← Chapters

" သတ်.. "

Vol. 2 Ch. 19

" သတ်.. "

Vol. 2 Ch. 19

" တက်ကြဟေ့.."

တပ်မှူးကြီး ချူးသည် ချောင်မူ သေသည်ကို မြင်သည်နှင့် တပ်သားအားလုံးကို တိုက်ပွဲဝင်ရန် အမိန့်ပေးလိုက်၏ ။

စစ်သည် တစ်ထောင်သည် တပ်မှူးကြီးနှင့် ချောင်မူတို့၏ ရန်ငြိုးကို မသိကြ ။ အမိန့်အတိုင်းသာ လိုက်နာ နေသူများဖြစ်သည် ။

ထို့ကြောင့် သူတို့၏ အမြင်မှာ အဘိုးကြီးဟွမ်တို့နှင့် အတူတူပင် ။ ရဲရင့်စွာ တိုက်ပွဲဝင်သော တပ်မှူးလေး ။ ရဲရင့်စွာ အသေခံသွားသော တပ်မှူးလေး ။ ဤသို့ တပ်မှူးမျိုးကို သူတို့ ဘဝတွင် ပထမဆုံး မြင်ဖူးခြင်းပင်ဖြစ်သည် ။

ရန်သူ့အလယ်တွင် လှံရှည်ကို ကိုင်ပြီး ရပ်နေသည့် သူရဲကောင်းတစ်ယောက်၏ ပုံရိပ်က သူတို့၏ ဘဝတစ်လျောက်လုံးတွင် စွဲထင်သွားပေတော့မည် ။

ဤကဲ့သို့ ရဲရင့်၍ ကြောက်ရွံ့မှု ကင်းသော ရဲဘော်ရဲဘက်ကြောင့် တပ်သားများ၏သွေး ပွက်ပွက်ဆူကုန်တော့၏ ။

" သူက တပ်းမှူး ဖြစ်တာ မကြာသေးတဲ့ ချောင်မူ ဆိုတယ့်လူလား.."

" မြို့အရှင်ကို ကြိမ်းမောင်းရဲတယ် ဆိုတယ့်သူလား.. "

" ငါ သူလေ့ကျင့်နေတာကို မြင်ဖူးတယ်.. သာမန်လူပဲ ထင်ထားတာ ငါ သူ့ကို အထင်သေးမိတာပဲ.. "

" ဒီလူငယ်လေးက ရဲရင့်လိုက်တာကွာ.. သူ့သွေး မြေကျတာကို အလကား မဖြစ်စေရဘူးကွ.. "

စစ်သည် အင်အား သာလွန်မှုအပြင် ရဲရင့်စွာ တိုက်ခိုက်နေကြသည့်အတွက် သိပ်မကြာမီပင် ဓားပြများ တပ်ပျက်၍ ပြေးတော့သည် ။

တိုက်ပွဲက ပြီးဆုံးသွားလေပြီ ။

တပ်မှူးကြီးချူး သည် ချိုင့်ဝှမ်း အတွင်းရှိ အလောင်းရာဂဏန်းကို ကြည့်ပြီး ချောင်မူ၏ အလောင်းကို ကြည့်လိုက်မိသည် ။

' အင်း .. ဒီကလေး အသက်ရှင်တုန်းက မြို့စားကိုတောင် ပြသနာ ရှာရဲသူ.. သေတော့လဲ စစ်သည်တွေရဲ တိုက်ပွဲဝင်စိတ်ကို မြှင့်တင်ပေးသွားသေးတယ်.. '

တပ်မှူးကြီးချူး ကျေနပ်သွားသည် ။

" အမိန့်.. ယန်မြို့ကို ပြန်ကြမယ်.. "

တပ်မှူးကြီးချူး အမိန့်ပေးလိုက်၏ ။

" တပ်မှူးကြီး.. ဓားပြတွေက အများကြီး ကျန်သေးတယ်လေ.. သူတို့ရဲ့ ခံတပ်ကိုလဲ မတွေ့ရသေးဘူး ယန်မြို့ကို ပြန်တော့မလို့လား.. "

တပ်မှူး တစ်ဦးက သံသယဖြင့် မေးလိုက်၏ ။

" ငါက တပ်မှူးကြီးလား မင်းက တပ်မှူးကြီးလား.."

