သူ့ဇနီးသည်ရဲ့ လျှို့ဝှက်ချက်
Vol. 19 Ch. 189
တစ်စုံတစ်ယောက် သူ့ခေါင်းကို တူနှင့် ထုနှက်လိုက်သည့်နှယ် [ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]၏ ဦးခေါင်းတစ်ခုလုံး တဝီဝီမြည်သွားခဲ့သည်။
စာပေနှင့် ရုပ်ရှင်တွေထဲမှာပဲ ရှိသည့် soulmate နှင့် ဆုံတွေ့ခဲ့ရသည့် အတွက် သူ့ကိုယ်သူ မောင်ကံကောင်းကြီးဟု တွေးထင်ထားခဲ့သော်လည်းပဲ သူ အချစ်စစ်ဟု မှတ်ယူထားခဲ့သည့် soulmate ကြီးက တစ်ပါးသူ၏ အသုံးချခံ ဖြစ်နေခဲ့လေသည်။
အရာအားလုံးက အတုအယောင်တွေချည်းပင်။
တူညီသည့် အရာများဟု ခေါ်ဆိုနေသည့် အရာများကလည်း သူ့မိန်းမ မစ်ရှင်ပြီးမြောက်ရေးအတွက် သူ့ထံသို့ ချဉ်းကပ်နိုင်ရန် ကြိုးပမ်းမှု သပ်သပ်မျှသာ ဖြစ်၏။
ကြည့်ရှုနေကြသူများလည်း ရှော့ခ်ရသွားခဲ့ကြလေသည်။
သူတို့တွေ တွေးထင်ထားခဲ့သည်မှာ ချမ်းသာပြီး အာဏာကြီးသည့် မိသားစုတစ်ခု၏ ဒရာမာဇာတ်လမ်းတစ်ပုဒ် ဖြစ်မည်ဟု မျှော်လင့်ထားခဲ့သော်ငြား အဆုံးသတ်၌ Mission Impossible ဖြစ်သွားလိမ့်မည်ဟု မည်သူက ထင်ထားလိမ့်မည်နည်း။
“ ဒီရဲ့လူနာ … ခင်များ အချိန်ခဏလောက် ယူပြီး နားရင် နားဦးမလား … ဆေးကုသတာကို နောက်မှဆက်လုပ်လည်း အဆင်ပြေပါတယ် …”
[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]၏ စိတ်အခြေအနေသည် ကမ်းပါးအစွန်းသို့ ရောက်ရှိနေပြီး ပြိုလဲလုနီးပါး ဖြစ်နေသည်။
နေရာ၌ သတိလစ် မေ့မြောသွားခြင်း မရှိလျှင်ပင် ကျိန်းသေပေါက် စိတ်ရူးပေါက်လာခဲ့တော့မှာ ဖြစ်၏။
[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]က သူ့ အောက်နှုတ်ခမ်းကို ဖိကိုက်ရင်း ဝေဒနာဖြင့် အသိစိတ်သွင်းကာ အတွင်းစိတ်အား တည်ငြိမ်အောင် ဖိနှိပ်ထားလိုက်သည်။
“ ဒေါက်တာချန် ငါ ငါ … ငါရသေးတယ် … တစ်ခါတည်း ဆက်ကြတာပေါ့ …”
[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]သည် သူ့ကိုယ်သူ တွန်းအားပေး၍ နောက်မေးခွန်းတစ်ခုကို မေးမြန်းလိုက်၏။
“ မင်းစောနက ပြောသွားတာ ငါ့မိန်းမက ငါ့ဘေးနားမှာ နေဖို့ တခြားလူ စီစဉ်ထားတဲ့ စစ်တုရင် အပိုင်းအစ တစ်ခုလို့ ပြောတယ်နော်… ပြီးတော့လည်း မင်းပြောသေးတယ် .. ဒီရဲ့ ချက်စ်အပိုင်းအစက နောက် ဆယ်နှစ်၊ နှစ် ၂၀ နေမှ သက်ဝင်လှုပ်ရှားလာမယ့် အပိုင်းအစ …”
“ အဲ့တာက ဘာကို ဆိုလိုချင်တာ …”
“ တကယ်လို့ သူက ကော်ပိုရေးရှင်းတစ်ခုရဲ့ အတွင်းသူလျှိုဆိုရင် ဘာလို့ မလှုပ်ရှားခင်အချိန်အထိ အဲ့လောက် အကြာကြီး အချိန်ယူနေရသေးလဲ ….”
