← Chapters

အခန်း (၂၄)

Vol. 3 Ch. 24

အခန်း (၂၄)

Vol. 3 Ch. 24

~

ဝမ်စုန့်ဟဲ ပြောနေသည်ကို ချောင်မူက ငြိမ်ငြိမ်လေး နားထောင်နေ၏ ။ သူ အနည်းငယ် ပင် စိတ်လှုပ်ရှား သွားမိသည် ။ သူက ပတ်ဝန်းကျင်ရှိ ဓားပြများကို တစ်ချက် ဝေ့ကြည့်လိုက်သည် ။

ဓားပြများ၏ တိုက်ပွဲဗျူဟာ ဤမျှ ကောင်းမွန်နေခြင်းမှာ မဆန်း ။ ဝမ်စုန့်ဟဲ ၏ အရည်အချင်းကို ဓားပြအရေအတွက် ကြည့်လျှင် သိနိုင်သည် ။

ဝမ်စုန့်ဟဲ ၏ စကားပြောစွမ်းရည်နှင့် ဗျူဟာကျွမ်းကျင်မှုမှာ အံ့မခန်း ပင် ။ ဓားပြဘုရင် မဖြစ်မီက နောက်ခံမိသားစုကောင်းကောင်း မှ လာပုံရ၏ ။

" ညီအစ်ကိုချောင်.. ကျုပ် ထပ်မေးမယ် .. ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေရဖို့ ကျုပ်နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိလား.."

ဝမ်စုန့်ဟဲ က စိတ်ရင်းမှန်ဖြင့် မေးလိုက်သည် ။

"နားထောင်လို့တော့ ကောင်းပင်မယ့် .. ကျုပ်ငြင်းတယ်.. "

ချောင်မူက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည် ။

" စကားလုံးတွေထက် လုပ်ရပ်က ပိုသက်သေပြနိုင်တယ် .. ခင်ဗျားတို့က ..ဓားပြပဲဖြစ်ဖြစ် .. တော်လှန်ရေးသမားပဲဖြစ်ဖြစ် .. နောက်ဆုံးမှာ ကြွေးကြော်သံတွေထက် ခင်ဗျားတို့ရဲ့ လုပ်ရပ်ကပဲ ခင်ဗျားတို့က ဘာလဲဆိုတာ ပေါ်လွင်လာလိမ့်မယ် .."

သေခြင်းတရားကို လိုက်လံရှာဖွေနေသည့် ချောင်မူသည် ကြွေးကြော်နေရသည်ကို မကြိုက် ။ နောက်ဆုံးတွင် အနိုင်ရသူသာ ဖြစ်ချင်၏ ။

ဝမ်စုန့်ဟဲ ၏ အမူအရာမှာ ပြောင်းလဲခြင်း မရှိပေ ။ အစမှ အဆုံးထိ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး သာ စကားပြောနေသည် ။

" ကျုပ် အတင်း တိုက်တွန်းမိသလို ဖြစ်သွားတယ်ဗျာ .."

" ညီလေးချောင် အနေနဲ့ ကျုပ်တို့ ဓားပြတွေ အပြောနဲ့ အလုပ် ညီရဲ့လားဆိုတာ သိချင်ရင် ကျုပ်တို့ ခံတပ်စီ ကိုယ်တိုင်လိုက်ကြည့်ပါလား .."

' ဒါ အကြံကောင်းပဲ ..'

