မစ်ရှင်ပြီးမြောက်၊ ငွေစတီးလက်ကောက်
Vol. 19 Ch. 186
ရဲကားတွေ အများကြီးပဲ သူတို့ ဘာလုပ်ကြမလို့ပါလိမ့် …
ကြည့်ရသလောက်ကတော့ သူမဆီ ဦးတည်နေတယ်ဆိုတာတော့ သေချာတယ် …
မမကျန်းမှာ မသိစိတ်အလျောက် ထွက်ပြေးချင်ပါသော်လည်း ခြေတစ်လှမ်း နောက်ကျသွားခဲ့သည်။
ရဲကားအများအပြားက သူမကို ဝန်းရံထားလိုက်ပြီး ဒေသခံ ရဲယူနီဖောင်းဝတ် ရဲအရာရှိ အများအပြားက ဆင်းလာကြသည်။
တစ်ချိန်တည်းတွင် အနက်ရောင် SUV ၏ ကားတံခါး ပွင့်ဟလာခဲပြီး သာမန် အရပ်ဝတ်နှင့် လူအများအပြား ထွက်လာသည်။
“ ကျန်း XX … မင်းကို တရားမဝင် ငွေကြေးအလွဲသုံးစားလုပ်မှုနဲ့ ဖမ်းဆီးလိုက်ပြီ … ဒါက ဖမ်းဝရမ်းပဲ …”
ရှပ်အဖြူ၊ အနက်ရောင် ဘောင်းဘီနှင့် သက်လတ်ပိုင်း အမျိုးသား တစ်ဦးက စက္ကူစာရွက်တစ်ရွက်က တည်တံ့သည့် အမူအရာဖြင့် ထုတ်ပြလိုက်သည်။
သူပြောသည့် စကားလေသံက မန်ဒရင်း ဘာသာစကားဖြစ်ပြီး ဖမ်းဝရမ်းကလည်း တရုတ်စာလုံးများနှင့်ပင်။
အနှီ ကားထဲမှ ထွက်လာသူ အကုန်လုံးက ပြည်မကြီးထဲက ရဲအရာရှိများ ဖြစ်ကြ၏။
မမကျန်း၏ အမူအရာမှာ သရဲသဘက်ကို တွေ့မြင်လိုက်ရသည့်နှယ် ကြောက်ရွံ့တုန်လှုပ်သွားခဲ့သည်။
ဘာလို့လဲ …
သူမက အားလုံး စီစဉ်ထားပြီးသားလေ …
တကယ်လို့ ပြည်မရဲတွေ သူမဆီ လာဖမ်းမယ်ဆိုရင် ဒေသခံ လက်နက်ကိုင် တစ်ဖွဲ့ဖွဲ့က သူမကို ကျိန်းသေပေါက် သတင်းပေးလာမှာပဲ …
အခုက သောက်လခွမ်းတွေလို ဖြစ်နေတာလား …
နောက်တစ်စက္ကန့်၌ အေးစက်သည့် လက်ထိပ်တစ်စုံက မမကျန်း၏ လက်ကောက်ဝတ်သို့ ကျရောက်လာခဲ့သည်။
သူမ၏ ဖုန်းလည်း သိမ်းယူခြင်း ခံလိုက်ရ၏။
ကင်မရာရှုထောင့်ကြောင့် မမကျန်း၏ ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ကြရသည်။
ဤသည်ကို မြင်တော့ လိုက်စထွင်းထဲ အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့လေသည်။
“ မမကျန်း … ငါတို့နိုင်ငံသားတွေက သိပ်ကို ဖော်ရွေတာနော်… စစတွေ့တာနဲ့ပဲ စတီးလက်ကောက် လက်ဆောင်ပေးလာတယ် …”
“ နောင်ကျ မင်းကို ကာကွယ်ပေးဖို့ဆိုပြီး သံတိုင်အနောက်မှာ ထားပေးဦးမှာကို မြင်ယောင်ပါသေးရဲ့ … ဟားဟားဟား …”
“ ဒီကောင်မ ဖမ်းခံရတာ နည်းတောင်နည်းသေးတယ် … စောက် သတိလေးမှ မရှိတာ …”
“ လူတွေက ဘဝင်မြင့်လာပြီဆိုတာက သူတို့ဦးနှောက်တွေ ပျက်ကုန်ကြလို့လေ …”
“ ချီးပဲ … ငါက အင်တာနက် ဆယ်လီ တစ်ယောက်ယောက် နာမည်ကြီးချင်လို့ ဇာတ်လမ်းထွင်ထားတယ်မှတ်တာ ဒါ တကယ်ကြီးလားဟ … တော်သေးတယ် … စောနက ဇာတ်ညွှန်းရေးတဲ့ကောင် ဘယ်ကောင်လဲဆိုပြီး ဆဲမိတော့မလို့ ….”