“ ခင်များ သူနဲ့ စတွေ့တွေ့ချင်းတုန်းက ခင်များရဲ့ ကုမ္ပဏီက မြင့်တက်နေဆဲ အချိန် ဟုတ်တယ်နော်….” ချန်ယွီ့ တည်ငြိမ်စွာ ပြောလိုက်၏။ “ ခင်များ ကုမ္ပဏီရဲ့ တန်ဖိုးက ယွမ် သန်း ၂၀ ၊ ၃၀ ပဲ ရှိသေးတယ် …”
“ တကယ်လို့ ခင်များရဲ့ ဇနီးကသာ ချက်ချင်းလက်ငင်း လှုပ်ရှားလိုက်မယ်ဆိုရင် နောက်ကွယ်ကနေ ထိန်းချုပ်နေတဲ့လူ ရနိုင်မယ့် အကျိုးအမြတ်တွေက အကန့်အသတ်နဲ့ ဖြစ်သွားလိမ့်မယ် …”
“ သူ့အတွက်ကတော့ ဒါက ရွှေဥ ဥပေးနေတဲ့ ငန်းကို သတ်လိုက်တာနဲ့ မခြားနားဘူး ….”
“ ဒါကြောင့်မို့ ခင်များဘေးနားလေးမှာ သူ့အမိန့်ကို နာခံမယ့် စစ်တုရင် အပိုင်းအစတစ်ခုကို ထားရှိဖို့ ဆုံးဖြတ်လိုက်တယ် … ကုမ္ပဏီ သီးပွင့်လာတဲ့အချိန်က သူစိုက်ပျိုးထားတာတွေ ရိတ်သိမ်းဖို့ အချိန်ပဲ ….”
“ ခင်များမှာ ဘီလီယမ်နဲ့ချီပြီး မရှိဘူးဆိုရင်တောင် အနည်းဆုံး တစ်ဘီလီယမ် ၊ နှစ်ဘီလီယမ်လောက်တော့ ရှိနိုင်တာပဲလေ …”
[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]သည် ခါးသီးစွာ ပြုံးလိုက်မိသည်။
သူ့အား အမှန်တကယ် နားလည်နေသည့်လူက သူ soulmate ဟု ခံယူထားသည့် ဇနီးသည်မဟုတ်ပါဘဲ တကယ့်တကယ်တွင်တော့ သူ့ ပြိုင်ဘက်က ဖြစ်နေသည်။
“ သူ ငါ့အပေါ် ယုံကြည်ချက် ရှိလွန်းတယ် … ငါက နောင်ကျရင် ကုမ္ပဏီကို ကျိန်းသေပေါက် တိုးတက်အောင် လုပ်နိုင်မယ်ဆိုပြီး ဘယ်လိုလုပ် သေချာနိုင်ရတာ …”
[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]သည် သူ့အနာဂတ်ကို မခန့်မှန်းနိုင်သော်လည်းပဲ သူ့ပြိုင်ဘက်ကတော့ သူ့အပေါ် အပြည့်အဝ ယုံကြည်ချက် ရှိနေသည်။
ယင်းက သူ့အား ပြက်ရယ်ပြုနေသည့်နှယ် ခံစားနေမိ၏။
သန်းနှင့်ချီသည့် ကြည့်ရှုသူများကတော့ လိုက်စထွင်းထဲရှိ စကားဝိုင်းကို သေချာနားစိုက်ထောင်နေကြ၏။
ချန်ယွီ့လိုက်စထွင်းကို ကြိမ်ဖန်များစွာ ကြည့်ရှုဖူးသော်လည်းပဲ ဤမျှ စိတ်ဝင်စားဖို့ကောင်းသည့် ကိစ္စရပ်နှင့် ကြုံတွေ့ရသည်မှာတော့ ပထမဆုံးအကြိမ် ဖြစ်၏။
[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]၏ ပြိုင်ဘက်က သူ့အား ဖွံ့ဖြိုးကြီးထွားခွင့် ပြုထားသည်။ ထို့ပြင် နောင် ဆယ်နှစ်ကျော်အတွက်ပါ ကြိုတင်၍ ကောက်ကျစ်သည့် အကြံအစည်တစ်ခုကို ချမှတ်ထားသေး၏။
အကယ်၍ ထိုသူသာ ဇာတ်ညွှန်းရေးဆရာ ပြုလုပ်ခဲ့မည်ဆိုပါက အပိုင်းဒါဇင်ခန့်ဖြင့် မိသားစုဒရာမာဇာတ်လမ်းတွဲဆုများကို တသီကြီး ရရှိနိုင်လေသည်။
စီးပွားရေး တိုက်ပွဲ၊ အိမ်ထောင်ရေး သစ္စာဖောက်မှု၊ ….
