← Chapters

ဒီ ဓားပြ တွေ ကလည်း အသုံးမကျလိုက်တာ.. '

Vol. 2 Ch. 17

ဒီ ဓားပြ တွေ ကလည်း အသုံးမကျလိုက်တာ.. '

Vol. 2 Ch. 17

ချောင်မူသည် သစ်ပင် တစ်ပင် မှီရင်း နောင်တရနေသည့် မျက်နှာဖြင့် ထိုင်နေ၏ ။ တပ်သား တစ်ယောက်က ချောင်မူ၏ ဒဏ်ရာကို ဆေးကြော ပေးနေသည် ။

ချောင်မူသည် သေရန် ကြိုးစားခဲ့သော်လည်း ဓားပြ များက အားနည်းလွန်းသဖြင့် မသေခဲ့ပေ ။ နောက်တစ်ကြိမ်တွင်သာ သေနိုင်ရန် ပို၍ ကြိုးစား အားထုတ်ရပေတော့မည် ။

မြားသုံးစင်း စိုက်ဝင် ခဲ့သော်လည်း ဒဏ်ရာ သိပ်မနက်သဖြင့် လှုပ်ရှားမှုအား မထိခိုက်ချေ ။ သွေးဆုံးရှုံးမှု ကြောင့်သာ ချောင်မူ၏ မျက်နှာ အနည်းငယ် ဖြူဖျော့သွားသည် ။

ဤတိုက်ပွဲ ငယ်လေးတွင် ဒဏ်ရာ ကြီးကြီးမားမား ရခဲ့သူမှာ ချောင်မူ တစ်ယောက်ထဲသာ ဖြစ်၏ ။ လူအင်အား သာလွန်သဖြင့် စစ်သည်များ တိုက်ပွဲ အတွင်းသို့ ဝင်ရောက်လာလျှင် ဓားပြများ ထွက်ပြေးကုန်သည် ။ ထို့ကြောင့် ဒဏ်ရာ ကြီးကြီးမားမား ရခဲ့သည် စစ်သည် မရှိချေ ။

သို့သော်လည်း ဆေးလိမ်းပေးနေသော ဘုန်းကြီးတပ်သား အပါအဝင် စစ်သည်အားလုံး၏ မျက်နှာမှာ တမျိုးတဖုံ ဖြစ်နေကြသည် ။

သာမန် အလုပ်သမားများအကြားတွင် ရုတ်တရက် ထူးချွန်သည် အလုပ်သမား ပေါ်လာသည်နှင့် တူနေ၏ ။ သူတို့အတွက် ထူးဆန်းနေကြသည် ။

" ဆရာသမား.. ဒီလစာလေးအတွက်နဲ့ ဘာလို့ အသက်စွန့်ချင် နေရတာလဲ.. "

ဘုန်ကြီးက ချောင်မူ၏ ဒဏ်ရာကို ပတ်တီးစီးရင်း မေးလိုက်သည် ။

" လာနောက်နေတာလား.. ဒီလစာ အတွက် ဘာလို့ အသေခံ ရမှာလဲ.. "

ချောင်မူက ခပ်တည်တည် ပြောလိုက်သည် ။

" ဒါဆို မင်း... "

ဘုန်းကြီးတပ်သားက ပြောရန် တွန့်ဆုတ်နေ၏ ။ သူ၏ မျက်လုံးထောင့်မှ ကြောင်အအ ရပ်နေသော အဘိုးကြီးဟွမ်ကို ခိုးကြည့်လိုက်သည် ။

အဘိုးကြီး ဟွမ်သည် အလွန်လိမ္မာ ပါးနပ်၏ ။ အသက်လေးဆယ် ကျော်လာသဖြင့် သူ၏ ခွန်အားမှာ လျော့ကျလာလေပြီ ။ ထို့ကြောင့် တိုက်ပွဲတွင် မပါဝင်ခဲ့ဘဲ ဘေးလွတ်နိုင်မည့် နေရာတွင်သာ ပုန်းအောင်းနေခဲ့သည် ။

ချောင်မူ ကန်လိုက်သော ဖိနပ်ရာမှ လွဲ၍ အဘိုးကြီးဟွမ်တွင် တခြား ဒဏ်ရာ မရှိချေ ။

ဘုန်းကြီးတပ်သားက အဘိုးကြီးဟွမ်ကို စိုက်ကြည့်၍ ရုတ်တရက် ပြောလိုက်သည် ။

" ဆရာသမား အရင်က ကတိပေးထားလို့ အဘိုးကြီးဟွမ်ကို ကာကွယ်လိုက်တာတော့ မဟုတ်ဘူးမှတ်လား.. အရင်က ပေးခဲ့တဲ့ ကတိကြောင့်ပဲလား.. "

