်။

သူတို့နှစ်ဦးမှာလည်း မိစ္ဆာများ၏ ရန်မှ ကာကွယ်ရန် တာဝန်ယူထားကြရသူများ ဖြစ်၏။

“နာဗားနားက အသန်မာဆုံး မဟုတ်ဘူးဆိုရင် ဦးလေးဒေါ့ဂျာ မှားသွားတာလား။ အခု ငါတို့ ဘာဆက်လုပ်ကြမလဲ”

အဖွဲ့၏ အစီအစဉ်မှာ ‘နာဗားနားသည် အသန်မာဆုံး ကိုယ်စားလှယ်ဖြစ်သည်’ ဟူသော ယူဆချက်အပေါ်တွင် အခြေခံထားခြင်း ဖြစ်၏။ ယခုမူ နာဗားနားကို သတ်ဖြတ်လိုက်လျှင်ပင် ဇာတ်ဝင်ခန်းမှာ ပြီးဆုံးသွားမည် မဟုတ်ချေ။ လီဟန်းဆောင်သည် အားကစားကွင်းကို ကြောင်ကြည့်နေမိ၏။

“ကျုပ် ထင်တာကတော့...”

လီဟန်းဆောင်သည် တစ်ခုခုကို တွေးမိသွားသည်နှင့်အမျှ သူ၏မျက်နှာမှာ ဖြူလျော်သွားလေတော့သည်။

…………………………………………………………………………………

“ဂါး”

နာဗားနားသည် သူ၏ခန္ဓာကိုယ် လေထဲသို့ လွင့်စင်သွားစဉ် အော်ဟစ်လိုက်လေ၏။

“မင်းက ငါ့ကို သေခြင်းတရားအကြောင်း ပြောပြမလို့လား။ ဟာသတွေ မပြောစမ်းနဲ့”

အငြိုးတကြီး အရိုက်ခံနေရသော်လည်း နာဗားနားမှာမူ အားမလျှော့ပေ။

“ငါ မသေဘူး။ မင်း ဘာပဲပြောပြော စစ်မှန်တဲ့ သေခြင်းတရားက ငါ့ဆီ ရောက်လာမှာ မဟုတ်ဘူး။ ငါကသာ အဲ့ဒီလောက် အလွယ်တကူ သေနိုင်ခဲ့မယ်ဆိုရင် အခုလိုမျိုး ဒုက္ခခံနေမှာ မဟုတ်ဘူးကွ”

သူသည် ရှည်လျားလှသော ဘဝသက်တမ်းကို ဖြတ်သန်းခဲ့ပြီးသည့်တိုင် ထိုကဲ့သို့သော စိတ်ခံစားချက်များကို ဆက်လက် ထိန်းသိမ်းထားနိုင်သည်မှာ အံ့သြစရာပင် ဖြစ်၏။ ထိုအချက်မှာပင် သူ၏ ကယ်တင်ခြင်းတရား ဟောပြောမှု၏ ရည်ရွယ်ချက် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သူ၏ ကော်လာကို ဆွဲကာ ကျနော်ပြောလိုက်၏။

“တကယ်တော့ မင်းက သေချင်နေတာမလား”

“...”

“နင်က မသေနိုင်လို့သာ တခြားလူတွေရဲ့ သေခြင်းတရားကို ကြည့်ပြီး နှစ်သိမ့်မှု ရှာနေတာ”

လူသားတိုင်းသည် တစ်ကြိမ်သာ သေဆုံးနိုင်သောကြောင့် မိမိတို့၏ ဘဝကို တန်ဖိုးထားကြခြင်း ဖြစ်၏။

“အဲ့ဒါကြောင့်လည်း မင်းက ကယ်တင်ခြင်းအသင်းတော်မှာ တရားဟောခဲ့တာ။ တစ်ကြိမ်ထဲသော ဘဝကို ရှင်သန်နေကြတဲ့ သူတွေကို ကြည့်ပြီး သူတို့ရဲ့ ဘဝတွေထဲမှာ မင်းကလည်း ပျော်ဝင်ချင်နေခဲ့တာလေ။ သူတို့ ခံစားရတဲ့ စိတ်ခံစားချက်တွေကို မင်းက မျှဝေခံစားချင်နေတာ”

[ဇာတ်ကောင် ‘နာဗားနား မိုးဘီးယပ်စ်’ အပေါ် သင်၏ နားလည်နိုင်စွမ်း တိုးမြင့်လာပါပြီ။]

ကျနော် နာဗားနားကို သိသည်။ ဝတ္ထုထဲက ဇာတ်ကောင် ဖြစ်နေရုံမျှ သိနေခြင်း မဟုတ်ချေ။ နာဗားနားသည် မည်သည့်အခါမျှ ဖြစ်မလာနိုင်သော အရာတစ်ခုကို တောင့်တနေခဲ့ခြင်း ဖြစ်၏။ နာဗားနားသည် ကျနော်နှင့် ဆင်တူပေသည်။

“အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့”

မျှော်လင့်မထားဘဲ နာဗားနား၏ အသံမှာ တည်ငြိမ်နေခဲ့၏။ သူသည် အလွန်အမင်း ဒေါသထွက်သည့် အခါမျိုးမှသာ ဤကဲ့သို့သော အသံမျိုး ပြုလုပ်တတ်ခြင်း ဖြစ်၏။

“သေခြင်းတရားကို မသိတဲ့ လူသားတွေအတွက်လည်း အတူတူပဲ။ ရှားရှားပါးပါး သေဆုံးပြီးတဲ့နောက်မှာ ဘာမှ ရှိမနေဘူး။ လူသားတွေက သေနိုင်ပေမဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်နဲ့ သေခြင်းတရားကိုတော့ သူတို့ မခံစားနိုင်ဘူး။ အဲ့ဒါက ဘယ်သူမှ ပိုင်ဆိုင်လို့ မရတဲ့ အရာပဲ”

“အနည်းဆုံးတော့ ငါတို့က သေခြင်းတရားရဲ့ ကြောက်လန့်မှုကို ခံစားနိုင်သေးတယ်။ အဲ့ဒါက လူသားဘဝကို ဖြစ်တည်စေတာပဲ။ အဲ့ဒါက မင်းနဲ့ သာမန်လူသားတွေကြားက အကြီးမားဆုံး ကွာခြားချက်ပဲ”

“မင်း...”

နာဗားနား၏ လက်သီးမှာ ကျနော့်ဆီသို့ ပြေးဝင်လာသော်လည်း ကျနော် အလွယ်တကူ ဖမ်းဆုပ်လိုက်၏။

“ဒါကြောင့်ပဲ မင်းက ယူဂျွန်ဟော့နဲ့ ‘တစ်သားတည်း’ ဖြစ်ချင်နေတာလား”

“...”

“ယူဂျွန်ဟော့နဲ့ တစ်သားတည်း ဖြစ်သွားခြင်းအားဖြင့် မင်းရဲ့ ဖြစ်တည်မှုကို ဖျောက်ပစ်လို့ ရမယ်လို့ ထင်နေတာ မဟုတ်လား”

နာဗားနား၏ မျက်နှာပေးမှာ လုံးဝ တောင့်တင်းသွားလေတော့သည်။

“နောက်ပြန်ဆုတ်ခြင်းဆိုတာ အဆင့်အမြင့်ဆုံး နက္ခတ်ရဲ့ အထူးစွမ်းရည်ပဲ။ အဲ့ဒါကို ဖျောက်ပစ်ဖို့ဆိုရင် ပိုမြင့်တဲ့ နက္ခတ်ရဲ့ စွမ်းအား လိုအပ်တယ်”

နာဗားနားသည် ကျနော့်ကို ကြည့်ကာ အံကြိတ်လိုက်၏။

“...မင်းက ငါ့ရဲ့ စိတ်ကူးထားတာထက်ကို ကျော်လွန်နေတဲ့ကောင်ပဲ”

“အဲ့ဒီလိုမျိုး ခဏခဏ အပြောခံရပါတယ်”

“ဒါဆိုလည်း ငါ့ကို သတ်လိုက်တော့။ မင်း ပြောသလိုပဲ ငါက သေရမှာကို မကြောက်ဘူး”

နာဗားနား၏ မျက်လုံးများမှာ လက်စားချေလိုစိတ်ဖြင့် တောက်လောင်နေ၏။

“ဒါပေမဲ့ တစ်ခုတော့ မှတ်ထားလိုက်။ ငါ ထပ်ခါထပ်ခါ ပြန်လာဦးမှာ။ ငါ အကြိမ်ပေါင်းများစွာ ပြန်ရှင်လာပြီး မင်းကို သတ်မယ်။ ပြီးတော့ အဆိုးရွားဆုံး နာကျင်မှုကို မင်းဘက်က ခံစားရအောင် ပြပေးမယ်။ မင်းအမေကို ငါ လုပ်ခဲ့သလိုမျိုးပေါ့”

