← Chapters

အလုပ်ခွင်ထဲမှာဆိုရင်တော့ မင်းက ဘော့စ်၊ နောက်ကွယ်မှာတော့ ငါက မင်း အဖေပဲ

Vol. 20 Ch. 196

အလုပ်ခွင်ထဲမှာဆိုရင်တော့ မင်းက ဘော့စ်၊ နောက်ကွယ်မှာတော့ ငါက မင်း အဖေပဲ

Vol. 20 Ch. 196

ကြည့်ရှုသူတော်တော်များက အူတက်သည်အထိ ရယ်မောမိလိုက်ကြသည်။

သူ့ကိုယ်သူ ရောင်းစားပြီးနေတဲ့အချိန်မှာ ချန်ယွီ့က ကိုယ်ရေးကိုယ်တာ တိုက်ခိုက်တယ်ဆိုပြီး ပြောနေလို့ ဘာအသုံးဝင်တော့မှာလဲ …

[သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]သည် နောင်တများဖြင့် ပြည့်နှက်သွားခဲ့၏။

ချန်ယွီ့ … ဒင်း သိပ်ဉာဏ်များတဲ့ကောင် …

တစ်ဆင့်ပြီး တစ်ဆင့်နဲ့ သူ့ကို ထောင်ချောက်ထဲ ကျအောင်လုပ်ပြီး အမှန်ပြောထွက်အောင် လုပ်တယ် …

ချန်ယွီ့ သူ့အား ဤအချက်ဖြင့် လှောင်ပြောင်ထေ့ငေါ့လာတော့မှာကို တွေးထားသော်လည်းပဲ ချန်ယွီ့က ထိုသို့ မပြုလုပ်ခဲ့ပေ။

“ ဘော့စ်ကို ကားထဲပို့ပြီးတဲ့နောက်မှာ အမျိုးသမီးက မင်းနဲ့ သီးသန့်စကားပြောတယ် …”

“ သူက မင်းဘော့စ်ရဲ့ အလုပ်ခွင်မှာ သူ့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကူထမ်းပေးဖို့ ဘာဖို့ ညာဖို့ ပြောတယ် …” ချန်ယွီ့က တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်ပြီး “ တစ်လက်စတည်း သူ့ရဲ့ ဖုန်းနံပါတ်ကိုပါ မင်းနဲ့ ဖလှယ်ထားခဲ့တယ် ဟုတ်တယ်နော်…”

“ မင်း တကယ်ပဲ အားလုံး သိနေတယ် ….”

[သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]၏ နှလုံးမှာ လည်ချောင်းဝသို့ တစ်ဆို့လာခဲ့၏။

နှစ်ယောက်က အနီးနား ဘယ်သူမှ မရှိတဲ့အချိန် သီးသန့်စကားပြောခဲ့တာပါ …

ဖြတ်သွားဖြတ်လာတွေ ၊ စောင့်ကြည့်ရေး ကင်မရာတွေတောင် မရှိဘူး …

ဒါကို ချန်ယွီ့က ဘယ်လိုလုပ်ပြီး သိနေရတာလဲ ….

အတိတ်နဲ့ အနာဂတ်ကို ခန့်မှန်းနိုင်နေတယ်ဆိုရင်တောင်မှ တစ်ဖက်သူ ဘာတွေ ပြောလဲဆိုတာကို ခန့်မှန်းဖို့က မဖြစ်နိုင်ဘူးလေ … ဟုတ်တယ်နော်…

“ အဲ့နေ့ကတည်းကစပြီး ….” ချန်ယွီ့က ဆက်လက်၍ “ သူ မင်းဆီ ဝီချက်ကနေ မကြာခဏ စာတွေ ပို့တယ် ….”

“ မင်းရဲ့ အလုပ်ကြောင့်မို့ အွန်လိုင်းကလူတွေနဲ့ စကားပြောတဲ့နေရာမှာ အင်မတန်ကောင်းတဲ့ စွမ်းရည်တွေ မင်းမှာ ပိုင်ဆိုင်ထားတယ် … သူ မင်းဆီ ရင်ဖွင့်လာခဲ့ဖို့ အချိန် ဘယ်လောက်မှတောင် မယူလိုက်ရဘူး …”

“ သူ့ခင်ပွန်း စောစီး မရှိတော့တဲ့အကြောင်းတွေ … သားဖြစ်သူကလည်း ငွေရှာဖို့ပဲ အာရုံစိုက်နေတော့ တစ်ယောက်တည်း အထီးကျန်နေရတဲ့ အကြောင်းတွေ … “