ချောင်မူ ၏ နှလုံး ခုန်သံများ ပိုမို မြန်လာပြီး မျက်လုံးများ တောက်ပလာသည် ။ ခံတပ်ကို မြင်ဖူးသည့် အပြင်လူ တစ်ယောက်အား မည်သည့်နည်းနှင့်မျှ ပြန်လွှတ်ပေးမည် မဟုတ် ။ ခံတပ်သို့ ရောက်ပြီးလျှင် ပူးပေါင်းခြင်း သို့မဟုတ် သေခြင်းဟူ၍ ရွေးချယ်စရာ နှစ်ခုသာ ရှိပေတော့မည် ။

' ငါ သေလို့ ရတော့မယ်.. '

ချောင်မူက စိတ်အားထက်သန်စွာဖြင့် ဝမ်စုန့်ဟဲ၏ ဖိတ်ကြားချက်ကို လက်ခံလိုက်သည် ။

ချောင်မူသည် ဝမ်စုန့်ဟဲ၏ နောက်မှ ကပ်လိုက်၍ ဓားပြများက ဝန်းရံထားပြီး တောင်ပေါ်လမ်းတစ်လျောက် လျောက်လှမ်းလာခဲ့သည် ။

ဟိုကွေ့ ဒီကောက် တောလမ်းများကို ဆယ့်ငါးမိနစ်ကြာ လျောက်လှမ်းလာပြီးနောက် ရှင်းလင်းတောက်ပသည့် မြင်ကွင်းက ကြိုဆိုနေ၏ ။

ဓားပြ ခံတပ်ကို ယိုယွင်းပျက်ဆီးနေသည့် စွန့်ပစ် ဘုရားကျောင်းတစ်ခုကို ဗဟိုပြု၍ တည်ဆောက်ထား၏ ။ ရိုးရိုးရှင်းရှင်း တဲအိမ်များသာ ဖြစ်သော်လည်း အလွန်သေသပ် လှပနေသည် ။ ပို၍ အံ့သြဖွယ် ကောင်းသည်က ဟင်းသီးဟင်းရွက် စိုက်ခင်းများနှင့် တောင်ပေါ် လှေကားထစ်သဏ္ဍာန် လယ်ကွင်းများ ရှိနေခြင်းပင် ။

ယောက်ျား ၊ မိန်းမ ၊ သက်ကြီးရွယ်အို နှင့် ကလေးများ သည် သူတို့၏ အိမ်ရှေ့တွင် ပျော်ရွှင်စွာ အလုပ်လုပ်နေသည့် မြင်ကွင်းက ရင်ထဲထိ လှုပ်ခတ်သွားစေ၏ ။

ဤနေရာက ဓားပြခံတပ်နှင့် လားလားမှ မတူ ။ တောင်ပေါ်ကျေးရွာလေးတစ်ခုနှင့်သာ တူနေပေသည် ။

မီးရှို့ ၊ သတ်ဖြတ် ၊ လုယက်နေသည့် ဓားပြများ၏ ခံတပ် ဆိုပါက ဤကဲ့သို့ မိသားစုများအား မြင်ရမည်မဟုတ်ပေ ။

' ဝမ်စုန့်ဟဲက လေသမားတော့ ဟုတ်ပုံမရဘူး.. '

ချောင်မူ တွေးလိုက်သည် ။

" ခေါင်းဆောင် ပြန်လာပြီလားဗျ.. "

ကျားတစ်ကောင်အား ထမ်းလာသည့် တိရစ္ဆာန်သားရေများ ဝတ်ဆင်ထားသော ထွားထွားကြိုင်းကြိုင်း မုဆိုးတစ်စုက ဝမ်စုန့်ဟဲကို နှုတ်ဆက်လိုက်ကြသည် ။ လူတိုင်းနီးပါး သွေးများ ပေကျံနေကာ ဒဏ်ရာ ကိုယ်စီ ရှိနေသော်လည်း ဝမ်စုန့်ဟဲကို မြင်လျှင် ဦးညွှတ် နှုတ်ဆက်လိုက်ကြ၏ ။

ကျား၏ ခန္ဓာကိုယ်မှာ သုံးမီတာ နီးပါး ရှည်ပြီး အပြာရင့်ရောင် အမွှေးများ ရှိနေသဖြင့် သာမန်ကျားထက် နတ်ဆိုး ကျားနှင့် ပိုတူသည် ။ သာမန် သတ္တဝါ တစ်ကောင် ဟုတ်ပုံ မရ ။

