← Chapters

ထီးနီ ၊ ညှာတံ အဖြူ

Vol. 21 Ch. 205

ထီးနီ ၊ ညှာတံ အဖြူ

Vol. 21 Ch. 205

ချန်ယွီ့က ကျောက်ကျင်းချွမ် ဖခင်အား အလွန်အကျွံ အလိုလိုက်မှုနှင့် မကောင်းသည့် အကျင့်များ အကြောင်း ပြောဆိုလာတော့ ဝမ်တဲ့ချွမ် မနေနိုင်ဘဲ မေးမြန်းမိလိုက်သည်။ “ ညီကိုကျောက် … မင်းအဖေမှာ ဘယ်လိုမကောင်းတဲ့ အကျင့်တွေ ရှိနေလို့ … မင်းသူ့ကို ဘာတွေ လုပ်ပေးခဲ့မိတာလဲ …”

ကျောက်ကျင်းချွမ်၏ စိတ်တစ်ခွင်လုံး ဟာလာဟင်းလင်း ဖြစ်နေခဲ့သည်။

သူ့အဖေတွင် … တကယ်လည်း အင်မတန် ဆိုးရွားသည့် အကျင့်တစ်ခု ရှိ၏။

ထို့ပြင် အနှီ အကျင့်ဆိုးက အန္တရာယ် တစ်ချို့ကိုပါ ပူးတွဲ သယ်ဆောင်နေလျက် ရှိသည်။

ကျောက်ကျင်းချွမ်နှင့် သူ့သားအပြင် ၊ မွေးရပ်မြေရှိ သူ့ဆွေမျိုးသားချင်းတို့ကသာ ဤအကြောင်းကို သိရှိထားလေသည်။

ဤအချင်းအရာကို ချန်ယွီ့က မည်သို့ သိရှိသွားရသနည်း။

သက်ပြင်းချလျက် … ချန်ယွီ့ လေးနက်တည်ကြည်စွာ ဆိုလိုက်၏။ “ ခင်များရဲ့ အဖေက နောက်ထပ် နှစ် ၂၀ ၊ ၃၀ လောက် အထိ နေနိုင်သေးတယ် … ဒါပေမယ့် ခင်များရဲ့ အလွန်အကျွံ အလိုလိုက်မှုကြောင့် သူ့ကျန်းမာရေးက တဖြည်းဖြည်းချင်း ဆိုးရွားလာတယ် …”

“ အဲ့တာကပဲ ခင်များရဲ့ အဖေကို အခုလို အခြေအနေမျိုး ရောက်စေခဲ့တာပဲ ….”

“ လူတိုင်းမှာ စားသောက်ချင်စိတ်ဆိုတာ ရှိတယ် … အရသာရှိတဲ့ အစားအသောက်တွေ စားရတာကို နှစ်သက်တာ နားလည်ပေးလို့ရတယ် …”

“ ဒါပေမယ့် ခင်များအဖေရဲ့ အခုလိုပုံစံကြီးကတော့ အန္တရာယ်သိပ်များလွန်းတယ် ….”

“ သူ တစ်ခါတစ်လေလေး တစ်ကြိမ်၊နှစ်ကြိမ်လောက် စားတာက ပြဿနာ မရှိဘူးဆိုပေမယ့် … ဒါပေမယ့် နေ့တိုင်းကြီးကျတော့ ၊ အခုလို ဖြစ်လာခဲ့တာ ဆန်းတော့မဆန်းပါဘူး ….”

“ ဒေါက်တာချန် … မင်း ဘာတွေ ပြောနေတာ … ငါ တစ်လုံးမှကို နားမလည်ဘူး ….”