“ အမျိုးသမီးရဲ့ သားက ပိုက်ဆံ မချို့တဲ့ဘူးဆိုပေမယ့် သူ့မှာက မိသားစုဆိုတဲ့ နွေးထွေးတဲ့ ခံစားချက်လေးတို့ ဆာလောင်မွတ်သိပ်နေရတယ် …”

“ သူ အဲ့နေ့တုန်းက မင်းကို မြင်လိုက်တဲ့အခိုက်အတန့်မှာ ငယ်ငယ်တုန်းက သူ့သားသူ မြင်တွေ့လိုက်ရသလို မေတ္တာစိတ်တွေ ယိုဖိတ်လာတယ် … “

“ အဲ့နောက်မှာ သူက မင်းရဲ့ မွေးနေ့အကြောင်း မေးမြန်းတယ် … တိုက်ဆိုင်ချင်တော့ အမျိုးသမီးရဲ့ သားဖြစ်သူနဲ့ မွေးနေ့ချင်းက တစ်ရက်တည်း … ဒါ ကောင်းကင်က သတ်မှတ်ပေးလိုက်တဲ့ ရေစက်လို့ ဆိုပြီးတော့ ပြောခဲ့တာ ဟုတ်တယ်နော်…”

ချန်ယွီ့ စကားတစ်ခွန်း ပြောလိုက်သည့် အချိန်တိုင်း [သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]၏ အမူအရာမှာ ပို၍ပို၍ အကျည်းတန်လာခဲ့သည်။

“ အဲ့အချိန်ကစပြီး ….” ချန်ယွီ့ သူ့စကားကို ဆက်သည်။ “ ရက် နည်းနည်းကြာတိုင်း အမျိုးသမီးက မင်းကို ငွေတွေ လွှဲပေးတယ် …”

“ သူ့ရဲ့ ရက်ရောမှုတွေကြောင့်နဲ့ မင်းကလည်း သူ့ရဲ့ မွေးစားသားလေး ဖြစ်လာတယ် …”

“ မင်း သူ့ကို နေ့တိုင်းနေ့ အဖော်လုပ်ပေးချင်တဲ့အကြောင်း …၊ ဒီအလုပ်ကြီးမှာ ဆက်မလုပ်ချင်တော့တဲ့ အကြောင်း မင်း တစ်ခါမက ပြောခဲ့ဖူးတယ် …”

“ ဒါပေမယ့် တစ်ချို့ အကြောင်းအရင်းတွေကြောင့် အမျိုးသမီးက မင်းကို ကုမ္ပဏီမှာပဲ နေဖို့ပြောတယ် …”

“ အဲ့တော့ မင်းလည်း သူ့စကားကို ဘယ်လိုလုပ် လွန်ဆန်ဝံ့မှာလဲ ဟုတ်တယ်မလား ….”

“ ဒီလိုနဲ့ မင်းလည်း ဘော့စ်ဖြစ်သူရဲ့ ကုမ္ပဏီမှာ အလုပ်လုပ်နေရင်း တစ်ဖက်မှာက အမျိုးသမီးရဲ့ မွေးစားသားလေး လုပ်နေရတယ် …”

ထိုစဉ် ရုတ်တရက် ကျယ်လောင်သည့် အော်ဟစ်သံနှင့်အတူ [သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]က နာကျင်နေသည့် အမူအရာဖြင့် ကြမ်းပြင်သို့ လဲကျသွားခဲ့သည်။

သူ့နောက်တွင်တော့ ဝတ်စုံပြည့်နှင့် သက်လတ်ပိုင်း အမျိုးသားကြီးက ကြမ်းကြုတ်သည့် မျက်နှာထားနှင့် ရှိနေသည်။

သူ့လက်တွင် သံပိုက်လုံး တစ်ခုကိုလည်း ကိုင်ထားသေး၏။

ထိုသူကတော့ [သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]အား သံပိုက်နှင့် ကြမ်းပြင်သို့ လဲကျအောင် ရိုက်နှက်လိုက်သူပင်။

[သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]က နာကျင်သည့် အမူအရာဖြင့် ခက်ခက်ခဲခဲ မေးမြန်းလိုက်သည်။

“ ဘော့စ် ဘော့စ် … မင်း မင်း ငါ့ကို ရိုက်တယ် …”

“ ခွေးမသား … ငါမင်းကို ရိုက်ရုံတင် မကဘူး … အသေပါ သတ်မှာ ….”