“ ဟားဟား .. ရယ်လိုက်ရတာ … စောနတုန်းကပဲ အသင့်အစားအစာတွေလို အစုတ်အပြတ်တွေကို မစားဘူးလို့ ပြောနေတဲ့လူက အခုတော့ ဘာပြောနိုင်သေးလဲ …”
ထိုအချိန်၌ မမကျန်း၏ မျက်နှာထက်တွင် ၊ ကြောက်လန့်မှု၊ ရှော့ခ်ရမှု၊ ထိတ်ထိတ်ပျာပျာ ဖြစ်မှုတို့ဖြင့် ပြည့်နှက်နေသည်။
ကြည့်ရှုသူများကို လှောင်ပြောင်နေစဉ်တုန်းက မျက်နှာထားနှင့် လုံးဝ ကွာခြားနေခဲ့၏။
မကြာမီ လိုက်စထွင်းမှာ ကသောင်းကနင်းဖြစ်သွားခဲ့ပြီး ကြည့်ရှုသူ အသစ်များက ဖြစ်စဉ်တစ်ရပ်လုံးကို သေချာ မသိလိုက်ဟု ဆိုနေကြသည်။ ကြည့်ရှုသူ အဟောင်းများက အသေးစိတ်နှစ်ချက်ကို ထောက်ပြကြ၏။
လိုက်စထွင်း စတင်သည့် အချိန်မှာပဲ ချန်ယွီ့က ခေါင်းငုံ့၍ ဖုန်းကြည့်နေခဲ့သည်။
အစောပိုင်းတွင်တုန်းကလည်း ချန်ယွီ့က တစ်ဖန် ခေါင်းငုံ့၍ သူ့ဖုန်းကို ကြည့်နေခဲ့၏။
အဖြေက တစ်ခုတည်းသာလျှင် ရှိသည်။
မမကျန်းက လူလိမ်ဆိုတာကို ချန်ယွီ့ အစတုန်းကတည်းက သိရှိနေပြီး သူမပုန်းအောင်းနေသည့် တည်နေရာအတိအကျကိုပါ သိရှိနေခြင်းပင်။
ထို့ကြောင့် ရဲစခန်းသို့ မက်ဆေ့ချ်ပို့လိုက်ခြင်း ဖြစ်ရပေမည်။
“ ဒေါက်တာချန် … ငါတော့ ငါတို့နိုင်ငံက ရဲတွေမှာ နေရာခုန်ကူးနိုင်တဲ့ အစွမ်း ရှိမယ်လို့တော့ မထင်ဘူး … ဘာလို့ အဲ့လောက်အမြန်ကြီး ဖမ်းမိသွားတာလဲတဲ့ …”
“ ဖြစ်နိုင်တာ ရဲဘက်က သူ့ကို အချိန်အတော်ကြာကတည်းက ပစ်မှတ်ထားနေခဲ့တာများလား … သူနဲ့ သူ့ အပေါင်းအပါတွေကို ဖမ်းမိဖို့အတွက် ရေရှည်ပလန်တွေ ဆွဲထားတာမျိုးလေ ….”