ထို စကားကို ကြားလျှင် အဘိုးကြီး ဟွမ် အံ့အားသင့် သွား၏ ။ တပ်မှူးချောင် သူ့အား ကတိပေးခဲ့သည်ကို သူမှတ်မိနေသေးသည် ။ ထိုအချိန်က မည်သူမှ ထိုကတိအား အလေးအနက် မထားခဲ့ကြ ။ အတွင်းအား မရှိသော သာမန်သိုင်းပညာရှင် တစ်ယောက်က မည်သို့ ကာကွယ် ပေးနိုင်ပါမည်နည်း ။

ယခု မှသာ တပ်သား များ အားလုံး နားလည် သွားကြသည် ။ အတွင်းအား မရှိသော်လည်း ခန္ဓာကိုယ်အားအသုံးပြု၍ ကာကွယ်ပေးသည့် တပ်မှူး တစ်ယောက် ။ အသက်စွန့်၍ ကတိ တည်ခဲ့သော တပ်မှူးတစ်ယောက် ။ သာမန်ခြေလျင် တပ်သားတစ်ယောက်ကို အသက်စွန့်၍ ကယ်တင်ခဲ့သော တပ်မှူး ။

" ဒါ...ဒါ.."

အဘိုးကြီးဟွမ် စွန့်အနေမိသည် ။ ရုတ်တရက် သူမည်သို့ စကားပြောရမည်ကိုပင် မသိတော့ ။

အဘိုးကြီးဟွမ်သည် ဝါထိန်နေသော သွားများ ပိုင်ဆိုင်ထားသည် အသက် ၄၀ ကျော်အရွယ် တပ်သားတစ်ယောက်ဖြစ်သည် ။ သူ၏ ပုံစံမှာ စစ်သည်နှင့် မတူဘဲ လယ်သမားအိုကြီး တစ်ယောက်နှင့် ပိုတူသည် ။ သူနှင့် တပ်မှူးချောင်သည် မည်သို့မှ ဆွေမျိုး တော်စပ်နိုင်သည် မဟုတ်ချေ ။

သူသည် စစ်တပ်သုံး အခြေခံ တိုက်ခိုက်ရေး နည်းလမ်းများကို သံတုတ်ချောင်းစွမ်းရည် လောက်ပင် မကျွမ်းကျင်သည့် သာမန် ခြေလျင်တပ်သား ဖြစ်သည် ။ ချောမော လှပသော မိန်းမငယ်လေး တစ်ယောက်မဟုတ် ။ မည်သည့် သူစိမ်း တစ်ယောက်က သူ့အား အသက်စွန့်၍ ကာကွယ်ပေးမည်နည်း ။

တိုက်ပွဲတွင် စစ်သည် များကို ဒိုင်းအဖြစ် အသုံးမပြုသည့် တပ်မှူးနှင့် ကြုံရလျှင် အလွန် ကံကောင်းနေပြီ ဖြစ်သည် ။ သာမန် စစ်သည် အတွက် အသက်စွန့်ရဲသည့် တပ်မှူး ဆိုသည်ကို မည်သည့် တပ်သားမှ အိမ်မက်ပင် မက်ဘူးလိမ့်မည် မဟုတ်ချေ ။

ထို့ကြောင့် ဤကိစ္စအား အဘိုးကြီးဟွမ် မည်သို့ပင် တွေးစေကာမူ နားမလည်နိုင် ။

" ဘာလဲ ကိုယ်တော် နောင်တရနေပြီလား.. "

" ခင်ဗျားအရင်က သိုင်းကျမ်းပေးခဲ့ရင် ကျုပ်ကာကွယ် ပေးမှာပဲ.. "

ချောင်မူက နောက်လိုက်ပြီး စကားလမ်းကြောင်းပြောင်းသည် ။

ဘုန်းကြီးတပ်သားသည် အရင်က ရဟန်းတစ်ပါး ဖြစ်ခဲ့ဘူးသော်လည်း တပ်ထဲ ရောက်ချိန်တွင် သူ၏ ရဟန်း ဘွဲ့အမည်ကို ထုတ်မပြောချင်သဖြင့် ဘုန်းကြီး ဟုသာ အများက ခေါ်ကြသည် ။

သူသည် အခြား တပ်သားများနှင့် မတူဘဲ အတွင်းအား ရလုနီးပါး သန်မာသည့် အစစ်အမှန် သိုင်းပညာရှင် တစ်ယောက်ပင် ။ ထို့ကြောင့် ချောင်မူက ဤတပ်သားအား အာရုံစိုက်မိနေခြင်းဖြစ်သည် ။

" ဆရာသမားကတော့ နောက်ပြီ... "

