← Chapters

မင်းတို့က လမ်းခုလတ်ကနေ ဖြတ်လုတာကိုတောင် မလုပ်တတ်ဘူးလား... မင်းတို့ ဦးနှောက်တွေကို ခွေးစားသွားလို့လား

Vol. 10 Ch. 95

မင်းတို့က လမ်းခုလတ်ကနေ ဖြတ်လုတာကိုတောင် မလုပ်တတ်ဘူးလား... မင်းတို့ ဦးနှောက်တွေကို ခွေးစားသွားလို့လား

Vol. 10 Ch. 95

“ လက်သီးသိုင်းတစ်ကွက်ကို အကြိမ်တစ်ရာ လေ့ကျင့်ရင် အဓိပ္ပာယ်ကို သူ့အလိုလို နားလည်လိမ့်မယ်... “

ညဉ့်နက်ချိန်တွင် အကြီးအကဲပင်းသည် မျက်လုံးများကို မှိတ်ကာ တင်ပျဉ်ခွေထိုင်ရင်း ထိုစကားစုကို တိတ်တဆိတ်ဖြင့် ထပ်ခါတလဲလဲ ရွတ်ဆိုနေသည်။

နာရီအနည်းငယ် ကြာပြီးနောက် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် သဘောပေါက်သွားသည့် အမူအရာ ပေါ်လာ၏။ သူမ၏ နှုတ်ခမ်းထောင့်စွန်းများက အနည်းငယ် ကွေးညွတ်သွားပြီး တီးတိုး ရေရွတ်လိုက်သည်။

“ ဒီလိုကိုး... ထိုက်ချီဓားသိုင်းရဲ့ အနှစ်သာရကို ဘယ်လို ဆင်ခြင်သုံးသပ်ရမလဲ ဆိုတာ ငါ နောက်ဆုံးတော့ နားလည်သွားပြီ “

အကြီးအကဲပင်းသည် နံရံဘက်သို့ အလိုလို လှမ်းကြည့်လိုက်ပြီး ပြောလိုက်၏။

“ ချူဖုန်းဆီမှာ ဒီလိုအရည်အချင်းတွေ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...သူက ရှောင်ချန်းနဲ့ ချောင်ရို့ချန်တို့လို ထူးချွန်တဲ့ တပည့်တွေကို ပျိုးထောင်ပေးနိုင်တာ မအံ့ဩစရာတော့ဘူး.. ငါ မနက်ဖြန်ကစပြီး ထိုက်ချီဓားသိုင်းကို စကျင့်တော့မယ် “

ထိုသို့ပြောပြီးနောက် သူမက မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး ဆက်ကျင့်ကြံလိုက်သည်။

မနက် အာရုဏ်တက်အချိန်တွင် အကြီးအကဲပင်းသည် ပတ်ဝန်းကျင်ကို စူးစမ်းရန် သူမ၏ နတ်ဘုရားအာရုံကို အသုံးပြုလိုက်၏။ ထို့နောက် လူသူကင်းမဲ့သော နေရာတစ်ခုကို ရှာပြီး ထိုနေရာသို့ ပျံသန်းသွားလိုက်သည်။

သူမသည် သိုလှောင်လက်စွပ်ထဲမှ ရတနာဓားကို ဆွဲထုတ်လိုက်ပြီး ချူဖုန်း ယခင်က သရုပ်ပြသခဲ့သော ထိုက်ချီဓားသိုင်းကို စိတ်ထဲမှ ပြန်လည် မြင်ယောင် ကြည့်လိုက်သည်။

ထို့နောက် သူမသည် သွက်လက်ချောမွေ့သည့် လှုပ်ရှားမှုများဖြင့် ဓားကို ဖြည်းညှင်းစွာ စတင်ကစားတော့၏။

ချူဖုန်းကတော့ ဤအရာများ အားလုံးကို လုံးဝ သတိမထားမိဘဲ အပြင်ဘက်ရှိ ကောင်းကင်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး အချစ်ဝတ္ထုကို ခေါင်းအုံးအောက် ထိုးထည့်ကာ အိပ်ပျော်သွားသည်။