“ ပြောသွားတာ အဓိပ္ပာယ်ရှိတယ် အပေါ်ကလူ …”
“ ယွမ် နှစ်သိန်းလောက် လိမ်ရင်ကိုပဲ ဆယ်နှစ်လောက် ထောင်ထမင်းဟင်း စားရမှာကို အခုက သန်းဆယ်နဲ့ချီဆိုတော့ တစ်သက်လုံး ထောင်ထဲ နေသွားဖို့ပဲ ရှိတော့တယ် …”
စကားပြောခန်းထဲရှိ အမျိုးမျိုးသော ကွန်းမန့်များကို ကြည့်ရင်း ချန်ယွီ့ ညင်သာစွာပြုံးလျက် “ အားလုံးပဲ … ခန့်မှန်းတာတွေ လုပ်မနေကြနဲ့တော့ … ငါမင်းတို့ကို အဖြေပြောပြမယ် …”
သူ ဤစကားမျိုး ပြောလိုက်သူနှင့် ကွန်းမန့်အရေအတွက်က ချက်ချင်း လျော့ပါးသွားခဲ့သည်။
လူတိုင်းက နားရွက်များစွင့်၍ စကားတစ်လုံးတစ်လေကိုမျှ လွဲချော်မှုမရှိစေရန် အာရုံစိုက်နေကြတော့၏။
“ အဲ့အမျိုးသမီး အကြောက်အလန့်ကင်းနေတယ်ဆိုတာ အဲ့နိုင်ငံက ဒေသခံ အာဏာပိုင်တွေကို လာဘ်ထိုးထားလို့ပဲ …”
“ ငါတို့လူတွေ နယ်ခြားစည်းကို ဖြတ်ကျော်ပြီး သူ့ကို လာရှာဖို့ဆို ဒေသခံ အာဏာပိုင်တွေနဲ့ အဆက်အသွယ်လုပ်ရမှာက မလွဲမသွေပဲ …”
“ အဲ့ဒီအချိန်ကျရင် သူ့လူတစ်ယောက်ယောက်က သတင်းလာပို့ပေးမယ် …”
“ ဒါပေမယ့် သူ မျှော်လင့်မထားခဲ့တာ ငါတို့နိုင်ငံက နယ်ခြားတိုင်းပြည်ထဲ ပြေးသွားတဲ့ ရာဇဝတ်ကောင်တွေကို ဖမ်းဆီးဖို့အတွက် အရင် ၂ နှစ်ကတည်းကစပြီး အဲ့နိုင်ငံထဲကို ရောက်နှင့်နေပြီးသားဆိုတဲ့ အချက်ပဲ …”
“ အိမ်နီးနားချင်း နိုင်ငံတွေအပေါ် ငါတို့နိုင်ငံရဲ့ လွှမ်းမိုးမှုက တဖြည်းဖြည်းနဲ့ တိုးပွားလာနေပြီ …”
“ နယ်ခြားတိုင်းပြည်ကို ထွက်ပြေးတာကလည်း ငါတို့ နိုင်ငံထဲက တခြားတစ်နေရာကို ထွက်ပြေးသွားတာနဲ့ ခြားနားမှာ မဟုတ်ဘူး …” ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်ပြီး “ ဆိုလိုချင်တဲ့ သဘောက သူ ရက်အနည်းငယ်လောက်တော့ လွတ်လပ်မှုရဲ့ အရသာကို ခံစားကြည့်လို့ရမယ် … ဒါပေမယ့် ဖမ်းဆီးရတော့မယ့်အချိန်ကျရင်တော့ ဘယ်လိုနည်းနဲ့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး …”
