← Chapters

မြို့အရှင်စံအိမ်တော်အတွင်း...

Vol. 2 Ch. 12

မြို့အရှင်စံအိမ်တော်အတွင်း...

Vol. 2 Ch. 12

သခင်လေးကုံးသည် ပက်လက်ကုလားထိုင်ပေါ်တွင် လှဲနေပြီး သမားတော် တစ်ဦးက ရောင်ရမ်းနေသော သခင်လေးကုံး၏ မျက်နှာကို ဆေးလိမ်းပေးနေသည် ။

အရှင်ကုံးယန်က ဘေးတွင် ထိုင်ကာ သူ၏ တစ်ဦးတည်းသော သားဖြစ်သူ၏ ဒဏ်ရာများကို တင်းမာသော အမူအရာဖြင့် စိုက်ကြည့်နေ၏ ။

ချောင်မူအား ဖမ်းစီးခဲ့သူ မီးခိုရောင်ဝတ် အဘိုးအိုက ဘေးနားတွင် တိတ်တဆိတ်သာ ရပ်နေလေသည် ။

" အဖေ.. ဘာလို့ ချောင်မူဆိုတဲ့ ခွေးမသားကို စစ်မှုထမ်းခိုင်းချင်ရတာလဲ.. "

သခင်လေးကုံးက ရောင်းရမ်းနေသော မျက်လုံးကို အားတင်းဖွင့်ပြီး မသဲမကွဲ ပြောလိုက်သည် ။

ကုံးယန်က အစေခံများနှင့် သမားတော်ကို ထွက်သွားရန် လက်ဝှေ့ယမ်းပြလိုက်ပြီး မီခိုးရောင်ဝတ်အဘိုးအို တစ်ဦးတည်း ကျန်မှ စကားစပြောလိုက်သည် ။

" သူ့ကို သတ်ဖို့ လောစရာမလိုဘူးကွ.. သူသာ မြို့စောင့်တပ်ထဲ ဝင်ရင် သူ့ကို သတ်ဖို့ နည်းလမ်းတွေ အများကြီး ရှိလာလိမ့်မယ်.. "

ကုံးယန်၏ မျက်လုံးက မှေးကျဥ်းသွားပြီး တည်ငြိမ်စွာ ပြောလိုက်သည် ။

ကုံးယန်သည် သူ၏ သားဖြစ်သူနှင့် ပြည်သူများကြားတွင် ရန်ငြိုးများ အလွန်ကြီးထွားနေကြောင်း သတိထားမိ၍ ဤသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည် ။ ရဲရင့်သော သူစိမ်းတစ်ယောက်ကပင် မီးစအဖြစ် စတင်တောက်လောင်နိုင်ပေသည် ။

ထို့ကြောင့် ကြင်နာတက်သော သခင်တစ်ယောက်အဖြစ် ဟန်ဆောင်ခဲ့ပြီး သူ၏ ရက်ရော၍ စေတနာ ထားတက်သော စရိုက်ကို ပြည်သူများအား တွေ့မြင်စေသည် ။ ဤလုပ်ရပ်ကြောင့် အနာဂတ်တွင် သူ့အပေါ် ပြည်သူများ၏ အမြင်က များစွာ တိုးတက်လာပေလိမ့်မည် ။

ထို့အပြင် သူ့သားအား ရိုက်နှက်ခဲ့သူ ချောင်မူဆိုသော လူငယ်လေးက အတွင်းအားပင် မရှိသေးသော သိုင်းသမားလေးသာဖြစ်သည် ။ ထိုပုရွတ်ဆိတ်အား တိတ်တဆိတ် ရှင်းလင်းရန် သူ့တွင် နည်းလမ်းများစွာ ရှိပေသည် ။ လူမြင်ကွင်းတွင် သတ်ရန် မလိုအပ် ။ ဤသည်ကို တွေးရင်း ကုံးယန်က သူ့သားအား အေးစက်စွာ ငုံ့ကြည့်လိုက်သည် ။

ကုံးယန်၏ အေးစက်စက် အကြည့်ကြောင့် သခင်လေးကုံး ထိတ်လန့်သွားပြီး ညီူးညူနေသည်ကိုပင် ရပ်လိုက်မိသည် ။

" ပုန်ကန်တက်တဲ့ကလေး.. မင်းကို အရင်တည်းက ကောင်းကောင်း မဆုံးမမိတာ မှားတာပဲ.. မင်း ပြသနာကြီးလုပ်မိရင် ဘယ်လိုလုပ်မလဲ..."

