← Chapters

" ကျား...."

Vol. 2 Ch. 14

" ကျား...."

Vol. 2 Ch. 14

စစ်စခန်းအတွင်းရှိ လေ့ကျင့်ကွင်းတွင် ချောင်မူသည် လှံကို အားပါပါ ဝှေ့ယမ်းနေသဖြင့် လေတိုးသံများ တဝှီးဝှီး ထွက်ပေါ်လျက်ရှိသည် ။

သူ မြို့စောင့်တပ်ထဲ ရောက်ပြီးကတည်းက အခြေခံ အဆင့် စစ်တပ်သုံး လှံသိုင်းကို နေ့တိုင်း လေ့ကျင့်နေခြင်းပင် ။

သူ့စိတ်ထဲ သို့ အာရုံစိုက်လိုက်လျှင် ကျွမ်းကျင်မှု စာရင်းတွင် စစ်တပ်လှံသိုင်း ( အခြေခံ) ဟု နောက်ထပ် ကျွမ်းကျင်မှု တစ်ခု ပေါ်နေပေသည် ။

ချောင်မူသည် စစ်တပ်ထဲသို့ ရောက်နေသဖြင့် စစ်ဘက် လက်နက် လေ့ကျင့်ရေးကို မဖြစ်မနေ လုပ်ရမည်ဖြစ်သည် ။ သူ လှံကို လက်နက် အဖြစ် ရွေးချယ် ခဲ့ခြင်းမှာ ဝတ္ထုများတွင် ကံအဆိုးဆုံး လူများမှာ လှံသမား များ ဖြစ်သောကြောင့်ပင် ။

သူသည် ရက်အနည်းငယ် လေ့ကျင့် ပြီးနောက် သူ၏ ပါရမီကို နားလည်သွားပြီ ဖြစ်သည် ။ သာမန်လူများထက် အနည်းငယ် သာလွန်သော်လည်း ပါရမီရှင်ဟု မခေါ်ဆိုနိုင်ပေ ။ သူ၏ လှံသိုင်း လေ့ကျင့်မှုမှာ သာမန်စစ်သား များနှင့် မခြားဘဲ လက်မောင်းအားကို အသုံးပြု၍ ဝှေ့ယမ်းနေခြင်းသာ ဖြစ်သည် ။

' ငါဘယ်တော့ သေရမှာလဲ.. '

ချောင်မူ လေ့ကျင့်ရင်း အတွေးထဲတွင် နစ်မြောနေသည် ။

ချောင်မူလေ့ကျင့်နေသည်ကို စစ်သည်များက စောင့်ကြည့်နေကြသော်လည်း သူတို့၏ မျက်လုံးထဲတွင် စိတ်ပျက်မှုများ အတိုင်းသား မြင်နေရသည် ။

ယန်မြို့အတွင်း အဖြစ်အပျက်မှာ သူတို့၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်လျက်ရှိ၏ ။ သူတို့သည် မြို့စား၏ တပ်သားများ ဖြစ်သော်လည်း အနိုင်ကျင့်တက်သူ သခင်လေးကုံးအား လည်ပင်းမှ ဆွဲမ ထားသည့် သူရဲကောင်းလေးအား မလေးစားဘဲ မနေနိုင်ချေ ။

ချောင်မူသည် ယန်မြို့တွင် အကျော်ကြားဆုံး လူငယ် သူရဲကောင်း ဖြစ်လာခဲ့လေသည် ။ ထို့ကြောင့် ချောင်မူ လေ့ကျင့် သည်ကို စစ်သည်များက စပ်စုချင်စိတ်ဖြင့် လာ၍ စောင့်ကြည့်နေကြသော်လည်း ရက်အနည်းငယ် ကြာလာသည်နှင့် သူတို့နှင့် ဘာမှ မကွာမှန်း သိလာကြသည် ။

" ဒီလူက သာမန်လူပဲ.. အရင်က လက်နက်အသုံးပြုနည်းကို လေ့ကျင့်ဖူးပုံ မပေါ်ဘူး.. ခုမှ စသင်နေတာ.. "