တပ်မှူးကြီးချုး မကျေမနပ် ပြောလိုက်၏ ။ လက်အောက် ငယ်သားများ မေးခွန်းထုတ်သည်ကို သူ မကြိုက် ။

တုန်ရှန်တောင်ဓားပြများ၏ အင်အားမှာ သူမျှော်လင့် ထားသည်ထက် များစွာ ပို၍ အားကောင်းနေလေသည် ။ ဓားပြ နှစ်ရာ သုံးရာသာ ရှိမည်ဟု ထင်မှတ်ပြီး လူတစ်ထောင်သာ ခေါ်ခဲ့ခြင်းဖြစ်သည် ။ ယခု ဆက်လက် တိုက်ပွဲဝင်ပါက ယန်မြို့စောင့်တပ်၏ ဆုံးရှုံးမှုမှာ သေးငယ်မည်မဟုတ် ။ ထို့အပြင် ယခုအအချိန်အထိ ဓားပြဘုရင် ဝမ့်စုန်ဟဲ ၏ အရိပ်အယောင်ကိုပင် မမြင်ရသေးချေ ။

ယခု အဓိကတာဝန်ဖြစ်သည့် ချောင်မူ သေဆုံးသွားပြီဖြစ်၍ ရည်ရွယ်ချက် အောင်မြင်သွားပြီဖြစ်သည် ။

" ဓားပြတွေက အင်အားများလွန်းတယ်လေကွာ နောက်ထပ် ချုံခို တိုက်ခိုက်မှုတွေ ရှိလာရင် ဘယ်လို လုပ်မလဲ.. "

တပ်မှူးကြီးချူး တိုးတိုးလေး ညီးညူလိုက်ပြီး ...

" အခု ယန်မြို့ကို ပြန်လှည့်မယ် .. နောင်ကျရင် တပ်တွေ ပိုလွှတ်နိုင်တာပဲ... ဝမ့်စုန်ဟဲကို ဖမ်းဖို့ လောစရာ မလိုပါဘူး.. "

တပ်မှူးကြီးချူး၏ စကားကြောင့် တပ်မှူးအားလုံး ဆွံ့အ သွားကြ၏ ။ ဤစကားများသည် ကျိုးကြောင်း ဆီလျော်ဟန် ရှိနေသော်လည်း မည်သည့်အတွက်ကြောင့် စောစော ပြန်မလှည့်သည်နည်း ။

လူငယ်တပ်မှူး ချောင်မူ သေဆုံးသည်က အလဟသပ် ဖြစ်ပေတော့မည် ။

**

တပ်မှူးကြီး ချူး တပ်ပြန်လှည့်ရန် ပြင်ဆင်နေချိန်တွင် အဘိုးကြီးဟွမ်တို့ တပ်သား တစ်ရာသည် ချောင်မူ၏ အလောင်းနားတွင် တိတ်တိတ်ဆိတ်ဆိတ် ရပ်နေကြ၏ ။

သူတို့က အလံကို အသုံးပြု၍ ချောင်မူ၏ အလောင်းကို သေချာထုတ်ပိုးလိုက်ပြီး အတူတကွ မကာ သယ်ဆောင်လာကြသည် ။

သူတို့ ချောင်မူ၏ နောက်သို့ လိုက်၍ အသေမခံနိုင်ခဲ့သော်လည်း အလောင်းအား ယန်မြို့ဆီသို့ ပြန်လည် သယ်ဆောင်ရပေမည် ။ ဤသည်က သူတို့ တက်နိုင်သည့် တစ်ခုတည်းသော အလုပ်ပင် ။

**

ချိုင့်ဝှမ်း၏ ဘယ်ဘက်အရပ်ရှိ တောင်တန်းများ၏ အပေါ်တွင်...

