← Chapters

နှိမ့်ချခြင်း

Vol. 9 Ch. 81

နှိမ့်ချခြင်း

Vol. 9 Ch. 81

အဖွားကုသည် သူမ၏ သားနှစ်ယောက် သူမကို အလုအယက် ခေါ်ချင်နေကြသည်ကို ကြည့်ပြီး ကြောင်တောင်တောင် ဖြစ်နေလေ၏။ သူမသည် ရေပန်းအစားဆုံး လူတစ်ယောက် ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သို့သော် နောက်ဆုံးတွင်မူ သူမသည် သားနှစ်ယောက်၏ အကြောင်းကို ကောင်းကောင်း သိနေသည့်သူပင်။ သူမ၏ သားနှစ်ယောက်မှာ အကျိုးမရှိလျှင် စောစောမထတတ်သော လူစားမျိုးများ ဖြစ်ကြောင်း နားလည်ထားပေသည်။

“မင်းတို့က ငါ့ကိုပဲ အလုအယက် ခေါ်နေကြတယ်... မင်းတို့အဖေကျတော့ ဘယ်လိုလုပ်မလဲ...”

အဖွားကုက မေးလိုက်သည်။

အစ်ကိုကြီးကုက တမင် ဟန်ဆောင်ပြီး ပြောလိုက်သည်။

“အမေကလည်း... အဖေက ဒုတိယညီလေးနဲ့ နျိုနျိုကို အချစ်ဆုံးလေ... သားက ဒုတိယညီလေးကို ဘယ်ယှဉ်နိုင်ပါ့မလဲ...”

ညီလေးကုလည်း ဘေးမှ ထောက်ခံလိုက်၏။

အဖွားကုသည် သားနှစ်ယောက်ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်မိလေသည်။

အဘွားအိုသည် စဉ်းစားလိုက်ရုံဖြင့် အကြောင်းရင်းကို သိလိုက်၏။ အဘိုးအိုက စိတ်မနှံ့တော့သဖြင့် သူတို့ကို ကူညီနိုင်မည် မဟုတ်ပေ။ သူမကမူ တစ်ခါတစ်ရံ နေမကောင်း ဖြစ်တတ်သော်လည်း အလုပ်လုပ်နိုင်သေးသဖြင့် သူတို့ကို ကူညီပေးနိုင်သေးသည်။

ထို့အပြင် သူမနှင့် အတူနေပါက နေ့စဉ် ကုမင်တာ့ ပေးသော ထောက်ပံ့ကြေးကို ရနိုင်မည် ဖြစ်သည်။ သူမ နေမကောင်း ဖြစ်လျှင်တောင် ကိစ္စမရှိပေ။ ဆေးဖိုးဝါးခကို ကုမင်တာ့ထံမှ တောင်းခံနိုင်သေးသည်။

“အမေ... သားအကြီးဆုံးက မိဘတွေကို လုပ်ကျွေးပြီး မိသားစု စီးပွားရေးကို ဆက်ခံရတာ ထုံးစံပါပဲ... စိတ်မပူပါနဲ့... ကျွန်တော် အမေ့ကို ကောင်းကောင်း ပြုစုပါ့မယ်...”

အစ်ကိုကြီးကုက ကတိပေးလိုက်သည်။

သူက မိသားစု စီးပွားရေးကို ပါးစပ်က မချဘဲ ပြောနေ၏။ မိသားစု ခွဲဝေရာတွင် ဦးဆောင်ချင်နေကြောင်း သိသာလှပေသည်။

“ငါနဲ့ နင့်အဖေက တစ်သက်လုံး အတူတူ နေလာကြတာ... အခု မိသားစု ခွဲလိုက်ပေမဲ့ ငါတို့နှစ်ယောက်ကတော့ ခွဲနေဖို့ အစီအစဉ် မရှိဘူး...”

အဖွားကု ပြောလိုက်သောအခါ အစ်ကိုကြီးကု၏ မျက်နှာပျက်သွားသည်ကို အထင်းသား မြင်လိုက်ရလေသည်။

“အမေ... သီးခြားစီပဲ ခွဲပြီး လုပ်ကျွေးကြမယ်လေ... ကျွန်တော်တို့ အိမ်ကြီးမှာက ဒီအခန်းတစ်ခန်းပဲ ရှိတာ... အဲ့ဒီကျရင် အတူတူ ပြန်နေလို့ ရပါတယ်...”

