← Chapters

အခန်း (၃၀)

Vol. 3 Ch. 30

အခန်း (၃၀)

Vol. 3 Ch. 30

~

ကောက်ရိုးခမောက်ဆောင်းထားသော ခရီးသွား ဝင်လာလျှင် မျက်စိမှိတ် အနားယူနေသော မီးခိုးရောင်ဝတ် အဘိုးကြီးက မျက်လုံးဖွင့်ကြည့်လိုက်၏ ။ သူ သည် အဆင့် ၇ သိုင်းပညာရှင် ဖြစ်သဖြင့် ဝင်လာသည့်သူမှာ အဆင့် ၉ တွင် ရှိနေကြောင်း သိလိုက်သည် ။

' ဒီလူက အဆင့် ၉ ပေမဲ့ ဒဏ်ရာရနေတာပဲ.. သတိထားစရာ သိပ်မလိုဘူး.. '

သူ၏ ပြင်းထန်သည့် ခွန်အားကြောင့် ယုံကြည်မှု အပြည့်ရှိနေသည် ။ အဆင့် ၇ နှင့် အဆင့် ၉ ကြား ကွာခြားမှုမှာ ကြီးမားလှလေသည် ။

သို့သော်လည်း သခင်လေးကုံးနှင့် အစေခံများ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည် ။

ထိုခရီးသွားက ခေါင်းဆောင်းကို ချွတ်လိုက်ပြီး ခေါင်းမော့လိုက်လျှင် လူတိုင်း လိပ်ပြာလွင့်မတက် ဖြစ်သွားကြသည် ။

" ချောင်မူလား.."

" တပ်မှူး .."

" မ..မဖြစ်နိုင်ဘူး.. "

အားလုံးထဲတွင် သခင်လေးကုံးက အထိတ်လန့်ဆုံးဖြစ်ပြီး နောက်သို့ပင် ခြေနှစ်လှမ်း ဆုတ်လိုက်မိသည် ။

ချောင်မူ က ခမောက်ကိုချွတ်ပြီးသည်နှင့် ချက်ချင်း လှုပ်ရှားလိုက်သည် ။

ကိုင်ထားသော လှံရှည်ဖြင့် သခင်လေးကုံး၏ လည်ပင်းကို ထိုးလိုက်၏ ။ လှံထိပ်တွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေပြီး ပြင်းထန်စွာ တိုက်ခိုက်လိုက်သည် ။

သို့သော်လည်း ထိုအခိုက်တွင် မီးခိုးရောင် ပုံရိပ်တစ်ခုက သခင်လေးကုံး၏ ရှေ့သို့ ရောက်လာပြီး လှံသွားကို လက်ဝါးဖြင့် ရိုက်ထုတ်လိုက်၏ ။

" ဖက်.."

လှံရှည်က ပြင်းထန်စွာ တုန်ခါသွားပြီး ကိုင်ထားသော ချောင်မူ၏ လက်ဖဝါး ကွဲထွက်သွားကာ သွေးများစီးကျလာသည် ။

ထို့နောက် မီးခိုးရောင်ဝတ် အဘိုးကြီးက လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်နေ၏ ။

အဘိုးကြီး၏ နောက်တွင် ရပ်နေသော သခင်လေးကုံး၏ မျက်နှာမှာ သွေးမရှိတော့ဘဲ သူ၏ နှာဖူးတွင် လှံအရှိန်အဝါကြောင့် ပြတ်ရှဒဏ်ရာ အနည်းငယ် ရသွားသည် ။

ချောင်မူက မီးခိုးရောင်ဝတ် အဘိုးကြီးကို လျစ်လျူရှုထားပြီး သခင်လေးကုံးကိုသာ သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် စိုက်ကြည့်နေ၏ ။

