← Chapters

ရှေးဟောင်း ယန်အင်မော်တယ်ဓား

Vol. 21 Ch. 210

ရှေးဟောင်း ယန်အင်မော်တယ်ဓား

Vol. 21 Ch. 210

ကျန်းချန်က အစစ်အမှန်အင်မော်တယ်ကျန့်ထိုင်ကို သတ်ဖြတ်လိုက်သည့်သတင်းမှာ ကျွန်းတစ်ခုလုံးသို့ လျင်မြန်စွာပျံ့နှံ့သွား၏။ လူအများမသိလိုက်မီမှာပင် အင်မော်တယ်များ၏အုပ်ချုပ်မှုကို တော်လှန်နိုင်သည့် အလံတော်တစ်ခု တိတ်တဆိတ်စိုက်ထူပြီးသားဖြစ်သွားလေပြီ။

အစ်ကိုကြီးချန်မှာလည်း အလိုအလျောက်ပင် တော်လှန်ရေးတပ်သားများ၏ခေါင်းဆောင် ဖြစ်လာတော့သည်။ နောက်ရက်များတွင် ထွက်ပြေးတိမ်းရှောင်နေရသော ကျွမ်းကျင်သူများမှာ တစ်ယောက်ပြီးတစ်ယောက် ခိုလှုံလာကြသည်။ သို့တည်းမဟုတ် အားကိုးရမည့်နောက်ခံတစ်ခုကို လာရောက်ဖက်တွယ်ကြခြင်းပင်။

နယ်မြေအသီးသီးမှ အုပ်စုငယ်လေးများ သို့မဟုတ် အဖွဲ့ကြီးများမှာ ဖေးရှန်ဂိုဏ်းသို့ အပြေးအလွှား ရောက်လာကြသည်။ ထိုသူအားလုံးကို ဂိုဏ်းချုပ်ကျန်းက ကြိုဆိုလက်ခံ၏။

သူတို့၏ တိုက်ခိုက်ရေးစွမ်းအားကို သူမလိုအပ်သော်လည်း အားပေးမည့်ပရိသတ်များကိုမူ သူလိုအပ်သည်... ဤလူများက သူ့ထမင်းကိုစားကြသည်မဟုတ်သလို၊ သူတို့အားစီမံခန့်ခွဲရန်လည်း သူပူပန်နေစရာမလိုပေ။ လူအများ၏အာရုံစိုက်မှုကို ဆက်လက်ခံစားနေရုံသာဖြစ်ရာ အဘယ်ကြောင့်ငြင်းရမည်နည်း။

တစ်နေ့တွင်မူ မိစ္ဆာနယ်မြေမှပင် ခိုလှုံရန်ရောက်ရှိလာခဲ့သည်။ မိစ္ဆာနယ်မြေ၏ခေါင်းဆောင် မိစ္ဆာသူတော်စင်ရှုယွမ်သည် မိစ္ဆာကျင့်ကြံသူနှစ်ရာကျော်နှင့်အတူ ဖေးရှန်ဂိုဏ်းသို့ရောက်ရှိလာသည်။

ဓားသူတော်စင်ကွေ့ချန်းနှင့် နဂါးဘုရင်ကြီးတို့က ထွက်ကြိုကြ၏။ ဤမိစ္ဆာသူတော်စင်မှာလည်း အောက်လောက၏အကောင်ကြီးတစ်ယောက်ဖြစ်ပြီး နှစ်ပေါင်းများစွာရှုံးနိမ့်ဖူးခြင်းမရှိဘဲ ၎င်း၏အစွမ်းမှာလည်း သူတို့နှင့်ယှဉ်လျှင်မနိမ့်ပေ။

"ဓားသူတော်စင်ကွေ့ချန်း။ ကောလာဟလတွေက တကယ်ပဲလား"

"အဲဒီ ကျန်းချန်ဆိုတဲ့ဂိုဏ်းချုပ်က တကယ်ပဲ အင်မော်တယ်ကျန့်ထိုင်ကို ကိုယ်တိုင်သတ်ခဲ့တာလား"

ဓားသူတော်စင်ကွေ့ချန်းက ဖြေလိုက်သည်။

"လုံးဝအမှန်ပဲ"

မိစ္ဆာသူတော်စင်ရှုယွမ်က ထပ်မံမေးမြန်းသည်မှာ

"ခင်ဗျားတို့ ကိုယ်တိုင်မြင်ခဲ့တာလား"

နဂါးဘုရင်ကြီးနှင့် ဓားသူတော်စင်ကွေ့ချန်းတို့က ခေါင်းခါပြလိုက်ကြသည်။

"ကိုယ်တိုင်တော့မမြင်လိုက်ဘူး၊ ကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာ တိုက်ပွဲကပြီးနေပြီ"

