← Chapters

တစ်လောကလုံးက ငါ့ လိုက်ရှာနေကြတယ်လို့ ကြားတယ်

Vol. 19 Ch. 184

တစ်လောကလုံးက ငါ့ လိုက်ရှာနေကြတယ်လို့ ကြားတယ်

Vol. 19 Ch. 184

“ ဘာလို့ …”

“ တို့သဘောအကျဆုံးက နင့်လို ဖြူဖြူထည်ထည် သန့်သန့်ရှင်းရှင်းနဲ့ ကောင်ချောလေးကိုပဲလေ …” မမကျန်းက သူမ၏ ရည်ရွယ်ချက်ကို ဖုံးကွယ်မထားခဲ့ပေ။

“ နင် တို့နောက် လိုက်ခဲ့ချင်လား …”

“ ငါ့နေရာကို လာခဲ့မယ်ဆိုရင် ပိုက်ဆံတွေ နင်လိုချင်သလောက် ပေးမယ်လေ …”

“ မယုံဘူးဆိုရင် နင့် ဘဏ်အကောင့်နံပါတ်ပေးလိုက် …”

“ ငါ နင့်ကို ခုချက်ချင်း ယွမ် နှစ်သိန်း လွှဲပေးလိုက်မယ် … ငါ့ရဲ့ ရိုးသားမှုကို ပြဖို့ပေါ့ ….”

ဤစကားပြောလိုက်သည့်အချိန်မှာပဲ ကြည့်ရှုသူများအားလုံး အံ့အားသင့်ကုန်ကြသည်။

ဟာ … ဘာတွေ ဖြစ်ကုန်တာလဲ ...

ဘာလို့ တစ်စုံတစ်ယောက်က လိုက်စထွင်းထဲလာပြီး ယောက်ျားလာမျှားနေတာလဲ …

သူက ဒေါက်တာချန်နဲ့ ကလူကျီစယ်ချင်နေတာများလား …

ဒီ မိန်းမရဲ့ ဦးနှောက်က တစ်ခုခု ချွတ်ယွင်းနေတာလားဟ …

“ ဟာ ဟျောင့်တွေ … သူ့ IP ကို ကြည့်ကြစမ်း … ငါတို့ နိုင်ငံ နယ်စပ်မြို့မှာဟ ….”

“ ငါ သဘောပေါက်ပြီ … ဒီ မိန်းမက ဒေါက်တာချန်ကို ပိုက်ဆံနဲ့ ဆွယ်ပြီး ကျောက်ကပ်ဖြုတ်ချင်နေတာကိုး …”

“ တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ဆိုတဲ့ ညီကိုလိုမျိုးလား …”

ဤသတိပေးချက်ကို ဖတ်ရှုပြီးနောက် ကြည့်ရှုသူများလည်း နားလည်သဘောပေါက်သွားခဲ့ကြသည်။

မမလေးကျန်းက ပိုက်ဆံကို အသုံးချပြီး ချန်ယွီ့ကို မျှား၍ သူမ၏ နေရာသို့ အရောက်ခေါ်ချင်နေပုံရသည်။

သူမ၏ လက်ရှိ IP လိပ်စာက သတင်းသောင်းကြမ်းသည့် အိမ်နီးချင်း နယ်စပ်မြို့ ဖြစ်နေသဖြင့် သူမထံမှ လာနေသည့် အန္တရာယ် အနံ့များကို အာရုံခံမိနေကြသည်။

အမျိုးသမီး၏ IP လိပ်စာမှာ ပေါက်ကြားခံလိုက်ရပြီ ဖြစ်၏။ ထိုမိန်းမကလည်း ရာဇဝတ်ဂိုဏ်းအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ဒေါက်တာချန်ကို သူတို့ရဲ့ စီးပွားဖျက်လိုဖျက်စီး လုပ်သည့်အတွက် မုန်းတီးနေသည့်ပုံပင်။

မမကျန်းကို ပျားရည်ထောင်ချောက် လုပ်ဖို့ တစ်စုံတစ်ယောက်က စေခိုင်းထားပုံရ၏။

“ ဟဲ့ နင်တို့ ဘာပေါက်ကရတွေ လျှောက်ပြောနေကြတာလဲ … အဲ့လူတွေကို ငါ သိတောင်မသိဘူး … ငါ ဒေါက်တာချန်ကို တကယ်နှစ်သက်မိလို့ ဒီစကားတွေ ပြောနေတာ …”