အစ်ကိုကြီးကုက ရှင်းပြသည်။

သို့သော် အဘွားအိုသည် ဆက်ပြီး ပြောနေလျှင် ဝမ်းနည်းစရာ အဖြေသာ ရလိမ့်မည်ဟု ခံစားလိုက်ရ၏။ ထို့ကြောင့် ဘေးနားတွင် စောင့်နေသော ကုမိသားစုခေါင်းဆောင်ကို ကြည့်ပြီး ပြောလိုက်သည်။

“ခေါင်းဆောင်ကြီး... ကျွန်မ အဘိုးကြီးက အခု စိတ်မနှံ့တော့ဘူးဆိုတော့... သူ့ကိစ္စကို ကျွန်မပဲ ဆုံးဖြတ်လိုက်ပါ့မယ်...”

ကုမိသားစုခေါင်းဆောင် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

“အဲ့လိုပဲ ဖြစ်သင့်ပါတယ်...”

ယနေ့ မိသားစု ခွဲရာတွင် အဖွားကုသည် အဘိုးကုကို တမင်တကာ ဖယ်ထုတ်ထားခဲ့ခြင်း ဖြစ်သည်။ အဘိုးအိုကို စိတ်မကောင်း မဖြစ်စေချင်ပေ။

အဖွားကု ဆက်ပြောလိုက်၏။

“မနေ့က ကျွန်မ စဉ်းစားပြီးပါပြီ... နောက်ကျရင် အဘိုးကြီးနဲ့ ကျွန်မက သားလတ်နဲ့ပဲ အတူနေတော့မယ်...”

ထိုစကားကို ကြားသောအခါ အစ်ကိုကြီးကုနှင့် ညီလေးကုတို့၏ မျက်နှာများ ပြောင်းလဲသွားကြကုန်၏။

အထူးသဖြင့် အစ်ကိုကြီးကု ဖြစ်ပေသည်။ စိတ်မနှံ့သော ဖခင်ကို မလုပ်ကျွေးချင်သော်လည်း မိခင်ဖြစ်သူကိုပါ မလုပ်ကျွေးလျှင် သားအကြီးဆုံး ဖြစ်ပါလျက် ရွာထဲတွင် ကဲ့ရဲ့ခံရမည်ကို စိုးရိမ်နေသည်။

ပို၍ အရေးကြီးသည်မှာ မိဘများကို မလုပ်ကျွေးလျှင် မိဘများအတွက် ဖယ်ချန်ထားသော မြေကွက် ကို ရနိုင်မည် မဟုတ်သလို မိသားစု ပိုင်ဆိုင်မှု ခွဲဝေရာတွင်လည်း အသာစီးရမည် မဟုတ်ပေ။

“အမေ... အမေက...”

အစ်ကိုကြီးကု စကားမဆုံးခင် အဘွားအိုက ဖြတ်ပြောလိုက်သည်။

“မင်းတို့နှစ်ယောက်လုံး မလွယ်ကူမှန်း ငါ သိပါတယ်... မင်းတို့လင်မယားမှာ ကလေးသုံးယောက် ရှိတယ်... သားငယ်ကျတော့လည်း သူ့မိန်းမက မိဘအိမ်ကို ပေးကမ်းနေတာနဲ့တင် အဆင်မပြေ ဖြစ်နေတာ...”

အဖွားကုက ပြောလိုက်သည်။

သူမ ဆုံးဖြတ်ချက် ချပြီးပြီဖြစ်၍ ပြင်မည် မဟုတ်ပေ။ ယခု သူမ အလွန် ကြည်လင်နေပြီး သားသုံးယောက်အနက် ဘယ်သူက တကယ် သားလိမ္မာလဲ ဆိုတာ သိနေ၏။

အစ်ကိုကြီးနှင့် ညီလေးတို့၏ ပြဇာတ်ကို ကြည့်ပြီးနောက် စိတ်ပျက်မိသော်လည်း လက်ဖမိုး လက်ဖဝါး နှစ်ဖက်စလုံး အသားချည်းပင်။ အသုံးမကျသော သားနှစ်ယောက်ကို သားလတ်က နောက်ပိုင်း ကူညီပေးဖို့ ခက်ခဲနိုင်သော်လည်း သားလတ်က မိသားစု ပိုင်ဆိုင်မှုကို မလိုချင်ဘဲ မိဘများကို အေးချမ်းစွာ နေစေချင်သည်။