ဘုန်းကြီးတပ်သားက သူ၏ ဦးပြည်းပြောင်ပြောင်ကို ပွတ်၍ ရှက်ရယ် ရှယ်လိုက်သည် ။ သူ အမှန်ပင် နောင်တရနေလေသည် ။ သူ၏ အမြင်အရ ချောင်မူသည် အဘိူးကြီးဟွမ်၏ သိုင်းကျမ်းကို အလကားယူသည်ဟု ထင်မြင်သည့်အတွက် သိုင်းကျမ်း ထုတ်မပေးချင်ခဲ့ချေ ။ ယခုတော့ စိတ်ပြောင်းသွားလေပြီ ။ အသက်စွန့်၍ ကာကွယ် ပေးတက်သည့် တပ်မှူး တစ်ယောက်ကို မလိုချင်သည် တပ်သားဟူ၍ အဘယ်တွင် ရှိအံနည်း ။

" ကျုပ်မှာ သိုင်းကျမ်းတွေ ပါမလာဘူး.. ဆရာသမား လိုချင်ရင် ယန်မြို့ကို ပြန်ရောက်တဲ့အခါကျရင် ပေးမယ်လေ .. "

ဘုန်းကြီး တပ်သားက လေးနက်စွာ ပြောသည် ။

" ငွေကိုတော့ လစာရမှ ပေးလို့ရတယ် ... လောစရာ မလိုဘူး.. "

ဘုန်းကြီး စိတ်ပြောင်းလိုက်ခြင်းမှာ လတ်တလော အန္တရာယ် များနေသော ကြောင့်ပင် ။ သူ ချောင်မူ၏ အကာအကွယ်ကို လိုအပ်နိုင်ပေသည် ။ ထို့အပြင် ချောင်မူ၏ စိတ်ဓာတ်ကို သူ လေးစားမိ၏ ။

...

နောက်မှ တပ်မကို ဦးဆောင်လာသော တပ်မှူးကြီး ချူးလည်း ချောင်မူ၏ အဖြစ်အပျက်ကို မြင်လိုက်ရသည် ။

' ဓားပြနဲ့ ပထမဆုံး တွေ့တာကိုတောင်.. ဒဏ်ရာ ရနေပြီလား.. အသုံးမကြလိုက်တာ '

အရာရှိချူး ၏ နှုတ်ခမ်းက လှောင်ပြောင်လိုဟန်ဖြင့် တွန့်ကွေးသွား၏ ။

' ဒီလောက်မြန်မြန် ဒဏ်ရာ ရတယ်ဆိုတော့ အားနည်းလိုက်တာ.. ဒီကောင့်ကို သေအောင်သက်ဖို့ ငါ ထင်တာထက် ပိုလွယ်မယ့် ပုံပဲ.. ဒီအတိုင်း ထိုင်ကြည့်နေရုံနဲ့တင် ဓားပြတွေ လက်ထဲ သေလောက်တယ်.. '

" တပ်မှူး တစ်ယောက်.. ချောင်မူကို အမိန့်သွားပို့လိုက် .. ထွက်ပြေး သွားတဲ့ ဓားပြတွေ နောက်ကို ထပ်ချပ်မကွာ လိုက်ရမယ်လို့.. သူတို့ရဲ့ ခံတပ်ကို ရှာတွေ့ရင် ဂုဏ်ပြုဆု ချီးမြှင့် မယ်.. "

တပ်မှူးကြီး ချူးက အမိန့်ပေးလိုက်ပြီး ရှေ့ပြေးတပ်နှင့် အကွာအဝေး တစ်ခုခြားကာ ချီတက်နေသည် ။

အဝေးမှ ညာသံပေးကာ ပေါ်ထွက်လာပြီး ချောင်မူ ထပ်မံ တိုက်ပွဲ ဝင်နေသည်ကို မြင်နေရသည် ။

အရာရှိချူးသည် အလျင်စလို မသွားဘဲ အဝေးမှသာ ဖြေးဖြေးချင်း ချီတက်နေ၏ ။

အကြိမ်ပေါင်း များစွာ တိုက်ပွဲ ဝင်ပြီးနောက် ချောင်မူ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာ များ မနည်းတော့ပေ ။

တိုက်ပွဲ များစွာ ဖြတ်ကျော်လာခဲ့ရသဖြင့် သူ၏ စစ်သားများသည်လည်း ရဲဝင့်လာကြသည် ။

ရဲစွမ်းသတ္တိ အပြည့်ရှိသော တပ်မှူး တစ်ယောက် ဦးဆောင်နေသဖြင့် စစ်သည် များ၏ နှလုံးသွေးများ ဆူပွက်လာကြသည် ။

လေးကြိမ်မြောက် ခြုံခို တိုက်ခိုက်မှုကို တွန်းလှန်ပြီးနောက် ချောင်မူသည် တောင်ကုန်း တစ်ခုပေါ်သို့ တက်ကာ ရှေ့တွင် ရှိသော ချိုင့်ဝှမ်းကို ငေးကြည့်နေသည် ။