ကျနော် အံ့သြသွားမိ၏။

“...မင်းက ငါ့အမေနဲ့ တွေ့ခဲ့တာလား”

“သူက တကယ့်ကို အမေကောင်း တစ်ယောက်ပဲ”

[သီးသန့်စွမ်းရည် ‘Fourth Wall’ တုန်ခါနေပါပြီ။]

“သူ့ကို ဒူးထောက်အောင် လုပ်ရတာ ပျော်ဖို့ကောင်းတယ်။ မင်း သိတဲ့အတိုင်းပဲ ငါက မြင့်မြတ်တဲ့ စိတ်ဝိညာဉ်တွေကို ဖျက်ဆီးရတာ ဝါသနာပါတယ်”

[သီးသန့်စွမ်းရည် ‘Fourth Wall’ တုန်ခါနေပါပြီ။]

“သူ အသည်းအသန် ရုန်းကန်ပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်နေတဲ့ မြင်ကွင်းက အခုထိ ငါ့မျက်စိထဲမှာ ထင်ထင်ရှားရှား ရှိနေတုန်းပဲ”

ဤလောကတွင် ဤကဲ့သို့သော ဆွပေးမှုမျိုး ရှိပေသည်။ ထိုအရာမှာ ဆွပေးခြင်းမှန်း သိနေသည့်တိုင် ကျနော် အမိဖမ်းခံလိုက်ရ၏။ ကျနော့်အမေက ထိုသို့ ပြုလုပ်လိမ့်မည် မဟုတ်မှန်း သိနေသည့်တိုင်အောင် ဖြစ်၏။

[သီးသန့်စွမ်းရည် ‘Fourth Wall’ သည် တဖြည်းဖြည်း တုန်ခါလာနေပါသည်။]

“ဟားဟားဟား။ မိပြီ”

ကျနော့် မြင်ကွင်းမှာ တုန်ခါသွားပြီး ကမ္ဘာကြီးမှာ မှောင်မိုက်သွားလေတော့သည်။

[ဇာတ်ကောင် ‘နာဗားနား မိုးဘီးယပ်စ်’ က ကိလေသာ ၁၀၈ ပါး အဆင့် ၂ ကို အသုံးပြုလိုက်ပါပြီ။]

ကျနော့် အသိစိတ်မှာ တစ်နေရာရာသို့ စုပ်ယူခြင်း ခံလိုက်ရပြီး အားကစားကွင်း မဟုတ်သော အခြားကမ္ဘာတစ်ခုသို့ ပစ်ချခံလိုက်ရ၏။ မှောင်မိုက်နေသည့် ကြားထဲမှ ရင်းနှီးနေသော အသံများကို ကြားလိုက်ရသည်။

「 ဆရာ… ထွက်ပြေးတော့ 」

「 ကျေးဇူးပြုပြီး… ကျေးဇူးပြုပြီး ဒီကမ္ဘာကြီးကို ကယ်တင်ပေးပါ။ 」

「 ဆရာကတော့ ဒီကမ္ဘာကြီးကို အလွယ်တကူ စွန့်ပစ်နိုင်တာပေါ့။ ဒါပေမဲ့ ကျမကတော့...! 」

ထိုအသံများမှာ နာကြည်းမှုများဖြင့် ပြည့်နှက်နေ၏။ ဤကမ္ဘာမှာ မည်သည့်နေရာမှန်း ကျနော် သိပေသည်။ ဤနေရာမှာ Fourth Wall တုန်ခါနေသော နေရာ ဖြစ်၏။ ဤနေရာမှာ ကိလေသာများစွာ ဝင်ရောက် စွဲကပ်နေသော ယူဂျွန်ဟော့၏ စိတ်အတွင်းပိုင်းပင် ဖြစ်၏။

“ယူဂျွန်ဟော့။ နောက်ဆုံးတော့ ငါ့ကို ဝင်ခွင့်ပေးလိုက်ပြီပေါ့လေ။ အခု... မင်းနဲ့ငါ တစ်သားတည်း ဖြစ်သွားတော့မှာ”

နာဗားနားသည် ကျနော့်ရှေ့တွင် ရပ်နေ၏။ ကျနော် သူ့ကို ကြည့်ကာ ပြုံးလိုက်မိသည်။ နောက်ဆုံး အချိန်အထိ တန်ပြန်တိုက်စစ် ဆင်နွှဲနိုင်ရန် ပြင်ဆင်ထားသည့် တစ်ဖန်ပြန်လည် မွေးဖွားသူမှာ တကယ့်ကို တစ်ဖန်ပြန်လည် မွေးဖွားသူပင် ဖြစ်၏။

ကျနော် သူ့ကို ပြောလိုက်၏။

“မင်း ဒီထဲကို ဝင်လာတာ မှားသွားပြီ”

နာဗားနား၏ ခြေထောက်အောက်တွင် မန်ဒါးလား ပုံစံတစ်ခု ပေါ်လာ၏။ စိတ်ဝိညာဉ်၏ အတွင်းပိုင်း မျက်နှာပြင်မှာ ဖြစ်နိုင်စွမ်း၏ သက်ရောက်မှုမှာ အားနည်းပေသည်။ ဤနေရာ၌ နာဗားနားသည် သူ စုဆောင်းထားသော ဇာတ်လမ်းများ၏ စွမ်းအားကို အသုံးပြုနိုင်လေသည်။

မျက်စိတစ်မှိတ်အတွင်း နာဗားနားမှာ ဘီလူးကြီးတစ်မျှ ကြီးထွားလာလေတော့သည်။ ရေတွက်၍မရသော ဇာတ်လမ်းများကို စုဆောင်းထားသည့် စိတ်ဝိညာဉ်၏ ဖိအားမှာ တကယ့်ကို ကြီးမားလှ၏။ သူသည် ဤကဲ့သို့သော ဇာတ်လမ်းများကို တည်ဆောက်ထားနိုင်ခြင်းမှာလည်း သဘာဝကျလှပေသည်။

သူ၏ ကျောကုန်းမှ လက်မောင်း ရာပေါင်းများစွာမှာ အတောင်ပံများကဲ့သို့ ထွက်ပေါ်လာပြီး သူ၏ ခြေထောက်တစ်ဖက်မှာ ငှက်၏ အမွှေးအတောင်များဖြင့် ဖုံးအုပ်ထားကာ အခြားတစ်ဖက်မှာမူ မြွေ၏ အကြေးခွံများဖြင့် ဖုံးအုပ်ထားလေ၏။ ဝံပုလွေနှင့် တူသော နှာတံမှာ ပြူးထွက်နေပြီး သူ၏ ခေါင်းပေါ်တွင်လည်း ဦးချိုများ ပေါက်နေ၏။

ထိုပုံပန်းသွင်ပြင်မှာ သူ တွေ့ကြုံခဲ့ရသော တစ်ဖန်ပြန်လည် မွေးဖွားခြင်း အတွေ့အကြုံ အားလုံးကို တစ်နေရာတည်းတွင် စုစည်းထားသည့် ပုံစံနှင့် တူနေပေသည်။

[ငါက နာဗားနား မိုးဘီးယပ်စ်]

ဤသည်မှာ နာဗားနား ‘ကိုယ်တိုင်’ ဖြစ်၏။

[ငါက ကံဆိုးမိုးမှောင်ကျနေတဲ့ သူတွေကို နိဗ္ဗာန်ဆီ လမ်းပြပေးမယ့် တစ်ဖန်ပြန်လည် မွေးဖွားသူပဲ]

သူသည် ယုံကြည်မှု ရှိနေပုံ ပေါ်သော်လည်း နာဗားနား မသိသေးသော အချက်တစ်ချက် ရှိ၏။ သူ၏ ကိလေသာ ၁၀၈ ပါး တိုက်ကွက်ကို ကျနော် တမင်တကာ အထိခံခဲ့ခြင်း ဖြစ်၏။ ကျနော် ပြုံးလျက် ပြောလိုက်၏။

“နာဗားနား။ တစ်ဖန်ပြန်လည် မွေးဖွားခြင်းရဲ့ နိယာမကို သိလား”

ထိုနေရာတစ်ခုလုံးမှာ နိမိတ်မကောင်းစွာဖြင့် တုန်ခါသွား၏။ ကျနော် ဆက်ပြောလိုက်သည်။

“မင်းရဲ့ စိတ်ဝိညာဉ်က မန်ဒါးလားရဲ့ အစောင့်အရှောက်နဲ့ ချည်နှောင်ခံထားရတာ။ မင်း သေသွားတာနဲ့ ငရဲပြည်ကို ရောက်မှာ မဟုတ်ဘူး။ နက္ခတ်တွေရဲ့ ထူးခြားတဲ့ နိယာမတွေအရ မင်းရဲ့ စိတ်ဝိညာဉ်က အသစ်စက်စက် မွေးဖွားလာတဲ့ ခန္ဓာကိုယ်တစ်ခုထဲမှာ အနားယူနေရမှာ”