သူမသည် သားလတ်ကို ပင်ပန်းခံပြီး ရှာဖွေကျွေးမွေးရမည့် အဖြစ်မျိုး မရောက်စေချင်ပေ။

“အိမ်ထဲက အိုမင်းနေတဲ့ ပစ္စည်းတွေ... လယ်ယာမြေတွေနဲ့ လက်ထဲက ငွေတွေကို လေးပုံ ပုံမယ်... အိမ်ခွဲ သုံးခုအတွက် တစ်ပုံစီ... ကျန်တစ်ပုံက ငါနဲ့ နင်တို့အဖေအတွက်...”

အဖွားကုက သူမ စဉ်းစားထားသော ခွဲဝေမှု အစီအစဉ်ကို အဆုံးသတ် ပြောကြားလိုက်လေသည်။

ကုမင်တာ့က ဘာမှ မလိုချင်ဘူး ပြောသော်လည်း အဖွားကုက သူ့အတွက် ဘာမှ မချန်ထားပေးဘဲ နေမည် မဟုတ်ပေ။

အစ်ကိုကြီးကု၏ မျက်နှာထား အလွန် ဆိုးရွားနေ၏။ မိဘများက ကုမင်တာ့နှင့် လိုက်နေမည် ဆိုလျှင် နောင်တစ်ချိန် မိဘများ မရှိတော့သည့်အခါ မိသားစု ပိုင်ဆိုင်မှု လေးပုံတစ်ပုံသည် သားလတ်လက်ထဲ အလိုလို ရောက်သွားလိမ့်မည်။

သူက သားအကြီးဆုံး ဖြစ်သဖြင့် အိမ်ထောင်ဦးစီး နေရာကို ဆက်ခံသင့်သော်လည်း ယခုအခါ မိသားစု ပိုင်ဆိုင်မှု တစ်ဝက်ကို ရရှိသူမှာ ကုမင်တာ့ ဖြစ်နေသည်။

ကုမင်တာ့က ပညာရှိ ဖြစ်သွားပြီး နာမည်ကြီးနေချိန် ဖြစ်သဖြင့် အစ်ကိုကြီးကု၏ မနာလိုဝန်တိုမှုများကို ဖုံးကွယ်ထား၍ မရနိုင်လောက်အောင် ဖြစ်နေလေသည်။

ကုမိသားစုခေါင်းဆောင်သည် တူနှစ်ယောက်၏ မျက်နှာထားကို သိပ်ဂရုမစိုက်ဘဲ အဖွားကုကို ထောက်ခံပေးလိုက်၏။။

“ညီမလေးရဲ့ ခွဲဝေပုံက တော်တော် မျှတပါတယ်... တခြား အကြံဉာဏ် မရှိရင် ဒီအတိုင်းပဲ ခွဲလိုက်ကြတာပေါ့...”

အစ်ကိုကြီးကုသည် ဇနီးသည်ကို လှမ်းကြည့်လိုက်သည်။ ချန်ချွန်းဟွာက ဦးလေးချန်ကို မျက်စိမျက်နှာပျက်ဖြင့် အချက်ပြနေ၏။

လျူအာနီကလည်း သူမ၏ အစ်ကို လျူတာ့ရှန်ကို အရိပ်ပြနေသည်။

ချွေးမနှစ်ယောက်၏ မောင်ဖွားအစ်ကိုများက တပြိုင်နက် စကားပြောရန် ပြင်လိုက်ကြလေသည်။

သို့သော် စကားမဆုံးခင်မှာပင် ပို၍ ကျယ်လောင်သော အသံတစ်ခုက ဖြတ်ပြောလိုက်၏။

“ကျွန်တော့်မှာ အကြံ ရှိတယ်...”