ချိုင့်ဝှမ်း၏ အဝမှာ အနည်းငယ် ကျဥ်းမြောင်းပြီး လူသုံးလေးယောက်ခန့်သာ ရင်ဘောင်တန်း၍ သွားနိုင်သည် ။ ချိုင့်ဝှမ်းအတွင်းရှိ သစ်ပင်များမှာ စိမ်းလန်းစိုပြေ အုံ့ဆိုင်းနေပြီး မြက်တော များမှာလည်း ခါးအထိ မြင့်မားနေသဖြင့် ခြုံခို တိုက်ခိုက်ရန် အကောင်းဆုံး နေရာပင် ။

" အဘိုးကြီးဟွမ်.. ခင်ဗျားက ဒီဒေသကို သိတယ်ဆိုတော့ ဒီ ချိုင့်ဝှမ်းရဲ့ နာမည်ကို သိလား.. "

" ဒီ ချိုင့်ဝှမ်းမှာ နာမည် မရှိသေးဘူး.. "

" အဲ့တာဆို ဒီနေ့က စပြီး ဒီချိုင့်ဝှမ်းကို သစ်ကြွေချိုင့်ဝှမ်းလို့ ခေါ်ကြ ရအောင်.. "

" သစ်သားကြွေတာလား ..သစ်ရွက် ကြွေတာလား .. ဆောင်းရာသီ ရောက်ဖို့ အဝေးကြီး လိုသေးတယ်လေ.. အရွက်တွေ မကြွေသေးဘူး.. "

" ဘာ အဓိပ္ပါယ်ကိုမှ ပေးတာ မဟုတ်ဘူး.. ကံကောင်းတယ့် နာမည် တစ်ခု ထင်လို့.. "

ချောင်မူသည် အနားရှိ သစ်ပင် ကြီး တစ်ပင်၏ ပင်စည်ပေါ်တွင် သစ်ကြွေချိုင့်ဝှမ်း ဟူသည့် အမည်နာမ ကို လှံ ရှည်ဖြင့် ရေးထွင်းလိုက်၏ ။

သူ သေရန် နေရာကောင်း ရှာဖို့သာ ကျန်တော့သည် ။ ဖုန်းရွှေ ကောင်းသော နေရာတစ်ခုတွင် သေဆုံးနိုင်ပါက အကျိုးအမြတ် ပိုမို ရရှိနိုင်မည်လော ။ သူ မသိ ။ သူ သေဆုံးပြီးသည့် အခါမှသာ သိနိုင်တော့မည် ။

ချောင်မူက ချိုင့်ဝှမ်းဝတွင် အနားယူရင်း တွေးတောနေသည် ။ လမ်းတစ်လျောက် တိုက်ပွဲ ဝင်ခဲ့ရပြီး ဓားပြများ အဆက်မပြတ် နောက်ဆုတ် ပြေးကြသဖြင့် ဤ ချိုင့်ဝှမ်းသည် ဓားပြများ၏ ခံတပ် သို့မဟုတ် ဓားပြများ အင်အားကုန်သုံး၍ တိုက်ပွဲဝင်မည့် နေရာဟု သူ ထင်မိသည် ။ ချိုင့်ဝှမ်းထဲ ဝင်ရောက်ပါက ပြန်လှည့်နိုင်တော့မည် မဟုတ်ချေ ။

ထိုအခိုက် အနောက်ဘက် မှ ခြေသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည် ။

" ချောင်မူ.. ဘာလို့ ရပ်နေတာလဲကွ .. မင်းကို အဆက်မပြတ် ထောက်လှမ်းဖို့ အမိန့်ပေးထားတာကို မင်း နားမလည်ဘူးလား.. "

တပ်မှူးကြီး ချူးက မျက်နှာထား တင်းတင်းဖြင့် အနားသို့ ရောက်လာ၏ ။ ချောင်မူ ရပ်နေသည်ကို မြင်၍ တပ်ကို ဦးဆောင်ကာ ရှေ့တိုး လာခြင်းဖြစ်သည် ။

" ရှေ့ချိုင့်ဝှမ်းက ခြုံခို တိုက်ခိုက်လို့ ကောင်းတဲ့ နေရာ ဖြစ်နေ .... "

ချောင်မူက အကြောင်းပြချက် ပေးလိုက်သော်လည်း အရာရှိချူးက လက်ဝှေ့ယမ်းကာ တားလိုက်ပြီး...