[…မင်း ဘာတွေပြောနေတာလဲ]

“မင်းက ထာဝရရှင်သန်နိုင်တာ မဟုတ်ဘူး။ မင်းရဲ့ ခန္ဓာကိုယ်ကသာ တစ်ဖန်ပြန်လည်မွေးဖွားတာ၊ မင်းရဲ့ ဝိညာဉ်ကတော့ ပြန်မွေးဖွားနိုင်တာမဟုတ်ဘူး”

[အဓိပ္ပာယ်မရှိတာ]

နာဗားနား၏ ကျောကုန်းမှ လက်မောင်း ရာပေါင်းများစွာမှာ ကျနော့်ဆီသို့ ပြေးဝင်လာလေ၏။ အဝလောကိတေသွရ ဗောဓိသတ္တ၏ လက်ပေါင်းတစ်ထောင် တိုက်ကွက်မှာ ရေတံခွန်တစ်ခုကဲ့သို့ အရှိန်အဟုန်ဖြင့် စီးဆင်းလာသည်။ အကယ်၍ ထိုတိုက်ကွက်ကို လက်တွေ့လောကတွင်သာ အထိခံလိုက်ရပါက ကျနော့် ခန္ဓာကိုယ်မှာ ပေါက်ကွဲထွက်သွားပြီး သေဆုံးသွားပေလိမ့်မည်။ သို့သော်လည်း ဤနေရာမှာမူ ကွာခြားလှသည်။

ယခု ကျနော်သည် ယူဂျွန်ဟော့ ဖြစ်နေ၏။ တစ်နည်းအားဖြင့် ဤနေရာသည် ကျနော့် ‘စိတ်အတွင်းပိုင်း’ ပင် ဖြစ်၏။ အဝလောကိတေသွရ ဗောဓိသတ္တ၏ လက်ပေါင်းတစ်ထောင် တိုက်ကွက်မှာ ကျနော့် နှာခေါင်းရှေ့၌ပင် အရည်ပျော် ပျောက်ကွယ်သွားလေတော့သည်။

နာဗားနားမှာ အံ့အားသင့်သွားပုံ ရ၏။ ကျနော့်ကို ဝန်းရံထားသော စာမျက်နှာ မြောက်မြားစွာကို ကျနော် မြင်နေရသည်။

[သီးသန့်စွမ်းရည် ‘Fourth Wall’ အသက်ဝင်ပါပြီ။]

စာမျက်နှာများ လှန်လိုက်သော အသံနှင့်အတူ ထိုစာမျက်နှာများမှာ ဝန်းကျင်တွင် လွင့်ပျံနေ၏။ ဖြူဖွေးသော စာမျက်နှာများပေါ်တွင် စာသားများ ရေးသားထားသည်။ ကျနော် ဖတ်ရှုခဲ့ဖူးသော မရေမတွက်နိုင်သော စကားလုံးများမှာ ကြီးမားသော တံတိုင်းကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားလေတော့သည်။

အံ့အားသင့်နေသော နာဗားနားမှာ ထွက်ပြေးရန် ကြိုးစားသော်လည်း အချိန်နှောင်းသွားလေပြီ။ နာဗားနား၏ ခန္ဓာကိုယ်မှာ တံတိုင်းနှင့် ရိုက်မိသွားစဉ် လျှပ်စစ်မီးပွားများ ထွက်ပေါ်လာ၏။

[မင်း ဘာလုပ်လိုက်တာလဲ]

Fourth Wall မှာ နက္ခတ်များကိုပင် တွန်းကန်နိုင်စွမ်း ရှိသည်။ ဤအရာကို အသုံးပြု၍ ‘တစ်ဖန်ပြန်လည် မွေးဖွားသူ’ တစ်ဦးကို အပြတ်ရှင်းပစ်ရန် ဖြစ်နိုင်မလားဟု ကျနော် သိချင်မိ၏။

[ဒီတံတိုင်းကို ဖယ်လိုက်စမ်း။ ဒါက... ဒါက...]

ထိတ်လန့်သွားသော နာဗားနားသည် တံတိုင်းကို ကြည့်လိုက်၏။ တံတိုင်းပေါ်ရှိ စာလုံးများမှ စူးရှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

「 ဒီကမ္ဘာကြီးက ထပ်ခါထပ်ခါ ပြန်လည်မွေးဖွားနေဦးမယ်ဆိုရင် ငါတို့ အဆုံးသတ်နိုင်မှာပဲ။ 」

[ဒါက... မဟုတ်မှလွဲရော...]

နာဗားနားသည် သူ၏ အမှန်တရားများကို ဖော်ပြထားသော စာမျက်နှာများကို စိုက်ကြည့်နေမိ၏။

「 ယူဂျွန်ဟော့… မင်းကို ဒီကမ္ဘာကြီးရဲ့ အဆုံးသတ်ဆီ ငါခေါ်သွားပေးနိုင်တယ်။ 」

[မ-မင်းက ဒါကို ဘယ်လိုလုပ်ပြီး ရထားတာလဲ]

ကျနော် နာဗားနားဆီသို့ ချဉ်းကပ်သွားကာ ပြောလိုက်၏။

“ဒီကမ္ဘာကြီးရဲ့ အဆုံးသတ်အထိ မင်းဟာ သွားနေစရာ မလိုတော့ပါဘူး”

စကားလုံးများ ကမ္ဘာပေါ်တွင် ပေါ်လာတိုင်း နာဗားနား၏ ကြီးမားသော ခန္ဓာကိုယ်မှာ စတင် ပျက်စီးလာလေတော့သည်။ နာဗားနား၏ ခန္ဓာကိုယ်မှာ မရေမတွက်နိုင်သော စာလုံးများအဖြစ် ကွဲအက်သွားပြီး Fourth Wall ထဲသို့ စုပ်ယူခြင်း ခံလိုက်ရ၏။

“မင်း ဒီမှာပဲ သေရလိမ့်မယ်”

သူ၏ ဝိညာဉ် ပျက်စီးသွားသည်ကို မြင်နေရသော နာဗားနား၏ မျက်နှာတွင် ထူးဆန်းသော စိတ်ခံစားချက်တစ်ခု ပေါ်လာ၏။

「 နောက်ဆုံးတွင်တော့ နှစ်ပေါင်းရာချီ လေလွင့်ခဲ့သည့် တစ်ဖန်ပြန်လည်မွေးဖွားသူ နာဗားနားသည် ‘တစ်ကြိမ်တည်းသော ဘဝ’ ဆီသို့ ဆိုက်ရောက်လာခဲ့လေပြီ။ 」

နာဗားနားသည် တံတိုင်းပေါ်ရှိ စာကြောင်းကို မြင်လိုက်ရသောအခါ ရယ်မောလိုက်လေ၏။

[ဟား... ဟားဟား၊ ဟားဟားဟား]

「 သူသည် သူ၏ ပထမဆုံးသော စစ်မှန်သည့် ‘သေခြင်းတရား’ ကို ကြိုဆိုလိုက်သည်။ 」

နာဗားနား၏ မျက်နှာပေးမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေ၏။

「 ဒါက... သေဆုံးခြင်းပေါ့။ 」

[သိပြီ။ ဒါပဲကိုး]

「 ထိုအခိုက်အတန့်တွင် နာဗားနားသည် သူ ကာလရှည်ကြာ စောင့်မျှော်ခဲ့သော အရာကို နားလည်သွားလေပြီ။ 」

နှစ်ပေါင်းရာချီ ကြာခဲ့လေပြီ။ မရေမတွက်နိုင်သော တစ်ဖန်ပြန်လည်မွေးဖွားခြင်းများပြီးနောက် သူ အဆုံးသတ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်၏။ နာဗားနားသည် ကာလရှည်ကြာ စောင့်မျှော်ခဲ့ရသော ဤအခိုက်အတန့်တွင် မျက်လုံးများကို မှိတ်လိုက်သည်။

သူ၏ မျက်လုံးများကို မှိတ်ထားသော်လည်း နာဗားနား၏ စိတ်အတွင်းမှ အတွေးများမှာ တံတိုင်းပေါ်တွင် ဆက်လက် ရေးသားနေဆဲပင် ဖြစ်၏။

「 ဒါဆို ဘာလို့လဲ။ ဒါက ငါ မျှော်လင့်ခဲ့တဲ့ အရာပဲလေ။ 」

နာဗားနား၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် အက်ကြောင်းငယ်များ ဖုံးလွှမ်းသွား၏။ သူ၏ ခြေထောက်များ၊ ပေါင်များ၊ ရင်ဘတ်များ... ပျက်စီးသွားသော အပိုင်းအစများမှာ Fourth Wall ထဲသို့ စုပ်ယူခြင်း ခံနေရသည်။