ဝမ်တဲ့ချွမ် နားရှုပ်နေမိ၏။

ချန်ယွီ့က အရင်ဦးစွာ ကျောက်ကျင်းချွမ်၏ ဖခင်တွင် အကျင့်ဆိုးတစ်ခုရှိကြောင်း ၊ ထို့နောက် ကျောက်ကျင်းချွမ်၏ အလိုလိုက်မှုကြောင့် ယခုလို အခြေအနေမျိုးသို့ ရောက်ရှိလာခဲ့ရကြောင်း ပြောသည်။

ထို့နောက် ရုတ်တရက်ဆိုသလို ချန်ယွီ့က စကားလမ်းကြောင်းကို အရသာရှိသည့် အစားအသောက်များအပေါ် နှစ်သက်စွဲလမ်းမှုသို့ ပြောင်းလဲသွားခဲ့၏။

‘ မဟုတ်မှလွဲရော … ကျောက်ကျင်းချွမ်ရဲ့ အဖေက သူ မစားသင့်တဲ့ အရာကို စားမိသွားလို့များလား … ဥပမာ ငါးပူတင်းလို ငါးတွေကိုပေါ့ …..’

“ ဒေါက်တာ … ဒါ ငါ့သားရဲ့ အမှားမဟုတ်ပါဘူး ….”

“ ဒါတွေ အကုန်လုံးက အစားအသောက် လောဘကြီးမိတဲ့ ငါ့ရဲ့ အပြစ်တွေချည်းပါပဲ ….”

အိပ်ရာကုတင်ပေါ်တွင် သေလုမြောပါးဖြစ်နေသည့် အကြီးအကဲကျောက်က သူ့သားဘက်ကနေ ခက်ခက်ခဲခဲ ရပ်တည်ပေးလာသည်။

သူ့သားက သတိပေးခဲ့ဖူးပါသည်။ သို့ပေမယ့် ငယ်စဉ်ကတည်းက စားသောက်လာခဲ့သည့်အတွက် သူ၏ လျှာအကျင့်ကို မပြောင်းလဲနိုင်ခဲ့ပေ။

သူ့ဘက်က သတိထား ဂရုစိုက်နေသရွေ့ မည်သို့သော ကြီးကြီးမားမား ပြဿနာမျှ ရှိမလာနိုင်ကြောင်း ယုံကြည်ခဲ့သည်။

သားအဖနှစ်ဦးလုံးက ဦးနှောက်လျင်ကြသည့် လူများပင်။ ချန်ယွီ့က မည်သည့် ဟင်းအမယ်ဖြစ်ကြောင်း နာမည်တပ်ပြီး မပြောခဲ့သော်ငြားလည်း သူ့စကားလုံးများ နောက်ကွယ်ရှိ အဓိပ္ပာယ်က ရှင်းလင်း သိသာနေပြီ ဖြစ်၏။

“ ဥက္ကဌဝမ် …” ချန်ယွီ့ ပြောလိုက်ပြီး “ ခင်များ မြောင်ကျန်း ဒေသကို ရောက်ဖူးလား ….”

“ ဒါပေါ့ … ရောက်ဖူးတာပေါ့ ….”

“ မြောင်ကျန်းမှာ ဆေးဖက်ဝင်အပင်တွေ ပေါပေါများများ ပေါက်တယ်လေ …” ဝမ်တဲ့ချွမ်က နှစ်ခါမစဉ်းစားဘဲ ဖြေဆိုလိုက်ပြီး “ ဆေးပင်ရောင်းတဲ့ စီးပွားရေးကို လုပ်နေမှတော့ အဲ့ဒေသကို မရောက်ဖူးဘဲ ဘယ်နေလိမ့်မှာ ….”

အခြားသူများက အဆိပ်ရှိသည်ဟု သတ်မှတ်ထားသည့် အင်းစက်များနှင့် ဆေးပင်မျိုးစုံကို လုပ်ငန်းစဉ်တစ်ချို့ ဖြည့်စွက် ပေါင်းထည့်ခြင်းအားဖြင့် အခြားသူများ၏ အသက်ကို ကယ်တင်နိုင်သည့် အရာများအဖြစ် ပြောင်းလဲလိုက်၍ ရသည်။

ထို့ပြင် မြောင်ကျန်းဒေသ၌ တိုင်းရင်းဆေးဖက်ဝင်အပင်တို့က ပေါများစွာ ပေါက်ရောက်နေလျက် ရှိ၏။ ၎င်းက မိမိတို့နိုင်ငံ၏ တိုင်းရင်းဆေးဖက်ဝင် အပင်များ အဓိက ထုတ်လုပ်ရာ ဒေသလည်း ဖြစ်လေသည်။

“ အင်း …” ချန်ယွီ့ ခေါင်းညိတ်လိုက်ပြီး စကားဆက်သည်။ “ မြောင်ကျန်းရဲ့ ထိပ်တန်းစားသောက်ဖွယ်က ဘာလဲ ခင်များသိလား ….”