“ ငါ သူ့ကို လာဖို့ခေါ်တယ်ဆိုတာကလည်း သူနဲ့အတူ ဒီမှာ တစ်သက်လုံး အခြေချသွားချင်လို့ ဟဲ့ … “

သူမ၏ စစ်မှန်ရိုးသားမှုကို ပြသရန်အလို့ငှာ မမလေးကျန်းက အချိန်မဆွဲဘဲ ကာနီဗယ် လက်ဆောင် အခု ၃၀ ကို ချက်ချင်း ပို့ပေးလာခဲ့သည်။

အားလုံးပေါင်းဆိုလျှင် စုစုပေါင်း ယွမ် ကိုးသောင်းဖြစ်၏။

စခရင်တွင် တလက်လက်တောက်ပပြီး လှပသည့် ပုံရိပ်များကို မမြင်တွေ့သည့်နှယ် ချန်ယွီ့က ခေါင်းငုံ့ပြီး ဖုန်းပွတ်ရင်း အလုပ်များနေသည်။

ချန်ယွီ့က သူမကို လျစ်လျူရှုထားတာမြင်တော့ မမကျန်း၏ လေသံက အနည်းငယ် မပျော်မရွှင် ဖြစ်လာခဲ့သည်။

“ ဒေါက်တာချန် … နင် ယောက်ျားမဟုတ်ဘူးလား … ငါနင့်ကို ကိုက်စားမှာ ကြောက်နေတာလား …”

“ နင် ငါ့ဆီ လာခဲ့တာနဲ့ နင် တစ်သက်လုံး ဖြုန်းမကုန်မယ့် ပိုက်ဆံတွေ၊ စည်းစိမ်တွေ ရစေရမယ်လို့ အာမခံတယ် ….”

“ ဆောရီး … ကျုပ်က လူနာတွေကို ကျုပ်ပညာပဲ ရောင်းတယ် … ကျုပ်ခန္ဓာတော့ မရောင်းဘူး ….”

ချန်ယွီ့က ခေါင်းမော့ပြီး အပြုံးမမည်သည့် အပြုံးမျိုးဖြင့် ခွန်းတုံ့ပြန်လိုက်သည်။

“ ခင်များ အခုချိန် ကုသမှု ခံယူမယ်ဆိုရင် ကယ်လို့ အချိန်မီသေးတယ်နော်….”

“ ခင်များရဲ့ လမ်းကို ခေါင်းမာမာနဲ့ ဆက်လျှောက်နေဦးမယ် ဆိုလို့ကတော့ … ခင်များ ကျိန်းသေပေါက် နောင်တရလိမ့်မယ် …”

“ ဟယ် ဘယ်လိုဟာသကြီးလဲ … တို့က ရူးနေတာ မဟုတ်ဘူး … နင် ကုသပေးတာလည်း မလိုဘူး …”

“ နင်က ငါ့ကောင်လေး မဖြစ်ချင်ဘူးဆိုမှတော့ နင့်ကို အခက်တွေ့အောင် လုပ်မနေတော့ပါဘူးလေ …”

“ လူတော်တော်များများ ပြောကြတာ နင်က ဆန်းကြယ်တဲ့လူဆိုပဲ … နင်က သူများတွေရဲ့ အတိတ်ကို ခန့်မှန်းနိုင်တယ်ဆို ….”

“ ငါ့ အတိတ်အကြောင်း ပြောပြပြီး တို့ပျော်ရွှင်အောင် လုပ်ပေးပါလား …”

“ ခင်များက အဲ့လို တောင်းဆိုမှုမျိုး လုပ်လာတယ်ဆိုတော့ … ကျုပ်ဘက်က ခင်များ စိတ်ကျေနပ်အောင် လုပ်ပေးနိုင်ပါတယ် …” ချန်ယွီ့ ပြောလိုက်ပြီး “ ဒါပေမယ့် ခင်များ ပိုက်ဆံတော့ အရင်ချေဖို့လိုမယ် …”

“ ယွမ် တစ်သောင်းဆိုတာ တို့အတွက် သမုဒ္ဒရာထဲက ရေတစ်စက်စာလောက်လေးပဲ ရှိတာ ….”