" ဒါနဲ့ ချောင်မူက အတွင်းအား မရသေးဘဲနဲ့ ဘာလို့ တပ်မှူး ဖြစ်လာတာလဲ.. "

" ခန္ဓာကိုယ် အကန့်အသတ်အထိ လေ့ကျင့်ပြီးတာက သာမန်လူတွေကို ရင်ဆိုင်လို့ပဲ ရမယ်လေ ..အတွင်းအား မရှိဘဲ စစ်မြေပြင်မှာ တိုက်ခိုက်ရင် သေဖို့ လွယ်နေမှာပေါ့.. ငါတို့နဲ့ ဘာကွာမှာလဲ.. "

" နာမည်ကြီး ဖြစ်တာ ဘာကောင်းလို့လဲ.. ငါတို့ အရှင်က သဘောထားကြီးလို့သာ ဒီကောင် မသေတာ.. "

" သာမန် သိုင်းသမားတွေနဲ့ တိုက်ခိုက်တာက စစ်မြေပြင်မှာ တိုက်ခိုက်တာနဲ့ မတူဘူးလေ.. ဒီကလေး သေချင်းရှင်ခြင်း တိုက်ပွဲတွေ ဘယ်နှခါများ ကြုံဖူးမှာ မို့လဲ.."

သိုင်းပညာရှင်များအား အဆင့် ၉ ဆင့် ခွဲခြားထား၏ ။ အဆင့် ၉ သိုင်းပညာရှင် ဟူသည်က ခွန်အားကို ဖော်ပြရုံသာ မက အင်ပါယာ၏ တရားရုံးသို့ တရားဝင် ရာထူး ဖြင့် ဝင်ရောက်နိုင်မည်ဖြစ်သည် ။

အဆင့် ၉ သိုင်းပညာရှင် အနေဖြင့် တရားရုံးသို့ ဝင်ရောက်၍ နန်းတော်သို့ သစ္စာခံပါက အဆင့် ၉ အရာရှိ လစာ ရမည်ဖြစ်သည် ။ သူတို့၏ အစစ်အမှန် ဂုဏ်ဒြပ်မှာ စစ်ဘက် အဆင့် ၉ အရာရှိ၏ တစ်ဝက်ခန့် ရှိမည်ဖြစ်သည် ။

အဆင့် ၁ သိုင်းပညာရှင် ဆိုပါက အဆင့်မြင့် အရာရှိဖြစ်သော် အဆင့်၁ အရာရှိ အဆင့်၏ အဆင့်အတန်းနှင့်ပင် နီးကပ်နေပေမည် ။

သိုင်းပညာရှင်များအား စစ်တပ်အာဏာ ဆွဲကိုင်ထားသည့် အရာရှိဟူ သတ်မှတ်၍ ရမည်မဟုတ်ဘဲ နန်းတော် တရားရုံး၏ ကိုယ်ရံတော်များ ဟု သတ်မှတ်ရမည်ပင် ။

ယန်မြို့စောင့်တပ်၏ လူတစ်ရာတပ်မှူးရာထူးကို အဆင့် ၉ သိုင်းသမားများအား ခန့်အပ်လေ့ရှိသည် ။

ချောင်မူသည် အဆင့် ၉ သို့ မရောက်သေးသော်လည်း နာမည်ကောင်းရှိ၍ စစ်သားများအကြားတွင် ကျော်ကြားနေပေသည် ။

လေ့ကျင့်ကွင်းဘေးရှိ အဆောက်အအုံငယ်လေး တစ်ခုအတွင်းမှ မျက်လုံး နှစ်စုံက ချောင်မူအား အကဲခတ်နေကြသည် ။

" ဒီကလေးက စိတ်ပျက်စရာပဲ.."