"ဒါပေမဲ့ ဂိုဏ်းချုပ်ကျန်းကလွဲရင် တခြားဖြစ်နိုင်ခြေမရှိဘူး"

အခြားအင်မော်တယ်တစ်ယောက်က ကျန့်ထိုင်ကိုသတ်၊ တိုက်ပွဲမြေပြင်ကနေထွက်သွားပြီး ရလာတဲ့ပစ္စည်းအားလုံးကို ကျန်းချန်ကိုပေးခဲ့တယ်ဆိုတာကတော့ မဖြစ်နိုင်ဘူးမဟုတ်လား။

မိစ္ဆာသူတော်စင်ရှုယွမ်က သူ၏နောက်မှ မိစ္ဆာကျင့်ကြံသူများကိုကြည့်လိုက်ပြီး

"ဓားသူတော်စင်ကွေ့ချန်း၊ နဂါးဘုရင်ကြီး။ ကျွန်တော်တို့အားလုံး အင်မော်တယ်တွေနဲ့ တိုက်ဖူးကြတယ်၊ သူတို့ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ သိကြတာပဲ"

"ရိုးရိုးသားသားပြောရရင် အောက်လောကမှာ အင်မော်တယ်တွေကိုတော်လှန်နိုင်တဲ့ ဘယ်လိုနည်းလမ်းမှမရှိနိုင်ဘူးလို့ ကျွန်တော်ယူဆတယ်"

ကွေ့ချန်းနှင့် နဂါးဘုရင်တို့ ဘာပြန်ပြောရမှန်းမသိတော့ပေ။ သူတို့သည် ကျန်းချန်၏အောင်မြင်မှုကို သံသယမရှိကြ။ အဘယ်ကြောင့်ဆိုသော် တိုက်ပွဲအပြီး ပျက်စီးနေသောအခြေအနေကို သူတို့မြင်ခဲ့ရပြီး၊ တိုက်ပွဲမစခင် အစည်းအဝေးနှင့် တိုက်ပွဲပြီးချိန်မှာလည်း အလွန်နီးကပ်လွန်း၏။ တစ်နည်းအားဖြင့် သူတို့သည် မျက်မြင်သက်သေများပင်။

သို့သော်လည်း ယခုရက်ပိုင်းအတွင်း အဝေးမှရောက်လာသော ကျွမ်းကျင်သူများမှာမူ ထိုသို့မဟုတ်ကြပေ။ သူတို့၏ယုတ္တိရှိသောအမြင်ဖြင့်သာ ဆုံးဖြတ်ကြမည်ဖြစ်သည်။

"ဂိုဏ်းချုပ်ကျန်းဆိုတဲ့လူက ဘယ်မှာလဲ၊ ဘာလို့ ငါတို့ကိုထွက်မတွေ့တာလဲ"

မိစ္ဆာသူတော်စင်ရှုယွမ်သည် သူက လူအများအပြားခေါ်ဆောင်လာသဖြင့် ကျန်းချန်က သူ့ကို ဝမ်းသာအားရကြိုဆိုလိမ့်မည်ဟု ထင်ထားခဲ့၏။ သို့သော် အတော်ကြာအောင်စောင့်ခဲ့သော်လည်း ကျန်းချန်သာမက မိုချန်ပင်ပေါ်မလာပေ။ ၎င်းသည် သူ့ကို အနည်းငယ် မကျေမနပ်ဖြစ်သွားစေသည်။

ထိုအချိန်တွင် ဂိုဏ်းချုပ်ကျန်းမှာ အမှတ်များလဲလှယ်ရန် အလုပ်ရှုပ်နေသည်။ ဤတိုက်ပွဲမှရရှိသော လက်ဆောင်များမှာ အလွန်ကြီးမားလှသည်။

အင်မော်တယ်ကျန့်ထိုင်၏ လက်နက်ဖြစ်သော ရှေးဟောင်း ယန်အင်မော်တယ်ဓားမှာ မီးဓာတ်အင်မော်တယ်ဓားဖြစ်ပြီး အင်မော်တယ်အဆင့်မြှင့်တင်ရေး အစီအရင် ၂ ခုနှင့် သူတော်စင်အဆင့် အစီအရင် ၃ ခု ထွင်းထုထားသည်။

ဤဓားကိုရရှိပြီးနောက် သူအသုံးပြုနေသော မိုးကြိုးဓာတ် သူတော်စင်အဆင့်ဓားကို ချက်ချင်းပင် လက်စွပ်ထဲသို့ ပြန်ထည့်လိုက်၏။ သူ၏တိုက်ခိုက်ရေးစွမ်းအားမှာလည်း သိသိသာသာ မြင့်တက်သွားတော့သည်။