တစ်လ ကြာပြီးနောက်။

ရင်းနှီးနေသော ထူးခြားဖြစ်စဉ်များသည် သောင်းပြောင်းပညာရပ်ဌာန၏ အထက်တွင် ထွက်ပေါ်လာပြီး ရင်းနှီးနေကြသည့် အကြီးအကဲဌာနမှူးများကလည်း ထိုသည်ကိုစောင့်ကြည့်ရန် ရောက်ရှိလာကြသည်။

ချူဖုန်းနှင့် ချောင်ရို့ချန်တို့သည် လက်ဖက်ရည်စားပွဲတွင် သက်တောင့်သက်သာ ထိုင်ကာ တည်ငြိမ်စွာ လက်ဖက်ရည် သောက်နေကြ၏။

အရပ်မျက်နှာ အသီးသီးမှ ချဉ်းကပ်လာနေသော အားကောင်းသည့် အရှိန်အဝါများကို ခံစားလိုက်ရသဖြင့် ချောင်ရို့ချန်က သတိထားကာ မေးလိုက်သည်။

“ ဆရာ... ဘာလို့ ဂျူနီယာညီမလေးချင်းကို သောင်းပြောင်းပညာရပ်ဌာနမှာတင် စစ်မှန်ကံကြမ္မာအဆင့်ကို တက်ခွင့် ပေးလိုက်တာလဲ...အခု တခြားသူတွေက ဆရာ့ဆီကနေ သူ့ကို လုဖို့ ထပ်ကြိုးစားကြတော့မှာပေါ့ “

ချူဖုန်းက လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

“ ကောင်မလေး ချင်းအာမှာ မြင့်မြတ်နယ်မြေတစ်ခုက ရန်သူဟောင်း တစ်ယောက် ရှိတယ်... တကယ်လို့ သူသာ အပြင်ဘက်မှာ အဆင့်တက်ရင် တခြားသူတွေ ဝင်နှောင့်ယှက်ဖို့လွယ်တယ်... ဝမ်တောက်ကျောင်းတော်အတွင်းမှာ အဆင့်တက်တာက တကယ်တော့ ပိုပြီး ဘေးကင်းတယ် “

၎င်းကို ကြားလိုက်ရသောအခါ ချောင်ရို့ချန် မှင်တက်သွားသည်။ သူ ထပ်မေးတော့မည့် ဆဲဆဲမှာပင် ရင်းနှီးနေသော အသံတစ်သံသည် ကောင်းကင်မှ ထွက်ပေါ်လာ၏။

“ လူလေးချူ... မင်းက ဒီတပည့်ကို တခြား မြင့်မြတ်နယ်မြေ တစ်ခုဆီကနေ လှည့်စားပြီး ခေါ်လာခဲ့တာလို့တော့ မပြောနဲ့နော် “

အသံ ဆုံးသွားသည်နှင့် ဆေးဘုရင်ရွှမ်ဟော့ နှင့် ဝမ်တောက်ကျောင်းတော်၏ ကျောင်းအုပ်ကြီးတို့နှစ်ဦး သူတို့၏ရှေ့တွင် ပေါ်လာကြသည်။

ချူဖုန်းနှင့် ချောင်ရို့ချန်တို့သည် ချက်ချင်း မတ်တပ်ရပ်ပြီး အရိုအသေ ပေးလိုက်ကြ၏။

“ ချူဖုန်းက စီနီယာ နှစ်ဦးကို ဂါရဝပြုပါတယ် “

“ တပည့်က အဘိုးနဲ့ ကျောင်းအုပ်ကြီးကို ဂါရဝပြုပါတယ် “

ကျောင်းအုပ်ကြီး ပြုံးလိုက်ပြီး လက်ဝှေ့ယမ်းပြလိုက်လေသည်။ “ နေ... နေ... အဲဒါတွေ လုပ်မနေနဲ့ “