" မင်းက တပ်မှူး တစ်ယောက်ဖြစ်ပြီး ခြုံခို တိုက်ခိုက်မှာကို တွေးပူနေစရာလားကွ .. တကယ်လို့ ခြုံခို တိုက်ခိုက်မယ် ဆိုရင်တောင် ငါတို့ နောက်မှာ ရှိတာပဲ.. ကြောက်နေစရာလား.. "

" ငါတို့က ယန်မြို့စောင့်တပ် .. တရားဝင်စစ်တပ်ပဲ ဓားပြတွေက ငါတို့နဲ့ ယှဥ်နိုင်စရာ အကြောင်းမရှိဘူး.. မင်း သွေးကြောင်နေတာ နဲ့ပဲ ဆင်ခြေ လျောက်ပေးမနေနဲ့.. "

ချောင်မူက ပြန်မပြော ။ တပ်မှူးကြီး ချူး၏ မျက်နှာကို အေးစက်စက် အမူအရာဖြင့်သာ စိုက်ကြည့်နေသည် ။

" ဒါမှ မဟုတ် မင်းက အမိန့် ဖီဆန်ချင်တာလား.. "

တပ်မှူးကြီး ချူး၏ လေသံမှာ အေးစက်သွားပြီး ဓားရိုးပေါ်သို့ လက်တင်လိုက်သည် ။ သူ ချောင်မူ၏ ဂုဏ်သတင်းကို ကြားဖူး၏ ။ မြို့စား၏ သားကိုပင် ပြန်ပေးဆွဲ ရဲသူဖြစ်သည် ။ ထို့ကြောင့် အမိန့်ဖီဆန်လာပါက အရေးယူရန် ပြင်ဆင်ထား၏ ။

အမိန့် မနာခံသည့် ဟန်ပြပါက ချက်ချင်း အရေးယူ သတ်ဖြတ်မည် ဖြစ်သည် ။

တပ်မှူးကြီး ချူးသည် အဆင့် ၈ သိုင်းပညာရှင် ဖြစ်ရုံသာမက သူ့နောက်တွင် အဆင့် ၉ တပ်မှူး ၉ ယောက်နှင့် စစ်သည် တစ်ထောင် ရှိသည် ။ ချောင်မူသာ ပုန်ကန်ပါက တရားဝင် သတ်ခွင့် ရှိပေသည် ။

သို့သော်လည်း ချောင်မူ၏ တုန့်ပြန်မှုက သူ ထင်သလို ဖြစ်မလာခဲ့ချေ ။

" အမိန့်အတိုင်းပါ တပ်မှူးကြီး.. "

ချောင်မူက နာခံမှု ရှိစွာ ဦးညွတ်လိုက်ပြီး လှည့်ထွက်လာခဲ့သည် ။ သူ၏ မျက်လုံးထဲတွင်တော့ ထူးခြားသည့် အကြည့်တစ်ခု ရှိနေသည် ။ သူ သေပြီး ပြန်ရှင် လာသည့်အချိန်တွင် ဤကိစ္စအား ဖြေရှင်း ရမည်ဖြစ်သည် ။

**

" တပ်မှူး.. ခင်ဗျား ဒဏ်ရာ ရထားတယ်လေ.. တခြား တပ်မှူး တစ်ယောက်ယောက်နဲ့ အစားထိုးပေးဖို့ တပ်မှူးကြီးကို တောင်းဆို ရမှာ မဟုတ်ဘူးလား.. "

အဘိုးကြီး ဟွမ်က ဘေးဘီကြည့်၍ ခပ်တိုးတိုး ပြောလိုက်သည် ။

" တော်တော့.. တပ်မှူးကြီးရဲ့ အမိန့်ကို ငါတို့ ငြင်းလို့မှ မရတာ .."

" ဒါပင်မယ့် ဒီကိစ္စက.... "

ချောင်မူ လက်မြှောက်လိုက်လျှင် တီးတိုးပြောနေသည့် တပ်သားအားလုံး တိတ်ဆိတ်သွားကြသည် ။ သူ၏ ရဲစွမ်း သတ္တိကြောင့် တပ်သားများ၏ လေးစားမှုမှာ အမြင့်ဆုံးသို့ ရောက်နေလေပြီ ။

" ငါ့ စကား နားထောင်... "

ချောင်မူက...

" ခနနေရင် မင်းတို့ ပါးနပ်ရမယ်.. ခြုံခို တိုက်ခိုက်ခံရတာနဲ့ ဓားပြတွေရဲ့ အင်အားက အရမ်းများနေရင် ချက်ချင်း နောက်လှည့်ပြေးကြ .. တပ်မှူးကြီးချူးက ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူး တပ်မနဲ့ အရင် ပေါင်းနိုင်အောင် ကြိုးစားပါ.. "