သခင်လေးကုံးသည် ရက်စက်ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင် စိုက်ကြည့်နေသလို ခံစားမိပြီး ကြက်သီးများထကာ ကျောရိုးတလျောက် ချမ်းစိမ့်စိမ့်ပင် ခံစားမိလိုက်သည် ။ သူ့စိတ်ထဲတွင် လမ်းမပေါ် ချုံခိုတိုက်ခိုက်ခံရသည့် အချိန်သို့ပင် ပြန်ရောက်သွားသည်ဟု ခံစားမိ၏ ။

" ချောင်မူက သေပြီ.. မင်း ဘယ်သူလဲ.. "

မီးခိုးရောင်ဝတ် အဘိုးကြီးက ချောင်မူကို စေ့စေ့ကြည့်၍ မေးလိုက်သည် ။

ယခု ချောင်မူ၏ ရုပ်သွင်မှာ ပိုမိုရင့်ကျက်ပြီး အရေးအကြောင်းအနည်းငယ်ပင် ရှိနေ၏ ။ ရုပ်သွင်ကွာခြားချက်အပြင် အတွင်းအား ကွာခြားမှုလည်း ရှိပေသည် ။

ဤခရီးသွား၏ ရုပ်သွင်မှာ ချောင်မူနှင့် တူသော်လည်း စဦးအဆင့် ၉ သိုင်းပညာရှင် မဟုတ်ဘဲ အထွတ်အထိပ်အဆင့် ဖြစ်သည် ။ ထို့အပြင် ချောင်မူ၏ လှံသိုင်းမှာ အစပြုသူ အဆင့်သာ ရှိ၏ ။ ဤလူ၏ လှံသိုင်းမှာ ကျွမ်းကျင်အဆင့်သို့ ရောက်နေသည် ။

" သူက တပ်မှူး မဟုတ်ဘူး.. သူက တပ်မှူးထက်ပိုပြီး ရမ်းကားတယ် .."

အဘိုးကြီးဟွမ်က လိမ္မာပါးနပ်စွာ လစ်ထွက်လာပြီး သူ့အဖွဲ့ထဲသို့ ပြန်ရောက်နေသည် ။

" ကျုပ်နာမည် ချောင်လင်း.. ချောင်မူက ကျုပ်ညီ.. "

ချောင်မူက အခေါင်းထဲရှိ သူ့အလောင်းကို ဝမ်းနည်းမှု အပြည့်ဖြင့် လှမ်းကြည့်လိုက်သည် ။

" ငါ့ညီ အလောင်းကို စော်ကားရဲတယ်.. ငါ ချောင်လင်း မင်းတို့နဲ့ အတူ သေမယ်ကွ.. "

မီးခိုးရောင်ဝတ် အဘိုးကြီး၏ မျက်နှာ အမူအရာမှာ မပြောင်းလဲသော်လည်း ရယ်ချင်စိတ်ကို အတင်း မျိုသိပ်ထားချင်း ဖြစ်သည် ။

" မင်းက အဓိပ္ပါယ် မရှိတာတွေ ပြောနေတာ.. ဝမရှိဘဲ ဝိလုပ်ချင်နေတဲ့.."

အဘိုးကြီး၏ စကားမဆုံးလိုက် ။ သူနောက်သို့ လှည့်ကြည့်လိုက်လျှင် ပြောနေသည့် စကား ရပ်တန့်သွား၏ ။ သခင်လေးကုံး သည် ချောင်မူ၏ ရောင်ဝါကြောင့် ကြောက်ပြီး နောက်ဆုတ်သွားသည်မှာ တံခါးဝသို့ပင် ရောက်နေသည်ကို မြင်လိုက်ရသည် ။

" ဦးလေးဖူ.. ကျုပ်တို့ နောက်တစ်ခါမှ ပြန်လာကြမယ်.. "

သခင်လေးကုံး၏ အသံက အနည်းငယ် တုန်ရီနေသည် ။ သူ ကြောက်တက်လွန်း၍ မဟုတ်ဘဲ အတွေ့အကြုံ ကြောင့်သာဖြစ်သည် ။ အရင်တစ်ခေါက် လမ်းပေါ်တွင် ချောင်မူသည် သူ့အား အစောင့်များ၏ ကြားမှပင် ဖမ်းဆီးခဲ့၏ ။ ယခုလည်း သူ၏ နှဖူးတွင် ဒဏ်ရာ ရသွားလေပြီ ။ ထို့ကြောင့် လုံခြုံရေးကို ပို၍ ဂရုစိုက်သည်က ပိုကောင်းမည်ဟု ခံစားမိသည် ။

