တပ်ဖွဲ့သည် ယန်မြို့သို့ ပြန်လှည့်လာကြ၏ ။
Vol. 2 Ch. 20
အဘိုးကြီးဟွမ်တို့ အဖွဲ့မှာ ချောင်မူ၏ အလောင်းကိုသယ်၍ နောက်ဆုံးမှသာ တိတ်တဆိတ်လိုက်လာကြသည် ။
" ဒီကိစ္စနဲ့ ပက်သက်ပြီး တပ်မှူးရဲ့ မိသားစုကို ဘယ်လိုလုပ်ကြမလဲ .."
အဘိုးကြီးဟွမ်က...
" ဒီအလောင်းကို သယ်ပြီး တစ်ယောက်ယောက်က သွား ရှင်းပြမှရမယ်.. "
တခြားသူများလည်း ဆွေးနွေးကုန်တော့သည် ။ သူတို့ ကြားဖူးသမျှမှာ ချောင်မူသည် ယန်မြို့သို့ ရောက်သည်မှာ မကြာသေး ဟူသည်ပင် ။
" အသက် ၂၀ လောက်ရှိတယ့် မျက်မမြင် မိန်းကလေးတစ်ယောက်ကို တပ်မှူး ကူညီပေးနေတာတော့ တွေ့ဘူးတယ်ကွ.. သူတို့ ဆွေမျိုးတွေ ဖြစ်နေမလား မသိဘူး.. "
" ဟုတ်တယ် ဟုတ်တယ်.. ငါလည်းသိတယ်.. သူတို့က အတူတူနေကြတာ မောင်နှမတွေ ထင်တယ်.. "
ဤအကြောင်းကို ပြောပြီးနောက် အားလုံး တိတ်ဆိတ်သွားကြပြန်သည် ။ ဤခေတ်ပျက်ကြီးတွင် မျက်မမြင်မိန်းကလေးတစ်ယောက် ။ သူမ မည်သို့ ရှင်သန်နိုင်ပါမည်နည်း ။ သူတို့၏ ပုခုံးပေါ်ရှိ ဝန်ထုတ်ဝန်ပိုးမှာ ပိုမိုလေးလံလာသည်ဟုပင် ခံစားမိလိုက်ကြသည် ။
" အယ် ဒီအပင်ပေါ်မှာ ဘာလို့ စာထွင်းထားတာလဲ.. "
စစ်သားတစ်ယောက်၏ အသံကြောင့် အဘိုးကြီးဟွမ် လှည့်ကြည့်လိုက်မိ၏ ။
" သစ်ကြွေချိုင့်ဝှမ်းတဲ့လား.. ဒီစာကို ချွန်ထက်တဲ့ အရာတစ်ခုခုနဲ့ ထွင်းထားတာပဲ.. ထူးဆန်းလိုက်တာ တိုက်ပွဲဝင်ခံနီး အားအားယားယား ဘယ်သူ လက်ကမြင်းထားတာလဲ မသိဘူး.. "
အဘိုးကြီးဟွမ်၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည် ။
' သစ်ကြွေချိုင့်ဝှမ်းတဲ့လား.. '
သူ ယခုမှသာ ထိုစာလုံးများ၏ အဓိပ္ပါယ်ကို နားလည်လာသည် ။ ချောင်မူက ဤချိုင့်ဝှမ်းတွင် သေဆုံးရန် အသင့်ဖြစ်နေပုံပေါ်၏ ။
' ဒါဆို သူက အသက်ရှင်ဖို့ ရုန်းကန်နေတာ မဟုတ်ဘူး.. ချိုင်ဝှမ်းထဲမှာ ချုံ့ခိုတိုက်ခိုက်ခံရမှာကို သိရဲ့နဲ့ တမင် အသေခံသွားတာပဲ ..'