၎င်းအပေါ်တွင်မှ ရာဇဝတ်မှုစုံစမ်းရေးနှင့် ပူးပေါင်းကြံစည်မှုတို့အား နှမ်းဖြူးပေးလိုက်သေးသည်။
[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]က ပြောလာခဲ့၏။ “ ကန့်လန့်ကာ နောက်ကွယ်မှာ ထိန်းချုပ်နေတဲ့လူက ဒီလောက် နှစ်တွေကြာအောင် စောင့်ဆိုင်းပြီးမှ နောက်ဆုံး လှုပ်ရှားလာတာကို ငါက မသိခဲ့ဘူး … ငါ အဲ့လောက်တောင် ပိန်းရလားကွာ ….”
“ ငါ့မှာတော့ ငါနဲ့ စိတ်တူကိုယ်တူ ကြင်ဖော်ကြင်ဖက်တစ်ယောက်ကို တွေ့ခဲ့ရလို့ ကံကောင်းတယ်ဆိုပြီး တွေးနေခဲ့မိတာ …”
“ ကောင်းကင်က စေလွှတ်လိုက်တဲ့ အိမ်ထောင်ရေးကို ကာကွယ်ဖို့အတွက် အမှားအယွင်းတွေ မပြုလုပ်မိအောင်လည်း ထိန်းသိမ်းခဲ့တယ် …. ခင်ပွန်းတစ်ယောက်နဲ့ ဖခင်ကောင်းတစ်ယောက် ဖြစ်ဖို့အတွက် ကြိုးစားခဲ့တယ် ….”
“ နောက်ဆုံးမှာကျတော့ ငါ တန်ဖိုးထားရတဲ့ ငါ့ဘေးနားကလူက တကယ်ပဲ ငါ့ကို သတ်ချင်နေတယ် … ဟားဟားဟား ….”
[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]က ကြေကွဲဝမ်းနည်းမှုအပြည့်ဖြင့် အော်ရယ်လိုက်သည်။
ရင်ထဲရှိ ချစ်ခြင်းမေတ္တာတို့မှာ အပိုင်းပိုင်း အစစ ကြေမွသွားခဲ့ပြီ ဖြစ်၏။
ထိုအချိန် အခိုက်အတန့်မှာပဲ ကြည့်ရှုသူ တစ်ဦးက အထူးကွန်းမန့်တစ်ခုကို ပေးပို့ရင်း [ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]၏ ဇနီးသည်က သူလျှို ဟုတ်မဟုတ် မေးမြန်းလာခဲ့၏။
သူမက တကယ်ပဲ ဒီနှစ်တွေတစ်လျှောက်လုံး ဘာမှမလုပ်ခဲ့ဘူးလား …
တကယ်ပဲ ဇနီးသည်ကောင်းတစ်ယောက်ရဲ့ အခန်းကဏ္ဍကို ကျေပွန်အောင် ဆောင်ရွက်ဖို့ အာရုံစိုက်နေခဲ့တာများလား ..
ကွန်းမန့်ကို ဖတ်ရှုပြီးနေက် ချန်ယွီ့ ရှင်းပြလိုက်၏။ “ သူ ဘာမှမလုပ်ဘူးလို့ ငါ့မှာ ပြောခွင့် မရှိဘူး …”
“ တစ်ခါတစ်လေမှာ သူ့ဇနီးသည်က နောက်ကွယ်က ထိန်းချုပ်သူကို သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးက သဟဇာတဖြစ်လား ၊ မဖြစ်ဘူးလား ၊ ဘယ်လိုအခြေအနေရှိလဲဆိုတာကို တင်ပြရတယ် … ကုမ္ပဏီရဲ့ လက်ရှိ အခြေအနေနဲ့ပါ တွဲပြီးတော့ပေါ့ …”
[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]က တစ်စုံတစ်ရာကို ရုတ်ချည်း အမှတ်ရသွားခဲ့ပြီး … အလျင်စလို မေးမြန်းလာသည်။
“ ဒေါက်တာချန် … မင်း စောနက ပြောတာကို နားထောင်ပြီးတော့ ငါ နားမရှင်းဘူး ဖြစ်နေတယ် …”
“ ခင်များက ကုမ္ပဏီရဲ့ လျှို့ဝှက်ချက်တွေကို ဇနီးသည်အပေါ် သိပ်ပြီးမှ ပွင့်လင်းခဲ့မိတာကိုလား …” ချန်ယွီ့ မေးမြန်းလိုက်သည်။ “ သိပ်အရေးကြီးတဲ့ ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်နေရင်တောင်မှ သူကြည့်ချင်လာရင် ခင်များ မငြင်းဘူးမလား …”
“ အမှန်ပဲ …”
[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]က စကားဆက်သည်။ “ လက်ထပ်ပြီးတော့ ငါ့မိန်းမကို ကောင်းကင်က ပေးတဲ့ လက်ဆောင်လိုမျိုး တန်ဖိုးထားခဲ့တယ် …”
“ သူ့ဘက်က ဘယ်လိုအရာပဲ တောင်းဆိုလာပါစေ ၊ နည်းနည်းလေး လွန်ကြူးတဲ့အရာ ဖြစ်နေခဲ့ရင်တောင် ငါ မငြင်းဘူး ….”