ကုမင်တာ့က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

ကုမိသားစုခေါင်းဆောင်သည် ကုမင်တာ့ကို အလွန် လေးစားသည်။ ဘာပဲဖြစ်ဖြစ် ကုမိသားစုတွင် နှစ်ပေါင်း ၃၀၊ ၄၀ အတွင်း ပညာရှိ တစ်ယောက်မှ မထွက်ပေါ်ခဲ့ဖူးပေ။

“မင်တာ့မှာ အကြံရှိရင် ပြောပါဦး...”

ခေါင်းဆောင်ကြီးက နွေးထွေးစွာ ပြောလိုက်သည်။

အစ်ကိုကြီးကု၏ မျက်လုံးများ မည်းမှောင်သွား၏။ ဦးလေးဖြစ်သူက မျက်နှာလိုက်လွန်းသဖြင့် ကြည့်ရဆိုးနေသည်ဟု ခံစားလိုက်ရသည်။ ကုမင်တာ့က မကျေနပ်လို့ ပိုင်ဆိုင်မှု ပိုလိုချင်တာ နေမှာပါဟု တွေးလိုက်မိပြီး ညီဖြစ်သူအပေါ် မကျေနပ်ချက်များ အထွတ်အထိပ် ရောက်သွားတော့သည်။

ကုမင်တာ့က ဦးဆောင်ပြီး ပြောလိုက်သည်။

“ဦးလေး... အမေ... ကျွန်တော် ခြောက်နှစ်သားကတည်းက ကျောင်းတက်ခဲ့တာ အခုဆို ၂၇ နှစ် ရှိပါပြီ...”

“ပြောရမှာ ရှက်ပေမဲ့... ဒီနှစ်တွေမှာ ကျွန်တော်က စာပဲ ဖတ်နေပြီး အလုပ် မလုပ်ခဲ့ပါဘူး... အစ်ကိုကြီးနဲ့ ညီလေးလို မဟုတ်ဘူး... သူတို့က ဆယ်ကျော်သက် အရွယ်ကတည်းက မိဘတွေနဲ့အတူ တောင်ယာလုပ်ခဲ့ကြတာ... သူတို့ တစ်ခါမှ မညည်းညူခဲ့ကြပေမဲ့... ကျွန်တော့်စိတ်ထဲမှာ ရှက်မိပါတယ်...”

“အစ်ကိုကြီး ၁၅ နှစ်တုန်းက ခြေထောက် ခေါက်သွားတာတောင် ဘာမှ မပြောဘဲ နေခဲ့တာ... ဂျုံရိတ်ပြီးမှ ဒဏ်ရာရထားမှန်း သိလိုက်ရတယ်...”

ကုမင်တာ့သည် အစ်ကိုကြီးနှင့် ညီလေးတို့ မိသားစုအတွက် ပေးဆပ်ခဲ့မှုများ၊ ပင်ပန်းဆင်းရဲခံခဲ့မှုများကို အသေးစိတ် ပြောပြနေသည်။ ထိုစကားများကို နားထောင်ရင်း ညီအစ်ကိုနှစ်ယောက်၏ မငြိမ်သက်သော စိတ်များ တဖြည်းဖြည်း ငြိမ်သက်သွား၏။

ကုမင်တာ့ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော် အခွင့်အရေး ယူခဲ့တာ နှစ်တွေ ကြာပါပြီ... အခု ပညာရှိ ဖြစ်လာပြီဆိုတော့... မိသားစုဆီက ဆက်ပြီး အခွင့်အရေး မယူသင့်တော့ပါဘူး... ကျွန်တော် ဒီမိသားစု ပိုင်ဆိုင်မှုတွေကို မလိုချင်ပါဘူး...”

ထိုစကား ထွက်လာသည်နှင့် ပွဲဆူသွားတော့၏။ ရှိနေသူအားလုံး အံ့သြသွားကြသော်လည်း အဖွားကုက တည်ငြိမ်နေသည်။

ကုမင်တာ့ ပိုင်ဆိုင်မှု မလိုချင်ကြောင်းကို အဖွားကုက ပြောခြင်းနှင့် ကုမင်တာ့ ကိုယ်တိုင် ပြောခြင်းသည် ခံစားချက်ချင်း ကွာခြားလှပေသည်။

ဘာပဲဖြစ်ဖြစ် သူ စွန့်လွှတ်လိုက်သည်မှာ ရွှေငွေ ရတနာများနှင့် လယ်ယာမြေများ ဖြစ်သည်။ ကုမိသားစု နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော အုတ်တိုက်တစ်လုံးတည်းပင် ငွေ ၂၀၊ ၃၀ လောက် တန်ကြေးရှိ၏။