အဘိုးကြီးဟွမ်သည် တပ်မှူးကြီးချူး၏ အမိန့်နှင့် အမူအရာကို ပြန်တွေးမိသွားသည် ။ ချောင်မူသည် ဤတိုက်ပွဲတွင် နောက်လိုက်များအားလုံးကို တားမြစ်၍ တကိုယ်တည်း တိုက်ပွဲဝင်ခဲ့သည် ။ သူ သေရမည်မှန်း သိနေ၍ နောက်လိုက်များ၏ အသက်ကို ကယ်တင်နိုင်ရန် တစ်ကိုယ်တည်း အသက်စွန့်ခဲ့ခြင်းဖြစ်၏ ။
အဘိုးကြီးဟွမ် အလွန်အမင်း စိတ်ထိခိုက်သွားသည် ။ တပ်မှူး ချောင်မူသည် သူ့အား ကာကွယ်ပေးမည်ဟူသော ကတိကို အသက်နှင့် လဲ၍ပင် တည်နိုင်အောင် ကြိုးစားခဲ့ချေသည် ။
" သူ.. ငါ့အတွက် အသက်စွန့်သွားတာပဲ.. "
အဘိုးကြီး ဟွမ် တီးတိုးရေရွတ်လိုက်သည် ။
ထိုအခိုက် သူ့နောက်မှ အသံတစ်ခု ထွက်ပေါ်လာ၏ ။
" ဟေ့ မင်းတို့ ဘာသယ်လာတာလဲ.. "
ထို အသံပိုင်ရှင်က တပ်မှူးကြီးချူး ။ သူက လေးနက်သော အမူအရာဖြင့် မေးလိုက်ခြင်းဖြစ်သည် ။
"သတင်းပို့ပါတယ် ခင်ဗျာ ...ဒါက တပ်မှူးချောင်မူရဲ့ အလောင်းပါ.."
အဘိုးကြီးဟွမ်က ခေါင်းကို အမြန်ငုံ့လိုက်၏ ။ သူ စိတ်ထဲမှ အနည်းငယ်ကြောက်ရွံ့နေမိသည်။
တပ်မှူးကြီး ချူးနှင့် တပ်မှူးချောင်မူတို့အကြား ပြသနာအချို့ရှိနေပုံရသည် ။ ချောင်မူ၏အလောင်းကို သယ်ဆောင်လာခြင်းကြောင့် တပ်မှူးကြီး ချူး မကျေမနပ် ဖြစ်နေမည်လော ။
သို့သော်လည်း တပ်မှူးကြီးချူး ၏ တုံ့ပြန်မှုမှာ သူမျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ ။
"ချောင်မူရဲ့ အလောင်းလား.. အာ ..ကောင်းတယ်..ကောင်းတယ်.. တပ်မှူးချောင်မူက တောင်ပေါ်ဓားပြတွေနဲ့ တိုက်ပွဲမှာ ရဲရင့်စွာ ကျဆုံးခဲ့တာဆိုတော့.. သူ့အလောင်းကို တောထဲမှာ ထားခဲ့တာက တကယ့်ကို မသင့်တော်ဘူး..."
တပ်မှူးကြီး ချူးက အဘိုးဟွမ်၏ ပခုံးကို ပုတ်ပြီး ပြောလိုက်သည် ။
"မင်း အလောင်းကို ယန်မြို့ဆီ ပြန်သယ်လာခဲ့လိုက်ပါ.. အချိန်တန်ရင် ငါ ဈာပန စီစဉ်ပေးမယ်..."
အဘိုးကြီးဟွမ်နှင့် စစ်သားများ အနည်းငယ်အံ့အားသင့်ကာ မော့ကြည့်လိုက်ကြသော်လည်း ထွက်ခွာသွားသော တပ်မှူးကြီးချူး၏ နောက်ကျောကိုသာ မြင်လိုက်ကြရသည် ။
"ငါတို့ အထင်လွဲနေတာ များလား.. တပ်မှူးကြီးချူးက တပ်မှူးအတွက် ခက်ခဲအောင် တမင်လုပ်နေတာ မဟုတ်သလိုဘဲ.."
