← Chapters

သားအမိ ဆက်ဆံရေး

Vol. 20 Ch. 194

သားအမိ ဆက်ဆံရေး

Vol. 20 Ch. 194

နောက်တစ်ကြိမ် ထပ်လှည့်လာပြီးနောက် [သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]က ဒေါသတကြီးနှင့် ပြောလိုက်၏။

“ ငါက မင်းရဲ့ အသင်း ငှားထားတဲ့ သရုပ်ဆောင် မဟုတ်တာနဲ့ပဲ မင်းက ငါ့မိဘတွေနဲ့ ငါ့ကို စော်ကားတယ် …. မင်းစိတ်ထဲ ဘယ်လိုအပြစ်ရှိစိတ်မှ မခံစားရဘူးလားကွ ဟမ် ဒေါက်တာချန် …..”

“ လူတိုင်းလူတိုင်းမှာ မိဘတွေ ရှိကြတယ် …. ဆွေမျိုးသားချင်းတွေ ရှိကြတယ် … ဒါ မင်း သူများ မိဘနဲ့ ဆွေမျိုးသားချင်းတွေကို ပြောဆိုဆက်တဲ့ ပုံစံလားကွ ဟုတ်လား ….”

“ မင်းပြောတာ ငါ့အဖေက သူခိုး …. ၊ ငါ့အမေကကျတော့ ညဘက်အချိန်မှာ ဖျော်ဖြေပေးရတဲ့ ဖျော်ဖြေရေးသမား ဆိုပြီးတော့နော်…”

“ မင်း ငါ့ကို ငြင်းမယ်မှန်း ငါ သိတယ် … ရတယ် ၊ အဆင်ပြေတယ် … ငါ အခုချက်ချင်း သက်သေထုတ်ပြီး ကြည့်ရှုသူတွေကို မင်းရဲ့ အရောင်ကာလာ အစစ်အမှန်က ဘာလဲဆိုတာ သိအောင် ပြပေးမယ် …”

သူ့စကားဆုံးသည်နှင့် [သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]က သူ့ဖုန်းကို ဖွင့်လိုက်ပြီး ဓာတ်ပုံတစ်ပုံကို ရှာတွေ့သွားခဲ့သည်။

ပုံထဲ၌ သူက အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးကို ပူးတိကပ်တိ ပြုလုပ်နေသည်။

အမျိုးသမီး၏ မျက်နှာထက်၌ ချိုမြိန်သည့် အပြုံးတစ်ပွင့်လည်း ရှိနေခဲ့၏။

“ ချန်ယွီ့ … မင်း သေချာကြည့်စမ်း … ဒါ ငါ့အမေပဲ …”

“ ငါ ကိုးနှစ်သားတုန်းက သူများနဲ့ လိုက်ပြေးသွားတယ်လို့ မင်းပြောခဲ့တယ်မဟုတ်လား … မင်း အခု ဘယ်လို ရှင်းမလဲ …”

[သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]က ဖုန်းထဲရှိ ဓာတ်ပုံအယ်လ်ဘန်ကို ပြ၍ ဒေါသတကြီးနှင့် ဖြေရှင်းချက် တောင်းလိုက်သည်။

ထို့နောက် ဒါဇင်ကျော်သည့် ဓာတ်ပုံများကို တစ်ပုံပြီး တစ်ပုံ ပြသလာသည်။ အကုန်လုံးက သူတို့သားအမိ နှစ်ဦးတည်း ရိုက်ထားသည့် ဓာတ်ပုံများပင်။

နောက်ခံက ပန်းခြံတွေ၊ ရှော့ပင်းမောလ်တွေ ၊ ဒါမှမဟုတ် စားသောက်ဆိုင်တွေ …

သက်သေ အချက်အလက်ကို ပြသပြီးနောက် [သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]သည် ချန်ယွီ့ကို အသာတကြည် လွှတ်ပေးလိုက်ဖို့ရာ စိတ်ကူးမရှိ။ ထို့နောက် သူက အနီရောင် စာအုပ် နှစ်အုပ်ကို အံဆွဲထဲက ထုတ်လာခဲ့သည်။