“ ကျောင်းအုပ်ကြီး၊ စီနီယာရွှမ်ဟော့... ကျေးဇူးပြုပြီး ထိုင်ကြပါ “

ချူဖုန်းက သူတို့ကို လက်ဖက်ရည်စားပွဲတွင် ထိုင်ရန် ဖိတ်ခေါ်လိုက်ပြီး သူတို့အတွက် လက်ဖက်ရည်ကို ကိုယ်တိုင် ငှဲ့ပေးလိုက်၏။

ကျောင်းအုပ်ကြီးသည် ထိုင်ပြီးပြီးချင်း စကားမပြောသေးပေ။ ယင်းအစား သူက ပြုံးလိုက်ပြီး ကောင်းကင်ယံသို့ လှမ်းခေါ်လိုက်သည်။

“ ခင်ဗျားတို့ အားလုံး ရောက်နေပြီဆိုမှတော့ ပေါ်ပေါ်ထင်ထင် ထွက်လာခဲ့ကြ...ကျုပ်တို့အားလုံးက ဝမ်တောက်ကျောင်းတော်ကပဲကို ခိုးကြောင်ခိုးဝှက် လုပ်နေတော့ ဘာထူးမှာလဲ “

သူ ပြောလိုက်သည်နှင့် ဌာနအသီးသီးမှ ဌာနမှူးများအားလုံး တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြသည်။ တိတ်တဆိတ်စောင့်ကြည့်နေခဲ့သော အကြီးအကဲပင်းလည်း ရှေ့သို့ ထွက်လာခဲ့၏။

၎င်းကို မြင်သောအခါ ချူဖုန်းသည် ချောင်ရို့ချန်ဘက်သို့ လှည့်ကာ ပြောလိုက်၏။

“ တာ့ချန်... နောက်ထပ် လက်ဖက်ရည်စားပွဲ တစ်ခု ပြင်ဆင်လိုက်ပြီး စီနီယာတွေအတွက် လက်ဖက်ရည် ဖျော်ပေးလိုက် “

“ နားလည်ပါပြီ “

ချောင်ရို့ချန်သည် တွန့်ဆုတ်မနေဘဲ အလျင်အမြန် အလုပ်စလိုက်သည်။

ဌာနမှူးများသည် စကားများများစားစား မပြောကြသော်လည်း မည်သူမျှ ကန့်ကွက်ခြင်း မရှိကြပေ။ လက်ဖက်ရည်စားပွဲ အဆင်သင့် ဖြစ်သွားသည်နှင့် သူတို့အားလုံး ထိုင်လိုက်ကြ၏။ အကြီးအကဲပင်းသည် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ဓားဘုရင်ရှောင်ယောင် ၏ ဘေးတွင် ရပ်ရန် ရွေးချယ်လိုက်သည်။

ဆေးဘုရင်ရွှမ်ဟော့က လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီး မေးလိုက်၏။

“ ရှောင်ဖုန်း... မင်း ငါ့ရဲ့ ခုနက မေးခွန်းကို မဖြေရသေးဘူးနော် “

ချူဖုန်းက ပြန်ဖြေလိုက်သည်။ “ ကျွန်တော် အားလုံးကို ဧည့်ခံဖို့ အလုပ်ရှုပ်နေတာနဲ့ မေ့သွားလို့ပါ... “

“ ချင်းအာက တာ့ယန်မြင့်မြတ်နယ်မြေ ရဲ့ လိုက်ဖမ်းတာနေ ရှောင်ဖို့အတွက် မွှေးရနံ့စင်မြင့်လို အပျော်မယ်စံအိမ်မှာ အရင်က နေခဲ့တာပါ “

သူ ထိုသို့ပြောလိုက်သည့် အခိုက်အတန့်တွင် ဌာနမှူးများ၏ မျက်နှာပေါ်၌ ဇဝေဇဝါ ဖြစ်သွားသော အမူအရာများ ပေါ်လာ၏။