「 ငါ ဘာလို့ ကြောက်လန့်နေရတာလဲ။ 」

သူသည် ပထမဆုံးအကြိမ်အဖြစ် သေခြင်းတရား၏ ကြောက်လန့်မှုကို ခံစားလိုက်ရ၏။

သေဆုံးသွားပြီဆိုရင် အနာဂတ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။ တွေးတောနိုင်တော့မှာမဟုတ်တော့သလို လှုပ်ရှားနိုင်တော့မှာလည်း မဟုတ်ဘူး။ စကားလည်းမပြောနိုင်တော့သလို ကိုယ့်ရဲ့ ဖြစ်တည်မှုကိုတောင် ခံစားနိုင်တော့မှာ မဟုတ်ဘူး။

「 ငါ ရှိမနေတော့ဘူး။ 」

နာဗားနား၏ မျက်လုံးများ ခဏတာ ပြူးကျယ်လာ၏။

「 ဟင့်အင်း... ငါ အဲ့ဒီလို မဖြစ်ချင်ဘူး 」

「 သို့သော်လည်း နာဗားနား၏ ပါးစပ်မှာ ပျောက်ကွယ်သွားပြီဖြစ်ရာ အော်ဟစ်နိုင်စွမ်း မရှိတော့ချေ။ 」

「 ပျောက်ကွယ်လုနီးပါး ဖြစ်နေသော သူ၏ လက်မောင်းများမှာ ကျနော့်ဆီသို့ အားကိုးရာမဲ့စွာ ဆန့်ထွက်လာ၏။ 」

「ဖြစ်တည်မှုဆိုသည်မှာ မလှပလှပေ။ 」

သေရတော့မည့် ကံကြမ္မာနှင့် ရင်ဆိုင်ရချိန်တွင် မည်သူမျှ အတွေးအခေါ်ပိုင်းဆိုင်ရာ အမြင်များကို ကိုင်စွဲထားနိုင်မည် မဟုတ်။ သတ္တဝါအားလုံးမှာ သေခြင်းတရားရှေ့မှောက်တွင် အားကိုးရာမဲ့ကြရသည်သာ ဖြစ်၏။

「 ဟင့်အင်း… ကျေးဇူးပြုပြီး ရပ်လိုက်ပါ။ ငါ့ကို မသတ်ပါနဲ့ 」

「 ဟုတ်ပြီ။ မင်းအမေရဲ့ လျှို့ဝှက်ချက်။ အဲ့ဒါကို ငါ သိတယ်။ မင်းအမေ မင်းကို တစ်ခါမှ မပြောပြခဲ့တဲ့ ဇာတ်လမ်းကို ငါ သိတယ်― 」

「 ငါ့ကို ကယ်ပါ။ တောင်းဆိုပါတယ်။ မင်းသာ ငါ့ကို ကယ်မယ်ဆိုရင်... 」

ကျနော် သူ့ကို ကြည့်လိုက်၏။ ဝတ္ထုထဲက ဇာတ်ကောင်တစ်ယောက်၏ အဆုံးသတ်ကို မျက်မြင်တွေ့လိုက်ရသကဲ့သို့ပင် ခံစားနေရတော့သည်။

「 သူ၏ နောက်ဆုံးအချိန်များတွင် နာဗားနားသည် သူ အမုန်းဆုံးသော စကားလုံးများကို ထပ်ခါထပ်ခါ ရေရွတ်နေခဲ့လေသည်။ 」

「 ငါ မသေသေးချင်ဘူး။ 」

မကြာမီတွင် နာဗားနား၏ ဝိညာဉ်မှာ လုံးဝ ပျောက်ကွယ်သွားလေတော့သည်။

[Fourth Wall သည် ဇာတ်ကောင် ‘နာဗားနား မိုးဘီးယပ်စ်’ ကို စားသုံးလိုက်ပါပြီ။]

ဤသည်မှာ ကျနော် ကြားလိုက်ရသော ပထမဆုံး မက်ဆေ့ချ် ဖြစ်၏။ Fourth Wallမှာ ရုပ်ရှင်ရုံခံတပ်၏ လူဆိုးဆရာကြီးကို သတ်စဉ်ကထက် ထူးခြားစွာ တုံ့ပြန်နေ၏။ ကျနော် ပထမတော့ ထိတ်လန့်သွားမိသည်။

[Fourth Wall သည် ကျေနပ်စွာ ပြုံးနေပါသည်။]

နာဗားနားကို သတ်လိုက်သည်မှာ ကိစ္စမရှိပေ။ သို့သော်လည်း စဉ်းစားကြည့်လိုက်သောအခါ Fourth Wall ဆိုသည်မှာ အမှန်တကယ် ဘာလဲဆိုသည်ကို ကျနော် အတိအကျ မသိရှိသေးခြင်း ဖြစ်၏။

[Fourth Wall သည် သင့်ကို လောဘဇောတိုက်သော မျက်လုံးများဖြင့် ကြည့်နေပါသည်။]

Fourth Wallမှာ အသက်ရှိနေသကဲ့သို့ တွန့်လိမ်နေ၏။ Fourth Wallမှာ နာဗားနားကို ဝါးမျိုလိုက်ရုံနှင့် မလုံလောက်သေးဘဲ ကျနော့်ကိုပါ မြည်းစမ်းကြည့်ချင်နေသကဲ့သို့ ဖြစ်နေလေသည်။ တံတိုင်းပေါ်တွင် စာသားအချို့ ပေါ်လာ၏။

「 ဤအခိုက်အတန့်တွင် ကင်ဒေါ့ဂျာက ‘တစ်နေ့နေ့မှာ ငါလည်း ဒီတံတိုင်းရဲ့ ဝါးမျိုတာကို ခံရမလား’ ဟု တွေးတောလိုက်လေသည်။ 」

[ကိလေသာ ၁၀၈ ပါး စွမ်းရည် ရပ်ဆိုင်းသွားပါပြီ။]

ကျနော့် မြင်ကွင်းမှာ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာ၏။ Fourth Wall၊ နာဗားနား၊ ယူဂျွန်ဟော့။ အစကတည်းက ဘာမှ မဖြစ်ခဲ့သကဲ့သို့ပင်။

...

ကျနော် မျက်တောင်ခတ်လိုက်သောအခါ ဂွမ်ဟွာမွန်း အားကစားကွင်းသို့ ပြန်ရောက်နေသည်ကို တွေ့လိုက်ရ၏။ နာဗားနားမှာ ကျနော့်မျက်စိရှေ့တွင်ပင် လွင့်စဉ်ပျောက်ကွယ်နေလေပြီ။ ကာလရှည်ကြာ လေလွင့်ခဲ့ပြီးနောက် သူသည် နောက်ဆုံးတွင်တော့ အနားယူခွင့် ရသွားခဲ့ပြီဖြစ်သည်။

ထိုနေရာတစ်ခုလုံးမှာ ရေအေးဖြင့် လောင်းချလိုက်သကဲ့သို့ တိတ်ဆိတ်သွား၏။ ကျနော် ယူဂျွန်ဟော့၏ ခြေထောက်များကို ဖြည်းညှင်းစွာ လှုပ်ရှားလိုက်သည်။

ဒိုကဲဘီက စတင်၍ စကားပြောလိုက်၏။

[ဒါက... ဇာတ်ဝင်ခန်းရဲ့ အဆုံးသတ်ကို ရောက်သွားပြီပဲ။ အခု အသန်မာဆုံး ကိုယ်စားလှယ်က ဘယ်သူလဲဆိုတာ ငါ ကြေညာပေးရတော့မလား]

ပင်ပန်းနွမ်းနယ်မှုကြောင့် ကျနော် လှုပ်ရှားရန် ခက်ခဲနေ၏။ ဒိုကဲဘီ၏ အသံမှာ ကျနော့်ခေါင်းပေါ်မှ ထွက်ပေါ်လာလေတော့သည်။

[အသန်မာဆုံး ကိုယ်စားလှယ်ကတော့...]

ထိုအခိုက်အတန့်တွင် ကျနော့်၏ အသိစိတ်မှာ ဝေဝါးသွားပြီး ထိုအသံကို ဆက်လက်မကြားရတော့ချေ။

ကျနော့်အတွက် အချိန်ကုန်ဆုံးသွားပြီဟု ထင်ရသည်။ အသိစိတ်များ ပျောက်ကွယ်သွားသည်နှင့်အမျှ နောက်ဆုံးစကားလုံးများကို ကျနော် မကြားနိုင်တော့ပေ။

[ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကြောင့် အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် အဆင့် ၃ ရပ်ဆိုင်းသွားပါပြီ။]

[အဓိကဇာတ်ကောင်အနေဖြင့်ကိုယ်တိုင်တွေ့မြင်ရသောရှုထောင့်ကို ရုပ်သိမ်းလိုက်ပါပြီ။]

.

.

.

[သင် သေဆုံးသွားပါပြီ။]

…………………………………………………………………………………..