“ သူ ပထမတစ်ခေါက် အင်တာနက်ပေါ်မှာ ပြက်ရယ်ပြုတဲ့ ဗွီဒီယိုတစ်ပုဒ်ကို တင်ပြီးကတည်းက အာဏာပိုင်တွေကို သူ့အပေါ် အာရုံစိုက်ထားပြီးသား …”
“ သူတို့ဘက်က နယ်ခြားမျဉ်းကို ဖြတ်ပြီး ဖမ်းဆီးဖို့အတွက် လက်ရွေးစင် စစ်သားတွေကိုပါ စီစဉ်ထားခဲ့သေးတယ် …”
ချန်ယွီ့၏ ခန့်မှန်းမှုတို့က မှန်ကန်သည်။
သူတို့ချင်း ဆက်သွယ်မှု ချိတ်ဆက်သွားသည်နှင့် မမကျန်း၏ ထွက်ပေါ်လာမှုက ကောင်းကင်လျှို့ဝှက် နည်းဗျူဟာမှတစ်ဆင့် ထူးခြားနေသည်ကို မြင်တွေ့ခဲ့ရသည်။
သူ သေချာအောင် သုံးလေးချက်မျှ သေချာကြည့်ပြီး သူမ၏ အထောက်အထားနှင့် ကံကြမ္မာကို အတည်ပြုပြီးနောက် ကုသိုလ်ကောင်းမှုအတွက် သူမကို တိုင်တန်းလိုက်၏။
ဤသို့သော ကိစ္စမျိုးကို ဘယ်နှကြိမ်ပဲ လုပ်ရလုပ်ရ၊ ချန်ယွီ့ ပင်ပန်းသွားမှာ မဟုတ်ပေ။
သူ လီချန်ကျွင်းထံသို့ မက်ဆေ့ချ်ပို့၍ ဒေသခံ ရဲတပ်ဖွဲ့ကို ဆက်သွယ်ရန် ပြောဆိုပြီး မမကျန်း၏ တည်နေရာအတိအကျကို ၎င်းတို့ထံ သတင်းပေးခိုင်းလိုက်သည်။
တကယ်တမ်းကျတော့ ….
အကယ်၍ ချန်ယွီ့က သူမကို မတိုင်ကြားခဲ့လျှင်ပင် မမကျန်းက သုံးရက်နေပြီးနောက် ကာစီနိုတွင် ဖမ်းဆီးခံလိုက်ရမှာဖြစ်၏။
တစ်ခုတည်းသော ကွာခြားချက်က အချိန်နှင့် တည်နေရာပတ်ဝန်းကျင်မျှသာ။
“ ဒေါက်တာချန် … ဒီရဲ့ လူလိမ်မက ယွမ် သန်းနဲ့ချီ လိမ်သွားတာကို ဉာဏ်ကောင်းတဲ့ အမျိုးအစားတော့ ဖြစ်လောက်မှာပါ … အဲ့တာကို ဘာလို့ အမေရိကားတို့ ဘာတို့ဆီ ထွက်မပြေးတာလဲတဲ့ …”
ကြည့်ရှုသူ တစ်ဦးက ရှုပ်ထွေးနေသည့် လေသံဖြင့် မေးမြန်းလာခဲ့၏။
မမကျန်းဆိုတဲ့ လူလိမ်အမျိုးသမီးက ငွေ သန်းနဲ့ချီ လိမ်လည်သွားပြီး အိမ်နီးချင်း နိုင်ငံငယ်လေးမှာ သွားပုန်းနေတယ် … ပြီးတော့ အဲ့နိုင်ငံကလည်း သူတို့နိုင်ငံလိုမျိုး ထူးမခြားနား ဖြစ်နေတဲ့ နိုင်ငံကိုလေ …
“ သူ သွားချင်တယ် … “ ချန်ယွီ့ ညင်သာစွာ ပြုံးလျက် ဆိုလိုက်ပြီး “ ဒါပေမယ့် လမ်းတစ်ဝက်မှာ လုပ်ကြံခံရမှာကို ကြောက်လို့ …”
ဤသည်ကို ကြားတော့ ကြည့်ရှုသူများက ရှုပ်ထွေးသွားခဲ့ကြ၏။