၎င်းကို ကင်မရာရှေ့တွင် ပြလိုက်၏။

“ လူတိုင်းပဲ … ကျေးဇူးပြုပြီး တစ်ချက်ကြည့်ကြပါ … ဒါ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက စပြီး ကုမ္ပဏီမှာ အလုပ်စဝင်ကတည်းက ရထားတဲ့ ဂုဏ်ပြုလွှာတွေပဲ … “

“ ဒီ အနီရောင် စာအုပ်နှစ်အုပ်က ချီးကျူးဂုဏ်ပြုတဲ့ ဆုတံဆိပ်တွေ … “

လွန်ခဲ့သော ၂ နှစ်ကနှင့် အရင်နှစ်တွင် [သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]သည် ကုမ္ပဏီ၏ အထူးချွန်ဆုံးသော အလုပ်သမားတစ်ဦးအဖြစ် ဂုဏ်ပြုခြင်းကို ခံခဲ့ရသည်။

“ လူတိုင်းရဲ့ မျက်လုံးတွေက ကောင်းကြပါတယ် … ဒီတော့ ငါ့ကိုပြောကြ … တကယ်လို့ ငါက လူကောင်းမဟုတ်ဘူးဆိုရင် အေးအေးဆေးဆေးနဲ့ ဘယ်လိုဖြစ်ပြီး အလုပ်လုပ်နေနိုင်မှာလဲ …”

“ ထူးချွန်အလုပ်သမားဆိုတဲ့ ဆုကိုရော ဘယ်လိုလုပ်ပြီး ရနိုင်တော့မှာလဲ …. “

ချန်ယွီ့က နှစ်ခါ မစဉ်းစားဘဲ ပြောမှာ မဟုတ်ကြောင်းကို သေချာနေကြသည့် ဝါရင့်ဖန်အများအပြားမှာ သူတို့ရှေ့ရှိ သက်သေ အချက်အလက်ကို မြင်တွေ့ပြီးနောက်တွင် ဘာပြန်ပြောလို့ ပြောရမှန်း မသိ ဖြစ်သွားခဲ့ကြသည်။

ဂုဏ်ပြုလွှာနှစ်ခုတွင် ကုမ္ပဏီ၏ တရားဝင်တံဆိပ်တုံးဖြင့် ထုနှိပ် တံဆိပ်ရိုက်ခတ်ထားသည်မှာ သိသာလှ၏။

မည်သို့မျှ အတုမဖြစ်နိုင်ပေ။ ဆိုလိုသည်က သူသည် ၂ နှစ်ဆက်တိုက် အလုပ်သမားကောင်းတစ်ယောက် ဖြစ်ခဲ့သည် ဟူ၍ပင်။

[သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]ဆိုသူက အတော်လေး အစွမ်းအစ ရှိသည့် လူတစ်ယောက် ဖြစ်သည်မှာ သိသာသည်။

သားအမိနှစ်ယောက် အတူရိုက်ထားသည့် ဓာတ်ပုံကိုပါ ထည့်သွင်းလိုက်မည်ဆိုပါက ချန်ယွီ့၏ စကားတို့မှာ အခြေအမြစ် မရှိတော့ပေ။

စကားပြောခန်းထဲရှိ ကွန်းမန့်များကို ဖတ်ရှုရင်း [သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]က နာကျည်းမုန်းတီးသည့် လေသံမျက်ဝန်းတို့ဖြင့် မေးလိုက်၏။ “ ဒေါက်တာချန် … မင်း အခုတော့ ဘာပြောချင်သေးလဲ ….”

“ သူတစ်ပါးကို ပုတ်ခတ်ပြောတယ်ဆိုတာ တရားမဝင်ဘူး … သူတစ်ပါး မိဘကို အကျင့်ပျက်တယ်ဆိုပြီး စော်ကားပြောဆိုတာကတော့ လုံးဝ တရားလွန်သွားပြီ … သူတော်ကောင်းတောင် ဒီလို လုပ်ရပ်မျိုးကို သည်းခံနိုင်မှာ မဟုတ်ဘူး ….”