မမကျန်းက ထိုသို့ဆိုပြီးနောက် ချက်ချင်းပဲ ချန်ယွီ့ထံသို့ ယွမ်တစ်သောင်း လွှဲပေးလာခဲ့သည်။

“ ခင်များမိသားစုရဲ့ အခြေအနေက အကောင်းစားကြီး မဟုတ်ဘူးဆိုပေမယ့် ဆိုးတာထက်တော့ သာပါသေးတယ် …”

“ ခင်များ ငယ်စဉ်လေးကတည်းက ခင်များ မိဘတွေက ခင်များကို ခါးသီးမှုတွေ မခံစားစေခဲ့သလို သူများတွေအောက် မလျော့တဲ့ မုန့်ဖိုးလည်း အမြဲတမ်းပေးတယ် …”

“ သူတို့တွေ ခင်များ လိုချင်တာ မှန်သမျှ ဖြည့်ဆည်းပေးတယ် …”

“ ဒါပေမယ့် ခင်များကတော့ အဲ့လောက်လေးနဲ့ မကျေနပ်နိုင်ဘူး … ဘီလီယမ်နာ သူဌေးကြီးတွေရဲ့ ဘဝကို အားကျပြီး သူတို့လိုမျိုး ဇိမ်ခံချင်တယ် … စည်းစိမ်ပြည့်ဝနေတဲ့ ဘဝမျိုးကို ခင်များ လိုချင်တယ် ….”

“ ဒါပေါ့ … ခင်များမိသားစုရဲ့ အနေအထားက ခင်များလိုချင်တဲ့ စည်းစိမ်တွေကို ဖြည့်ဆည်းပေးဖို့ တတ်နိုင်တဲ့အနေအထား ဘယ်ရှိမှာ …”

“ ခင်များ အရွယ်ရောက်လာတော့ လူ့အသိုင်းအဝိုင်းကြီးထဲ ဝင်ရောက်ပြီး စီးပွားရေး လုပ်ငန်းအကြီးကြီးတွေလုပ် ၊ စီးပွားရေး လုပ်ငန်းရှင် သူဌေးမကြီး ဖြစ်ချင်တဲ့ အိပ်မက်တွေ ခင်များမှာ ရှိတယ် ….”

“ ကံဆိုးချင်တော့ ခင်များမှာ စီးပွားရေးလုပ်ငန်းလုပ်ဖို့ ပါရမီဆိုတာ ပါမလာဘူး …”

“ ဘယ်လို စီးပွားရေး လုပ်ငန်းမျိုးကိုပဲ လုပ်လုပ် … စလုပ်တာနဲ့ အရင်းပါပြုတ်တယ် …”

“ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်မှပဲ ခင်များ အခွင့်အရေး တစ်ခုကို စပြီး ဖမ်းဆုပ်မိတယ် …”

“ ၂နှစ် ကနေ ၃ နှစ်အတွင်းမှာပဲ ခင်များက တစ်ပြားမရှိတဲ့ ဘဝက‌နေ သန်းနဲ့ချီ ကြွယ်ဝတဲ့ မီလီယမ်နာကြီး ဖြစ်လာခဲ့တယ် …”

“ ဟားဟားဟား …..”

မမကျန်းက ရုတ်ချည်း ကျယ်လောင်စွာ ရယ်မောလာခဲ့သည်။

“ နင်က သူများတွေ ပြောသလိုမျိုး ဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး … တကယ်လည်း အတိတ်ကို မြင်နေနိုင်တာပဲ …”

“ ဆက်ပါဦး … တို့သဘောကျတယ် … နင့်ကို မုန့်ဖိုးပေးမယ် …”

မမကျန်းက ဤအတွေ့အကြုံကို အင်မတန် နှစ်သက် သဘောကျနေဟန်ရှိပြီး ချန်ယွီ့ကို ကာနီဗယ် လက်ဆောင်များ ဆုပေးလိုက်သည်။