" ချောင်မူလို အတွင်းအား မရှိတဲ့ သိုင်းသမားလေးကတောင် မင်းကို သတ်ဖို့ အသက်စွန့်ရဲနေပြီ နောက်ဆို ငါမကိုင်တွယ်နိုင်တယ့် အခြားလူတွေကို ပြသနာရှာမိရင် ဘယ်လိုလုပ်မလဲ.. "

" တခြားလူတွေလား.. "

သခင်လေးကုံးက ထိုစကားကို သတိထားမိသွားသည် ။

" အဆင့်မြင့် ပုဂ္ဂိုလ် တစ်ယောက်ယောက် ယန်မြို့ကို လာလည်မှာလား.. "

သခင်လေးကုံး သည် ယန်မြို့၏ လူဆိုးဖြစ်၍ သူကြောက်ရမည့်သူ မရှိမှန်း သိပေသည် ။ ယခု ကုံးယန်ကိုယ်တိုင် မကိုင်တွယ်နိုင်ဟု ပြောလျှင် ထိုလူက သြဇာကြီးမားသော တခြားဒေသမှ ဖြစ်ချေမည် ။

ကုံးယန်က သူ့သားကို အေးစက်စက် ကြည့်လိုက်ပြီး...

" ဒီနေ့ကစပြီး တစ်လတိတိ အပြင်မထွက်ရဘူး အိမ်ထဲမှာပဲနေ.. "

" ဘာလို့လဲ.. "

သခင်လေးကုံး ဇဝေဇဝါ ဖြစ်သွားသည် ။ သူမြို့ထဲတွင် ကစားနေစဥ် လူတစ်ယောက်ပေါ်လာပြီး အရိုက်ခံလိုက်ရ၏ ။ ယခု အပြင်ထွက်ရန်ပင် ကန့်သတ်ခံထားရသည် ။ ဤသည်က တရားမျှတ ပါ၏လော ။

ကုံးယန်က ခဏတာ စဥ်းစားလိုက်ပြီး တိုးတိုးလေးပြောလိုက်သည် ။

" နောက်တစ်လအတွင်း လက်ရှိ ဧကရာဇ်က ယန်မြို့ ပတ်ဝန်းကျင်ကို အလည်လာမယ် ကြားတယ်.. မင်း သေမှာ စိုးလို့ အပြင်မထွက်ခိုင်းတာကွ.. "

မြို့အရှင် ကုံးယန်က ပြည်သူများ သူ့အပေါ်တွင် အကောင်းမြင်စေရန် ကြိုးစားနေခြင်းမှာ ထိုအကြောင်းကြောင့်ပင်ဖြစ်သည် ။

" တကယ်ကြီး ဧကရာဇ်ကိုယ်တိုင်လာမှာတဲ့လား ..ဒါ..ဒါ.. သေချာလို့လား.. "

သခင်လေးကုံးက မျက်လုံးပြူးသွားပြီး မေးလိုက်သည် ။

" ငါ သေချာတော့ ဘယ်သိမလဲကွ .. ဧကရာဇ်သွားမည့် ခရီးကို သတင်းသေချာပေါက် ထွက် နေရင် လုပ်ကြံမယ့်သူတွေက ပေါ်လာမှာပေါ့..."

ကုံးယန်က လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်ပြီး...

" မင်း ဒီတစ်လလုံး ဘယ်မှ မသွားရဘူး.. အိမ်မှာပဲ အေးအေးဆေးဆေးနေ.. "

သခင်းလေး ကုံးက နာခံဟန်ဖြင့် ခေါင်းညိတ်လိုက်သော်လည်း ခဏအကြာတွင် ထပ်မေးလိုက်သည် ။

" ဒါပင်မယ့် ချောင်မူ.... "

" အဲ့အကြောင်း ခေါင်းထဲ ထည့်မနေနဲ့.. "

မြို့အရှင် ကုံးယန်က...