၎င်းက အစ်ကိုကြီးချန်ကို အနည်းငယ်ဝမ်းနည်းသွားစေသည်။

"မသေရတာတော်တော်ကြာပြီလို့ ခံစားရတယ်"

"ရန်သူတွေကမစွမ်းကြတာ စိတ်ပျက်စရာပဲ"

အင်မော်တယ်ကျန့်ထိုင်၏လက်စွပ်ထဲတွင် အရင်းအမြစ်အမြောက်အမြားရှိသည်။ ပထမတန်းစား အင်မော်တယ်ဆေးလုံး ၁၀၀ ခန့်နှင့် အဆင့်နိမ့် အင်မော်တယ်ကျောက်တုံး ထောင်နှင့်ချီရှိသည်။ ယခုမူ ထိုအရာအားလုံးမှာ ကျန်းချန်၏ပိုင်ဆိုင်မှု ဖြစ်သွားလေပြီ။ ထို့အပြင် ကျွမ်းကျင်သူ ၂၀,၀၀၀ ၏ လက်စွပ်များနှင့် သူတော်စင်အဆင့် လက်နက်ပစ္စည်းပေါင်းထောင်ချီလည်းပါဝင်သည်။

ကျန်းချန်သည် ထိုသူတော်စင်အဆင့်ပစ္စည်းများနှင့် တန်ဖိုးကြီးဆေးလုံးထက်ဝက်ကိုချန်ထားပြီး ကျန်သည့်အရာအားလုံးကို အမှတ်များအဖြစ်လဲလှယ်လိုက်သည်။ သူအသုံးမလိုသော တခြားရတနာများကိုလည်း လဲလှယ်လိုက်ရာ အမှတ်များမှာ ၆၈.၅ ဘီလီယံအထိ ပြန်လည်မြင့်တက်သွားတော့သည်။

သူသည် နောက်တစ်ဆင့်တက်ရန် နီးစပ်နေပြီဖြစ်သော်လည်း ဤတစ်ကြိမ်တွင် အဆင့်မတက်ဘဲ ပင်မစည်းမျဉ်းအားလုံးကိုအရင်လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် အဆင့် ၆ ကံစမ်းမဲကို အကြိမ် ၅၀၀ ဆက်တိုက်နှိပ်လိုက်၏။

အမှတ် ၅၀ ဘီလီယံသုံးစွဲပြီးနောက် စည်းမျဉ်းအပိုင်းအစ ၄၈ ခု ထပ်မံရရှိခဲ့ပြီး ပင်မစည်းမျဉ်း ၄၈၀ ကို အခြေခံအဆင့်သို့မြှင့်တင်လိုက်သည်။ သူ့စွမ်းအားမှာလည်း အဆပေါင်းများစွာ တိုးတက်သွားပြန်သည်။

ရွှမ်ကျီရုပ်ပုံအပိုင်းအစ ၃၀၀ ကျော်ကိုလည်းရရှိခဲ့ပြီး ၎င်းတို့ကိုပေါင်းစပ်လိုက်ရာ မြေပုံ၏စွမ်းအားမှာလည်း တိုးတက်သွားပြန်သည်။ အချိန်စီးဆင်းမှုနှုန်းမှာ ၂၂,၅၀ဝ ဆအထိ ရောက်ရှိသွား၏။ ထို့အပြင် တည်နေရာရွှေ့ပြောင်းခြင်းနှင့် ကိုယ်ပျောက်ခြင်းတို့ကို အဆင့် ၆ သို့ မြှင့်တင်နိုင်ခဲ့သည်။

အဆင့် ၆ ကိုယ်ပျောက်ခြင်းမှာ ကြာချိန်တိုးသွားရုံသာမက သူတော်စင်အဆင့်အောက် တိုက်ခိုက်မှုများပြုလုပ်ချိန်တွင် ကိုယ်ပျောက်ခြင်းကို ပျက်ပြယ်သွားစေမည်မဟုတ်။ ရန်သူ၏တိုက်ခိုက်မှုကို တိုက်ရိုက်ထိမှန်မှသာ ကိုယ်ပျောက်ခြင်း ပျက်ပြယ်မည်ဖြစ်သည်။

ဤစွမ်းရည်မှာ လူသတ်သမားများအတွက် အသုံးတည့်လှသည်။ အဆင့် ၆ တည်နေရာရွှေ့ပြောင်းခြင်းမှာမူ နယ်မြေများကိုပင်ကျော်ဖြတ်ကာ တိုက်ရိုက်ရွှေ့ပြောင်းနိုင်ပြီဖြစ်သည်။