ပြန်လည် ရှင်သန်လာသော ချောင်မူသည် တောအုပ်အတွင်းမှ ထွက်ပေါ်လာ၏ ။

သူ လည်ပင်းကို ဘယ်ညာချိုး၍ အကြောလျော့လိုက်ပြီး ခန္ဓာကိုယ်ကို လိုက်လျောညီထွေ ဖြစ်အောင် လုပ်လိုက်သည် ။

ချောင်မူသည် ယခုအချိန်တွင် ပိုမိုသန်မာလာပြီး အရပ် စင်တီမီတာအနည်းငယ် ပိုရှည်လာသည် ။ မျက်နှာမှာ ပိုမိုရင့်ကျက်လာ၍ အရေးအကြောင်းအနည်းငယ်ပင် မြင်နေရသည် ။

' ငါအခု အသက်ဘယ်လောက် ရှိနေပြီလဲ.. '

ချောင်မူ စိတ်လှုပ်ရှားစွာဖြင့် သက်ရှည်သော့ကို အာရုံခံကြည့်လိုက်သည် ။ သက်ရှည်သော့၏ အလင်းက မှိန်ဖျော့သွားပြီး ပုံမှန်အနေအထားသို့ ရောက်နေ၏ ။

[ သေဆုံးမှု အကဲဖြတ်ချက် : B ( မြင့်မြတ်သော စရိုက်ရှိသည့် လူငယ်သူရဲကောင်း ၊ အသက်ထက် ဂုဏ်သိက္ခါကို တန်ဖိုးထားသူ)

သက်တမ်းသုံးစွဲမှု : ၈ နှစ်

ယခုအပတ် အသက်လက်ကျန်: ၄/၅

လက်ရှိအသက်: ၂၈ နှစ်

သိုင်း: သက်ရှည်လက်သီး ( ကျွမ်းကျင်) စစ်တပ်လှံ ( ကျွမ်းကျင်) သံတုတ်ချောင်း ( ကျွမ်းကျင်) ကောင်းကင်နတ်ဆိုးပြိုကွဲခြင်း ( ကျွမ်းကျင်) ]

ချောင်မူ၏ စိတ်အတွင်းသို့ ၈ နှစ်တာ လေ့ကျင့်ခဲ့သည် မှတ်ညဏ်များ စီးဝင်လာ၏ ။

သူသည် သိုင်းပညာကို ရှစ်နှစ်လုံးလုံး နေ့စဥ် အကြွင်းမဲ့ အာရုံစိုက်ကာ လေ့ကျင့်ခဲ့သည် ။

အိပ်စက်ခြင်း အနားယူခြင်း မရှိဘဲ ရှစ်နှစ်လုံးလုံး လေ့ကျင့်မှု ။

ချောင်မူ၏ အတွင်းအားမှာ ပိုမို နက်ရှိုင်း လာခဲ့ပြီး သိုင်းပညာများ ပိုမို တိုးတက်လာခဲ့သည် ။

" အား...... ကောင်းလိုက်တာကွာ.. "

ချောင်မူ ဟစ်အော်လိုက်မိသည် ။

' ဒီရှစ်နှစ်က အချိန်ပြည့် လေ့ကျင့်နေရုံတင် မကဘူးဘဲ သိုင်းအကုန်လုံးကိုကျွမ်းကျင်အဆင့်ဆိုတော့ အချိန်စီမံခန့်ခွဲမှုပါ ပိုကောင်းလာတယ်ဟ.. '

' ဒါ သေဆုံးမှု အကဲဖြတ်ချက် ပိုမြင့်လာလို့လား.. အရင် c အဆင့်တုန်းက ဒီလို မဟုတ်ပါဘူး.. '

' C အဆင့်က ၁၀၀ ရာခိုင်နှူန်း လေ့ကျင့်တာဆိုရင် B အဆင့်က ၁၅၀ လို့ပြောလို့ရတယ်.. '

' ငါသာ ကိုယ်ခန္ဓာ လေ့ကျင့်တဲ့ သိုင်းတွေနဲ့ ခက်ခဲတဲ့စွမ်းရည်တွေ ပိုရရင် ကောင်းမှာပဲ ဒီလို အကဲဖြတ်မှုမျိုးနဲ့ဆို မြန်မြန် ကျွမ်းကျင်သွားမှာ.. '

ချောင်မူ စိတ်ထဲတွင် တွေးနေမိ၏ ။

All Chapters