နှစ်ရက်အကြာတွင် ကျနော့် ဈာပန အခမ်းအနား စတင်ခဲ့တော့သည်။

အခန်း ၁၄၆

- အပိုင်း ၂၉ - နက္ခတ်တို့၏ တည်ခင်းဧည့်ခံပွဲ (၁)

ဂွမ်ဟွာမွန်း ရင်ပြင်တွင် မိုးများ သည်းထန်စွာ ရွာသွန်းနေ၏။ မိစ္ဆာများကြောင့် လမ်းမများမှာ ပျက်စီးလုနီးပါး ဖြစ်နေချေပြီ။ ပြိုကျနေသော မီဒီယာ လိုဂိုများမှာလည်း ကြေမွကာ နင်းခြေခြင်း ခံထားရသည်။ ဂွမ်ဟွာမွန်း၏ သင်္ကေတများ ဖြစ်ကြသော 'ဆယ်ဂျုံ ဘုရင်ကြီး' နှင့် 'သစ္စာရှင်စစ်သူကြီး' ရုပ်တုများမှာလည်း အလုံးစုံ ပျက်စီးသွားလေပြီ။

"အား..."

ဆိုလ်းမြို့ရှိ ဂုဏ်ယူခဲ့ရသော ယဉ်ကျေးမှုများမှာ ပြိုလဲသွားပြီး အနုပညာများလည်း ပျောက်ဆုံးသွားခဲ့ရသည်။ ဇာတ်လမ်းတစ်ပုဒ်သာ ကျန်ရှိတော့သော်လည်း ဂွမ်ဟွာမွန်းရှိ မည်သူကမျှ ထိုဇာတ်လမ်းကို မလိုလားကြပေ။

လီဂျီဟယ်သည် မြေကြီးကို တူးဆွနေကြသော ဟွာရန်းအချို့ကို ကြည့်ရင်း ပြောသည်။

"သူ... တကယ်ကြီး သေသွားတာလား"

မည်သူကမျှ အဖြေမပေးကြပေ။ အဖြေမပေးရခြင်း၏ အကြောင်းရင်းများမှာ တစ်ယောက်နှင့်တစ်ယောက် မတူညီကြချေ။ ယောင်ဟီဝန်၊ လီဟန်းဆောင်၊ လီဂီယောင်၊ ရှင်ယူဆောင်း...

သူတို့တွင် ကိုယ်ပိုင် အတွေးများ ရှိကြသော်လည်း မည်သူကမျှ ဖွင့်မပြောကြ။ ဖြစ်နိုင်သည်မှာ သူတို့၏ အတွေးများ မှားယွင်းနေခြင်း ဖြစ်နိုင်သလို၊ ထိုအတွေးများ မှန်ကန်နေမည်ကို သူတို့တွေ ကြောက်လန့်နေကြခြင်းလည်း ဖြစ်နိုင်ပေသည်။

"ဟင့်အင်း... တကယ်ကြီးလားကွာ"

အဋ္ဌမမြောက် ဇာတ်ဝင်ခန်း ပြီးဆုံးပြီး တစ်နာရီခန့်အကြာတွင် ကင်ဒေါ့ဂျာ၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

"ဦးလေး။ ထပါဦး။ နောက်မနေပါတော့နဲ့"

သေဆုံးရသည့် အကြောင်းရင်းမှာ သွေးထွက်လွန်ခြင်းကြောင့် ဖြစ်သည်။ အစပိုင်းတွင် လူတိုင်း ဇဝေဇဝါ ဖြစ်ခဲ့ကြသည်။ အခြေအနေတစ်ခုလုံးတွင် မမြင်တွေ့ခဲ့ရသော ကင်ဒေါ့ဂျာမှာ ရုတ်တရက်ကြီး သေဆုံးသွားခဲ့ခြင်း ဖြစ်၏။

သို့ပေသိ အဖွဲ့သားများမှာ အလွန်အမင်း ထိတ်လန့်ခြင်း မရှိဘဲ စောင့်ဆိုင်းနေခဲ့ကြသည်။ ဤကဲ့သို့သော အခြေအနေမျိုး ယခင်ကလည်း အကြိမ်အနည်းငယ် ဖြစ်ပွားခဲ့ဖူးသောကြောင့် ဖြစ်သည်။ ပထမဆုံးအကြိမ် မီးနဂါးကို အမဲလိုက်စဉ်ကနှင့် သားရဲ ကပ်ဘေးကို ရင်ဆိုင်စဉ်ကလည်း ကင်ဒေါ့ဂျာသည် သေခြင်းတရားမှ အမြဲတမ်း ပြန်လည်ရှင်သန်လာခဲ့သည်။

ထို့ကြောင့် ယခုတစ်ကြိမ်တွင်လည်း သူတို့ စောင့်ဆိုင်းနေခဲ့ကြသည်။ သူသည် ထုံးစံအတိုင်း ပြန်ထလာပြီး အဖွဲ့သားများကို သူ၏ ထူးခြားသော အပြုံးဖြင့် ပြုံးပြလိမ့်မည် ဖြစ်သည်။ ထို့နောက် အကြောက်အလန့်မရှိသော ပြက်လုံးအချို့ကို ပြောပြပေလိမ့်မည်။

သို့သော်လည်း ကင်ဒေါ့ဂျာမှာ ပြန်လည်ထမလာခဲ့ပေ။ တစ်နာရီ ကုန်ဆုံးသွားပြီးနောက် နှစ်နာရီ၊ နောက်ဆုံးတွင် တစ်ရက်တိတိ ကုန်ဆုံးသွားခဲ့သည်။ ဒုတိယမြောက် ညရောက်လာသည့်တိုင်အောင် ထိုအတိုင်းပင် ဖြစ်နေခဲ့သည်။

ကင်ဒေါ့ဂျာမှာ ပြန်လည်ရှင်သန်မလာခဲ့ပေ။ သူ၏ ကိုယ်ခန္ဓာမှာ အေးစက်နေလေပြီ။

ခေါင်းတလား ပြုလုပ်ပေးကာ အဖွဲ့သားများကို အားပေးခဲ့သူမှာ မင်ဂျီဝန် ဖြစ်သည်။

"...သူက ဆိုလ်းမှာ အသန်မာဆုံးဖြစ်ခဲ့တာပါ"

အခြားသူများ မလုပ်နိုင်သည့်အရာကို မင်ဂျီဝန်က စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ မင်ဂျီဝန်သည် ကင်ဒေါ့ဂျာကို သိသော်လည်း ကင်ဒေါ့ဂျာနှင့် မင်ဂျီဝန်၏ ဆက်ဆံရေးမှာ သာမန်မျှသာ ဖြစ်သောကြောင့် ယခုကဲ့သို့ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

မင်ဂျီဝန်သည် ကင်ဒေါ့ဂျာ၏ စွန့်လွှတ်အနစ်နာခံမှု အကြောင်းကို ပြောပြခဲ့သည်။ အသန်မာဆုံးသူများ၏ တိုက်ပွဲကို လူတိုင်းက စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြချိန်တွင် တိတ်ဆိတ်စွာ သေဆုံးရန် ရွေးချယ်ခဲ့သော အမျိုးသားတစ်ဦး၏ ဇာတ်လမ်းကို မင်ဂျီဝန်က ဖြန့်ဝေခဲ့သည်။

လူတိုင်းက ကင်ဒေါ့ဂျာကို နာမည်ပြောင် အမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြသည်။ အမှန်စင်စစ် ဒိုကဲဘီက အသန်မာဆုံး ကိုယ်စားလှယ်ကို အမည်ပေးခဲ့စဉ်က လူတို့သည် နာမည်ပြောင် အမျိုးမျိုးကို တွေးတောခဲ့ကြသည်။

'ဘုရင်မဲ့ကမ္ဘာရဲ့ ဘုရင်'

'အထီးကျန် မေရှိယ(ကယ်တင်ရှင်)'

'အရုပ်ဆိုးဆုံးဘုရင်'...

စကားလုံးများမှာ ကွဲပြားသော်လည်း သူတို့ ဦးတည်ရာမှာ တစ်ခုတည်း ဖြစ်သည်။ ဆိုလ်းဒေသ၏ အသန်မာဆုံး ပုဂ္ဂိုလ်မှာ ကင်ဒေါ့ဂျာ ဖြစ်ပြီး ကင်ဒေါ့ဂျာသည် ဆိုလ်းအတွက် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဆိုလ်းမြို့ကို ကင်ဒေါ့ဂျာက ကယ်တင်ခဲ့ခြင်း ဖြစ်ပေသည်။ မည်သူမျှ မသိရှိသော နေရာတစ်ခုတွင် ကယ်တင်ရှင်တစ်ဦး သေဆုံးသွားခဲ့လေပြီ။

မင်ဂျီဝန်သည် ကင်ဒေါ့ဂျာအတွက် ခေါင်းတလား တစ်ခု ပြုလုပ်ပေးခဲ့သည်။ ကင်ဒေါ့ဂျာ၏ ရုပ်အလောင်းကို ခေါင်းတလားထဲသို့ ထည့်သွင်းနေသည်ကို လူတွေ ကြည့်ရှုရင်း မျက်ရည်များကို ထိန်းထားကြသည်။ အချို့လူများမှာ သူသည် မည်သူဖြစ်ကြောင်း ဇဝေဇဝါ ဖြစ်နေကြသော်လည်း အချို့လူများမှာမူ ထိုဇာတ်လမ်းကို နောက်ကျမှ ကြားသိရပြီး သက်ပြင်းချနေကြသည်။

ထိုအတောအတွင်း ရှင်ယူဆောင်းမှာ ငိုကြွေးနေခဲ့သည်။

"ဦးလေး..."

