← Chapters

သံတုတ်ချောင်း စွမ်းရည်သည် မထူးခြားသော်လည်း ချောင်မူ အတွက် အသုံးဝင်ပေသည် ။

Vol. 2 Ch. 15

သံတုတ်ချောင်း စွမ်းရည်သည် မထူးခြားသော်လည်း ချောင်မူ အတွက် အသုံးဝင်ပေသည် ။

Vol. 2 Ch. 15

ပေါင်ခြံက လူသားများ၏ အားနည်းချက် ဖြစ်သဖြင့် သံတုတ်ချောင်းစွမ်းရည် လေ့ကျင့်ထားပါမူ ရန်သူအား အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်နိုင်သည် ။

သို့သော်လည်း ပြသနာမှာ ချောင်မူ ထံတွင် ပိုက်ဆံ မရှိခြင်းပင် ။ ရာထူး ရရှိထားသည်မှာ မကြာသေးသဖြင့် လစာ မရသေးပေ ။

ချောင်းမူထံ တွင် သိုင်းကျမ်း နှစ်ခုရှိသော်လည်း ထိုသည်က ချောင်းစန်းရွှယ် ပေးထားခြင်း ဖြစ်သဖြင့် လဲလှယ်ရန် အသုံးပြု၍ မရချေ ။

လက်အောက်ငယ်သားများထံမှ သိုင်းကျမ်း ချက်ချင်း ရရှိလိမ့်မည်ဟု သူ မထင်ထား ခဲ့ပေ ။

သိုင်းလောကသားများသည် သူတို့၏ သိုင်းကျမ်းများကို လျို့ဝှက်ထားလေ့ ရှိကြပြီး သာမန် ခန္ဓာကိုယ် ကျင့်စဥ်များ ဆိုလျှင်ပင် အလွယ်တကူ ပေးအပ်ကြမည် မဟုတ် ။

" အဘိုးကြီးဟွမ် .. ခင်ဗျားရဲ့ သိုင်းကျမ်းကို စျေး သတ်မှတ်လိုက်လေ.. ကျုပ် လစာရမှ လာဝယ်မယ်.. "

ချောင်မူက ပြောလိုက်၏ ။ ယခုမှ တွေ့ရသော သူ၏ လက်အောက်ငယ်သားများအား အမြတ်မထုတ်ချင်ပေ ။

သို့သော်လည်း အဘိုးကြီးဟွမ်က ခေါင်းယမ်းလိုက်ပြီး...

" ဆရာသမား ဘာတွေ ပြောနေတာလဲ.. ပိုက်ဆံ ရှိရှိ မရှိရှိ အရေးမကြီးဘူး.. ဒါ ဘာမှ အဖိုးတန်တာ မဟုတ်ဘူး.. "

သူက အဝါရောင် သွားများ ထွက်ပေါ်လာသည် အထိ ပြုံးပြလိုက်ပြီး အင်္ကျီအတွင်းမှ ပါးလွှာသော စာအုပ် တစ်အုပ်ကို ထုတ်ပေးလိုက်သည် ။

" ဒါ ဆရာသမားအတွက် ကျုပ် ပေးတယ့် လက်ဆောင်ပဲ.. "

ချောင်မူက မျက်လုံး မှေး၍ ကြည့်လိုက်သော်လည်း လက်ဆောင်ကို မငြင်းပယ် ။

တခြား စစ်သည်များလည်း အံ့သြသွားကြသည် ။

" အဘိုးကြီး ဟွမ် ဘယ်တုန်းက ညဏ်ကောင်းသွားတာလဲ.. "

" ဒီ သံတုတ်ချောင်းစွမ်းရည်က အသုံးဝင်တာ နည်းပင်မယ့် ကိုယ်ခန္ဓာ ကျင့်စဥ်ပဲလေ .. ဒါကို အလကားပေးလိုက်တယ်လား.."