မီးခိုးရောင်ဝတ်အဘိုးကြီးက ခေါင်းယမ်းရင်း ပြောလိုက်သည် ။

" အရင်က မြို့စားနဲ့ ရင်ဆိုင်ရတာတောင် တစ်လက်မ မှ နောက်မဆုတ်ခဲ့ဘူး ..ငါ သူ့ကို ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ လူငယ် သူရဲကောင်း ပါရမီရှင် လို့ ထင်ထားတာ.. "

" ဟားဟားဟား.. ခုတော့ သတ္တိကောင်းတဲ့ သာမန်လူ တစ်ယောက်သာသာပဲ.. "

" အရာရှိချူး.. ဒီကလေးက စိတ်လိုက်မာန်ပါ လုပ်တက်တဲ့ သူပဲ.. မြို့စားမင်း ဘာကို ဆိုလိုတာလဲ ဆိုတာ ခင်ဗျားသိမယ်ထင်တယ်.. "

မီးခိုရောင်ဝတ် အဘိုးကြီးက အဓိပ္ပါယ် များစွာ ပါဝင်သော အကြည့်ဖြင့် အရာရှိချူးအား မျက်လုံးချင်း စုံအောင် ကြည့်လိုက်သည် ။

မြို့စား ၏ လူယုံ တစ်ယောက်အနေဖြင့် စကားကုန်အောင် မပြောပေ ။

သူ့ဘေးတွင် ရပ်နေသူက မြို့စောင့်တပ်၏ အဆင့်၈ အရာရှိဖြစ်သူ အဆင့်၈ သိုင်းပညာရှင် စစ်အရာရှိ ချူးဖြစ်သည် ။

" ကျွန်တော် နားလည်ပါတယ်.. "

အရာရှိချူးက ပြုံးလိုက်ပြီး ခပ်တွန့်တွန့် မေးလိုက်သည် ။

" ဒါဆို.. နောက်ရက်အနည်းငယ် အတွင်း ဓားပြတွေကို နှိမ်နင်းဖို့ မြို့ပြင်ကို ဦးဆောင် ခိုင်းလိုက်ရမလား.. "

မီးခိုးရောင်းဝတ် အဘိုးအိုက ပြုံးလိုက်ပြီး...

" မြို့ပြင် တုန်ရှန် တောင်ပေါ်မှာ ဓားပြတွေ သောင်းကြမ်းနေတယ်ကြားတယ်.. အထူးသဖြင့် ဓားပြဘုရင် ဝမ်စုန့်ဟဲ ဆိုတဲ့ သူက အရမ်း ရဲရင့်တယ်ဆိုပဲ.. "

" ဓားပြတွေက သူတို့ကို သူတို့ ဘုရင်လို့ ခေါ်ရဲတယ်လား.. ဟာသပဲ.. "

စစ်အရာရှိချူးက ခေါင်းညိတ် ထောက်ခံလိုက်ပြီး...

" ဒီဓားပြတွေကို ဖယ်ရှားပစ်လို့ လိုကို လိုအပ်နေပြီ.. "

" ချောင်မူက နာမည်ကောင်းရှိပင်မယ့် လုံလောက်တဲ့ လေ့ကျင့်မှု မရှိသေးတော့.. ဒီအခွင့်အရေး သူ့ကို ပေးရမယ်.. "

ဤသို့ ရိုးရှင်းသော စာကြောင်းအနည်းငယ်ဖြင့် ချောင်မူ၏ ကံကြမ္မာအား သတ်မှတ်လိုက်လေပြီ ။

" ဒါဆို နောက်ရက်အနည်းငယ် အတွင်း သူ့ကို လွှတ်လိုက်မယ်.. "

အရာရှိချူးက ပြောလိုက်သည် ။ အလျင်စလို လုပ်ပါက အရာအားလုံး ရှုပ်ထွေးသွားနိုင်၏ ။

ချောင်မူသာ မြို့စောင့်တပ်ထဲ ဝင်ဝင်ခြင်း သေဆုံးသွားလျှင် လူပြောစရာ ဖြစ်သွားနိုင်သည် ။