"ယူဆောင်း"

ယောင်ဟီဝန်က ရှင်ယူဆောင်းကို ခေါင်းတလားအနားမှ ဆွဲခေါ်သွားသည်။ လီဟန်းဆောင်မှာ ဇဝေဇဝါ ဖြစ်နေသော အမူအရာ ရှိနေဆဲ ဖြစ်ပြီး လီဂီယောင်၏ မျက်နှာမှာမူ လက်ရှိ အခြေအနေကို လက်မခံနိုင်ဘဲ ထွက်ပြေးနေသကဲ့သို့ ဗလာဖြစ်နေလေသည်။

"အကိုကြီးဒေါ့ဂျာက မသေပါဘူး"

နောက်ဆုံးတွင် လီဂျီဟယ်က အော်ဟစ်လိုက်သည်။

"...ဆရာ ဘယ်မှာလဲ"

"..."

"ဆရာက ဦးလေးကြီးကို ကယ်နိုင်မှာပါ။ အမဆောဟွာရော ဘယ်မှာလဲ"

သို့သော်လည်း ယူဂျွန်ဟော့မှာ ဤအပြစ်တင်စကားများကို နားထောင်ရန် ဤနေရာတွင် မရှိပေ။

နောက်ဆုံးတွင် လီဂျီဟယ်လည်း ငိုကြွေးလာခဲ့သည်။

"ဦးလေးကြီး..."

သူတို့တွေ မလိုလားသော်လည်း လက်ခံလိုက်ကြရသည်။ ကင်ဒေါ့ဂျာမှာ သေဆုံးသွားခဲ့ပြီ ဖြစ်သလို နောက်ထပ်လည်း ပြန်လည်ရှင်သန်လာမည် မဟုတ်ပေ။

[မကြာမီ ဇာတ်ဝင်ခန်းသစ် စတင်ပါတော့မည်။]

ယခုအခါ သူတို့သည် ကင်ဒေါ့ဂျာ မရှိသော ကမ္ဘာကြီးတွင် ရှင်သန်ကြရတော့မည် ဖြစ်သည်။

…………………………………………………………………………………..

「ယခုအခါ သူတို့သည် ကင်ဒေါ့ဂျာ မရှိသော ကမ္ဘာကြီးတွင် ရှင်သန်ကြရတော့မည် ဖြစ်သည်။」

အကယ်၍ Ways of Survival သာ ဖြစ်ခဲ့လျှင် ဤဝါကျကို ရေးသားခဲ့ပေလိမ့်မည်။

"ကဲပါ။ ငါ့အတွက်နဲ့ ဝမ်းနည်းမနေကြပါနဲ့"

ကျနော် အော်ဟစ်လိုက်ချင်သော်လည်း အသံထွက်မလာခဲ့ပေ။ ကျနော့် အသံကြိုးများ မဖွဲ့စည်းရသေးသော အခြေအနေတွင် ရှိနေသောကြောင့် ဖြစ်သည်။ ကျနော်၏ စိတ်စွမ်းအား ပြန်လည်ပြည့်ဝလာသည့် အခါတိုင်းတွင် အခြေအနေကို 'အပြင်လူ၏ ရှုထောင့်' အဖြစ် စူးစမ်းနိုင်ခြင်းက စိတ်သက်သာရာ ရစရာပင်။

အကယ်၍ 'အဓိကဇာတ်ကောင်အနေဖြင့် ကိုယ်တိုင်တွေ့မြင်ရသော ရှုထောင့်' ကို အသုံးပြုနိုင်လျှင် ကောင်းမည် ဖြစ်သော်လည်း၊ ယူဂျွန်ဟော့၏ ခန္ဓာကိုယ်ကို အသုံးပြုစဉ်က စွမ်းအားလွန်ကဲသွားခဲ့သည့်အတွက် ယခုအချိန်တွင် အသုံးပြု၍ မရသေးချေ။

[အလွန်အကျွံ စိတ်နှစ်ဝင်စားမှုကြောင့် 'အဓိကဇာတ်ကောင်အနေဖြင့်ကိုယ်တိုင်တွေ့မြင်ရသောရှုထောင့်' အသုံးပြုမှုကို ကန့်သတ်ထားပါသည်။]

ခေါင်းတလားကို မြေကြီးများဖြင့် ဖုံးအုပ်နေစဉ် လူအချို့က အော်ဟစ်လိုက်ကြသည်။

"အရုပ်ဆိုးဆုံးဘုရင်"

လီး။ ဒိုကဲဘီတွေက ငါ့ကို 'အရုပ်ဆိုးဆုံးဘုရင်' ဆိုတဲ့ နာမည်ပြောင်ကြီး ပေးထားတာလား။ ဒါဟာ ဟိုကောင် ဘီဟွန်းရဲ့ လက်ချက်ပဲ ဖြစ်ရမယ်။

ရှင်ယူဆောင်းက ငိုကြွေးပြီး ကျနော်၏ အုတ်ဂူပေါ်သို့ ပန်းများ တင်နေသည်ကို မြင်ရသည်မှာ ပို၍ ထူးဆန်းသလို ခံစားရပေသည်။ အဖွဲ့သားများမှာ ကျနော် သေဆုံးသွားပြီဟု ယခုအခါ အခိုင်အမာ ယုံကြည်သွားကြပြီ ဖြစ်သည်။ သူတို့တွေ ကျနော့် ဈာပနကို တက်ရောက်နေကြသည်ကို ကျနော် စောင့်ကြည့်နေခဲ့သည်။ ဤကဲ့သို့ ကိုယ့်ဈာပနကို ပြန်ကြည့်ခြင်းအားလုပ်ဆောင်သူမှာ ကျနော် တစ်ဦးတည်းသာ ရှိပေလိမ့်မည်။

"ဝါးးးး"

လီဂီယောင်မှာ ငိုယိုကာ နှာရည်တရွှဲရွှဲဖြင့် မြေကြီးတစ်ဝက်ဖုံးနေပြီဖြစ်သော ခေါင်းတလားဆီသို့ ပြေးသွားလေသည်။ လီဂျီဟယ်မှာလည်း ထိုနည်းတူပင် ဖြစ်သည်။

"ဦးလေးကြီးးးး―"

လီဂျီဟယ်သည် ပုံမှန်ဆိုလျှင် ကျနော်အပေါ် စိတ်ဆိုးမာန်ဆိုး ပြုမူတတ်သော ကလေးဖြစ်သဖြင့် ယခုကဲ့သို့ မြင်ရသည်မှာ စိတ်လှုပ်ရှားမိသည်။ အကယ်၍ ကျနော်သာ ယခု ခေါင်းတလားထဲမှ ထလာခဲ့လျှင် ရယ်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်သွားပေလိမ့်မည်။

သို့သော်လည်း ကျနော် ထိုသို့ မလုပ်နိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် 'စွမ်းရည်ပြန်လည်ပြည့်ဝချိန်' အတွင်း ကျနော် ရောက်ရှိနေသောကြောင့် ဖြစ်၏။

['အသက်ရှစ်ပါး' ၏ အထူးအခွင့်အရေး အသက်ဝင်ပါပြီ။]

ပြန်လည်ရှင်သန်ခြင်း ကိစ္စအတွက် စိုးရိမ်စရာ မရှိပေ။ လူမသတ်ဘုရင် စွမ်းရည်ကို စွန့်လွှတ်ပြီးနောက် ငြိမ်းချမ်းမြေမှ ရရှိခဲ့သော 'အသက်ရှစ်ပါး' ဝိသေသ လက္ခဏာ ကျနော့်တွင် ရှိနေသည်။ ဤဝိသေသ လက္ခဏာကို ယာမာတာ နို အိုရိုချိ၏ ဝိညာဉ်နှင့် အသားကို စားသောက်ခြင်းဖြင့်သာ ရရှိနိုင်ပြီး၊ ပိုင်ဆိုင်သူကို အသက် ရှစ်ပါး အမှန်တကယ် ပေးဆောင်နိုင်၏။