အခု ၅၀ လောက် ပေးပြီးခါမှ ရပ်တန့်သွားခဲ့၏။

“ ဘယ်လို စီးပွားရေး လုပ်ငန်းမို့လို့ ဒီလောက်တောင် ကြီးပွားနေရတာလဲ … ၊ မမ … ကျွန်တော့်ကို ဂိုက်လေး တစ်ချက်လောက်ပါ …”

“ ၃ နှစ်အတွင်းမှာပဲ သန်းကြွယ်သူဌေးမကြီး ဖြစ်လာတယ်ဆိုတော့ …. ဧကန္တ သူဌေးကြီးတစ်ယောက်ယောက်ရဲ့ စပွန်ဆာ လုပ်နေတာများလား ….”

“ သူ့ရဲ့ မောက်မာတဲ့ မျက်နှာထိ မျက်နှာထားကြီးကို သေချာကြည့် …၊ အဲ့လို အလုပ်မျိုး လုပ်စားမယ့်လူလို့ ထင်လား ….”

“ ဒီနေ့ခေတ်ကြီးမှာ လူတိုင်း ပိုက်ဆံတွေရှာပြီး သူဌေးဖြစ်နိုင်တယ် … ရိုးသားတဲ့ လူတွေကလွဲလို့ပေါ့ …”

“ ကြားရတာ ကြက်ဟင်းခါးသီး စားလိုက်ရသလိုပဲ ….”

“ ဒေါက်တာချန် လုပ်ပါဦးဗျို့ … ကျုပ်တို့လည်း စိတ်ဝင်စားလွန်းလို့ ဖင်တကြွကြွ ဖြစ်နေပြီ …”

“ အမှန်ပဲ … ကြည့်ရှုသူတွေလည်း စိတ်လှုပ်ရှားနေကြမယ်ဆိုတာ ကျိန်းသေတယ် …”

“ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တုန်းက …” ချန်ယွီ့က အဓိပ္ပာယ်ပါပါနှင့် စကားချီလိုက်ပြီး “ သူငယ်ချင်းတစ်ယောက်ရဲ့ မိတ်ဆက်ပေးမှုကနေတစ်ဆင့် ဆောက်လုပ်ရေး ကုမ္ပဏီရဲ့ အိမ်တွေ ဝယ်ယူခြင်းကို ခံရပြီး ပြန်လည်နေရာချထားခံရတဲ့ မိသားစုတစ်ချို့နဲ့ ခင်များ သိကျွမ်းသွားတယ် …”

“ အဲ့ဒီကနေတစ်ဆင့် အပြောအဟောကောင်းတဲ့ အပေါင်းအပါ တစ်ချို့နဲ့အတူ ငွေကြေးရင်းနှီးမြုပ်နှံမှု ကုမ္ပဏီထောင်ဖို့ ဖြစ်လာတယ် ….”

“ စီးပွားဖြစ် ပရောဂျက်အမျိုးမျိုး ရင်းနှီးမြုပ်နှံဖို့ဆိုတဲ့ ဆင်ခြေကို သုံးပြီး အဲ့ဒီ ပြန်လည်နေရာချထားခြင်း ခံရတဲ့ အိမ်ထောင်စုတွေရဲ့ မိသားစုဝင်တွေကို သူတို့ရဲ့ ပိုက်ဆံတွေ ရင်းနှီးမြုပ်နှံမယ်ဆိုရင် အတိုးနှုန်း ကောင်းကောင်းနဲ့ ပြန်ရမယ်လို့ ကတိပေးတယ် …”

လက်သုံးချောင်းထောင်ပြီး ချန်ယွီ့ စကားဆက်ပြောသည်။ “ လတိုင်း ၃ ကျပ်တိုး ရမယ်ဆိုတဲ့ ကတိနဲ့ တစ်နှစ်အတွင်းမှာ ခင်များတို့ အုပ်စုက ယွမ် သန်းချီ ရလိုက်တယ် ..”