ဤကမ္ဘာတွင် သိုင်းပညာရှင်များသည် သာမန်လူများထက် သန်မာပြီး အတွင်းအား ကျင့်ကြံ နိုင်ကြသည် ။ အဆင့် ၉ အထွတ်အထိပ်တွင် ရှိသော ချောင်မူသည် ကီလိုတစ်ထောင်ကျော် ခွန်အားကို ပိုင်ဆိုင်ထား၏ ။

ထို့ကြောင့် တောင်ပေါ်တွင် သိုင်းပညာရှင်များနှင့် နှိုင်းယှဥ်နိုင်သည့် မရေမတွက်နိုင်သည့် သားရဲများလည်း ရှိလေသည် ။

ဝမ်စုန့်ဟဲ သည် ချောင်မူ ကျားကို စိုက်ကြည့်နေသည်ကို မြင်လျှင်...

" ရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်သူတွေက ကျားတစ်ကောင်ထက် ပိုပြီးရက်စက်တယ်.. အခွန်အတုတ် တွေက မြွေတစ်ကောင်ထက် ပိုပြီး အဆိပ်ပြင်းတယ် .."

" ဒီတောင်တွေပေါ်မှာ နေရတာ အန္တရာယ် များပင်မယ့်.. ယန်မြို့မှာ နေပြီး ငတ်သေရတာထက်စာရင် တော်သေးတာပဲ .."

ဝမ်စုန့်ဟဲ၏ အကြည့်နှင့် လေသံမှာ အေးစက်သွားပြီး..

" သားရဲတွေ မြွေတွေက အန္တရာယ် များတာ မှန်ပင်မယ့် မျိုးနွယ်ခြားတွေလောက် ကြောက်စရာ မကောင်းဘူး.. "

ချောင်မူက စဥ်းစားနေရင်း ရုတ်တရက် မေးလိုက်၏ ။

" ဆရာဝမ် ..မျိုးနွယ်ခြားတွေအကြောင်း ကျုပ် ကြားဖူးပေမဲ့ တစ်ခါမှ မမြင်ဖူးသေးဘူး .. သူတို့က ဘာတွေလဲ ဆိုတာ သိလား.. သတ္တဝါ တစ်မျိုးမျိုးလား .."

ချောင်မူသည်လည်း ချောင်စန်းရွှယ် ပြောပြသဖြင့် မျိုးနွယ်ခြားများ၏ အကြောင်းကို ကြားဖူး၏ ။

သိုင်းသူတော်စင်သည် မျိုးနွယ်ခြား များကို ရှုံးနိမ့်ဖူးသည်ဟု ကြားဖူးသည် ။ သိုင်းသူတော်စင်ကဲ့သို့ သိုင်းလောက၏ ဒုတိယ အသန်မာဆုံး ဟု သတ်မှတ်ခံထားရသူပင် ရှုံးနိမ့်ခဲ့ရလျှင် မျိုးနွယ်ခြားများ အလွန်အစွမ်းထက်မည်မှာ သေချာလှ၏ ။

ချောင်မူသည် နောက်ထပ်အကြောင်းအရာများကို ချောင်စန်းရွှယ် ထံ ထပ်မံ မေးမြန်းခဲ့သော်လည်း သူမ က မပြောပြ ။ မကြားချင်ယောင်သာ ဆောင်နေသည် ။

ချောင်မူ၏ မေးခွန်းကြောင့် ဝမ်စုန့်ဟဲ အံ့အားသင့်သွား၏ ။ သူက ချောင်မူကို သေချာကြည့်လိုက်ပြီး ...

" မင်းက ချောင်မိသားစုဝင်တစ်ယောက်ဖြစ်ပြီး သက်ရှည်လက်သီး သိုင်းဟန် ထုတ်သုံးတာကို ငါမြင်ဖူးတယ် .. မင်းဘာလို့ မျိုးနွယ်ခြား တွေကို မသိတာလဲ .."

