ဆယ်နှစ်ကျော်လောက်ကတည်းက ချထားခဲ့တဲ့ စစ်တုရင် အပိုင်းအစ
Vol. 19 Ch. 188
လက်ရှိ ချန်ယွီ့ ပြောဆိုနေသည်များက နောက် နာရီအနည်းငယ်ကြာပြီးနောက်မှ ဖြစ်ပျက်မည့် အရာများပင်။ ယခုအချိန် ရဲကို ဖုန်းဆက်၍ မည်သို့ အသုံးဝင်လိမ့်မည်နည်း။
ခရီးသည်ထိုင်ခုံအောက်မှာ ဖွင့်ထားတဲ့ ဆီပိုက်က ဒရိုင်ဘာကို ဖမ်းဆီးဖို့ လုံလောက်တဲ့ သက်သေလား …
သက်သတ်ပိုင်း အမျိုးသားက ချန်ယွီ့ကို မျက်ကန်းယုံကြည်သော်လည်း ရဲအရာရှိများကတော့ ယုံကြည်နိုင်ကြမှာ မဟုတ်ပေ။
“ ဟုတ်တယ် ဒေါက်တာချန် … မင်းပြောတာ မှန်တယ် … အခုချိန် ရဲကို ဖုန်းဆက်လိုက်ရင် ငါ ဘာမှ သိရမှာမဟုတ်ဘူး …”
[ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]က သူ့ထိုင်ခုံသို့ ပြန်ထိုင်ချလိုက်၏။
သူ့ ပြိုင်ဘက်ကို မည်သို့ တိုက်ခိုက်ရကောင်းနိုးနိုး အတွေးနက်နေသည်။
စီးပွားရေးသမား…
အထူးသဖြင့် အောင်မြင်နေသည့် စီးပွားရေးသမား တစ်ယောက်က မည်သို့မျှ အားနည်းသည့်လူတစ်ဦး မဟုတ်ပေ။
သက်လတ်ပိုင်း အမျိုးသားက ချန်ယွီ့ရှေ့တွင် ယဉ်ကျေးနေသဖြင့် ယင်းက သက်လတ်ပိုင်း အမျိုးသားသည် ကြင်နာတတ်ပြီး နူးညံ့သည့် အကျင့်စရိုက်နှင့် ရယ်ရယ်မောမော ပြောဆို၍ရသူတစ်ဦးတစ်ယောက်ဟု မဆိုလိုပေ။
“ စိတ်လွန်ဆွဲနေဖို့ မလိုဘူး …” ချန်ယွီ့ ပြောလိုက်ပြီး “ ခင်များကို ထိခိုက်အောင် လုပ်ချင်နေတဲ့လူက ခင်များရဲ့ ပြိုင်ဘက် မဟုတ်ဘူး … တစ်ခြားတစ်ယောက်ပဲ …”
“ တစ်ခြားလူလား …”
[ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]က မေးမြန်းလိုက်၏။ “ ပြိုင်ဘက်မဟုတ်ဘူးဆို ဘယ်သူ ရှိနိုင်ဦးမှာလဲ …”
“ အမြင်နဲ့ကြည့်တော့တာ ဝေးတယ်ထင်ရပေမယ့် တကယ်တော့ အရာက ကိုယ်ရှေ့တည့်တည့်မှာပဲ ရှိနေတယ် …” ချန်ယွီ့က တစ်စုံတစ်ရာကို သွယ်ဝိုက်ဖော်ပြနေသည့် လေသံဖြင့် “ ခင်များရဲ့ ဖုန်းအဆက်အသွယ် စာရင်းထဲမှာ နံပါတ်တစ် ရှိနေတာ ဘယ်သူလဲ ….”