" သူ မြို့စောင့်တပ်ထဲ ဝင်ဝင် မဝင်ဝင် ငါသူ့ကို ဖြေရှင်းနိုင်တယ်.. သူ ဝင်ရင်တော့ ပိုလွယ်သွားတာပေါ့.. "

" မကြာသေးခင်က မြို့ပြင် တုန်းတောင်ပေါ်မှာ ဓားပြတွေ သောင်းကြမ်းနေတယ်.. အချိန်တန်ရင် သူ့ကို ဓားပြတွေလက်ထဲ အသေခံ ခိုင်းရုံပဲ.. "

အတွင်းမြို့ လမ်းမပေါ်တွင်...

ချောင်မူက ရှုပ်ထွေးနေသော လူအုပ်ကြားသို့ ဝင်၍ အောက်သို့ ကျနေသော လမ်းလျောက်တုတ်ကို ကောက်ယူလိုက်သည် ။

ခြေလှမ်းအနည်းငယ်အကွာတွင် ချောင်စန်းရွှယ်က အနည်းငယ် စိုးရိမ်ဟန်ဖြင့် ပတ်ဝန်းကျင်တွင် စမ်းရင်း သူမ၏ လက်လျောက်တုတ်ကို ရှာနေ၏ ။

စစ်သည်များ ပေါ်လာစဥ်တွင် လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားသဖြင့် သူမ၏ လမ်းလျောက်တုတ်က လူအုပ်ကြားတွင် ညပ်ပါ သွားလေသည် ။

ချောင်းစန်းရွှယ်သည် သိုင်းလောက မိသားစုမှ ဖြစ်သော်လည်း မျက်မမြင်တစ်ယောက်သာဖြစ်သည် ။ သာမန်နေ့စဥ်ဘဝတွင် အနံ့အာရုံနှင့် အကြားအာရုံကို အားထား၍ သာမန်လူတစ်ယောက်ကဲ့သို့ ရှင်သန်နိုင်နေသော်လည်း ယခု ဆူညံပွက်လောရိုက်နေသော လူအုပ်ကြီးထဲသို့ ရောက်နေ၍ သူမ ဒုက္ခရောက်နေလေပြီ ။

ချောင်မူက လမ်းလျောက်တုတ်ကို ကိုင်၍ ပတ်ဝန်းကျင်အား လိုက်စမ်းနေသော ချောင်စန်းရွှယ်၏ လက်ထဲသို့ ထည့်ပေးလိုက်သည် ။

ချောင်စန်းရွယ်သည် ခေါင်းအလိုလို ညိတ်မိပြီး ကျေးဇူးတင်စကားပြောရန် ပြင်လိုက်သော်လည်း သူမ၏ နှာခေါင်းလေးက တရှုံ့ရှုံ့ အနံ့ခံလိုက်ပြီး ပူပန်နေသော မျက်နှာလေးက အလိုလို ပြေလျော့သွား၏ ။

" နင်ခုနက မြို့အရှင်ရဲ့သားကို သွားဖမ်းတာလား.. "

ချောင်းစန်းရွှယ် မေးလိုက်၏ ။ သူမ အစပိုင်းအခြေအနေအား သိသော်လည်း နောက်ပိုင်းအကြောင်းအရာများကို သေချာ မကြားလိုက်ရချေ ။

ချောင်မူက ချောင်းစန်းရွှယ်အား အပြင်မြို့ လမ်းကြားများထဲထိ ပြန်ခေါ်သွားပြီးမှ ရှင်းပြလိုက်သည် ။

" မြို့အရှင်ရဲ့ သားကို ပါးရိုက်တာတောင် မြို့အရှင်က နင့်ကို စုဆောင်းချင်တုန်းပဲလား ဟမ့်.."

ချောင်းစန်းရွှယ် ခေါင်းခါမိလိုက်၏ ။

" ဘာမှ ကောင်းတာ ဖြစ်လာမှာ မဟုတ်ဘူး.. "

" မြို့အရှင်သာ လူကောင်းဆို သူ့သားကို ဒီလောက်ဆိုးအောင် ပစ်ထားမှာ မဟုတ်ဘူး.. ဒါ..."