“ ထိပ်တန်း စားသောက်ဖွယ် … မင်းပြောတာ မှိုတွေကိုလား ….”

ဝမ်တဲ့ချွမ်က ချန်ယွီ့၏ ဆိုလိုရင်းကို အကြမ်းဖျင်း နားလည်သဘောပေါက်သွားခဲ့သည်။

မှိုများက မြောင်ကျန်းဒေသ၏ ထိပ်တန်း စားသောက်ဖွယ်ရာ အမယ်တစ်မျိုး ဖြစ်၏။

ထိုနေရာတွင် မှိုအရိုင်းပေါင်း များစွာရှိပြီး ၎င်းတို့အကုန်လုံးကလည်း သူမတူအောင် အရသာရှိလွန်းလှသည်။

လွန်ခဲ့သော ဆယ်နှစ်ခန့်က ဝမ်တဲ့ချွမ် မှိုဟော့ပေါ့ကို တစ်ကြိမ်မြည်းစမ်းဖူးခဲ့ပြီး ယနေ့ထိတိုင် အဆိုပါ အရသာကို မေ့ပျောက်မရနိုင်သေးချေ။

“ ငါအခု နားလည်သွားပြီ …”

ဝမ်တဲ့ချွမ်က အာမေဋိတ်သံဖြင့် မြည်တမ်းလိုက်ပြီး “ အကြီးအကဲကျောက်က သူ စားသောက်တဲ့ အလေ့အထကြောင့် ပြင်းပြင်းထန်ထန် နာမကျန်း ဖြစ်နေတယ် ….”

“ အဲ့ဒီ မကောင်းတဲ့အကျင့်ဆိုတာ အဆိပ်ရှိတဲ့ မှိုကို စားတဲ့ အလေ့အကျင့်ကို ပြောချင်တာမလား …”

“ ဟုတ်တယ် ..”

ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။

အကြီးအကဲကျောက် ယခုလို ဖြစ်လာရခြင်း အကြောင်းအရင်းက အသက်အရွယ် အိုမင်းလာ၍ ကိုယ်အင်္ဂါအစိတ်အပိုင်းတို့ ချွတ်ယွင်းသွားခြင်း မဟုတ်သလို တစ်စုံတစ်ဦးက သူ့အပေါ် မကောင်းသည့် အရာများ ပြုလုပ်ထားခြင်းကြောင့်လည်း မဟုတ်ပေ။

အကြောင်းအရင်းက တစ်ခုတည်းသာရှိ၏။

သူ့ခန္ဓာကိုယ်ထဲ၌ အဆိပ်အတောက်တို့ အလွန်များပြားစွာ စုပြုံလာခြင်းကြောင့်ပင်။

မြောင်ကျန်းဒေသရှိ တောင်ပေါ်ဒေသများတွင် ပေါက်ရောက်သည့် မှိုရိုင်းအများစုတွင် အဆိပ်ပမာဏက အတိုင်းအတာ တစ်ခုထိအောင် ပါဝင်သည်။

အချို့သော အဆိပ်ရှိမှိုရိုင်းတို့က မြင့်မားသည့် အပူချိန်ပေး၍ စားသုံးနိုင်သော်လည်း အကြိမ်တိုင်းတွင် အပူပေးလိုက်သည့်အခါတိုင်း၌ ပါဝင်သည့် အဆိပ်အတောက်များကို လုံးလုံးလျားလျား ဖယ်ရှားလိုက်နိုင်ပြီဟု မဆိုလိုပေ။

ဤသည်ကို ချန်ယွီ့ အခန်းထဲ စဝင်လာသည်နှင့် သိရှိထားပြီး ဖြစ်၏။

အကြီးအကဲကျောက်က ငယ်စဉ်ကတည်းက မှိုများကို နှစ်ခြိုက်စွာ စားသုံးလာခဲ့သည်။ ယခု သူ့အသက်က ငါးဆယ်ရှိပြီ ဖြစ်ပြီး မှိုရိုင်းများကို နှစ်ပေါင်း ၅၀ ခန့်မျှ စားသုံးခဲ့သည်ဟု ဆိုနိုင်သည်။