“ ငါ့မိန်းမ …”
သက်လတ်ပိုင်း အမျိုးသားက မယုံကြည်နိုင်စွာဖြင့် ကျယ်လောင်စွာ အော်မြည်လိုက်သည်။ “ မဟုတ်ဘူး … မဖြစ်နိုင်ဘူး … လုံးဝ မဖြစ်နိုင်ဘူး …”
“ ငါတို့ ဒီလောက်နှစ်တွေအကြာကြီး အတူနေလာခဲ့တာ တစ်ခါမှတောင် စကားများ ရန်ဖြစ်ဖူးတာမဟုတ်ဘူး … ငါ့ကို ထိခိုက်အောင် လုပ်ဖို့ဆို ဝေးပေါ့ …”
[ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]သည် ချန်ယွီ့အပေါ် မျက်ကန်းယုံကြည်ခဲ့သော်လည်းပဲ ပထမဆုံးအကြိမ်အဖြစ် သံသယအတွေးတို့ စတင်ပေါက်ဖွားလာခဲ့ရသည်။
သူတို့ စုံတွဲက လက်ထပ်ထားခဲ့သည်မှာ အိမ်ထောင်သက် ဆယ်နှစ်ကျော်လာပြီး ဖြစ်၏။
လင်နှင့်မယား ဆက်ဆံရေးကလည်း တစ်ဦးပေါ်တစ်ဦး လေးစားမှု ရှိရှိဖြင့် သဟဇာတ ဖြစ်ခဲ့သည်။
ဘာတွေပဲ ကြုံတွေ့လာခဲ့ပါစေ၊ နှစ်ယောက်အတူ ခေါင်းချင်းဆိုင်ပြီး ဆွေးနွေးကြ၏။
ဆယ်နှစ်ကျော်လာပြီး ဖြစ်သော်လည်းပဲ တစ်ကြိမ်တစ်ခါလေးမျှပင် ရန်ဖြစ် စကားများဖူးတာမျိုး မရှိခဲ့ပေ။
[ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]ကလည်း သူ့ကိုယ်သူ ဆင်ဆင်ခြင်ခြင် နေသည်။ စီးပွားရေး အကြောင်းပြချက်ဖြင့် လူမှုရေးပွဲများ တက်ရောက်ရသော်လည်းပဲ အခြားသော မိန်းမများနှင့် အကွာအဝေးတစ်ခု ခြားပြီး ဆက်ဆံသည်။
အိပ်ရာပေါ် စွမ်းဆောင်နိုင်စွမ်းနှင့် စပ်လျဉ်း၍ကတော့ [ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]သည် ရင်ဘက်ကြီး ပုတ်ပြီး ငါကွဟု လက်သီးလက်မောင်းတန်း ကြွေးကြော်ဝံ့သည်။
အိမ်ထောင်သက် ဆယ်နှစ်ကျော်တွင် ကလေး သုံးဦးလည်း ထွန်းကားခဲ့၏။
လင်နှင့် မယား ဆက်ဆံရေးက သင့်သင့်မြတ်မြတ်ရှိသဖြင့် မိသားစုသည်လည်း အမြဲတစေ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေရမြဲပင်။
သူ့တွင် တစ်ကမ္ဘာလုံးက အားကျရလောက်သည့် ဘဝမျိုး ပိုင်ဆိုင်ထားသည်။ မင်းမျိုးမင်းနွယ်များပင် သူ့လောက် အားကျရဖွယ် ဘဝမျိုးကို ပိုင်ဆိုင်ထားလိမ့်မှာ မဟုတ်ချေ။
“ အာဏာကြီးတဲ့လူတွေရဲ့ တိုက်ပွဲက ငါတို့လိုကောင်တွေအတွက် ဖျော်ဖြေစရာ တစ်ခုပဲ …”
“ ကံကောင်းလို့ပေါ့ ငါလေး ဆင်းရဲနေတာ … ဒီရဲ့ ချမ်းသာပြီး အာဏာကြီးတဲ့ လူတွေရဲ့ တိုက်ပွဲကြား ဝင်ပါစရာမလိုတော့ဘူး …”
“ ငါ့ဘေးနားမှာ ဝက်သေကြီးတစ်ကောင်လို အိပ်နေတဲ့ ငါ့လင်ကို ကြည့်လိုက်တယ် … ပြီးတော့ ဘဏ်အကောင့်ကို တစ်ချက် ကြည့်လိုက်မိတယ် … ဒါ ငါတို့လို တစ်လ ယွမ် ၂,၀၀၀ လောက်ပဲ ရတဲ့ လူတွေ ပူနေသင့်တဲ့ ကိစ္စမျိုး မဟုတ်ဘူးပဲ …”
“ ငါတို့နိုင်ငံထဲမှာလည်း မိန်းမ မလိုက်စားတဲ့ စီးပွားရေးသမားတွေ ရှိတာပဲဟာ မထူးဆန်းပါဘူး …”