“ ငါတို့ရဲ့ အိမ်ထောင်သက်တမ်း ဒီလောက်နှစ်တွေကြာပြီကို ငါ သူ့အပေါ် ဘယ်လောက်တန်ဖိုးထားလဲ သူလည်း ကောင်းကောင်း နားလည်တယ် …”
“ တကယ်လို့ နောက်ကွယ်မှာရှိနေတဲ့လူက ဒီအချိန်က လှုပ်ရှားဖို့ အကောင်းဆုံး အချိန်ပဲလို့ ထင်ပြီး ငါ့ကုမ္ပဏီကို သိမ်းပိုက်ချင်တယ်ဆိုရင် ငါ့မိန်းမကို ကုမ္ပဏီရဲ့ အရေးကြီး သတင်းအချက်အလက်တွေ ယူလာခဲ့ဖို့ အမိန့်ပေးလိုက်ရင် ပြီးနေမယ့် ကိစ္စကို ဒီမျိုး အစွန်းရောက်တဲ့ နည်းလမ်းတွေ တကယ်ရော သုံးစရာ လိုအပ်လို့လား …”
“ ငါ့မိသားစုထဲမှာ ဆွေမျိုးသားချင်းတွေ ကျန်နေသေးတယ် … တကယ်လို့ ငါသာ သေတမ်းစာမချန်ဘဲ ရုတ်တရက် သေသွားခဲ့မယ်ဆိုရင် ကုမ္ပဏီနဲ့ ငါ့ရဲ့ ပိုင်ဆိုင်မှုတွေက ငါ့မိန်းမ လက်ထဲ ရောက်သွားမှာမှ မဟုတ်တာ …”
“ အဲ့တာအပြင်ကို အခုထိ နားမရှင်းသေးတဲ့ မေးခွန်းတစ်ခုလည်း ကျန်သေးတယ် ….”
“ လူသတ်မှုဆိုတာ ငါတို့နိုင်ငံထဲမှာ အပြင်းထန်ဆုံးသော ပြစ်မှုပဲ …”
“ တကယ်လို့ ငါ့မိန်းမက ဒရိုင်ဘာကို လာဘ်ထိုးပြီး အတူသေကြောင်းကြံစည်ဖို့ လုပ်ခဲ့မယ်ဆိုရင်တောင် …၊ လူတွေ ပြောကြတဲ့အတိုင်း … လောကကြီးထဲမှာ ပြီးပြည့်စုံတဲ့ အစီအစဉ်ဆိုတာ မရှိဘူး … လေမသက်ရောက်နိုင်တဲ့ ကာဆီးနိုင်တဲ့ နံရံတံတိုင်းဆိုတာလည်း မရှိဘူး …”
“ ရာဇဝတ်မှုကျူးလွန်သရွေ့ နောက်မှာ ခြေရာလက်ရာတွေတော့ အမြဲတမ်း ကျန်ရစ်စမြဲပဲ …”
“ ငါပြောတာ မှန်တယ်မလား ဒေါက်တာချန် …”
“ ခင်များ မှန်တယ် … ပြီးပြည့်စုံတဲ့ ရာဇဝတ်မှုဆိုတဲ့အရာမျိုး မရှိဘး ….”
“ ရာဇဝတ်သားက ဘယ်လာက်ပဲ ဉာဏ်များကောက်ကျစ်နေပါစေ … ဟာကွက်တွေတော့ ကျိန်းသေပေါက် ရှိတယ် …”
“ ဒါကြောင့်မို့ ကျုပ်က နှစ်ပိုင်းခွဲပြီး ရှင်းပြပေးမယ် …”
လူတိုင်းကို ခဏလောက် စောင့်ပေးရန် လက်ပြပြီးနောက် ချန်ယွီ့သည် ရေဘူးနားသို့ သွားပြီး ရေတစ်ဖန်ခွက် ငှဲ့လာခဲ့၏။
ကွန်ပျူတာသို့ ပြန်ရောက်လာပြီးနောက် အလျင်မလိုပါဘဲ ရေကို အေးအေးဆေးဆေး သောက်သည်။
“ ဆောရီး . ခင်များတို့ကို စောင့်စေမိပြီ … အခု ဆက်ကြတာပေါ့ ….”