“ ညီကိုကျောက် … ငါ မင်းကို စကားသုံးလေးခွန်းလောက်တော့ ပြောမှ ရတော့မယ် …”

“ မင်းနဲ့ငါနဲ့က အခုမှ ပထမဆုံးအကြိမ် တွေ့ဖြစ်တာ ဆိုပေမယ့် မင်းက သိတတ်တဲ့ သားတစ်ယောက်ဆိုတာ မြင်နေရတယ် ….” ဝမ်တဲ့ချွမ်က သက်ပြင်းချလိုက်ပြီး “ ဒါပေမယ့် ကိုယ့်မိဘကို သိတတ်ပေးနိုင်မယ့် နည်းလမ်းတွေ များကြီးပါ ….”

“ မင်းရဲ့ လေသံကို နားထောင်ကြည့်ရသလောက် မင်းလည်း မြောင်ကျန်းသား ဖြစ်လောက်တယ် …”

“ အဆိပ်ရှိတဲ့ မှို‌တွေကို စွဲပြီး စားသောက်တာက ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တယ် … သားတစ်ယောက် ဖြစ်ပြီး ကိုယ့်အဖေကို ဘာလို့ ဒီလိုအရာမျိုး လုပ်ခွင့် ပြုထားနိုင်ရတာလဲ …”

ပြောရင်းဖြင့် ကျေးလက်တေးသီချင်းတစ်ပုဒ်ကို ဝမ်တဲ့ချွမ်၏ နားထဲ ကြားယောင်လာမိသည်။

ထီးနီ၊ အဖြူရောင် ညှာတံ၊ ဗိုက်ကားအောင် စားပြီး လဲနေမယ် … (မှိုကို ရည်ညွှန်းချင်တာ ဖြစ်ပါလိမ့်မယ်)

ငါ့ကို ဒီတောင်တန်းတွေနဲ့ပဲ အတူ မြုပ်နှံပေးပါ …

“ ငါ့အမှားတွေပါ … အဆိပ်ရှိတဲ့ မှိုတွေကို ရေရှည်စားသောက်သာက ဒီလောက်ထိ ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာစေမယ်မှန်း သိရင် ငါ့အဖေကို တောက်လျှောက်စားခွင့် မပေးခဲ့ပါဘူး …”

ကျောက်ကျင်းချွမ်ရင်ထဲ နောင်တစိတ်တို့ ပြည့်နှက်နေခဲ့သည်။

သူ၏ သိတတ်သည့် စိတ်ကလေးက ဖခင်၏ နာမကျန်းမှုကို ဖြစ်ပွားစေသည့် နောက်ကွယ်က အဓိက တရားခံ ဖြစ်လို့နေလေသည်။

“ ဒေါက်တာချန် … ကျေးဇူးပြုပြီး ငါ့အဖေကို ကုသပေးပါဦး … သူ့ရဲ့ ဒီအကျင့်ဆိုးကြီးကို ဖယ်ရှားပေးပါမယ်လို့ ငါ ကတိပေးပါတယ် …”

သူ့ဖခင်၏ ဝေဒနာရင်းမြစ်ကို သိလိုက်ရတော့ ကျောက်ကျင်းချွမ်သည် သေချင်လုမတတ် နာကျင်နေမိသည်။

သူ့ကိုယ်သူ ဘယ်ပြန်ညာပြန် ပါးတွေချည်း လှိမ့်ရိုက်ပစ်ချင်နေမိသည်။

သူ့ဖခင်က အလုပ်အင်မတန် ကြိုးစားပြီး ဝါသနာ ဟူ၍လည်း မယ်မယ်ရရ မရှိသလောက်ပင်။ အရက်၊ ဆေးလိပ်ကင်းပြီး မှိုစွပ်ပြုတ်ကိုသာ ဝမ်းအဝ စားသောက်ရသည်အား နှစ်သက်၏။