“ စီးပွားရေး သမားတွေက သာမန်လူတွေ သူတို့အပေါ် စိတ်နှလုံး သဘောကောင်းတဲ့ လူတွေလို့ မြင်အောင် ထင်ယောင်ထင်မှားတွေ ဖန်တီးနေကြတာ … တကယ်တော့ မျက်နှာဖုံးအောက်က ဘီလူးတွေကြီးပဲ … ကောင်းတဲ့ကောင် ဘယ်ကောင်ရှိလို့ …”
“ ငါ နားမလည်ဘူး … ဒါပေမယ့် ဒီရဲ့ အတင်းအဖျင်းက ကြည့်လို့ကောင်းတာတော့ အမှန်ပဲ …”
ကြည့်ရှုသူတော်တော်များများက [ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]သည် သူ့ဇနီးအပေါ် ဖောက်ပြန်ခဲ့ရမည်ဟု ထင်ကြေးပေးနေကြသည်။
ဒါမှမဟုတ်လည်း … မထင်မှတ်ပါဘဲနှင့် သူမကို စိတ်ပိုင်းဆိုင်ရာ နာကျင်စေအောင် ပြုလုပ်ခဲ့တာမျိုးလည်း ဖြစ်နိုင်သည်။
ဆိုရသော် … အကြောင်းအရင်းမရှိပါဘဲ အမုန်းတရားဟူသည် မပေါက်ဖွားလာနိုင်သောကြောင့်ပင်။
[ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]၏ ဇနီးက ခင်ပွန်းသည်ကို သတ်ဖို့အတွက် ဒရိုင်ဘာကို လာဘ်ထိုးခဲ့၏။ ဆိုလိုသည်မှာ နှစ်ဦးကြားတွင် သေကျေပျက်စီးမှုကို ဆောင်ကြဉ်းရလောက်သည်အထိ အမုန်းတရားတစ်ခုခုတော့ ရှိကို ရှိနေသင့်၏။
စကားပြောခန်းထဲရှိ ကွန်းမန့်များကို ဖတ်ရှုရင်း [ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]၏ မျက်နှာက ကြက်ဟင်းခါးသီးထက်ပင် ခါးသီးလာခဲ့တော့သည်။
“ ဒေါက်တာချန် … မင်းငါ့ကို ထပ်ပြီး သုံးသပ်ပေးလို့ ရမလား …”
ဤတစ်ကြိမ်တွင်တော့ ချန်ယွီ့ မှားယွင်းတွက်ချက် မိနေသည်ဟု သူ သံသယရှိသည်။
[ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]က စိတ်အားထက်သန်စွာဖြင့် ချန်ယွီ့အား သူ့အနာဂတ်ကို ပြန်လည်တွက်ချက်ပေးဖို့ တောင်းဆိုလိုက်လေသည်။
“ နောက်တစ်လှမ်းဆုတ်ပြီး ဒါတွေအကုန် မေ့လိုက်ကြစို့ … တကယ်လို့ ငါ့မိန်းမက ငါ့ကို တကယ်ပဲ ထိခိုက်အောင်လုပ်ချင်တယ်ဆိုရင် ကျိန်းသေပေါက် အကြောင်းအရင်း တစ်ခုခုတော့ ရှိရမယ် … ဟုတ်တယ်နော်…”
“ ငါတို့ လက်ထပ်ပြီးကတည်းက သူ့အပေါ် စိတ်ပျက်စေမယ့် အရာတစ်ခုမှ မလုပ်ခဲ့မိဘူးဆိုတာ ငါ ကျိန်ရဲတယ် …”
“ သူ လိုချင်တဲ့အရာမှန်သမျှ ငါပေးတယ် …..”
“ ပြီးတော့ ငါက တခြား ပိုက်ဆံရှိတဲ့လူတွေလို အပြင်ခဏခဏထွက်၊ မိန်းမလိုက်စားတဲ့ကောင်လည်း မဟုတ်ဘူး ….”
“ ငါက သစ္စာရှိတဲ့ လင်ယောက်ျားတစ်ယောက်ဆိုတာ ကောင်းကင်ကိုတောင် သက်သေထားနိုင်တယ် …”
“ ဟုတ်တယ် … ခင်များ ဇနီးဖြစ်သူကို စိတ်ပျက်ရအောင် တစ်ခါမှ မလုပ်ခဲ့ဖူးဘူး …” ချန်ယွီ့ ပြောလိုက်သည်။ “ ခင်များ ဇနီးသည် အခုလို လုပ်ချင်နေရတဲ့ အကြောင်းအရင်းက ကြည့်ရှုသူတွေ ခန့်မှန်းနေသလိုမျိုးလည်း မဟုတ်ဘူး … ပြီးတော့ သူ့ စိတ်ထဲ နာကျင်ခံစားရလို့လည်း မဟုတ်ဘူး ….”