" ကျွတ်.. ကျွတ်.. အဘိုးကြီး ဟွမ်တော့ အသက်ကြီးမှ ညဏ်အလင်းပွင့်လာပြီထင်တယ်.. အထက်လူကြီးကို ဘယ်လို ဆက်ဆံရမလဲတောင် သိလာပြီ.. "

အဘိုးကြီးဟွမ်သည် မြို့စောင့် တပ်ထဲ မဝင်ခင်က သာမန် လယ်သမားတစ်ယောက်သာ ဖြစ်၏ ။ အထက်လူကြီးများအား မဖားတက်ခဲ့ချေ ။ ယခု အရာရှိ အသစ် ရောက်လာသော အခါတွင်မူ လိမ္မာပါးနပ်လာခဲ့၏ ။

ချောင်မူသည် စာအုပ်ကို လက်ထဲတွင် ချိန်ဆရင်း အဘိုးကြီးဟွမ်အား ပြုံးပြလိုက်ကာ...

" ဒါဆိုလည်း ကျုပ် ဒီစာအုပ်ကို အလကားမယူချင်ဘူး.. "

" တိုက်ပွဲ တစ်ခုခု ဖြစ်ရင် ကျုပ်နောက်သာ ကပ်လိုက်ခဲ့ ကျုပ်ကာကွယ်ပေးမယ်.. ဘယ်လိုလဲ.."

အဘိုးကြီးဟွမ်က ပြုံး၍ ကျေးဇူးတင်စကား ပြောလိုက်သော်လည်း ဤစကားလုံးများကို နှလုံးမသွင်းခဲ့ပေ ။

ဘေးနားတွင် ရပ်နေသော ဘုန်းကြီးစစ်သားက ရယ်ချင်စိတ်ကို မနဲထိန်းနေရသဖြင့် ပြုံးစိစိ ဖြစ်နေ၏ ။

ယန်မြို့စောင့်တပ်၏ တာဝန်မှာ မြို့အား စောင့်ကြပ်ရန်သာ ဖြစ်ပြီး တိုက်ပွဲဝင် စစ်သည်များ မဟုတ်ချေ ။

ချောင်မူသည် တပ်မှူး ဖြစ်သော်လည်း အဆင့်၉ သိုင်းပညာရှင်မဟုတ်သည့် သာမန်လူသာဖြစ်သည် ။ တိုက်ပွဲအတွင်းသို့ ရောက်ရှိနေပါက သာမန်စစ်သည်များနှင့် မည်သို့မှ ကွာခြားမည်မဟုတ် ။ အတွင်းအား ပိုင်ဆိုင်ထားသည့် သိုင်းပညာရှင်တစ်ယောက်၏ နှုတ်ထွက်စကား ဖြစ်ပါမူ အဘိုးကြီးဟွမ် ပျော်မိပေလိမ့်မည် ။

ချောင်မူလည်း ထိုဘုန်းကြီးစစ်သား၏ အမူအရာကို သတိထားမိသွားပြီး ရယ်ချင်စိတ်ကို ထိန်းထားလိုက်သည် ။

ဘုန်းကြီးစစ်သားသည် အရင်က ဘုန်းကြီးတစ်ပါးဖြစ်သော်လည်း အငတ်ဘေးကာလတွင် စားစရာ မရှိသည့်အတွက် ဘုန်းကြီးဘဝ မှ လူဝတ်ကြောင် ဘဝကို ကူးပြောင်း၍ စစ်တပ်ထဲသို့ ရောက်လာခဲ့သည် ။ သာမန်စစ်သည်များမှာ အခြေခံ စစ်ဘက်တိုက်ခိုက်ရေး များကိုသာ လေ့ကျင့်ကြသော်လည်း ဤဘုန်းကြီးတပ်သားမှာမူ အစစ်အမှန် သိုင်းပညာရှင် တစ်ယောက်ဖြစ်ချေသည် ။

" ဆရာသမား ..ဘာလို့ ကျုပ်ကို အဲ့လို ကြည့်နေတာလဲ.. ကျုပ်က သာမန်တပ်သား တစ်ယောက်ပဲနော်.. "

သူသည် ချောင်မူအား သိုင်းကျမ်းများ ထုတ်ပေးလိုခြင်း မရှိ ။ ချောင်မူသည် ငွေမပေးရုံသာမက လေးနက်သည့် ကတိကဝတ်များပင် မပေးချေ ။

ချောင်မူသည် တပ်မှူး ဖြစ်သော်လည်း လက်အောက်ငယ်သားများထံမှ သိုင်းကျမ်းများကို အတင်းတောင်းယူ၍ မရပေ ။