ကံစမ်းမဲ အကြိမ် ၅၀၀ အတွင်း အဆင့် ၆ ဆေးဖော်စပ်ခြင်း၊ လက်နက်သွန်းလုပ်ခြင်းနှင့် စာလုံးထွင်းထုခြင်း စွမ်းရည်များကိုလည်း ရရှိခဲ့၏။ အဆင့် ၆ ဆေးဖော်စပ်ခြင်းမှာ အဆင့် ၅ အင်မော်တယ်ဆေးလုံးများကို တိုက်ရိုက်ဖော်စပ်နိုင်ပြီး ဤဆေးလုံးများမှာ အင်မော်တယ်လောကရှိ အင်မော်တယ်အများစုပင်မမြင်ဖူးသော ရတနာများဖြစ်သည်။

"ဒါတွေအကုန်သင်နေရင် ငါ့စွမ်းအင်တွေကုန်သွားမှာပေါ့။ အချိန်လည်းမရှိဘူး"

"ငါကတော့ နယ်မြေတစ်ခုတည်းကိုပဲ အထူးပြုလေ့လာရမယ်၊ ဒါမှအာရုံမပျံ့မှာ"

သူကအမှန်တကယ်ကြိုးစားနေသည့်အလား ပြောလိုက်ခြင်းဖြစ်သည်။

သူ့လက်ထဲရှိ ဆေးလုံးထက်ဝက်ကိုသုံးစွဲလိုက်ပြီးနောက် နောက်ဆုံးတွင် သူသည် သူတော်စင်အဆင့်အထွက်အထိပ်သို့ ရောက်ရှိသွားသည်။ အင်မော်တယ်ဖြစ်ရန် ခြေတစ်လှမ်းသာလိုတော့သည်။ ပင်မစည်းမျဉ်း ၅၉၀ မှာ အခြေခံအဆင့်သို့ရောက်ရှိသွားပြီး အင်မော်တယ်ဓားကိုလည်း ပိုင်ဆိုင်ထားသဖြင့် သူ၏အစွမ်းမှာ အဆမတန်တိုးတက်သွားလေပြီ။

သူလေ့ကျင့်မှုမှ ထွက်လာချိန်တွင် ချင်းစော့နှင့်တိုး၏။

"အာ... ဂိုဏ်းချုပ်ကျန်း၊ နောက်ဆုံးတော့ လေ့ကျင့်လို့ပြီးပြီလား"

သူမ၏ စိုးရိမ်တကြီးဖြစ်နေသောအမူအရာကိုမြင်ရသဖြင့် အင်မော်တယ်၄ ယောက် ရောက်လာပြီဟု သူ ထင်လိုက်သည်။ သို့သော် အာရုံခံကြည့်ရာ တိုက်ပွဲဖြစ်ပွားနေသည့် အရိပ်အယောင်မတွေ့ရပေ။

"တိုက်ပွဲဌာနနဲ့ တခြားဌာန ၆ ခု ရောက်နေကြတယ်"

တိုက်ပွဲဌာနဆိုတာဘာလဲ...

ကျန်းချန်က အစပိုင်းတွင်နားမလည်သော်လည်း ၎င်းမှာ အင်မော်တယ်အကြွင်းအကျန်မျိုးနွယ်စု၏ တခြားအဖွဲ့အစည်းများဖြစ်ကြောင်း သိလိုက်ရသည်။ လန်ထီက သူ့ကိုပြောဖူးသည်မှာ တိုက်ပွဲဌာနသည် မျိုးနွယ်စုတစ်ခုလုံးတွင် အစွမ်းအထက်ဆုံးအဖွဲ့အစည်းဖြစ်သည်ဟူ၏။

"သူတို့ကဘာလာလုပ်တာလဲ"

"ငါ့ရဲ့ခန့်ညားထည်ဝါမှုကိုအားကျလို့ ခိုလှုံဖို့လာတာလား"

ဒီအတောအတွင်း ခိုလှုံသူတွေများလွန်းသဖြင့် သူသိပ်ဂရုမစိုက်မိခြင်းဖြစ်သည်။

"အဟမ်း"

ချင်းစော့၏မျက်နှာမှာ အနည်းငယ်ရှုံ့မဲ့သွားပြီး သူ့စကားကို ဘယ်လိုပြန်ပြောရမှန်းမသိဖြစ်သွားသည်။

"မဟုတ်ဘူး။ သူတို့က နှလုံးသားထိုးဖောက်ကန်တော့နဲ့ အရိုးချေဖျက်အလံကို ပြန်ပေးဖို့ လာတောင်းနေကြတာ"

ဘာ...

အစ်ကိုကြီးချန်မှာ ရယ်ပင်ရယ်ချင်သွားတော့သည်။

All Chapters