“ အဲ့နောက်မှာ ခင်များတို့ရဲ့ ပစ်မှတ်က ပြန်လည်နေရာချထားခြင်း ခံရတဲ့လူတွေကိုပဲ မဟုတ်တော့ဘူး … ဗဟုသုတခေါင်းပါးပြီး လက်ထဲမှာ ပင်စင်စုငွေတွေ အများကြီး ရှိတဲ့ သက်ကြီးပိုင်းတွေကိုပါ ပစ်မှတ်ထားလာတယ် …”

“ ဟာ … သူက အလိုရှိ ရာဇဝတ်သား ကျန်းလီပဲ ….”

ပိုက်ဆံပေးထားသည့် ကွန်းမန့်တစ်ခုက အာမေဋိတ်သံဖြင့် တအံ့တဩ ရေးသားပေးပို့လာခဲ့သည်။

များမကြာခင်တုန်းကပဲ အနှီ ကြည့်ရှုသူ၏ မြို့တွင် ငွေကြေးအလွဲသုံးစားလုပ်သည့် ကုမ္ပဏီတစ်ခုကို ဖြိုခွင်းခဲ့သည်။

တရားမဝင် ရန်ပုံငွေများ စုဆောင်းခြင်းဖြင့် ကုမ္ပဏီက ၂ နှစ်အတွင်းမှာပဲ ပင်စင်စားများနှင့် အိမ်ရာမြေပြန်လည်နေရာချထားခြင်း ခံရသည့် အိမ်ထောင်စုများထံမှ ယွမ် သန်း ၂၀၀ နီးနီးကို လိမ်လည်နိုင်ခဲ့ည်။

သတင်း ဘယ်နားကနေ ပေါက်ကြားသွားလဲ မသိပေမယ့် အဖမ်းမခံရမီ နာရီအနည်းငယ် အလိုတွင် မမကျန်းနှင့် အပေါင်းအပါ တစ်ချို့က ကြက်ပြေး၊ ငှက်ပြေး ၊ ပြေးသွားကုန်ကြသည်။

ယခု အလိုရှိ ပိုစတာများကို မြို့ထဲ လမ်းကြို၊လမ်းကြားများပါမကျန် ကပ်ထားလေသည်။

သူမ၏ အထောက်အထား ဖော်ထုတ်ခံလိုက်ရပြီ ဆိုတာကို သိရှိသွားသော်ငြားလည်း မမကျန်းက ခေါ်ဆိုမှုကို ရပ်တန့်မသွားဘဲ သူမ၏ မျက်နှာမာ့စ်ကို ချွတ်လိုက်၏။

“ ဟယ်လို ဘေဘီလေးတို့ …. တစ်လောကလုံးက ငါ့ကို လိုက်ရှာနေတယ်လို့ ကြားမိတယ် … ငါအခု ဒီမှာလေ ….”

မမကျန်းက အပြုံးကြီးဖြင့် စခရင်သို့ လက်ဝှေ့ယမ်းပြလျက် ရှိသည်။

“ အိုး ဒါနဲ့ ငါ့ကို အလုပ်ရှုပ်ခံပြီး လိုက်ရှာမနေကြနဲ့တော့ ဟုတ်ပြီလား … ငါ အခု နိုင်ငံထဲမှာ မဟုတ်တော့ဘူး ….”

“ လိမ်ခံလိုက်ရတဲ့ ကလေးလေးတို့လည်း ဒီလောကကြီးထဲမှာ အလကား ရတဲ့ နေ့လည်စာမရှိဘူးဆိုတာ သင်ခန်းစာယူကြပေါ့ဟယ် ….”

“ နင်တို့ ပေးကြတဲ့ ပိုက်ဆံတွေကိုတော့ ကျူရှင်ကြေး ပေးတယ်ပဲ မှတ်လိုက်ပေါ့ …”

ကြည့်ရှုသူများအားလုံး ကြက်သေသေသွားကြသည်။

သူတို့တွေ လူလိမ်များစွာကို မြင်တွေ့ဖူးခဲ့သော်လည်း ဤမျှ မောက်မာသည့် တစ်ယောက်ကိုတော့ မမြင်တွေ့ဖူးကြချေ။

မမကျန်းနဲ့ လယ်ဗယ်တန်းတူ မောက်မာနိုင်လောက်သူက ငွေရောင်လှံ အာဏာရှင်လေးတစ်ယောက်တည်းသာ ရှိကောင်းရှိနိုင်မည်။