“ လိုက်စထွင်းခန်းထဲက သန်းနဲ့ချီတဲ့ ကြည့်ရှုသူတွေလိုမျိုး … ငါ မင်းကို ကျွမ်းကျင်တဲ့ မာစတာတစ်ယောက်အနေနဲ့ အထင်ကြီး လေးစားခဲ့တယ် … မင်းရဲ့ အရောင်ကာလာ အစစ်အမှန်က ဒီလောက်တောင် အကျည်းတန်နေလိမ့်မယ်လို့ ထင်တောင် ထင်မထားဘူး … ရွံဖို့ကောင်းလိုက်တာ ….”

ချန်ယွီ့ ဘာစကားမျှ မဆိုဘဲ ထူးဆန်းသည့် အပြုံးတစ်ခုက သူ့မျက်နှာထက်တွင် ထွက်ပေါ်လာခဲ့သည်။

ချန်ယွီ့က မငြင်းဆန်တာကို မြင်တော့ သူ့ဘက်ပါနေကြသည့် ကြည့်ရှုသူများကလည်း မည်သို့ ကာကွယ်ပေးရကောင်းနိုးနိုး ဖြစ်နေကြလေသည်။

“ လက်တွေ့အချက်တွေက စကားလုံးပေါင်း ထောင်သောင်းချီထက်ပိုပြီး ကျယ်လောင်တယ် … မင်းတို့အားလုံးလည်း ဒေါက်တာချန်ရဲ့ အရောင်ကာလာ အစစ်အမှန်ကို မြင်တွေ့ပြီးသွားကြပြီ …”

[သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]က မခံမရပ်နိုင်ဖြစ်စွာ ဒေါသတကြီးနှင့် ပြောဆိုလိုက်ပြီး “ ဒီလို သရုပ်ဆောင်အသင်းတစ်သိုက်က ဖန်တီးထားတဲ့ ဆိုးရွားတဲ့ ကိုယ်ကျင့်စရိုက်နဲ့ အိုင်ဒေါတစ်ယောက်က ငါတို့အားလုံးရဲ့ အထင်ကြီး လေးစားမှုကို ခံယူဖို့ ထိုက်တန်ရဲ့လား …. “

“ ငါ့ နောက်ခံအကြောင်း ဘာမှလည်း မသိဘဲနဲ့ ပေါက်တတ်ကရတွေ ပြောပြီး ငါ့ရဲ့ ကိုယ်ရေးကိုယ်တာကို စော်ကားတိုက်ခိုက်တယ် …”

“ ဒီနေ့ ငါ သူစော်ကားတာကို ခံလိုက်ရတယ် … နောက်တစ်နေ့ကျရင် အခု ကြည့်နေကြတဲ့လူတွေက ဒုတိယ ငါ ဖြစ်မလာဘူးလို့ ဘယ်သူက ပြောနိုင်လဲ …”

“ ချန်ယွီ့က ဟူယွီ ပလတ်ဖောင်းကိုယ်တိုင် ပရိုမိုးရှင်းဆင်းပေးနေတဲ့ အင်တာနက် ဆယ်လီကြီးတစ်ယောက်… ငါဆိုတဲ့ကောင်က ဘာနာမည်မှ မရှိတဲ့ ဘာမဟုတ်တဲ့လူတစ်ဦးပဲ …”

“ သူငါ့ကို အသရေဖျက်လို့ တရားစွဲမယ်ဆိုရင်တောင် ငါ့အတွက် တရားနိုင်ဖို့က အတော်လေး ခက်ခဲလိမ့်မှာ ….”

“ ချန်ယွီ့မှာက ငွေတွေ အများကြီးနဲ့ ချိတ်တွေ အများကြီး ရှိတယ် … ငါ့ကို ဆန့်ကျင်ပြီး တရားစွဲဖို့အတွက် ရှေ့နေ အသင်းတစ်ခုကို ငွေပေါက်ပေးပြီး ငှားလိုက်လို့ ရတယ် … အဲ့လိုဆိုရင်တောင် ငါ့မိဘကို မဟုတ်မမှန် စော်ကား ပြောဆိုတာတော့ ငါ ဘယ်လိုနည်းနဲ့မှ သည်းမခံနိုင်ဘူး ….”