ဘာကြောင့်လဲ… နိုင်ငံချင်း အဆင်မပြေမှုကြောင့်လား …
စခရင်ပေါ်ရှိ မေးခွန်းသင်္ကေတများကို မြင်တော့ ချန်ယွီ့ ရှင်းပြလိုက်သည်။ “ တကယ်လို့ သူသာ အမေရိကားကို တရားဝင်လမ်းကြောင်းကနေ သွားမယ်ဆိုရင် လုပ်ထုံးလုပ်နည်းတွေက အတော်လေးကို ဇယားရှုပ်တယ် … ပြီးတော့ ရာဇဝတ်မှုတွေ လုပ်ပြီး နိုင်ငံခြားကို ထွက်ပြေးကြတဲ့လူက သူ တစ်ယောက်တည်းပဲ မဟုတ်ဘူးလေ …”
“ နောက်ပြီး … သူ ဘယ်နေရာမှာ ရှိနေလဲဆိုတဲ့အရာက ဗီဇာပေါ်မှာ ပြနေမယ် …”
“ အဲ့လိုတွေ မဖြစ်ချင်ပဲ အမေရိကားကို ထွက်ပြေးချင်တယ် ဆိုရင်တော့ ကုန်းကြောင်း ၊ ဒါမှမဟုတ် ရေကြောင်းကနေ ခိုးဝင်လို့ပဲရမယ် ….”
“ အဲ့ နှစ်နည်းကို သုံးရင်လည်း သေဆုံးမှုနှုန်းက အတော်လေးကို မြင့်မားတယ် …” ချန်ယွီ့ ပခုံးတွန့်လျက် ပြောဆိုလိုက်ပြီး “ ပြီးတော့ သူနဲ့အတူ ပိုက်ဆံတွေပါလာတာကလည်း မနည်းဘူးလေ … သူက အလိုရှိ ရာဇဝတ်သားတစ်ယောက် ဖြစ်နေတယ်ဆိုတာကို သူများတွေသိရင် မိနစ်ပိုင်းအတွင်း အသတ်ခံလိုက်ရမှာပေါ့ ….”
ချန်ယွီ့၏ အဖြေက ကြည့်ရှုသူများကို နားလည်သဘောပေါက်သွားစေခဲ့သည်။
“ ကောင်းကင်ရဲ့ လက်တံက ရှည်လျားတယ် …” ချန်ယွီ့က အဓိပ္ပာယ်ပါပါနှင့် စကားဆက်လိုက်ပြီး “ မင်းတို့က ဥပဒေကို ချိုးဖောက်မယ်ဆိုရင် ခေတ္တခဏလောက်လေးတော့ ပုန်းရင် ပုန်းနိုင်လိမ့်မယ် … ဒါပေမယ့် တစ်သက်လုံးတော့ ပုန်းနိုင်မှာ မဟုတ်ဘူး ….”
“ စောနက လူနာက အကောင်းဆုံး ဥပမာပဲ …”
“ သူက နိုင်ငံခြားမှာ ပူပင်ကြောင့်ကြမဲ့တဲ့ ဘဝနဲ့ နေထိုင်နိုင်မယ်ဆိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်ချက် အပြည့်အဝရှိတယ် …”
“ ဒါပေမယ့် တကယ်တမ်း စောင့်ကြိုနေခဲ့တာက ရှည်ကြာတဲ့ ထောင်ဒဏ်ကာလပဲ …”
မမကျန်း၏ ကံကြမ္မာကို ရှင်းပြပြီးနောက် ချန်ယွီ့ ပြုံးလိုက်ပြီး “ ငါ့ရဲ့ လိုက်စထွင်းကို ကြည့်ရှုကြတဲ့ လူတွေလည်း တရားဥပဒေ လိုက်နာတဲ့ နိုင်ငံသားကောင်းတွေ ဖြစ်ကြမယ်လို့ မျှော်လင့်တယ်နော်….”