ဆေးဘုရင်ရွှမ်‌ဟော့က ထပ်မေးလိုက်သည်။ “ ဒီကောင်မလေးက တာ့ယန် မြင့်မြတ်နယ်မြေရဲ့ တပည့်တစ်ယောက်လို့တော့ မပြောနဲ့နော် “

“ သေချာပေါက် မဟုတ်ဘူး “

ချူဖုန်းသည် ရှင်းပြလိုက်၏။ “ ချင်းအာက မွေးကတည်းက သူငယ်အိမ်နှစ်ခု ပါလာခဲ့တာ...တာ့ယန်မြင့်မြတ်နယ်မြေကက အဲဒါကို သိသွားတဲ့တော့ လုဖို့လုပ်တယ်လေ...အဲဒါကြောင့်မို့... “

ချင်းချင်း၏ နောက်ခံသမိုင်းကို ကြားပြီးနောက် ထိုနေရာတွင် အကြီးအကဲများ၏ မျက်နှာအမူအရာများသည် ပြောင်းလဲသွားသည်။ အချို့က မနာလို ဖြစ်ကြပြီး အချို့ကတော့ စိတ်ပျက်သွားကြ၏။

မန္တာန်ပညာဌာန ၏ ဌာနမှူးက ရယ်မောကာ နောက်ပြောင်လိုက်သည်။ “ ကောင်လေးချူ... မင်းရဲ့ ကံက တကယ်ကို သာမန်ထက် ကောင်း‌လွန်းနေတယ်... မင်းက မွှေးရနံ့စင်မြင့်ကို အလည်သွားရုံလေးနဲ့တောင် ထိပ်တန်းအဆင့် ပါရမီရှင် တစ်ယောက်နဲ့ တွေ့ခဲ့တာပဲ “

အခြားများက ဘာမှမပြောကြဘဲ တိတ်ဆိတ်စွာ လက်ဖက်ရည်ကိုသာ သောက်နေကြလေသည်။

ကံကြမ္မာ ဆိုသည်မှာ မွေးရာပါ အရာတစ်ခု ဖြစ်သည်။ မနာလိုဖြစ်ခြင်းမှလွဲ၍ သူတို့ ပြောနိုင်စရာ သိပ်များများစားစား မရှိတော့ချေ။

ချူဖုန်းက ပြုံးပြီး ပြောလိုက်၏။ “ ဒါတွေ အားလုံးက စီနီယာ မိုးကြိုးမီးတောက်ဘုရင်နဲ့ မန္တာန််ပညာဌာနက တပည့်တွေကြောင့်ပါ.. တကယ်လို့ ကျွန်တော်သာ အဲဒီတပည့်ကို သွားအကဲဖြတ်မပေးရင် ချင်းအာနဲ့ ဆုံဖြစ်မှာ မဟုတ်ဘူး “

(T/N မူရင်းမှာကိုက မန္တာန်ဖြစ်နေတာပါ... ဟိုးအရှေ့မှာတော့ ဥပဒေလို့ရေးထားခဲ့တာပါ)

၎င်းကို ကြားလိုက်ရသောအခါ မိုးကြိုးမီးတောက်ဘုရင်က မှင်တက်သွားသည်။ “ ကောင်လေး...မင်းက အခွင့်အရေး ရသွားတာတောင် နှိမ့်ချဟန်ဆောင်နေသေးတယ်.. ငါ မင်းရဲ့ အဖိုးတန်တပည့်လေးကို လုသွားမှာ မကြောက်ဘူးလား “

ဆေးဘုရင်က ဝင်ပြောလိုက်၏ “ ကောင်လေးချူ... လာစမ်းပါ... မင်း သူ့ကို တပည့်အဖြစ် ဘယ်လို လက်ခံခဲ့လဲ ဆိုတာ ငါတို့ အားလုံးကို ပြောပြပါဦး “