ချောင်မူသည် တပ်မှူးကြီးချူးက သူ့အား သေစေချင်နေသည်ဟု သံသယ ရှိသော်လည်း သက်သေ မရှိ၍ ယိုးစွတ်၍ မရ ချေ ။ သူ၏ အသက်ကို သတ်လို သော်လည်း စစ်သည် တစ်ရာ၏ အသက်ကို စတေးရန် မဖြစ်နိုင် ။ ထို့ကြောင့် တပ်မှူးကြီး၏ တပ်မနှင့် ပြန်ပေါင်းနိုင်သည် အထိ တပ်ဆုတ်ရန် အမိန့်ပေးလိုက်ခြင်းပင် ။

ချောင်မူသည် လက်တစ်ဖက်ဖြင့် လှံရှည်ကို ကိုင်ပြီး ရှေ့သို့ ဆက်သွားလိုက်သည် ။ အရင်တိုက်ပွဲများမှ စွန်းထင်းခဲ့သော သွေးများ၏ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ရဲရဲ နီနေချေသည် ။ သူ့တွင် မြားဒဏ်ရာ သုံးချက်နှင့် ဓားဒဏ်ရာ လေးချက် ရှိ၍ အတွင်းအား ပိုင်ဆိုင်လုနီးပါး သိုင်းပညာရှင် ဖြစ်သော်လည်း သူ၏ အကန့်အသက်သို့ ရောက်နေလေပြီ ။ သူ လှုပ်ရှားနိုင်သေးသော်လည်း ခွန်အား အနည်းငယ်သာ ကျန်တော့၏ ။

သို့ရာတွင် သူ၏ သွေးစွန်းနေသော ခန္ဓာကိုယ် ကြောင့် တပ်သား တစ်ရာလုံး ယုံကြည်မှု အပြည့် ရှိနေကြသည် ။

အထူးသဖြင့် ချောင်မူ ကာကွယ် ပေးနေသည့် အဘိုးကြီဟွမ် ။

" တပ်မှူးက အသက် ၂၀ လောက်ပဲ ရှိသေးပင်မယ့် တကယ်ယုံကြည်..... "

" ယားးးး... ကျား........"

အဘိူးကြီး ဟွမ်၏ စကား မဆုံးလိုက် ။ ချိုင့်ဝှမ်း၏ အရပ်မျက်နှာ ပေါင်းစုံမှာ ညာသံပေး၍ ဓားပြများ ပြေးဝင်လာကြသည် ။

" သတ်......"

ဦးခေါင်းတွင် အဝတ်စ ပတ်ထားကြသည့် ဓားပြ များက ချိုင့်ဝှမ်း တစ်ခုလုံး ပြည့်လုနီးပါးပင် ။ အရေအတွက်က ထောင်ဂဏန်းတစ်ခုပင် ရှိနိုင်သည် ။

" တုန်ရှန်တောင်မှာ ဓားပြတွေ ဒီလောက်တောင် များတယ်လား.. "

အဘိုးကြီးဟွမ်၏ မျက်လုံးများ ပြူးကျယ်နေပြီး ခန္ဓာကိုယ် တစ်ခုလုံး တဆက်ဆက် တုန်ရီနေသည် ။ တပ်သားများ၏ အထင်အရ အလွန်ဆုံး ဓားပြ နှစ်ရာခန့် ဟုသာ ထင်ထားကြသော်လည်း ဓားပြ ထောင်ဂဏန်း ထွက်ပေါ်လာမည်ဟု ထင်မထားကြ ။

" ဘာကြောင်နေကြတာလဲ ပြေးဟ.. ပြေးပြေး... "

ချောင်မူ၏ ကျယ်လောင်သည့် အသံကြောင့် အားလုံး သတိဝင်သွားကြသည် ။ အားလုံး လှည့်ပြေးကြ၏ ။ သူတို့၏ မသိစိတ်ကြောင့် နောက်လှည့်ကြည့်လိုက်မိလျှင် ဒီရေလှိုင်းလို စီးဆင်းလာသည့် ဓားပြ အုပ်ကြီးကို မြင်ပြီး ဆံပင်များပင် ထောင်ချင်သလို ဖြစ်ကုန်ကြ၏ ။

တစ်ယောက်ထဲ ရပ် ကျန်ခဲ့သူက သူတို့၏ တပ်မှူး ချောင်မူသာ ဖြစ်သည် ။

" တပ်မှူးက ငါတို့ တပ်ဆုတ်တာကို ကာကွယ် ပေးဖို့ ကျန်ခဲ့တာလား.. "

" ခေါင်းဆောင် တစ်ယောက်က တကယ် နောက်မှာ နေခဲ့တာလား.. "

တပ်သားများအားလုံး မသိစိတ်ကြောင့် ဆက်ပြေးနေကြသေးသော်လည်း သူတို့၏ စိတ်အတွင်းဝယ် ဗလာဖြစ်ကုန်၏ ။ ဓားပြ ထောင်ဂဏန်းအား အဆင့် ၈ သိုင်းပညာရှင် ဖြစ်သူ အရာရှိချူး ပင် ထိပ်တိုက်ရင်ဆိုင်ရဲမည် မဟုတ်ချေ ။ အတွင်း အား မရှိသေးသည့် သာမန် သိုင်းပညာရှင် တစ်ယောက်က ဤမျှ ရဲရင့်နိုင်နေသည်ကို သူတို့ နာမလည်နိုင်ကြပေ ။