' ချောင်မိသားစုက မျိုးနွယ်ခြားတွေနဲ့ ပက်သက်နေတာလား.. သက်ရှည်လက်သီးအကြောင်းပြောတာ ကြားရပြန်ပြီ.. '

ချောင်မူ ၏ နှလုံးသား အနည်းငယ် လှုပ်ရှားသွားသည် ။ သူ ဝမ်စုန့်ဟဲကို သံသယဖြင့် ကြည့်ကာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မေးလိုက်သည်။

" ခင်ဗျားက ဝူကျိအသင်းကလား.. "

ချောင်မူသည် သေရမည်ကို မကြောက်သဖြင့် ပွင့်ပွင့်လင်းလင်းသာ မေးလိုက်၏ ။

အနှီမေးခွန်းကို ကြားလျှင် ဝမ်စုန့်ဟဲ၏ မျက်နှာအမူအရာက ထူးဆန်းသည့်ဟန်ဖြစ်လာပြီး ရယ်ကာ ပြောလိုက်သည် ။

" ချောင်မိသားစုပိုင်တဲ့ သက်ရှည်လက်သီး သုတ္တန်ရဲ့ မူလအစက အံ့သြစရာပဲ.. မင်းရဲ့ လက်သီးသိုင်းကို ဝူကျိအသင်းသား တွေပဲ သိတာမဟုတ်ဘူး .."

"မင်းက ချောင်မိသားစုဝင်တစ်ယောက်ဖြစ်ပင်မယ့် မျိုးနွယ်ခြားတွေအကြောင်းကို အသေးစိတ်ကို မသိဘူး..ကြည့်ရတာ ဟဲရန်မြို့က ချောင်မိသားစုရဲ့ မျိုးဆက်က ကျန်သေးပေမဲ့ အမွေအနှစ်တွေ မပြည့်စုံတော့ဘူးထင်တယ်.. ဟူးး .. သိုင်းသူတော်စင်က တကယ်ရက်စက်တာပဲ .."

ချောင်မူ မျက်လုံးများ အနည်းငယ် မှေးစင်းသွားသည် ။ ဝမ်စုန့်ဟဲသည် သူ့အား ချောင်မျိုးနွယ်ဝင်ဟု အထင်လွဲနေသည်ကို နားလည်သွား၏ ။

သို့သော်လည်း ဝမ်စုန့်ဟဲ ဤမျှ ဒုက္ခခံ၍ သူ့အား နွေးထွေးစွာ ဆက်ဆံနေခြင်းမှာ ချောင်မျိုးနွယ်နှင့် ဆက်နွယ်မှုကြောင့် လောဟု သူ မသိ ။

ယခုအချိန်တွင် ဝမ်စုန့်ဟဲ၏ ဗဟုသုတနှင့် အမူအကျင့်ကြောင့် ထူးခြားသည့် နောက်ခံ ရှိနေသည်မှာ သေချာနေ၏ ။

ထို့ကြောင့် ချောင်မူက စကားဆက်၍ ပြောချင်နေသည် ။

" သက်ရှည်လက်သီး သုတ္တန်ရဲ့ မူလအစက ဘယ်လောက် ထူးခြားလို့လဲ.. "

ချောင်မူက မေးလိုက်သည် ။

" သက်ရှည်လက်သီးသုတ္တန်က တာအိုကျောင်း တစ်ခုကနေပြီး ဆင်းသက်လာတယ် ဆိုတာပဲ ငါသိတယ်.. အင်မော်တယ် တစ်ပါးက စွန့်ကြဲခဲ့တယ် ဆိုပြီးတော့ ကောလဟာလ တွေလည်း ရှိတာပဲ.. "

ချောင်မူက ဤစကားများကို အလေးအနက် မထား ။ သိုင်းလောက၏ မိသားစုတိုင်းသည် သူတို့ပိုင်ဆိုင်သည့် သိုင်းကျမ်းများကို ဤသို့သာ သတင်းလွှင့်တက်ကြသည် ။