ကောင်းကင်မိုးကြိုးကို လက်တစ်ဖက်ဖြင့် ထိန်းချုပ်နိုင်ပြီး မြေကမ္ဘာမီးတောက်ကို အခြားလက်တစ်ဖက်ဖြင့် ထိန်းချုပ်နိုင်သည်ဟု နာမည်ကြီးသည့် မိုးကြိုးမီးတောက်ဘုရင်ကို ကြည့်ရင်း ချူဖုန်းက ပြောလိုက်သည်။” စီနီယာ မိုးကြိုးမီးတောက်... ကျွန်တော် ပြောလိုက်ရမလား “

မိုးကြိုးမီးတောက်ဘုရင်က စိတ်အနှောင့်အယှက် ဖြစ်ဟန်ဖြင့် ပြန်ဖြေလိုက်၏ “ မင်း ပြောချင်ရင်လည်း ပြောလေ...ငါက သဘောထား သေးသိမ်တဲ့သူ မဟုတ်ပါဘူး...ကြီးကြီးမားမား ကိစ္စမှ မဟုတ်တာ “

“ ကောင်းပြီလေ... ဒီလို ဖြစ်သွားတာပါ... “

ချူဖုန်းသည် ချင်းချင်းကို တပည့်အဖြစ် လက်ခံဖြစ်ခဲ့သည့် အဖြစ်အပျက်များကို တည်ငြိမ်စွာ ပြန်လည် ပြောပြလိုက်သည်။

“ ဟားဟား... “

“ ဘယ်လောက်တောင် စိတ်ဝင်စားစရာ ကောင်းလိုက်လဲ... တကယ် စိတ်ဝင်စားစရာပဲ “

“ လူအိုကြီးမိုးကြိုးမီးတောက်... မင်းရဲ့ မန္တာန်ပညာဌာနက လူတွေကို လမ်းတစ်ဝက်ကနေ ဖြတ်လုတဲ့အလုပ်တောင် လုပ်နေတာလား “

ဌာနမှူးများက ရယ်မောလိုက်ကြသည်။ မိုးကြိုးမီးတောက်ဘုရင် တစ်ယောက်မှလွဲ၍ပင်။ သူက ‌စိတ်ပျက်သွားဟန်ပင်။

သူ၏လက်အောက်က အဖွဲ့သည် လမ်းခုလတ်မှ ဖြတ်လုခြင်းကိုပင် သေချာ မလုပ်နိုင်ပေ။

‘ဘာလဲ... သူတို့ ဦးနှောက်တွေကို ခွေးစားသွားလို့လား’

အကြီးအကဲပင်းနှင့် ချောင်ရို့ချန် နှစ်ဦးစလုံးသည် သူတို့၏ ရယ်မောချင်စိတ်ကို အတင်းဖိနှိပ်ထားလိုက်ကြ၏။ အခြားသူများက လွတ်လပ်စွာ ရယ်မောနိုင်သော်လည်း သူတို့နှစ်ဦးကမူ မရယ်ရဲကြချေ။

ကံကောင်းထောက်မစွာဖြင့် ထိုအချိန်မှာပင် ချင်းချင်းထံမှ အားကောင်းသော အရှိန်အဝါတစ်ခုက ပေါက်ကွဲထွက်လာပြီး သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး နတ်ဘုရား အလင်းတန်းများဖြင့် နှစ်ထားသကဲ့သို့ ဖြစ်သွားသည်။

ခြံဝင်းအတွင်းရှိ အကြည့်တိုင်းသည် သူမထံသို့ ရောက်ရှိသွားကြ၏။

“ နတ်ဘုရား ခန္ဓာကိုယ်... နောက်ထပ် နတ်ဘုရား ခန္ဓာကိုယ် တစ်ခုပဲ “

ဆေးဘုရင်ရွှမ်ဟော့က ပထမဆုံး အော်လိုက်သည်။

မိုးကြိုးမီးတောက်ဘုရင်၏ စိတ်ပျက်မှုမှာ ချက်ချင်း ပျောက်ကွယ်သွား၏။ “ ကောင်လေးချူ... မင်း ဒါကို ဘယ်လို လုပ်လိုက်တာလဲ “