သူ့စကားဆုံးသည်နှင့် သက်လတ်ပိုင်း အမျိုးသားက သံပိုက်ကို ပင့်ပြီး [သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]၏ ညာလက်မောင်းထံသို့ ပြင်းထန်စွာ လွှဲရိုက်ပစ်လိုက်သည်။

“ အားးးးး “

ဝက်ပေါ်သကဲ့သို့ အော်ဟစ်သံကြီးက လိုက်စထွင်း အခန်းတစ်ခုလုံးထဲ ပျံ့လွင့်သွားခဲ့သည်။

သန်းနှင့်ချီသည့် ကြည့်ရှုသူများမှာ အံ့အားသင့်သွားခဲ့ကြ၏။

သူ့ ဘော့စ် ဒီလောက်ထိ ဒေါသထွက်အောင် [သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]က ဘာတွေများ လုပ်မိလို့ပါလိမ့် …

ဘော့စ်က သူ့ကို သတ်ချင်နေမှန်း တကယ်လည်း သိသာတယ် …

ချန်ယွီ့ စောနတုန်းက ပြောသွားခဲ့တာ တကယ်လို့ သူသာ မထွက်သွားဘူးဆိုရင် သူ့ဘော့စ်က သူ့ကို ပြဿနာ လာရှာတော့မယ် …

လူတိုင်းက ဖြစ်နိုင်ချေမျိုးစုံကို စဉ်းစားမိကြသော်လည်း ဘော့စ်ဖြစ်သူက ဤမျှ ရက်စက်စွာ ပြုမူလာလိမ့်မည်လို့တော့ ထင်မှတ်မထားခဲ့ကြပေ။

“ ဘော့စ် … တောင်းပန်ပါတယ် … ငါ့ကို မရိုက်ပါနဲ့တော့ …”

သူ့ဘော့စ်က ရက်စက်ကြမ်းကြုတ်သည့် လူတစ်ယောက် ဖြစ်မှန်း သိသည့်အတွက်ကြောင့် [သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]သည် တွားသွား၍ သူ့ဘောစ်၏ ပေါင်ကို ဖက်တွယ်ထားလိုက်သည်။

သူ့ အမှားကို ဝန်ခံပြီး တောင်းပန်လေသည်။

“ မင်း ဘယ်နားမှားသွားလဲ သိလား….”

ဘော့စ်က သံပိုက်ကို ကိုင်ထားပြီး [သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]ကို ရွယ်လျက် မေးလိုက်သည်။

“ ငါ … ငါ မသိဘူး ….”

“ မင်း မသိဘူးပေါ့ … ဟုတ်လား .. ငါ အခု ပြောပြလိုက်မယ် … ပုံထဲက အမျိုးသမီးက ငါ့အမေကွ … အဲ့တာ ငါ့အမေ …”

[သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]၏ ဦးနှောက်မှာ ထိုစကားကြားတော့ ပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့သည်။

သူ နားမလည်နိုင်သည့် အရာတို့က ချက်ချင်းဆိုသလို ကြည်လင်ပြတ်သား ရှင်းလင်းလာသည်။

သက်လတ်ပိုင်း အမျိုးသမီးက သူ့ဘော့စ်ကို ပွဲ အပြင်ဘက် တွဲပို့လာပြီး ဘော့စ်ကို ကူညီပေးဖို့ ပြောပေးခဲ့တာ မဆန်းတော့ပေ။

သူ ကုမ္ပဏီကနေ နှုတ်ထွက်မယ့် အကြံကို သဘောမတူတာလည်း ဒါကြောင့်ကိုး …

“ မင်း မျိုးမစစ် … ၊ မင်းက ခြေသွက်လက်သွက်နဲ့ အမြင်ကောင်းတွေရှိလို့ အစတုန်းကတော့ မင်းကို လူယုံတစ်ယောက်အနေနဲ့ မွေးချင်ခဲ့တာ …”

“ ထွီး … မင်းက ငါ့ရဲ့ လက်အောက်ငယ်သား မဖြစ်ချင်ဘဲ ငါ့အဖေ ဖြစ်ချင်နေတယ် …”

“ ငါ မင်းကို ဒီနေ့ မသတ်ဘူးဆိုရင် မင်းရဲ့ စောက်မျိုးရိုးနာမည်ကို ငါ ယူပစ်လိုက်မယ် …”

“ ရှီးတဲ့မှ ထွီး …”

ထိုသို့ပြောပြီးနောက် ဘော့စ်က ကြမ်းပြင်သို့ မာန်ပါစွာ တံတွေးထွေးချလိုက်သည်။

သူ့လက်ထဲက သံပိုက်ကို မြှောက်ပြီး [သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]အား ထပ်ခါတလဲလဲ ရိုက်နှက်နေတော့၏။

“ ဒီလူ တော်တော်ရက်စက်တာပဲ … အရင်က လူမိုက်ဖြစ်ခဲဖူးလား မသိဘူးနော်….”