သို့ပေမယ့် ငွေရောင်လှံ အာဏာရှင်လေးသည်လည်း ချန်ယွီ့နှင့် တွေ့ဆုံပြီးနောက်တွင်တော့ ဇာတ်သိမ်းမလှခဲ့ပေ။ မမကျန်းကိုလည်း စောင့်ကြည့်စာရင်းထဲ ထည့်သွင်းထားသင့်၏။

“ မင်းသာ တကယ်လို့ အမေရိကားတို့ ဘာတို့ ထွက်ပြေးသွားခဲ့ရင် ငါတို့က ဘာမှလုပ်နိုင်မှာ မဟုတ်ဘူးဆိုပေမယ့် ဒါပေမယ့် တကယ်ကြီးလား … ငါတို့နဲ့ အိမ်နီးနားချင်း ကပ်လျက် နိုင်ငံကိုပေါ့လေ … မင်းထင်နေတာ ကျောက်ကပ်တွေ အများကြီး ရိတ်သိမ်းလို့ရမယ်များ ထင်နေလား …”

“ ဒေါက်တာချန်ရဲ့ လိုက်စထွင်းထဲ ရောက်လာသူတွေထဲမှာ သူ့ထက် မောက်မာသူတွေလည်း ဒုနဲ့ဒေးပါကွာ … ဒါပေမယ့် သူတို့အကုန် ဖမ်းခံလိုက်ကြရတာချည်းပဲ မဟုတ်ဘူးလား …”

“ ဂဏန်းကိုးလုံးကျော် လိမ်ခဲ့တဲ့သူတောင် ဖမ်းခံလိုက်ရတာကို မင်းကိုယ်မင်း ဘာကောင်လို့များထင်နေလဲ … ဟမ် ကောင်မ …”

“ မိန်းမငယ်လေး … မင်း အရမ်း မမောက်မာစမ်းနဲ့ ….”

“ မမောက်မာရင်လည်း လူငယ်မဟုတ်တော့ဘူးလေ …”

“ မင်းရဲ့ အခုလို အနေအထားလောက်လေးနဲ့ လေကြီးနေမယ့်အစား နောက် အနှစ် တစ်သန်းလောက်အထိ သိုသိုသိပ်သိပ် နေသင့်တယ် …”

ကွန်းမန့်များ ဖတ်နေရင်း မမကျန်း၏ အပြုံးက ပျောက်ကွယ်မသွားခဲ့ချေ။

“ နင်တို့ ဘေဘီလေးတွေက ငါနဲ့ မခွဲရက်ဘူးဆိုရင် ငါ့ရဲ့ ပရိုဖိုင်ကို နှိပ်ပြီး ဖော်လိုလုပ်ထားလို့ရတယ်နော်… မရှက်ကြနဲ့ …”

“ ငါ့ကို မျက်ခြေအပြတ်လည်း မခံနဲ့ …”

“ ချစ်တုံးလေးတွေကို မမြင်ရရင် ငါလည်း စိတ်မကောင်းဘူး … ဝမ်းနည်းတယ် …”

ပြောပြီးနောက် မမကျန်းက ချန်ယွီ့ကို ပြုံးပြလိုက်သည်။ “ လူကြီးမင်းချန် … ငါ ကြားဖူးတာတော့ နင်က ရာဇဝတ်မှုတွေ အများကြီးကို နင့် လိုက်စထွင်းထဲမှာ ဖော်ထုတ်ခဲ့တယ်ဆိုပဲ …”

“ ငါ့ကိုလည်း ရာဇဝတ်သားတစ်ယောက်အနေနဲ့ သတ်မှတ်လို့ရတယ် … နင် ဖော်ထုတ်ပေးစရာ မလိုဘူး … ငါ့ဘာငါ ဖော်ထုတ်မယ် …”

“ နင်တို့တွေ ငါ့ကို လူလိမ်ဆိုပြီး သိကြတော့ရော ဘာဖြစ်လဲ …”

“ နင်တို့ နိုင်ငံထဲက ရဲတွေက ငါ့ကို ဖမ်း လို့ မ ရ ဘူး …”

All Chapters