“ ဒီရဲ့လူနာ … ငါ စကားလေး နည်းနည်းလောက် ပြောလို့ရမလား …”

ချန်ယွီ့က အလျင်မလိုဘဲ မနှေးမမြန် ပြောလိုက်သည်။

“ ငါမင်းရဲ့ ပါးစပ်ကို ပိတ်ထားတာလည်း မဟုတ်ဘူး .. မင်းပြောချင်တာ ပြောလို့ရတယ် … ဒါပေမယ့် မင်း ငါ့မိဘတွေကို ‌စော်ကားတဲ့စကားတွေ ထပ်ပြောဝံ့လို့ကတော့ ရှေ့နေခေါ်ပြီး အဆုံးထိ တိုက်ခိုက်ပစ်မယ် …. ငါ့မှာ ကုန်းကောက်စရာ ခြူးတစ်ပြားတောင် မကျန်ရင် နေပါစေ … ဒါမျိုးတော့ လုံးဝ သည်းခံနေမှာ မဟုတ်ဘူး …..”

[သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]က ချန်ယွီ့ကို ကြမ်းကြုတ်သည့် မျက်နှာထားဖြင့် ကြည့်ပြီး ပြောလိုက်သည်။

“ တကယ်လို့ မင်းရဲ့ မိသားစုက သဟဇာတဖြစ်ပြီး မင်းမိဘတွေကလည်း အချင်းချင်း ချစ်ကြတဲ့ စုံတွဲတွေဆိုရင် မင်းဆီမှာ မိသားစု ဓာတ်ပုံတစ်ခုတော့ ရှိမှာပဲ ဟုတ်တယ်မလား …” ချန်ယွီ့ မေးလိုက်သည်။

“ မင်း မိသားစု ဓာတ်ပုံထုတ်ပြီး ငါတို့ ကြည့်လို့ရအောင် ပြလို့ အဆင်ပြေမလား ….”

ချန်ယွီ့ စကားဆုံးတော့ [သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]၏ အမူအရာမှာ ရုတ်ချည်း စိုးရိမ်ကြောင့်ကြလာသည်။

“ ငါ့မိသားစု ဓာတ်ပုံက ဧည့်ခန်းထဲမှာ … အဲ့လို အရာကြီးကို ဘယ်သူက သူတို့နဲ့အတူ သွားလေရာ သယ်သွားနေမှာလဲကွ ….”

“ ဪ … အဲ့လိုကိုး ….”

“ ဒါပေါ့ ဒါပေါ့ … ငါသဘောပေါက်ပြီ ….” ချန်ယွီ့ ခေါင်းညိတ်လိုက်ပြီး “ မင်းမှာ မိသားစုပုံ မရှိဘူးဆိုရင်တောင် မင်းမိဘတွေ ဓာတ်ပုံတော့ ရှိမယ်မလား ….”

“ ရှိတယ် … ဒါပေမယ့် ဒါပေမယ့် … ငါနဲ့အတူ မရှိဘူး ….”

[သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]၏ လေသံက ပို၍ပို၍ မူမမှန် ဖြစ်လာသည်။

မည်သူမဆို သူ့ဘက်က ဟန်ဆောင်နေကြောင်းကို အထင်သား မြင်တွေ့နိုင်ကြ၏။

“ မင်းမိသားစု ဓာတ်ပုံက ဧည့်ခန်းထဲမှာ ချိတ်ထားလို့ မင်းနဲ့အတူ ယူမထားနိုင်တာကို နားလည်ပေးလို့ရတယ် …” ချန်ယွီ့ ပြောလိုက်ပြီး “ ဒါပေမယ့် မင်းမိဘတွေရဲ့ ဓာတ်ပုံ မရှိဘူးဆိုတာကတော့ … မင်း သူတို့နှစ်ယောက် ဓာတ်ပုံကို ဖုန်းနဲ့ မရိုက်ပေးဖူးလို့တော့ ငါ့ကိုမပြောနဲ့နော်… ဒါမှမဟုတ် မင်းမှာ ဓာတ်ပုံအတူ ရိုက်ဖို့ အဖေမရှိတာကြောင့်များလား ….”