သူတို့ စိတ်ရှုပ်ထွေး နေစဥ်မှာပင် ချိုင့်ဝှမ်းအဝသို့ ရောက်လာကြသည် ။ သို့သော်လည်း ထိုအဝတွင် တပ်သားများ ပေါ်လာ၏ ။ ရဲဘော်ရဲဘက်များ ဖြစ်သော်လည်း ဆုတ်ခွာရန် လမ်းကြောင်းကို ပိတ်ထားသလို ဖြစ်နေသည် ။

" ဆုတ်မိန့် မရှိဘဲ ဘယ်သူမှ နောက်မဆုတ်ရ.. ထွက်ပြေးသူအားလုံး ကွက်မျက်ခံရမယ် .."

အရာရှိချူးက ကြောက်မက်ဖွယ် မျက်နှာနှင့် အမိန့်ပေးလိုက်သည် ။

" ဒါ.. "

" ဒါဆို ငါတို့က တပ်နှစ်ခုကြား ပိတ်မိနေမှာပေါ့ .."

ချောင်မူ၏ တပ်သားအားလုံး မျက်နှာပျက်ကုန်ကြသည် ။

အရာရှိချူး၏ အသံကို ကြားလိုက်ရသော ချောင်မူလည်း တုန်လှုပ်သွားပြီး နောက်လှည့်ကြည့်လိုက်၏ ။ သူ့အကြည့်က ပေတစ်ရာကျော်၌ ရှိသော အရာရှိချူး၏ အကြည့်နှင့် စုံမိသွားသည် ။

တပ်မှူးကြီးချူး ( အရာရှိချူးနဲ့ အတူတူပါဗျ) သည် ချောင်မူအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေပြီး လူသေ တစ်ယောက်ကို စိမ်ပြေနှပြေ ကြည့်နေသလိုပင် ။

တပ်မှူးကြီးချူး၏ အကြည့်ကို ချောင်မူ နားလည်သွားသည် ။ တပ်မှူးကြီး ချူးက သူ့အား သေစေချင်နေသည် ။ သူ သေချာပေါက် သေစေရန် ဆုတ်ခွာရန် လမ်းကို ပိတ်ဆို့ထားရုံသာမက သူ၏ တပ်သားအားလုံးကိုပါ ပိတ်ဆို့ထားသည် ။

တပ်မှူးကြီး ချူး၏ တပ်သား တစ်ထောင်မှာလည်း ချိုင့်ဝှမ်း အတွင်းသို့ တဖြည်းဖြည်း ချီတက်လာကြသည် ။ သို့ရာတွင် ကျဥ်းမြောင်းသည့် ဝင်ပေါက်ကြောင့် အမြန် ချီတက်နိုင်ခြင်း မရှိဘဲ ချောင်မူနှင့် သူ၏ တပ်သား တစ်ရာကို သေရန် အချိန်ဆွဲသလို ဖြစ်နေ၏ ။ ဓားပြများနှင့် ထိပ်တိုက် ရင်ဆိုင်ရလျှင် ချောင်မူ၏ တပ်သားတစ်ရာက အရင်သေဆုံးမည် ဖြစ်သည် ။

' ငါနဲ့ ငါ့တပ်သား တစ်ရာကို အတူသေစေချင်တာလား.. '

ချောင်မူ နားလည်သွားသည် ။ ထိုအခိုက် သူ၏ နောက်မှ တုန်ရီနေသော အသံ ထွက်ပေါ်လာသည် ။

" တပ်မှူး.. ကျုပ်တို့ အခု ဘာလုပ်ကြမလဲ.. "

အဘိုးကြီးဟွမ်၏ အသံက ထိတ်လန့် ကြောက်ရွံ့ မှုကြောင့် တုန်ရီနေ၏ ။

အဘိုကြီးဟွမ်သည် လိမ္မာ ပါးနပ် လှပေသည် ။ အရင်ဆုံး ရှေ့ဆုံးမှ ပြေးသူ ဖြစ်ပြီး ပြေးလမ်းမရှိချိန်တွင် ချောင်မူ၏ အနားသို့ ပထမဆုံး ပြန်ရောက်လာသူမှာလည်း သူပင်ဖြစ်သည် ။

" ဒီတစ်ခါ မင်းတို့ ငါ့နောက်ကို ကပ်မလိုက်ကျနဲ့တော့.. မင်းတို့ ငါနဲ့ အတူ တိုက်ပွဲ ဝင်စရာ မလိုတော့ဘူး.. "