**

ချောင်မူသည် မြို့စားမင်း၏ အကြံအစည်ကို မသိသော်လည်း ထိုသည်က သူ တပ်ထဲတွင် လှည့်ပတ်နေသည်ကို တားဆီးနိုင်မည် မဟုတ်ချေ ။

သူ့တွင် အချိန်များစွာ မကျန်တော့သည်ကို သူသိပေသည် ။ မြို့အရှင် လှုပ်ရှားသော အခါမှသာ အခြေအနေကြည့်၍ မီးစင်ကြည့် ကရ ပေမည် ။

သူ တပ်ထဲတွင် ကြာကြာ နေရမည်မဟုတ်ပေ ။ ထို့ကြောင့် သာမန်စစ်သားများက အခြေခံ လက်နက် အသုံးပြုနည်းများ လေ့ကျင့်နေသော သူ့အား လေးစားမှု မရှိသည်ကို ဂရုမစိုက် ။

ချောင်မူသည် ညနေအချိန်သို့ ရောက်ရှိလာသည်နှင့် လေ့ကျင့်နေသည်ကို ရပ်နားလိုက်သည် ။ သူ အနားယူရန် ပြင်လိုက်စဥ် သူ၏ လက်အောက်မှ စစ်သားတစ်ဦး သူထံသို့ ပြေးလာနေသည်ကို မြင်လိုက်ရသည် ။ ထိုသူက သွားဝါဝါ နှင့် အသက် ၄၀ ကျော်ခန့် ရှိပေမည် ။

" သူဌေး.. သိုင်းကျမ်းတွေ ..လက်ဝှေ့ လက်စွဲ စာအုပ်တွေ ဝယ်ချင်တယ်လို့ ကြားလို့.. "

" ဟုတ်တယ်.."

ချောင်မူက ခေါင်းညိတ်ပြလိုက်သည် ။

ဤရက်များအတွင်း ချောင်မူသည် စစ်တပ်အကြောင်း လေ့လာခဲ့သဖြင့် မြို့စောင့်တပ်သားများအကြောင်း နားလည် ပေသည် ။

ဤတပ်စခန်းတွင်း အဆင့် ၉ သိုင်းပညာရှင်များသည် လူတစ်ရာတပ်မှူးအဖြစ် တာဝန် ထမ်းဆောင်လေ့ ရှိကြသည် ။

သာမန်တပ်သားများမှာ သန်မာ သူများဖြစ်ပြီး အနည်းငယ်သာ လေ့ကျင့်နည်းများ သိကြ၏ ။

ထို့ကြောင့် ချောင်မူသည် သူ၏ လက်အောက်ငယ်သားများထံမှာ သိုင်းကျမ်းများ ဝယ်ယူမည်ဟု သတင်းလွှင့်ခဲ့သည် ။ သူ့တွင် ထာဝရအသက်ရှိ၍ သိုင်းကျမ်းများများ စုဆောင်းထားနိုင်ပါက ပို၍ အသုံးဝင်နိုင်ပေသည် ။ မြို့စားမင်း မသတ်ခင် စုဆောင်းနိုင်သမျှ စုဆောင်းထားရပေမည် ။ သို့သော်လည်း အဓိက ကျွမ်းကျင်မှု အဖြစ် သက်ရှည်လက်သီးအား မည်သည့်အရာနှင့်မျှ အစားထိုးမည်မဟုတ်ချေ ။

" အဘိုးကြီးဟွမ်.. ခင်ဗျားမှာ သိုင်းကျမ်း ရှိလို့လား.. "

ချောင်မူက အနည်းငယ် အံသြသော လေသံဖြင့် မေးလိုက်၏ ။ အဘိုးကြီးဟွမ်၏ မျိုးရိုးနာမည်မှာ ဟွမ်မဟုတ်ဘဲ ဘိုင်ဖြစ်သည် ။ အဘိုးကြီး ဟွမ်ဟု ခေါ်ဆိုရခြင်း လူတိုင်းအား အမြဲပြုံးပြလေ့ရှိပြီး သွားများ ဝါထိန်နေသောကြောင့်ပင် ။