ချွေးသီးချွေးပေါက်တို့က [သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]၏ နဖူးထက်တွင် ဖြစ်ပေါ်လာပြီး သူ့အမူအရာကလည်း မသက်မသာ ဖြစ်လာသည်။

စိတ်ရှည်ရှည်နှင့် ခေတ္တကြာအောင် စောင့်ဆိုင်းပြီးနောက် ချန်ယွီ့ မေးလိုက်၏။ “ ငါ့ရဲ့ ကြည့်ရှုသူတို့ … မင်းတို့ သူ့အမေနဲ့ ရိုက်ထားတဲ့ ပုံထဲမှာ တစ်ခုခု မှားနေတာကို သတိထားမိလား …”

သူ ပြောလိုက်သည်နှင့် ကြည့်ရှုသူများက မြင်ခဲ့ဖူးသည့် ပုံကို ပြန်မြင်ယောင်ကြည့်လိုက်ကြသည်။

“ သူတို့ သွားစားတဲ့ စားသောက်ဆိုင်က ငါတို့ဒေသမှာ ဈေးအကြီးဆုံး အနောက်တိုင်း စားသောက်ဆိုင်ဟ … ပုံမှန်ပျှမ်းမျှ ကုန်ကျစားရိတ်တင် ယွမ် ၂,၀၀၀ ရှိတယ် …”

“ အဲ့အန်တီကြီး ကိုင်ထားတဲ့ အိတ်ကလည်း အကန့်အသတ်နဲ့ ထုတ်ထားတဲ့ ပလတ်တီနမ်အိတ်နဲ့ နည်းနည်းလေး တူနေသလားလို့ နော်… “

“ ထူးဆန်းတယ် … သူ ပြောသွားတာ သူ့မိသားစု နောက်ခံက သာမန်ပဲလို့ ဆိုပြီးတော့မလား …. သူ့အမေက ပလတ်တီနမ်အိတ် ဝယ်ကိုင်နေတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ….”

“ အတုကြီးများလား ….”

“ အိတ်က အတု ဖြစ်ရင် ဖြစ်လိမ့်မယ် … ဒါပေမယ့် သူ့လက်မှာ စွပ်ထားတဲ့ စိန်လက်စွပ်ကြီးကတော့ အစစ်ဆိုတာ ကျိန်းသေတယ် …”

ကြည့်ရှုသူများက ဒါဇင်ကျော်သည့် ဓာတ်ပုံများထဲရှိ အသေးစိတ်များအား ဆွေးနွေးနေခဲ့ကြသည်။

အနှီ ဓာတ်ပုံတို့က ပန်းခြံထဲ၊ ရှော့ပင်းမောလ်ထဲ၊ စားသောက်ဆိုင်များထဲတွင် ရိုက်ထားသည့်ပုံများ ဖြစ်ပြီး …

ဓာတ်ပုံ တစ်ပုံချင်းစီတွင် [သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]

၏ အမေက အမြဲလိုလို မတူကွဲပြားသည့် အင်္ကျီနှင့် အိတ်များကို လွယ်ထားစမြဲပင်။

သူမလက်တွင် ဝတ်စားထားသည့် လက်ဝတ်ရတနာတို့ကလည်း တစ်ခုပြီးတစ်ခု မထပ်အောင်ကို ပြောင်းလဲနေသည်။

[သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]သည် သူ့မိသားစုက နွမ်းပါးသည့် မိသားစုဖြစ်ကြောင်း ပြောပြခဲ့ဖူးသည်။