အဘိုးကြီး ဟွမ် အနည်းငယ် ဇဝေဇဝါဖြစ်လာသည် ။
သို့သော်လည်း ထွက်သွားသည့် တပ်မှူးကြီး ချူး၏ နှုတ်ခမ်းထောင့်မှ ကွေးညွှတ်နေသော အမူအရာလေးကိုတော့ သူ မမြင်လိုက် ။
စစ်သည်အများကြီးရှေ့တွင် ရဲဘော်ရဲဘက်များ၏ နှလုံးသားကို အေးစက်စေရန် တပ်မှူးကြီးချုး လုပ်မည် မဟုတ်ပေ ။
နောက်ထပ် အရမ်းအရေးကြီးသော အကြောင်းရင်းတစ်ခုလည်း ရှိသည် ။
' ဒီကောင်တွေ လုပ်မှ ငါ သတိရသွားတယ် ..'
တပ်မှူးကြီး ချူး တွေးလိုက်သည်။
' မြို့စားရဲ့သားက အငြိုးအတေးကြီးတဲ့သူဆိုတော့ အရင်က လမ်းမှာ ချောင်မူ ရိုက်တာ ခံထားရတာကို မေ့မှာ မဟုတ်ဘူး ..မြို့စားက သိပ်ဂရုမစိုက်ပေမယ့် သခင်လေးက လက်စားချေချင်နေမှာ သေချာတယ်.. '
"အလောင်းကို ယန်မြို့ကို ပြန်ပို့ပြီး သခင်လေးကို အကြောင်းကြားရမယ် .. "
တပ်မှူးကြီးချူး သည် သူ ယုံကြည်ရသော လက်အောက်ငယ်သားကို ခေါ်ပြီး မြို့သို့ပြန်ရောက်သည်နှင့် အလောင်းကို သယ်ယူရန် အမိန့်ပေးခဲ့သည် ။ မြို့စားအိမ်တော်သို့လည်း အကြောင်းကြားရန်လည်း အမိန့်ပေးလိုက်၏ ။
သခင်လေးကုံး ချောင်မူ၏ ကြောက်မက်ဖွယ်ကောင်းနေသော အလောင်းကို မည်သို့ လုပ်မည် ဆိုသည်က သူနှင့် မဆိုင်တော့ ။
……………
ချိုင့်ဝှမ်း၏ ဘယ်ဘက်ခြမ်း တောင်စောင်းပေါ်တွင်...
ချောင်မူသည် စစ်မြေပြင်ပေါ်တွင် ဓားပြများ ပစ်ချခဲ့သော လှံရှည်တစ်ချောင်းကို ကောက်ယူလိုက်သည်။
ဓားပြများ ရှုံးနိမ့်ပြီး ထွက်ပြေးချိန်တွင် လက်နက်အချို့ကို စွန့်ပစ်ထားခဲ့ကြသည်။
ချောင်မူ ပြန်လည်ရှင်သန်လာပြီးနောက်အသစ်စက်စက် ခန္ဓာကိုယ်တစ်ခု ရရှိခဲ့သော်လည်း လက်ဗလာဖြင့်သာ ဖြစ်သည် ။
" တိုက်ပွဲမှာ သေဆုံးတဲ့အခါ လက်နက်တွေ ဆုံးရှုံးသွားမှာပဲ... အဲဒီလိုဆိုရင် လက်နက်တွေကို လေ့ကျင့်တာထက် ငါ့ရဲ့ လက်သီးနဲ့ခြေထောက်တွေကို လေ့ကျင့်ထားတာက အသုံးပိုဝင်နိုင်တယ်.. "
ချောင်မူ သူ့လက်ထဲမှ လှံရှည်ကို ကောက်ယူပြီး ပေါ့ပေါ့ပါးပါး အကြိမ်အနည်းငယ် ဝှေ့ယမ်းလိုက်သောအခါ ကွဲပြားသည့် ခံစားချက်ကို ခံစားမိလိုက်၏ ။