ထို့အပြင် ကုမိသားစုတွင် လယ် ၁၂ ဧက ရှိသေးသည်။

လယ်တစ်ဧကလျှင် ငွေ ၈ တုံးခန့် တန်ကြေးရှိသဖြင့် စုစုပေါင်း ငွေ ၁၀၀ နီးပါး တန်ကြေးရှိလေသည်။

ကုမိသားစုတွင် ငွေသား ၆၀ ခန့် ရှိသေးသည်။

ဘယ်လိုပဲ တွက်တွက် ကုမင်တာ့သည် ငွေ ၄၀၊ ၅၀ ခန့်ကို မျက်နှာလွှဲခဲပစ် စွန့်လွှတ်လိုက်ခြင်းပင်။

အဖွားကုသည် သားလတ် ဆုံးဖြတ်ပြီးမှန်း သိသဖြင့် တမင် ထောက်ပြလိုက်၏။

“သားလတ်... မင်းက ဒီနှစ်တွေမှာ စာပဲဖတ်နေပေမဲ့... အရည်အချင်း ရှိပါတယ်... မနေ့ညက အမေ စာရင်းတွက်ကြည့်တော့ မင်း အိမ်ကို ပေးထားတဲ့ ပိုက်ဆံတွေက ၄၀ ကျော်နေပြီ... ရက်နည်းနည်းကြာရင် အသားဝယ်လာတယ်... ပွဲတော်ရက်ဆိုရင် တစ်မိသားစုလုံးအတွက် အဝတ်အစား ဝယ်ပေးတယ်... တို့ဖူးလုပ်နည်းတောင် မင်း ယူလာပေးတာလေ... မိဘတွေက မင်းကို အလကား ကျွေးထားတာ မဟုတ်ပါဘူး...”

ကုမင်တာ့က နှိမ့်ချနေသော်လည်း အဖွားကုက သားလတ်ကို အလကားနေသူဟု သူများတွေ ထင်သွားမှာ မလိုလားပေ။

ကုမိသားစုခေါင်းဆောင်နှင့် ချွေးမတို့၏ မောင်များ ထိုစကားကို ကြားသောအခါ တုန်လှုပ်သွားကြသည်။ ကုမင်တာ့ တော်မှန်း သိသော်လည်း ဒီလောက်ထိ အောင်မြင်နေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

လယ်လုပ်ရတာ ဘယ်လောက် ပင်ပန်းပင်ပန်း... ငွေ ၄၀ ဆိုတာ လွယ်လွယ် ရှာလို့ရတာ မဟုတ်ပေ။

ကုမိသားစု တစ်ခုလုံး စုထားသော ငွေက ၆၀ သာ ရှိသည်။ သုံးပုံနှစ်ပုံက ကုမင်တာ့ ရှာပေးထားတာ ဖြစ်နေ၏။

ခဏခဏ အသားဝယ်ကျွေးတာ၊ ပွဲတော်ရက်တွေမှာ အဝတ်အစား ဝယ်ပေးတာတွေက ကုန်ကျစရိတ် မနည်းပေ။ ကုမင်တာ့က စာမေးပွဲစရိတ် ကိုယ်တိုင် ရှာတယ်ဆိုတာ တကယ် ဖြစ်လောက်သည်။ ကုမင်တာ့သာ စာမေးပွဲ အောင်မြင်သွားရင် ပိုက်ဆံ ဘယ်လောက်တောင် ရှာနိုင်မလဲဟု တွေးမိလိုက်ကြသည်။

ထိုအချိန်တွင် ဦးလေးချန်သည် မျက်မှောင်ကြုတ်ပြီး ညီမဖြစ်သူ ချန်ချွန်းဟွာကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက "ဒီလောက် ပိုက်ဆံရှာနိုင်တဲ့ မောင်မျိုးရှိတာကို ဘာလို့ ဖက်တွယ်မထားဘဲ အမေအိုကြီးကို မိသားစုခွဲအောင် ဖိအားပေးရတာလဲ" ဟု မေးနေသကဲ့သို့ ရှိနေလေသည်။

All Chapters