[မြွေ၏ ပထမဆုံးသော ခေါင်းကို ယဇ်ပူဇော်လိုက်ပါပြီ။]

[ဤခေါင်း၏ စွမ်းအားမှာ 'သတိကြီးသူ' ဖြစ်ပါသည်။]

ယာမာတာ နို အိုရိုချိ၏ ခေါင်းများထဲတွင် မတူညီသော စွမ်းရည်များ ကိန်းအောင်းနေပြီး၊ ပြန်လည်ရှင်သန်ပြီးနောက် ထိုစွမ်းရည်နှင့် ဆက်နွှယ်သော ကောင်းချီးကို ရရှိနိုင်မည် ဖြစ်သည်။ ဤသည်မှာ မဆိုးလှပေ။ ပြဿနာမှာ လူမသတ်ဘုရင်နှင့် မတူဘဲ ဤအခွင့်အရေးတွင် စောင့်ဆိုင်းချိန် ရှိနေခြင်း ဖြစ်သည်။

[ပြန်လည်ရှင်သန်ခြင်း မပြုမီ ၇၂ နာရီ စောင့်ဆိုင်းရန် လိုအပ်ပါသည်။]

[ကျန်ရှိသောအချိန် - ၂၄:၀၇:၁၂]

ကျနော် နောက်ထပ် တစ်ရက်ခန့် စောင့်ရန် လိုသေးပြီး၊ ထိုအချိန်သည် ဇာတ်ဝင်ခန်းသစ် စတင်မည့် အချိန်လည်း ဖြစ်၏။ ကျနော်၏ ဈာပနကို အနည်းငယ် ထပ်မံကြည့်ရှုပြီးနောက် ရှုထောင့်ကို ပြောင်းလဲလိုက်သည်။ ကျနော် မရှင်သန်နိုင်သေးသဖြင့် ဆက်လက်ကြည့်ရှုနေရသည်မှာ စိတ်မကောင်းဖြစ်မိသောကြောင့် ဖြစ်သည်။

['အပြင်လူ ရှုထောင့်' ဖြင့် စူးစမ်းမည့်သူကို ပြောင်းလဲနေပါသည်။]

ထို့နောက် ဖန်သားပြင်အသစ်တစ်ခု ပေါ်လာခဲ့သည်။ မြင်ကွင်းမှာ ရှေးဟောင်းပစ္စည်းများဖြင့် ပြင်ဆင်ထားသော မြေအောက်ခန်းတစ်ခု ဖြစ်သည်။ ထိုနေရာတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရှိနေကြသည်။

"...ယူဂျွန်ဟော့"

ထိုအမျိုးသမီးမှာ ယူဆန်းအာ ဖြစ်သည်။ ယူဆန်းအာကို အချည်အနှောင်ခံထားရသည့် နေရာမှ လွှတ်ပေးခဲ့သူမှာ ယူဂျွန်ဟော့ပင်။ ထိုသို့လွှတ်ပေးခြင်းမှာ ယူဂျွန်ဟော့၏ ခန္ဓာကိုယ်ထဲမှ မထွက်ခွာမီ ကျနော် နောက်ဆုံး တောင်းဆိုခဲ့သော ကျေးဇူးဆပ်မှုပင် ဖြစ်သည်။

ယူဆန်းအာက မေးလိုက်သည်။

"ဒေါ့ဂျာ ဘာဖြစ်သွားပြီလဲ"

"ကင်ဒေါ့ဂျာ သေပြီ"

ယူဂျွန်ဟော့၏ ပြတ်သားသော စကားကြောင့် ယူဆန်းအာမှာ ကမ္ဘာကြီး ပြိုလဲသွားသကဲ့သို့ ဖြစ်သွားလေသည်။ ထိုအမူအရာကို မြင်ရသောအခါ ကျနော် အနည်းငယ် မျက်မှောင်ကြုတ်မိသည်။ ၂၈ နှစ်အရွယ် ကင်ဒေါ့ဂျာ၏ ဘဝမှာ ထိုမျှလောက်တော့ မဆိုးလှပေ။

"ဒါပေမဲ့ သူ ပြန်ရှင်လာလိမ့်မယ်"

"...ပြန်ရှင်လာမယ်ဟုတ်လား။ ဘယ်လိုလုပ်ပြီး ပြန်ရှင်လာမှာလဲ"

"ငါလည်း မသိဘူး။ သူ ဒီတိုင်းကြီး သေမသွားဘူးဆိုတာပဲ ငါသိတယ်"

ဟုတ်ပေသည်။ ယူဂျွန်ဟော့သည် ကျနော် ယခင်က ပြန်လည်ရှင်သန်သည်ကို မြင်တွေ့ခဲ့ဖူးသည်။ ကျနော် နောက်ဆုံးတွင် ပြန်လည်ရှင်သန်လာမည်ကို သူ အသေအချာ ယုံကြည်နေပေလိမ့်မည်။

"...မဟုတ်ဘူး၊ သူ ရှင်နေမှဖြစ်မယ်"

သို့ဆိုလျှင် သူသည် အဘယ်ကြောင့် လက်သီးကို ထိုမျှလောက်အထိ တင်းတင်းဆုပ်ထားရသနည်း။ ယူဂျွန်ဟော့မှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ထိတ်လန့်နေသော ယူဆန်းအာကို စကားပြောလိုက်သည်။

"ကင်ဒေါ့ဂျာရဲ့ မိသားစုဝင်က ဘယ်မှာလဲ"

ထိုစကားကြောင့် ကျနော် အံ့အားသင့်သွားရသည်။

ဒီကောင်၊ ငါမခိုင်းထားတဲ့ အလုပ်ကို ဘာလို့ လုပ်နေတာလဲ။

'မိသားစုဝင်' ဆိုသော စကားလုံးကြောင့် ယူဆန်းအာ၏ မျက်နှာမှာ ပြောင်းလဲသွားခဲ့သည်။ ယူဆန်းအာထံတွင် အရေးတကြီး ပြောစရာ တစ်ခုခု ရှိနေပုံရပေသည်။

"သူ့အမေက..."

ကံမကောင်းစွာဖြင့် ထိုအချိန်တွင် ဖန်သားပြင်မှာ ပိတ်သွားပြီး မက်ဆေ့ချ်တစ်ခု ကြားလိုက်ရသည်။

[သင်၏ စိတ်စွမ်းအား ကုန်ဆုံးသွားပါပြီ။]

[သီးသန့်စွမ်းရည် အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် အဆင့် ၃ ပိတ်သွားပါပြီ။]

ဤသည်မှာ ဝိညာဉ်ခန္ဓာကိုယ်၏ ဆိုးကျိုးပင် ဖြစ်သည်။ ကုန်ဆုံးသွားသော စိတ်စွမ်းအားကို ပြန်လည်ဖြည့်တင်းရန် နှေးကွေးလှသည်။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် မရှိသောကြောင့် ထိုသို့ဖြစ်ရခြင်းမှာ သဘာဝပင်။ ခန္ဓာကိုယ်မရှိသော ဝိညာဉ်တစ်ခုသည် လျှပ်ခေါင်းတစ်ခု ပျောက်ဆုံးနေသော ဘက်ထရီနှင့် တူသည်။ ခန္ဓာကိုယ်မရှိသော အချိန် ကြာမြင့်လေလေ၊ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုမှာ ပိုလာလေလေ ဖြစ်သည်။ ထို့ကြောင့်မလို့လည်း တစ္ဆေများ ရူးသွပ်သွားရခြင်း ဖြစ်သည်။

'နာဗားနားက ငါ့အမေကို သတ်လိုက်တာလား'

ရူးသွပ်မသွားစေရန်အတွက် ကျနော် အဆက်မပြတ် မေးခွန်းများ မေးနေရသည်။

'မဖြစ်နိုင်ဘူး'

ဒါက တခြားသူမဟုတ်ဘဲ ကျနော့်မိခင် ဖြစ်သည်။ ထို့ပြင် နာဗားနားမှာလည်း အခြားသူများကို အလွယ်တကူ သတ်ဖြတ်ခြင်း သို့မဟုတ် နှိပ်စက်ခြင်းများ ပြုလုပ်တတ်သည့် ဇာတ်ကောင် မဟုတ်ချေ။ နာဗားနားသည် ကယ်တင်ခြင်းခေါင်းဆောင်အဖြစ် လှုပ်ရှားသည့်အခါတွင် လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ ပြုမူတတ်သည်။

သို့သော်လည်း နာဗားနား နောက်ဆုံး ပြောသွားခဲ့သည့် စကားများ ရှိနေသေး၏။ ကျနော့် မိခင်တွင် ကျနော်ထံမှ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်တစ်ခု ရှိနေသည်ဟု သူ ပြောခဲ့သည်။