ချောင်မူက လှံရှည်ကို ဆွဲကိုင်၍ ရှေ့သို့ တက်သွားသည် ။

" တပ်မှူး ဘာပြောသွားတာလည်း.. "

အဘိုးကြီးဟွမ်တို့ အဖွဲ့ ချောင်မူ၏ ဆိုလိုရင်းကို မရေမရာ နားလည်သွားပြီး အချို့လူများမှာ ကြောက်လန့်နေသော်လည်း ချောင်မူ၏ နောက်သို့ လိုက်သွားကြသည် ။

အစပိုင်းတွင် နှစ်ယောက် သုံးယောက်သာ လိုက်သွားသော်လည်း တဖြည်းဖြည်းနှင့် လူဆယ်ယောက်ကျော် ဖြစ်သွားသည် ။ ထိုအထဲတွင် ခြေထောက်များ တုန်ရီနေသော အဘိုးကြီးဟွမ် ပါဝင် လေသည် ။

" ငါ့နောက်ကို မလိုက်ကြပါနဲ့ဆို.. "

ချောင်မူက နောက်သို့ လှည့်ကြည့်ပြီး ရုတ်တရက် ပြုံးလိုက်ကာ...

" အဘိူးကြီးဟွမ်.. ခင်ဗျား မိန်းမကို မုဆိုးမ ဖြစ်စေချင်လို့လား.. ခင်ဗျားကလေးတွေကို သူများအနိုင်ကျင့်တာ ခံရစေချင်လို့လား... "

" အမ်.. ငါ.. ငါ မဖြစ်ချင်ဘူး.. "

အဘိုးကြီးဟွမ်သည် ချောင်မူ၏ စကားကြောင့် အံ့အားသင့် သွား၏ ။

" အဲ့လို မဖြစ်ချင်ရင် ဘာလို့ ငါ့နောက်လိုက်နေတာလဲ.. မင်းကိုမင်း ပုံပြင်ထဲက သူရဲကောင်း ဖြစ်ချင်လို့လား .."

" ယား....."

ချောင်မူက ပြောပြီးသည်နှင့် အသက်ပြင်းပြင်း ရှုလိုက်ပြီး ရှေ့သို့ တဟုန်ထိုး ပြေးတက်သွားသည် ။

သူ ဤဘဝတွင် မသေနိုင်သောသူအဖြစ် ကူးပြောင်းလာသောကြောင့် လွတ်လပ်စွာ နေထိုင်ရန် ဆူံးဖြတ်ထား၏ ။

' မင်းတို့ မလုပ်နိုင်တာကို... ငါလုပ်မယ်... "

' မင်းတို့ မပြောရဲရင်... ငါပြောမယ်.. '

' မင်းတို့ မသေရဲရင် ... ငါ အသေခံ ပေးမယ်ကွ..'

ချောင်မူ၏ တပ်သားတစ်ရာနှင့် ခပ်လှမ်းလှမ်းရှိ တပ်သား တစ်ထောင်တို့၏ မျက်လုံးထဲတွင် ထူးဆန်းသော မြင်ကွင်းကို မြင်လိုက်ကြရသည် ။

သွေးစွန်းနေသော အဝတ်များ ဝတ်ဆင်ထားသည် လူငယ်တစ်ယောက် ။ လက်ထဲတွင် လှံရှည် တစ်ချောင်းကို ဆွဲကိုင်ထားပြီး ဓားပြ တစ်ထောင်ကျော်ထံသို့ ရဲဝင့်စွာ ပြေးဝင်နေသော လူငယ်တစ်ယောက် ။

ချောင်မူသည် အရင်က လှိုင်းလုံးကြီး၏ ရှေ့တွင် ကာဆီးထားသော သန္တာကျောက်တန်း ဖြစ်ပါမူ ယခုမူကား ထို သန္တာကျောက်တန်းကြီးသည် လှိုင်းလုံးကြီးကို ထိပ်တိုက်ရင်ဆိုင်ပြီး ရဲရင့်စွာ တိုက်ခိုက် နေသည် ။

" တိုက်.... ကျား....သတ်....ယား.... "

ဓားပြများ၏ အသံများမှာ ဆူညံလွန်းသဖြင့် စစ်သည်များ ရှင်းရှင်းလင်းလင်း မကြားရသော်လည်း ဤ မြင်ကွင်းက စစ်သည်များ၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း ဆွဲထင်သွားသည် ။

နှစ်ဘက် ထိတွေ့မှု ဖြစ်ချိန်တွင် တစ်ကိုယ်တော် သန္တာကျောက်တန်းသည် လှိုင်းလုံးကြီး၏ ဝါးမျိုမှုကို ချက်ချင်း ခံလိုက်ရ၏ ။

All Chapters