ထို့ပြင် သူက ကုမ္ပဏီတစ်ခုရှိ သာမန် ဝန်ထမ်းတစ်ဦးမျှသာ ဖြစ်၏။

ဝင်ငွေနည်းပါးသည့် မိသားစုနှင့် သာမန်ဆန်သည့် အလုပ်အကိုင်တစ်ခုက ထိုမျှ ဈေးကြီးသည့် ဇိမ်ခံပစ္စည်းများကို သူ့အမေအတွက် ဝယ်ပေးပြီး အဆင့်အတန်းမြင့်သည့် ရှော့ပင်းမောလ်များနှင့် စားသောက်ဆိုင်များတွင် အကြိမ်ရေများစွာ သွားရောက်ဖို့ရာ မည်သို့ ဖြစ်နိုင်မည်နည်း။

ယင်းက အတော်လေးကို ယုတ္တိမတန်ပေ။

“ညီကိုတို့ …. ပုံထဲ သူတို့နှစ်ယောက်ရဲ့ အမူအရာတွေက သားအမိတွေနဲ့ မတူဘဲ ချစ်သူစုံတွဲတွေလို ဖြစ်နေတယ်လို့ရော မထင်မိဘူးလား ….”

“ အပေါ်ကလူ ပြောတာ ဟုတ်တယ် … ငါလည်း ပြောချင်နေတာ … ဒါပေမယ့် မသင့်တော်လို့…..”

“ ငါလည်း ပုံကို စစမြင်ချင်းတုန်းက စိတ်ထဲ အဲ့လို ခံစားလိုက်ရသေးတယ် ….”

“ ဘုရားရေ …. သူတို့နှစ်ယောက်က သားအမိတွေ မဟုတ်ဘဲ ဟိုလို ဆက်ဆံရေးမျိုး ဖြစ်နေတာများလား ….”

“ ဟုတ်လောက်တယ် … မဟုတ်ရင် ဒါကြီးက ယုတ္တိမှ မရှိဘဲ …..”

“ အမျိုးသမီးက တန်ဖိုးကြီး လက်ဝတ်ရတနာတွေ ဝတ်ထားတယ်ဆိုတော့ ကျိန်းသေပေါက် ချမ်းသာလောက်တယ် … မဟုတ်ရင် ဓာတ်ပုံရိုက်တိုင်း မတူကွဲပြားတဲ့ အိတ်တွေ ကိုင်ထားဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာ …”

“ ဒါပေမယ့် မဟုတ်သေးဘူးနော်… တကယ်လို့သူသာ လူချမ်းသာမကြီးတစ်ယောက်ရဲ့ မွေးစားသားလေး ဖြစ်သွားခဲ့မယ်ဆိုရင် ဘာလို့ အလုပ်ဆက်လုပ်နေတော့မှာ … သူ့ကိုပဲ ကျွေးမွေးထားခိုင်းလိုက်တာက ပိုမကောင်းဘူးလား ….”

“ အမှန်အတိုင်းပြောရရင် ဒီညီလေးရဲ့ အကြိုက် အတော်လေးကို တမူထူးခြားတယ်လို့ ဆိုရမယ် … သူလည်း MILF ကြိုက်တဲ့ ညီကိုများလား ….”

စကားပြောခန်းထဲတွင် ကွန်းမန့်တို့ မရေမတွက်နိုင်အောင် ပလူပျံနေခဲ့သည်။

ကြည့်ရှုသူများက [သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]နှင့် သက်လတ်ပိုင်း အမျိုးသမီးကြားရှိ ဆက်ဆံရေးကို ရှုထောင့်ပေါင်းစုံမှနေ၍ ခွဲခြား သုံးသပ်နေခဲ့ကြ၏။

“ ဒီရဲ့လူနာ …” ချန်ယွီ့ ပြောလိုက်ပြီး “ မင်းတို့ နှစ်ယောက်က သားအမိ‌တွေ မဟုတ်ပါဘူးဆိုတာကို သက်သေပြနိုင်တဲ့ သက်သေ အပိုင်းအစ တစ်ခု ငါ့လက်ထဲမှာ ရှိနေသေးတယ် … မင်း ဆက်ပြီး နားထောင်ချင်သေးလား …”

All Chapters