ငါ့မိခင်က ငါ့ကို ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တဲ့လား။

မည်မျှပင် ပြင်းပြင်းထန်ထန် စဉ်းစားသော်လည်း မည်သည့်အရာမှန်း လုံးဝ စဉ်းစား၍ မရပေ။

...ငါ မသိဘူး။ မဟုတ်သေးဘူး၊ ငါ မသိချင်ယောင် ဆောင်နေတာလည်း ဖြစ်နိုင်တယ်။

ထိုစဉ် သွယ်ဝိုက်သော မက်ဆေ့ချ်တစ်ခုကို ကြားလိုက်ရသည်။

[‘အဘိုင်ဒို့စ်မြို့သခင်’ နက္ခတ်က သင်၏ ဝိညာဉ်ကို ခေါ်ယူနေပါသည်။]

သွယ်ဝိုက်သော မက်ဆေ့ချ်များကို မကြားရသည်မှာ ကြာပြီဖြစ်သဖြင့် ကျနော် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။

...အဘိုင်ဒို့စ်မြို့သခင်ဟုတ်လား။

Ways of Survival ထဲက အကြောင်းအရာများကို ကျနော် ပြန်လည် ဆင်ခြင်ကြည့်လိုက်သည်။ ကျနော် မှတ်မိသလောက်ဆိုလျှင် အဘိုင်ဒို့စ်မှာ ရှေးဟောင်း အီဂျစ်နိုင်ငံ၏ မြို့တော် ဖြစ်သည်။

[‘ပါပီရပ်စ်’ နက်ဗျူလာက သင့်အား ‘ပြန်လည်ရှင်သန်ခြင်း ဒဏ္ဍာရီ’ကို ကမ်းလှမ်းလိုပါသည်။]

ကြည့်စမ်းပါဦး။ ပါပီရပ်စ်ဆိုတာက အီဂျစ်ဒဏ္ဍာရီနဲ့ သက်ဆိုင်တဲ့ နက်ဗျူလာလေ။

[‘ကောင်းကင်ဘုံ၏ စာရေးတော်’ နက္ခတ်က သင်၏ ဝိညာဉ်ကို ခေါ်ယူနေပါသည်။]

ဟမ်… မက်တာထရွန်ပါလား။

ကျနော် ထိုသို့ တွေးလိုက်သည်နှင့် နောက်ထပ် မက်ဆေ့ချ်တစ်ခု ပေါ်လာပြန်သည်။

[‘အေဒင်’ နက်ဗျူလာက သင့်အား မေရှိယ၏ လမ်းစဉ်သို့ ဦးဆောင်လိုပါသည်။]

ပြန်လည်ရှင်သန်ခြင်း ဒဏ္ဍာရီနဲ့ မေရှိယ...

[‘ဝိုင်နှင့် ကာမဂုဏ်ခံစားမှုတို့၏ နတ်ဘုရား’ နက္ခတ်က သင့်အား အဆင့်နိမ့် နက္ခတ်များထံမှ ခေါ်ဆောင်သွားလိုပါသည်။]

[‘အိုလံပတ်စ်’ နက်ဗျူလာက သင့်အတွက် ဇာတ်ခုံတစ်ခု ပြင်ဆင်ပေးပါမည်။]

…ဒါတွေက ဘာတွေလဲ။

[‘ဒီဇင်ဘာ ၂၅ ရက်၏ သခင်’ နက္ခတ်က သင့်ကို ခေါ်ယူနေပါသည်။]

[‘ဝေဒ’ နက်ဗျူလာက သင့်အား ‘ပြန်လည်ရှင်သန်ခြင်း အားလပ်ရက်’ ကို တင်ဆက်ပေးပါမည်။]

[‘ဆိုးချွန်း ပန်းခင်း၏ ပန်းပွင့်’ နက္ခတ်က သင်၏ ဝိညာဉ်ကို ခေါ်ယူနေပါသည်။]

[‘တမ်နာ’ နက်ဗျူလာက သင့်အား အလိုရှိနေပါသည်။]

အိန္ဒိယ ဒဏ္ဍာရီကနေ ကိုရီးယား ဒဏ္ဍာရီအထိ အကုန်ပေါ်လာတာလား။

သွယ်ဝိုက်သော မက်ဆေ့ချ်များစွာမှာ တစ်ဟုန်ထိုး ဝင်ရောက်လာနေလေသည်။ ဧရာမ နက်ဗျူလာများမှသည် နက်ဗျူလာ အသေးစားများအထိ အားလုံးက ကျနော်အား ဖိတ်ခေါ်မှုများ ပေးပို့နေကြခြင်းပင်။

ဤနက္ခတ်များ ဘာတွေးနေသည်ကို ကျနော် သိနိုင်ပေသည်။ သူတို့၏ ဒဏ္ဍာရီများဖြင့် ကျနော်ကို လွှမ်းမိုးရန် ကြိုးစားနေကြခြင်း ဖြစ်ရမည်။

[အချို့သော နက္ခတ်များမှာ တစ်ဦးနှင့်တစ်ဦး ရင်ဆိုင်နေကြပါသည်။]

[အချို့သော နက္ခတ်များက သူတပါး၏ ဒဏ္ဍာရီကို မခိုးယူရန် သတိပေးချက်များ ပေးနေကြပါသည်။]

ဒီယွန်နီဆပ်၊ မစ်သရာ၊ ဟာလက်ဂွန်ဂီ...

ကျနော့်ကို ခေါ်ယူနေသော နက္ခတ်များမှာ အားလုံး ပြန်လည်ရှင်သန်ခြင်းနှင့် ဆက်နွှယ်နေသူများပင်။

[နက္ခတ်များသည် သင်၏ ပြန်လည်ရှင်သန်ခြင်းနှင့် ပတ်သက်၍ အားပြိုင်နေကြပါသည်။]

တစ်နည်းအားဖြင့်ဆိုရသော် ဤသူများသည် ကျနော့် ဇာတ်လမ်းထဲသို့ ခြေစုံပစ်ဝင်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။ ဇာတ်လမ်းအားလုံးမှာ လူပြောများလေလေ ပို၍ အစွမ်းထက်လာလေလေ ဖြစ်၏။ လူသားများက ထိုဇာတ်လမ်းကို ပြောဆိုကြပြီး လက်ဆင့်ကမ်းလေလေ၊ ဇာတ်လမ်းများ၏ သြဇာလွှမ်းမိုးမှုမှာ ပို၍ အားကောင်းလာလေ ဖြစ်သည်။

အကယ်၍ တစ်နေ့တွင် 'ကင်ဒေါ့ဂျာ' ဟု ခေါ်သော လူတစ်ဦးသည် သုံးရက်အကြာတွင် ပြန်လည်ရှင်သန်လာပြီး အောက်ပါစကားများကို ဟစ်အော်ပြောဆိုလိုက်လျှင် မည်သို့ဖြစ်မည်နည်း။

"ငါက ကင်ဒေါ့ဂျာပဲ။ ငါဟာ ခရစ်တော်ရဲ့ ကောင်းချီးကို ရရှိခဲ့ပြီ"

ခရစ်တော်၏ နေရာတွင် ဒီယွန်နီဆပ်၊ မစ်သရာ သို့မဟုတ် အခြားသူတစ်ဦးဦးဖြင့် အစားထိုးလိုက်လျှင်လည်း ကိစ္စမရှိပေ။ လူများမှာ အံ့အားသင့်သွားကြမည် ဖြစ်ပြီး ဒဏ္ဍာရီတစ်ခုမှာ ထိုနေရာ၌ပင် ပြန်လည်ပေါက်ဖွားလာမည် ဖြစ်သည်။

အံ့အားသင့်သွားသော ကိုယ်စားလှယ်များမှာ ထိုဇာတ်လမ်းကို ပျံ့နှံ့စေမည် ဖြစ်ပြီး ဇာတ်လမ်း၏ စွမ်းအားမှာ စိတ်ကူးထားသည်ထက် ကျော်လွန်သွားပေလိမ့်မည်။ ရလဒ်အနေဖြင့် ထိုဇာတ်လမ်းနှင့် ဆက်နွှယ်နေသော နက်ဗျူလာသည် ဖြစ်နိုင်စွမ်းထဲတွင် ဝင်ရောက်စွက်ဖက်ရန် ပိုမိုကြီးမားသော စွမ်းအားကို ရရှိသွားမည် ဖြစ်၏။

တစ်နည်းအားဖြင့်ဆိုရသော် ဤအချက်ကြောင့်ပင် နက်ဗျူလာများမှာ ရူးသွပ်မတတ် ဖြစ်နေကြခြင်းဖြစ်၏။ ကျနော့်တွင် ဇာတ်ဝင်ခန်းများကို ထိန်းချုပ်နိုင်သော စွမ်းအား ရှိနေပေသည်။

[ကိုရီးယားကျွန်းဆွယ်ရှိ နက္ခတ်များမှာ သင်၏ ရွေးချယ်မှုကို အာရုံစိုက် စောင့်ကြည့်နေကြပါသည်။]

All Chapters