ထို့အပြင် ဘုန်းကြီးတပ်သားသည် ချောင်မူ၏ စွမ်းရည်မှာ သူနှင့် သိပ်မကွာဟု ခံစားမိ၏ ။ တိုက်ပွဲအတွင်း ရောက်နေပါမူ သူ့လောက်ပင် စွမ်းဆောင်နိုင်မည်မဟုတ်ချေ ။ ထို့ကြောင့် သူသည် ချောင်မူ၏ အကာအကွယ်ပေးမည့်ကတိကို လုံးဝ စိတ်မဝင်စားပေ ။

ချောင်မူက ဘာမှ ပြန်မပြောဘဲ အဘိုးကြီးဟွမ်ဘက်သို့ ခေါင်းလှည့်လိုက်ကာ...

" ကျုပ် ကတိက စကားနဲ့ပဲ ပြောသလို ဖြစ်နေတာ ကျုပ်သိပါတယ်.. ဘယ်လိုလဲ ဒီနေ့ ကျုပ် ခင်ဗျားတို့ကို အရက်လိုက်တိုက်မယ်.. "

ချောင်မူ့ထံတွင် သိုင်းကျမ်းဝယ်ရန် ငွေကြေးမရှိသော်လည်း အရက်တစ်ဝိုင်းတော့ တိုက်နိုင်ပေသေးသည် ။

ပတ်ဝန်းကျင်ရှိ စစ်သည်များက အရက်သောက်ရမည်ဟု ကြားလျှင် ဆူညံစွာ အော်ဟစ်၍ သြော်ဘာ ပေးကုန်ကြသည် ။ အရက်သောက်ရသည်ကို မကြိုက်သည့် စစ်သားဟူ၍ မည်သူရှိမည်နည်း ။

မကြာမီမှာပင် အတွင်းမြို့ရှိ ယွင်လိုင်စားတော်ဆက်သို့ ရောက်လာကြသည် ။ ယွင်လိုင် စားတော်ဆက်သည် အဆင့်မြင့် စားသောက်ဆိုင် မဟုတ်သော်လည်း သာမန် တပ်သားများအတွက်မူ ဇိမ်ခံ စားသောက်ဆိုင်ဖြစ်လေသည် ။

အဘိုးကြီးဟွမ်သည် ချောင်မူ၏ နောက်မှ လိုက်၍ စားသောက်ဆိုင်ထဲသို့ ဝင်လိုက်လျှင် မြို့ကြီး တစ်မြို့ထဲသို့ ရောက်လာသည့် တာဇံသဖွယ် မျက်စိ အပြူးသားဖြင့် ပတ်ချာလည် လှည့်၍ ကြည့်နေတော့သည် ။

" အဘိုးကြီးဟွမ် ..ခင်ဗျားက စစ်သည်တစ်ယေက်လုပ်နေပြီးတော့ အဲ့လောက် အမူအရာ ပျက်မနေနဲ့.. "

ဘုန်းကြီး စစ်သားက သတိပေးလိုက်သည် ။

" ဒီနေ့ တပ်မှူးက ဒကာခံတာနော် သူ့ကို သိက္ခာ မကျစေနဲ့.. "

အဘိူးကြီး ဟွမ်က ပြုံးသာ ပြုံးလိုက်၏ ။ သူသည် စစ်သည်တစ်ယောက် ဖြစ်သော်လည်း သာမန် လယ်သမားတစ်ယောက်နှင့် ပိုတူသည် ။ သူ ရသမျှ လစာအားလုံးကို ကလေးခြောက်ယောက် ပျိုးထောင်ရာတွင် အသုံးပြုရသဖြင့် ငွေပိုငွေလျှံ ဟူ၍ မရှိပေ ။

ထို့ကြောင့် ချောင်မူသည် သိုင်းကျမ်းအတွက် ငွေမပေးရသော်လည်း အရက်ကောင်းကောင်းတိုက်ရန် ခေါ်လာခဲ့ခြင်းပင် ။

အရက် အနည်းငယ် သောက်ပြီးမှ အဘိုးကြီးဟွမ်၏ တွန့်ဆုတ်နေသော အမူအရာမှာ ပျောက်ကွယ်သွားခဲ့သည် ။

" ဆရာသမားလေး.. ဒီ သံတုတ်ချောင်းစွမ်းရည် က တခြားမကြည့်နဲ့ ကျုပ် ကလေး ခုနှစ်ယောက် မြောက် ယူနိုင်တာကိုပဲကြည့် .."