" ဟဲဟဲ.. ကိုယ်ခန္ဓာကျင့်စဥ်ပဲ.. ဆရာလိုချင်လား.. "

အဘိုးကြီးဟွမ်က ပြုံး၍ မေးလိုက်သည် ။

ကိုယ်ခန္ဓာကျင့်စဥ်လော ။ ဤသည်က ချောင်မူ လိုအပ်နေသော သိုင်းကျမ်းမျိုး ဖြစ်သည် ။ အတွင်းအား မရရှိသေးချိန်တွင် အကာအကွယ်အတွက် ကိုယ်ခန္ဓာ ကျင့်စဥ် ရှိပါက ပိုကောင်းပေသည် ။ သူ သေရမည်ကို မကြောက်ရွံ့ သော်လည်း ခုခံကာကွယ်နိုင်စွမ်း ပိုကောင်းသည်က အသုံးဝင်နိုင်လေသည် ။

သို့သော်လည်း အဘိုးကြီးဟွမ်သည် သာမန် စစ်သားဖြစ်၍ ထူးကဲသော သိုင်းကျမ်း ရှိမည်ဟု ချောင်မူ မမျှော်လင့်ချေ ။ မည်သို့သော သိုင်းကျမ်း ဖြစ်ပါစေ သူ ဝယ်ယူမည်ဖြစ်သည် ။

ချောင်မူ သဘောတူရန် ပြင်လိုက်စဥ်တွင် ပတ်ဝန်းကျင်မှ ရယ်သံများ ထွက်လာကြသည် ။

" ဟားဟားဟား..ဘော့စ်.. မဝယ်ခင် သူ့သိုင်း အကြောင်းကိုလည်း မေးကြည့်ပါအုံး.. "

ဦးပြည်းပြောင်ပြောင် တပ်သားက ရယ်ရင်း ဝင်ပြောသည် ။

" ဘာလို့လဲ.. "

ချောင်မူလည်း သံသယဝင်သွားပြီး မေးလိုက်၏ ။

" ဒါ.. သံတုတ်ချောင်း စွမ်းရည် ပဲ.. "

အဘိုးကြီး ဟွမ်က ရှက်ရယ် ရယ်ရင်း ပြန်ဖြေသည် ။

ချောင်မူ... " ..."

" အဘိုးကြီးဟွမ်.. ခင်ဗျား တွေးနေတဲ့ မာကျောမှုမျိုး ကျုပ် မလိုအပ်သေးဘူး.. "

ချောင်မူက အဘိုးကြီးဟွမ်အား သံသယဖြင့် ကြည့်လိုက်၏ ။ သူ့အား တမင်လာ၍ ရှုပ်နေသည်လော ။

" ဆရာသမား.. သံတုတ်ချောင်းစွမ်းရည်ကို လျော့မတွက်နဲ့ .."

ဘုန်းကြီးတပ်သားက ဝင်ပြောလိုက်သည် ။

" အဘိုးကြီးဟွမ်က အသက် ၄၀ ကျော်နေပြီ ..အိမ်မှာ ကလေး ၆ ယောက် ရှိတယ်..မနှစ်ကမှ နောက်တစ်ယောက် ထပ်ရထားတာနော်.. ဒီ သံတုတ်ချောင်းစွမ်းရည်က အစွမ်းမထက်ဘူးလားပြော.. "

ချောင်မူက ထိုစကားကို ကြားလျှင် အလွန်လေးစားသည့်ဟန်ဖြင့် လက်ဟန်လုပ်လိုက်ပြီး...

" ကျုပ်က သိုင်းပညာသင်ယူရတာ ချေးမများဘူး.. ဒီ သံတုတ်ချောင်းသိုင်းကို ဝယ်မယ်.. "

All Chapters