" နောက်ဆုတ်.. "

သခင်လေးကုံးက လှည့်ထွက်သွားပြီး အစေခံကများက ပြေးလိုက်သွားကြသည် ။

မီးခိုးရောင်ဝတ် အဘိုးကြီးက ဆွံအနေပြီး ခဏနေမှ ထွက်ခွာသွားတော့သည် ။

ချောင်မူသည် သူတို့ထွက်သွားသည်ကို ရန်လိုသည့် အမူအရာဖြင့် ကြည့်နေသော်လည်း မတိုက်ခိုက် ။ မီးခိုးရောင်ဝတ် အဘိုးကြီး၏ အဓိက တာဝန်မှာ သခင်လေးကုံးကို ကာကွယ်ရန်ဖြစ်မှန်း သူသိသည် ။ သူတို့ မြို့စားအိမ်တော်သို့ ပြန်ရောက်လျှင် လူသတ်သမား စေလွှတ်ကြပေမည် ။

သူ သေရမည်ကို မကြောက် ။ ဒဏ်ရာ ရနေသည့် ခန္ဓာကိုယ်ကြောင့် သေချင်စိတ်ပင် ပေါက်နေ၏ ။ သို့သော်လည်း သူ၏ လူများ ဤနေရာတွင် ရှိနေ၍ တိုက်ပွဲ မဖြစ်ချင်ပေ ။

ထို့ကြောင့် ချောင်မူသည် ဆုတ်ခွာသွားသူများကို ကြည့်၍ ကျယ်လောင်စွာ အော်ပြောလိုက်သည် ။

"မနက်ဖြန်.."

"ကျုပ် ချောင်လင်း ..ကျုပ်ညီရဲ့ အလောင်းကို မြို့ပြင်မှာ မြေမြှုပ်မယ်.. "

သူ ပြောချင်သည်က မနက်ဖြန် မြို့ပြင်တွင် ရှိနေမည့် အကြောင်းပင် ။ သတ်ချင်သူများ ထိုအချိန်တွင် လာနိုင်ပေသည် ။

မီးခိုးရောင်ဝတ် အဘိုးကြီး အားဖူက ရပ်တန့်သွားပြီး အားရပါးရ ရယ်လိုက်မိသည် ။

' ဒီကောင် သတ္တိတော့ တကယ်ကောင်းတယ်.. သူနဲ့ သူ့ညီက တကယ် တူတာပဲ... သတ္တိသာ ကောင်းတာ ခွန်အား မရှိတာတော့ သနားစရာပဲ.. "

သူ တွန့်ဆုတ် မနေဘဲ ထွက်သွားတော့သည် ။

ချောင်မူက လှံကို သိမ်းလိုက်ပြီး ခြံဝင်းထဲမှ တခြားသူများကို ကြည့်လိုက်သည် ။

သခင်လေးကုံးတို့အဖွဲ့ ထွက်သွားပြီးနောက် သူ၏ စစ်သည်ဖြစ်ဖူးသူများနှင့် ချောင်စန်းရွှယ်သာ ကျန်ခဲ့၏ ။

သို့သော်လည်း သူတို့အားလုံးမှာ ဆွံ့အ နေကြပြီး ယခုအချိန်အထိ သတိမဝင်ကြသေး ။ သူတို့၏ ဘေးတွင် အဖုံးပွင့်နေသော အခေါင်းတစ်လုံး၊ ကျောက်စားပွဲ ပေါ်ရှိ ရေနွေးကြမ်းခွက်များ နှင့် စွပ်ပြုတ်အိုး တစ်အိုး ရှိနေသည် ။