ဤစကား ပြောပြီးနောက် ချန်ယွီ့က နောက်လူနာတစ်ယောက်ကို ထပ်မံ၍ ဖိတ်ခေါ်လိုက်သည်။
ခေတ္တမျှ ကြာပြီးနောက် …
မျက်ခုံးထူထူ၊ မျက်လုံးကြီးကြီး၊ ကောင်းမွန်စွာ ဝတ်စားထားသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက စခရင်တစ်ဘက်ခြမ်းတွင် ထွက်ပေါ်လာသည်။
“ ဒေါက်တာချန် … ငါ အရေးကြီးတဲ့ ကလိုင်းယန့်တစ်ယောက်နဲ့ စီးပွားရေး ဆွေးနွေးဖို့ရှိတယ် …”
“ အဲ့ကိစ္စ အဆင်ပြေပြေနဲ့ အောင်မြင်သွားမလား … ပြီးတော့ ပရောဂျက်ကို အောင်အောင်မြင်မြင်နဲ့ အိတ်နဲ့လွယ်စေနိုင်မလားဆိုတာ တစ်ချက် သုံးသပ်ပေးပါလား …”
သက်လတ်ပိုင်း အမျိုးသား၏ အွန်လိုင်းနာမည်က [ဘဝကြီးက ရေနွေးကြမ်းတစ်ခွက်စာပါပဲ] ဟူသည့် အမည်နှင့်ပင်။
ယခု အကြိမ်က သူ ချန်ယွီ့ လိုက်စထွင်းကို ကြည့်ရှုသူမှာ ပထမဆုံးအကြိမ် မဟုတ်ပေ။
သူက ကျင်လည်စွာဖြင့် တိုင်ပင်ဆွေးနွေးဖို့တောင်းဆိုပြီး သမားခ ယွမ်တစ်သောင်းလည်း အလျဉ်ဦးစွာ ပေးလာသည်။
“ ခင်များ လုပ်နိုင်မှာ မဟုတ်ဘူး …”
“ ဘာကြောင့်လဲ …”
[ဘဝက ရေနွေးကြမ်းတစ်ခွက်စာပါပဲ]က ချန်ယွီ့ကို စိုးရိမ်ကြောင့်ကြစွာ ကြည့်လိုက်သည်။
သက်လတ်ပိုင်း အမျိုးသား၏ မျက်ခုံးနှစ်ဖက် အလယ်တည့်တည့်ကို ကြည့်ရင်း ချန်ယွီ့ ခေါင်းယမ်းပြီး ပြောလိုက်၏။ “ ခင်များက အဲ့ဒီ စီးပွားရေး လုပ်ငန်းတွေ ဆွေးနွေးညှိနှုင်းဖို့တောင် အခွင့်အရေး ရှိမှာမဟုတ်ဘူး …”
“ ခင်များက ပါဝင်ဖို့တောင် အခွင့်အရေး မရှိမှတော့ ဘယ်လိုလုပ် အောင်မြင်နိုင်တော့မှာ …”
“ ဟမ် ….”
[ဘဝက ရေနွေးကြမ်းတစ်ခွက်စာပါပဲ]သည် ထိုစကားကြားတော့ ကြက်သေသေသွားခဲ့သည်။ သူ လွှတ်ခနဲ မေးမြန်းလိုက်မိ၏။ “ ဖြစ်နိုင်တာ ညှိနှိုင်းမှုကို ကြန့်ကြာစေမယ့် မတော်တဆ တစ်ခုခုများ ကြုံတွေ့လာမှာမို့လို့လား ….”
“ အင်း ….”
ခေါင်းညိတ်လျက် ချန်ယွီ့ ဆက်ပြီးပြောသည်။ “ နာရီ အနည်းငယ် အတွင်းမှာပဲ ခင်များကိုယ်တိုင် ဒဏ်ရာပြင်းပြင်းထန်ထန် ရလို့ ဆေးရုံတင်ရတော့မယ် …”
“ မီးလောင်ဒဏ်ရာတွေက ခင်များရဲ့ တစ်ကိုယ်လုံး အနှံ့ပဲ …”