“ သူ ခင်များကို ထိခိုက်အောင် လုပ်တာက သူ့ကိုယ်သူ ကာကွယ်ဖို့ပဲ …”
[ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]က ကြက်သေသေသွားခဲ့သည်။
ဧကန္တ … တစ်ယောက်ယောက်ကများ သူ့မိန်းမကို ခြိမ်းခြောက်နေတာများလား …
[ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]က မေးလိုက်၏။ “ သူ ငါ့ကို မသတ်ဘူးဆိုရင် သူ အသက်ရှင်နိုင်မှာလား …”
“ ခင်များရဲ့ ဇနီးသည်က ခြိမ်းခြောက်ခံထားရတယ် … သူ ခင်များကို မသတ်တာနဲ့ သူ သေရမယ်ဆိုတာကတော့ နည်းနည်းလေး ချဲ့ကားလွန်းသွားပြီ …”
“ တကယ်လို့ သူ ခင်များကို မသတ်ရင် …” ချန်ယွီ့ ဖြည်းညင်းစွာ ပြောသည်။ “ သူ့ လက်ရှိ … ရှိနေတဲ့အရာအားလုံး ဆုံးရှုံးသွားရမယ် ….”
“ ဇိမ်ကျတဲ့ ဘဝ … ၊ သစ္စာရှိတဲ့ ခင်ပွန်း …၊ ပြီးတော့ ချစ်ဖို့ကောင်းတဲ့ ကလေးသုံးယောက်ရောပဲ …”
ဤစကားကြားတော့ [ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]သည် တစ်စုံတစ်ရာကို တွေးတောမိသွားခဲ့ပြီး သူ့အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
“ သူ ငါ့ကို မှားယွင်းတာ တစ်ခုခု လုပ်ထားခဲ့တာလား …”
“ ဟိုကောင်က သူ ငါ့ကို မသတ်ဘူးဆိုရင် သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းတွေ ဖွပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာလား ဟုတ်လား …”
“ ခင်များမေးတဲ့ မေးခွန်းကို မဖြေခင် … ခင်များနဲ့ ခင်များ မိန်းမ ဘယ်လို တွေ့ဖြစ်ခဲ့ကြလဲ ကျုပ်ကို အရင်ပြော ….”
ချန်ယွီ့ စကားကို ကြားတော့ [ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]သည် မျက်မှောင်ကြုတ်မိသွားခဲ့သည်။
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က မြင်ကွင်းကို သူ့စိတ်ထဲ ပြန်မြင်ယောင်ကြည့်လိုက်၏။
“ ငါ့ဇနီးနဲ့ငါက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်တုန်းက ဆေးဝါးထုတ်ကုန် ပြပွဲတစ်ခုမှာ ဆုံခဲ့တာ …”
“ အဲ့တုန်းက ငါ့မိန်းမက သူ့ ကုမ္ပဏီရဲ့ အရောင်း ကိုယ်စားပြု ကိုယ်စားလှယ် …”
လွန်ခဲ့သော ဆယ်နှစ်ကျော်က မြင်ကွင်းကို ပြန်လည်မြင်ယောင်နေရင်း [ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]၏ မျက်နှာထက်တွင် ဝေဆာသော အပြုံးတစ်ခုက ပေါက်ဖွားလာခဲ့သည်။
သူ့ဇနီး အလုပ်လုပ်နေသည့် ကုမ္ပဏီက သူ့ကုမ္ပဏီနှင့် စီးပွားရေး အရ အတိုင်းအတာတစ်ခုအထိ ဆက်စပ်မှုရှိသည်။ အကြိမ်ရေ အနည်းငယ် ဆုံတွေ့ပြီးနောက်တွင် [ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]သည် မတတ်နိုင်ဘဲ သူမအပေါ် ချစ်ကျွမ်းဝင်မိသွားခဲ့၏။
သူ့မိန်းမ၏ ဝါသနာတို့က [ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ] ထားရှိသည့် စံချိန်စံနှုန်းတို့နှင့် အင်မတန် ကိုက်ညီနေသည်။
[ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]က ဂန္တဝင်ရုပ်ရှင်များ ကြည့်ရှုရသည်ကို နှစ်သက်ပြီး သူ့ဇနီးကလည်း သူနှင့်အလားတူ ထိုသို့သော ရုပ်ရှင်များ ကြည့်ရှုရသည်ကို နှစ်သက်သည်။
တောင်ပိုင်းသား စစ်စစ် တစ်ဦးအနေဖြင့် သူသည် အစပ်ဟင်းလျာတို့ကို မနှစ်သက်ဘဲ ပေါ့သည့်ဘက်သို့ သွား၏။ သူ့ဇနီးသည်ကလည်း ဤအပိုင်းတွင် သူနှင့် လာတူနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။
သူမလည်း ပေါ့ပါးသည့် ဟင်းလျာများ စားသုံးရသည်ကိုသာလျှင် နှစ်သက်ပြီး ဂန္တဝင်စာပေကို လေ့လာလိုက်စားသည်။
“ လအနည်းငယ်လောက် တွဲကြည့်ပြီးတော့ ငါ့ရဲ့ ဒီခုဇနီးသည်က ငါရဲ့ soulmate (စိတ်တူကိုယ်တူ) ဆိုတာ သေချာတယ် … အရာတစ်ခုအပေါ် ရှုမြင်တဲ့ ငါတို့ရဲ့ ရှုထောင့်ချင်းတောင် တိုက်ဆိုင်တဲ့အထိပဲ …”
“ ခင်များရဲ့ အမြင်မှာ ခင်များက သူများတွေ တစ်သက်လုံး ရှာလို့ မတွေ့တဲ့ soulmate ကို တွေ့ပြီလို့ ထင်ခဲ့တာကိုး …” ချန်ယွီ့က သက်ပြင်းချလျက် “ ဒါပေမယ့် တခြားရှုထောင့်က ကြည့်ကြည့်ရင် လောကကြီးထဲ ကိုယ်နဲ့ လိင်ပိုင်ဆိုင်မှုက လွဲပြီး တခြား ဘက်ပေါင်းစုံမှာ တူညီနေတဲ့လူက တကယ်ပဲ ရှိရောရှိနေနိုင်ရဲ့လား ….”
ဤမေးခွန်းက [ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]၏ အရှိုက်တည့်တည့်ကို ထိမှန်သွားခဲ့သည်။
“ မဟုတ်မှလွဲရော သူ စိတ်ဝင်စားတဲ့အရာတွေ ၊ သူ့ဝါသနာတွေ ၊ အရသာခံပုံတွေ ၊ အမြင်တွေက ငါ့ကို ချဉ်းကပ်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာများလား …”
“ သူ့ရဲ့ရည်ရွယ်ချက်က ငါ့ကို ချစ်ကျွမ်းဝင်အောင် လုပ်ပြီး ချမ်းသာတဲ့ ဇနီးမိန်းမ တစ်ယောက် ဖြစ်လာခဲ့ဖို့ပေါ့ ဟုတ်လား ….”
[ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]က သူ့ဘာသူ ရေရွတ်နေခဲ့သည်။
“ အရင် ဆယ်စုနှစ် တစ်ခု အကျော်တုန်းက ခင်များပိုင်တဲ့ ကုမ္ပဏီကို အလယ်အလတ်စား ကုမ္ပဏီအဆင့်လောက်ပဲ သတ်မှတ်လို့ရမယ် … အခုလို ချမ်းသာတဲ့ မိသားစုဆိုပြီး ပြောဖို့က အလှမ်းဝေးနေသေးတုန်းပဲ …” ချန်ယွီ့ ပြုံးလျက် ဆိုလိုက်ပြီး “ ဒါပေမယ့် ခင်များပြောသွားတာ တစ်ခုတော့ မှန်တယ် ….”
“ ခင်များနဲ့ တူညီတယ်လို့ မြင်နေတဲ့အရာတွေ အကုန်လုံးက တကယ်လည်း သူ့ဘက်က ရည်ရွယ်ချက်ရှိရှိနဲ့ ပြုလုပ်ခဲ့တဲ့ အရာတွေချည်းပဲ …”
“ သူ ဒါတွေ လုပ်ခဲ့တာက ချမ်းသာတဲ့ မိသားစုထဲ လက်ထပ်ချင်လို့တော့ မဟုတ်ဘူး …”
“ တစ်ချိန်တည်းမှာ ခင်များတို့နှစ်ယောက် တွေ့ဆုံလို့ ချစ်ကျွမ်းဝင်ကြပြီး လက်ထပ်ကြတဲ့အထိ … နောက်ကွယ်ကနေ မမြင်ရတဲ့ လက်တစ်စုံက ထိန်းချုပ်နေတယ် …”
“ ရည်ရွယ်ချက်ကတော့ ခင်များဘေးနားမှာ စစ်တုရင် အပိုင်းအစ တစ်ခု ထားရှိဖို့ပဲ …”
“ နောက် နှစ် ၂၀ ကျော်မှ အစွမ်းပြလာမယ့် ဝှက်ထားတဲ့ ချက်စ်တစ်ခုပေါ့ ….”