ဥပမာအားဖြင့် ချောင်မူ၏ အတိတ်ဘဝတွင် ယွဲ့ဖေးကို ဘိုးဘေးအဖြစ် ကိုးကွယ်သော သို့မဟုတ် ဗောဓိဓမ္မကို ဘိုးဘေးအဖြစ် ကိုးကွယ်သော သိုင်းဂိုဏ်းအချို့ ရှိခဲ့သည် ။ အမှန်တကယ်တော့ အရှန်အဝါအား ယူသုံးထားခြင်းဖြစ်ပြီး အစစ်အမှန် ဆင်းသက်လာသူများ မဟုတ်ကျပေ ။

( ယွဲ့ဖေးက ကောကျင့် ရတဲ့ ဝူမုစစ်ဗျူဟာကျမ်း ရေးတဲ့သူ.. ဗောဓိစမ္မဆရာတော်က ရှောင်လင် ဘိုးဘေး)

ဝမ်စုန့်ဟဲ က ချောင်မူကို သေချာစိုက် ကြည့်နေလိုက်၏ ။ အချိန်အတော်ကြာမှ...

" သိုင်းသူတော်စင် ဆိုတာက သိုင်းလောကမှာ ဒုတိယလို့ အများက သတ်မှတ်ထားတယ် .. အလွန်ထူးချွန်ထက်မြက်တဲ့ ပညာရှင်ကြီး တစ်ယောက်ပဲ .. ဒါပေမဲ့ ပထမတော့ မဟုတ်ဘူး .. "

" သူ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကတည်းက ထိပ်တန်းအဆင့် သိုင်းပညာရှင် တစ်ယောက် အနေနဲ့ နန်းတော် မှာ အဆင့်မြင့် အရာရှိ ဖြစ်နေတာ .. မဟာယန်ရဲ့ သိုင်းလောက ခေါင်းဆောင်လို့တောင် ပြောလို့ရတယ် .."

" ဒါပေမယ့် သိုင်းသူတော်စင်လို သန်မာတဲ့ သူတောင် မျိုးနွယ်ခြား နဲ့ စစ်ပွဲမှာ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရတယ် .. သူ့ရဲ့ ထိပ်တန်း လက်ရွေးစင် စစ်သည် တစ်သိန်းကို ဦးဆောင်ပြီး နောက်ဆုံးအချိန်အထိ အပြင်းအထန် တိုက်ခိုက်ခဲ့ပင်မယ့်.. သူ မနိုင်ခဲ့ဘူး .. အဲ့ စစ်ပွဲမှာ သူတစ်ယောက်ပဲ အသက်ရှင်ရက် လွတ်လာခဲ့တာ.. "

"အဲ့ စစ်ပွဲကနေ ပြန်လာပြီးကတည်းက သူ့ရဲ့ရာထူးကိုစွန့်လွှတ်ပြီး သိုင်းပညာကို အဆုံးစွန်ထိကျွမ်းကျင်အောင်လိုက်စားခဲ့တယ်.. ဒီလိုနဲ့ ဝူကျိအသင်းကို တည်ထောင်ခဲ့တယ်.. "

" ဒီထူးခြားတဲ့ပုဂ္ဂိုလ်က နောက်ပိုင်းကျတော့ ချောင်မိသားစုရဲ့ သက်ရှည်လက်သီးကို ကိုယ်တိုင်သိမ်းပိုက်ဖို့ သွားခဲ့တယ်.. ဘာလို့လဲဆိုတော့ သက်ရှည်လက်သီး သုတ္တန်က ထူးခြားတဲ့ ပညာရပ် တစ်ခု ဖြစ်နေလို့လေ.. "

" မျိုးနွယ်ခြားတွေကတော့.. "

ဝမ်စုန့်ဟဲ က ချောင်မူကို တစ်ချက် ကြည့်လိုက်ပြီး...

" မျိုးနွယ်ခြားဆိုတာ.. တကယ်တော့ အခြားသတ္တဝါတွေ မဟုတ်ဘူး.. ငါတို့လို လူတွေပဲ.. "

All Chapters