“ မြင်သာနေတာပဲ မဟုတ်ဘူးလား … လည်ပင်က တက်တူးကိုပဲ တစ်ချက်ကြည့်လိုက်လေ … သာမန် ဘယ်သူကများ အဲ့လိုနေရာမျိုးမှာ တက်တူးထိုးမှာမို့လို့ ….”

“ ရှီး … ဒီဘော့စ်က ကိုင်တွယ်ရ မလွယ်ကူလောက်ဘူးပဲ .. ငါ့စိတ်ထင် သူ့ ကုမ္ပဏီကလည်း သွေးရိုးသားရိုး ကုမ္ပဏီတော့ မဖြစ်နိုင်လောက်ဘူး ….”

“ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ ကုမ္ပဏီများ ဖြစ်နေမလား ….”

“ [သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး] : ဘော့စ် … ငါတို့ရဲ့ အနာဂတ်အကြောင်း ဆွေးနွေးကြရအောင် … အလုပ်မှာဆိုရင် ငါမင်းကို ဘော့စ်လို့ ခေါ်မယ် … နောက်ကွယ်မှာဆိုရင်တော့ ငါ့ကို အဖေခေါ်ပေါ့ကွာ …”

“ ချီးပဲ … ဒါကြီးက စောက်ရမ်း စောက်လှုပ်ရှားဖို့ ကောင်းလွန်းတယ် ….”

ထိုအချိန် အလုပ်သမားအုပ်ကြီးမှာ အနီးနားတစ်ဝိုက်တွင် စုဝေးလာကြ၏။

“ မင်းတို့ကောင်တို့က -ီးကို ကြည့်ကောင်းနေတာလား … မြန်မြန် လိုက်စထွင်းကို ပိတ်လိုက်စမ်း …”

[သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]ကို ဆယ်ကြိမ်မက ရိုက်နှက်ပြီးနောက် ဘော့စ်မှာ ပင်ပန်းလွန်း၍ မောဟိုက်နေလေပြီ။

သူ့မျက်လုံးထောင့်စွန်းမှနေ၍ ကွန်ပျူတာစခရင်ကို တစ်ချက် ကြည့်လိုက်ပြီး မျက်နှာတစ်ခုလုံး စိမ်းဖန့်သွားခဲ့သည်။

ဉာဏ်ကောင်းသည့် ဝန်ထမ်းတစ်ဦးက ချက်ချင်းပဲ ပါဝင်ဖွင့်သည့် ခလုတ်ကို နှိပ်ချလိုက်၏။

ထိုသို့ဖြင့် လိုက်စထွင်းသည်လည်း အဆုံးသတ်သွားခဲ့သည်။

“ ဒေါက်တာချန် … အဲ့လူ သေတဲ့အထိ ရိုက်နှက်ခံရမှာတော့ မဟုတ်ဘူးမလား …”

ကြင်နာတတ်သည့် ကြည့်ရှုသူတစ်ဦးက ကွန်းမန့်ပေးလာခဲ့သည်။

“ သူ မသေပါဘူး …” ချန်ယွီ့ ပြောပြီး ခေါင်းခါယမ်းလိုက်ကာ “ ဒါပေမယ့် တစ်သက်လုံး ဝှီးချဲပေါ်မှာပဲ အချိန်ကုန်နိုင်တော့မယ် ….”

“ လက်နှစ်ဖက်မှာရှိတဲ့ သွေးကြောတွေလည်း ပြန်ကုမရနိုင်တော့အောင် ထိခိုက်သွားပြီး သူ့လက်တွေက အချိန်တိုင်းလိုလို တုန်ယင်နေမယ် …”

[သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]၏ ကံကြမ္မာကို သိရှိလိုက်ရပြီးနောက် ကြည့်ရှုသူများက ပင့်သပ်ရှိုက်မိသွားခဲ့ကြသည်။

စူးစမ်းချင်စိတ် အပြည့်ရှိသည့် ကြည့်ရှုသူ အများအပြားက ဘာလုပ်သည့် ကုမ္ပဏီလဲဟု အများအပြား ကွန်းမန့်ရေးလာလေသည်။