' ချီး ဗိုက်ဆာလိုက်တာ.. '

ချောင်မူက အနံ့ခံရင် စားပွဲဆီ လျောက်သွား၏ ။ သူ၏ စိတ်ထဲတွင်မူ ညီးညူမိသည် ။

ဝမ်စုန့်ဟဲသည် လုံးဝ မသိတက် ။ အိမ်သို့ ဖိတ်ခေါ်ခဲ့သော်လည်း ထမင်းကျွေးရမည်ကို မသိချေ ။ ချောင်မူသည် ခရီးအဝေးကြီး လမ်းလျောက်ခဲ့ရသဖြင့် ဗိုက်ဆာလှလေပြီ ။

အဘိုးကြီးဟွမ် လုသောက်ခဲ့သဖြင့် စွပ်ပြုတ်အိုး ထဲတွင် စွပ်ပြုတ်တဝက်သာ ကျန်တော့သည် ။

ချောင်မူ စွပ်ပြုတ်အိုးကို မလိုက်၏ ။

ထိုအခါမှ ကြောင်တောင်တောင် ဖြစ်နေသည့် အဘိုးကြီးဟွမ်တို့ သတိဝင်သွားပြီး အပြေးအလွှား ရပ်တန့်လိုက်ကြသည် ။

" အဲ့ဒါ.. အဲ့ဒါ သောက်လို့မရဘူး.. "

" ငါ့ကို မတိုက်ချင်ဘူးလား.. စွပ်ပြုတ် တစ်ပန်းကန်စာထဲကို ဘာလို့ ကပ်စေးနှဲနေကြတာလဲ.. "

ချောင်မူက ဒေါသတကြီး စိုက်ကြည့်လိုက်သည် ။

" ဒါ ရိုးရိုး စွတ်ပြုတ်မဟုတ်ဘူးဟ.. ဒါ.. ဒါက သူရဲကောင်းစွပ်....အော့.."

အဘိုးကြီးဟွမ်က ရှင်းပြရန် ကြိုးစားသော်လည်း သူ့စကားမဆုံးမီ ပျို့တက်လာပြီး အန်ချလိုက်သည် ။

ချောင်မူက မျက်မှောင်ကြုံ့လိုက်မိသော်လည်း စိတ်လျော့လိုက်ပြီး အိုးလိုက် မော့သောက်လိုက်၏ ။ သူ့မျက်နှာမှာ မပြောင်းလဲဘဲ ပုံမှန်အတိုင်းသာ ရှိနေသည် ။

" ဒါ ဝက်ကလီစာ စွပ်ပြုတ်ဟ.. မင်းတို့ ထင်နေသလို မဟုတ်ဘူး.."

အဘိုးကြီးဟွမ် မှင်သက်သွားကာ အန်တာ ရပ်တန့်သွားပြီး...

" ဒါပေမဲ့ သခင်လေးကုံးပြောတော့ ..."

" သခင်လေးကုံး ဆိုတာ ခုနက ကြောက်ပြေးတဲ့ကောင်လား.. အဲ့လူလိမ်က ယုံရတဲ့ပုံ ပေါ်လို့လား ..မင်းတို့ကို တမင်ခြောက်နေတာ.. "

ချောင်မူက သူ၏ ရုပ်အလောင်းကို ကြည့်လိုက်ပြီး ဝမ်းနည်းဟန်ဖြင့်...

" ငါ့ညီသေတုန်းက အတွင်းအင်္ဂါတွေ ကြေမွပြီး သေတာလေ .. ဟင်းချက်ဖို့ ဘယ်ကျန်တော့မှာလဲဟ .."

" ပြီးတော့ အရသာက ဝက်သား အရသာဆိုတာ သေချာတယ်.. "

ချောင်မူ က အဘိုးကြီးဟွမ်ကို စကားပြောနေစဥ် ချောင်စန်းရွှယ်က သူ့နောက်သို့ သံသယ ဖြစ်နေသည့် မျက်နှာဖြင့် ရောက်လာ၏ ။

All Chapters