ကျောက်ကျင်းချွမ်လည်း တစ်ချိန်က သူ့ဖခင်ကို မှိုစွပ်ပြုတ်က အရသာရှိသော်ငြားလည်း အဆိပ်ရှိကြောင်း သတိပေးခဲ့ဖူး၏။

ရံဖန်ရံခါ စားသောက်သည်က အဆင်ပြေပေမယ့် နေ့တိုင်းကြီးကတော့ အဆင်မပြေပေ။

သူ့အဖေက များများစားစား တွေးပူမနေခဲ့ဘဲ အဆိပ်မိသည့်လူတို့က သေချာကောင်းမွန်စွာ ချက်ပြုတ်ခြင်း မရှိသောကြောင့်ဟု တွေးထင်နေခဲ့သည်။

အကယ်၍ မှိုစွပ်ပြုတ်ကို ကောင်းစွာ မချက်ပြုတ်ဘူးဆိုပါက အဆိပ်မိသည့် သက်ရောက်မှုတို့ စတင်ဖြစ်ပေါ်လာမည်။

ချက်ပြုတ်လိုက်သည်နှင့် အဆိပ်ဖြစ်စေနိုင်သည့် အကျိုးသက်ရောက်မှုတို့မှာ အပူကြောင့် ပျောက်ကွယ်သွားမှာ ဖြစ်၏။

ကျောက်ကျင်းချွမ်လည်း သူ့ဖခင်ကို မဖျောင်းဖျနိုင်သလို အတင်းအကြပ် ဖိအားပေးလည်း မရချေ။ ဖခင်ဖြစ်သူက မိတဆိုးလေးသူ့ကို ငယ်စဉ်ကတည်းက တစ်ကိုယ်တည်း ပျိုးထောင်ပေးခဲ့၏။

ဖခင်ဖြစ်သူ သူ့ကို မည်မျှ ပင်ပင်ပန်းပန်း ပျိုးထောင်ခဲ့ရလဲဆိုတာကို စည်းစားမိတော့ ကျောက်ကျင်းချွမ်လည်း သူဖခင် စိတ်အလိုကျ လိုက်လျောပေးဖို့သာ ဆုံးဖြတ်လိုက်တော့၏။

“ ခင်များ အဖေရဲ့ ရောဂါကို ကုသပေးဖို့က မခက်ဘူး …” ချန်ယွီ့ အေးအေးဆေးဆေး လေသံဖြင့် ပြောလိုက်ပြီး “ ခက်တာက သူ့ရဲ့ စွဲလမ်းမှုကို ဘယ်လို ဖျောက်ဖျက်ပေးရမလဲ ဆိုတာကိုပဲ …”

“ ကျုပ်ရဲ့ ဆေးခန်းမှာ သူ့ရောဂါကို ကုသပေးနိုင်မယ့် ဆေးတစ်မျိုး ရှိတယ် …”

“ ဒါပေမယ့် ခန္ဓာကိုယ်က သက်သာလာပြီးရင်တောင် မှိုစွပ်ပြုတ်တွေ ဆက်စားနေဦးမယ်ဆိုရင်တော့ သူ့ရောဂါကလည်း ပြန်ထဖောက်လာမှာပဲ ….”

“ စိတ်ကျန်းမာရေး ဆေးခန်း ဟုတ်လား …”

ကျောက်ကျင်းချွမ် အံ့အားသင့်သွားခဲ့ပြီး တုံ့ဆိုင်းသည့် လက္ခဏာတို့ ပြသလာခဲ့သည်။

“ မင်းက စိတ်ကျန်းမာရေးဆရာဝန်လား ….”

ချန်ယွီ့က သူ၏ နာမည်ကတ်ကို ထုတ်၍ ကျောက်ကျင်းချွမ်ထံ ပေးလိုက်သည်။

ကျောက်ကျင်းချွမ် ကြက်သေသေသွားခဲ့၏။

ချန်ယွီ့က ကျောက်ကျင်းချွမ်အား ဒေါက်တာချန်ဟု ခေါ်ဆို၍လည်း ရကြောင်း ပြောဆိုစဉ်က ကျောက်ကျင်းချွမ်သည် ချန်ယွီ့မှာ ဆေးရုံတစ်ခုခု၏ ဒေါက်တာဖြစ်လိမ့်မည်ဟု မှတ်ယူခဲ့သည်။