အဲ့ဒါက ငွေကြေး ခဝါချတဲ့ ကုမ္ပဏီလား … ဒါမှမဟုတ် ဟန်ဆောင်ထားတဲ့ ဂိုဏ်းတစ်ခုလား …

ဘော့စ်ဖြစ်သူရဲ့ ရက်စက်ချက်က [သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]ကို သံတုတ်နဲ့ မညှာမတာ ရိုက်နှက်တဲ့အထိပဲ … ပြီးတော့ အနီးနားဝိုင်းနေတဲ့ လူတွေကလည်း တစ်ကောင်မှ လူကောင်းပုံ မပေါ်ဘူး …

သူတို့ရဲ့ ဆံပင်တွေက ကာလာစုံနဲ့ … တက်တူးမရှိတဲ့လူရယ်လို့လည်း မြင်ကို မမြင်မိဘူး …

“ သူ အလုပ်လုပ်တဲ့ ကုမ္ပဏီက တရားမဝင်တဲ့ လုပ်ငန်းကိစ္စတွေနဲ့ တစ်ခုမှ ပတ်သက်မနေဘူး …” ချန်ယွီ့ ပြောလိုက်ပြီး “ အဲ့တာက ဂိုဏ်းမဟုတ်ဘူး … ဒီတိုင်း အွန်လိုင်း PR ကုမ္ပဏီတစ်ခုပဲ … အင်တာနက် ရေတပ်ဖွဲ့ဆိုပြီးလည်း လူပြောများကြတယ် …”

ကြည့်ရှုသူများမှာ ဉာဏ်အလင်းပွင့်သွားခဲ့ကြ၏။

[သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]က နည်းလမ်းမျိုးစုံသုံး၍ ချန်ယွီ့အား ဆန့်ကျင်နေသည်မှာ မထူးဆန်းတော့ချေ။ လက်စသတ်တော့ သူက ထိုသို့သော နေရာမျိုးတွင် အလုပ်လုပ်သူ တစ်ဦး ဖြစ်နေလေသည်။

ချန်ယွီ့က သူ့အား အွန်လိုင်းပေါ်တွင် လူများနှင့် စကားပြောဆိုရာ၌ ထူးချွန်ကျွမ်းကျင်သညဟု ဆိုခဲ့သည့်မှာ မထူးဆန်းတော့ပေ။ ပရော်ဖက်ရှင်နယ် ရေတပ်သားတို့က သူတို့၏ ကီးဘုတ်နှင့် လက်နှစ်ဖက်ကိုသာလျှင် အသုံးပြု၍ တိုက်ပွဲဝင်ကြ၏။

“ ဟုတ်တော့ မဟုတ်သေးဘူးနော် ဒေါက်တာချန် … မင်း လူနာရွေးချယ်တဲ့ နည်းလမ်းက ဟုန်ပေါင်းနဲ့လေ … ထိပ်တန်း သုံးဦးကပဲ လူချင်းစကားပြောပြီး ဆွေးနွေးနိုင်မယ့် အခွင့်အရေး ရှိတာ … “

“ အင်တာနက်ရေတပ်က ဘယ်လောက်တောင် တိုက်ဆိုင်လွန်းလို့ ဟုန်ပေါင်းရသွားခဲ့တာလဲတဲ့ … ဒါကြီးက တိုက်ဆိုင်လွန်းမနေဘူးလား …”

ကြည့်ရှုသူတစ်ဦးက ထပ်မံ မေးမြန်းလိုက်သည်။

“ ဒါပေါ့ … လောကကြီးထဲ အဲ့လို တိုက်ဆိုင်တာမျိုး ဘယ်လိုလုပ်ပြီး ရှိနိုင်မှာ …” ချန်ယွီ့က ခပ်ဖျော့ဖျော့ပြုံး၍ ပြောလိုက်ပြီး “ ငါ့ကို ပုတ်ခတ်ပြောဆိုချင်တဲ့လူက ကြည့်ရှုသူ အတုတွေ အများကြီး ငှားထားတယ်လေ …”

“ သူတို့က ထောင်နဲ့ချီတဲ့ ရေတပ်သားတွေကို ငှားရမ်းပြီး သူတို့တစ်ယောက်ချင်းစီတိုင်းမှာ အကောင့်တွေကလည်း ရာနဲ့ချီတယ် ….”

“ ဖြစ်နိုင်ချေက နည်းပါးတယ်ဆိုရင်တောင် သူတို့မှာ အခွင့်အရေးကတော့ ရှိနေသေးတုန်းပဲ …”

All Chapters