" သေချာသိအောင် မြို့အရှင် စံအိမ်ကို သွားမှရမယ်.. "

ချောင်မူက ပြတ်သားစွာ ပြောလိုက်သည် ။

" နင်..နင်.. ငါပြောတာ နားမလည်ဘူးလား.. နင် သူ့အိမ်ကို သွားရင် ကျားပါးစပ်ထဲ ဝင်တာနဲ့ ဘာကွာလို့လဲ.. "

ချောင်းစန်းရွှယ် ထိတ်လန့်သွားသည် ။

" အကျပ်အတည်းကလဲ အခွင့်ကောင်းတစ်ခု အဖြစ် ပြောင်းသွားနိုင်တာပဲလေ.. "

ချောင်မူ၏ မျက်လုံးက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေပေသည် ။

" မြို့အရှင်က ဝူကျိအသင်းဝင် ဖြစ်နိုင်တယ်ဆိုတာ မမေ့နဲ့.. "

ချောင်မူသည် မြို့အရှင်၏ လက်ထဲသို့ရောက်လျှင် သူသေနိုင်သည်ကို သိ၏ ။ မြို့အရှင်က လူကောင်းတစ်ယောက် ဖြစ်နေပါက ပိုမို နီးကပ်နိုင်ရန် ကြိုးစားမည်ဖြစ်သည် ။ အန္တရာယ် များလေ သူပို၍ စွန့်စားချင်လေပင် ။ သေသေ ရှင်ရှင် သူ့အတွက် အရှုံးမရှိချေ ။

" မြို့အရှင်က ဝူကျိ အသင်းဝင်ဆိုရင် သူ့ရာထူးအရ အဆင့်မြင့် အသင်းဝင် ဖြစ်ရမယ်.. လျို့ဝှက်ကုတ် ဖြည်တဲ့ နည်းလမ်းနဲ့ ဧကရာဇ်ကို လုပ်ကြံမယ့် အစီအစဥ်ကို သိလောက်တယ်.. "

ချောင်မူ၏ အဓိက ရည်မှန်းချက်မှာ ဝူကျိအသင်း၏ နာမည်ဖြင့် ဧကရာဇ်ကို လုပ်ကြံနိုင်ရန်ဖြစ်သည် ။ ပြီးလျှင် ထိုလုပ်ကြံသည့် နေရာတွင် သေဆုံးရပေမည် ။

ချောင်စန်းရွှယ်သည် ချောင်မူ၏ အစီအစဥ်ကို နားထောင်ပြီး အံ့အားသင့်သွားသည် ။

သိပ်မကြာခင်က ချောင်မူသည် သခင်လေးကုံးအား အသက်စွန့်၍ ဝင်ဖမ်းခဲ့သည် ။ ယခု သေမယ်မှန်း သိရက်နှင့်ပင် ကျားပါးစပ်အတွင်းသို့ ဝင်ချင်နေ၏ ။ ဤမျှ လောက်အထိ စွန့်လွှတ်စွန့်စားရန် လိုအပ်နေပါသည်လော ။

' သူက ဧကရာဇ်ကို အသုံးချပြီး ဝူကျိအသင်းကို ဖျက်ဆီးပစ်မယ်ပြောတာ ဟန်ဆောင်တာ မဟုတ်ဘူးဘဲ.. ဒါပင်မယ့် ဘာလို့ အဲ့လောက်အထိ စွန့်စား ပေးချင်နေတာလဲ.. သက်ရှည်လက်သီး သုတ္တန် တစ်ဝက်က ဒီလောက်အထိ ထိုက်တန်လို့လား.. ငါ သူ့အတွက် တခြားတခုခု ပေးဆပ်ရမလား.. "

တက်ကြွနေသော ချောင်မူကြောင့် ချောင်စန်းရွှယ်၏ ရင်ထဲတွင် မသက်မသာ ဖြစ်မိလေသည် ။ ဤသည်ကို တွေးရင် ချောင်စန်းရွှယ် အကြံတစ်ခုရသွားသည် ။

ချောင်မိသားစုသည် သာမာန်ဂိုဏ်းများထက် သာလွန်သော အခြေခံ အုတ်မြစ်ရှိ၍ သက်ရှည်လက်သီးသုတ္တန်အပြင် တခြား အမွေဆက်ခံထိုက်သော သိုင်းကျမ်းများလည်း ရှိပေသည် ။

All Chapters