သို့ပေမယ့် … ချန်ယွီ့က စိတ်ကျန်းမာရေး ဆရာဝန် ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါချေ။

စိတ်ကျန်းမာရေး ဆရာဝန်တွေက ဘယ်တုန်းကတည်းကစပြီး ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေ ကုသပေးတတ်သွားတာလဲတဲ့ …

ပြီးတော့ သူ့ပုံစံက ပျောက်ကင်းအောင် ကုသပေးနိုင်မယ်လို့ ယုံကြည်ချက် ပြည့်နေတယ် ….

ကျောက်ကျင်းချွမ်၏ အံ့အားသင့်နေသည့် အမူအရာကို မြင်တော့ ဝမ်တဲ့ချွမ်က အနားသို့သွားပြီး တီးတိုးပြောလိုက်သည်။ “ ညီကိုကျောက် … ငါ မင်းကို မြင်မြင်ချင်း ခင်မိလို့ ဒေါက်တာချန်ရဲ့ အစွမ်းအစအကြောင်း နည်းနည်းပါးပါး ပြောပြလိုက်မယ် …”

“ ဒေါက်တာချန်က သာမန် စိတ်ကျန်းမာရေး ဆရာဝန် မဟုတ်ဘးကွ … သူက ကြီးမြတ်တဲ့ စွမ်းရည်တွေနဲ့ တစ်ဖက်ခြမ်းကလူပဲ ….”

ထိုသို့ပြောပြီးနောက် ဝမ်တဲ့ချွမ်သည် ကျောက်ကျင်းချွမ် ကြားနိုင်ရုံလောက်မျှ အသံဖြင့် ချန်ယွီ့ သူ့အား ကူညီပေးခဲ့သည့် အကြောင်းကို ပြောပြလိုက်သည်။

“ ဆိုတော့ သူက အဲ့လို လူစားမျိုးပေါ့ ….”

ကျောက်ကျင်းချွမ် အံ့အားတကြီး မြည်တမ်းလိုက်မိသည်။

“ လူကြီးမင်းကျောက် ….” ချန်ယွီ့က အပြုံးမမည်သည့် အပြုံးဖြင့် ပြုံးလျက် “ ဘယ်လိုလူစားမျိုးကို ပြောချင်နေတာလြ …”

“ အထင်မလွဲပါနဲ့ ဒေါက်တာချန် … ငါက တခြားသဘောနဲ့ ပြောချင်တာ မဟုတ်ပါဘူး … ဒီတိုင်း ဒေါက်တာချန်လို ကျွမ်းကျင်သူတစ်ဦးနဲ့ ဆုံတွေ့ရလိမ့်မယ်လို့ စိတ်တောင်မကူးဖူးတာကြောင့်ပါ ….”

“ မပူနဲ့ … ဒီကိစ္စပြီးသွားရင် အိမ်က မှိုရိုင်းတွေအကုန်လုံးကို လွင့်ပစ်လိုက်မယ် … ပြိးရင် ကျုပ်ရဲ့ ဆွေမျိုးတွေကို တစ်ယောက်ပြီး တစ်ယောက် ဖုန်းခေါ်မယ် … ကျုပ်အဖေကို နောက်ထပ် ဘယ်မှိုရိုင်းမှ မစားစေရဘူး ….”

“ ခင်များရဲ့ အဖေကို မှိုစားတဲ့ အကျင့် ပျောက်စေချင်ရင် ခင်များရဲ့ ထပ်ခါတလဲလဲ သတိပေးမှုအပြင် သူ့ဘက်က ပူးပေါင်းမှုကိုလည်း လိုအပ်သေးတယ် …”ချန်ယွီ့ ပြောလိုက်ပြီး “ တကယ်လို့ သူ့ဘက်က စားချင်တဲ့ အာသီသကို မဖျောက်ပစ်နိုင်ဘူးဆိုရင် ခင်များ ဘာတွေပဲလုပ်လုပ် သူ့ဘက်ကတော့ မှိုကို ရအောင်ရှာပြီး စားနေမှာပဲလေ …”

All Chapters