ဓားဘုရင်ရှောင်ယောင်သည် အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲ၌ တုန်လှုပ်သွားတော့၏။

‘ စောစောက အကြီးအကဲပင်း ပြောခဲ့တာက... တကယ်များ အမှန် ဖြစ်နေမလား ’

သူ၏နောက်တွင် အကြီးအကဲပင်းမှာ ပါးစပ် အဟောင်းသားဖြစ်သွားသည်။

‘ မဟာဆရာသခင်လား.. ချူဖုန်းက သောင်းပြောင်းပညာရပ်ဌာနဆီက မဟာဆရာသခင် အမွေအနှစ်ကို သေချာပေါက် ဆက်ခံထားတာပဲ ဖြစ်ရမယ်.... မဟုတ်ရင် နတ်ဘုရား ခန္ဓာကိုယ် ပါရမီရှင်တွေကို တစ်ယောက်ပြီးတစ်ယောက် ဘယ်လိုလုပ် ဆက်တိုက် ပျိုးထောင်ပေးနိုင်မှာလဲ ’

ထိုအချိန်တွင် ချူဖုန်းသည် တည်ငြိမ်သော မျက်နှာထားဖြင့် ရှိနေသော်လည်း ရင်းနှီးနေသော အသံတစ်သံက သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာ၏။

[ဒင်... လက်ခံသူ၏ တပည့်မလေးသည် စစ်မှန်ကံကြမ္မာအဆင့်သို့ တက်သွားပြီး နတ်ဘုရား ခန္ဓာကိုယ် လေဟာနယ်ခန္ဓာကိုယ် ကို နိုးထသွားပါတယ်... လက်ခံသူကို ဆယ်နှစ်စာ ကျင့်ကြံခြင်းနှင့် လေဟာနယ်ခန္ဓာကိုယ်(ပြီးပြည့်စုံခြင်းအဆင့်)ကိုချီးမြှင့်ပါတယ်]

‘နောက်ထပ် ဆယ်နှစ်စာ ကျင့်ကြံခြင်းပဲ...ကောင်းတယ်...ကောင်းတယ်’

အကယ်၍ နောက်တစ်ကြိမ်၌ တာ့ချန် သို့မဟုတ် ရှောင်ချန်းသာ အဆင့်တက်သွားလျှင် နောက်ထပ် နှစ်ငါးရာစာ ကျင့်ကြံခြင်းကို ရတော့ပေမည်။

ဝမ်တောက်ကျောင်းတော်၏ ကျောင်းအုပ်ကြီးက ပြုံးလိုက်ပြီး ပြောသည်။ “ ကောင်းပြီ... အားလုံးပဲ ရှောင်ဖုန်းကို အမေးအမြန်း ထူနေတာ ရပ်လိုက်ကြတော့... ခင်ဗျားတို့ရဲ့ ဌာန တစ်ခုချင်းစီမှာလည်း ကိုယ်ပိုင် အမွေအနှစ်တွေ ရှိကြတာပဲ... ဘာလို့ သောင်းပြောင်းပညာရပ်ဌာနရဲ့ အမွေအနှစ်ကို သိချင်နေကြရတာလဲ “

“အချိန်ရနေရင် ချင်းချင်းကို ခင်ဗျားတို့ရဲ့ ဌာနထဲ ဝင်ချင်လားလို့ သွားမေးကြည့်လိုက်ပါလား “

၎င်းကို ကြားလိုက်ရသောအခါ ချူဖုန်းသည် ကျောင်းအုပ်ကြီးကို သူ၏ ကျေးဇူးတင်မှုအား ဖော်ပြသည့်အနေဖြင့် ပြုံးပြလိုက်၏။

ထိုအခါမှသာ အခြားသူများသည် သူတို့ ဘာကြောင့် ရောက်လာခဲ့ကြသလဲ ဆိုသည်ကို သတိရသွားကြပြီး သူတို့၏ အကြည့်များသည် ချင်းချင်းထံသို့ နောက်တစ်ကြိမ် ရောက်ရှိသွားတော့သည်။

All Chapters