“ ဒီရဲ့လူနာ … ကျုပ် စောနက ခင်များရဲ့ အခြေအနေကို နှစ်ပိုင်းခွဲပြီး ရှင်းပြရမယ်လို့ ပြောသွားခဲ့တယ် …”
“ ပထမအပိုင်းကတော့ … နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့လူက ခင်များကို မသတ်ချင်ဘူး … ပြီးတော့ သူ့မှာ အခုလိုလုပ်ဖို့ အစီအစဉ်လည်း မရှိဘူး ….”
“ ဒီတိုင်း … ထင်မှတ်မထားတဲ့ တစ်ချို့ ကိစ္စလေးတွေကြောင့် သည့်ထက်ကြာအောင် ဆက်စောင့်ဆိုင်းလို့ မရတော့ရုံတင်ပဲ ….”
“ သူက ခင်များရဲ့ ကုမ္ပဏီကို သိမ်းပိုက်မယ့် အစီအစဉ်ကို ဒီနှစ်ထဲ ပြီးမြောက်အောင် လုပ်ဖို့ ကြံထားတယ် …”
“ တစ်ချိန်တည်းမှာပဲ သူ့ဘေးနားက အခြေအနေ ကိစ္စရပ်တွေက ရုတ်ချည်း ပြောင်းလဲလာခဲ့တယ် …”
“ ကြိုးကိုင်နေတဲ့လူက ခင်များကို သတ်ဖို့အထိ မစဉ်းစားထားဘူး …” ချန်ယွီ့က ထိုနေရာအထိ ပြောပြီးနောက် စကားကို ခေတ္တ ရပ်တန့်ထားလိုက်သည်။ “ တကယ် သတ်ချင်နေတဲ့လူက ခင်များရဲ့ ဇနီးသည်ပဲ….”
“ ကျုပ် ပြောခဲ့တဲ့အတိုင်း …ခင်များရဲ့ ဇနီးက သူ့ကိုယ်သူ ကာကွယ်ဖို့အတွက်ဆိုရင် ခင်များကို သတ်ဖို့လိုတယ် …”
“ ဆယ်စုနှစ်တစ်ခုကျော်လောက် သက်တောင့်သက်သာ ရှိတဲ့ ဘဝမှာ နေထိုင်ပြီးတဲ့နောက်မှာ ခင်များဇနီးသည်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာက တဖြည်းဖြည်းချင်း ပြောင်းလဲလာတယ် …”
“ တစ်ပါးသူ ထိန်းချုပ်တာကို ခံနေရတဲ့ စစ်တုရင် အပိုင်းအစ တစ်ခု မဖြစ်ချင်တော့ဘူး … ကိုယ့်ကံကြမ္မာကို ကိုယ့်လက်ထဲမှာပဲ ထားချင်တယ် ….”
“ တကယ်လို့ ခင်များသာ မသေဘူးဆိုရင် သူ့ ကံကြမ္မာကို သူ့လက်ထဲ ထိန်းချုပ်ထားနိုင်တော့မှာ မဟုတ်ဘူး …”
“ ဘာလို့ဆိုတော့ အဲ့လူက သူ့ရဲ့ အထောက်အထား အစစ်အမှန်ကို အချိန်မရွေး ဖော်ထုတ်လိုက်လို့ရတာကြောင့်ပဲ …”
ချန်ယွီ့က [ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]ကို ရှင်းပြလိုက်သည်။
အကယ်၍ သက်လတ်ပိုင်း အမျိုးသားကသာ သူ့မိန်းမ၏ အထောက်အထား အစစ်အမှန်ကို သိရှိသွားခဲ့မည်ဆိုပါက ကွာရှင်းမှုသည် မလွဲမသွေ ဖြစ်ပျက်လာမည့် အရာပင်။
ထိုသို့ ဖြစ်လာခဲ့မည်ဆိုပါက သူမတွင် ခြားတစ်ပြားမျှ ကျန်ရစ်တော့မှာ မဟုတ်ဘဲ သူမ၏ ကလေးများအား ပြုစုစောင့်ရှောက်ခွင့်ကိုလည်း ဆုံးရှုံးလိုက်ရမှာ ဖြစ်သည်။
“ ကြိုးကိုင်နေတဲ့လူက ဘယ်သူလဲ ….”
“ အသက်ကြီးပိုင်းထဲက … ခင်များနဲ့ အနီးကပ်ဆုံးလူ ….”