သူ တိုက်ပွဲတွင် မသေဆုံးခင် စစ်ရေးလေ့ကျင့်မှုကို ရက်အနည်းငယ်သာ လေ့ကျင့်ခဲ့ရ၏ ။ အရင်က တစ်ခါမှ မလေ့ကျင့်ဖူးတဲ့သူထက် အနည်းငယ်သာ ပိုကောင်းသည်ဟု ယူဆနိုင်သည် ။ သူ လှံနဲ့ တိုက်ခိုက်ဖို့ရန်အတွက် သူ၏ သန်မာသော ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့်မြန်ဆန်သော အမြန်နှုန်းကိုသာ အဓိက အားကိုးခဲ့သည် ။
ယခု ချောင်မူသည် လှံရှည်ကိုင်လိုက်သည်နှင့် ကွဲပြားမှုကို ခံစားမိလိုက်သည် ။
သူ စစ်ဘက်လှံသိုင်းကို ကျွမ်းကျင်ပြီးသားဖြစ်သောကြောင့် သူ့လက်ထဲက လှံရှည်သည် သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ကဲ့သို့ပင် ခံစားရသည်။ သူချိန်ရွယ်ထားသည့်နေရာကို အလွယ်တကူ ထိမှန်အောင် ထိန်းချုပ်နိုင်သည်။
သူ လှံရှည်ကို ကိုင်ထားပြီး အနီးနားမှ သစ်ပင်ပင်စည်ဆီ အလျင်အမြန် ထိုးစိုက်လိုက်၏ ။ လှံထိပ်ဖျားက ပင်စည်နှင့် တစ်စင်တီမီတာ အကွာတွင် ဖြည်းဖြည်းချင်း ရပ်တန့်သွားလျှင် စူးရှသော လေတိုးသံ ထွက်ပေါ်လာသည် ။
လှံထိပ်ကို သူ့ မျက်လုံးနားသို့ ယူကြည့်လိုက်သောအခါ လှံထိပ်တွင် ပုရွတ်ဆိတ်တစ်ကောင် စိုက်ဝင်နေသည် ။
လှံက ပုရွက်ဆိတ်ကို ထိုးဖောက်ဝင်ရောက်သွားသော်လည်း ပင်စည်ကို မထိ ။ ဤအချက်က ချောင်မူ၏ လှံရှည်ထိန်းချုပ်နိုင်စွမ်းသည် သူ့လက်ချောင်းများကို အသုံးပြုနေသလို လွယ်ကူလှခြင်းကို ပြသနေ၏ ။
ထို့အပြင် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် ပုံမှန် ၅၀၀ ကီလို ခွန်အားကန့်သတ်ချက်ကို ကျော်လွန်သွားသည်မှာ ထင်ရှားသည် ။ ထို့ကြောင့် သူသည် လေးလံသောအရာများကို အလွယ်တကူ မနိုင်ခြင်းဖြစ်သည်။
အစွမ်းထက်တဲ့ ခန္ဓာကိုယ်က အတွင်းအားကို မွေးဖွားပေးခဲ့ပြီး တဖြည်းဖြည်း ကြီးထွားလာတဲ့ အတွင်းအားက သွေးကြောများကို ကျယ်စေကာ သိုင်းပညာရှင်၏ ခန္ဓာကိုယ်ကို သာမန်လူတစ်ယောက်၏ ကန့်သတ်ချက်များကို ကျော်လွန်နိုင်စေခဲ့သည် ။
"နောက်လုပ်ရမှာက ငါ့ လောင်းကြေးတွေ ထုတ်ယူနိုင်အောင် ကူညီပေးတဲ့ အကိုကြီးကို ကျေးဇူးဆပ်ရမယ်.. "
ချောင်မူက လှံရှည်ကိုကိုင်ရင်း တောင်အောက်မှ ဆုတ်ခွာနေသော စစ်သည်များကို အေးစက်စက် ကြည့်လိုက်သည် ။