အဘိုးကြီး ဟွမ်က အရက်ခွက်ကို မော့သောက်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည် ။

ချောင်မူ က အံ့သြ သည့် ဟန်ဖြင့်သာ ကြည့်နေသည် ။ အဘိုးကြီးဟွမ်သာ ခေတ်သစ်တွင် မွေးဖွားလာပါက ဤ ထုတ်လုပ်နိုင်စွမ်းတစ်ခုတည်းဖြင့် အသိအမှတ်ပြု ဆုများ ရနိုင်လေသည် ။

အဘိုးကြီးဟွမ် ၏ မျက်နှာသည် တည်ကြည် သွားပြီး...

" သိပ်တော့ မကြာသေးဘူး လွန်ခဲ့တဲ့ လေး ငါး လလောက်ကပေါ့ ... ကျုပ် ဇနီး ကိုယ်ဝန် အတွက် မြို့ထဲမှာ အားဆေး ဝယ်ဖို့ ခေါ်လာခဲ့တယ်.. ဒါပင်မယ့် သခင်လေးကုံးနဲ့ တည့်တည့် တိုးမယ်လို့ ဘယ်သူ ထင်မှာလဲ.. "

အဘိုးကြီး ဟွမ်သည် အရက်ခွက်ကို ငုံ့ကြည့်ရင်း တဖြည်းဖြည်းချင်း ပြောသည် ။

" သူ့ အစေခံ တစ်ယောက်က ကျာပွတ်နဲ့ ကျုပ်မိန်းမရဲ့ ဗိုက်ကို ရိုက်လိုက်လို့ ကျုပ် ကလေးကို ဆုံးရှုံးခဲ့ရတယ်.. ပြီးတော့ ကျုပ်ဇနီးလည်း အိပ်ရာထဲက သုံးလလောက် မထနိုင်ခဲ့ဘူး.. ခုတော့ သက်သာလာပါပြီ.. "

အဘိုးကြီး ဟွမ်က ပြောနေသည်ကို ရပ်လိုက်ပြီး အရက်ခွက် မြှောက်ကာ...

" ကဲပါ ဒါတွေ ထားလိုက်တော့.. ကျုပ် ဆရာသမားအတွက် ဂုဏ်ပြုပါတယ် .."

" ချွပ်... "

အရက်ခွက် နှစ်ခုက တိုက်မိသွားပြီး ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည် ။

အရင်က ချောင်မူနှင့် မရင်းနှီးသော်လည်း အဘိုးကြီးဟွမ်သည် မူးလာသည်နှင့် လျှာပိုသွက်လာ၏ ။

" ဘော့စ် ဒီ သံတုတ်ချောင်း စွမ်းရည်က သိပ်မကောင်းပင်မယ့်.. အရင်တုန်းက သက်တော်စောင့် လုပ်ဖူးတယ့် ကျုပ်တို့ ဘိုးဘေးတွေဆီက လက်ဆင့်ကမ်းလာတာပဲ .."

" ဒီစွမ်းရည်ရည်ကို အဆင့်မြင့်မြင့် ကျွမ်းကျင်သွားရင် ဘော့စ်ရဲ့ အဲ့ဒီအစိတ်အပိုင်းကို ဗိုက်ထဲ ပြန်ကျုံ့လို့ ရသလို လက်ချောင်းတစ်ချောင်းလိုလဲ စိတ်ကြိုက် လှုပ်ရှားနိုင်တယ်.. "

" ကျုပ်ရဲ့ ကိုယ်ခံပညာက ဒီယန်မြို့မှာ ဘာမှ မဟုတ်ပင်မယ့် ဘောင်းဘီအောက်က ကျွမ်းကျင်မှု အကြောင်း ပြောမယ် ဆိုရင်တော့ ဟီးဟီးဟီး..."

အဘိုးကြီးဟွမ်သည် အဝါရောင် သွားများ ပေါ်လာသည်အထိ ပြီတီတီ ပြုံးလိုက်ပြီး...

" ကျုပ် နဂါးက ယန်မြို့မှာ ပြိုင်ဘက် ကင်းပဲ.. "

All Chapters